Friday, December 6, 2013

လူငယ်တွေ လက်ဖက်ရည်ဆိုင်ထဲက ထခဲ့ကြဖို့


 "ပျက်စီးခြင်းသို့ ရောက်ကြကုန်သော များစွာသော ပျိုရွယ်သူတို့သည် ညစာစားပြီးသော အချိန်ကစ၍ ပျက်စီးတတ်ကြလေသည်။ ကျော်စောထင်ရှားခြင်းသို့ ရောက်သောသူတို့သည် ညနေအချိန် ညအချိန် များ၌ လုပ်ကိုင် သင်အံ့လေ့ကျက်ကြ ရလေသည် (သို့မဟုတ်) အကျိုးရှိသော နေရာဖြစ်စေ၊ မိမိကို ကြီး မြင့်အောင် စွမ်းဆောင်ကူညီနိုင်သူ တစ်ယောက်ထံမှာဖြစ်စေ အချိန်ကိုကုန်လွန်စေတတ်ကြလေသည်။"

အထက်ပါ စာပိုဒ်သည် တက်ကျမ်းခေါ်လူတို့၏ စိတ္တသတ္တိကို နှိုးဆွပေးသော စာအုပ်များရေးသားခဲ့သူ ဆရာကြီးပီမိုးနင်း၏ ကမ္ဘာ့မင်တံစာအုပ်ပါ "အားလပ်သောအချိန်ကလေးများ" ဆောင်းပါးမှ စာတစ်ပိုဒ် ဖြစ် ပါသည်။ ယခုစာစုတွင် ကျွန်တော်ပြောလိုသည့် အကြောင်းအရာနှင့် ဆက်စပ်နေသဖြင့် ကူးယူ ဖော်ပြ လိုက်ခြင်း ဖြစ်ပါသည်။

ကမ္ဘာမှာ မြန်မာဟာ အရင်နေရာကို ပြန်ရရမယ်


 Photo
 
 ဒီဇင်ဘာ ၁ ရက်နေ့က ဗဟန်းမြို့နယ်တွင်ကျင်းပခဲ့သော ခိုးဝင်ဘင်္ဂါလီအရေးတွင်စွက်ဖက် နေသည့် ကုလသမဂ္ဂကို ကန့်ကွက် ကြောင်း ဟောပြောပွဲ၌တစ်ချိန် တုန်းက အာရှတွင်ထိပ်တန်းဖြစ် ခဲ့သည့် မြန် မာနိုင်ငံကိုတိုင်းရင်း သားအားလုံးပြည်ထောင်စုစိတ် ဓာတ်ဖြင့် ကြိုးစားလျှင်ကမ္ဘာမှာ မြန်မာ သည်အရင်နေ ရာကိုပြန်ရ မည်ဖြစ်ကြောင်း ရခိုင်လူငယ် တစ်ဦးဖြစ်သည့် အမျိုးသားရေး လှုပ်ရှားသူ ကိုမိုးစက်နီကပြော ကြားသည်။ 
 
အဆိုပါဟောပြောပွဲသို့ အမျိုးသားရေးလှုပ်ရှားသူများ ၃၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ၁၉၈၂ နိုင်ငံသား ဥပဒေ ကိုကာကွယ် စောင့်ရှောက်ရေးနှင့်နိုင်ငံတော် အစိုးရ၏ရပ်တည်ချက်ကိုထောက် ခံကြောင်း၊ တရားမ၀င်ပြည် ပမှ ၀င်ရောက်လာသူများကိုလုပ်ကြံ ဖန်တီးထားသောအမည်ဖြင့်ခေါ် ဆိုနေသည့် မည်သည့်နိုင်ငံပုဂိ္ဂုလ် အဖွဲ့ အစည်းကိုမဆိုကန့်ကွက် ကြောင်း ဟောပြောခဲ့ကြသည်။ 
 
ကိုမိုးစက်နီကပြောကြားရာ တွင် “ဒီနေ့တိုင်းပြည်မှာတိုင်းရင်း သား (၈)မျိုးစီးနင်းလိုက် ပါနေတဲ့ လှေကြီး ဟာ ရခိုင်နေရာကပေါက် ပြီးရေများဝင်လာနေပါပြီ။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီးကျန်တဲ့တိုင်းရင်း သားတွေ ကြည့်နေ ကြမလား။ လှေမြုပ်သွားရင်အားလုံးသေရမှာ။ ဒါကြောင့်ဒီအရေးကိုပြည်ထောင်စု စိတ်ဓာတ်နဲ့ဝိုင်းဝန်း ကာ ကွယ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာကိုကျွန်တော် ရခိုင်အနေနဲ့လာတာမဟုတ်ဘူး။ ဗမာအနေနဲ့လာတာ မဟုတ် ဘူး။
 ဒီမှာရှမ်းလူမျိုးတွေ လည်းရောက် နေတယ်။ ကျွန်တော်တို့အားလုံး မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့လာကြ တာ၊ အောင်ဆန်းသွေးနဲ့လာတာ၊ ကျွန်တော်တို့လူမျိုးတွေဟာ အေး အေးနေတတ်တဲ့လူတွေပါ။ ဒါပေမဲ့ သိပ်ရန်စလာရင်တော့ ဗျို့ဟစ် ရင်လူကုန်ထွက်တဲ့အမျိုးဖြစ် ကြောင်း ပြရလိမ့်မယ်။ ခိုးဝင်ဘင်္ဂါလီ အရေး ကိုအစိုးရ ဆုံးဖြတ်တာမှန်သရွေ့ ကျွန်တော် တို့တစ်သားတည်းရှိတယ်။ နိုင်ငံတော် အစိုးရရဲ့သဘောထား ကိုပြတ်ပြတ် သားသားထောက်ခံတယ်။ တစ်ချိန် တုန်းကအာရှမှာမြန်မာဟာ ဘယ် နေရာကရှိခဲ့သလဲ။ ရှေး လူကြီးတွေ ပြောတယ်။ ထိပ်တန်းကမြန်မာ ဖြစ်တယ်။ 
 
ဒီတော့ကျွန်တော်တို့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ညီညီ ညာညာကြိုးစားသွားမယ်ဆိုရင် ကမ္ဘာမှာမြန်မာအ ရင်နေရာကိုပြန်ရ ရမယ်” ဟုဆိုသည်။ ဗိုလ်ချုပ်ချုပ် ခဲ့တဲ့ပင်လုံစာချုပ်က ကျွန်တော် တို့ရင်ထဲမှာရှိတယ်။ အခုတိုင်းရင်း သားတွေအားလုံးအရေးကြီးရင် သွေးနီးဖို့ ဒီမှာစုဝေးနေကြပြီဖြစ် ကြောင်း ၎င်း၏ပြော ကြားချက်ကို ဟောပြောပွဲတက်ရောက်လာသူ များက တခဲနက်ထောက်ခံခဲ့ကြ သည်။
 
 ဇော်မြင့်
မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများ

Thursday, December 5, 2013

ဒါမှမဟုတ်............


အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည် ။
“ ဒေါက်တာ ၊ကျွန်မ ယောက်ျားဟာ သူ့ရဲ့ ယောက်ျားတာဝန်ကို ကျွန်မ ကျေနပ်အောင် မဖြည့် ဆည်းနိုင်ဘူးရှင့်”
 

ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည် ။
“ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ။ ယောက်ျားကို ခေါ်လာခဲ့ပါ”
 

ယောက်ျား ရောက်လာသည် ။ ၄င်းကို ဆရာဝန်မ စစ်ဆေးသည်။ ထို့နောက် မေးနေကျ ပုံစံမျိုးဖြင့် မေးသည် ။

“တစ်နေ့တစ်နေ့ အချိန်ဘယ်လို ကုန်တယ်ဆိုတာ ပြောပြစမ်းပါ”


“မနက် ရုံးကို သွားတယ် ။ လမ်းမှာ အသိအမျိုးသမီး တစ်ယောက်က သူ့ကားကို ရပ်ပြီး ၊ ရှင် ရုံးသွား မှာလား ၊ ဒါမှမဟုတ်.." ဆိုပြီး အဓိပ္ပါယ်ပါပါ မေးတယ် ။ ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ရုံးရောက်တော့ အတွင်းရေးမူးမက ကြိုနေပြီး အကိုကြီး ...အလုပ်လုပ်မှာလား ၊..... ဒါမှမဟုတ်.... ဆိုပြီးပြောပြန်ရော။ ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ညနေကျတော့ ကျွန်တော် အိမ်ကို
ပြန်လာတယ်။ ကိုယ့်အိပ်ခန်းကို မဝင်ခင်မှာ ဘေးခန်းက အမျိုးသမီး ထွက်လာပြီး ဘယ့်နှယ်လဲ... အိမ်ကို တမ်းဝင်မှာလား ၊... ဒါမှမဟုတ်... လို့မေးတယ် ။ "ဒါမှမဟုတ်" ကိုပဲ ကျွန်တော်ရွေးလိုက်တယ် ။ .....

ကိုယ့်အိပ်ခန်းထဲ ရောက်တော့ မိန်းမက ရှင်အိပ်မှာလား ၊.....ဒါမှမဟုတ် ဆိုပြီး ကျွန်တော့်အဖြေကို
စောင့်တယ်။ ဒီတစ်ခါမှာတော့ ကျွန်တော် ထိုးအိပ်လိုက်တော့တယ် ။”
 

အမျိုးသမီး ဆရာဝန်က ချက်ချင်း မေးခွန်းထုတ်သည် ။
“ ကိုင်း ၊ ရှင် ကုမှာလား..၊.. ဒါမှမဟုတ်.......”

Credit - မောင်ကောင်းထိုက်

Wednesday, December 4, 2013

Facebook မှာ ကိုယ်ဖတ်ချင်တဲ့ ပိုစ့်တွေကို သိမ်းထားပြီးနောက်မှ အေးအေးဆေးဆေး ပြန်ဖတ်နိုင်တော့မယ်

မိုက်တယ်  (Y)


Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Save ထားလို့ရတော့မည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


လူမှုကွန်ရက် Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Read later ဆိုတဲ့ pop up button လေးကို နှိပ်ပြီး Save လုပ်လို့ရတဲ့ Feature အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။


အများဟု အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ Post တွေ၊ ကြည့်ချင်တဲ့ ပုံတွေ၊ စာတွေကို မိမိရဲ့  Wall မှာ Only me နဲ့ ရှဲတာတို့၊ public နဲ့ Share တာတို့ အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အဲလိုမှ လုပ်မထားရင်လည်း သူငယ်ချင်း မိတ်ဆွေတွေကို Message box ကနေ Link ပေးပြီး save လုပ်တဲ့အထိတောင် ပေါက်ပေါက်ရှာရှာ လုပ်တတ်ကြပါသေးတယ်။ ယခုတော့ ယင်း အခက်အခဲတွေကို Facebook က ဖြေရှင်းပေးတော့ မှာ ဖြစ်ပါတယ်။

မိမိ ဖတ်ချင်တဲ့၊ ထပ်ကြည့်ချင်တဲ့ Post တွေရဲ့  Link တွေကို Save လုပ်ထားပြီး News Feed တို့လို အောက်မှာ တစ်နေရာမှာ Saved ဆိုတဲ့ Button လေးကို မြင်ရစေမှာ ဖြစ်ပါတယ်။ ယင်း Saved ကိုနှိပ်လိုက်ရင် ကိုယ် ဖတ်ဖို့ အတွက် Save လုပ်ခဲ့တာတွေကို မြင်တွေ့ရမှာပါ။ ဒီအတွက် မီဒီယာများက Leaked Photo များနဲ့ တကွ ရှင်းလင်း ပြသခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် Faceboook က တရားဝင် မကြေညာရသေးပါ ဘူး။ လောလောဆယ် အကောင့် အချို့ မှာ ဆန်းသတ်ပေးနေပြီး မကြာမီ အားလုံးကို Publically effect ဖြစ်အောင် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Facebook ကို "the best personalized newspaper in the world" ဖြစ်ရ မယ်လို့ ဇူကာတ်ဘတ် တရားဝင် ကြေညာခဲ့ဖူးပါတယ်။ ယခု ဒါကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ နောက်ဆိုရင် Google လိုပဲ e Reader တွေပါ မြင်တွေ့ရမယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( www.innewsmyanmar )


 Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Save ထားလို့ရတော့မည် 
********************************************************

 လူမှုကွန်ရက် Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Read later ဆိုတဲ့ pop up button လေး ကို နှိပ်ပြီး Save လုပ်လို့ရတဲ့ Feature အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ အများဟု အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ Post တွေ၊ ကြည့်ချင်တဲ့ ပုံတွေ၊ စာတွေကို မိမိရဲ့  Wall မှာ Only me နဲ့ ရှဲတာတို့၊ public နဲ့ Share တာတို့ အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ 

အဲလိုမှ လုပ်မထားရင်လည်း သူငယ်ချင်း မိတ်ဆွေတွေ ကို Message box ကနေ Link ပေးပြီး save လုပ်တဲ့ အထိတောင် ပေါက်ပေါက်ရှာရှာ လုပ်တတ်ကြပါသေးတယ်။ ယခုတော့ ယင်း အခက်အခဲတွေကို Facebook က ဖြေရှင်းပေးတော့ မှာ ဖြစ်ပါတယ်။ မိမိ ဖတ်ချင်တဲ့၊ ထပ်ကြည့်ချင်တဲ့ Post တွေရဲ့  Link တွေကို Save လုပ် ထားပြီး News Feed တို့လို အောက်မှာ တစ်နေရာမှာ Saved ဆိုတဲ့ Button လေးကို မြင် ရစေမှာ ဖြစ် ပါတယ်။ 

သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြိုကွဲသွားသလဲ ?


ဒေါ်စု ဘာမှားခဲ့သလဲ ?

အချိန်လွန် ဒိုင်ယာလော့ ?

NLD ပါတီရဲ့ ပါဝါနိုင်ငံရေး ဘာတွေ မှားခဲ့သလဲ ?

NLD ကိုထောက်ခံသူတွေရော မထောက်ခံသူတွေပါ ဖတ်ရှူ့သင့်တဲ့ သုံးသပ်ချက်တစ်ခုပါပဲ ။

 
NLD ပါတီရဲ့ ပါဝါနိုင်ငံရေး ဘာတွေ မှားခဲ့သလဲ

နေထက်နီ

သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြိုကွဲသွားသလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးလေးကြီး လေးပွင့်ဆိုင် ဒိုင်ယာလော့တောင်းဆိုမှုသည် သူရသူရဦးရွှေမန်း- ဒေါ်စု မဟာမိတ်အတွဲ ပြိုကွဲသွားပြီဟု အဓိပ္ပါယ် ဖော်နိုင်မည်လား။ သူရသူရဦးရွှေမန်းသည် စစ်အစိုးရတွင် နံပတ်(၃)ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ၂၀၀၇-၂၀၀၈-၂၀၀၉ နိုင်ငံရေးကိစ္စများကို ကိုင်တွယ် ခဲ့သူဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဆိုပါသည်။ ၂၀၀၇ တွင် ရွှေဝါရောင် တော်လှန်ရေးနှင့် ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့ သည်။ မကြာသေးခင်ကပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက သူရဦးရွှေမန်းကို သက်သေထား၍ ရွှေဝါရောင် တော်လှန်ရေးဖြစ်စဉ်ကို ရှင်းလင်းခဲ့ပါသည်။ 

အမျိုးသားလွှတ်တော်နာယက ဦးခင်အောင်မြင့်သည် အတိုက်အခံနိုင်ငံရေးသမားများနှင့်ပတ်သက် လာလျှင် အမြင်စူးရှသူဖြစ်ကြောင်း၊ အတိုက်အခံနိုင်ငံရေးသမားများအပေါ် သူရဦးရွှေမန်းဦးစီး၍ ဆုံးဖြတ် သော နိုင်လုံဟု ခေါ်သည့်အစည်းအဝေးများတွင် ဦးခင်အောင်မြင့် အစဉ်အမြဲတက်ရောက် ပါဝင်ခဲ့ကြောင်း လည်း ဦးရဲထွဋ်က ပြောပြသည်။ ဤသည်တို့ကို ဆက်စပ်လိုက်လျှင် ထွက်ပေါ်လာသော ပုံရိပ်သည် သတိထားဖွယ်ရာကောင်းသော လွှတ်တော်ဥက္ကဌ(၂)ဦးစလုံး၏ အရိပ်များ ဖြစ်နေပါသည်။ ပထမအချက် အနေဖြင့် ဤသည်တို့ကို သိရှိသွား၍ မဟာမိတ် ၀င်ရိုးတန်း ပြိုကွဲသွားခြင်းလော စဉ်းစားစရာ ဖြစ်နေ ပါသည်။

ဒုတိယအချက်ကို ဆက်လက် တင်ပြလိုပါသည်။ သူရဦးရွှေမန်းသည် စစ်အစိုးရ၏ နံပတ်(၃)ခေါင်း ဆောင်၊ ကြံ့ခိုင်ရေးပါတီ၏လက်ရှိခေါင်းဆောင် ဖြစ်သောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အရေးကြီး သော လွှတ်တော်တွင်း ချိန်ခွင်လျှာကို ထိန်းထားနိုင်သူ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစု ကြည်က သူရဦးရွှေမန်း၏ အားကိုယူ၍ ပြင်ဆင်နိုင်ရေး ကြိုးပမ်းခဲ့ဖွယ် ရှိသည်ဟု ကောက်ချက်ချနိုင် ပါသည်။ ယခုအချိန်တွင် သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်လိုသည့် အလားအလာကို ရိပ်စားမိ၍ သမ္မတ၊ တပ်ချုပ်တို့ နှင့် တိုက်ရိုက်တွေ့ဆုံရန် တောင်းဆိုလိုက်ခြင်း ဖြစ်နိုင်ပါသလား။ သေချာသည့်အချက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်းအား အားကိုး၍ မရနိုင်တော့ ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်လာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်နိုင်ပါသည်။

တတိယအချက်ကို ဆက်လက် တင်ပြလိုပါသည်။ လွှတ်တော်အတွင်း လေ့လာသုံးသပ်ရေး ၁၀၈ ဦး ကော်မတီ၏ အရိပ်အကဲကို ဒေါ်အောင်ဆန်းစုကြည် ရိပ်စားမိခြင်း ဖြစ်နိုင်ပါသည်။ ၁၀၈ ဦးကော်မတီက တင်ပြလာသောအချက်များတွင် ၅၉(စ) မပါနိုင်၊ သူရဦးရွှေမန်းကလည်း လွှတ်တော်ဆောင်ရွက်မှု စနစ် အရ ကော်မတီ၏တင်ပြချက်ကို ထောက်ခံမည်၊ လွှတ်တော်တွင်း မဲခွဲလျှင် NLD ရှုံးမည်၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့။ သူရဦးရွှေမန်းတစ်ဦးတည်းအနေဖြင့် ၅၉(စ)ကို ပြင်ဆင် ပေးလိုပါသော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက်က ဤသို့ ဖြစ်နေသည်ကို တတ်နိုင်မည်မဟုတ်။ ယခု အတိုင်း အဖြေထွက်လာမည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိလာခြင်းကြောင့် ဖြစ်နိုင်ပါသည်။ 

