Thursday, October 31, 2013

“ဗုဒ္ဓ၀ါဒနှင့်ပတ်သက်သော..အတွေးအခေါ်များ..”

(နှစ်မိနစ်ခန့်အချိန်ပေးပြီးဖတ်ရှုပေးပါရန်..)

၁။ မြွေဝင်၊ပျားစွဲခြင်းကြောင့်..ချမ်းသာတယ်လို့..ယူဆရင်......ဗြဟ္မဏ၀ါဒ။

    အလုပ်ကြိုးစားခြင်း..ကုသိုလ်..ရှိခြင်းကြောင့်.. ချမ်းသာတယ်လို့ယူဆရင်... ..ဗုဒ္ဓ၀ါဒ။

၂။ ဖွတ်တက်လို့၊ လင်းတနားလို့..ဆင်းရဲတယ်လို့..ယူဆရင်..ဗြဟ္မဏ၀ါဒ။

    အလုပ်မလုပ်လို့..နှစ်လုံး..သုံးလုံး..လောင်းကစားလုပ်လို့..အကုသိုလ်ရှိလို့.. ဆင်းရဲတယ်ယူဆရင်...
    ဗုဒ္ဓ၀ါဒ။

၃။ လက်ယပ်ခေါ်တဲ့အရုပ်လေးရှိလို့..ပုလင်းအစိမ်းထဲမှာ..နှင်းဆီပွင့်စိုက်လို့.. ပိုက်ဆံနဲ့ပုံဖော်ထားတဲ့..

    ဇီးကွက်ရုပ်..လာဘ်ခေါ်အဆောင်ရှိလို့...ဈေးရောင်းကောင်းတယ် ယူဆရင်..ဗြဟ္မဏ၀ါဒ ။
    ၀ီရိယ..ဥာဏ်ယှဉ်..စေတနာ..မေတ္တာထားပြီး..ဈေးရောင်းကောင်းတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၎။ ရက်ရာဇာက..ကောင်းကျိုးပေးပြီး..ပြဿဒါးက မကောင်းကျိုးပေးတယ် ယူဆရင်... ဗြဟ္မဏ၀ါဒ ။

    ကုသိုလ်က..ကောင်းကျိုးပေးပြီး..အကုသိုလ်က..မကောင်းကျိုးပေးတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၅။ စနေ၊တနင်္ဂနွေ..စတဲ့..ဂြိုဟ်တွေက..ကောင်းကျိုးပေးတယ် ယူဆရင်... ဗြဟ္မဏ၀ါဒ။ 

     ကုသိုလ်..အကုသိုလ်က..ကောင်းကျိုး..ဆိုးကျိုးပေးတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၆။ ခရီးသွားတဲ့အခါ..နဂါးလှည့်သင့်မှု..မသင့်ကြောင့်..ကောင်းကျိုး..ဆိုးကျိုးပေးတယ်

    ယူဆရင်..ဗြဟ္မဏ၀ါဒ။ 
    ကုသိုလ်..အကုသိုလ်က..ကောင်းကျိုး..ဆိုးကျိုးပေးတယ် ယူဆမှ..ဗုဒ္ဓ၀ါဒ။

၇။  စုံဂဏန်း..မဂဏန်း(၁၃)ဂဏန်း၊ကိုးဂဏန်းတွေက..ကောင်းကျိုး..ဆိုးကျိုးပေးတယ်..ယူဆရင်...

     ဗြဟ္မဏ၀ါဒ။
     ကုသိုလ်..အကုသိုလ်..က..ကောင်းကျိုး..ဆိုးကျိုး..ပေးတယ်ယူဆမှ..ဗုဒ္ဓ၀ါဒ။

၈။ အလောင်း..ကိုင်တာချင်း..တူပါရက်..သုဘရာဇာကို အဝေးမှ ရှောင်ပြီး..ဆရာဝန်..ဖြစ်မဲ့သူကိုတော့..

