မင်းနိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…အချိန်မရှိရင်တော့ မင်းသဘောပဲ…
တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး
မင်းပြောတယ်…
တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး
မင်းပြောတယ်…
စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး မင်းပြောတယ်….
ဖုန်းလိုင်းတွေကလဲ
အလုပ်မလုပ်တာခပ်များများလို့ မင်းပြောတယ်…
မီးရထားဆိုတာ
ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး…
စာပို့စနစ်မှာလဲ ဘယ်တော့မှ
ပို့တဲ့စာက မရောက်ဘူး…
တို့တိုင်းပြည်မှာ အားလုံးက
ခွေးစာကျွေးပစ်ရတော့မလောက်
ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့ မင်းပြောတယ်…
မင်းပြော…
မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး…
မင်းကရော ဘာတစ်ခုလုပ်လဲ…?