Thursday, October 24, 2013

ကိုးရီးယားမင်းသမီးတွေရဲ့ ပွဲတက်ဖက်ရှင် မြန်မာမင်းသမီးများအတု မခိုးရန်

Actress Oh In Hye's daring Grecian dress at Busan 16th international film festival

 online dating | korean movies
# 1Oh In Hye busan international film festival01

On October 6th stars dazzled the red carpet for the 16th Busan International Film Festival. While there were many gorgeous ensembles on display, the outfit that generated the most buzz was actress Oh In Hye‘s.

Oh In Hye wore a daring Grecian goddess-inspired dress with a plunging neckline that drew everyone’s attention. It seems she was inspired by the colors of fall, as she rocked a gold clutch and orange glitzy heels. Her jewelry was kept to bare basics in order to not overshadow the dramatic effect of the dress.

Netizens had mixed comments about her outfit, saying, “OMG not classy..”, “Very daring. Fashion takes courage sometimes”, and “Where is the rest of her dress???

Via glamourhits.com

# 2Oh In Hye busan international film festival02



# 3Oh In Hye busan international film festival03



# 4Oh In Hye busan international film festival04



# 5Oh In Hye busan international film festival05



# 6Oh In Hye busan international film festival07



# 7Oh In Hye busan international film festival08



# 8Oh In Hye busan international film festival14



# 9Oh In Hye busan international film festival15



# 10Oh In Hye busan international film festival16



# 11Oh In Hye busan international film festival17



# 12Oh In Hye busan international film festival18
http://blog.asiantown.net/-/9040/Actress_Oh_In_Hye__39_s_daring_Grecian_dress_at_Busan_16th_international_film_festival

ပျင်းနေရင် ဖတ်ဖို့ ......

ရောဂါဟောင်း

ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည် သူ့ဆေးခန်းသို့ပထမဆုံးရောက်လာ

သည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ဆရာဝန် - ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလား။ တဲ့
လူနာ     - ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ်။
ဆရာဝန် - ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ။
 

ကယ်တော်မူပါ

သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

ဒါလည်းဟုတ်သားပဲ

ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

minthantzaww

Modern အရူးထကြသူများ

ငယ်ငယ်တုန်းက တစ်ခါတစ်ရံလူကြီးတွေပြောတာကြားဖူးပါသည်။ " သိပ်အရူးမထကြနဲ့ " တဲ့။
အဲဒီတုန်းက ဘာမှန်းကောင်းကောင်းမသိခဲ့ဘူး။ အဲဒီတုန်းက အရူးထခဲ့တာလေးတွေ အောက်က ပုဂ္ဂိုလ်တွေ နဲ့ တွေ့လိုက်တော့မှ ငါ အရူးထခဲ့တာ မူကြိုအဆင့်ပဲရှိပါလား။ သူတို့တွေအရူးထ တာမှ Ph.D အဆင့်ရှိမှန်း သိလိုက်ရပါတယ်။ Ph.D မရရင်နေပါစေ....မူကြိုလေးနဲ့ပဲ ကျေနပ်လိုက်တော့မယ် :D










ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်





အမျိုးသမီးတစ်ဦးဟာ အံ့သြဖွယ်ရာ မိမိကိုယ်ကို ဗိုက်ခွဲ ( Caesarean section ) ပြုလုပ်ပြီး ကလေးမွေး ဖွားခဲ့ပါ တယ် ။ ဒီလို အာဂ သူရဲကောင်းမိခင်ရဲ့ နာမည်ကတော့ Ines Ramirez ဖြစ်ပြီးသူမဟာ သူမကိုယ်တိုင် ဗိုက် ခွဲပြီးမွေး ဖွားအောင်မြင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော မိခင်လည်းဖြစ်ပါတယ် ။

နေဟာ နာရီအနည်းငယ်ကြာကတည်းက အနောက်အရပ်ကိုဝင်သွားခဲ့ပါပြီ ။ အနီးဆုံးဆေးရုံဟာ ကြမ်းတမ်း တဲ့လမ်းတွေကို ဖြတ်သန်းပြီးသွားတာတောင်မှ ကီလိုမီတာ ၈၀ ကျော်ဝေးပါတယ် ။ သူမဟာ ဒီလိုလုပ်ရပ် ကိုလုပ်ဖို့အတွက် သူမသာလျှင် ခွဲစိတ်သူ သူမသာလျှင် assistant ဖြစ်ခဲ့တယ် ။ သူမရဲ့ခင်ပွန်းဟာ အဲဒီအချိန် တုန်းက အရက်ဆိုင်တစ်ခုမှာ အရက်သောက်နေခဲ့တယ် ။ သူမ မှာ ဖုန်းလည်းမရှိခဲ့ဘူး ။ အရက်ဆိုင်းကိုလည်း လိုက်မ သွားနိုင်ခဲ့ဘူး ။



