Sunday, November 3, 2013

ယောင်္ကျားလေးများ ရေတိမ်မနစ်စေဖို့


မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့်သင့်ဘဝ ရေတိမ်မနှစ်ပါစေနှင့် .....
ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာယောက်ကျားလေးတွေ ကို အယုံ သွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံပြောဆိုတတ်ကြပါတယ်။
အဲလိုမျိုး စကားတွေကို ယောက်ကျားလေးတွေရှောင်နိုင်ရအောင်လို့ မျှဝေ ပေးလိုက်ပါတယ်။

၁။ မောင် ချစ်ဘယ်လိုမှ မနေနိုင်လို့ပါလို့ သင်ကောင်မလေးကများပြောလာခဲ့ရင် သင်ပြန်ပြောရမဲ့ စကားက တစ်ခွန်းထဲပါ။မင်းခေါ်တိုင်းလိုက်ရရင်အောင် ငါကိုဘယ်လိုကောင်များ မှတ်နေလဲလို့ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါ။ ဒါမှ သင်ဘဝ ရေမရှိတဲ့ ချောင်းမှာနှာခေါင်းမနှစ်တော့ မှာပါ။

မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ

သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း အရ
*****************************

 ၁။ အိပ်ယာနေရာ အစားအသောက်တို့ကို   သန့်ရှင်;စင်ကြယ်စွာ စားသောက်နေထိုင်လေ့
ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစ္စည်းတို့ကို
ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏ အလိုသို့ လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။


“လောကနီတိကျမ်း အလိုအရမူ”
**********************
၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို တရားဝင် ကန့်ကွက်မည်

လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ကြီးများတွင် တရားဝင်
ကန့်ကွက်မှုအမျိုးမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့မှ အထက်မြန်မာ ပြည် တာဝန်ခံဦးသိန်းအောင်မြင့်က ပြောကြားသည်။

ကန့်ကွက်မှုများကို မည်သည့်ပုံစံဖြင့် ပြုလုပ်သွားမည်ကို မဆုံးဖြတ်ရသေးသော်လည်း
 နိုဝင်ဘာလအတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီတာထိန်းသိမ်းခကို ၁၀၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ လျော့ချပြီးနောက် မကြာမီပင် မီတာခများကို ရုတ်တရက် မြှင့်တင်လိုက်သည့်အပြင် အသစ် သတ်မှတ်လိုက်သည့် မီတာခဈေးနှုန်းများမှာ အလွန်အကျွံမြင့်မားနေခြင်း ကြောင့် ပြည်သူများ အကြားဝေဖန်မှုများလည်းဖြစ်ပွားနေသည်။

“ဘာတစ်ခုမှ အာမခံချက်မရတဲ့ ဈေးတက်ခြင်းပဲ” ဟု မန္တလေးမြို့ခံ နိုင်ငံရေးလှုပ်ရှားသူ
ဦးညီကျော်က ဆိုသည်။

ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာတော်လှန်ရေးမတိုင်မီက ဖွဲ့စည်းခဲ့သည့် ကုန်ဈေးနှုန်းကျ ဆင်းရေးကော်မတီလည်း ဖြစ်သည်။

ဥာဏ်လင်းထက်

မူရင်းလင့်

“ သင်္ဂဟတရားလေးပါး ”

တစ်ပါးသူတို့အားချီးမြှင့်ခြင်းကို“သင်္ဂဟ”ဟု ခေါ်၏။
ဤသင်္ဂဟတရားထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်း၏။
အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော
ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဦးနှင့်တစ်ဦး
ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်
အရေးကြီးသော တရားများဖြစ်ကြ၏။ ချီးမြှင့်ခြင်း သင်္ဂဟ
တရားသည် လေးမျိုးရှိသည်။


ယင်းတို့မှာ-
၁။ ဒါန = ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်း၊
၂။ ပေယျဝဇ္ဇ = ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊
၃။ အတ္ထစရိယာ = သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်
ပေးခြင်းဖြင့် ချီးမြှင့်ခြင်း၊
၎။ သမာနတ္တတာ = ကိုယ်နှင့် ထပ်တူ ပြုမူ ဆက်ဆံခြင်း
အားဖြင့် ချီးမြှင့်ခြင်း - တို့ဖြစ်သည်။


ဒါန
==
ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ ပစ္စည်း
လက်ဆောင်ပေး၍ ချီးမြှင့်ခြင်းဖြစ်သည်။

