Monday, November 18, 2013

ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?


တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို
ဝါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။

သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ
 ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ်
ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။

သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။ သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ
တီးပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို
 ဖြတ်ကူးလာနိုင်သတဲ့။

သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။
ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”

အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့
“ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။
သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ် ခွေးမသား အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ”

တစ်ချက်လောက်ပြုံးမိရင် ကျေနပ်ပြီ.........


ဟာသ ဟင်းအိုးကြီး

ခင်များတို့ လုပ်တတ်တာ ဘာရှိလဲ ...............

လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးရဘူး။

ဆံစပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားရဘူး။

တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိဘူး။

ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး။

စစ်သည်သုံးသိန်းရှိတယ်
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး။

ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ဘူး။

ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းဘူး။

သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တပ်ဘူး။

ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ရတယ်။

သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ဘူး။

ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ဘူး။

ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း သင်ဖို့ စိတ်မကူးဘူး။

ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားရဘူး။

အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ကြဘူး။

အကျင့်ပျက်ချစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ဘူး။

ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းဘူး။

အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်တယ်။

မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ဘူး။

ရာသီဥတု ကောင်းတယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး။

ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူဘူး။

ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေရတယ်။

ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး။

ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး။

အမှားတွေ ထောက်အပြခံရတယ်
မပြင်ဆင်ကြဘူး။

ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နေတယ်
အာဏာရှင် စိတ်ဓါတ်နဲ့။

ကမ္ဘာကျာ် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မရဘူး။

(ဒေါက်တာ အောင်ခင်)

General Knowledge

ကျွန်တော် နလပိန်းတုန်းပါ......

ဖုန်းန်း ပါမစ်တွေကို သိန်းပေါင်းများစွာ နဲ့ ကမ္ဘာမှာဈေးအကြီးဆုံး ရောင်းစားခဲ့ပေမယ့်
အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

ကားပါမစ်တွေ တစ်စောင်ကို သိန်း ၂ ထောင်..၊ ၃ ထောင် ၀န်းကျင် အထိ ရောင်းစားခဲ့ပေမယ့် အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

နှစ်စဉ် ကျောက်မျက်ရတနာပြပွဲတွေကနေ ဒေါ်လာသန်းပေါင်း ၆ ရာ..၊ ၇ ရာ..၊ ၈ ရာ..
ရောင်းစားခဲ့ပေမယ့်… အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

သဘာဝဓါတ်ငွေ့ နဲ့ သစ်တော သယံဇာတတွေ နှစ်စဉ် ဘီလီယံနဲ့ချီ ထုတ်ပြီး ရောင်းစားခဲ့ပေမယ့် အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

ငွေစက္ကူတွေ ၂၀၀/၅၀၀/၁၀၀၀/၅၀၀၀/၁၀၀၀၀ တန်တွေ ဗုံးပေါလအော လိုသလိုရိုက်ထုတ်ပြီး ငွေဈေးတွေကစား…၊ အမြတ်ကြီးစား သူတွေစား..၊ နိုင်ငံခြားဘဏ်မှာ လက်ဖျား ဒေါ်လာတွေ သီး နေအောင် သုံးဖြုန်းနေတဲ့ မိသားစုကောင်းစားရေး ကိုယ်ကျိုးရှာတဲ့အလုပ်မျိုး လုပ်နေလိုက်ကြတာ အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

((နိုင်ငံ ဆင်းရဲနေရတာဟာ ပြည်သူတွေကို အရှုံးခံ..၊ အနစ်နာခံပြီး ၀န်ဆောင်မှုတွေ ပေးခဲ့ရလို့ ဆင်းရဲရတာပါ….။ ဥပမာ… စားရိတ်မျှပေး ကျန်းမာရေး…တို့..၊ လျှပ်စစ်မီတာခ လျှော့ယူတာတို့… ဘာတို့.. ညာတို့… ကြောင့် နိုင်ငံ နဲ့ လူမျိုးဆင်းရဲနေရတာပါ…..))

