Monday, October 28, 2013

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

G.27.10.2013
သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို
 အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်
ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။
အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။

ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွား
တာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်
ကိုယ့်ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။

အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်း
ဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွား
ခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာတွင် အစား
ထိုး၍ ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်းဆက်လက်ထုတ်ဝေ၍
 ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့် ရဟန်းရှင်လူ ပြည်သူလူထုကြီးအား အသိပေးကြေညာခြင်းကိုလည်း ဦးမိုးဟိန်းက အောက်တိုဘာ ၂၆ ရက် သူရိယနေ၀န်းဂျာနယ်တွင် ထည့်သွင်းခဲ့သည်။

သူရိယအလင်းဂျာနယ် ရပ်ဆိုင်းကြောင်းကို အောက်တိုဘာ ၂၁ ရက်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာ
မှတစ်ဆင့် ထုတ်ဝေသူဦးယုနိုင်က ကြေညာခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးနစ်နာစေမည့် ဆောင်းပါးများနှင့်
ပတ်သက်၍ နစ်နာမှုရှိခဲ့ကြသည့်ပုဂ္ဂိုလ်များကို သူရိယအလင်းဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့မှ
တောင်းပန်ကြောင်းကို အောက်တိုဘာ ၂၁ရက် တနင်္လာနေ့ထုတ်ကြေးမုံ သတင်းစာ၌ပင် ထည့်သွင်းဖော်ပြ
ခဲ့သည်။

သူရိယအလင်းဂျာနယ်ကဲ့သို့မီဒီယာတစ်ခုအပေါ်ဖိအားပေးခံရသည့်ဖြစ်စဉ်တစ်ခုလည်း မြန်မာသံတော်ဆင့်
ဂျာနယ်က တွေ့ကြုံခဲ့ရကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြချက်အရသိရသည်။ သံတော်ဆင့်
အယ်ဒီတာများကို ကြံ့ခိုင်ရေးသတင်းဌာန တာဝန်ခံခြိမ်းခြောက်ဟူသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန(သတင်းဌာန) တာဝန်ခံဌာနမှူးဖြစ်သူ ဦးကျော်သူရက မြန်မာသံတော်ဆင့် အယ်ဒီတာများနောက်သို့ SP နှင့်သတင်း
ထောက်လှမ်းရေးများ လိုက်နေပြီဖြစ်ကြောင်း တာမွေအောင်ကို၏ ယခင်က ကြံ့ခိုင်ရေးလုပ်ရပ်များကို ဖော်
ထုတ်ရေးသားမှုများအတွက် လည်းဖြတ်ခံရမည်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးသလိုလိုဖြင့် တယ်လီဖုန်း
ဆက်သွယ် ခြိမ်းခြောက်ပြောကြားကြောင်း ယခင် ပြည်ခိုင်ဖြိုးမြို့နယ် အတွင်းရေးမှူးဟောင်း သတင်းစာ
ပညာသင်တန်းဆင်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ် ရပ်ဆိုင်းပြီးနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည့် သူရိယနေ၀န်းဂျာနယ်တွင် “သမ္မတထံသို့ အိတ်ဖွင့်ပေးစာ”၊ “အောက်တိုဘာ ၁၈ ရက် ညဥ့်သန်းခေါင်ယံတွင် သူရိယအလင်း ဂျာနယ်တိုက်သို့ လူ ၁၅ ဦးခန့် အဓမ္မ၀င်ရောက်၍ ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများ ယူဆောင်သွားသည့်အပြင် ဂျာနယ်ကိုပါ ရပ်ဆိုင်းခံလိုက်ရပြီး အနိုင်ကျင့် ဗိုလ်ကျခံလိုက်ရသည့်ကိစ္စအား သမ္မတကြီးမှ ကိုင်တွယ်ဖြေရှင်း၍ တရားမျှတသော အဖြေတစ်ရပ်ရှာဖွေပေးပါရန်” စသည့်စာသားတို့ကိုလည်း ထည့်သွင်းရေးသားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ဦးမိုးဟိန်း၏ ဖုန်းနှင့် ဂျာနယ်တိုက်ရှိ ဖုန်းအား ဆက်သွယ်
မေးမြန်းခဲ့ရာတွင် ဖုန်းပိတ်ထားသည်နှင့်သာ ကြုံတွေ့ခဲ့ရသည်။ သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ၎င်းတို့၏လိပ်စာ အမှတ် ၆၈၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်သို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်သွား ရောက်စုံစမ်းရာတွင်လည်း ရုံးခန်းပိတ်ထားသည်ကို တွေ့ရှိရသည်။
သူရိယနေ၀န်းဂျာနယ်၏ ထုတ်ဝေသူမှာ ခင်အေးဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှာ နေ၀န်းခေတ် မိုးဟိန်း(ခ)မိုးဟိန်းဖြစ်ကာ နေပြည်တော်ရုံးခွဲ၊ မန္တလေးရုံးခွဲများကိုလည်း ဖွင့်လှစ်ထားသည်။

