Tuesday, December 3, 2013

၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ဆန်ကာတင်စာရင်း

မောင်(စွယ်စုံကျမ်း) ဖေ့စ်ဘွတ်မှာ တင်ထားတာမှာ ကွန်မန့်တွေပါ တင်ပေးလိုက်ပါတယ်....
*****************************************************************

၁။ ဗိုလ်ကလေးသန်းရွှေ (စိုးရိမ်မိတယ်)
၂။ လေးလေးမန်း (အစစ်ခံနိုင်တယ်ဟေ့)
၃။ အန်ကယ်စိန်စိန် (လိုရင်တော့ လုပ်မှာပေါ့လို့)...
၎။ မိုက်ကယ်အောင်မင်း (တိုက်တွေရောင်းပြီး ဆွဲနေရတာ)
၅။ ကောလိပ်ဂျင်စိုးသိန်း (မှားတာရှိရင် တောင်းပန်ပါတယ်)
၆။ မြန်မာပြည်ရဲထွဋ် (ရယ်ရတယ် ဗြဲ)
၇။ မောင်မောင်ညွန့် (ကြီးနေပြီမို့ လုပ်တော့ဘူး)
၈။ တွံတေးတေဇ (တစ်ခါက မိုက်ခဲ့တယ်)
၉။ မလိခမိုးသီးဇွန် (အဝေးကပဲ ချစ်မယ်)
၁ဝ။ Little ၈၈ (ယောင်ခြောက်ဆယ်)
၁၁။ ဘဘကာချုပ် (ဟင့်အင်း တွေ့ချင်ဘူး)
၁၂။ လေဒီစု (ကမ္ဘာပတ်ပြီး ဆုယူမယ်)
၁၃။ ဂွမ်မော် (နေ့ရွေ့ညရွေ့)
၁၄။ R မြင့်ဆွေ (သက်သေရှိရင် လုပ်လေ)
၁၅။ လွှတ်တော် (အိပ်စက်ခွင့်ပြုပါ)
၁၆။ တပ်မတော် (မဖယ်ဘူး)
၁၇။ ဒီချုပ် (ရန်ပုံငွေလေးပါ)
၁၈။ ကူညီပါရစေ (စိတ်ကောင်းရှိလို့ ကျေးဇူးနော်)
၁၉။ ပြည်ခိုင်ဖြိုး (ဖဲကြိုးပဲဖြတ်မယ်ဟေ့)
၂ဝ။ ဒုက္ခသည် (ဘယ်သူ့ အဖေခေါ်ရမလဲ)
၂၁။ Royal EPC (ရမလားလို့ လုပ်ကြည့်တာ)
၂၂။ ဂလိုဘယ် MPT (ဒိုးရတော့မယ် အချစ်ရယ်)
၂၃။ ဝမ်ပေါင် (ထွက်နိုင်ဘူးဗျို့)
၂၄။ ဆန္ဒပြသူ (နေ့တွက်ကိုက်လို့)
၂၅။ UNFC (ဒါဆိုဒါပဲ)
၂၆။ မီဒီယာ (ဖွလိုက်ကြစို့ တူတူ)
၂၇။ ပြည်သူ (သေမထူး နေမထူး)

ထပ်ဖြည့်စရာ ဘာကျန်သေးလဲ?