ဟုတ်ပါပြီ... ဟုတ်ပါပြီ....
နှစ်ပေါင်းများစွာ နိုင်ငံကို အုပ်ချုပ်ရေး အစွမ်းပြ ကိုယ်ကျိုးရှာ မင်း လုပ်ခဲ့တဲ့သူတွေ အသုံးမကျခဲ့လို့ နိုင်ငံ ဆင်းရဲခဲ့ရတာ မဟုတ်ဘူး…ပေါ့...နော်.....။

ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျနော် နလပိန်းတုံးပါ...


credit to - Ko Nay Myo

အင်တာနက်သတင်းများ

အသက်အရွယ်အလိုက် မိန်းကလေးနဲ့ ယောင်္ကျားလေးတွေကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

မိန်းကလေး~~~


၁၈နှစ်က ၂၀နှစ်ထိ မိန်းကလေးတွေဟာ အာဖရိကနဲ့တူတယ်။
တချို့ တဝက်ဖွံ့ဖြိုးပြီး တချို့က တောရိုင်းမြေဖြစ်တယ်။ သဘာဝတွေနဲ့ ပြည့်နှက်နေချိန်ဖြစ်တယ်။

၂ဝနှစ်က ၃ဝနှစ်ထိ မိန်းကလေးတွေဟာ အမေရိကားနဲ့တူတယ်။
လူတွေကို အာရုံစိုက်စေတယ်။ ဆွဲဆောင်စေတယ်။

၃ဝနှစ်က ၃၅နှစ်ထိ မိန်းကလေးတွေဟာ အိန္ဒိယနိုင်ငံနဲ့တူတယ်။
စိတ်အားထက်သန်ပေမယ့် ပျင်းရိတယ်။

၃၅နှစ်က ၄ဝနှစ်ထိ မိန်းကလေးတွေဟာ ပြင်သစ်နိုင်ငံနဲ့တူတယ်။
အသက်အရွယ် အတွေ့အကြုံတွေနဲ့ ရင့်ကျက်တည်ငြိမ်တယ်။

၄၀နှစ်က ၅ဝနှစ်ထိ မိန်းကလေးတွေဟာ ယူဂိုစလားဗီးယားနဲ့တူတယ်။
အတိတ်အတွက် ပေးဆပ်ခြင်း ကာလအပိုင်းအခြားမှာရှိတယ်။

Saturday, November 16, 2013

တစ်ရာမှာ တစ်ယောက်သာ ချမ်းသာရခြင်းအကြောင်း

တစ်ရာမှာ တစ်ယောက်သာချမ်းသာရခြင်းအကြောင်း
-----------------------------------------------------
မေး-ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျက်၊ ချမ်းသာအောင် စီးပွားရှာတာချင်း
လည်းတူပါလျက်၊ လူတစ်ရာတွင် တစ်ယောက်သာ ချမ်းသာပြီး ကျန် ကိုးဆယ့်ကိုး 
ယောက်ကဆင်းရဲနေရသည်မှာ အဘယ့်ကြောင့်နည်း။

ဖြေ-အကြောင်းကား လူတစ်ရာတွင် တစ်ယောက်ခန့်သာ လှူရမှု၌ပျော်မွေ့ပြီး။ကျန်
၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ခဲ့သောကြောင့်ပေတည်း။

မျှော်လင့်ချက်တစ်ခုခုဖြင့်ပြုသော ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ၊ နတ်ချမ်း
သာကိုပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်ချမ်းသာသို့ မပို့၊အကြောင်းကား အ
လှူခံကောင်းစားဖို့(ချမ်းသာဖို့) လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်
ရွယ်ချက်ဖြင့် လှူခဲ့သောကြောင့် ဖြစ်၏။ငါဟူသည်ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူ
သည် လောဘကိလေသာ။  ထိုဒိဋ္ဌိနှင့် လောဘဝင်ရှုပ်သောကြောင့် ပါရမီမထိုက်သော
ဒါနသည် နိဗ္ဗာန်သို မပို့နိုင်ခြင်းဖြစ်၏။

