“အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နေရာ ယူလာမှုတွေကို ပေါ့ပေါ့လေး တွေးပြီး လွှတ်ထားဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်တာတွေကို လုပ်ဖို့ အားပေး အားမြှောက် လုပ်နေတာတွေကလည်း ပတ်ဝန်းကျင်မှာ ပြည့်နေတာပဲ။ ဝန်းကျင်မှာ ဒါတွေ ရှိနေမှတော့ မပျက်စီးချင်လည်း ပျက်စီးတော့ မှာ သေချာ တယ်”
- ဒေါက်တာသာမာစီလန် (မလေးရှား ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ)
မကြာသေးမီက မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်သို့ အသက်ရှစ်နှစ်နှင့် ၁၀ နှစ်အရွယ် ညီအစ်ကိုနှစ်
ယောက်က အရွယ်မရောက်သေးသည့် ပထမတန်း ကောင်မလေး တစ်ယောက်ကို မဟား ဒယားပြုကျင့်မှု ဗီဒီယိုပြကွက်များ တက်လာသဖြင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ကလေးတွေပဲဟု သာမန် အလေးမထားစရာ ကိစ္စဟု ထင်လိုက်လျှင် မှားသွားပေ လိမ့်မည်။ ဤအရွယ်လေးတွေကဤကိစ္စကို
နားလည်နေကြပြီ ဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုလာပြီ ဖြစ်သည်။