စတုတ္ထအချက်ကို ဆက်လက်တင်ပြလိုပါသည်။ သမ္မတ ဖြစ်လိုသော သူရဦးရွှေမန်းဘက်ကကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယှဉ်ပြိုင်စရာ မဟုတ်သော ပြိုင်ဘက်ကြီး ဖြစ်နေသည်။ သူရဦးရွှေမန်း သမ္မတဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စင်ပေါ်တက်မလာစေရန်သာ ကြိုးပမ်းရမည့် အနေ အထားမျိုး ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စနစ်တကျ တားနိုင်ဆီးနိုင်သည်မှာ ၅၉(စ)သာ ဖြစ်သည့်အတွက် မိမိကိုအလဲထိုးမည့် ထောက်လက်သီးကို သိသိကြီး ရင်ဆိုင်တိုးပါမည်လော။ စစ်တိုက် နေကြသော စစ်ခေါင်းဆောင်များ၏ ဓလေ့စရိုက်မှာ ရည်မှန်းချက်ကို ဦးစွာသတ်မှတ်ပြီးမှ ပန်းတိုင် ရောက်ရှိရေး ဖော်ဆောင်တတ်ကြခြင်း ဖြစ်ပါသည်။ သူရဦးရွှေမန်း၏ ရည်မှန်းချက်မှာ သမ္မတ ဖြစ်ရေး ဟု အတိအလင်း သတ်မှတ်ထားပြီး ဖြစ်ရာ ယင်းပန်းတိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းမည်သာ ဖြစ်ကြောင်း သတိပြုသင့်ပါသည်။ စစ်အောင်နိုင်ရေးအတွက် တရားမျှတမှုတို့ ရှိမည် မဟုတ် ဟူသော စကားပုံကိုလည်း သတိ ရဖွယ်ရာပင်။ 

ပဉ္စမအချက်ကို ဆက်လက် တင်ပြပါမည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းနှင့် ဆက်ဆံ ရေးမြှင့်တင်ကာ လိုလားချက်များကို ပုံဖော်ခဲ့ပါလိမ့်မည်။ ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးကစားကွက် အလဟဿ ဖြစ်သွားပြီဟု သိရှိလာရခြင်းကြောင့် သမ္မတ ဦးသိန်းစိန်ဘက်ကို ဦးလှည့်လိုက်ခြင်းလော စဉ်းစားစရာ ဖြစ်နေပါသည်။ 

ဒေါ်စု ဘာမှားခဲ့သလဲ

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းကို အားကိုး၍မရနိုင်တော့၊ လွှတ်တော်ကို အားကိုး၍မရနိုင်တော့ ဟု ဆုံးချက်လိုက်ခြင်းကတော့ သေချာနေပါသည်။ ဤသို့ ဆိုလျှင် (၂)နှစ်ခန့်အချိန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အချိန်ပေးဆောင်ရွက်ခဲ့သော သူရဦးရွှေမန်း နှင့် မဟာမိတ်ဝင်ရိုးတန်းတည်ဆောက်ရေးဗျူဟာကြောင့် မည်သည့်အကျိုးအမြတ်များ ထွက်လာခဲ့ပါသနည်း။ ဤသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ 

သူရဦးရွှေမန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို အကျိုးရှိရှိ အသုံးချ၍ အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံမှုများတွင် ဒေါ်အောင် ဆန်းစုကြည်သည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပါသည်။ တစ်ဘက်သတ်ဆန်သော၊ အာဏာရှင် ဆန်လာသော လွှတ်တော်၏ အုံနှင့်ကျင်းနှင့် လုပ်ဆောင်မှုများတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေ မန်း ဘက်က ရပ်တည်ပေးခဲ့ပါသည်။ အမြင်သာဆုံး ဥပမာ ပြရလျှင် သူရဦးရွှေမန်း၏ သားများ ၀င်ရောက် လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းအော်ပရေတာလိုင်စင် ချထားပေးရေးကိစ္စတွင် အရေးကြီးအဆို တင်သွင်း၍ ကြားဝင်ရန် ကြိုးပမ်းခဲ့ရာ၌ NLD ပါတီသည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပြီး NLD အမတ် ဦးဝင်းမြင့် (ပုသိမ်)က တက်ကြွစွာ တိုက်ပွဲဝင်ပေးခဲ့ပါသည်။ တရား ဥပဒေစိုးမိုးရေးကို ဦးဆောင် ရမည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ သည် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခဲ့ ရာတွင် သူရဦးရွှေမန်းဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါသည်။ 

မဟာမိတ်ဝင်ရိုးတန်း စိတ်ကူးဖြင့် လွှတ်တော်၏ လိုအပ်ချက်များ၊ မှားယွင်းမှုများကို တစ်စုံတစ်ရာ ထောက်ပြ ပြောကြားခြင်း မပြုခဲ့ဘဲ အစိုးရအား အတိုက်အခံပြုမှုများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော ဦးသိန်းစိန် အစိုးရအား အကောင်းမမြင်ကြရန်၊ ရင်းနှီးမြုပ်နှံမှုများ ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ပြီးမှ ၀င်ရောက်ကြရန် နိုင်ငံ တကာကို ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပြီး အစိုးရနာမည်ပျက်စေရန် ကန်ပိန်းချဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်သားများ နိုင်ငံရေးတွင် ၀င်ရောက်ပါဝင်ခြင်း မပြုသင့်ကြောင်း ကြိမ်ဖန်များစွာ ၀ါဒဖြန့်ချိခဲ့ပါ သည်။ 