ည အလယ်ခေါင်ကို ရောက်လာပါပြီ ။ ည ၁၂ နာရီကျော်တဲ့အထိ ဗိုက်က ဆက်တိုက်နာလာပြီးတဲ့နောက်မှာ ဒီ အသက် ၄၀ ကျော် အမျိုးသမီးဟာ သစ်သားနဲ့လုပ်ထားတဲ့ ခုံတန်းလျားပုပုလေးပေါ်လှဲချလိုက်တယ် ။ အ ရက်တွေ ထည့်ထားတဲ့ ပုလင်းထဲကနေ အရက်တချို့ကို မျက်စိမှိတ်ပြီး အကြိမ်ကြိမ် မျိုးချခဲ့တယ် ။ အဲဒီနောက် အာဂ အမျိုးသမီးဟာ ၁၅ စင်တီမီတာလောက်ရှည်တဲ့ ဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဗိုက်ကို စတင်ခွဲ ချလိုက် ပါတယ် ။



မှိန်ပျပျအလင်းရောင်ထွက်နေတဲ့ မီးသီးလေးတစ်လုံးရဲ့ အကူအညီနဲ့ Ramirez ဟာ အရေပြားကို လှီးဖြတ် ခဲ့တယ် ။ ပြီးတော့ ၀မ်းကြာတိုက်ထဲက သားသားလေးကို မဆွဲထုတ်ခင်မှာ အဆီလွှာ နဲ့ကြွက်သားအလွှာ သားအိမ် နံရံ စတာတွေကို လှီးဖြတ်ခဲ့တယ် ။ သူမဟာ ကလေးရဲ့ ချက်ကြိုးကို ကတ်ကြေးနဲ့ဖြတ်ခဲ့ပြီး သူမ ရင်သွေးလေးကို ထုတ်ယူနိုင်ခဲ့တယ် ။ သူမ အရာအားလုံးကို မေ့မျော့သွားခဲ့ပါပြီ ။



သူမ သတိပြန်ရလာခဲ့တအခါ သူမဟာ သွေးတွေအလွန်အမင်းထွက်နေတဲ့ ၀မ်းဗိုက်ထဲမှာ ဆွယ်တာ အင်္ကျီ တစ်ထည်ကို ထိုးသိပ်ထည့်ထားလိုက်ပြီးအဲဒီဖြစ်ရပ်ကိုအသက် ၆ နှစ်လောက်သာရှိသေးတဲ့ Benito က မြင်သွားခဲ့ပြီး ဘေးအိမ်တွေကို အကူအညီတောင်းခံခဲ့ရပါတယ် ။ နာရီပေါင်းများစွာကြာပြီးတဲ့နောက် ကျေးရွာရဲ့ ကျန်းမာရေးလက်ထောက် Leon Cruz နဲ့ အကူတစ်ယောက်တို့ဟာ အသက်ရှင်နေသေးတဲ့ Ramirez နဲ့ ဘေးမှာ လဲလျောင်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ Cruz ဟာ ၁၇ စင်တီမီ တာရှည်တဲ့ခွဲထားတဲ့လမ်းကြောင်းကို သာမန် အပ် ၊ အပ်ချည်နဲ့ ပြန်ချုပ်ပေးခဲ့ရတယ် ။ ပြီးတော့ အဲဒီ လူနှစ်ယောက် ဟာ သူမကိုရော ကလေးကိုရော မပြီး ကောက်ရိုးဖျာထဲ ထည့်လို့ မြင်းနှစ်ကောင်ကိုဆွဲစေပြီး မြို့ကို အနီးဆုံးလမ်းကနေ မောင်းနှင်ခဲ့ရတယ် ။ ပြီးတော့ ၂ နာရီကြာပြီးတဲ့အခါ သူတို့ဆေးခန်း တစ်ခု ကိုရောက် သွားကြပါပြီ ။



