Saturday, November 16, 2013
၁၆ နှစ်ဆိုတဲ့ ဂျပန်မော်ဒယ်လ်လေး Ai Shinozaki > しのざき あい > 篠崎 愛
" နှိုင်းနှိုင်းချိန်ချိန် သုခမိန်"
သုံးဆယ်ခုနှစ်မင်းဆိုတဲ့ နတ်တွေကို သေချာကြည့်ဦး ကောင်းကောင်းသေတဲ့နတ် သိပ်မရှိဘူး။
လည်မျို ဒုတ်တို အနှပ်ခံရလို့ သေတဲ့အကောင် မီးဖုတ်ခံရလို့ သေတဲ့အကောင် စဉ်းစားကြည့်ပေါ့။ နတ်ပဲဖြစ်မလား သရဲပဲ ဖြစ်မလား အဲဒါ စဉ်းစားဖို့ ပြောတာပါ။
သူတို့ သေချင်တာနဲ့ သေပေါ့ဗျာ။ ဒါကို ကိုးကွယ်မဲ့ အစား ``ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ´´ လို့ ဆိုတာက အကောင်းဆုံးပဲ။ ``ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ´´ လို့ မဆိုလည်း ဘုရားက စိတ်မဆိုးဘူး။ ``သံဃံ သရဏံ ဂစ္ဆာမိ´´_`သံဃာရတနာကို ကိုးကွယ် ပါ၏´ လို့ ဆိုချင်ရင်လည်းဆို မဆိုရင်လည်း သံဃံတော် အရှင်မြတ်တို့က စိတ်မဆိုးဘူး။
ဟိုနတ်တွေက မရဘူး။ အုန်းသီးပုတ်တာနဲ့ ခေါင်းကိုက်မယ်။ မှတ်ထား။ အဲဒါကြည့်လုပ်။ ``ဇာတံ သရဏ တောဘယံ- ကိုးကွယ်ရာက ဘေးဖြစ်မှာ´´ ကို သတိထား။
မြန်မာပြည်မှာ လူဦးရေ သန်းပေါင်း ၆၀-လောက်ရှိတယ် ၁၀-သန်း လောက်ကနေ အုန်းသီးအလုံး ၁၀သန်း
လောက် နတ်တင်တယ်ဆိုလို့ရှိရင် အဲဒါကို ကျပ်- ၅၀၀ နဲ့မြှောက်ကြည့်။
တိုင်းပြည်ရဲ့ ပိုက်ဆံ ကုဋေပေါင်း ဘယ်လောက် ကုန်မလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒ။ ဝိဘဇ္ဇဝါဒဆိုတာ ဝေဖန်ရမယ် သုံးသပ်ရမယ် စဉ်းစားရမယ်။ ဘာသာတရားကို အကန်းယုံ အရမ်းယုံမဖြစ်ဖို့ သတိထားရမယ်။
မြန်မာပြည်ရဲ့ နတ်တင်ဖို့ အုန်းသီးဖိုးငွေတွေဟာ နည်းတာမဟုတ်ဘူး။ အဲဒီငွေတွေဟာ နတ်စားလို့ ကုန်သွားတာပဲလို့ ပြောလို့ရတယ် ဘာကျေးဇူးမှ မရှိဘူး။
အဲဒီငွေတွေကို စာသင်ကျောင်းဆောက်မယ် ဆေးရုံ ဆောက်မယ်ဆိုရင် ဘယ်လောက်ကောင်း လိုက်မလဲ။ ဒီလို အကျိုးရှိတဲ့ နေရာတွေမှာ အသုံးချတတ်ရမယ်။ အခုတော့ လူတွေက သဒ္ဓါတရားကတော့ ကောင်းကြ
ပါတယ်။ ဒါပေမဲ့ တလွဲဆံပင်ကောင်း ဖြစ်နေကြတယ်။
ဒကာကြီးတွေ နေမကောင်းလို့ အိမ်ကအုန်းသီးကို လာစားတဲ့နတ်က ဒကာကြီးတို့ကို နေကောင်း
ပျောက်ဆေး ဘယ်တုန်းက ပေးဘူးသလဲ။ ဝမ်းကိုက်လို့ ဝမ်းကိုက်ပျောက်ဆေးကို ဘယ်နှစ်ခါလာပေး သလဲ။
သူတို့လည်း ဘာမှမတတ်နိုင်ဘူး သူ့အုန်းသီးတောင် သူ မသယ်နိုင်ဘူး။ သူတို့လည်း ထွက်ပြေးရတယ်။ အုန်းသီးလေးတောင် မီးထဲပါသွားသေးတယ်။ ဒီနတ်တွေကို အားကိုးရာ အဖြစ်နှင့် ကိုးကွယ်နေကြခြင်းကို စဉ်းစားကြဖို့ အချိန်တန်ပြီ။
(သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရ )
ကျွန်တော်တို့လူ့ဘောင်ကို မည်သို့ပြန်လည်ထူထောင်ကြမည်နည်း
မကြာသေးမီက
