Thursday, October 17, 2013

လွှတ်တော်နိုင်ငံရေးနှင့် လုံးပါးပါးလာသော အတိုက်အခံ

အောက်တိုဘာ ဒုတိယပတ် အတွင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်


အတိုက်အခံများသည် အာဏာရ ပါတီကဲ့သို့ အစိုးရကဲ့သို့ ပြုမူပြောဆိုမှုများကို အထူးဆင်ခြင် သင့်သည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင် အစိုးရသည် အစိုးရ၊ အာဏာပိုင်သည် အာဏာပိုင်၊ အတိုက်အခံသည် အတိုက်အခံပင် ဖြစ်သည်။ အတိုက်အခံများသည် အာဏာရပါတီနှင့် ပလူးပလဲ လုပ်လျှင်သော် လည်းကောင်း၊ အတိုက်အခံများသည် အစိုးရကဲ့သို့ ပြုမူ၊ ပြောဆိုလာလျှင်သော် လည်းကောင်း၊ ပြည်သူလူ ထုနှင့် သတင်းမီဒီယာများအနေဖြင့် အတိုက်အခံ ပျောက်ဆုံးပြီဟု ခံစားလာရ တတ်သည်။ ထို့ကြောင့်   မြန်မာ့နိုင်ငံရေး ၀န်းကျင်တွင်လည်း အတိုက်အခံများသည် အာဏာပိုင်များနှင့် တတ်နိုင်သမျှ စည်းခြား ရပ်တည်နိုင်ရန် လိုအပ်သည်။ အတိုက်အခံ အားမကောင်းသော နိုင်ငံရေး ၀န်းကျင်တွင် အတိုက်အခံကို အားကောင်းလာအောင် တည်ဆောက်ရမည်မှာ ဒီမိုကရက်တစ် စနစ်ကို ထူထောင်လိုသော အတိုက် အခံ နိုင်ငံရေး ပါတီများတွင် သာမက အာဏာပိုင်များနှင့် အာဏာရ ပါတီတွင်လည်း တာဝန်ရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး သို့မဟုတ် ယုံကြည်မှု တည်ဆောက်ရေးကို အကြောင်းပြုလျက် အတိုက်အခံများသည် အာဏာရပါတီ၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ရသည့် အခြေ အနေများရှိတတ်သည်မှာ သဘာဝဖြစ်သည်။ သို့သော် အတိုက်အခံ များအနေဖြင့် မိမိ၏ အတိုက်အခံဟူသော နိုင်ငံရေးဆိုင်းဘုတ် ကို ပြုတ်ကျစေလောက်သည်အထိ အစိုးရ၊ အာဏာရပါတီတို့နှင့် အလွန်အကျွံလုံးထွေးမသွားစေရန် သတိချပ်သင့်သည်။ 


ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနှင့် ပါတီခေါင်းဆောင်များသည် အာဏာပိုင်များနှင့် ဆက်ဆံရာတွင် ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူမှုရှိရှိ၊ အသိ   ပေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့တွင် အတိုက်အခံသည် မရှိမဖြစ် နိုင်ငံရေးမင်းသား ဖြစ်သည်။ 

လက်ရှိ လွှတ်တော်ထဲတွင် အတိုက်အခံမရှိ သို့မဟုတ် အတိုက်အခံ အားမကောင်းသည်ကို မည်သို့မည်ပုံ ပြုပြင်သင့်ကြောင်း၊ စီမံချက် ချမှတ်ပုံဖော်သင့်ပြီး ရေတို၊ ရေရှည် စီမံချက်ကို ကိုင်လျက် နိုင်ငံရေးအရ ကတုံးပေါ် ထိပ်ကွက်မည့်သူများကို ခေါင်းမထောင်နိုင် အောင် ပြုလုပ်သင့် သည်။ 

အတိုက်အခံ နိုင်ငံရေးသည် လုံးပါးပါး သွားမည်ဆိုလျှင် ပါတီစုံ ဒီမိုကရေစီ၏ အသွင်ရုပ်ကိုလည်း ထိခိုက်စေနိုင်သည်။

 မြန်မာ့နိုင်ငံရေးတွင် ဒီချုပ်နှင့်ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် အတိုက်အခံ နိုင်ငံရေး လမ်းပေါ်၌ အားကောင်းမောင်းသန် ရပ်တည်နိုင်ရန် အလားအလာကောင်းများ ရှိနေသည့်အလျောက် 
 မဖြစ်မနေ အတိုက်အခံအဖြစ် ရပ်တည်နိုင်ရန် အားထုတ်သင့်သည်။ 