     သမက်ဖမ်းခြင်းသည်..ဗြဟ္မဏ၀ါဒ..။ 
      အယူအဆွဲမရှိဘဲ..နှစ်ဦးလုံးကို..တန်းတူဆက်ဆံခြင်းသည်..ဗုဒ္ဓ၀ါဒ။

၉။  လူသေပြီး(၇)ရက်လည်မှ..အိမ်မှထွက်သွားသည်ဟု ယူဆလျှင်..ဗြဟ္မဏ၀ါဒ၊ 

     စုတိပြီး..နောင်ပဋိသန္ဓေဖြစ်သည်ဟု..ယူဆလျှင်..ဗုဒ္ဓ၀ါဒ။

ဆရာတော်...မေတ္တာရှင်-ရွှေပြည်သာ (ကာယကံမေတ္တာနှင့်ဓမ္မအမေးအဖြေများ)
 

ဓမ္မဒါန-
ကိုကျော်စိုးလင်း-စုစည်းတင်ပြသည်..။


Kyaw Soe Linnposted toTemi NP

“သူ့စကား( ၂ )”

ကုမ္ပဏီစာရေး - ညီမလေး..ခဏနော်..၊ဒီစာလေးကို..ယူသွားပေးပါနော်..။

ကုမ္ပဏီစာရေးမ - အို..ရှင်..။လူကြားထဲမှာ..။ဘာတွေလာပေးနေတာလဲ..။

ကုမ္ပဏီစာရေး-တစ်မျိုးမထင်ပါနဲ့ဗျာ..။ ဒါ..ခင်ဗျားကို..အလုပ်ကဖြုတ်လိုက်တဲံ့..စာပါ..။

(ကျော်စိုးလင်း..ရေးသည်..)


Kyaw Soe Linn

Tuesday, October 29, 2013

စစ်အရာရှိတွေကနေ အဝတ်အစားပဲ ပြောင်းသလား

ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး

 အရင် စစ်အစိုးရလက်ထက်က အရာရှိကြီးတွေထဲက အများအပြားဟာ အဝတ်အစားပဲ ပြောင်းဝတ်ကြပြီး သူတို့ရဲ့ စိတ်သဘောထားကတော့ မပြောင်းသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့ တနင်္လာနေ့က ရောမမြို့မှာ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ စစ်ခေါင်းဆောင်တွေအနေနဲ့ ယူနီဖောင်းချွတ် အဝတ်အစားပြောင်းရုံ သဘောလောက်ပဲ တွေ့ရသလား၊ နောက်ပြီး စီးပွားရေး လုပ်ငန်းကြီးတွေမှာ ဦးဆောင် ပါဝင်လာနေကြ သလားဆိုတာကို သတင်းထောက်က မေးရာမှာ ဒေါ်အောင်ဆန်း စုကြည်က‘သူတို့ထဲက အများအပြားက အဝတ်အစားပဲ ပြောင်းသွားရုံပဲ ရှိပါတယ်။ အဝတ်အစား ပြောင်းဝတ်ရတာက စိတ်သဘောထား mindset ကို ပြောင်းဖို့ရာထက် ပိုလွယ်ပါတယ်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်လာအောင်လုပ်ဖို့အတွက် စိတ်သဘောထား ပြောင်းလာကြတဲ့ လူအရေအတွက် အစိုးရအတွင်းမှာ အလုံအလောက်ရှိမရှိ ဆိုတဲ့အချက်က စိုးရိမ်စရာ ဖြစ်ပါတယ်’လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပငါးနိုင်ငံခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် အီတလီကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီး တနင်္လာနေ့မှာတော့ ရောမမြို့မှာ အီတလီ ဝန်ကြီးချုပ် Enrico Letta၊ သမ္မတ Giorgio Napolitano၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စ Emma Bonino တို့နဲ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်တလျောက်လုံးမှာ ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကြောင်းကို အီတလီမှာလည်း ထပ်မံ ပြောခဲ့ပါတယ်။

