Wednesday, November 13, 2013

အဖေ…သမီးလာ ကန်တော့ပါတယ်......

အဖေ
ပန်းလေးတွေ ကြိုက်တတ်တဲ့ သမီး
ဒီကနေ့ မှာ..
ပန်းမပါ မှုန်နံ့ သာမပါ
ညှိုးငယ်စွာ ဦးခိုက်
ရိုသေစွာ ထိခြင်းငါးပါး
ပန်းခွေချ ကန်တော့ လိုက်ပါတယ်။

အဖေ အပတ်တကုပ်ကြိုးစား
အဖေ့ အသက်စွန့် ပေးဆပ်သွား
အဖေ လိုချင်သော်လည်း
မမြင်ခဲ့ရတဲ့ လွတ်လပ်ရေးနဲ့  မြန်မာပြည်။

အဖေလွန်ခဲ့ ပြီးတဲ့ ၆၅ နှစ်အထိ
မှောင်မဲမဲ လမ်းတွေ ထဲ
လွတ်လပ်ရေးရသော်လည်း
မလွတ်လပ်သေးရှာတဲ့ ဒီပြေ
အဖေ့  တမင် မချန်ထားခဲ့သော်လည်း
ကျန်ရစ်တဲ့ ဒီအကြွေး
အဖေ ပြောဖူးတဲ့ ဖာနိုင်ငံမဖြစ်စေရေး

The winner of 2013 Miss Universe Maria Gabriela Isler , Venezuela

She's the winner of 2013 Miss Universe.
25 years old Maria Gabriela Isler hails from Maracay, Venezuela.

2013 miss universe

2013 miss universe

ဦးရွှေမန်း၏ အာဏာစက်နှင့် သူ၏သားများ


အောက်တိုဘာ ၂၄ ရက်နေ့ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက Trade Time ဂျာနယ်ရဲ့ မေးမြန်းမှုနဲ့ပတ်သက်ပြီး မိသားစုစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ် သက်ပြီး သြဇာအရှိန်အဝါ မသုံးခဲ့ကြောင်း၊ အချိန်မရွေးအစစ်ခံနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး မီဒီယာများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြသလို ပြန်လည် ထောက်ပြဝေဖန် သူတွေလည်း အများအပြား တွေ့ရပါတယ်။

" ဖခင်တစ်ယောက်ရဲ့ ရင်ဖွင့်သံ "

ကျုပ်တို့ဖခင်တွေကသားသမီးတွေကိုဘယ်တော့မှပြောမထွက်တဲ့စကားတွေရှိတယ်။ ကျုပ်ပြောပြမယ်..."

ကိုစံရိုးပြောတဲ့စကားတွေကသားသမီးတွေအတွက်မှတ်သားထိုက်သည်.။ သူ့ရင်ဘတ်ကြီးနှင့်
ရင်း၍
ပြာသည့်စကားများဖြစ်သည်.......။ သူသည်(၈)တန်းမျှသာကျောင်းနေဖူးသူဖြစ်သည်။ သို့သော် ဖခင်
တစ်ယောက်၏ခံစားချက်နှင့်မေတ္တာတရား သည်အားလုံးမတူတူပင်ဖြစ်မည်ဟု ကျွန်တော်ထင်လေသည်။

ူ့စကားများကိုကျွန်တော်ရင့်နှင့်အမျှခံစားခဲ့ရသည်.........။
သူပြောတာတွေကိုကျွန်တော်ကတစ်ဆင့်ဖောက်သည်ချပြသူသာဖြစ်သည်.။

ကဲ အပျင်းပြေ ဗဟုသုတလေးတွေ ဖတ်ရအောင်ဗျာ........

(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ..

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေ အတွက်ထက်

     ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်။

(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြမှာပါ။

     ဘုရင်မကြီးဟာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာတစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင် ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)

     တစ်လုံးသာ ရှိပါတယ်။

ရင်သားကင်ဆာကို ၁၅ မိနစ်အတွင်း ပျောက်ကင်းစေတော့မယ့် တိုးတက်လာတဲ့ လေဆာကုထုံး



ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ ကုသလို့ရတဲ့ထိ တိုးတက်မှုတွေ
ရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ်စရာလုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ့အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။