သို့မှသာ မြန်မာ့နိုင်ငံရေးသည် ပြည်သူလူထု၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများအတွက် ရင်ခုန်စရာများ ပြည့်နှက်နေသည့် ခေတ်ပြိုင်အခင်းအကျင်းတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။ အတိုက် အခံနိုင်ငံရေး လုံးပါးပါးမလာစေရန် ၀ိုင်းဝန်းထိန်းသိမ်း ကြရမည်မှာ တာဝန်သိသော၊ ပွင့်လင်း   သော နိုင်ငံရေးဖြစ်တည်မှု၏ တွန်းအားပင် ဖြစ်သည်။ 

Eleven Journal ပါ  ဒေါက်တာရန်မျိုးသိမ်း ရေးသော လွှတ်တော်နိုင်ငံရေးနှင့် လုံးပါးပါးလာသော အတိုက်အခံ မှ ကောက်နှုတ်ချက်

ချော်လဲတယ်ဆိုတာ.......

ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။
ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။ 
ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။

 
                                                                                  ဓာတ်ပုံမူရင်းဆိုဒ်




နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"

 - ဦးမောင်ကြီး


 

Wednesday, October 16, 2013

အပျိုကြီး အပျိုလေးများ သိစေရန်



၁. သတ်မှတ်ချက်(က)

အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ
အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။(ရှိပါက ဆုပ်လည်း
ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် .. အော် … လက်ပြောပါတယ်..) ယခင်က
experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက်
အခြေအနေကိုသာဆိုလို သည်။ သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ
လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစားထိုးခြင်း ပြုလုပ်ပါက
ပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမည်ဖြစ်သည်။

၂. သတ်မှတ်ချက်(ခ)

လက်ရှိရည်းစားရှိသော်လည်း လစာကိုလည်းကောင်း ကုန်ဈေးနှုန်းကိုလည်းကောင်း
အမျိုးမျိုးအကြောင်းပြပြီး လက်ထပ်ရန်အချိန်ဆွဲနေသူများသည်လည်း
နောက်တိုးစာရင်းဖြင့်အကျုံးဝင်ကြောင်း ရှင်းလင်းစွာသိရှိစေရမည်။

တားမြစ်ချက်(က/၁)

အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသော
အပျိုကြီးများ ၊ အပျိုလေးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော်လည်းကောင်း
ငယ်ရွယ်သူအမျိုးသမီး ငယ်လေးများကိုသော်လည်းကောင်း ယောက်ျားမကောင်းကြောင်း
ပြောကြားပါက အပြစ်ကြီးပါကချက်ခြင်း ကတုံးရိတ်ပြီး သီလရှင်ဝတ်ပေးခံရမည်
ဖြစ်သည်။(သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၂)


အချစ်ရေးနှင့်ပါတ်သတ်ပြီး
အချစ်ရေးနှင့်ပါတ်သတ်ပြီးအချစ်သည်မကောင်းကြောင်းအထက်ပါအတိုင်း
ကျူးလွန်ပါက

မြို့လည်ခေါင် လူစည်ကားရာ(ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအ၀ိုင်း
၊ အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁နာရီတိတိ
မချစ်ရင်မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။(သို့မှသာ အပြစ်ကို
အကျိုးဆောင်ပြီးကျေစေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၃)

အိမ်ထောင်ရေးနှင့်ပါတ်သတ်ပြီး အထက်ပါ အကျုံးဝင်သူအပျိုကြီးများ ၊ အပျိုလေးများသည်
အိမ်ထောင်ရေးမကောင်းကြောင်းကို (ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်း
ပြောကြားခဲ့သည်ဖြစ်သော် အိမ်ထောင်ရေးကောင်းကြောင်း
နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင်
စာတွေ့လက်တွေ့ကိုကာလအပိုင်းအခြားတခုအထိ သင်တန်းတက် ရောက်ရမည်။

မှတ်ချက်(၁) ။ ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့
ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်းသိရှိစေရမည်။
တဆက်တည်းတွင် ထိုသင်တန်းအတွက် သင်တန်းနည်းပြဆရာ များ အလိုရှိနေသည်ဖြစ်ရာ
ယောက်ျားတို့တတ်အပ်သောပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း အသက်
အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ
လာရောက်လျောက်ထားနိုင်သည်။(လူဦးရေကန့်သတ်မထားသော်လည်း ဦးရာလူနေရာကောင်း
ရမည်)

မှတ်ချက်(၂)။ ။အဆိုပါအပျိုကြီးများ ၊ အပျိုလေးများအပြစ်မှုကျူးလွန်ရာတွင်
ပါးစပ်ဖြင့်မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်း
Mail ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။

Final တားမြစ်ချက်

ယောက်ျားများ၏အချစ်သည်မယုံကြည်ရသောကြောင့်
၎င်းတို့နှင့်အိမ်ထောင်မပြုသင့်ဟု ပြောဆိုခဲ့ပါမူ တားမြစ်ချက်
(၁။က/ခ/ဂ)တို့အားတပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃)
ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။

နောက်ဆုံးပိတ်ကြေညာချက်

အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစား
အချိန်မရွေးပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ် ပြီး အပြည်ပြည်ဆိုင်ရာ
လူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီးမှ
နေ့ညမပြတ်စောင့်ကြည့်ခြင်းခံရမည်။ အခါအခွင့်သင့်သော
လူသားမျိုးနွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲများတွင် ဓါတ်ပုံနှင့်တကွ
ရှုံ့ချခြင်းခံရမည်။

အပြည်ပြည်ဆိုင်ရာလူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီး

မြန်မာပြည်ရုံးခွဲ
 

သက်သေ၏ ထွက်ဆိုချက်..........