သူ့ကို ထင်ထင်ရှားရှား ဦးတည်ပြီး ကန့်သတ်ဖို့ ပြဌာန်းထားတဲ့ သမ္မတဖြစ်ခွင့် အရည်အချင်းဆိုင်ရာ အချက်အလက် တစ်ခုတည်းကြောင့် ဖွဲ့စည်းပုံကို ပြင်ချင်တာမဟုတ်ပဲ ဒီဖွဲ့စည်းပုံဟာ အခြေခံအားဖြင့် ဒီမိုကရေစီ နည်းမကျတဲ့အတွက် ပြင်ဆင်ဖို့ လိုနေကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံဥပဒေမပြင်ရင် စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ အထူးအခွင့်အရေး ရနေဦးမှာ ဖြစ်ကြောင်း၊ ဒီလိုဖြစ်လာတဲ့အခါ စစ်တပ်ဟာ နိုင်ငံရေးသာမက စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးတွေမှာလည်း အထူးအခွင့်အရေးတွေ ရနေမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အီတလီအစိုးရကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံကြောင်း၊ အီတလီအနေနဲ့ မြန်မာ့ဒီမိုကရေစီ တိုးတက်ရေးကို အားပေး ထောက်ခံသွားမှာ ဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အမ်မာ ဘိုနီနိုက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာတော့ တူရင် မြို့နဲ့ ဘိုလော့ဂနာမြို့တွေဆီ သွားရောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဒဟူးနေ့မှာတော့ ပါးမားမြို့ကို သွားရောက်ပြီး သောကြာနေ့မှာတော့ အီတလီကနေ ရန်ကုန်ကို ပြန်မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ

 ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုရ ဒေါ်အောင်ဆန်းစုကြည်။ (အောက်တိုဘာ ၂၇၊ ၂၀၁၃)

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ရောက်ရှိနေပြီး ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို လက်ခံ ရယူသလို တနင်္လာနေ့မှာ အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့
 တွေ့ဆုံမှာဖြစ်တဲ့အပြင် ပုပ်ရဟန်းမင်းကြီးနဲ့လည်း သီးခြား တွေ့ဆုံဖို့ ရှိပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို တနင်္ဂနွေနေ့မှာရောက်ပြီးတော့ ညပိုင်းမှာတော့ ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ရောမမြို့ကနေပေးတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံယူခဲ့တာပါ။ ညပိုင်းပွဲမှာ
တော့ ဒေါ်အောင်ဆန်းစုကြည်ကို ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignazio Marino - နိုင်ငံခြားရေး ၀န်ကြီး (Emma Bonino) နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ကြိုဆိုပြီးတော့ ဂုဏ်ထူးဆောင် မြို့သူဆုကို ချီးမြှင့်လိုက်
တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီ ဂုဏ်ထူးဆောင် မြို့သူဆုကို ၁၉၉၄ ခုနှစ်တုန်းက ရောမမြို့တော်ဝန် (Rutelli) ရဲ့လက်ထက်မှာ ချီးမြှင့်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရတာမို့ ဆုကို ကိုယ်တိုင် မယူနိုင်ခဲ့ပါဘူး။

အခု ဒီဆုကိုလက်ခံယူတော့ သူ့အနေနဲ့ ဒီဆုနဲ့ပတ်သက်ပြီးတော့ ဝမ်းမြောက်စွာနဲ့ လက်ခံယူတဲ့အကြောင်း ဒီဆုယူပြီးတဲ့မိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမအတွက်ကတော့ ဂုဏ်ယူစရာကောင်းရုံတင်မဟုတ်ပါဘူး။ ရောမမြို့သူဖြစ်ရတာကို  ပျော်ရွှင်ဝမ်းသာ
မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ငယ်ငယ် ကလေးဘဝကတည်းက ရောမမြို့အကြောင်းကိုသင်ဖူး၊
ကြားဖူးခဲ့လို့ပါပဲ။ ဒါကြောင့် ရောမမြို့သူဖြစ်ရတာ တကမ္ဘာလုံးရဲ့ မြို့နိုင်ငံသားလို့လည်း ပြောလို့ရပါတယ်
ရှင်။”

ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino ကလည်း ဒီဆု မချီးမြှင့်ခင်မှာ သူတို့အနေနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို တန်ဖိုးထားသလဲဆိုတာကို အခုလို ပြောသွားပါတယ်။

“ရောမမြို့အတွက်ရော အီတလီနိုင်ငံသားတွေအတွက်ပါ ခင်ဗျားဟာ ဥပဒေစံနမူနာ-ပါ။ ဒီမိုကရေစီ တောင်းဆိုကြတဲ့ နိုင်ငံတိုင်းအတွက်၊ နောက် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ရမယ်လို့ ယုံကြည်တဲ့လူတိုင်းအတွက် အခြေခံကတော့ သိက္ခာရှိတဲ့ နေထိုင်မှု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား- အဲဒီအတွက် ခင်ဗျားဟာ စံပြပါပဲ” ဆိုပြီးတော့ မြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino က အီတလီဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချီးမွမ်းပြောဆိုကြလို့မဟုတ်ဘဲ သူ့အနေနဲ့ ယုံကြည်ချက်
အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်-ဆိုပြီးတော့ မိန့်ခွန်းထဲမှာလည်း သူက ပြောသွားပါတယ်။

“လူတွေက ကျမကို သိပ်သတ္တိရှိတယ်၊ ဒါမှမဟုတ် သိပ်ကို မြင့်မြတ်တာတွေ လုပ်ခဲ့တယ်လို့ ပြောကြတယ်။ အဲလိုပြောတဲ့အခါတိုင်းမှာ ကျမအတွက် တွေးစရာ၊ အံ့သြစရာတွေ ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမအနေနဲ့ သာမန်လုပ်ရိုးလုပ်စဉ်ထက် ပိုပြီးတော့ လုပ်ခဲ့တာရှိတယ်လို့ မယူဆပါဘူး။ ကျမ ယုံကြည်တာ
ကိုပဲ လုပ်ခဲ့တာပါ။ ကျမ ယုံကြည်တဲ့လမ်းကြောင်းကိုပဲ ရွေးခဲ့တာပါရှင်။”

လာမယ့် ကြာသာပတေးနေ့ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါးမားမြို့ကချီးမြှင့်မယ့် ဂုဏ်ထူးဆောင်မြို့သူဆုကို ထပ်မံလက်ခံ ရယူဖို့ ရှိပါတယ်။ ကမ္ဘာ့သမိုင်း အမွေအနှစ်တွေ ကြွယ်ဝလှတဲ့ ဒီရောမမြို့ကြီးရဲ့ ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် အခုလို လက်ခံရယူတာနဲ့ ပတ်သက်ပြီးတော့ အီတလီနိုင်ငံမှာနေထိုင်တဲ့ ကိုနိုင်လင်းအောင်က ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

“ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူမဆုံး
ဖြစ်မိတယ်။ ဒီဆုကလည်း ပေးထားတာတော့ ကြာပါပြီ။ ကျနော်လည်း အရင်တုန်းက မျှော်လင့်ထား
တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့နေ့ကျရင် လာနိုင်ပါစေ-လို့ မျှော်လင့်ထားတာပေါ့နော်။ အဲဒီအတွက်ကို ကျနော် ဝမ်းသာမဆုံး ဖြစ်မိပါတယ်။”

အီတလီနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦး တုံ့ပြန်ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မနက်ပိုင်းမှာ အီတလီဝန်ကြီးချုပ်နဲ့ တွေ့အပြီး အီတလီသမ္မတ Giorgio Napolitano ကို သွားရောက်တွေ့ဆုံမှာ ဖြစ်သလို အီတလီ နိုင်ငံခြားရေးဝန်ကြီး (အန်းမား ဘိုးနီးနို့)နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ဖို့ ရှိပါတယ်။

