Thursday, December 5, 2013
ဒါမှမဟုတ်............
အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည် ။
“ ဒေါက်တာ ၊ကျွန်မ ယောက်ျားဟာ သူ့ရဲ့ ယောက်ျားတာဝန်ကို ကျွန်မ ကျေနပ်အောင် မဖြည့် ဆည်းနိုင်ဘူးရှင့်”
ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည် ။
“ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ။ ယောက်ျားကို ခေါ်လာခဲ့ပါ”
ယောက်ျား ရောက်လာသည် ။ ၄င်းကို ဆရာဝန်မ စစ်ဆေးသည်။ ထို့နောက် မေးနေကျ ပုံစံမျိုးဖြင့် မေးသည် ။
“တစ်နေ့တစ်နေ့ အချိန်ဘယ်လို ကုန်တယ်ဆိုတာ ပြောပြစမ်းပါ”
“မနက် ရုံးကို သွားတယ် ။ လမ်းမှာ အသိအမျိုးသမီး တစ်ယောက်က သူ့ကားကို ရပ်ပြီး ၊ ရှင် ရုံးသွား မှာလား ၊ ဒါမှမဟုတ်.." ဆိုပြီး အဓိပ္ပါယ်ပါပါ မေးတယ် ။ ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ရုံးရောက်တော့ အတွင်းရေးမူးမက ကြိုနေပြီး အကိုကြီး ...အလုပ်လုပ်မှာလား ၊..... ဒါမှမဟုတ်.... ဆိုပြီးပြောပြန်ရော။ ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ညနေကျတော့ ကျွန်တော် အိမ်ကို
ပြန်လာတယ်။ ကိုယ့်အိပ်ခန်းကို မဝင်ခင်မှာ ဘေးခန်းက အမျိုးသမီး ထွက်လာပြီး ဘယ့်နှယ်လဲ... အိမ်ကို တမ်းဝင်မှာလား ၊... ဒါမှမဟုတ်... လို့မေးတယ် ။ "ဒါမှမဟုတ်" ကိုပဲ ကျွန်တော်ရွေးလိုက်တယ် ။ .....
ကိုယ့်အိပ်ခန်းထဲ ရောက်တော့ မိန်းမက ရှင်အိပ်မှာလား ၊.....ဒါမှမဟုတ် ဆိုပြီး ကျွန်တော့်အဖြေကို
စောင့်တယ်။ ဒီတစ်ခါမှာတော့ ကျွန်တော် ထိုးအိပ်လိုက်တော့တယ် ။”
အမျိုးသမီး ဆရာဝန်က ချက်ချင်း မေးခွန်းထုတ်သည် ။
“ ကိုင်း ၊ ရှင် ကုမှာလား..၊.. ဒါမှမဟုတ်.......”
Credit - မောင်ကောင်းထိုက်
Wednesday, December 4, 2013
Facebook မှာ ကိုယ်ဖတ်ချင်တဲ့ ပိုစ့်တွေကို သိမ်းထားပြီးနောက်မှ အေးအေးဆေးဆေး ပြန်ဖတ်နိုင်တော့မယ်

Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Save ထားလို့ရတော့မည်
********************************************************
လူမှုကွန်ရက် Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို
Read later ဆိုတဲ့ pop up button လေး ကို နှိပ်ပြီး Save လုပ်လို့ရတဲ့
Feature အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
အများဟု အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ Post တွေ၊ ကြည့်ချင်တဲ့ ပုံတွေ၊ စာတွေကို
မိမိရဲ့  Wall မှာ Only me နဲ့ ရှဲတာတို့၊ public နဲ့ Share တာတို
့အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။
အဲလိုမှ လုပ်မထားရင်လည်း သူငယ်ချင်း
မိတ်ဆွေတွေ ကို Message box ကနေ Link ပေးပြီး save လုပ်တဲ့ အထိတောင်
ပေါက်ပေါက်ရှာရှာ လုပ်တတ်ကြပါသေးတယ်။ ယခုတော့ ယင်း အခက်အခဲတွေကို Facebook က
ဖြေရှင်းပေးတော့ မှာ ဖြစ်ပါတယ်။
မိမိ ဖတ်ချင်တဲ့၊ ထပ်ကြည့်ချင်တဲ့ Post တွေရဲ့  Link တွေကို Save
လုပ် ထားပြီး News Feed တို့လို အောက်မှာ တစ်နေရာမှာ Saved ဆိုတဲ့ Button
လေးကို မြင် ရစေမှာ ဖြစ် ပါတယ်။
သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြိုကွဲသွားသလဲ ?
ဒေါ်စု ဘာမှားခဲ့သလဲ ?
အချိန်လွန် ဒိုင်ယာလော့ ?
NLD ပါတီရဲ့ ပါဝါနိုင်ငံရေး ဘာတွေ မှားခဲ့သလဲ ?
NLD ကိုထောက်ခံသူတွေရော မထောက်ခံသူတွေပါ ဖတ်ရှူ့သင့်တဲ့ သုံးသပ်ချက်တစ်ခုပါပဲ ။
NLD ပါတီရဲ့ ပါဝါနိုင်ငံရေး ဘာတွေ မှားခဲ့သလဲ
**************************************
နေထက်နီ
သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြို ကွဲသွားသလဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးလေးကြီး
လေးပွင့်ဆိုင် ဒိုင်ယာလော့တောင်းဆိုမှုသည် သူရဦးရွှေမန်း- ဒေါ်စု မဟာမိတ် အတွဲ ပြိုကွဲသွားပြီဟု အဓိပ္ပါယ် ဖော်နိုင်မည်လား။ သူရဦးရွှေမန်းသည် စစ်အစိုးရတွင် နံပတ်(၃)ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ၂၀၀၇-၂၀၀၈-၂၀၀၉ နိုင်ငံရေးကိစ္စများကို ကိုင်တွယ် ခဲ့သူဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဆိုပါသည်။
လေးပွင့်ဆိုင် ဒိုင်ယာလော့တောင်းဆိုမှုသည် သူရဦးရွှေမန်း- ဒေါ်စု မဟာမိတ် အတွဲ ပြိုကွဲသွားပြီဟု အဓိပ္ပါယ် ဖော်နိုင်မည်လား။ သူရဦးရွှေမန်းသည် စစ်အစိုးရတွင် နံပတ်(၃)ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ၂၀၀၇-၂၀၀၈-၂၀၀၉ နိုင်ငံရေးကိစ္စများကို ကိုင်တွယ် ခဲ့သူဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဆိုပါသည်။
၂၀၀၇ တွင် ရွှေဝါရောင် တော်လှန်ရေးနှင့်
ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့ သည်။ မကြာသေးခင်ကပင် ဗိုလ်ချုပ် ကြီးဟောင်း
ဦးမြင့်ဆွေက သူရဦးရွှေမန်းကို သက်သေထား၍ ရွှေဝါရောင် တော်လှန်ရေးဖြစ်စဉ်ကို
ရှင်း လင်း ခဲ့ပါသည်။
အမျိုးသားလွှတ်တော်နာယက ဦးခင်အောင်မြင့်သည်
အတိုက်အခံနိုင်ငံရေး သမားများနှ င့်ပတ် သက် လာလျှင် အမြင်စူးရှသူဖြစ်ကြောင်း၊
အတိုက်အခံနိုင်ငံရေးသမားများအပေါ် သူရဦးရွှေမန်းဦးစီး၍ ဆုံးဖြတ် သော
နိုင်လုံဟု ခေါ်သည့်အစည်းအဝေးများတွင် ဦးခင်အောင်မြင့် အစဉ်အမြဲတက်ရောက်
ပါဝင် ခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပြသည်။
Tuesday, December 3, 2013
အသေထွက် ကျော်သူ
“ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊
ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏
နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်း
ဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီ
အတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့
သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော
သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့်
ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။
“ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားလုံးသည်လည်း ကျွန်တော်၏ဘဝ တစ်ဆစ်ချိုးကို ပြောင်းလဲ
ပစ်နိုင်သော အဖိုးတန် ဒဿနတစ်ခုဖြစ်ခဲ့သည်။ ယင်း စကားလုံးသည်လည်း ကျေးဇူးရှင် အဘ ဆရာကြီး မင်းသိင်္ခ၏ “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုထဲတွင် ပါဝင်သောစကားလုံးဖြစ်သည်။ ယင်း “သူတော်စင်
မလေးပုဏ္ဍရိက” ဝတ္ထုအားလည်း ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းသမီး ထွန်း အိန္ဒြာဗိုလ်
ဖြင့်ရိုက်ကူး၍ အောင်မြင်ခဲ့သည့် DVD ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်တေး
သီချင်းအားလည်း တေးရေးဆရာ နိုင်မြန်မာမှ ရေးဖွဲ့ပေးခဲ့သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု (၇)ဆု ရရှိခဲ့သော ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ကျွန်တော်၏ ဖခင်ကုမ္ပဏီဖြစ်
သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ၏ မိဘမေတ္တာ သရုပ်ဖော်သည့် တေးသီချင်းအားလည်း တေးရေး နိုင်မြန်မာမှ သီကုံးရေးဖွဲ့ပေးခဲ့သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ခေတ်သမိုင်းဝင်ခဲ့သော (၈၈) အရေးအခင်းကာလမှ စ၍ ယနေ့တိုင် ဂန္တဝင်ကျောင်းသားသီချင်းဖြစ်သည့် “ကမ္ဘာမကြေဘူး” သီချင်းကြီးအားလည်း ကိုယ်တိုင်
ပြည်သူလူထုနှင့် ထပ်တူခံစား၍ ရေးဖွဲ့ခဲ့သူသည်လည်း တေးရေးဆရာ နိုင်မြန်မာ ဖြစ်တော့သည်။
ထိုထိုသော တန်ဖိုးမဖြတ်နိုင်သော ဂန္တဝင်သီချင်းများအား ရေးဖွဲ့ခဲ့သည့် အစ်ကိုကြီးဖြစ်သူ နိုင်မြန်မာနှင့် ကျွန်တော် မဆုံစည်းခဲ့ရသည်မှာ (၁ဝ) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ယခု ကျွန်တော်ကိုယ်တိုင် လူမှုရေးသမား
တစ်ယောက် ဖြစ်လာသော အချိန်ကာလတွင် ကျွန်တော်သည်လည်း လူမှုရေးသမားများ၏ ခံစားချက်များ၊
ပြည်သူလူထုတို့၏ဘဝများနှင့် ထပ်တူကျကာ ပြည်သူလူထုကိုယ်စား၊ လူမှုရေးအသင်းအဖွဲ့ များ ကိုယ်စားရေးသားခဲ့ဖူးသော ဆောင်းပါးများ၊ အင်တာဗျူးများအားပေါင်းစီး၍ ထုတ်ခဲ့သော “ကျွန်တော် သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်ဟူ၍ ပဉ္စဂံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။ ယင်း “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်အား ကျွန်တော်၏ အသက် (၅၄) နှစ်မြောက် မွေးနေ့အဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ရာ ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ ကျေးဇူးရှင်များ၊ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်များနှင့် စာပေပညာရှင်များ အား ဖိတ်ကြားခဲ့ရာတွင် တေးရေးဆရာ နိုင်မြန်မာ ပါဝင်ခဲ့သည်။ ထိုအချိန်တွင် တေးရေးဆရာ နိုင်မြန်မာ သည် ကျန်းမာရေးကြောင့် ကြွရောက်နိုင်ခြင်း မရှိခဲ့ချေ။ ကျွန်တော်သည်လည်း ထိုစာအုပ်မိတ်ဆက်ပွဲအပြီး ကချင်ပြည်နယ်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကရင်ပြည်နယ်များသို့ ဗြဟ္မစိုရ်ခြေလှမ်း ပရဟိတဟောပြောပွဲ ဖိတ်ကြားထားသည့်အတွက် မအားလပ်ခဲ့ချေ။ ကျွန်တော်ရန်ကုန်မြို့သို့ ၂၈.