Eleven

““ဗုဒ္ဓလမ်းညွှန်ခဲ့သော ဝေဖန်ပိုင်းခြား၊ စဉ်းစားဆင်ခြင် စကားဆိုခြင်း””

ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာ
တွေမှာ သူတို့ကျောင်းရဲ့ သင်ရိုးအဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်းခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာ
နိုင်ငံသား ဆရာများ အတတ်ပညာ သင်တန်းမှာ ဒီသင်ကြားနည်းကို ထိတွေ့ခွင့်ရခဲ့ပါတယ်။

‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစား
တွေးတော ရတာတွေဟာ ခက်ခဲသလိုရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင် အသုံးပြုခဲ့တဲ့ သင်ကြားနည်းဖြစ်ကြောင်း ဆရာ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေး
တင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာ
သမားက ပြောသည်ဆိုသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။

ဒီအဆိုကိုဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစား
ဆင်ခြင်တတ်ဖို့ လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။

မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ ၀စီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ် မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာမှာလည်း သုဘာသိသာစ ယာဝါစာ
ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရားဖြစ်တယ်လို့ ဟောကြားခဲ့ပါတယ်။

ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။
ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့ ‘လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက် ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။

ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။

၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။

နံပါတ်(၁) အမျိုးအစားကတော့ ပြည့်စုံတဲ့ စကားအမျိုးအစားပါ။

နံပါတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့
နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့ စကား
မျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။

နံပါတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့
ပေါ့(ပ်)သတင်း စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာ
ရှိပေမဲ့ အကျိုးမရှိပါဘူး။

နံပါတ်(၄) က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါလိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။

နံပါတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်
သူတွေ ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာ
လှိုင်းထဲ မြောပါ သွားတတ်ပါတယ်။

နံပါတ်(၆) ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။

မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုး ကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။ မှန်လည်းမှန်၊ အကျိုးလည်းရှိမယ် ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ
ပြောသင့်ပါတယ်တဲ့။

စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
နေအိမ်အကျယ်ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကိုအခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။

ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိ
ကြောင်းပါ။

ဆောင်းပါးရှင် - ခင်လေးငယ်

ကောင်းကင်ပြာ

Sunday, October 27, 2013

အင်း...လွဲလွဲလေးပဲကောင်းပါတယ် ~~

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… 
 လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။

ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကိုစေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူ
ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…
"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ
လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာ
သမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… "
အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့ အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း တယောက်ပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…
"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့ အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို ဒီအိမ်ထဲမှာပဲ 
ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့ ဒီဆိုဖာပေါ်မှာရယ်…
 ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ.. အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်
တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ ခြောက်မျိုးလောက်
ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့ အခါကျတော့ 
အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန် ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော် လေးနာရီတိတိ အချိန်ပေးခဲ့ရ
တယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော် ကလေးလေးက
ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်.. ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်းပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်
လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ မခက်ပါဘူးလေ။ အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။ သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓေါ… ဘုရား.. ဘုရား… "

"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။ အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့… အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်
ရှိတယ်။ လူက တအားများလေတော့ အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့ ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်း
ပေးတယ်… အမှန်က ကျနော်က နောက်ထပ် နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့… ကဲ… အခုပဲ စကြမလား… ကျနော် ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ ကြားလိုက်ရော "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးမောင်ကြီး

မျိုးချစ်စိတ်

E-27-10
ရဲဘော်သုံးကျိပ်ဝင် အချို့အား တွေ့ရစဉ်

မျိုးချစ်စိတ်ဟူသည် တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်သော စိတ်ဓာတ်ဖြစ်သည်။ မျိုးချစ်စိတ်၏ အနှစ်သာရနှင့် ၀ိသေသကို စာရေးဆရာကြီး မောင်သုတ (ဗိုလ်မှူးဘသောင်း) သည် ဗမာ့တော်လှန်ရေး သမိုင်းစာအုပ်၏ နိဒါန်း၌ ဤသို့ဖွင့်ဆို တင်ပြထားသည်။