နေ့လည်ပိုင်းမှာတော့ အီတလီအထက်နဲ့အောက် လွှတ်တော် (၂) ရပ်လုံးကို သွားရောက်လေ့လာပြီး ညပိုင်းမှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌ Pietro Grassoနဲ့ တွေ့ဆုံမှာ ဖြစ်သလို အီတလီ တရားရေးဌာန အကြီးအကဲ မစ္စ ဘိုဒရီနီ (Laura Boldrini) နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ရောမ ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံရယူခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ
အောက်တိုဘာ (၃၀) ရက် ဗုဒ္ဓဟူးနေ့၊ စိန့်လူစီးယား Saint Lucia ခန်းမမှာ လူထုပရိသတ်ကို မိန့်ခွန်းပြော
ကြားဖို့ ရှိပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်း အော်လာ မက်ဂ်နာ (Aula Magna)မှာ ဂုဏ်ထူးဆောင် တွေးခေါ်
ပညာရှင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး - ဗွီအိုအေ

SEA Games ကာလ မန္တလေးမှ နေပြည်တော် အထူးယာဉ်များ ၂၄ နာရီပြေးဆွဲမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကာလအတွင်း အားကစား ဝါသနာရှင်များနှင့် ဧည့်ပရိသတ်များ ပြိုင်ပွဲများ ကြည့်ရှုရာတွင် သွားလာရေး အဆင်ပြေစေရန်အတွက် မန္တလေးမှ နေပြည်တော်သို့ တစ်နာရီလျှင် တစ်စီးနှုန်းဖြင့် အထူးမှန်လုံ ယာဉ်ကြီးများ ၂၄ နာရီ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မန္တလေးမြို့တော် ပြည်ကြီးတံခွန် မြို့နယ်ရှိ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းမှ နေပြည်တော်နှင့် မန္တလေး တို့သို့ လက်ရှိ ယာဉ် ၂၇ စီး ပြေးဆွဲလျက်ရှိရာ ပွဲတော် ကာလအတွင်း အသွား ၂၄ စီး၊ အပြန် ၂၄ စီး စုစုပေါင်း ယာဉ် ၄၈ စီးဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း၊ ခရီးသည် လိုက်ပါ စီးနင်းမှု အခြေအနေအရ လိုအပ်ပါက ထွက်ခွာချိန်နှင့် ယာဉ်စီးရေ ထပ်မံတိုးမြှင့် စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမှ နေပြည်တော်သို့ ပြေးဆွဲနေသော ယာဉ်လိုင်း အရေအတွက် ၁၁ ခု ရှိပြီး ပွဲတော်ကာလအတွင်း ကားလက်မှတ်ခမှာလည်း အသွား ၄၅၀၀ ကျပ်၊ အပြန် ၄၅၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ ထပ်မံသိရသည်။
“နေပြည်တော်မှာ ပြုလုပ်မယ့် ပြိုင်ပွဲတွေကို သွားကြည့်ရမှာ အဆင်ပြေ သွားတာပေါ့။ ကားခကလည်း ၁၀၀၀ လောက် သက်သာတယ်။ ပြီးတော့ တစ်နာရီခြား တစ်စီးထွက်မှာဆိုတော့ နေပြည်တော်ကို ပြိုင်ပွဲ သွားကြည့်ဖို့ အဆင်ပြေသွားတယ်။ ကိုယ်ကြည့်ချင်တဲ့ ကစားနည်းပြိုင်ပွဲ စမယ့်အချိန်ကို ဒီကနေချိန်ပြီး သွားလို့ ရတာပေါ့” ဟု အားကစားဝါသနာ ရှင်တစ်ဦးဖြစ်သူ မန္တလေးမြို့ခံ အသက် ၂၅ နှစ်အရွယ်ရှိ ဦိးရဲထွန်းက ဆိုသည်။

SEA Games အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်နေ့အထိ ပထမဦးဆုံး လက်ခံပြုလုပ်မည် ဖြစ်သည်။