၁၁.၂ဝ၁၃ ရက်နေ့ ညအချိန် တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နားချိန်မရှိ အများအကျိုးကိစ္စရပ်များအား လုပ်ကိုင်ခဲ့ရာ ယနေ့ ၃ဝ.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ကျွန်တော်ထံ အစ်ကိုကြီးဖြစ်သူ တေးရေး နိုင်မြန်မာ ရောက်ရှိ လာခဲ့တော့သည်။ ကျွန်တော့်အား “ကျုပ်တို့လူကြီး (ကိုကျော်သူ) ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရ” ဟု ရေးသားထားသော “အသေထွက်” ဟူသော ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ် လာရောက်ပေး ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဂန္တဝင် တေးရေး နိုင်မြန်မာ ရေးဖွဲ့ပေးထားသော “အသေထွက်” ဟူသော ကဗျာ အား အများပြည်သူတို့ထံသို့ ကျွန်တော်ချပြမိပါတော့သည်။
အသေထွက်
***********
လူနဲ့လူချင်းတောင်မှ
အင်အားနဲ့နင်းခြေ
အာဏာတွေနဲ့ အော်ငေါက်
ဓနငွေနဲ့ ပစ်ပေါက်ပြီး
ချော့တစ်ခါ ခြောက်တစ်လှည့်မို့
သူရို့တွေ ခြေဖဝါးအောက်
ရောက်မြဲတိုင်း ဘဝတွေ
အခုတော့ဖြင့် “ပြီးပါပြီ”… လေ
ကမ္ဗည်းစာတွေကို ကဗျာတွေစီလို့
ငါမသေမီ ရောက်အောင်ပို့ခဲ့မယ်
ချို့ငဲ့သူတွေ …
ဘယ်သူသေသေ
“ဒူဝေဝေ”… ကြေးစည်ထုပါလို့
သွားလေသူတို့ရဲ့ နောက်ဆုံးခရီးမှာ
အတန်တန်ကြီးသာ… မှာလိုက်ချင်ရဲ့
သည်းခြေမဲ့ သတ္တဝါတွေလို
နင်တို့တွေ အမှတ်မရှိ
နောက်တစ်ခါ ပြန်မလာမိကြစေနဲ့
မခင်တွယ်လေနဲ့တော့… ဒီတိုင်းပြေ
နာကျည်းစရာတွေနဲ့သာ ပြည့်နှက်လို့
အဲဒီလူတွေလက်အောက်က
အသေထွက်ရရှာတဲ့ ဘဝတွေ
လွတ်ရာကိုသာ သွားကြပေတော့
နင်တို့တွေ သေလို့ပြီးတဲ့နောက်
ငါ့အလှည့်ရောက်တဲ့အခါ
မငဲ့မညှာ
ဆက်ဆက်သာ.. လိုက်လာခဲ့မှာမို့
ကြေးစည်ကိုသာ… နာနာထုပါလို့
ငါတို့လူ.. ကျန်သူတချို့ရယ်က
တစ်လှည့်… ငါ့ကိုပို့ ။
နိုင်မြန်မာ
၂၉ နိုဝင်ဘာ ၂ဝ၁၃
(ကျုပ် တို့ လူ ကြီး “ ကို ကျော် သူ ” ၅ ၄ နှစ် ပြည့် မွေး နေ့ အ မှတ် တ ရ)
၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ဆန်ကာတင်စာရင်း
မောင်(စွယ်စုံကျမ်း) ဖေ့စ်ဘွတ်မှာ တင်ထားတာမှာ ကွန်မန့်တွေပါ တင်ပေးလိုက်ပါတယ်....
*****************************************************************
၁။ ဗိုလ်ကလေးသန်းရွှေ (စိုးရိမ်မိတယ်)
၂။ လေးလေးမန်း (အစစ်ခံနိုင်တယ်ဟေ့)
၃။ အန်ကယ်စိန်စိန် (လိုရင်တော့ လုပ်မှာပေါ့လို့)...
