Monday, October 21, 2013

အမေ

နွေရာသီ အပူထဲ အရိပ်တခုအဖြစ် ...
မိုးရာသီ မိုးရေထဲ ထီးတလက်အဖြစ် ...
ဆောင်းရာသီ နှင်းမှုန်ထဲ အနွေးဓာတ်အဖြစ် ...
ဖန်ဆင်းခဲ့လေသော ငါတို့ရဲ့အမေ ...
ခုတော့ သူ့ကန္တာရမှာ အိုအေစစ်မဲ့တယ် ...။

မတန်ပါဘူး မွေးရတာလို့
မဟန်ပါဘူး ကျွေးရတာလို့
အညီးစကား မဆိုငြားလည်း
ငါတို့များက ခြေစုံကန်သွားခဲ့တယ် ...။

အမေရေ ...
အမေမရှိတဲ့ အရိပ်မို့ နွေက ပူတယ် ...။
အမေမမိုးတဲ့ ထီးမို့ မိုးကစိုတယ် ...။
အမေမပေးတဲ့ အနွေးမို့ အချမ်းက ပိုတယ် ...။
အမေနဲ့ဝေးတဲ့ အရပ်မို့ မြို့က ဆူတယ် ...။
အမေမကျွေးတဲ့ ထမင်းမို့ စိတ်က တိုတယ် ...။
အမေ့ကိုလွမ်းလို့ ရင်ထဲက ငိုတယ် ...။

အမေရေ ...
သားမိုက် အလွမ်းပိုက်လို့
အမေ့ဆီ ဆိုက်ဆိုက် မပြန်နိုင်သေးတောင်
အမေ့မေတ္တာ ကရုဏာကို
မှန်းမျှော်တမ်းတ ရှိခိုးကန်တော့ပါရစေ ...။

တနေ့ ...
အမေ့ ကန္တာရမှာ သားပျော်ဝင်ပါလိမ့်မယ် ...
အခုတော့ ...
မငိုပါနဲ့ အမေ ...။
မငိုပါနဲ့ အမေ ......။
မငိုပါနဲ့ အမေ ..........။