ပေယျဝဇ္ဇ
=====
ချစ်ဖွယ်စကားပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ လူအများနှင့်
ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်
အပြောမျိုးဖြစ်သော အဖေ, အမေ, အစ်ကို, အစ်မ, အဒေါ်,
ဦးကြီး, ဦးလေး, ညီမလေး, ညီလေး, မောင်လေး စသည်ဖြင့်
ခေါ်၍ခင်ခင်မင်မင် ပြောဆိုခြင်းဖြင့် မိမိနှင့် ရင်းနှီးအောင်
ဆက်ဆံခြင်းဖြစ်သည်။

Friday, November 1, 2013

လျှပ်စစ်မီတာတက်တဲ့အပေါ် သူ့ရဲ့ အမြင်

"ပြောင်းကောက်တာ အဓိက အကြောင်းအရင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခ
နှုန်းထားသည် နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် အလွန်နည်းပါတယ်။ ယနေ့ ထုတ်လုပ်နေတဲ့ ဓာတ်အားခရဲ့ ကုန်ကျစရိတ်သည်လည်း လုံးဝအရှုံးခံပြီး ထုတ်နေတာဖြစ်တယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားခကို အရှုံးကျေအောင်လို့ လျှပ်စစ်ဓာတ်အားခကို တိုးမြှင့်တာဖြစ်တယ်" လို့  လျှပ်စစ်စွမ်းအား
 ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်မီတာခတွေပြန်လျှော့ဖို့ အစီအစဉ်မရှိသေးပါဘူး
ဆိုတာနဲ့ပတ်သက်လို့ သတင်းထောက်တစ်ယောက်မေးတာကို ပြန်ဖြေခဲ့တယ်။

ကျွန်တော်တို့နိုင်ငံမှာ အစိုးရဟာ သူတို့လုပ်ချင်တာလုပ်တဲ့အချိန်တိုင်းမှာ နိုင်ငံတကာ၊ နိုင်ငံတကာစံချိန်၊
 နိုင်ငံတကာဈေးနှုန်းဆိုတဲ့စကားတွေကို လိုသလို ရေလဲသုံးတယ်။ အခုလျှပ်စစ်မီတာခတွေ
တိုးကောက်မယ်ပြောတဲ့အခါလည်း နိုင်ငံတကာဈေးနှုန်းနဲ့ယှဉ်ရင် အရမ်းနည်းနေလို့ပါ၊ အရှုံးခံနေရလို့ပါဆိုတဲ့ အင်မတန်မိုက်မဲတဲ့စကားကိုပြောတယ်။

အဘက်ဘက်က စုတ်ပြတ်သတ်အောင် ဖွတ်မွဲပြာစုနေတဲ့နိုင်ငံကို နိုင်ငံတကာဈေးနှုန်းနဲ့ကောက်ချင်ရင် အဲလိုစုတ်ပြတ်သတ်နေတဲ့နိုင်ငံကိုအရင် နိုင်ငံတကာစံချိန်မီအောင်အရင်လုပ်ပါဦးလေ။ တခြားနေရာမပြောသေးဘူး။ အခုလျှပ်စစ်မီးတစ်ခုတည်းပြောရင်တောင် မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးရဲ့ ၃၀ရာခိုင်နှုန်းပဲ လျှပ်စစ်မီးသုံးစွဲခွင့်ရတယ်။ သုံးစွဲခွင့်ရတယ်ဆိုတဲ့မီးကလည်း လာချင်လာ၊ ပျက်ချင်ပျက်၊ လာတဲ့အချိန်မှာလည်း မီးအား အတက်အကျမမှန်အောင်မျိုးစုံဖြစ်လို့။ အစိုးရမီးပေးတာ သိပ်စံချိန်မီလွန်းလို့ အိမ်တိုင်းအိမ်တိုင်းမှာ ဖယောင်းတိုင်၊ တရုတ်ဖြစ် LED မီးလုံးတွေ၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက်၊ မီးအားမြှင့်စက်၊ Safeguard ထားစရာမလိုတော့ဘူးဆိုရင် အခုလျှပ်စစ်မီတာခတိုးကောက်တာ
 ဖြစ်သင့်ပါတယ်လို့ ကျွန်တော်ထိပ်ဆုံးက လော်ဘီလုပ်ပေးမယ်ဗျာ။