ဒါဟာ ၂၀၀၀ ခုနှစ် March လတုန်းက ဖြစ်ပျက်ခဲ့တာပါ ။ အခုတော့ Ines Ramirez ကို အပြည်ပြည်ဆိုင်ရာက အံ့သြဖွယ်ရာ သူရဲကောင်းမိခင်အဖြစ်သတ်မှတ်လိုက်ကြတယ် ။ သူမဟာ ဗိုက်ခွဲပြီးမိမိရင်သွေးကို မိမိဘာ သာ မွေးနိုင် ခဲ့တဲ့ အံ့သြဖွယ်ရာ မိခင်တစ်ဦးပါပဲ ။



ဒီစာလေးကို ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားနေတဲ့ ခေတ်ကာလ မိခင်လောင်းလေးတွေကိုပေးဖတ်ပြစေ ချင်တယ်။
မိခင်မေတ္တာဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပေါ့ ။

minthantzaww 

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ

နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ ယနေ့အထိ လူသားတွေအားလုံး စွဲစွဲမြဲမြဲ ယုံကြည်နေ ကြတာ ကတော့ ရိုးရာဓလေ့အစွဲတွေပဲ ဖြစ်ပါတယ် ။ အဲဒီဓလေ့တွေက လည်းထူးဆန်းအံ့သြ ဖွယ်ကောင်း   လောက်အောင် တချို့ဒေသတွေမှာ အရိုးစွဲနေတုန်းပဲဖြစ်ပါတယ် ။ ကဲ ထိုင်းနိုင်ငံက ရိုးရာဓလေ့တွေကို ကြည့်ကြပါစို့ ။ ဆေးပညာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး ။ 

လူတွေမှာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ Pain pathway ဆိုတာရှိပါတယ်။ ဒီလူတွေက အသားတွေထဲ အချွန်တွေ ထိုးစိုက်နေတာဟာ တကယ်ပဲ မနာကျင်ကြဘူးလား ။ စောစောကပြောခဲ့တဲ့ Pain pathway ကိုဘယ်အရာတွေနဲ့ပိတ်ဆို့ထားကြသလည်း ။ ထူးတော့ထူးဆန်းပါတယ် ... ။ မီးနင်းပွဲတွေမှာ တွေ့ရလေ့ ရှိတဲ့ပုံစံမျိုးပါပဲ .... ။ နတ်ဘုရားတွေကပဲ သူတို့ကို မနာမကျင်အောင် ပြုလုပ်ထားတာလား ဆိုတာကိုတော့.........။
















မူရင်း - http://minthantzaww.blogspot.com/

သစ်ခိုးထုတ်မှုများကို သွားရောက် ရှင်းလင်းရာမှ အစိုးရနှင့် ကေအိုင်အေ တပ်တို့ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း သစ်ခိုးထုတ်မှုများကို သွားရောက်ရှင်းလင်းရာမှ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် အစိုးရနှင့် ကေအိုင်အေတပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရ
သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် ကေအိုင်အေတို့အကြား ကွဲပြားမှုများ ရှိနေပြီး သစ်ခိုးထုတ်မှု များကို သတင်းရရှိသဖြင့် သွားရောက်ရှင်းလင်းရာမှ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကာ အစိုးရက ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ၀င်ရောက်လာသဖြင့် တိုက်ပွဲဖြစ် ရခြင်းဖြစ်သည်ဟု မြစ်ကြီးနားအခြေစိုက် ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ တာဝန်ရှိသူက ပြောကြားသည်။ တိုင်းရင်းသား သတင်းဌာန အချို့၏ ဖော်ပြချက်တွင်မူ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အတွင်းရှိ မုန်းဒိန်ပါ ကျေးရွာအနီးရှိ စစ်ပြေးဒုက္ခသည်စခန်းကို အစိုးရတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