vipchatonline7.blogspot.com

အောင်လံထူမဲ့စိတ်

သမိုင်းအုတ်တချပ်ဆင့်ဖို့ အသက်နဲ့တောင် ရင်းခဲ့ရ

ခံပြင်းတက်ခေါက်
စိတ်တွေလဲ မီးတောက် 

ဒူးထောက်သူ ရင်ကော့သူ

လူအမျိုးမျိုးနဲ့ကြုံ

သူပုန် တဖြစ်လဲ
အောင်ပွဲရဖို့ ရှေ့ချီတက်

လက်တွဲစို့ရဲဘော်
အနာဂတ်ကို မျှော်ကြမယ်။

ကိုယ်ကျိုးကို မြေမြှုပ်
ကိုယ့်အထုပ် ကိုယ်မပိုက်

တိုက်ပွဲသာ အသက်
တိုက်ရဲတာ လက်နက်

သွေးစက်စက်ကျပေစေ
အုတ်မြစ်ချလူ့ဗိမာန်
အကျည်းမတန်စေရ။

လူမှန်ရင်သတ္တိရှိရမယ်

  အသိစိတ်မြင့်မား 
တရားကိုချစ်တတ်ရမယ်။

အမှားနွံမနစ် တရားမွန်ချစ်တတ်မှ

လောကသစ်အုတ်တချပ်
အနာဂတ်အတွက် စီနိုင်မယ်။

အောင်လံထူဖို့ လွယ်ကူတဲ့ အလုပ်မဟုတ်။

အချောင်ကံထလို့ 
အောင်လံမရနိုင်။

နောင်အမြဲလှစေဖို့ 
အောင်ပွဲအရ ချီတက်လော့။ ။

တင်မိုး

၂၈၊၀၁၊၂၀၀၅

မူရင်းလင့် 

ချစ်သူ

မနက်မိုးလင်း

မျက်လုံးပွင့်သည်နှင့်
ချစ်သူ အကြောင်းစဉ်းစားမိ၏။

နေ့ ခင်းနေ့ ဘက် အလုပ်လုပ်ချိန်
ချစ်သူ အသံကြားယောင်မိ၏။

အလုပ်ဆင်းလို့ 
အိမ်ပြန်ရောက်သော်
ချစ်သူကိုပဲတွေ့ ချင်မိ၏။

ညဘက်ရောက်လို့ အိပ်ပြန်လျှင်လည်း
အိမ်မက်ထဲမှာ ချစ်သူကပဲ
စိုးမိုးနိုင်လွန်း၏။

မူရင်းလင့် VIP

ခင်

ရွက်ဖျားနှင်းခို
အအေးပိုတော့
မောင့်ကိုရည်မှန်း
ထွေးလှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
မြူနှင်းကွယ်ပျောက်
နွေကိုရောက်၍
ပိတောင် ခိုင်ညှာ
မြင်မိပါရင်
မောင့်ပင်ရည်မှန်း
ဆင်လှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
သနားမညှာ
ညဥ့်ယံလွှာတွင်
ဝဠာဆိတ်သုဉ်း
တိမ်လိပ်ဖုံး၍
ထစ်ချုန်းမြည်ဟီး
လျှပ်စီးလက်ဖြာ
သိပ်ငယ်ရှာ လျှင်
မောင့်ရင်ပင်မှန်း
ကွယ်လှည့်စမ်းလို့
ရော်ရန်း ၍များဆိုမလား ။
အခုများဖြင့်
ပိတောက်ပွင့်ညှာ
ကြွေကာလွန့်လူး
လေရူးဝေ့၀ိုက်
မိုးလုံးမိုက်မှောင်
လျှပ်လျှက်ရောင်စီး
မငြီးမငို
မယ့်တစ်ကိုယ်ပင်
ဆိုစဉ် ဆောင်းရက်သက်ခဲ့ပြီ  ။
 

Saturday, October 19, 2013

မျက်စိလျင်သော ဆရာဝန်

ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့ ဆို ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့ ရဲ့ အားနည်းချက်လို့  ဆိုရမလားပဲ…။ ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
 
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့…မယ်ဆိုတော့ တအားကိုပဲ ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့တစ်ဖွဲ့သားလုံးရဲ့ ရှေ့ မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … … … အဟမ်းအဟမ်း…”



 







ကျောင်းသားတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ… ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ…ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”

“အူးးးးးးး”

“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ… အားလုံးမြင်ပြီးကြတဲ့အတိုင်း… မင်းတို့  တွေ ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့… ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”
 
မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။

စောစောတုန်းက ‘ဟင်’ ရယ် ‘ ဟယ်’ ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။ လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့ တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့… ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က ဘာလဲဆိုတော့… မျက်စိလျင်လျင်ထားပြီး… စူးစမ်းလေ့လာ တတ်ဖို့ ပါပဲ။”
 
“အခုနတုန်းက… ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က… လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့… လက်ခလယ် မဟုတ်ဘဲ… လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်… ဒီအချက်ကို… ဘယ်ကျောင်းသားမှ… သတိမမူမိလိုက်ကြပါဘူး…”

ဦးမောင်ကြီး
cr >> ori wri

အထာကျတဲ့ အာဂ ဟာသများ

ကဲ ........ ဖြေ

တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာပေါ့ဗျာ စာအလွန်တော်တဲ့ ကျောင်းသား လေးယောက်ရှိသတဲ့။ သူတို့က စာကလည်းတော်တယ်ဆိုတော့ အမှတ်တွေကလည်း ပျံလန်နေတာပေါ့။ ပထမအစမ်းစာမေးပွဲတို့၊ ဒုတိယအစမ်းစာမေးပွဲတို့မှာလည်း အမှတ်တွေက ထိပ်ဆုံးကပေါ့။ ဖိုင်နယ် စာမေးပွဲမှာ တော်ရုံတန်ရုံ   ဖြေနိုင်ရင်ကို ဂရိတ်အေ ရဖို့က သေချာနေပြီပေါ့။
 