အလင်းကုထုံးဟာ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာ၎မျိုးကို ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ အတည်ပြုပြီးဖြစ်ပါတယ်။ ရင်သားကင်ဆာကို ထိထိရောက်ရောက်ကုသနိုင်ဖို့ကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်လုပ်ဆောင်နေကြပါတယ်။ 
အကျိတ်ပေါ်ကို လေဆာရောင်ခြည်တိုက်ရိုက်ထိုးပြီး အလင်းကိုတုံ့ပြန်မှုရှိအောင်လည်း ဆေးတစ်မျိုးသုံး
ထားမယ်ဆိုရင် ကင်ဆာကို သတ်နိုင်ပါတယ်။ အောင်မြင်သွားမယ်ဆိုရင် အကျိတ်ဘေးပတ်လည်ကရှိတဲ့ ကျန်းမာတဲ့တစ်သျှူးတွေကို ထိခိုက်မှုမရှိစေပဲ ကုသနိုင်ပါလိမ့်မယ်။ ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်
မှုတစ်ရပ်ပါပဲ။

ကုသနည်းကတော့ အလင်းကိုတုံ့ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကိုသတ်ဖို့ အကြိတ်ကိုလေဆာနဲ့ ခဏတစ်ဖြုတ်ထိုးရမှာဖြစ်ပါတယ်။

သီဟနိုင်(Ref:dailymail)

သံပတ်စက်ရုပ်

တုတ်ကို တုတ်ချင်း
သေနတ်ကို သေနတ်ချင်း
ရှင်းမယ်လို့လည်း ပြောပါတယ်။

တပ်မတော်သာ အမိ
တပ်မတော်သာ အဖ
အမိန့်နာခံဖို့ ပြောပါတယ်။

သေနတ်ဆိုတာက
မိုးပေါ်ထောင်ပြီး
ပစ်စရာ မဟုတ်ဘူး ပြောပါတယ်။

အဆိုးမြင်ဝါဒ
ရှိတဲ့ ပုဆိန်ရိုး
ဆန့်ကျင်မယ်လို့ ပြောပါတယ်။

အချုပ်အခြာ တည်တံ့ဖို့
ဖက်ဒရယ်စနစ်
ကျင့်စရာမလိုဘူး ပြောပါတယ်။

တရုတ်ဆိုတာက
ပေါက်ဖော်ဆွေမျိုး
ကျေးဇူးရှင်လို့ ပြောပါတယ်...။

ရေး..........
တိုင်းပြည် တစ်ပြည်လုံး
မွဲသေအောင်လို့
ပိုက်ဆံတွေ ဖျက်သိမ်းခဲ့တယ်။

ဒို့တွေ ဆန္ဒပြချိန်မှာလည်း
တပ်တွေခေါ်ပြီး
ဆုံးမတယ်။

ဒို့လုံခြုံရေး စိုးရိမ်စရာမို့
အကျဉ်းထောင်တွေထဲ
ထည့်လို့ တိုက်ပိတ်ပါတယ်...။

စွမ်းအင်တွေက
ပြည်တွင်းမှာ ပိုလို့
ရောင်းတယ်လို့လည်း ပြောပါတယ်။

ကိုယ့်အိမ်မှာပဲ
ဖယောင်းတိုင်တွေထွန်း
မီးတွေပိတ်ထား ပြောပါတယ်...။

ကားတွေ အမြန်လမ်း
မှောက်တာဟာလည်း
သရဲတွေကြောင့်လို့ ပြောပါတယ်...။

အကြွေးကျေနိုင်ဖို့
ထမင်းကို တစ်နပ်ပဲ
စားပါလို့လည်း ပြောပါတယ်။

ပန်းတွေ စိုက်ပြီး
ရောင်းကာ
အသက်မွေးရတယ်လို့လည်း ပြောပါတယ်။

တိုင်းပြည်ချောက်ထဲ မကျအောင်ကယ်မယ့်
သမိုင်းဝင်တဲ့
သံပတ်စက်ရုပ်များပါကွယ်။

ရေး..........
တိုင်းပြည် တစ်ပြည်လုံး
မွဲသေအောင်လို့
ပိုက်ဆံတွေ ဖျက်သိမ်းခဲ့တယ်။

ဒို့တွေ ဆန္ဒပြချိန်မှာလည်း
တပ်တွေခေါ်ပြီး
ဆုံးမတယ်။

ဒို့လုံခြုံရေး စိုးရိမ်စရာမို့
အကျဉ်းထောင်တွေထဲ
ထည့်လို့ တိုက်ပိတ်ပါတယ်...။

ဒါတွေဟာ ဟာသ ....
ရေး.........

ဒါတွေဟာ ဟာသ ....
ရေး.........ရေး.............