မည်သည့် မျှော်လင့်ချက်မှမပါဘဲ ပြုသော ပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊နတ်
ချမ်းသာကို လည်းပေးသည်။နိဗ္ဗာန်သို့လည်းပို့သည်။အကြောင်းကား ဒါနပြုစဉ်ကတည်း
က ငါကောင်းစားဖို့ ဟူသော ဒိဋ္ဌိနှင့်လောဘကိ တဒင်္ဂသတ်ပြီးသားဖြစ်နေသောကြောင့်
ပေတည်း။

သဒ္ဓါဓာတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေအမြဲတမ်း ပိုနေတတ်သည်။လောဘ
ဓာတ်ကြီးမားသူအတွက် လှူချင်စရာပစ္စည်းတွေ အမြဲတန်း လိုနေတတ်သည်။

အသာခံခြင်းဝါဒကို အရှင်ဒေဝဒတ်တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံး
ပန်းတိုင်သည် အပါယ်လေးပါး၊။ အသာစီခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေဝ
ဒတ်ကိုယ်တိုင် ယခုအခါ အဝီစိငရဲသို့ ကျရောက်နေပြီဖြစ်သည်။ အသာစံခြင်းဟူသည် 
ပယ်သတ်ရမည့် သမုဒယသစ္စာကို ဆောင်ထားခြင်းဖြစ်သည်။

အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင်းတည်ထောင်တော်မူသည်။ အနာခံခြင်းဝါဒ၏
နောက်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင်
ကိုယ်တော်တိုင် ယခုအခါ နိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီ ဖြစ်သည်။အနာခံ
ခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို အလုပ်ဖြင့်လက်တွေ့ပယ်
သတ်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင်ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျက် အဆင်းရဲဆုံးတွင်လည်းမြန်မာဖြစ်
နေရခြင်းမှာ တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့သည့်နေရာများ
တွင် အိတ်သွန်ဖာမှောက် လှူနေသောကြောင့်ပင် ဖြစ်သည်။

ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင်ပျက်စီးသွားသော စာသင်ကျောင်းပေါင်း
လေးထောင်ကျော်ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ကျန်နှစ်ထောင်
ကျော်ကို ပြင်ဆင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့သောနေရာတွင် မလှူပဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင်၊ အာဏာမြဲ
အောင်ဟူသောရည်ရွယ်ချက်ဖြင့် မလိုအပ်ပဲ ဘုရား၊ စေတီတွေ များစွာတည်နေကြခြင်း
မျိုးပင်တည်း။


အရှင်ဇဝန(မေတ္တာရှင်ရွှေပြည်သာ)
Posted hy Mg Chan Nyein Win
 
မေး - ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျက်၊ ချမ်းသာအောင် စီးပွားရှာတာချင်းလည်း
        တူပါလျက်၊ လူတစ်ရာတွင် တစ်ယောက်သာ ချမ်းသာပြီး ကျန် ကိုးဆယ့်ကိုး ယောက်က
        ဆင်းရဲနေရသည်မှာ အဘယ့်ကြောင့်နည်း။

ဖြေ - အကြောင်းကား လူတစ်ရာတွင် တစ်ယောက်ခန့်သာ လှူရမှု၌ပျော်မွေ့ပြီး၊
       ကျန် ၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ခဲ့သောကြောင့်ပေတည်း။

မျှော်လင့်ချက်တစ်ခုခုဖြင့်ပြုသော ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကို
ပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်ချမ်းသာသို့ မပို့၊ အကြောင်းကား အလှူခံကောင်း
စားဖို့(ချမ်းသာဖို့) လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်ရွယ်ချက်ဖြင့် လှူခဲ့သော
ကြောင့် ဖြစ်၏။ ငါဟူသည်ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာ။ ထိုဒိဋ္ဌိနှင့်
လောဘဝင်ရှုပ်သောကြောင့် ပါရမီမထိုက်သောဒါနသည် နိဗ္ဗာန်သို မပို့နိုင်ခြင်းဖြစ်၏။

၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုအတွက် မြန်မာနိုင်ငံမှ နာမည်ကျော် ဆရာကြီးများမှ ဆွတ်ခူးရရှိ

နိုဝင်ဘာ ၁၆၊ ၂၀၁၃

မြန်မာနိုင်ငံ၏ ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုအတွက် နာမည်ကျော်ဆရာကြီးဖြစ်သော ဆရာကြီးဦးအောင်သင်း ၊ ဆရာဦးတင်မောင် (သိပံမှူးတင် ) နှင့်ဆရာမ ဒေါ်ခင်ဆွေဦး တို့ က ဆွတ်ခူးရရှိသွားကြောင်း ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရသိရသည်။


" ရသင့်ပါတယ် ၊ဒီိလိုကြီးတွေက စာပေနဲ့  သူတို့ လူမှုဘ၀ဖူလုံမှုအတွက်မရခဲ့ပါဘူး ၊ သူတို့တွေက စာပေတွေကို တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်၊ သူတို့ ရထိုက်ပါတယ် ၊ ဆရာမ ဒေါ်ခင်ဆွေဦးဆိုရင် ရသစာပေတွေကို တစိုက်မတ်မတ်ရေးခဲ့တယ်၊ ပြီးတော့ ဆရာကြီးဥိးအောင်သင်းက ဝေဖန်ရေးနှင့် 

ရသစာပေတွေကိုရေးခဲ့တယ်၊ ဆရာ (သိပ္ပံမှူးတင်) ဆိုရင် သိပ္ပံ ဘာသာရပ်နဲ့ နီးစပ်အောင် လုပ်ခဲ့တယ် အသက်အရွယ်ကလည်းတော်တော်လေးရနေပြီဆိုတော့ ရထိုက်ပါတယ် " ဟု အယ်ဒီတာတစ်ဦးက
 ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို ပြန်ကြားရေးဌာနမှထုတ်ပြန်ကြေညာခဲ့သည်။


အာရှအလင်း သတင်းတင်ဆက်မှုအနုပညာဂျာနယ်

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး

ဟာသမဟုတ်ပါ.... 

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး 

၁။ ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရမှု၊ ဟောင်းနွမ်းသွားမှု မရှိခြင်း။


၂။ ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူရာတွင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။


၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။


၎။ ဆွမ်းစားပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါ စင်၏။ လက်တော်ဆေးလျှင် သပိတ်တော်ပါ စင်၏။


၅။ မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ပင် ၀င်နိုင်ခြင်း။


၆။ ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းခြင်း။


၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)


၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။


၉။ အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။


၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။


၁၁။ တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ ဟောသကဲ့သို့ကြားရခြင်း။


၁၂။ ကျွတ်ထိုက်သော သတ္တ၀ါတို့ကို မဟာဂရုဏာသမာပတ္တိဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။


၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။


၁၄။ အထက်ပါ ၁၃-ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။


၁၅။ အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။


၁၆။ ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးပြာဋိဟာ ပြနိုင်ခြင်း။


၁၇။ တာဝတိံသာသို့ အဘိဓမ္မာတရားဟောတော်မူရန် ကြွသည့်အခါ နှစ်လှမ်း သုံးဖ၀ါးတည်းဖြင့် ကြွတော်မူနိုင်ခြင်း။


၁၈။ ဒေသစာရီကြွချီတော်မူလျှင် ခြေတော်ရာမတင်သည့်အပြင် မြေပြင်မှာလည်း အညီအညွတ်ဖြစ်ရခြင်း

( ငရုတ်ပုလင်း )
၁။ ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရမှု၊ ဟောင်းနွမ်းသွားမှု မရှိခြင်း။

၂။ ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူရာတွင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
 

၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

၎။ ဆွမ်းစားပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါ စင်၏။ လက်တော်ဆေးလျှင် သပိတ်တော်ပါ စင်၏။

၅။ မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ပင် ၀င်နိုင်ခြင်း။