ဆိုတော့ကာ သူတို့လေးယောက်က ဖိုင်နယ်စာမေးပွဲအတွက် သိပ်စိတ်မပူကြဘူးပေါ့။ ဖိုင်နယ်ဖြေခါ နီးတစ်ပတ်အလိုမှာ သူများတွေ စာတွေကုန်းကျက်နေတုန်း သူတို့လေးယောက်က အပျော်ခရီး ထွက်ကြသတဲ့။ ဖိုင်နယ်စာမေးပွဲ မတိုင်ခင်တစ်ညကျမှ ခရီးက ပြန်လာကြသတဲ့။ ပြန်လာတော့လည်း အရက်တွေသောက်ပျော်ပါးကြတာ နောက်နေ့စာမေးပွဲဖြေခါနီးအချိန်ရောက်တော့ အကုန်လုံးခေါင်းတွေ ကိုက်ပြီး ဒုက္ခဖြစ်နေကြတာပေါ့။

ဒါနဲ့သူတို့လည်း တိုင်ပင်ကြတာပေါ့။ အေး ငါတို့သွားမဖြေဘဲနဲ့ နောက်နေ့ကျမှ ဆရာကို သွားပြော ကြတာပေါ့။ ငါတို့ ခရီးကအပြန် ကားဘီးပေါက်ပြီးစာမေးပွဲဖြေချိန် အမီပြန်မရောက်လို့ပါ။ ငါတို့ကို မိတ်ကပ်ဖိုင်နယ်စာမေးပွဲ(အကြောင်းကြောင်းကြောင့် အစားထိုး စစ်ပေးသောစာမေးပွဲ) ပြန်စစ်ပေးပါဆိုပြီး သွားပြောမယ်ပေါ့။ အဲလို တိုင်ပင်ပြီးတော့ စာမေးပွဲမဖြေဘဲဆက်အိပ်ကြသတဲ့။
 

 နောက်နေ့ကျတော့မှ သူတို့ လေးယောက်လည်း ဆရာ့ဆီသွားပြီး ငိုပြကြတာပေါ့။ ဆရာရယ်ပေါ့ ကျွန်တော် တို့ ခရီးထွက်တာ အပြန်မှာ ကားဘီးပေါက်လို့ အချိန်မီ ပြန်မရောက်တာနဲ့ မဖြေလိုက်ရပါဘူးပေါ့။ ကျွန်တော်တို့ကို မိတ်ကပ်ဖိုင်နယ် စာမေးပွဲ ဖြေခွင့်ပြုပါပေါ့။ ဆရာကလည်း ဒီကောင်တွေကို သိနေတာကိုး။ စာတော်တဲ့ကောင်တွေဆိုတော့။ ဆရာက ခဏစဉ်းစားပြီးတော့ ဘာမှမမေးဘဲနဲ့ အေးအေး တပည့်တို့ မနက်ဖြန်ကျရင် မိတ်ကပ်စာမေးပွဲ လာဖြေလေကွယ် ဆိုပြီး ရက်ချိန်းပေးလိုက်သတဲ့။ အဲဒါနဲ့ လေးယောက် သား ပျော်ပြီး ပြန်လာကြတာပေါ့။