The Voice Weekly

ပြည်နှင်ဒဏ်ခံ တရုတ်နိုင်ငံသားများ ပတ်စ်ပို့သစ်ဖြင့် ပြန်ဝင်ရောက်ဟုဆို

ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ခံရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံကူး လက်မှတ်အသစ်ဖြင့် ပြန်လည် ဝင်ရောက်လာမှုများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေဆိပ်မှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ တစ်လလျှင် နှစ်ဦးခန့် ဖမ်းဆီးမိပြီး
 လေယာဉ်ဖြင့် နေရပ် ပြန်ခိုင်းရခြင်းများရှိကာ ဇူလိုင်လမှ စက်တင်ဘာလအထိ ခြောက်ဦးခန့် ရှိ ကြောင်း ၎င်းကပြောကြားသည်။

“အဓိကက ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ ဖရဲလာစိုက်နေတဲ့ တရုတ်နိုင်ငံသားတွေ များတယ်။ သူတို့ကို အမည်ပျက်စာရင်း သွင်းတာကို ပတ်စ်ပို့ အသစ်ကိုင်ပြီး လာကြတာမှာ လေဆိပ်မှာ မိတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရုတ်နိုင်ငံသားများသည် တောင်သူများထံမှ စိုက်ခင်းများကို နှစ်ချုပ်ဖြင့် တစ်လလျှင် အနည်းဆုံး တစ်သိန်းကျပ်ဖြင့် ငှားရမ်းကာ ဖရဲစိုက်ကြကြောင်း အဆိုပါ ဒေသခံ တောင်သူများထံမှ သိရသည်။
“တရုတ်ကုန်သည်တွေ ဧကထောင်ချီ ငှားပြီးတော့ ဖရဲစိုက်နေတာ။ မန္တလေးတိုင်းထဲမှာ လေးဦးလောက် ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလည်အပတ် ဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်နေသူများ တွေ့ရှိပါက စည်းကမ်းနှင့် မညီသဖြင့် အရေးယူမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်သူ နိုင်ငံခြားသား ၅၀၀ ဦး ဝန်းကျင်ခန့် ရှိပြီး ပညာရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အမည်ပျက် စာရင်းဝင်သူ တရုတ်နိုင်ငံသားတစ်ဦး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရ၍ အရေးယူခဲ့သည်။ ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များထဲမှ မြန်မာနိုင်ငံက အမည်ပျက်စာရင်း ကြေညာထားသူ တရုတ်နိုင်ငံသား Mr. Feng Shuiaing ကို စိစစ် တွေ့ရှိရသဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ် ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၇ (၂) အရ ယခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသားများတွင် တရုတ်လူမျိုး အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ပြည်ပရင်းနှီးမြှုပ်နှံမှု နေရာ အများစုတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများဖြစ်ပွားနေဟုဆို

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဗဟိုအစိုးရအနေဖြင့် တိုက်ရိုက် လက်ခံစီမံခန့်ခွဲနေသည့် နေရာ အများစုတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခ ဖြစ်ပွား နေသည်ဟု မြန်မာ့ငြိမ်း ချမ်းရေး စောင့်ကြည့်ရေးအဖွဲ့ က ပြောကြားသည်။ အောက်တို ဘာ၂၈ရက်က ဗိုလ်တထောင်မြို့နယ်၌ မြန်မာ မီဒီယာစာကြည့်တိုက် တွင် ပြုလုပ် သည့် မြန်မာ့ငြိမ်းချမ်းရေးစောင့် ကြည့်ရေးအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့ စီးပွားရေး အခြေအနေ နှင့်ပတ် သက် ၍ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခြင်းဖြစ်သည်။