"မြန်မာများသည် မျိုးချစ်စိတ်ဓာတ် အထူးပြင်းထန်သော လူမျိုးဖြစ်သည်။ မြန်မာ့မျိုးချစ်စိတ်ဓာတ်သည် မီးခဲပြာဖုံး ပမာပင် ဖြစ်သည်။ တစ်ပါးသူအား ဒုက္ခမပေးဘဲ အေးအေးဆေးဆေး နေတတ်သော မြန်မာ
လူမျိုးများသည် မဟုတ်လျှင် မခံတတ် အရေးကြုံခဲ့သော် အရေးကြုံသည့်အလျောက် တစ်သွေးတည်း တစ်သားတည်း၊ တစ်လုံးတည်း တစ်စည်းတည်းဖြစ်ကာ အသက်ကို ပဓာနမထား စွန့်စားတိုက်ခိုက် ကြကုန်၏။

မျိုးချစ်စိတ်သည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်သည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ တစ်ဦးတွင် အရေးကြုံသော် တစ်ဦးက လက်ပိုက်ကြည့်မနေ။ သွေးပြောသည့်အလျောက် မငေးမမော၊ မတွေး
မတောဘဲ အရေးကြုံသူနှင့် တစ်လုံးတည်း တစ်စည်းတည်း ပူးတွဲတာဝန် ယူကြသည့်စိတ်ဓာတ် ဖြစ်သည်။

အထူးသဖြင့် မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေးခေတ် သမိုင်းတစ်လျှောက်မှသည် မျက်မှောက်ခေတ်
တိုင်အောင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးဟူသော ကြွေးကြော်သံဖြင့် လှုပ်ရှားစည်းရုံး လုပ်ဆောင်ခဲ့ကြ
သည်။ ထိုသို့ကြွေးကြော် လှုပ်ရှားလုပ်ဆောင်ခဲ့သည့် သမိုင်းဖြစ်စဉ်များတွင် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အသက်စွန့်ကာ စစ်မှန်သော မျိုးချစ်စိတ်ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ထူး အမြောက်အမြားကို လေးစားကြည်ညို ဂုဏ်ယူဖွယ် တွေ့မြင်သိရှိ ရသကဲ့သို့ မျိုးချစ်
စိတ်ဟူ၍ အာပေါင်အာရင်းသန်သန် ကြွေးကြော်လျက် လက်တွေ့ဘ၀တွင်မူ မိမိ၏သားသမီး၊ မြေး၊ မြစ်နှင့်
ဆွေမျိုးအသိုင်းအ၀ိုင်း အတွက်ကိုသာ အလေးထားကာ မိမိတိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို မျက်
ကွယ်ပြု လုပ်ဆောင်ခဲ့သော မိသားစု ဆွေမျိုးချစ်သည့် အတုအယောင် မျိုးချစ်စိတ်ရှိသော ဟန်ဆောင်မျိုး
ချစ်စိတ် ထားရှိသော ပုဂ္ဂိုလ်ကြီး အချို့ကိုလည်း သမိုင်းအထင်အရှား လေ့လာသိရှိ နိုင်ပေသည်။

ခရစ်နှစ် ၁၉၃၉ ခုနှစ် ၀န်းကျင်တွင် တို့ဗမာ အစည်းအရုံးကြီး၏ ဦးဆောင်မှုနှင့်အတူ ၀ံသာနုရက္ခိတ
တရားနှင့် မျိုးချစ်စိတ် ရှင်သန်ရေးတို့အတွက် ကြွေးကြော်စည်းရုံး လှုံ့ဆော်ဆောင်ရွက်နေချိန်တွင် အမျိုး
သားရေး စာရေးဆရာကြီး မဟာဆွေသည် အတုအယောင် မျိုးချစ်ခေါင်းဆောင်ကြီးများကို လှောင်ပြောင်
သရော်ခဲ့သော မျိုးချစ်စိတ်ကို ပယ်ကြလော့ဟူသော ဆောင်းပါးတစ်စောင်ကို ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ
ထုတ် ကြီးပွားရေး မဂ္ဂဇင်းတွင် ဤသို့ရေးသား ခဲ့သည်။

"လူတစ်ဦးတစ်ယောက် အဖွဲ့တစ်စုံတစ်ရာသည် ကျွန်ုပ်တို့၏ တိုင်းပြည်နစ်နာအောင် အနာဂတ်ရေး ပျက်
ပြားအောင် ဆောင်ရွက်ငြားအံ့၊ အဆွေတော်သည် ထိုလူတွေကို မျိုးချစ်စိတ်နှင့် ကြည့်နေမည်လော "မချစ်ပါဘူး" ဆိုသော်လည်း၊ ဘာမှအရေးမယူကာ ချစ်ရာကျသည်ပင်တည်း။ ထို့ကြောင့် ဤကဲ့သို့
တိုင်းပြည်အကျိုးယုတ်အောင် ဆောင်ရွက်သူတို့အား မြန်မာလူမျိုး" ဟု မချစ်နိုင်။ ကျွန်ုပ်တို့ တိုင်းပြည်၌
ပထမလုပ်ရန် အဆင့်ကား တိုင်းပြည်ကို ညာဝါးလျက်၊ ကိုယ်ကျိုးရှာ သမားဟူသမျှကို မျိုးပြုတ်အောင် လုပ်ရမည်ဖြစ်၏။ ထိုကဲ့သို့ မျိုးဖြုတ်ပြီးနောက် လွတ်လပ်ခွင့် ပန်းတိုင်သို့ရောက်အောင် ခြေလှမ်းပြင်ကြဖို့ အရေးကြီး၏။