တစ်ညနေလုံး၊ တစ်ညလုံးစာတွေကျက်ပြီး ရယ်ဒီပေါ့ဗျာ နောက်နေ့မနက်ကျတော့။ ချိန်းထားတဲ့အ ချိန်ရောက်တော့ ဆရာ့ဆီလည်းရောက်ရော ဆရာက သြော် မင်းတို့ မိတ်ကပ် စာမေးပွဲ   ဖြေဖို့လာကြတာလား လာကြ၊ လာကြ ဆိုပြီး သူတို့လေးယောက်ကို အခန်းလေးခန်းထဲမှာ ခွဲထည့် လိုက်ပြီး မိတ်ကပ်စာမေးပွဲမေးခွန်းနဲ့ အဖြေလွှာစာရွက်ကို ပေးသတဲ့။ ဒီမောင်တွေကလည်း စာကရပြီး သားဆိုတော့ အေးဆေးပေါ့။ မေးခွန်းကို စကြည့်လိုက်တော့ ပထမဆုံးမေးခွန်းက ၅ မှတ်တန်ပေါ့။ လွယ်လွယ်လေးပါပဲ။ ၄ ယောက်လုံးပြုံးပြုံး ပြုံးပြုံးပေါ့ သူတို့ သက်ဆိုင်ရာအခန်းထဲမှာလွယ်လွယ်ကူကူဖြေနိုင်တာပဲ။ ဒုတိယ မေးခွန်းကို လှန်လိုက်တော့မှပဲ သူတို့ ချွေးပြန်တော့တာပဲ။ ဒုတိယမေးခွန်းက ဒီလိုလေ။

မေးခွန်း(၂) သင်တို့ အပြန်တွင် ကားဘီးပေါက်ရာ၌ ပေါက်သောကားဘီးသည် ကား၏ မည်သည့်ဘီး   ဖြစ်သနည်း။ (၉၅ မှတ်)

ဦးမောင်ကြီး
cr >> kyawkyawlwin




ရှင်းလားတော့မသိဘူး ..


မုဆိုးမတစ်ယောက်ကို ကျနော်လက်ထပ်လိုက်တယ်။ အဲဒီမုဆိုးမမှာ ချောမောတဲ့ သမီးလေးရှိတယ်။

အဲဒီသမီးကို ကျနော့်အဖေ က မျက်စိကျပီး တရားဝင် လက်ထပ်လိုက်တယ်။
ဒီနည်းနဲ့ ကျနော့်အဖေ ဟာ ကျနော့် သားမက်ဖြစ်သွားတယ်။

အဲ....မယားပါသမီးကတော့ ကျနော့် ရဲ့ မိထွေးဖြစ်သွားပါတယ်။

ကျနော့်မိန်းမ သားလေး မွေးတယ်။ အဲဒီ သားဟာ ကျနော့်အဖေရဲ့ ယောက်ဖ ဖြစ်လာတယ်။

ကျနော်ကိုယ်တိုင်ဟာလည်း မယားပါသမီးရဲ့ မောင်ဖြစ်တဲ့ သားရဲ့ ဦးလေးဖြစ်ပါတယ်။

အဖေ့ဇနီး ကလည်း သားလေးမွေး ပြန်ပါတယ်။

အဲဒီသား ဟာ ထုံးစံအတိုင်း ကျနော့် ညီဖြစ်လာပါတယ်။

တစ်ချိန်ထဲမှာ ကျနော့် သမီး( မယားပါသမီး ) က မွေးတဲ့ သား ဖြစ်တဲ့ အတွက် ကျနော့် မြေး တော်ပြန်ပါတယ်။

ထိုနည်း တူစွာပဲ ကျနော့်မိထွေးရဲ့ အမေဖြစ်တဲ့ ကျနော့်မိန်းမဟာ အဲဒီ.....ကလေးရဲ့ အဖွားဖြစ်လာပြန်တယ်။

ကျနော်က တော့ ကျနော့်မိန်းမရဲ့ ခင်ပွန်းအဖြစ်နဲ့ သာမဟုတ်ပဲ သူ့ရဲ့ မြေးအဖြစ်ပါ တော်စပ်ပါတယ်။

ကဲ.....စာဖတ်သူ..... ကျနော်ဟာ မိမိကိုယ်မိမိ ...ဘယ်လိုပြန်တော်စပ် နေသလဲဆိုတာကူတွေးကြည့်ပေးပါဗျာ။ဟီးဟီး....

နောက်ဆုံးမှာ တကယ်တော့ ကျနော်ဟာ ကျနော် ကိုယ်တိုင်ရဲ့ အဖိုး ဖြစ်မှန်းမသိ ဖြစ်လာပါလေရောဗျာ။...........တိန်

Credit - Original Writer

~ မောင်သော်