နောက်တစ်ခု မြန်မာနိုင်ငံက လူတွေရဲ့ဝင်ငွေ။ အရှေ့တောင်အာရှတင်မဟုတ်ဘူး။ ဒေသတွင်းနိုင်ငံ
အားလုံးကို ယှဉ်ကြည့်လိုက်။ မြန်မာဆိုတဲ့ငမွဲတွေက တစ်ဦးချင်းဝင်ငွေမှာ အရှေ့တောင်အာရှအနည်းဆုံး။ အခုမှနိုင်ငံဆိုတာစဖြစ်နေတဲ့ ကလလရေကြည်နိုင်ငံ အရှေ့တီမောတောင် တစ်ဦးချင်းဝင်ငွေ မြန်မာထက်
မြင့်နေတယ်။ ကမ္ဘာ့နိုင်ငံ ၂၂၅ နိုင်ငံရှိတာ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေပမာဏက အဆင့် ၂၀၅ မှာ
ရှိတယ်။ အဲလိုအခြေအနေမှာ နိုင်ငံတကာနဲ့ဈေးနှုန်းမီအောင် ကောက်ချင်တဲ့လျှပ်စစ်မီတာခက ဘယ်သူ့အကျိုးအတွက်လဲ။

အိမ်သုံးလျှပ်စစ်တွေဈေးမတက်ပါဘူးလို့ ဆိတ်ရေနဲ့ဖုံးတယ်။ စဉ်းစားကြည့်ပါ။ အိမ်မှာသုံးတဲ့ စရိတ်မတက်ဘူးဆိုတာဖြစ်နိုင်တယ်ထား။ စက်မှုလုပ်ငန်းသုံးကို နှစ်ဆတက်လိုက်တယ်။ အဲဒီအတွက် ကုန်ထုတ်လုပ်မှုစရိတ် နှစ်ဆတက်လာမယ်။ အဲဒီကုန်ထုတ်လုပ်မှုစရိတ်က ဘယ်သူ့ပုခုံးပေါ် ကျလာနိုင်
မယ်လို့ ထင်ပါသလဲ။ အိမ်သုံးမတက်လို့ အကုန်အကျမတက်လာဘူးလို့ထင်ရင်တော့ ကုန်ထုတ်လုပ်မှု
ကုန်ကျစရိတ်ကြောင့် မြင့်တက်လာမယ့် ကုန်ဈေးနှုန်းစရိတ်က ဟားတိုက်ရယ်နေပါလိမ့်မယ်။
 နိုင်ငံခြားမှာနေပြီး အခုမီတာခတက်တာဖြစ်သင့်ပါတယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဆရာ
သမားတွေကိုတော့ ထည့်မပြောတော့ပါဘူး။ ကိုယ်မခံစားရသရွေ့တော့ အားလုံးအေးဆေးပဲပေါ့။

နိုင်ငံတွင်းရှိသမျှ သယံဇာတမှန်သမျှ ထုတ်ရောင်းနေတာတောင်မှ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေး ရှုံးလို့ 
ပြည်သူကို ထပ်လည်ပင်းညှစ်ချင်ပါတယ်ဆိုတဲ့ အစိုးရဟာ နောက်ဆုံးသွေးတစ်စက် ကျန်တဲ့ အချိန်
ထိအောင် ပြည်သူဆီက ဂုတ်သွေးစုပ်ချင်ပုံရတယ်။ ကျွန်တော်အကြားအမြင်နည်းနေရင် ထောက်ပြပါ။ 

အစိုးရတွေက လမ်းပန်းဆက်သွယ်ရေး၊ ရေပေးဝေရေး၊ လျှပ်စစ်ပေးဝေရေး အစရှိတဲ့ အခြေခံအကျဆုံး
အရာတွေအတွက် ထောက်ပံ့ဖို့ တာဝန်ရှိတယ်မဟုတ်ဘူးလား။ အဲဒါကို ရှုံးတယ်ဆိုတော့ အင်း......... တစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းတွေကိုကျတော့ ခရိုနီတွေနဲ့ပေါင်းလုပ်တယ်၊ အချမ်းသာဆုံးဆိုတဲ့
လူတွေ အခွန်ရှောင်ချင်တိုင်းရှောင်ပြီး စီးပွားရေးလုပ်နေချိန်မှာ အဆင်းရဲဆုံးဆိုတဲ့ ပြည်သူတွေကိုတော့
တစ်ထစ်ပြီးတစ်ထစ် လည်ပင်းညှစ်ပြီး မရရအောင် ဓါးပြတိုက်နေတယ်။

ဟာသတစ်ပုဒ်ရှိတယ်၊ လူတိုင်းကိုပျော်အောင်လုပ်ရတာ လွယ်ပါတယ်တဲ့။
မပျော်တဲ့သူတွေအကုန်လုံး သတ်လိုက်ရုံပဲတဲ့။

အစိုးရရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးစီမံကိန်းဆိုတာကလည်း ဒီဟာသကိုများ အခြေခံထား
သလားမသိပါဘူးဗျာ။ ဆင်းရဲမွဲတေသူတွေအကုန်လုံး ငတ်သေကုန်တော့လည်း ဆင်းရဲမွဲတေမှု
ပပျောက်ပြီးသားဖြစ်ရောပေါ့။ ကျေးဇူးကြီးလွန်းတဲ့ အစိုးရမင်းများကို ရတနာသုံးပါးတစ်ပါးတိုးပြီး စင်ပေါ်တင်ပူဇော်ထားသင့်ပါပေတယ်။

သရဲ ဆိုတာ......

