ကျွန်တော်က စားသောက်ဆိုင် တစ်ခုက စားပွဲထိုး တစ်ယောက်ပါ။ ကျွန်တော်နဲ့  အတူစားပွဲထိုး ၅ယောက် ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကို လိုက်ကြည့်တဲ့ စူပါဗိုက်စာ ဆိုတာ ၁ ယောက်နဲ့ ကောင်တာမှာ
ငွေသိမ်း တဲ့ မန်နေဂျာဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ဆို အားလုံး ၇ ယောက်ရှိပါတယ်။ ကျွန်တော်တို့ ဆိုင်ကိုပိုင်တဲ့
သူဌေးက တစ်ပတ် ကိုတစ်ရက်ပဲ လာတယ်။ အားလုံးမန်နေဂျာနဲ့ ပဲ လွှဲထားတယ်။ ပြောရမယ်ဆိုရင်
ဒီဆိုင်မှာ မန်နေဂျာပြီးရင် အားလုံးပြီးတယ် ဆိုပါတော့။ ကျွန်တော်က
အလုပ်စ၀င်တဲ့ လူသစ်ဆိုတော့ အလုပ်ကို ကြိုးစားပြီး လုပ်ရတယ် ပြီးတော့
ကျွန်တော့ အရင်ရောက်နေတဲ့ စားပွဲထိုး အစ်ကိုတွေရဲ့ 
ခိုင်းတာကိုလဲ လုပ်ရတယ်။။
ခိုင်းတာကိုလဲ လုပ်ရတယ်။။
ကျွန်တော်တို့ ဆိုင်က coffee shop ဆိုတော့အရည်မျိုးစုံ ရောင်းပါတယ်။ အစားအသောက်ကိုတော့ ဘေး
ဆိုင်ကလေးတွေက ရောင်းပါတယ်။ ကျွန်တော်တို့  အလုပ်ကလူလာရင် ဘာသောက်မလဲလို့ မေး ပြီးရင်
အဖျော်ခန်းထဲက အဖျော်ဆရာကိုပြော။ ဖျော်ပြီးတာ နဲ့ ယူလာပြီး ပေးပိုက်ဆံ ရှင်း အဲဒီပိုင်ဆံကိုကောင်တာ
က မန်နေဂျာဆီမှာ အပ်ရတယ် ဆိုပါတော့။ အဲဒီလိုလုပ်တာကို ဆိုင်အခေါ် အရ အော်ဒါကောက်တယ်လို့ 
ခေါ်ပါတယ်။

ကျွန်တော်က လူသစ်မို့ လို့ အော်ဒါမကောက်ရပါဘူး သူတို့ ပဲကောက်ကြတယ်
ကျွန်တော့ကိုတော့ စားပြီးသား ပန်းကန်တွေနဲ့ သောက်ပြီးသား ဖန်ခွက်တွေပဲ
သိမ်းခိုင်းတယ် ဒီလိုနဲ့ ၎ -၅ လလောက်ကြာ
လာတော့ ကျွန်တော်လဲအော်ဒါကောက်တတ် လာတယ်။ အဲဒီလိုကောက်တတ်လာတော့ အရင်အစ်ကို
တွေက ကျွန်တော့ကို " ဟေ့ မောင်မောင်ပိုက်ဆံတွေကို သေခြာရှင်းနော် ပြီးရင်မန်နေဂျာဆီမှာ သေသေ
ချာချာအပ်" "ဟုတ်ကဲ့ အစ်ကိုစိတ်ချပါ မမှားစေရပါဘူး ကျွန်တော် ဂရုစိုက်ပါ့မယ်" စူပါဗိုက်စာဆိုတဲ့

လူကလဲ ကျွန်တော့ကိုပဲ သတိထားစောင့်ကြည့်တယ်။