Sunday, November 24, 2013

ကမ္ဘာ့ အကောင်းဆုံး တီထွင်မှု ၁၀ ခု


 
















၁။ World Wide Web
        အင်္ဂလိပ် လူမျိုး အင်ဂျင်နီယာ Sir Tim Berners-Lee က၁၉၉၀မှာ တီထွင် ခဲ့ပါတယ်။


၂။ Computer
   ၁၉၄၁ခုနှစ်မှာ Konrad Zuse ကတီထွင်ခဲ့ ပါတယ်။ 


 ၃။ Airplanes
    ၁၉၀၃မှာ Wright Brothers ညီအကို နှစ်ယောက်က တီထွင်ခဲ့ ပါတယ်။ 


* မြန်မာတွေ ဟာ Management Skill ညံ့ကြသလား *

ကျွန်တော်တို့ မြန်မာတွေရဲ့ အဓိက အားနည်းချက်တွေထဲကတစ်ခုက စီမံကိန်းတွေကိုအောင်မြင်အောင်အကောင်အထည်ဖော်နိုင်စွမ်း လုံးဝ မရှိတတ်ကြတာပဲ။
Project Managementနဲ့ပါတ်သက်ပြီးအားအရမ်းနည်းကြပါတယ် ။

စီမံကိန်းတစ်ခု အကောင်အထည်ပေါ်မလာရင်လဲ ဘယ်အစိုးရ ဘယ်ဝန်ကြီးကမှ ဘယ်တော့မှ တာဝန်ခံမှု တာဝန်ယူမှုဆိုတာလုံးဝမရှိဘူး ။
ဒီစီမံကိန်း တစ်ခုမအောင်မြင် ရခြင်းအကြောင်းအရင်းကို Study လုပ်ပြီး နောင်ထပ်မဖြစ်အောင် လေ့လာမှုလည်းမရှိကြသလောက်ပါဘဲ ။

Preject Management တွေညံ့ဖျင်းလွန်းလို့
ခေတ်အဆက်ဆက် နိုင်ငံတော် အဆင့် ကျန်းမာရေး စီးပွားရေး လူမှုရေး စသဖြင့် ဘယ်စီမံကိန်း တွေအောင်မြင်တာမှမကြားဖူးပါဘူး။

လူတစ်ယောက် ကို တိုက်တစ်လုံးနဲ့ ကားတစ်စီးစီရရမယ်ဆိုတဲ့ ဦးနုရဲ့ပြည်တော်သာစီမံကိန်းက အစပြုလို့

ဦးနေဝင်းရဲ့ တိုင်းပြည်ကို ဖွတ်နိုင်ငံ ဘဝကို အရောက်ပို့ခဲ့တဲ့ တံခါးပိတ် ဆိုရှယ်လစ် စီးပွားရေး။

စိတ်ပူတတ်တဲ့ စာဖတ်နေသူ ဘဘကြီးရဲ့ ကမ္ဘာကျော် ခြံစည်းရိုး ကြက်ဆူဆီ စီမံကိန်းကြီးတွေ အလယ် ။

သမ္မတကြီး ဦးသိန်းစိန်၏ ဆင်းရဲသားများ မပပျောက်တဲ့အပြင် လယ်မဲ့ ယာမဲ့ လူတန်းစားတွေ ပိုများလာတဲ့ ဆင်းရဲသားများ
ပပျောက်ရေး စီမံကိန်းများအဆုံး ဘာကြောင့် အောင်အောင်မြင်မြင်နဲ့အကောင်အထည်ပေါ်မလာကြဘဲ အဟောသိကံဖြစ်ခဲ့ကြရပါသလဲ။

ဟော အခုလဲ တရုတ်ကို အတိုးနှုန်း မတန်တဆ ပေးထားပြီး အကောင်အထည်ဖော်အုံးမယ့် ခေတ်စနစ်နဲ့လုံးဝ မကိုက်ညီတော့တဲ့ သမဝါယမ တန်းစီစနစ် ကလာအုံးမယ်တဲ့ ။

ပြီးတော့ တန်ဖိုးမနဲသည့် တန်ဖိုးနည်းဖုန်း နှင့်
တန်ဖိုးမနဲသည့် တန်ဖိုးနည်းအိမ်ယာ စီမံကိန်းများ ကိုလည်း နောက်ဆုံး ခရိုနီကြီးငယ်တို့က သာ လက်ဝါးကြီးအုပ်ပြီး နှိုက်ယူသွားကြသည် ။