ခေတ်သစ်မြန်မာ့ စာပေလောကတွင် "သရော်စာ" အရေးကောင်းသော စာရေးဆရာကြီး မောင်ထင်
(ဦးထင်ဖတ်) သည် ၁၉၄၂ ခုနှစ်မှသည် ၁၉၄၅ ခုနှစ် (ဂျပန်ခေတ်) အတွင်း ဒုက္ခအထွေထွေဖြင့် ဖြတ်သန်း
ခဲ့ရသော မြန်မာ့တောင်သူ လယ်သမားဘ၀ သရုပ်ဖော်သော ၀တ္ထုရှည်ကြီးကို ရေးသားပြုစုရာတွင်-

မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေးခေတ် သမိုင်းတစ်လျှောက်မှသည် မျက်မှောက်ခေတ်တိုင်အောင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးဟူသော ကြွေးကြော်သံဖြင့် လှုပ်ရှားစည်းရုံး လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ကြွေးကြော် လှုပ်ရှားလုပ်ဆောင်ခဲ့သည့် သမိုင်းဖြစ်စဉ်များတွင် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အသက်စွန့်ကာ စစ်မှန်သော မျိုးချစ်စိတ်ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ထူး အမြောက်အမြားကို လေးစားကြည်ညို ဂုဏ်ယူဖွယ် တွေ့မြင်သိရှိ ရသကဲ့သို့ မျိုးချစ်စိတ်ဟူ၍ အာပေါင်အာရင်းသန်သန် ကြွေးကြော်လျက် လက်တွေ့ဘ၀တွင်မူ မိမိ၏ သားသမီး၊ မြေး၊ မြစ်နှင့် ဆွေမျိုးအသိုင်းအ၀ိုင်း အတွက်ကိုသာ အလေးထားကာ . . . . .

"မြန်မာတိုင်းရင်းသား လူထုသည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံ၍ ကြီးပြင်းလာကြသည်။ ထိုအခြေခံ ယဉ်
ကျေးမှုတရား ကိုယ့်ကြောင့် ရန်သူကိုပင်လျှင် ခွင့်လွှတ်တတ်သော အကျင့်နှင့် ပြည့်စုံသည်။ ခွင့်လွှတ်
တတ်သော စရိုက်ကြောင့် မိမိကိုနှိပ်စက်က လူပြုခြင်းကိုပင် မေ့ပျောက်သွားတတ်သည်။ သို့သော် ရန်သူ
ကဲ့သို့ ပြုကျင့်တတ်သောသူအား ခွင့်လွှတ်ခြင်းကို ပျော့ကွက်ဟုယူဆ၍ အားနွဲ့သူကို ဖိထောင်းတတ်
သည်။ နှောင်းလူတို့သည် ဤသဘာဝကို ဆင်ခြင်၍ ဖိစီးနှိပ်စက်ခြင်းဒဏ်မှ လွတ်ကင်းအောင် ကျင့်ကြံ
ပြုမူ နေထိုင်တတ်ပါမှ ၀ံသာနုရက္ခိတတည်းဟူသော လူမျိုး၏ အစဉ်အလာကို စောင့်ထိန်းသည့် မျိုးချစ်နိုင်ငံ
ချစ်စိတ်တို့ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့ တိုင်းရင်းသား အပေါင်းသည် အန္တရာယ်
ပြုသူကို ခွင့်လွှတ်နိုင်ကြသော်လည်း မိမိတို့ အပေါ်၌ အန္တရာယ် ကျရောက်ခဲ့သော အနိဋ္ဌာရုံတို့ကို မေ့၍
ရနိုင်ကောင်းသည် မဟုတ်ချေ။