အချိန်လွန် ဒိုင်ယာလော့

ယခုအချိန်တွင် ၀င်ရိုးတန်း အလုပ်မဖြစ်နိုင်တော့ ဟု သိရှိလာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်ခဲ့ပါသနည်း။ သူရဦးရွှေမန်းသည် လွှတ်တော်ကို ထိန်းထားသူ ဖြစ်၍ ဖွဲ့စည်းပုံပြင်ဆင်ရေး တွင် အခရာကျပါသည်။ ထို့ကြောင့် သူရဦးရွှေမန်းဖက်ကို ပုံအောရမည် ဟု တွေးတောခဲ့သော အတွေးအမြင်များ တက်တက်စင်အောင် လွဲချော်ခဲ့ပြီ ဟု ဆိုချင်ပါသည်။ တစ်ဖက်ဖက်ကို ရွေးချယ်မှု ပြုရာတွင် သူရဦးရွှေမန်း တစ်ဖက်တည်းကိုသာ ပုံအောလိုက်သော အလောင်းအစားကို မှားသည်ဟု မပြောလိုပါ။ သို့သော်လည်း ပါဝါကြီး(၂)ခုအကြား သမမျှတအောင် လိမ္မာပါးနပ်စွာ ကစားရန် လိုအပ် သည်ကို သိရှိခဲ့ပါလျက် တစ်ဖက်တည်းကို ပုံအောခဲ့ခြင်း၏ ရလဒ်သည် ယခုမြင်တွေ့နေရသည့်အတိုင်း အချည်းနှီးသာ ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တွေးခေါ်ယူဆမှု၊ ဆုံးဖြတ်ချက်ချမှတ်မှု တို့သည် နိုင်ငံနှင့် ပြည်သူအတွက် အထူးပင် အရေးကြီးပါသည်။ အများကလည်း အားကိုးတကြီး ယုံကြည်မှုကြီးစွာဖြင့် မျှော်လင့်နေခဲ့ကြပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ၏ မျှော်လင့်ချက်များကို ကြေမွစေခဲ့သော ခြေလှမ်းမှားများ လှမ်းခဲ့ပြီး ဖြစ်ပါသည်။

ဦးသိန်းစိန်နှင့်ရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ပါ နီးကပ်မလာဘဲ ပို၍ပို၍ ဝေးကွာခဲ့ရခြင်း၏ တရားခံသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာလျှင် ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အကွက်မှားရွှေ့မှုများကို ပြန်လည်ဘွာခတ်၍ မရနိုင်ပါ။ စတေးလိုက်ရသည်မှာ ပြည်သူများ၏ မျှော်လင့် ချက်များအထိ ဖြစ်လာနိုင်ပါသည်။ ယခုကဲ့သို့ သူရဦးရွှေမန်းနှင့် လွှတ်တော်က အားကိုးအားထား ပြု၍ မရနိုင်သော အချိန်လွန်ကာမှ ဦးသိန်းစိန်ထံ စာရေးတောင်းဆိုခြင်းသည် သင့်လျော်ပါ၏လော ဟု မေးခွန်း ထုတ်လိုပါသည်။ ဒိုင်ယာလော့လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ရှေးဦးစွာ နားလည်မှု တည်ဆောက်ခြင်း ရှိပါ သည်။ ဒုတိယအဆင့်အနေဖြင့် ယုံကြည်မှုတည်ဆောက်ခြင်းသို့ ကူးပြောင်းရပါသည်။ ယင်းနောက် တတိယအဆင့်တွင်မှ စေ့စပ်ညှိနှိုင်းခြင်း အမှုကို ပြုရပါသည်။ ဤအချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားသည့် “ဟင့်အင်းကို ကျော်ဖြတ်ခြင်း” စာအုပ်တွင် ပါရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသီအိုရီများကို လက်တွေ့အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ 

သူရဦးရွှေမန်းဖက်ကို ပုံအောခဲ့သော အလောင်းအစားဖြင့် နားလည်မှုများ ပိုမိုလွဲမှားစေရန် ဆောင်ရွက် ခဲ့ပါသည်။ ယုံကြည်မှုများ ပြိုကွဲစေရန် ဆောင်ရွက်ခဲ့ပါသည်။ အနေဝေးကွာစေရန်လည်း ဝေဖန်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဆက်ဆံရေးအခြေအနေ ဆိုးဆိုးရွားရွား ဖြစ်စေရန် အချိန်ယူ၍ တည် ဆောက်ခဲ့ပြီးမှ ဒိုင်ယာလော့ လုပ်လိုသော သဘောမှာ နားလည်ရခက်နေပါသည်။ သူရဦးရွှေမန်းဖက်သို့ အချီကြီး ပုံအောထားသူ တစ်ယောက်ကို သမ္မတနှင့် တပ်ချုပ်က မည်သို့ သဘောထားမည် ဟူသည်ကို လည်း အထူးတလည် စဉ်းစားနေစရာ မလိုပါ။ 

ဒေါ်အောင်ဆန်းစုကြည်သာ ဦးသိန်းစိန်အစိုးရ နိုင်ငံတကာအလယ်တွင် အမှတ်လျော့အောင် မလုပ်ခဲ့ဘဲ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ပေးခဲ့ပါက ယခုထက်ပိုမိုသာလွန်သော စီးပွားရေးအခြေအနေတစ် ရပ်ရပ်ကို ရရှိချင် ရရှိနေပါလိမ့်မည်။ တပ်မတော်နှင့် ပိုမိုဝေးကွာစေမည့် တွန်းအားကို မသုံးခဲ့ဘဲ ဆွဲအားကို သုံးခဲ့ပါလျှင် ယခုထက်ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို ရရှိချင် ရရှိနေပါလိမ့်မည်။ နားလည်ရခက်နေ သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်းဘက်ကို ပုံအော နိုင်ခဲ့သလိုမျိုး မည်သည့်အတွက်ကြောင့် သမ္မတနှင့် တပ်မတော်ကို စည်းရုံးရမည် ဟု မတွေးတော နိုင်ခဲ့ပါသနည်း။ ပါဝါကြီးများအကြား ကစားနိုင်လျှင် ကစားနိုင်သလောက် အကျိုးအမြတ်ထွက်နိုင်သည့် ကြားခံပါဝါကြီး တစ်ရပ် ဟူသော ပါဝါနိုင်ငံရေးကို မည်သည့်အတွက်ကြောင့် အရှုံးထွက်အောင် ကစားခဲ့ ပါသနည်း  ဟူ၍ ဖြစ်ပါသည်။ ပြည်သူကို ဦးဆောင်နေသော ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံရေး အတွက်အချက် မှား၍ မရပါ။ မှားခဲ့သော နိုင်ငံရေးကစားကွက်ကို ပြန်ပြင်၍ မရနိုင်ပါ။ 