ယင်းအဖွဲ့မှ ဦးဝင်းအောင် က ''ဖြစ်တဲ့နေရာတွေမှာ တစ် နိုင်ငံလုံးခြုံကြည့် ရင် သံလွင်ရေ ကာတာခြောက်ခုရှိပါတယ်။ မြစ် ဆုံရေကာတာရှိတယ်။ ချင်းတွင်း ရေကာတာရှိတယ်။ ရခိုင်ပြည်မှာ အထူးစီးပွားရေးဇုန်ရှိတယ်။ ရေနံ နဲ့ သဘာဝ ပိုက်လိုင်း တွေရှိတယ်။ ဒါတွေက ဗဟိုအစိုးရကနေပြီးတော့ သမ္မတဦးသိန်းစိန် လက်ထက်မ တိုင်ခင်ကတည်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ၊ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းချုပ်ဆို ခဲ့တဲ့စာချုပ်တွေပေါ် မှာ ဖြစ်ပေါ် လာတဲ့ နိုင်ငံရေး အခင်း အကျင်း တွေ စီးပွားရေး ထိန်းချုပ်မှုတွေ လို့ ပြောလို့ရပါတယ်။ ပြည်သူ လူထုသဘောတွေမပါဘဲ သက် ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် အစိုးရသဘောတွေမပါဘဲ သုံးသပ် လို့ရပါတယ်''ဟုပြောသည်။

ယင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကြောင့် ပဋိပက္ခတိုက် ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက် ၍ သာဓကအဖြစ် ၂၀၁ဝပြည့်နှစ် ရှမ်းပြည်နယ် သီပေါနှင့် နမ့်ခန်း မြို့နယ်ကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြစ်ပြီး ယင်းဒေသတွင် KIA  အပါအဝင် TNLA နှင့် ရှမ်း ပြည်နယ်ရှိ ရှမ်းတပ်မတော်များ ၏ထိန်းချုပ်မှုအောက်ရှိ စီမံကိန်း ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀၀၉ခုနှစ် ဩဂုတ်လ တွင်လည်း တရုတ်အမျိုးသားပိုင် ရေနံကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်တည် ဆောက် မည်ဟု တရားဝင်ကြေညာအပြီး တစ်ပတ်အကြာတွင် တပ်မတော် နှင့် '၀'တပ်မတော်တို့ တိုက်ပွဲ များဖြစ်ပွားခဲ့သည်ကို သာဓက အဖြစ်တွေ့ခဲ့ကြောင်း ယင်းက ဆက်လက်ပြောသည်။ 

ယင်းကဲ့သို့စီမံကိန်းများ အတွက် ပဋိပက္ခဖြစ်ပွားခြင်းမှာ တိုင်းရင်းသားဒေသများ သာမက လက်ပံတောင်းတောင်ကဲ့သို့ လယ်ယာမြေပဋိပက္ခများနှင့် တခြား ပဋိပက္ခများကို ဖြေရှင်းရန်အတွက် စိန်ခေါ်မှုများ၊ လက်ရှိပြဌာန်းထား သည့် ဥပဒေများ ၏ အားနည်း ချက်များ၊ လူ့အရင်းအမြစ်များ မရှိသည့် အခက်အခဲများကိုလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း ယင်း ကဆက်လက်ပြောသည်။

အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်လည်း နိုင်ငံ၏ဆင်းရဲမွဲ တေမှုအား ၁၆ရာခိုင်နှုန်းအထိ လျှော့ချလုပ်ဆောင်ရန် ပြောဆို မှုများရှိကာ ယခုအခါတွင် အစိုး ရအနေဖြင့် တစ်စုံ တစ်ရာ ဆောင် ရွက်နေမှုများရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် ရေးကော်မတီဖွဲ့စည်းခြင်း အပါ အဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံ ရေးဆွေးနွေးပွဲများ တခြားပွင့် လင်းမြင်သာမှုကိစ္စများကို ဆက် တိုက် ပြုလုပ်လာခဲ့သည်ကိုလည်း တွေ့ရကြောင်းလည်း မြန်မာ့ငြိမ်း ချမ်းရေးစောင့်ကြည့်ရေးအဖွဲ့မှ ပြောသည်။

ကောင်းမြတ်ကျော် ၊ စိုင်းဟန် - Yangon Media Group