တစ်လောက..Taxi စီးရင်း..Driver ဦးလေးကြီးက..သူသရဲခြောက်ခံရတဲ့.အကြောင်းကိုပြောပြတယ်..
 

သူငယ်ချင်းတွေလည်း..အပျင်းပြေဖတ်ကြည့်ပေါ့ဗျာ....

အဲ့နေ့က..ည၁၀နာရီလောက်ရှိရောပေါ့ကွာ...မင်္ဂလာဒုံ.ဘက်ကို..ရောက်နေတာ...ဦးက..မြို့ထဲပြန်မှာ....

ကားပြန်အပ်တော့မယ်ပေါ့ကွာ..တစ်ခေါက်ပီးရင်တော့...အဲ့ချိန်မှာ...မိန်းမတစ်ယောက်တားတယ်....
ဆံပင်ရှည်ကို..ဖားလျားချထားတယ်...အင်္ကျီကလဲ..အဖြူရောင်ကွာ..ခါးရှည်ပေါ့...
.ပြောတဲ့နေရာကလည်း..လမ်းကြုံနေတယ်...နဲနဲပဲဝင်ရမှာ..တက်ခိုင်းလိုက်တာပေါ့ကွာ..

ကားထွက်တော့မှ...ကြက်သီးတွေ.ကတစ်ဖြန်းဖြန်း...ထလာတယ်...သူရဲမများလားမသိဘူးဟ...
နောက်ကနေ..ဂုတ်ချိုးပြီးသတ်ရင်တော့..အခက်ဟ..ဆိုပြီး..လန့်လာရော..Back မှန်က..ကြည့်တော့လည်း..
ငြိမ်လို့..ဆံပင်တွေကလည်း..လွင့်လို့...ငါလည်း...အသက်တောင်ကောင်းကောင်းမရှူရဲဘူးကွာ..
အဲ့လို့နဲ့...သူပို့ခိုင်းတဲ့လမ်းရောက်.ပါလေရော...ခွေးတွေကလည်း...အဲ့ချိန်...အူချက်ကွာ....မရပ်တော့ဘူး...
အိမ်က.မြင်နေရပြီ..ငါလည်း...လျှောက်ပြောရတာပေါ့...လမ်းထဲဝင်ရင်...ကားက..ထွက်လို့မရလောက်ဘူး..ဘာညာနဲ့...

အဲ့ဒါနဲ့...အတင်းတောင်းပန်ပီး...လမ်းထိပ်တင်ရပ်ပေးလိုက်တယ်..ပိုက်ဆံမယူတော့ဘူး..
ပြောတာကို..အတင်းပေးသွားသေးတယ်...ထူးဆန်းပုံက..ဆင်းဆင်းချင်းတင်..အသံမကြားပဲ..ပျောက်သွားတာ...တစ်သက်နဲ့တစ်ကိုယ်ကွာ..
မကြုံဖူးဘူး..နောက်တံခါးကလဲ..မပိတ်သွားဘူး...အဲ့ဒါနဲ့..ဘုရားစာတွေ..ရွတ်ပြီး.... ကားတံခါးကို..ဖွင့်လိုက်တယ်..ဆင်းပြီး..သွားပိတ်မယ်ပေါ့..ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ...စဉ်းစားမိတယ်...ပြန်လှည့်လာရင်တော့ သေပြီလို့......
အဲ့ချိန်ဗြုန်းဆို...ခြေထောက်ကို..လက်အေးအေးကြီး တစ်ဖက်က လှမ်းဆွဲတယ်..ငါလည်း....လှမ်းကြည့်တော့..

ဟိုမိန်းမ..ခေါင်းကြီး...ငါ့ခြေထောက်နားမှာလေ...
အားပါးပါး.....
ဆံပင်မှာလည်း..ရေတွေ..ရွှဲလို့..
...ငါတော့..မြတ်စွာဘုရားကို..
အာရုံပြုလိုက်တယ်..
ငါတော့...သွားပြီလို့...
အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်........

"နောက်ဆို..မြောင်းဘေးမှာ..
ကား..မရပ်ပါနဲ့လား..ဦးလေးရယ်.."
~~~~~

ဦးမောင်ကြီး

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် ( အင်္ဂလန် ) မိန့်ခွန်း အပြည့်အစုံ



  • ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။  ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု  ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို  ( professional army )  မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ )  နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army  မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ  ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ  ( ရယ်သံများ ) ။