Sarlar8 << Pho Shann >>

 
== ကွန်မန့်များ ==

  • ဇော်မင်း (ပိုလို့ရောင်းစားမယ်)
  • တိုတိုလှိုင် (မှောင်နေရင်လေ ဖယောင်းထွန်းလိုက်)၊
  • ညစ်မြင့်ဆွေ (အရှုံးခံထားလို့ ကျေးဇူးတင်ပေးပါ)
  • အမေညွန့် (တာဝန်ယူရင်၊ပြောရဲတယ်)
  • စိန်အောင်မင်း (ကြောက်ရပါတယ်..တရုတ်ကို)
  • စိန်အောင်မင်းအဖွဲ့ (ငြိမ်းချမ်းရေးနှင့်ကားပါမစ်)
  • ဆိုးသိမ်း (၄လနဲ့အပြီးဆောက်မယ့် ဂုံးကျော်)၊OIC (ဇွတ်ဝင်မယ်)
  • စစ်ပြေး ( ယူပါကယ်ပါဦး မပြောချင်ဘူး ) 
  • မောင်စွယ်စုံကျမ်း - မဖွရင် မနေနိုင်တာကလွဲလို့
  • လေဒီစု (ကမ္ဘာပတ်ပြီး ဆုယူမယ်)
  • ပြည်ပရောက်မြန်မာများ ( ဟိုပြေး သည်ပြေး ) 
  • ရိုက်စား...(ပြည်ပမြန်မာပြည်သံရုံး)
  • မေမြတ်မွန်(ဆိုကြမယ်ဖော်ကြမယ်)
  • ကန်တင် တဲ့နွား (ဒီရပ်ကွက်ကို နောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး)
  • OIC ( မျက်ရည်ပြဇတ်)
  • အနောက်ဖက်ကညိုညင်ချာ ( ကမ္ဘာကြီးကိုဘတ်ပြမယ်)
 
  •  စိုးမြတ်သူဇာ(ဆေးချမှားတဲ့ည)
  • OIC ( သွားဖောက်မယ် မယားခြောက်ဆယ်)
  • ကိုကိုလှိုင်(ဖယောင်းတိုင် ချစ်သူ)
  • ဝန်ထမ်းများ မျှော်တလင့်လင့်
  • တပ်သား( အဘကြောက်လို့ပါ..)
  • မဆုံးနိုင်အုန်းမြိုင်(တထောင့်တညပုံပြင်များ)
  • အကောင်းမကုန် အကုန်းမကောင်းတာကို ပြောတာနော်--:)
  • မြင့်လှိုင်(မစားရသောထမင်းတနပ်)
  • Miss Myanmar (vote ပေးကြပါ)
  • လေဒီစု အကယ်ဒမီရမှာပါ သရုပ်ဆောင်ပီပြင်လွန်းလို့
  • ဘုန်းဘုန်း ( မီးတောင်ကိုအန်တုမယ်)
  • ဖိုးလမိုက် ပြန်ပြောရင်ပါးရိုက်မယ်
  • ဦးကိုနီ(အနာဂတ်အတွက် မျှော်လင့်ချက်)
  • မိုးစက်ဝိုင် (သွားပုပ်လေလွင့်)
  • လူမင်း (ဥက္ကဌကြီးရဲ့တာဝန်)
  • ရုပ်ရှင်အနုပညာရှင်များ(မေ့ကွက်ကိုရှာ)
  • ပညာရေး ခေတ်မီအဆင့်မြင့်မျှော်တလင့်လင့်
  • သားလပြည့်..လန်းရင်လာထားအကုန်ဝါးမယ်
  • Miss universe( like များများလုပ်မယ်)
  
  • ဂလိုဘယ် MPT (ဒိုးရတော့မယ် အချစ်ရယ်)
  • UN (သူတို့ဆန်စားထားတာကြောင့် နိုင်ငံသားဖြစ်ခွင့်ရအောင်တောင်မယ်)
  • MPT -(အဝိုင်းလေး လည်နေတာရပ်ပေးပါ)
  • Fb ‌ပေါ်က admins မျာ့း (ဖွကြမယ်‌‌ဟေ့‌ကောင်း‌ကောင်း)
  • မလေးမှပြေးမယ် [ကုလားကြောက်လို]
  • ဘသန်းရွှေ ( သွားမယ် ငရဲပြည်)
  • သခိုးကြီးမိုးမှောင် ရဲ. (တောင်းဆိုချင်တယ်)
  • အဘကြိုင်..ဥပက္ခာလောကသား
  • အောင်းမင်း နောက်ထပ်မညာပါနဲ့

Monday, December 2, 2013

မှတ်မှတ်သား ပညာရှိစကား

*အရိပ်ပေးတဲ့သူတွေဟာ 
နေပူထဲမှာ နေရတယ်။
 
*အစာကို ဆေးလိုမစားရင်
ဆေးကို အစာလို စားရလိမ့်မယ်…

*စာအုပ်ကောင်းက
သူငယ်ချင်း ၁၀ ယောက်နဲ့ ညီမျှတယ်
သူငယ်ချင်းကောင်းကတော့
စာကြည့်တိုက် တစ်ခုနဲ့ ညီမျှတယ်……