ယခုအချိန်တွင် မည်သူ ရှုံး၍ မည်သူနိုင်သနည်း တွက်ချက်ကြည့်နိုင်ပြီ ဖြစ်ပါသည်။ သမ္မတလည်း မရှုံးပါ၊ တပ်မတော်လည်း မရှုံးပါ။ သူရဦးရွှေမန်းလည်း မရှုံးပါ။ တစ်ကယ်တမ်း အရှုံးပြခဲ့သည်မှာ (၂)နှစ်နီးပါး အချိန်များ ရင်း၍ မည်သည့်အကျိုးအမြတ်မျှ မထွက်အောင် ဟိုလိုလိုဒီလိုလို လုပ်ခဲ့သော NLD ပါတီသာ လျှင် ဖြစ်နေပါသည်။ ဒေါ်စုနှင့် NLD ၏ ရည်မှန်းချက် ပြည့်ဝရန် မည်သည့်ပါဝါကို မည်သို့ကစားသင့်သည် ဟူသော အနိမ့်ဆုံးရွေးချယ်မှုကိုပင် မှန်ကန်အောင် မလုပ်နိုင်ခဲ့သည်ကို ယခုနောက်ဆုံး လေးပွင့်ဆိုင် တောင်းဆိုချက်က သက်သေပြနေပါသည်။ ဤသို့ မှားယွင်းသော ပါဝါနိုင်ငံရေးကို ဒေါ်အောင်ဆန်း စုကြည် ရွေးချယ်ကစားလာခဲ့စေရန် ၀ိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော  NLD ပါတီခေါင်းဆောင်များ၊ အကြံ ပေးများ၊ လွှတ်တော်တွင်းရှိ ဦးဝင်းမြင့်(ပုသိမ်)ဦးဆောင်သော NLD အမတ်များ အားလုံးတွင် တာဝန် ရှိသည် ဟုသာ လက်ညိုးတည့်တည့် ထိုးလိုပါသည်။ နိုင်ငံရေးဆုံးရှုံးမှုနှင့် နိုင်ငံရေးကစားကွက် အမှား အတွက် ဒီထက်မက ထိုးသင့်သည် ဟုသာ ထင်မြင်မိပါတော့သည်။ 

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၈) မှ ကူးယူဖော်ပြသည် 
 












NLD ပါတီရဲ့ ပါဝါနိုင်ငံရေး ဘာတွေ မှားခဲ့သလဲ
**************************************
 နေထက်နီ 
သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြို ကွဲသွားသလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးလေးကြီး
 လေးပွင့်ဆိုင် ဒိုင်ယာလော့တောင်းဆိုမှုသည် သူရဦးရွှေမန်း- ဒေါ်စု မဟာမိတ် အတွဲ ပြိုကွဲသွားပြီဟု အဓိပ္ပါယ် ဖော်နိုင်မည်လား။ သူရဦးရွှေမန်းသည် စစ်အစိုးရတွင် နံပတ်(၃)ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ၂၀၀၇-၂၀၀၈-၂၀၀၉ နိုင်ငံရေးကိစ္စများကို ကိုင်တွယ် ခဲ့သူဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဆိုပါသည်။ 
၂၀၀၇ တွင် ရွှေဝါရောင် တော်လှန်ရေးနှင့် ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့ သည်။ မကြာသေးခင်ကပင် ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေက သူရဦးရွှေမန်းကို သက်သေထား၍ ရွှေဝါရောင် တော်လှန်ရေးဖြစ်စဉ်ကို ရှင်း လင်း ခဲ့ပါသည်။ အမျိုးသားလွှတ်တော်နာယက ဦးခင်အောင်မြင့်သည် အတိုက်အခံနိုင်ငံရေး သမားများနှ င့်ပတ် သက် လာလျှင် အမြင်စူးရှသူဖြစ်ကြောင်း၊ အတိုက်အခံနိုင်ငံရေးသမားများအပေါ် သူရဦးရွှေမန်းဦးစီး၍ ဆုံးဖြတ် သော နိုင်လုံဟု ခေါ်သည့်အစည်းအဝေးများတွင် ဦးခင်အောင်မြင့် အစဉ်အမြဲတက်ရောက် ပါဝင် ခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပြသည်။ 

Tuesday, December 3, 2013

အသေထွက် ကျော်သူ


“ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊
 ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏
 နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်း
ဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီ
အတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့
သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော
သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့်
 ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။

“ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားလုံးသည်လည်း ကျွန်တော်၏ဘဝ တစ်ဆစ်ချိုးကို ပြောင်းလဲ
ပစ်နိုင်သော အဖိုးတန် ဒဿနတစ်ခုဖြစ်ခဲ့သည်။ ယင်း စကားလုံးသည်လည်း ကျေးဇူးရှင် အဘ ဆရာကြီး မင်းသိင်္ခ၏ “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုထဲတွင် ပါဝင်သောစကားလုံးဖြစ်သည်။ ယင်း “သူတော်စင်
မလေးပုဏ္ဍရိက” ဝတ္ထုအားလည်း ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းသမီး ထွန်း အိန္ဒြာဗိုလ်
 ဖြင့်ရိုက်ကူး၍ အောင်မြင်ခဲ့သည့် DVD ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်တေး
သီချင်းအားလည်း တေးရေးဆရာ နိုင်မြန်မာမှ ရေးဖွဲ့ပေးခဲ့သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု (၇)ဆု ရရှိခဲ့သော ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ကျွန်တော်၏ ဖခင်ကုမ္ပဏီဖြစ်
သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ၏ မိဘမေတ္တာ သရုပ်ဖော်သည့် တေးသီချင်းအားလည်း တေးရေး နိုင်မြန်မာမှ သီကုံးရေးဖွဲ့ပေးခဲ့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ခေတ်သမိုင်းဝင်ခဲ့သော (၈၈) အရေးအခင်းကာလမှ စ၍ ယနေ့တိုင် ဂန္တဝင်ကျောင်းသားသီချင်းဖြစ်သည့် “ကမ္ဘာမကြေဘူး” သီချင်းကြီးအားလည်း ကိုယ်တိုင်
 ပြည်သူလူထုနှင့် ထပ်တူခံစား၍ ရေးဖွဲ့ခဲ့သူသည်လည်း တေးရေးဆရာ နိုင်မြန်မာ ဖြစ်တော့သည်။