ယခုအချိန်အထိ ဟံသာဝတီ လေဆိပ်စီမံကိန်းကြီးကရှေ့မတိုးသာနောက်မဆုတ်သာ။ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း
က တိုင်ပတ်နေဆဲ်။ ကျောက်ဖြူ သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း
ကလည်းပွင့်လင်းမြင်သာမှု ဗလာနတ္တိ ။ သီလဝါ စက်မှုဇုန် စီမံကိန်း ကလျော်ကြေးငွေ ကိစ္စ မပြတ်နိုင်သေး ။ ဝန်ကြီးဌာနအချင်းချင်း စမန်ခုတ်ပြီးအဝေမတည့်ကြလို့ဂျပန်ကလက်လျှောလိုက်ပြီဖြစ်သည့် ရန်ကုန်မြို့က Second Downtown စီမံကိန်း ။ လက်ပန်းတောင်းတောင် စီမံကိန်းကြီးကလည်းကပြသနာပေါင်းတစ်သောင်းခြောက်ထောင်နှင့်တို့လို့တန်းလန်း ။ မြစ်ဆုံစီမန်ကိန်းက၂၀၁၅ တကျော့ပြန်လာချေဦးတော့မည် ။

ဒါတွေကမြင်သာထင်သာရှိတာလေးတွေ အနည်ဲးအကျဉ်းပဲရှိပါသေးတယ်။ခေတ်အဆက်ဆက်အစိုးရတွေရဲ့စီမံကိန်းတွေသာအောင်မြင်ခဲ့ကြမယ်ဆိုရင်မြန်မာပြည်ကြီးအခုလို စုတ်ပြတ်သတ်သွားပြီး ပြည်သူတွေ ဆင်းရဲတွင်းထဲမှာနစ်နေကြမှာ မဟုတ်ဘူး။ ပြည်သူတွေ ရေမြင့်ကြာတင့်နေကြမှာအမှန်ပဲ။

အဲဒါကို ဒီပြည်သူတွေကြောင့်ပဲ ဒီတိုင်းပြည်ကြီး အခုလိုဆင်းရဲသွားရတာပါလို့ ပြောထွက်ရလောက်အောင်မိုက်မဲလှတဲ့ ပါးစပ်တွေက ရှိသေးတယ် ။ အဲလိုလူတွေက တိုင်းပြည်ကိုစီမံခန့်ခွဲခွင့်တွေ ရနေကြတော့ ဘယ်လိုပြောရမလဲ ဟဲဟဲ ငါးပါးမက သံဃာစင်ပါမှောက်ပြီပေါ့ဗျာ ။

အစိုးရ စီမံခန့်ခွဲမှု ကောင်းမှပဲ တိုင်းပြည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ လူမှုဘဝ သာယာအေးချမ်းနိုင်မှာဖြစ်ပါတယ် ။
နိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး လူမှုရေး စတဲ့ Level တိုင်းမှာ Management Skill ကောင်းသူတွေ များများပေါ်ထွန်းလာလေလေတိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာလေပါပဲ။

ကျောင်းဆရာ ဆရာမတွေ Management ကောင်းမှကျောင်းတွေကျောင်းသားတွေကောင်းမယ် ။ နိုင်ငံရဲ့ အနာဂါတ်ကောင်းမယ် ။ အစိုးရဌာနက လူကြီးတွေ ကောင်းမှ အောက်ခြေက ပြောင်းမယ် ။ စစ်တပ်ခေါင်းဆောင်တွေကစပြီး စံပြဖြစ်အောင် နေပြမှ အောက်ခြေက စစ်သားတွေ ကောင်းပြီး ပြည်သူ့ နဲ့တစ်သားတည်းဖြစ်နေမယ် ။ တာဝန်ရှိတဲ့ ဘုန်းဘုန်းတွေ ထိန်းသိမ်းပါမှ စည်းကမ်းချိုးဖောက်နေတဲ့ သင်္ကန်းဝတ်တွေ ပျောက်ပြီး သာသနာတော် သန့်ရှင်းမယ် ။ ဒါတွေအားလုံးဟာ Management နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ် ။

ဒါကြောင့် အနာဂါတ် မြန်မာပြည်မှာ ခေါင်းဆောင် လုပ်ချင်ကြတဲ့ လူငယ်တွေအနေနဲ့ ကမ္ဘာ့အဆင်မီ စီမံခန့်ခွဲ နိုင်ကြအောင် အခုကတည်းက
Management Skill ကိုကောင်းအောင်ကြိုတင်
လေ့လာပြင်ဆင်သင့်ကြပြီဖြစ်ပါကြောင်း။

ဒါကကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်သက်သက်ပါ ။
လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် ။

( အက်ဒမင် )
myanmardaily.net