၎။ မိုက်ကယ်အောင်မင်း (တိုက်တွေရောင်းပြီး ဆွဲနေရတာ)
၅။ ကောလိပ်ဂျင်စိုးသိန်း (မှားတာရှိရင် တောင်းပန်ပါတယ်)
၆။ မြန်မာပြည်ရဲထွဋ် (ရယ်ရတယ် ဗြဲ)
၇။ မောင်မောင်ညွန့် (ကြီးနေပြီမို့ လုပ်တော့ဘူး)
၈။ တွံတေးတေဇ (တစ်ခါက မိုက်ခဲ့တယ်)
၉။ မလိခမိုးသီးဇွန် (အဝေးကပဲ ချစ်မယ်)
၁ဝ။ Little ၈၈ (ယောင်ခြောက်ဆယ်)
၁၁။ ဘဘကာချုပ် (ဟင့်အင်း တွေ့ချင်ဘူး)
၁၂။ လေဒီစု (ကမ္ဘာပတ်ပြီး ဆုယူမယ်)
၁၃။ ဂွမ်မော် (နေ့ရွေ့ညရွေ့)
၁၄။ R မြင့်ဆွေ (သက်သေရှိရင် လုပ်လေ)
၁၅။ လွှတ်တော် (အိပ်စက်ခွင့်ပြုပါ)
၁၆။ တပ်မတော် (မဖယ်ဘူး)
၁၇။ ဒီချုပ် (ရန်ပုံငွေလေးပါ)
၁၈။ ကူညီပါရစေ (စိတ်ကောင်းရှိလို့ ကျေးဇူးနော်)
၁၉။ ပြည်ခိုင်ဖြိုး (ဖဲကြိုးပဲဖြတ်မယ်ဟေ့)
၂ဝ။ ဒုက္ခသည် (ဘယ်သူ့ အဖေခေါ်ရမလဲ)
၂၁။ Royal EPC (ရမလားလို့ လုပ်ကြည့်တာ)
၂၂။ ဂလိုဘယ် MPT (ဒိုးရတော့မယ် အချစ်ရယ်)
၂၃။ ဝမ်ပေါင် (ထွက်နိုင်ဘူးဗျို့)
၂၄။ ဆန္ဒပြသူ (နေ့တွက်ကိုက်လို့)
၂၅။ UNFC (ဒါဆိုဒါပဲ)
၂၆။ မီဒီယာ (ဖွလိုက်ကြစို့ တူတူ)
၂၇။ ပြည်သူ (သေမထူး နေမထူး)
ထပ်ဖြည့်စရာ ဘာကျန်သေးလဲ?
Sarlar8 << Pho Shann >>
== ကွန်မန့်များ ==
*****************************************************************
၁။ ဗိုလ်ကလေးသန်းရွှေ (စိုးရိမ်မိတယ်)
၂။ လေးလေးမန်း (အစစ်ခံနိုင်တယ်ဟေ့)
၃။ အန်ကယ်စိန်စိန် (လိုရင်တော့ လုပ်မှာပေါ့လို့)...
၎။ မိုက်ကယ်အောင်မင်း (တိုက်တွေရောင်းပြီး ဆွဲနေရတာ)
၅။ ကောလိပ်ဂျင်စိုးသိန်း (မှားတာရှိရင် တောင်းပန်ပါတယ်)
၆။ မြန်မာပြည်ရဲထွဋ် (ရယ်ရတယ် ဗြဲ)
၇။ မောင်မောင်ညွန့် (ကြီးနေပြီမို့ လုပ်တော့ဘူး)
၈။ တွံတေးတေဇ (တစ်ခါက မိုက်ခဲ့တယ်)
၉။ မလိခမိုးသီးဇွန် (အဝေးကပဲ ချစ်မယ်)
၁ဝ။ Little ၈၈ (ယောင်ခြောက်ဆယ်)
၁၁။ ဘဘကာချုပ် (ဟင့်အင်း တွေ့ချင်ဘူး)
၁၂။ လေဒီစု (ကမ္ဘာပတ်ပြီး ဆုယူမယ်)
၁၃။ ဂွမ်မော် (နေ့ရွေ့ညရွေ့)
၁၄။ R မြင့်ဆွေ (သက်သေရှိရင် လုပ်လေ)
၁၅။ လွှတ်တော် (အိပ်စက်ခွင့်ပြုပါ)
၁၆။ တပ်မတော် (မဖယ်ဘူး)
၁၇။ ဒီချုပ် (ရန်ပုံငွေလေးပါ)
၁၈။ ကူညီပါရစေ (စိတ်ကောင်းရှိလို့ ကျေးဇူးနော်)
၁၉။ ပြည်ခိုင်ဖြိုး (ဖဲကြိုးပဲဖြတ်မယ်ဟေ့)
၂ဝ။ ဒုက္ခသည် (ဘယ်သူ့ အဖေခေါ်ရမလဲ)
၂၁။ Royal EPC (ရမလားလို့ လုပ်ကြည့်တာ)
၂၂။ ဂလိုဘယ် MPT (ဒိုးရတော့မယ် အချစ်ရယ်)
၂၃။ ဝမ်ပေါင် (ထွက်နိုင်ဘူးဗျို့)
၂၄။ ဆန္ဒပြသူ (နေ့တွက်ကိုက်လို့)
၂၅။ UNFC (ဒါဆိုဒါပဲ)
၂၆။ မီဒီယာ (ဖွလိုက်ကြစို့ တူတူ)
၂၇။ ပြည်သူ (သေမထူး နေမထူး)
ထပ်ဖြည့်စရာ ဘာကျန်သေးလဲ?