ထိုထိုသော တန်ဖိုးမဖြတ်နိုင်သော ဂန္တဝင်သီချင်းများအား ရေးဖွဲ့ခဲ့သည့် အစ်ကိုကြီးဖြစ်သူ နိုင်မြန်မာနှင့် ကျွန်တော် မဆုံစည်းခဲ့ရသည်မှာ (၁ဝ) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ယခု ကျွန်တော်ကိုယ်တိုင် လူမှုရေးသမား
တစ်ယောက် ဖြစ်လာသော အချိန်ကာလတွင် ကျွန်တော်သည်လည်း လူမှုရေးသမားများ၏ ခံစားချက်များ၊
 ပြည်သူလူထုတို့၏ဘဝများနှင့် ထပ်တူကျကာ ပြည်သူလူထုကိုယ်စား၊ လူမှုရေးအသင်းအဖွဲ့ များ ကိုယ်စားရေးသားခဲ့ဖူးသော ဆောင်းပါးများ၊ အင်တာဗျူးများအားပေါင်းစီး၍ ထုတ်ခဲ့သော “ကျွန်တော် သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်ဟူ၍ ပဉ္စဂံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။ ယင်း “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်အား ကျွန်တော်၏ အသက် (၅၄) နှစ်မြောက် မွေးနေ့အဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ရာ ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ ကျေးဇူးရှင်များ၊ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်များနှင့် စာပေပညာရှင်များ အား ဖိတ်ကြားခဲ့ရာတွင် တေးရေးဆရာ နိုင်မြန်မာ ပါဝင်ခဲ့သည်။ ထိုအချိန်တွင် တေးရေးဆရာ နိုင်မြန်မာ သည် ကျန်းမာရေးကြောင့် ကြွရောက်နိုင်ခြင်း မရှိခဲ့ချေ။ ကျွန်တော်သည်လည်း ထိုစာအုပ်မိတ်ဆက်ပွဲအပြီး ကချင်ပြည်နယ်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကရင်ပြည်နယ်များသို့ ဗြဟ္မစိုရ်ခြေလှမ်း ပရဟိတဟောပြောပွဲ ဖိတ်ကြားထားသည့်အတွက် မအားလပ်ခဲ့ချေ။ ကျွန်တော်ရန်ကုန်မြို့သို့ ၂၈.၁၁.၂ဝ၁၃ ရက်နေ့ ညအချိန် တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နားချိန်မရှိ အများအကျိုးကိစ္စရပ်များအား လုပ်ကိုင်ခဲ့ရာ ယနေ့ ၃ဝ.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ကျွန်တော်ထံ အစ်ကိုကြီးဖြစ်သူ တေးရေး နိုင်မြန်မာ ရောက်ရှိ လာခဲ့တော့သည်။ ကျွန်တော့်အား “ကျုပ်တို့လူကြီး (ကိုကျော်သူ) ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရ” ဟု ရေးသားထားသော “အသေထွက်” ဟူသော ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ် လာရောက်ပေး ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဂန္တဝင် တေးရေး နိုင်မြန်မာ ရေးဖွဲ့ပေးထားသော “အသေထွက်” ဟူသော ကဗျာ အား အများပြည်သူတို့ထံသို့ ကျွန်တော်ချပြမိပါတော့သည်။

အသေထွက်
***********
လူနဲ့လူချင်းတောင်မှ
အင်အားနဲ့နင်းခြေ
အာဏာတွေနဲ့ အော်ငေါက်
ဓနငွေနဲ့ ပစ်ပေါက်ပြီး
ချော့တစ်ခါ ခြောက်တစ်လှည့်မို့
သူရို့တွေ ခြေဖဝါးအောက်
ရောက်မြဲတိုင်း ဘဝတွေ

အခုတော့ဖြင့် “ပြီးပါပြီ”… လေ
ကမ္ဗည်းစာတွေကို ကဗျာတွေစီလို့
ငါမသေမီ ရောက်အောင်ပို့ခဲ့မယ်
ချို့ငဲ့သူတွေ …

ဘယ်သူသေသေ
“ဒူဝေဝေ”… ကြေးစည်ထုပါလို့
သွားလေသူတို့ရဲ့ နောက်ဆုံးခရီးမှာ
အတန်တန်ကြီးသာ… မှာလိုက်ချင်ရဲ့
သည်းခြေမဲ့ သတ္တဝါတွေလို
နင်တို့တွေ အမှတ်မရှိ
နောက်တစ်ခါ ပြန်မလာမိကြစေနဲ့
မခင်တွယ်လေနဲ့တော့… ဒီတိုင်းပြေ

နာကျည်းစရာတွေနဲ့သာ ပြည့်နှက်လို့
အဲဒီလူတွေလက်အောက်က
အသေထွက်ရရှာတဲ့ ဘဝတွေ
လွတ်ရာကိုသာ သွားကြပေတော့
နင်တို့တွေ သေလို့ပြီးတဲ့နောက်
ငါ့အလှည့်ရောက်တဲ့အခါ
မငဲ့မညှာ
ဆက်ဆက်သာ.. လိုက်လာခဲ့မှာမို့
ကြေးစည်ကိုသာ… နာနာထုပါလို့
ငါတို့လူ.. ကျန်သူတချို့ရယ်က
တစ်လှည့်… ငါ့ကိုပို့ ။

နိုင်မြန်မာ
၂၉ နိုဝင်ဘာ ၂ဝ၁၃
(ကျုပ် တို့ လူ ကြီး “ ကို ကျော် သူ ” ၅ ၄ နှစ် ပြည့် မွေး နေ့ အ မှတ် တ ရ)
- See more at: http://www.dawnmanhon.com/2013/11/blog-post_30.html#sthash.g6I65QA5.yeVMr3DV.dpuf

၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ဆန်ကာတင်စာရင်း

မောင်(စွယ်စုံကျမ်း) ဖေ့စ်ဘွတ်မှာ တင်ထားတာမှာ ကွန်မန့်တွေပါ တင်ပေးလိုက်ပါတယ်....
*****************************************************************

