Sunday, November 10, 2013

ချစ်သူ့လက်ဆောင်

ကောင်လေးတစ်ယောက်မှာ ချစ်စ၊ ခင်စ၊ ကြင်နာစ ရည်းစားအသစ်စက်စက် တစ်ဦးရှိတယ်။ သူ့အသဲလေးမွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဘာလက်ဆောင် ပေးရင်ကောင်းမလဲလို့ အသဲအသန် စဉ်းစားပါတော့တယ်။

@ သူ့အချစ်လည်းပေါ်လွင်ရမယ်။
@ သူမအတွက်လည်း အသုံးဝင်ရမယ်။
@ အမှတ်တရနဲ့ ဂန္ထ၀င်မြောက်ရမယ်ပေါ့။
@ ဈေကြီးတာလည်း မတတ်နိုင်ဘူးပေါ့။

နောက်ဆုံး အကောင်းစားလက်အိပ်ဖြူဖြူလေး တစ်စုံဝယ်ဖို့ ကြည်နူးစွာဆုံးဖြတ်လိုက်ပါတယ်။ မိန်းမအသုံးဆောင်ပစ္စည်းဆိုင် ကိုသွားမှာမို့ ချစ်သူရဲ့ ညီမလေးလည်းပါလာတယ်။ ဆယ်ကျော်သက်လှလှလေးပေါ့။ ဆိုင်ရောက်တော့ သူကလက်အိပ်ဖြူဖြူလေးတစ်စုံ ၀ယ်တယ်။ ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ(ပင်တီ) တစ်ထည်ဝယ်တယ်။



 ဖြစ်ချင်တော့ ထုပ်ပိုးတဲ့ အရောင်းစာရေးမအမှားကြောင့် ချစ်သူ့ညီမလေးက လက်အိပ်ရသွားတယ်။ သူလည်းစစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုပ်နဲ့ စာတစ်စောင်ရေးပြီး စာတိုက်ကပို့လိုက်တယ်။ စာကတော့...

အသဲလေး...
ကို ဘာလို့ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ ကိုယ် ညနေခင်းတွေ လမ်းလျှောက်ထွက်တဲ့ အခါမင်းဝတ်လေ့ဝတ်ထမရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။ ကိုယ်ကနှိပ် ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။ မင်းညီမက ချွတ်လို့ စွတ်လို့ လွယ်အောင် အဲဒါ
ကိုပဲဝတ်ဖို့ တိုက်တွန်းတယ်။ ဟုတ်တယ်....။ သူစွတ်ပြ ချွတ်ပြတယ်။ လှလိုက်တာလေ။စွတ်ရချွတ်ရတာလဲလွယ်တယ်။အရောင်စာရေးမလေးကတောင် သူမလည်းဒါပဲဝတ်ကြောင်းနဲ့ သူကတောင် ၀တ်ပြ ချွတ်ပြသေးတယ်။ အတော်လေးကြည့်ကောင်းပါတယ်။သူမက အပေ အစွန်းလည်း ရေဆေး ရုံနဲ့ပြောင်စင်ကြောင်း အာမခံတယ်လေ။ ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာမြင်ချင်တယ်။ တွေ့ရရင်တော့လေ........အထပ်ထပ်အခါခါ နမ်းပစ်မိမှာပဲ။ သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်။ နော်......နော်.....နော် ။

အသဲလေးရဲ့

ကို.

ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း




ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။

၆၂ ကြိမ်မြောက် မယ်စကြ၀ဠာ ရွေးချယ်ပွဲကိုတော့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ညချမ်းချိန် ခါမှာ ကျင်းပခဲ့တာမှာ ၂၀၁၃ ခုနှစ်အတွက် မယ်စကြ၀ဠာ သရဖူကို Miss Venezuela Maria Gabriela Isler က ရရှိသွားတာပါ။ ၂၀၁၂ ခုနှစ် မယ်စကြဝဠာသရဖူပိုင်ရှင် အမေရိကန်ပြည်ထောင်စုက Olivia Culpo မယ်စကြဝဠာ သရဖူကို ဆောင်းပေးခဲ့တာပါ။ ဒီမယ်စကြ၀ဠာ သရဖူဟာဆိုရင် ဗင်နီဇွဲလား နိုင်ငံအတွက် ၇ ကြိမ်မြောက် မယ်စကြ၀ဠာ ဆုလည်း ဖြစ်ပါတယ်။ ဒုတိယဆုကိုတော့ စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ ဖိလစ်ပိုင်မယ်ကတော့ စတုတ္ထဆု ရခဲ့ပါတယ်။ ပဉ္စမဆုကတော့ ဘရာဇီးမယ်တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံက အလှမယ် ၈၆ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ကျွန်တော်တို့ရဲ့ သရဲနီ ဖိုက်တာတွေပေါ့ဗျာ






















င

Glow in the Dark Ice Cream


ရေခဲမုန့် ၀ိဇ္ဇာ ဗြိတိသျှ လူမျိုး Charlie Francis ကဒြပ်ပေါင်း လုပ်ထားတဲ့ Jellyfish protein တွေကိုသုံးပြီး အမှောင်ထဲ မှာ လင်းလက် စေတဲ့ ရေခဲမုန့်ကို တီတွင် ခဲ့ပါတယ်။ ဘာကြောင့် လင်းနေတာ ပါလိမ့်။
Jellyfish တွေရဲ့ ခန္ဓာကိုယ် ထဲက အလင်း ထွက်လာ စေတဲ့ အရာတွေနဲ့ တူတူပဲပေါ့။ စိတ်ပျက်စရာ ဆိုလို့  ဒီအရောင် ထွက် နေတဲ့ ရေခဲမုန့် တစ်ခွက်ကို $220 တောင်ပေး ရတာ တစ်ခုပဲ ရှိပါတယ်။ ဒီတော့ သိပ်မကြာ ခင် အချိန်အတွင်း supermarket က စင်တွေပေါ်မှာ ဒါကို ရှာဖို့ မစဉ်းစား ပါနဲ့လေ။

Glow in the Dark Ice Cream

အကောင်းဘက်က ကြည့်ရင်တော့ ဒီစားစရာက "အတော်လေး အရသာ ကောင်းမွန်ပြီး အန္ထရာယ် လည်း

Being Venezuela Beauty Queens


ဗင်နီဇွဲလားဟာ အလှမယ် မွေးထုတ် ရာမှာ အံသြစရာ ကောင်းလောက် အောင်ပဲ အောင်မြင် လှပါ တယ်။ သူတို့ နိုင်ငံမှာ အလှ နတ်မယ် ဖြစ်စေတဲ့ နတ်ရေ ကန်များ ရှိလေသလား။ ဒါမှမဟုတ် သူတို့ လျှို့ဝှက် ချက်ဟာ ဘာများလဲ။
ဗင်နီဇွဲလား မှာ အသက် လေးနှစ် ကတည်းက မိန်းက လေးတွေကို အလှပြင် ကျောင်းတွေ ပို့ကြတာ အဆန်း မဟုတ် ပါဘူး။ အလှပြင် ကျောင်းဆိုတာ သူတို့ ကိုယ်သူတို့ အလှမယ် ဖြစ်လာ အောင် ဘယ်လို နေထိုင် ရမလဲ ဆိုတာ သင်ကြား တဲ့ ကျောင်းတွေပါ။ အဲဒီ ကနေ အလှမယ် ဆိုတဲ့ လမ်းပေါ်ကို တင်ပေး လိုက်တာ ပါပဲ။ Gisselle's beauty school ဆိုတဲ့ Caracas မြို့ဆင်ခြေဖုံး က ကျောင်းလေး ကိုသွား လည်ရတာ စိတ်လှုပ်ရှား ဖို့ အတော် ကောင်းလှ ပါတယ်။ ၁၉၆၀ ခုနစ် ပုံစံ ဆောက် ထားတဲ့ အိမ်လေးဟာ အလှ နတ်မယ် တွေအတွက် နတ်ဘုံ တစ်ခုပါ။ အဲ့ဒီမှာ catwalk ဘယ်လို လျှောက်ရမယ် ကစလို့ ၀ိုင်ဖန်ခွက် ဘယ်လိုကိုင် ရတယ် ဆိုတာ အထိ အကုန် သင်ပေး နေပါတယ်။ အသက် လေးနှစ် ကနေ နှစ်ဆယ့်လေးနှစ် အထိ အရွယ်စုံ တပည့် တွေရှိ နေပါတယ်။ အသက် နဲနဲ ကြီးတဲ့ ကလေးမ တွေက ငါးလက်မ ဒေါက်ဖိနပ် ချွန်လေးတွေ ကိုယ်စီ စီးထားတာ တွေ့ရမှာပါ။