"ဖြစ်တာကတော့ သစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းတာပေါ့။ သစ်တွေတရားမ၀င် ထွက်နေတယ်ဆိုပြီး သတင်းတွေရတော့ ၀င်ရှင်းတယ်။ တကယ်လည်း ဖမ်းမိပါတယ်။ တန် ၄၀၀ လောက် ဖမ်းမိတယ်။ ကားတွေလည်းမိတယ်" ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးဌာနမှ အမည် မဖော်လိုသူ အရာရှိတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ နယ်မြေတွင် ယခင်က ကေအိုင်အေတပ်ရင်း အမှတ်(၁၂)အခြေစိုက်ပြီး ၂၀၁၂ ခုနှစ် အတွင်းမှစ၍ အခြေစိုက်စခန်း ဖျက်သိမ်းခဲ့ကာ နေရာဖြန့် လှုပ်ရှားသည့် ဒေသဖြစ်ခဲ့ကြောင်း သိရသည်။ "ကျွန်တော်တို့ သိရသလောက် မနက် ၁၀ နာရီဝန်ကျင်းမှာ ဘရန်ကျုံရွာဟောင်းနားမှာ ဖြစ်တာလို့ သိရတယ်။ ဗန်မော်ခရိုင်၊ မန်စီမြို့နယ်ထဲမှာပါ။ ကေအိုင်အေ တပ်ရင်း(၃) လက်အောက်က တပ်ရင်း ၁၂ နဲ့ဖြစ်တာပါ။ မုန်ဒိန်ပါရွာမှာတော့ မထွက်ပြေးနိုင်တဲ့ ရွာသူရွာသားတွေကို ဘုရားကျောင်း တစ်ခုမှာစုပြီး ဖုန်းတွေ သိမ်းတယ်။ ကျွန်တော်တို့ကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဦးအောင်မင်းတို့ဆီကို အမြန် ဆုံး ဖြေရှင်းဖို့သတင်းပို့ထားပါတယ်။ အောက်တိုဘာ ဆွေးနွေးပွဲ နောက်ပိုင်း နှစ်ကြိမ်မြောက်ဖြစ်တာပါ။ အကျိုးသက်ရောက် မှုကတော့ စစ်တပ်က သိပါတယ်။ အောက်တိုဘာ ဆွေးနွေးပွဲရဲ့ သဘောတူညီချက်တွေကို နှစ်ဖက်စလုံး လေးစားလိုက်နာဖို့ လိုပါတယ်။ ကေအိုင်အေ စစ်မဟာဗျူဟာရုံးကနေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးကို တိုက်ရိုက်ဆက်သွယ်တယ်။ အလုပ်အဖွဲ့ အချင်းချင်းလည်း အကြောင်းကြားပြီး ပြဿနာကို အမြန်ဆုံး ပြေငြိမ်းအောင် ဆောင်ရွက်နေပါတယ်" ဟု မြစ်ကြီးနား အခြေစိုက် ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ ဦးဒေါင်ခါးက ပြောကြားခဲ့သည်။
28Like · ·
 
ဒါတွေကတော့ ပေးထားတဲ့ ကွန်မန်းတွေပါ
  • Soe Wunna သစ်ကားတစ်စီးကို တစ်နှစ်စာဆက်ကြေး သိန်း၂၀၀၀ ကောက်တယ်။ မ ပေးရင် သတ်ပစ်တယ်။ကျောက်တူးတဲ့ သူတွေဆီက အ ကောင်းဆုံးဆို တဲ့ဟာတွေ ရွေးယူတယ်။ မ ပေးရင် သတ်တယ်။ တကယ် တမ်းတော့ KIO KIA ဆိုတာ ဘာပညာမှ မတတ်တဲ့ ဘာမျိုးချစ်စိတ်မှ မရှိတဲ့ တရုတ်ကိုအ ဖေ ခေါ်တဲ့ ကောင်တွေဘဲ။  အဲဒီလိုကောင်တွေက ဘယ်တော့မှ ငြိမ်းချမ်းရေးကို လိုလားမှာမဟုတ်ဘူး။ ကချင်ကိုတစ်ခါမှမ ရောက်ဘူးပဲ အစိုးရကို ထိုးစစ်ချက်ချင်းရပ်ဆို ဆန္ဒပြ နေတဲ့ သူတွေကိုလည်း ကချင် ကိုတစ်ခါလောက် သွားကြည့်စေချင် ပါတယ်။ ။

    • Nyein Soe ဖိနပ်အပါးခံပြီး လူထင်ပေါ်လုပ်ချင်တဲ့လူတွေလဲရှိသေးတယ်...

  • Wai Phyo Aung " ကေအိုင်အေ စစ်မဟာဗျူဟာရုံးကနေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးကို တိုက်ရိုက်ဆက်သွယ်တယ်" ဆိုတော့ KIA ကဆက်ကြေးယူပြီး သစ်ခိုးထုတ်တာတွေကို စစ်တပ်ကမျက်ကွယ်ပြုပေးဖို့ လှမ်းအကြောင်းကြားတာမျိုးလား...
     

ရူးသွပ်နေသော သူခိုး


လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။
သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။
ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။
နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။ သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။ နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။ သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။ သတင်းစာပေါ် ရေးထားတာက…

“ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်”


ဦးမောင်ကြီး

အထာကျတဲ့ အာဂ ဟာသများ