၁။ ဗိုလ်ကလေးသန်းရွှေ (စိုးရိမ်မိတယ်)
၂။ လေးလေးမန်း (အစစ်ခံနိုင်တယ်ဟေ့)
၃။ အန်ကယ်စိန်စိန် (လိုရင်တော့ လုပ်မှာပေါ့လို့)...
၎။ မိုက်ကယ်အောင်မင်း (တိုက်တွေရောင်းပြီး ဆွဲနေရတာ)
၅။ ကောလိပ်ဂျင်စိုးသိန်း (မှားတာရှိရင် တောင်းပန်ပါတယ်)
၆။ မြန်မာပြည်ရဲထွဋ် (ရယ်ရတယ် ဗြဲ)
၇။ မောင်မောင်ညွန့် (ကြီးနေပြီမို့ လုပ်တော့ဘူး)
၈။ တွံတေးတေဇ (တစ်ခါက မိုက်ခဲ့တယ်)
၉။ မလိခမိုးသီးဇွန် (အဝေးကပဲ ချစ်မယ်)
၁ဝ။ Little ၈၈ (ယောင်ခြောက်ဆယ်)
၁၁။ ဘဘကာချုပ် (ဟင့်အင်း တွေ့ချင်ဘူး)
၁၂။ လေဒီစု (ကမ္ဘာပတ်ပြီး ဆုယူမယ်)
၁၃။ ဂွမ်မော် (နေ့ရွေ့ညရွေ့)
၁၄။ R မြင့်ဆွေ (သက်သေရှိရင် လုပ်လေ)
၁၅။ လွှတ်တော် (အိပ်စက်ခွင့်ပြုပါ)
၁၆။ တပ်မတော် (မဖယ်ဘူး)
၁၇။ ဒီချုပ် (ရန်ပုံငွေလေးပါ)
၁၈။ ကူညီပါရစေ (စိတ်ကောင်းရှိလို့ ကျေးဇူးနော်)
၁၉။ ပြည်ခိုင်ဖြိုး (ဖဲကြိုးပဲဖြတ်မယ်ဟေ့)
၂ဝ။ ဒုက္ခသည် (ဘယ်သူ့ အဖေခေါ်ရမလဲ)
၂၁။ Royal EPC (ရမလားလို့ လုပ်ကြည့်တာ)
၂၂။ ဂလိုဘယ် MPT (ဒိုးရတော့မယ် အချစ်ရယ်)
၂၃။ ဝမ်ပေါင် (ထွက်နိုင်ဘူးဗျို့)
၂၄။ ဆန္ဒပြသူ (နေ့တွက်ကိုက်လို့)
၂၅။ UNFC (ဒါဆိုဒါပဲ)
၂၆။ မီဒီယာ (ဖွလိုက်ကြစို့ တူတူ)
၂၇။ ပြည်သူ (သေမထူး နေမထူး)

ထပ်ဖြည့်စရာ ဘာကျန်သေးလဲ?


Sarlar8 << Pho Shann >>

 
== ကွန်မန့်များ ==

  • ဇော်မင်း (ပိုလို့ရောင်းစားမယ်)
  • တိုတိုလှိုင် (မှောင်နေရင်လေ ဖယောင်းထွန်းလိုက်)၊
  • ညစ်မြင့်ဆွေ (အရှုံးခံထားလို့ ကျေးဇူးတင်ပေးပါ)
  • အမေညွန့် (တာဝန်ယူရင်၊ပြောရဲတယ်)
  • စိန်အောင်မင်း (ကြောက်ရပါတယ်..တရုတ်ကို)
  • စိန်အောင်မင်းအဖွဲ့ (ငြိမ်းချမ်းရေးနှင့်ကားပါမစ်)
  • ဆိုးသိမ်း (၄လနဲ့အပြီးဆောက်မယ့် ဂုံးကျော်)၊OIC (ဇွတ်ဝင်မယ်)
  • စစ်ပြေး ( ယူပါကယ်ပါဦး မပြောချင်ဘူး ) 
  • မောင်စွယ်စုံကျမ်း - မဖွရင် မနေနိုင်တာကလွဲလို့
  • လေဒီစု (ကမ္ဘာပတ်ပြီး ဆုယူမယ်)
  • ပြည်ပရောက်မြန်မာများ ( ဟိုပြေး သည်ပြေး ) 
  • ရိုက်စား...(ပြည်ပမြန်မာပြည်သံရုံး)
  • မေမြတ်မွန်(ဆိုကြမယ်ဖော်ကြမယ်)
  • ကန်တင် တဲ့နွား (ဒီရပ်ကွက်ကို နောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး)
  • OIC ( မျက်ရည်ပြဇတ်)
  • အနောက်ဖက်ကညိုညင်ချာ ( ကမ္ဘာကြီးကိုဘတ်ပြမယ်)
 
  •  စိုးမြတ်သူဇာ(ဆေးချမှားတဲ့ည)
  • OIC ( သွားဖောက်မယ် မယားခြောက်ဆယ်)
  • ကိုကိုလှိုင်(ဖယောင်းတိုင် ချစ်သူ)
  • ဝန်ထမ်းများ မျှော်တလင့်လင့်
  • တပ်သား( အဘကြောက်လို့ပါ..)
  • မဆုံးနိုင်အုန်းမြိုင်(တထောင့်တညပုံပြင်များ)
  • အကောင်းမကုန် အကုန်းမကောင်းတာကို ပြောတာနော်--:)
  • မြင့်လှိုင်(မစားရသောထမင်းတနပ်)
  • Miss Myanmar (vote ပေးကြပါ)
  • လေဒီစု အကယ်ဒမီရမှာပါ သရုပ်ဆောင်ပီပြင်လွန်းလို့
  • ဘုန်းဘုန်း ( မီးတောင်ကိုအန်တုမယ်)
  • ဖိုးလမိုက် ပြန်ပြောရင်ပါးရိုက်မယ်
  • ဦးကိုနီ(အနာဂတ်အတွက် မျှော်လင့်ချက်)
  • မိုးစက်ဝိုင် (သွားပုပ်လေလွင့်)
  • လူမင်း (ဥက္ကဌကြီးရဲ့တာဝန်)
  • ရုပ်ရှင်အနုပညာရှင်များ(မေ့ကွက်ကိုရှာ)
  • ပညာရေး ခေတ်မီအဆင့်မြင့်မျှော်တလင့်လင့်
  • သားလပြည့်..လန်းရင်လာထားအကုန်ဝါးမယ်
  • Miss universe( like များများလုပ်မယ်)
  
  • ဂလိုဘယ် MPT (ဒိုးရတော့မယ် အချစ်ရယ်)
  • UN (သူတို့ဆန်စားထားတာကြောင့် နိုင်ငံသားဖြစ်ခွင့်ရအောင်တောင်မယ်)
  • MPT -(အဝိုင်းလေး လည်နေတာရပ်ပေးပါ)
  • Fb ‌ပေါ်က admins မျာ့း (ဖွကြမယ်‌‌ဟေ့‌ကောင်း‌ကောင်း)
  • မလေးမှပြေးမယ် [ကုလားကြောက်လို]
  • ဘသန်းရွှေ ( သွားမယ် ငရဲပြည်)
  • သခိုးကြီးမိုးမှောင် ရဲ. (တောင်းဆိုချင်တယ်)
  • အဘကြိုင်..ဥပက္ခာလောကသား
  • အောင်းမင်း နောက်ထပ်မညာပါနဲ့