အင်းစိန်ဘက်သို့သွားရန် အကြောင်းပေါ်လာသဖြင့် မြို့တော်ခန်းမရှေ့မှ အမှတ် ၄၅ဘတ်စ်
ကားကိုစီးခဲ့သည်။ နေ့ခင်းအချိန့်ဖြစ်သောကြောင့် လူအနည်းငယ်ပါးသဖြင့်
ထိုင်ခုံတွေလွတ်နေသည်။ ခရီးဆုံး လောက်စီးရမည်ဖြစ်သဖြင့်
နောက်ဆုံးခုံတွင်သွားထိုင်ကာ အေးအေးဆေးဆေး ဂျာနယ်လေး ဖတ်ပြီး လိုက်ခဲ့သည်။
စံပြမှတ်တိုင်အရောက်တွင် ကျောင်းသားအရွယ် ကောင်လေးတစ်ယောက်နှင့်
ကောင်မလေးတစ်ယောက် တက်လာပြီး ကျွန်တော်ထိုင်သည့် ထိုင်ခုံရှေ့တည့်တည့်
နှစ်ယောက်ထိုင်ခုံတွင် နေရာယူလိုက်ကြ သည်။ မြေနီကုန်းလောက်ရောက်ကတည်းက
တစ်ယောက်နှင့်တစ်ယောက် ဖက်လိုက်၊ ဆံပင်တွေ ပွတ်သပ် လိုက်လုပ်နေရာက ပြောရမှာ
အားနာပါရဲ့ ဖက်နမ်းသည့်အဆင့်တွေဖြစ်ကုန်ကြသည်။ ဖက်နမ်းသည်မှ ရိုးရိုးမဟုတ်
နိုင်ငံခြား ဗီဒီယိုကားတွေထဲ ကလိုဖြစ်လာသဖြင့် ကျွန်တော့်မှာ ယိုသူမရှက်
မြင်သူရှက်ဖြစ်ပြီး ဒရိုင်ဘာနောက်အထိ ထပြေးခဲ့ရသည်။
The World's Tallest Things
ကမ္ဘာ့ အမြင့်ဆုံး ဆိုတဲ့ အထဲမှာ
လူလုပ်ပစ္စည်း တွေရော၊ သဘာဝ အလျှောက် ဖြစ်တည် နေတာတွေရော ပါဝင်ပါတယ်။
ဘာတွေလဲ ဆိုတာ ကြည့်ကြ ရအောင်လား။
Tallest Tree
ကမ္ဘာ့ အမြင့်ဆုံးသစ်ပင် ကတော့ California coastal redwood (sequoia sempersirens) အမျိုးအစား ဖြစ်ပြီး Hyperion လို့လည်း လူသိ များ ပါတယ်။ ဒီသစ်ပင် ကိုတော့ Sequoia National Park ထဲမှာ ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ပြီး အမြင့်ပေ ၃၇၉.၉ပေ (115.7 m) ရှိပါတယ်။ အနီး အနား မှာရှိတဲ့ Helios လို့နာမည် ပေးထားတဲ့ redwood အမျိုးအစား သစ်ပင် ကလည်း ၃၇၄.၃ပေ ( 114.1 m ) အမြင့် ရှိပါတယ်။ ဒီသစ်ပင်ကြီး တွေကို ထိန်းသိမ်းဖို့ ရာအတွက် သစ်ပင်တွေရဲ့ နေရာ အတိအကျကိုတော့ မထုတ်ပြန်ဘဲ လျှို့ဝှက် ထားပါတယ်။

မှန်းချက်ကယ် နှမ်းထွက်ရယ်နှင့်လွဲ
လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။
အလုပ်မှပြန်လာသော ယောက်ျားအား မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။
"မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ
မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"
ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။
ဇနီးသည်အား တယုတယ ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့
တိုးတိုးလေး ပြောသည်။ ဇနီးသည်က ၀မ်းသာအားရ ပြောသည်။
"မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင် နောက်အပါတ်ထဲဆို
ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "

အထာကျတဲ့ အာဂ ဟာသများ
Subscribe to:
Posts (Atom)