လောကဇာတ်ခုံပေါ်တွင် ငဘကို ပုဏ္ဏားနှိပ်စက်သည်။ နှိပ်စက်ခြင်းခံရသူသည် နှိပ်စက်သူအား ဘုန်းကြီး
ပါစေ၊ အသက်ရှည်ပါစေဟု ဆုတောင်းသည်ကို ကျွန်တော်မကြားဖူးပါ။ သို့သော် နှိပ်စက်တတ်သော ပုဏ္ဏားတစ်ယောက်ကို စိတ်မှာစွဲ၍ ပုဏ္ဏားတစ်မျိုးလုံးကို ဆန့်ကျင်လိုသော အာဃာတသည် ငဘတွင် မရှိချေ။ ငဘ၏ သားစဉ်မြေးဆက်တို့က ငဘခံခဲ့ရပုံကို သံဝေဂယူ၍ မိမိတို့၏ လွတ်မြောက်ရာ လွတ်
မြောက်ကြောင်းကို အမျိုးသားချင်း စောင့်ရှောက်တတ်သော ဓလေ့ဖြင့် လူမျိုးနှင့် နိုင်ငံကို ကာကွယ်ရန်သာ ငဘက လမ်းညွှန်ပေးခဲ့သည်။ ယင်းကဲ့သို့ ယထာဘူတကျအောင် စဉ်းစားနိုင်ကြပါလျှင် မြန်မာနိုင်ငံသည် အနာဂတ်၌ ကျရောက်နိုင်သော ဘေးအန္တရာယ် အသွယ်သွယ်တို့မှ ကင်းရှင်းနိုင်လိမ့်မည် ထင်ပါသည်"
ဟူ၍ စစ်မှန်သော မျိုးချစ်စိတ်၏ အနှစ်သာရကို ဖော်ထုတ်တင်ပြခဲ့သည်။

ဆရာမောင်ထင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစအချိန် ၁၉၄၈ ခုနှစ် နိုဝင်ဘာလတွင် "မျိုးချစ်စိတ်
၏အစ" ဟူသော ဆောင်းပါးတစ်စောင်ကို သရော်လှောင်ပြောင် ခဲ့သည်။ "ဗိုလ်ချုပ်အောင်ဆန်း ကျဆုံး
သောနေ့၌ ကျွန်တော်သည် မိုးရွာထဲတွင် မော်တင်လမ်းမှသည် အသံလွှင့်ရုံသို့ ခြေကျင်လျှောက်ပြန်ရင်း
တောင်မြောက်လေးပါးတို့ကို တွေးမိသည်။ ကျွန်တော်၏ ညီငယ်သည် သစ္စာဖောက်သော ဗမာတစ်
ယောက်၏ လက်ချက်ကြောင့် ဂျပန်၏ အသတ်ခံရသည်။ သတ်သူမှာ ဂျပန်ဖြစ်သောကြောင့် တော်ပါ
သေး၏။ ဗိုလ်ချုပ်သည် သစ္စာဖောက်သော ဗမာတစ်ယောက်၏ လက်ချက်ကြောင့် ဗမာအသတ်ခံရသည်။
သြော်ချစ်လိုက်ရတဲ့ အမျိုးသည် အမျိုးကိုမှ ချစ်မိရပလေ။ ယခုနေအခါ ဗိုလ်ချုပ်ကို နှိုး၍ရလျှင်  နှိုး၍
မေးလိုက်ချင်စမ်းသည်။ အမျိုးကို ချစ်သေးသလား။ မမေးနှင့်တော့။ မမေးနှင့်တော့။ ဗိုလ်ချုပ်နိုးလာလျှင် "ချစ်သေးတယ်" ဟူ၍ပင် ဖြေဦးမည်။

သူတို့ကျေးဇူးကြောင့် ကျွန်တော်သည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် အင်္ဂလိပ် ကျွန်ဘ၀မှ စုတေ
စိတ်ကျခဲ့၍ လွတ်လပ်သော အမျိုးတစ်မျိုး အနေဖြင့် ပွဲလယ်တင့်အောင် အလုပ်လုပ်ရမည်။ မျိုးချစ်စိတ် ဆိုသဟာကိုလည်း ယခုမှ အစပြုရ ပေတော့မည်။ သို့သော် ခဏဆိုင်းပါဦး။ သိပ်ပြီးလောမကြီး စမ်းပါနှင့်။ နားထောင်စမ်းပါ။

အို ရန်ကုန်မြို့ မြောက်ဘက်က ဘာသံပါလိမ့်။ ဒိန်းဆိုသည့် အသံကတော့ စိန်ပြောင်းအသံ ဖြစ်ပါသည်။ ဒိုင်းဆိုတာ ရိုင်ဖယ်အသံပါ။ ဒက်ဒက်ဒက် ဆိုသည်မှာ စက်သေနတ်သံ ဖြစ်ပါသည်။ သို့ဖြစ်လျှင် ဘယ်သူ
က ဘယ်သူ့ကို ဘာကြောင့် ဟ၀ါပြုနေ ကြပါသတုံး။