Sarlar8 << Pho Shann >>
== ကွန်မန့်များ ==
- ဇော်မင်း (ပိုလို့ရောင်းစားမယ်)
- တိုတိုလှိုင် (မှောင်နေရင်လေ ဖယောင်းထွန်းလိုက်)၊
- ညစ်မြင့်ဆွေ (အရှုံးခံထားလို့ ကျေးဇူးတင်ပေးပါ)
- အမေညွန့် (တာဝန်ယူရင်၊ပြောရဲတယ်)
- စိန်အောင်မင်း (ကြောက်ရပါတယ်..တရုတ်ကို)
- စိန်အောင်မင်းအဖွဲ့ (ငြိမ်းချမ်းရေးနှင့်ကားပါမစ်)
- ဆိုးသိမ်း (၄လနဲ့အပြီးဆောက်မယ့် ဂုံးကျော်)၊OIC (ဇွတ်ဝင်မယ်)
- စစ်ပြေး ( ယူပါကယ်ပါဦး မပြောချင်ဘူး )
- မောင်စွယ်စုံကျမ်း - မဖွရင် မနေနိုင်တာကလွဲလို့
- လေဒီစု (ကမ္ဘာပတ်ပြီး ဆုယူမယ်)
- ပြည်ပရောက်မြန်မာများ ( ဟိုပြေး သည်ပြေး )
- ရိုက်စား...(ပြည်ပမြန်မာပြည်သံရုံး)
- မေမြတ်မွန်(ဆိုကြမယ်ဖော်ကြမယ်)
- ကန်တင် တဲ့နွား (ဒီရပ်ကွက်ကို နောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး)
- OIC ( မျက်ရည်ပြဇတ်)
- အနောက်ဖက်ကညိုညင်ချာ ( ကမ္ဘာကြီးကိုဘတ်ပြမယ်)
- စိုးမြတ်သူဇာ(ဆေးချမှားတဲ့ည)
- OIC ( သွားဖောက်မယ် မယားခြောက်ဆယ်)
- ကိုကိုလှိုင်(ဖယောင်းတိုင် ချစ်သူ)
- ဝန်ထမ်းများ မျှော်တလင့်လင့်
- တပ်သား( အဘကြောက်လို့ပါ..)
- မဆုံးနိုင်အုန်းမြိုင်(တထောင့်တညပုံပြင်များ)
- အကောင်းမကုန် အကုန်းမကောင်းတာကို ပြောတာနော်--:)
- မြင့်လှိုင်(မစားရသောထမင်းတနပ်)
- Miss Myanmar (vote ပေးကြပါ)
- လေဒီစု အကယ်ဒမီရမှာပါ သရုပ်ဆောင်ပီပြင်လွန်းလို့
- ဘုန်းဘုန်း ( မီးတောင်ကိုအန်တုမယ်)
- ဖိုးလမိုက် ပြန်ပြောရင်ပါးရိုက်မယ်
- ဦးကိုနီ(အနာဂတ်အတွက် မျှော်လင့်ချက်)
- မိုးစက်ဝိုင် (သွားပုပ်လေလွင့်)
- လူမင်း (ဥက္ကဌကြီးရဲ့တာဝန်)
- ရုပ်ရှင်အနုပညာရှင်များ(မေ့ကွက်ကိုရှာ)
- ပညာရေး ခေတ်မီအဆင့်မြင့်မျှော်တလင့်လင့်
- သားလပြည့်..လန်းရင်လာထားအကုန်ဝါးမယ်
- Miss universe( like များများလုပ်မယ်)
- ဂလိုဘယ် MPT (ဒိုးရတော့မယ် အချစ်ရယ်)
- UN (သူတို့ဆန်စားထားတာကြောင့် နိုင်ငံသားဖြစ်ခွင့်ရအောင်တောင်မယ်)
- MPT -(အဝိုင်းလေး လည်နေတာရပ်ပေးပါ)
- Fb ပေါ်က admins မျာ့း (ဖွကြမယ်ဟေ့ကောင်းကောင်း)
- မလေးမှပြေးမယ် [ကုလားကြောက်လို]
- ဘသန်းရွှေ ( သွားမယ် ငရဲပြည်)
- သခိုးကြီးမိုးမှောင် ရဲ. (တောင်းဆိုချင်တယ်)