စပါးစိုက်ဖို့အတွက် လယ်တွေ
ပေး...  ရောင်းစားဖို့ယူမယ်။

စိမ်းလန်းတဲ့ တောတောင်များ
ပေး... ရောင်းစားဖို့ယူမယ်။

တွင်းထွက်နဲ့ သတ္တုများ
ပေး... ရောင်းစားဖို့ယူမယ်။

ကျောက်မျက်နဲ့ ဓာတ်ငွေ့လည်း
ပေး... ရောင်းစားဖို့ယူမယ်....။

ဒါတွေဟာ ဟာသ ....
ရေး.........

ဒါတွေဟာ ဟာသ ....
ရေး.........ရေး.............

The Villager ၏ သံပတ်စက်ရုပ်သီချင်း

(လင်းလင်း၏ သံမဏိလိပ်ပြာ သီချင်းအလိုက်နှင့်ဆိုရန်။)

ဒေါ်အောင်ဆန်းစုကြည် ဇာတာနှင့် မြန်မာပြည်အလားအလာ




 ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတလုပ်လိုသောဆန္ဒရှိကြောင်း ထုတ် ဖော်ခဲ့ပါသည်။
 ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားမှုရှိသည့်အားလျော်စွာ သမ္မတ ဖြစ်စေလိုသောဆန္ဒအပြည့်အ၀ရှိကြပါ သည်။ တိုင်းရင်းသားများဘက်ကလည်း
 ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုကို ထူ ထောင်ပေးမည်ဟု ယုံကြည်
ထားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ကို သိသိသာသာ ထောက်ခံအားပေးလျက်ရှိကြ
သည်။

ဤသို့အဘက်ဘက်မှ ထောက်ခံမှု အားကောင်းနေသော ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ခုနှစ်
ရွေးကောက်ပွဲ ကြီးအပြီး သမ္မတဖြစ်နိုင်ပါမည်လော။

မီတာခတွေ နောက်နှစ်မှ တိုးကောက်တော့မယ်



မီတာခတွေ တိုးကောက်မယ် ဆိုလို့ ကန့်ကွက် ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့
 

 မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မီတာခ တိုး ကောက်ခံမယ်လို့ အစိုးရက ထုတ်ဖေါ် ကြေညာခဲ့တဲ့အတွက် မကျေမနပ် ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့အပြီး ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာတော့ အခု ဘတ်ဂျက်နှစ်မှာ တိုးမကောက်ပဲ နောက်နှစ် ဘတ်ဂျက်မှာမှ မီတာခတွေ တိုးကောက်မယ်လို့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက အဆို တင်သွင်း ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ထုတ် သတင်းစာထဲမှာတော့ အများပြည်သူ သုံးစွဲတဲ့ လျှပ်စစ်မီတာ ယူနစ် ၁၀ဝ အောက်ကို တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စီးပွားရေးသုံး ယူနစ် ၅၀ဝ၀ အထိကို ကျပ်တစ်ရာနှုန်းနဲ့တိုးမြှင့်ကောက်ခံမယ် ဆိုပြီး လျှပ်စစ်မီး ဈေးနှုန်းသစ်ကို ပြင်ဆင်ကြေညာထားပါတယ်။

ဒါပေမယ့်လည်း ပြည်ထောင်စု လွှတ်တော်မှာတော့ လျှပ်စစ်မီတာခ ဈေးနှုန်းသစ်ကို အခုဘတ်ဂျက်နှစ်မှာ မကောက်ခံသေးပဲ လာမယ့် ၂၀၁၄-၁၅ ဘတ်ဂျက်နှစ်မှာမှ ကောက်ခံမယ်လို့ လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးက တင်ပြခဲ့တဲ့အကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ရှင်းပြပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းပဲ လျှပ်စစ်မီး ရပြီး ကျန်တဲ့ လူဦးရေ ၇၀ရာခိုင်နှုန်း ကို လျှပ်စစ်မီး ပေးဖို့အတွက် အခုလို မတိုးမဖြစ် မီတာခ တိုးကောက် မှာ ဖြစ်တယ်၊ ဒါ့ကြောင့် လွှတ်တော် အနေနဲ့ လျှပ်စစ်မီး မရတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် လွှတ်တော်အနေနဲ့ ထည့်စဉ်းစားပေးဖို့ လိုတယ်လို့ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုးက ပြောသွားတယ်လို့ ဆိုပါတယ်။

လုပ်ငန်းရှင်တွေဘက်ကတော့ လျှပ်စစ်မီး ပုံမှန်ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်း ဖြစ်ဖို့ လိုတယ်လို့ အထည်ချုပ် လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးမြင့်စိုးက ပြောပါတယ်။


သစ်ထူးလွင်