ဒီလိုလေ ဒီလို၊ ကျွန်တော်တို့က မျိုးချစ်ပုဂ္ဂိုလ်တွေချည်းပဲ ဖြစ်လေတော့၊ ကျွန်တော်တို့ မျိုးချစ်တွေ ဆင်းရဲ
သည်ကို မကြည့်ရက်နိုင်သောကြောင့် မျိုးချစ်ပုဂ္ဂိုလ် အချင်းချင်းတို့သည် ဆင်းရဲခြင်းမှ ချုပ်ငြိမ်းရာ အရပ်သို့ အလျင်အမြန်ရောက်အောင် တစ်ယောက်တစ်လှည့်စီ ပို့ပေးနေကြခြင်း ဖြစ်ပါသည်။

သြော် လက်စသတ်တော့ မျိုးချစ်စိတ်တွေ ပေါက်ကွဲ၍ နေတာပါကလား။ ဘုရားဘုရား အစိန္တေယျ၊ အပ္ပမေယျ၊ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ မျိုးချစ်စိတ် အစသည် မျိုးချစ်စိတ်အဆုံး မဖြစ်ပါရစေနှင့် အရှင်ဘုရား။

Eleven

Saturday, October 26, 2013

သူတို့ ပြောစကား


အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား ( ၁၀ ) ခွန်း

( ၁ ) အိမ်တွင်းမီး အပြင်မထုတ်ရ

အိမ်ထောင်ရှင် မ ဖြစ်တော့ မည့် ၀ိသာခါ ကို သူ့မိဘ များ မှာကြား လိုက်သော စကား ( ၁၀ ) ခွန်း

( ၁ ) အိမ်တွင်းမီး အပြင်မထုတ်ရ

( ၂ ) အိမ်ပြင်မီး အတွင်းမသွင်းရ

( ၃ ) ပြန်ပေးမည့်သူကိုသာပေး။

( ၄ ) ပြန် မပေးမဲ့သူကို မပေးနဲ့။

( ၅ ) ပေးသင့်သူကိုလည်း ပေး။

( ၆ ) ချမ်းသာစွာထိုင်။

( ၇ ) ချမ်းသာစွာ စား။

( ၈ ) ချမ်းသာစွာ အိပ်။

( ၉ ) မီးကို ရိုသေစွာလုပ်ကျွေး။

( ၁၀ ) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။ တို့ဖြစ်ပါသည်။

( ၁ ) အိမ်တွင်း မီး အပြင် မထုတ်ရ ဆိုတာ .. အိမ်တွင်း မှာ ရှိတဲ့ အိမ်တွင်းရေး ပြဿနာ ကိစ္စ အဝဝ ကို အပြင် ဖောက်သည် မချ နဲ့ လို့ ဆိုလို တာပါ။

( ၂ ) အိမ်ပြင် မီး အတွင်း မသွင်းရ ဆိုတာ…ပြင်ပမှာ ဖြစ်လာတဲ့ ပြဿနာ တွေ ကိုလည် အိမ်တွင်း သည်မလာ နဲ့ လို့ ဆိုလိုတာ ပါ။

( ၃ ) ပြန်ပေးမယ့် သူကို ပေးဆိုတာ.. ချေးငှား တဲ့ အခါ ပြန်တောင်း ရမည့် သူ ကိုသာ ချေးငှား လို့ ဆိုတာပါ။

( ၄ ) ပြန်မပေး မယ့် သူကို မပေးနဲ့ ဆိုတာ… ပစ္စည်း ဥစ္စာ ချေးငှား တဲ့ အခါ ပြန်တောင်းရမ်း လို့ မရမည့် သူ ကို မချေးငှား နဲ့လို့ ဆိုလို တာပါ။

( ၅ ) ပေးသင့် သည် ဖြစ်စေ၊ မပေးသင့် သည် ဖြစ်စေ ပေးပါ ဆိုတာက… မိမိဆွေမျိုး အသိုင်းအဝိုင်း ထဲမှာ .. ဘဝပေး အရ မပြည့်စုံတဲ့ သူတွေ ကိုတော့ ဘာမှ မျှော်လင့် တောင့်တ မနေပဲ ထောက်ပံ့ လိုက်ပါ ဟု ဆိုလိုတာပါ။

( ၆ ) ချမ်းသာစွာ ထိုင်ပါ ဆိုတာ.. မိမိ လင်ယောက်ျား၊ ယောက္ခမ တွေရဲ့ အထက် အရပ်၊ လေညာ အရပ် စသော မပြစ် မလွတ် သော နေရာ မှာ မထိုင်ဘဲ အပြစ်ကင်း သော နေရာ မှာ ထိုင်လို့ ပြောတာပါ။

( ၇ ) ချမ်းသာစွာ စားပါ ဆိုတာ… မိဘ၊ ယောက္ခမ၊ ခင်ပွန်း တို့ကို ရှေးဦးစွာ ကျွေးပြီး နောက်မှ စားပါလို့ ပြော တာပါ။