- အဘကြိုင်..ဥပက္ခာလောကသား
- အောင်းမင်း နောက်ထပ်မညာပါနဲ့
Monday, December 2, 2013
မှတ်မှတ်သား ပညာရှိစကား
* အရိပ်ပေးတဲ့သူတွေဟာ နေပူထဲမှာ နေရတယ်။
* အစာကို ဆေးလိုမစားရင်
ဆေးကို အစာလို စားရလိမ့်မယ်…
* စာအုပ်ကောင်းက
သူငယ်ချင်း ၁၀ ယောက်နဲ့ ညီမျှတယ်
သူငယ်ချင်းကောင်းကတော့
စာကြည့်တိုက် တစ်ခုနဲ့ ညီမျှတယ်……
*ခွေးကို ဟောင် လို့မကြိုက် ဘူးဆိုရင်
ကြောင် တစ်ကောင် မွေးထား……
*လေပြည်ကိုပဲမစောင့်ပါနဲ့
မုန်တိုင်းထဲလည်း
ရှင် သန်နိုင် အောင် ကြိုးစားပါ
*ဘဝက
ငိုစရာအကြောင်း ၁၀၀ ပေးခဲ့ရင်
ပြန်ပြုံးပြနိုင် ဖို့အကြောင်း ၁၀၀၀
ရှိအောင် ကြိုးစားပါ…………
*ပညာရှိတို့ရဲ့ ကျမ်းစာမှာ
ပထမဆုံးစာမျက် နှာက ရိုးသားခြင်းပဲ။
*အမှားကို နှစ်ခါမလုပ်နိုင် ပါ။
အကြောင်းက ဒုတိယ တစ်ခါက
အမှားမဟုတ်ပဲ ရွေးချယ်မှု့ဖြစ်နေလို့ပါ။
*ယုံကြည်တဲ့သူကို မလိမ်နဲ့။
လိမ်တဲ့သူကို မယုံနဲ့။
*သင် ငိုလို့ထွက်သွားရင် သူငယ်ချင်းတု
သင် ထွက်သွားလို့ ငိုရင် သူငယ်ချင်းစစ်။
(ငြိမ်းလဲ့ wall မှ Status )
MyanmarDaily.net
Sunday, December 1, 2013
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ကချင်ရိုးရာဝတ်စုံနှင့် စောင်းတီးခတ်ဖျော်ဖြေမည်
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်
အဖြစ် ဂုဏ်ရည်အေးကျော်က ၀င်ပြိုင်
မည်ဖြစ်သည်။
၎င်းသည် Miss International
စင်မြင့်ထက်တွင် ကချင်ရိုးရာဝတ်စုံ
ဝတ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့
ရိုးရာတူရိယာဖြစ်
သော စောင်းကို
တီးခတ်ဖျော်ဖြေပြသမှုများ ပြုလုပ်
သွားရန်ရှိကြောင်း သိရသည်။ ထို
ပြိုင်ပွဲတွင် ယှဉ်ပြိုင်
မည့် အစီအစဉ်နှင့်
ပတ်သက်၍ ယနေ့နံနက် ၉ နာရီက
ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ စာနယ်ဇင်း
ရှင်းလင်းပွဲပြုလုပ်စဉ်
အချိန်တိုအတွင်း ပရိသတ်အတွက်
မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်
ပါသည်။
မေး။ ဒြီပိုင်ပွဲဝင်ဖို့ ဘယ်လိုပြင်ဆင် မှုတွေ လုပ်ထားပါသလဲ။
မေး။ ဒြီပိုင်ပွဲဝင်ဖို့ ဘယ်လိုပြင်ဆင် မှုတွေ လုပ်ထားပါသလဲ။
Subscribe to:
Posts (Atom)

.jpg)
.jpg)
.jpg)
.jpg)