*ခွေးကို ဟောင် လို့မကြိုက် ဘူးဆိုရင်
ကြောင် တစ်ကောင် မွေးထား……

*လေပြည်ကိုပဲမစောင့်ပါနဲ့
မုန်တိုင်းထဲလည်း
ရှင် သန်နိုင် အောင် ကြိုးစားပါ

*ဘဝက
ငိုစရာအကြောင်း ၁၀၀ ပေးခဲ့ရင်
ပြန်ပြုံးပြနိုင် ဖို့အကြောင်း ၁၀၀၀
ရှိအောင် ကြိုးစားပါ…………

*ပညာရှိတို့ရဲ့ ကျမ်းစာမှာ
ပထမဆုံးစာမျက် နှာက ရိုးသားခြင်းပဲ။

*အမှားကို နှစ်ခါမလုပ်နိုင် ပါ။
အကြောင်းက ဒုတိယ တစ်ခါက
အမှားမဟုတ်ပဲ ရွေးချယ်မှု့ဖြစ်နေလို့ပါ။

*ယုံကြည်တဲ့သူကို မလိမ်နဲ့။
လိမ်တဲ့သူကို မယုံနဲ့။

*သင် ငိုလို့ထွက်သွားရင် သူငယ်ချင်းတု
သင် ထွက်သွားလို့ ငိုရင် သူငယ်ချင်းစစ်။

(ငြိမ်းလဲ့ wall မှ Status ) MyanmarDaily.net* အရိပ်ပေးတဲ့သူတွေဟာ
   နေပူထဲမှာ နေရတယ်။

* အစာကို ဆေးလိုမစားရင်
   ဆေးကို အစာလို စားရလိမ့်မယ်…

* စာအုပ်ကောင်းက
  သူငယ်ချင်း ၁၀ ယောက်နဲ့ ညီမျှတယ်
  သူငယ်ချင်းကောင်းကတော့
  စာကြည့်တိုက် တစ်ခုနဲ့ ညီမျှတယ်……

*ခွေးကို ဟောင် လို့မကြိုက် ဘူးဆိုရင်
ကြောင် တစ်ကောင် မွေးထား……

*လေပြည်ကိုပဲမစောင့်ပါနဲ့
မုန်တိုင်းထဲလည်း
ရှင် သန်နိုင် အောင် ကြိုးစားပါ

*ဘဝက
ငိုစရာအကြောင်း ၁၀၀ ပေးခဲ့ရင်
ပြန်ပြုံးပြနိုင် ဖို့အကြောင်း ၁၀၀၀
ရှိအောင် ကြိုးစားပါ…………

*ပညာရှိတို့ရဲ့ ကျမ်းစာမှာ
ပထမဆုံးစာမျက် နှာက ရိုးသားခြင်းပဲ။

*အမှားကို နှစ်ခါမလုပ်နိုင် ပါ။
အကြောင်းက ဒုတိယ တစ်ခါက
အမှားမဟုတ်ပဲ ရွေးချယ်မှု့ဖြစ်နေလို့ပါ။

*ယုံကြည်တဲ့သူကို မလိမ်နဲ့။
လိမ်တဲ့သူကို မယုံနဲ့။

*သင် ငိုလို့ထွက်သွားရင် သူငယ်ချင်းတု
သင် ထွက်သွားလို့ ငိုရင် သူငယ်ချင်းစစ်။

(ငြိမ်းလဲ့ wall မှ Status )


MyanmarDaily.net

Sunday, December 1, 2013

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ကချင်ရိုးရာဝတ်စုံနှင့် စောင်းတီးခတ်ဖျော်ဖြေမည်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ မည့် 53th Miss International Beauty Pageant 2013 ပြိုင်ပွဲတွင်
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အဖြစ် ဂုဏ်ရည်အေးကျော်က ၀င်ပြိုင် မည်ဖြစ်သည်။ ၎င်းသည် Miss International စင်မြင့်ထက်တွင် ကချင်ရိုးရာဝတ်စုံ ၀တ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့ ရိုးရာတူရိယာဖြစ်
သော စောင်းကို တီးခတ်ဖျော်ဖြေပြသမှုများ ပြုလုပ် သွားရန်ရှိကြောင်း သိရသည်။ ထို ပြိုင်ပွဲတွင် ယှဉ်ပြိုင်
မည့် အစီအစဉ်နှင့် ပတ်သက်၍ ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ စာနယ်ဇင်း
ရှင်းလင်းပွဲပြုလုပ်စဉ် အချိန်တိုအတွင်း ပရိသတ်အတွက် မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက် ပါသည်။