( ၈ ) ချမ်းသာစွာ အိပ်ပါ ဆိုတာ.. မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို သင့်တင့် သော ဝေယျာဝစ္စ ပြုပြီးမှာ အိပ်ပါ လို့ ပြောတာပါ။

( ၉ ) မီးကို ရိုသေစွာ လုပ်ကျွေး ဆိုတာ.. ယောက္ခမ တွေ ကို ကောင်းစွာ စောင့်ရှောက် လို့ ပြောတာပါ။

( ၁၀ ) အိမ်ဦးနတ် ကိုရိုသေ ဆိုတာ.. မိမိ လင်ယောက်ျား ကို အိမ်ဦးနတ် ကဲ့သို ဆက်ဆံ ရမယ် လို့ ဆိုလို တာပါ။

တရားအသိကိုပေးလှူသည်။

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

( ၂ ) အိမ်ပြင်မီး အတွင်းမသွင်းရ

( ၃ ) ပြန်ပေးမည့်သူကိုသာပေး။

( ၄ ) ပြန် မပေးမဲ့သူကို မပေးနဲ့။

( ၅ ) ပေးသင့်သူကိုလည်း ပေး။

( ၆ ) ချမ်းသာစွာထိုင်။

( ၇ ) ချမ်းသာစွာ စား။

( ၈ ) ချမ်းသာစွာ အိပ်။

( ၉ ) မီးကို ရိုသေစွာလုပ်ကျွေး။

( ၁၀ ) အိမ်တွင်းနတ်ကို ရှိခိုးပူဇော် တို့ဖြစ်ပါသည်။


( ၁ ) အိမ်တွင်း မီး အပြင် မထုတ်ရ ဆိုတာ .. အိမ်တွင်း မှာ ရှိတဲ့ အိမ်တွင်းရေး ပြဿနာ ကိစ္စအဝဝကို
        အပြင် ဖောက်သည် မချ နဲ့ လို့ ဆိုလို တာပါ။

( ၂ ) အိမ်ပြင် မီး အတွင်း မသွင်းရ ဆိုတာ…ပြင်ပမှာ ဖြစ်လာတဲ့ ပြဿနာ တွေ ကိုလည် အိမ်တွင်း
       သယ်မလာ နဲ့ လို့ ဆိုလိုတာ ပါ။

( ၃ ) ပြန်ပေးမယ့် သူကို ပေးဆိုတာ.. ချေးငှား တဲ့ အခါ ပြန်တောင်း ရမည့် သူ ကိုသာ ချေးငှား လို့
       ဆိုတာပါ။

( ၄ ) ပြန်မပေး မယ့် သူကို မပေးနဲ့ ဆိုတာ… ပစ္စည်း ဥစ္စာ ချေးငှား တဲ့ အခါ ပြန်တောင်းရမ်း လို့ မရမည့်
       သူ ကို မချေးငှား နဲ့လို့ ဆိုလို တာပါ။

( ၅ ) ပေးသင့် သည် ဖြစ်စေ၊ မပေးသင့် သည် ဖြစ်စေ ပေးပါ ဆိုတာက… မိမိဆွေမျိုး အသိုင်းအဝိုင်း
       ထဲမှာ .. ဘဝပေး အရ မပြည့်စုံတဲ့ သူတွေ ကိုတော့ ဘာမှ မျှော်လင့် တောင့်တ မနေပဲ ထောက်ပံ့
       လိုက်ပါ ဟု ဆိုလိုတာပါ။

( ၆ ) ချမ်းသာစွာ ထိုင်ပါ ဆိုတာ.. မိမိ လင်ယောက်ျား၊ ယောက္ခမ တွေရဲ့ အထက် အရပ်၊ လေညာ အရပ်
       စသော မပြစ် မလွတ် သော နေရာ မှာ မထိုင်ဘဲ အပြစ်ကင်း သော နေရာ မှာ ထိုင်လို့ ပြောတာပါ။

( ၇ ) ချမ်းသာစွာ စားပါ ဆိုတာ… မိဘ၊ ယောက္ခမ၊ ခင်ပွန်း တို့ကို ရှေးဦးစွာ ကျွေးပြီး နောက်မှ စားပါ
       လို့ ပြော တာပါ။

( ၈ ) ချမ်းသာစွာ အိပ်ပါ ဆိုတာ.. မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို သင့်တင့်သောဝေယျာဝစ္စပြုပြီးမှ
       အိပ်ပါ လို့ ပြောတာပါ။

( ၉ ) မီးကို ရိုသေစွာ လုပ်ကျွေး ဆိုတာ.. ယောက္ခမ တွေ ကို ကောင်းစွာ စောင့်ရှောက် လို့ ပြောတာပါ။