Miss Venezuela Preparation

ငါသွား လည်တုန်းက အလှဆုံး အကျီင်္ကို မီးပူ တိုက်ဝတ် စမတ် အဖြစ်ဆုံး ဘောင်းဘီ ၀တ်ထား တာတောင် သူတို့ကို

အောင်ဆန်းမော်ကွန်း


မှတ်မှတ်ရရဆိုရလျှင်လွန်ခဲ့သော သုံးနှစ်ဝန်းကျင် အာဇာနည်နေ့အကြိုကာလဖြစ်သည်။ ကွန်ပြူတာပေါ်
တွင် လက်ဆော့နေရင်း ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအသံဖိုင်တခုကိုတွေ့သည်နှင့် ဖွင့်နားထောင် မိခဲ့သည်။ လွတ်လပ်သောကာလဝယ် မည်သို့မည်ပုံနေထိုင်ပြုမူနေထိုင်ကြရမည်ဖြစ်ကြောင်း အညာလေ ခပ်မာမာ ၊ ခပ်ရိုင်းရိုင်းအသံမျိုးကို ကျနော်ကြိမ်ဖန်များစွာ ကြားဖူးနေလင့်ကစား မရိုးအီနိုင်သည့် သတိချပ် နာယူစရာများကြောင့် အာစုံစိုက်နားထောင်နေစဉ် ရုတ်တရက် နောက်ကွယ်မှ အသံတခုပေါ်လာပါသည်။

`ဦးလေး၊ ဒီဘဲကြီး အသံတော်တော်မိုက်တယ်ဗျ၊ ချက်နဲ့လက်နဲ့ပြောတတ်တယ်၊ အဲဒါဘယ်သူတုန်း`

*** ပဲပြုတ်နှင့်ကျန်းမာရေး ***



ကျွန်မတို့ မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက်၊ နေထိုင်မှုစံနစ်ပြောင်းလဲလာသည်နှင့်အမျှ၊ အစားအသောက်ပုံစံလည်း ပြောင်းလဲ လို့ လာနေပါပြီ။ မည်သို့ ပင် ပြောင်းလဲစေကာမူ၊ မပြောင်းလဲတာ တစ်ခုကတော့ ပဲပြုတ်စားသုံးသောယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင် လက်ထက်မှစ၍ ယနေ့ ထက်တိုင်
 မြန်မာနိုင်ငံ၏ မြို့ ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံက်ချိန်ခါ တေးသံသာကို ကြားရစမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော်
အဖြစ်တစ်ဖုံ၊ နံပြား/အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာ
သာမရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး။ ပဲပြုတ်သုပ်၊ ပဲပြုတ်ကြော်ဟင်းလျာများအဖြစ်စားသုံးနိုင်သလို၊ ပဲပြုတ်ကိုမျှစ်ဖြင့်ရောကြော်ကာ၊ အရသာရှိရှိ စားသုံးလေ့ရှိကြ၏။ ထို့  ပြင် မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာများဖြစ်ကြသော၊ ရေမုန့် /မုန့် လင်မယား/
ကောက်ညှင်းပေါင်း/လမ်းသရဲမုန့်  တို့ မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။

“ပဲပြုတ်” ဆိုသည်မှာ စားတော်ပဲကိုအညှောင့်ထွက်စေကာ၊ ပဲပွလာအောင်ဆော်ဒါဖေါက်ပေးပြီး၊ အရသာနှင့်အရောင်တို့ အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။