 မေး။ ဒြီပိုင်ပွဲဝင်ဖို့ ဘယ်လိုပြင်ဆင် မှုတွေ လုပ်ထားပါသလဲ။

Friday, November 29, 2013

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။


အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။


သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊

နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်

လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊


“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”

အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊


သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်)
ဓမ္မ 

ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို

ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း

ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ

ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ

အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်

မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ

ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့

ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”

ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။

မိုးမခ

ဓမ္မ 

နိုင်ငံဆင်းရဲစေသော အဓိကအချက်များနှင့် အစိုးရသူခိုးဝါဒ

ကမ္ဘာလူဦးရေသန်း(၆၀၀၀)ရှိတဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာ စစ်တမ်းတွေ ကောက်ယူချက်အရတော့
သန်း(၁၀၀၀)ဟာ ဖွံ့ဖြိုး မှု ကောင်းမွန်တယ်တဲ့။ ရှေ့တန်းရောက်တယ်ပေါ့ဗျာ။ အမေရိကတို့ ဥရောပ
နိုင်ငံတွေ အဲ့လိုမျိုးပေါ့။ နောက်ထပ်ဝမ်းသာစရာတစ်ခုက ကျန်တဲ့ သန်း(၅၀၀၀)ထဲမှာ သန်း(၄၀၀၀)ဟာ ဖွံ့ဖြိုးတိုးတက်မှုလှေကားပေါ်ကိုရောက်နေပြီတဲ့။ အဲ့ဒီသန်း(၄၀၀၀)ထဲကနိုင်ငံတွေက တချို့ကြတော့ နိုင်ငံ အလိုက်ဖွံ့ဖြိုးမှုရှိကြသလို တချို့လည်းပြည်တွင်းထဲမှာ နေရာတွေကွက်ပြီး ဆင်းရဲချမ်းသာကွာခြားတာပေါ့။ ဥပမာအိန္ဒိယ လိုပေါ့ဗျာ။ ဒီသန်း(၄၀၀၀)အတွက်ကပှုစရာမလိုဘူး သူတို့က လုံးဝကို တိုးတက်ဖို့ သေချာ
သလောက်ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ နောက်ကျန်တဲ့သန်း(၁၀၀၀)ကတော့ ဖွံ့ဖြိုးတိုးတက်မှုကို အစရှာလို့ မရသေးဘူး။
 
အဲ စိတ်မကောင်းရာတစ်ခု ဖြစ်နေတာက ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အဲ့ဒီသန်း(၁၀၀၀)ရဲ့
အောက်ဆုံးနားမှာရောက်နေတာပဲ။ ဆင်းရဲပြီးကျန်ခဲ့တဲ့ သန်း(၁၀၀၀)က နိုင်ငံပေါင်း(၅၉)နိုင်ငံပါဗျာ။
 
အဲ့ဒီမှာနိုင်ငံတွေရဲ့ဆင်းရဲရတဲ့ အချက် တွေရှိတာပေါ့။ သုတေသနပြုချက်တွေအရတော့ နိုင်ငံတစ်နိုင်ငံဟာ အချက်လေးချက်ထဲက တစ်ချက်ချက်နဲ့ ညိနေတယ်ဆိုရင် တိုင်းပြည်ဆင်းရဲပါတယ်တဲ့ဗျာ။ အဲဒီလေးချက်
ကတော့ -

လက်နက်ကိုင်တွေရဲ့ပြဿနာ ဘယ်လောက်ကြီးမားနက်ရှိုင်းလဲ



 ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ
ပြီးရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ကိစ္စပါ။

အစိုးရဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့
ပြဿနာအရပ်ရပ်ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့
မရပါဘူး။

ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ
ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။