( ၁၀ ) အိမ်ဦးနတ် ကိုရိုသေ ဆိုတာ.. မိမိ လင်ယောက်ျား ကို အိမ်ဦးနတ် ကဲ့သို ဆက်ဆံ ရမယ် လို့
         ဆိုလို တာပါ။

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

နှလုံးသားကို ဂရုစိုက်ပါ

တစ်ခါက အက်ဒီဆင်ဟာ မီးလုံးကိုတီထွင်ပြီးခါစမှာ သူ့ရဲ့ တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်…။ စာနယ်ဇင်းသမားတွေရောက်လာပြီး အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ အက်ဒီဆင်က သူအိမ်ကအလုပ်သမားကောင်လေးတစ်ယောက်ကို သူ့ရဲ့ မီးလုံးကို သွားယူခိုင်းပါတယ်…။ 

ကောင်လေးဟာ မီးလုံးကိုယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက်လဲပြီး မီးလုံးဟာ ကျကွဲသွားပါတယ်…။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာ အားလုံးသိပါတယ်…။ ဒါပေမယ့် အင်ဒီဆင်ကတော့ ကောင်လေးကို ဘာမှမပြောဘဲ ...စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်
လိုက်ပါတယ်…။ သူအသစ်ထပ်မံပြုလုပ်ပြီးရင် ပြန်လည်ဖိတ်ကြားပါမယ်ပေါ့…။

ကောင်လေးကတော့ သူ့ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဒီလိုဖြစ်သွားရတာကို စိုးရိမ်ကြောက်ရွံ့ နေပါသတဲ့…။ အက်ဒီဆင်ဟာလည်း ဒီမီးလုံးကို ထပ်မံပြုလုပ်ဖို့ရာ လနဲ့ချီပြီးအချိန်ယူလုပ်ဆောင်လိုက်ရပါသတဲ့…။


မီးလုံးပြီးသွားချိန်မှာတော့ စာနယ်ဇင်းသမားတွေကိုထပ်မံဖိတ်ခေါ်လိုက်ပြန်ပါသတဲ့…။ သတင်းထောက်တွေရောက်လာပြီးအားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ သူရဲ့ မီးလုံးကိုသွားယူဖို့ရာ ယခင်ကောင်လေးကိုပဲ သွားယူခိုင်းပြန်ပါတယ်…။ ကောင်လေးဟာလည်း ဝမ်းသာအားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာခဲ့ပါတယ်…။

စာနယ်ဇင်းမိတ်ဆက်ပွဲပြီးဆုံးချိန်မှာတော့ သတင်းထောက်တစ်ချို့က မေးပါတယ်…။ “မစ္စတာအက်ဒီဆင်ခင်ဗျား… မီးလုံးသွားယူတဲ့ကောင်လေးဟာ ဟိုတစ်ခါ သူ့ကြောင့် မီးလုံးကျကွဲသွားဖူးတယ်မဟုတ်လား…ဆရာ့မှာ တစ်ခြားခိုင်းစရာ လူတွေအများကြီးရှိတဲ့အနက်က ဒီကောင်လေးကိုပဲ ဘာလို့ပြန်ခိုင်းရတာလဲ… ဒီတစ်ခါကျကွဲသွားရင် နောက်တစ်ခါ အချိန်အများ
ကြီးပြန်ယူရမှာမစိုးရိမ်ဘူးလား …” လို့မေးပါသတဲ့…။ 

ဒီတော့ အက်ဒီဆင်ကြီးပြန်ဖြေလိုက်ပုံကတော့… 
“ကျုပ်တမင်တကာ သူ့ကိုခိုင်းလိုက်တာဗျ… မီးလုံးထပ်ကွဲသွားရင် ကျုပ်ပြန်လုပ်လို့ရပါတယ်…
ဒါပေမယ့် ဒီတစ်ခါ ဒီကောင်လေးကို မခိုင်းခဲ့ရင် ဒီကောင်လေးရဲ့ နှလုံးသားကျကွဲသွားမှာဗျ…” လို့ပြန်ဖြေလိုက်ပါတော့သတဲ့…။ 

 ##နှလုံးသားဆိုတာ အင်မတန်နူးညံ့ပါတယ်… ကွဲကြေသွားတဲ့နှလုံးသားကို ပြန်လည် ကုစားဖို့ဆိုတာ အချိန်ကာလသတ်မှတ်လို့မရနိုင်ပါဘူး… ကိုယ့်ကြောင့် ဘယ်သူ့ ဘယ်သူ ရဲ့ နှလုံးသားကိုမှ မကွဲကြေပါစေနဲ့ သယ်ရင်းရာ…##