တရားသူကြီးက မီးလောင်မှုဖြစ်ရာတွင် မီးလောင်မှုအား ပထမဆုံးတွေ့သည်ဆိုသော သက်သေကို
မေးသည်။


“မောင်မင်း မီးလောင်တာကို ဘယ်အချိန်မှာ စသိတာလဲ´´


“ကျွန်တော် ဒီနေ့ကလဲ အလုပ်ပင်ပန်းတာနဲ့ အိမ်ရောက်ရောက်ခြင်း
ထမင်းတောင်မစားဖြစ်ပဲ အိပ်ယာထဲတန်းဝင်တယ်´´


“လိုရင်းကို ပြောပါမောင်မင်း´´


“ဟုတ်ကဲ့ပါ၊ အိပ်ယာထဲဝင်ပြီး ခဏအကြာမှာ ကျွန်တော်ဟာ ကျွန်တော့်မိန်းမငုဝါရဲ့

လုံချည်ကိုလှန်လိုက်ပါပါတယ်´´

အဝေးသင်တက္ကသိုလ် ကျောင်းသား/သူများ စာမေးပွဲဖြေရန်အတွက် ရောက်ရှိနေချိန်တွင် ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးများ အရောင်း သွက်နေ


condom


 










"ဆိုင်ကိုဝင်လာပြီဆိုရင် ကျောင်းသားက ယောက်ျားလေးရောင်းတဲ့ နေ တဲ့ ကောင်တာကိုလာတယ် နယ်ကလာတာဆိုတော့ ရှက်ကိုး ရှက်ကန်းနဲ့ ကွန်ဒုံးရှိလား မေးတယ်။ တစ်ချို့ ကျောင်းသားကတော့ ရဲတယ် ခပ်တည်တည်ဘဲ ကွန်ဒုံးရှိလာ တစ်ဘူးပေး။ တစ်ချို့ ကျောင်းသားက ပိုလိုဆိုးတယ် အရစ်တွေ ဗြုတ်တွေပါတဲ့ ကွန်ဒုံးရှိလားဆိုပြီး ပေါ်တင်မေးပြီးဝယ်တာတွေ ရှိပါတယ်။ ၀ယ်များတာကတော့ အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးကိုပို ပြီးဝယ်ယူကြတာများကြပါတယ်။
တစ်ခါတစ်လေ ကျောင်းသူရော ကျောင်းသားပါ အတူတူလာဝယ်ကြတာတွေ ရှိတယ်။ အဲဒီလို စုံတွဲလာပြီဆိုရင်တော့ ပဋိသန္ဓေ တားဆေးကို ၀ယ်ယူတာများတယ်။ အရေးပေါ် ပဋိသန္ဓေတားဆေးကို ပိုပြီးဝယ်ယူကြတာ များပြားပါတယ်။" လို့ မုံရွာမြို့ ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှ ၀န်ထမ်း တစ်ဦးက ပြောကြားခဲ့ပါတယ်။

ThanLarWaddy Times
Maukkha Education Magazine. 


myanmaronlinenews.net 

စန္ဒီ ၁၅၀၀ ကွယ်လွန်....

အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။



စန္ဒီရဲ့မိခင်က´´သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။ နည်းနည်းလေးကောင်းလိုက်ပြန်
ထလိုက်ဖြစ်နေတာ။ အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွားပြီ။
ဒီမနက်တော့ 
ဆုံးသွားတာပါ´´လို့ပြောပြပါတယ်။စန္ဒီရဲ့ရုပ်အလောင်းကို သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။သူမဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်
ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါတယ်။


 


ဓာတ်ပုံ-သိမ်မွေ့
 









စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ Sunday journal ကလည်းဝမ်းနည်းမိပါတယ်....။ 
 စန္ဒီကွယ်လွန်ချိန်မှာ အသက် ၃၀ ရှိပြီဖြစ်ပါတယ်။စန္ဒီ့ကိုလိုက်ပါ ပို့ဆောင်
ချင်သူများအတွက် နေအိမ်မှ ကားများ သောကြာနေ့ ၂ နာရီခွဲထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်...။ 

Sunday Journal 

Manchester United