Saturday, December 7, 2013
ယမကာ ဒဿန
ယမာလုလင် စည်းစိမ်ရှင် ဘော်ဒါအပေါင်းတို့  ..............
ဘီယာသည် အရက်မဟုတ်
နီလာသည် အနက်မဟုတ် ဆိုကြသော်လည်း.....
ဘီယာသောက်လျှင် ကြာတတ်သဖြင့် ပုဆိုးခဏခဏ လန်ပါမည်။
နီလာကျောက်တွင် အပြာဓာတ်ဖြင့် အဖိုးတစ်စတစ်စ တန်ပါသည်။
အမြည်းကြွပ်ရွမှ ဘီယာနှင့် အစပ်တည့်သည်။
ဇနီးရွတ်တွက နီလာနှင့် အဟပ်မဲ့မည်။
အပြင်းကို ဘီယာရောလျှင် အယစ်မြန်သည်။
ထမင်းကို အရည်မပါ မျှောလျှင် တစ်ခံမည်။

အပြင်းချရန် ရေဆောင်ထားရပါမည်။
ထမင်းဝရန် ကြေအောင် ဝါးရပါမည်။
စိတ်နိုင်သည်လို့ အပြင်းချည်းလည်း မချသင့်။
သိပ်ပိုင်သည်လို့  မင်းသမီးလည်း မစသင့်။
အပြင်းချည်းချလျှင် ရန်စကားငြိ၍ ဆွဲထိုးတာ ခံရနိုင်သည်။
မင်းသမီးစလျှင် အမှန်သနားမိ၍ လှည်းကျိုးမှာ စံရနိုင်သည်။
ချဉ်သည် ထင်ကာမျှ မယစ်နှင့်။
ယဉ်သည် မြင်ကာမျှ မချစ်နှင့်။
ဂျင် ( gin ) အရည်ဝင်ကာမျှ မရစ်နှင့်။
ချဉ်တိုင်းလည်း သေရည်မဟုတ်၊
ဘီယာသည် အရက်မဟုတ်
နီလာသည် အနက်မဟုတ် ဆိုကြသော်လည်း.....
ဘီယာသောက်လျှင် ကြာတတ်သဖြင့် ပုဆိုးခဏခဏ လန်ပါမည်။
နီလာကျောက်တွင် အပြာဓာတ်ဖြင့် အဖိုးတစ်စတစ်စ တန်ပါသည်။
အမြည်းကြွပ်ရွမှ ဘီယာနှင့် အစပ်တည့်သည်။
ဇနီးရွတ်တွက နီလာနှင့် အဟပ်မဲ့မည်။
အပြင်းကို ဘီယာရောလျှင် အယစ်မြန်သည်။
ထမင်းကို အရည်မပါ မျှောလျှင် တစ်ခံမည်။

အပြင်းချရန် ရေဆောင်ထားရပါမည်။
ထမင်းဝရန် ကြေအောင် ဝါးရပါမည်။
စိတ်နိုင်သည်လို့ အပြင်းချည်းလည်း မချသင့်။
သိပ်ပိုင်သည်လို့  မင်းသမီးလည်း မစသင့်။
အပြင်းချည်းချလျှင် ရန်စကားငြိ၍ ဆွဲထိုးတာ ခံရနိုင်သည်။
မင်းသမီးစလျှင် အမှန်သနားမိ၍ လှည်းကျိုးမှာ စံရနိုင်သည်။
ချဉ်သည် ထင်ကာမျှ မယစ်နှင့်။
ယဉ်သည် မြင်ကာမျှ မချစ်နှင့်။
ဂျင် ( gin ) အရည်ဝင်ကာမျှ မရစ်နှင့်။
ချဉ်တိုင်းလည်း သေရည်မဟုတ်၊
ယဉ်တိုင်းလည်း ပြေသည်မဟုတ်၊
ဂျင် ( gin )တိုင်းလည်း ထွေသည်မဟုတ်။
မစားဘဲကို မသောက်လင့်၊
မစားဘဲကို မသောက်လင့်၊
မပေါက်ဘဲကို မမြူးလင့်၊
မမူးဘဲကို မကြောင်လင့်၊
မမှောင်ဘဲကို မပြန်လင့်၊
မတန်ဘဲကို မမျှော်လင့်၊
မခေါ်ဘဲကို မထိုင်လင့်၊
မခေါ်ဘဲကို မထိုင်လင့်၊
မပိုင်ဘဲကို မပြောလင့်၊
မရောဘဲကို မမော့လင့်၊
မအော့ဘဲကို မအန်လင့်၊
တန်ရုံသောက်သော် ဆေးဖြစ်၏။
မှန်ရုံပေါက်သော် တေးဟစ်၏။
တစ်ဖန်တုံလည်း ဇနီးမယား သမီးသားကို ငဲ့ညှာသော အားဖြင့်.........
စိတ်ခိုင်သူနှင့်ပေါင်း၊ အလောင်းအစားကို ရှောင်၊
မှန်ရုံပေါက်သော် တေးဟစ်၏။
တစ်ဖန်တုံလည်း ဇနီးမယား သမီးသားကို ငဲ့ညှာသော အားဖြင့်.........
စိတ်ခိုင်သူနှင့်ပေါင်း၊ အလောင်းအစားကို ရှောင်၊
ရန်စောင်သူကို ခွာ၊
ရန်ရှာသူကို ကြဉ်၊
ရန်မင်သူကို ပစ်၊ မာန်ယစ်သူကို တိမ်း၊
အချိန်းအချက်ကို
လျှော့၊ မပေါ့မပါးကို ညှာ၊
ဝေယျာဝစ္စကူ၊ သာတူညီမျှစား၊
စကားချိုသာပြော၊
ရေရောကျင့်ကို လုပ်၊
အပုပ်ချိန်ကျမှ ထွက်။
ထန်းလျက်နှင့် ချက်သည်လို့ တောအရက်ကိုလည်း မစမ်းသင့်၊
ကျွမ်းလျက်နှင့် ရှက်သည်လို့ ဇောရမ္မက်ကိုလည်း မကြမ်းနှင့်။
တောအရက်ကို စမ်းလျှင် ဖောသွပ်သည်။
ဇောရမ္မက်ကို ကြမ်းလျှင် ကောလွှတ်မည်။
အရပ်၊ အနား၊ အလျော့၊ အတင်း၊ အကင်းပါးပါစေ။
သောက်ချင်ပြု၍ ငုံ၊ စုံချင်ပြု၍ ချိန်း၊
အပုပ်ချိန်ကျမှ ထွက်။
ထန်းလျက်နှင့် ချက်သည်လို့ တောအရက်ကိုလည်း မစမ်းသင့်၊
ကျွမ်းလျက်နှင့် ရှက်သည်လို့ ဇောရမ္မက်ကိုလည်း မကြမ်းနှင့်။
တောအရက်ကို စမ်းလျှင် ဖောသွပ်သည်။
ဇောရမ္မက်ကို ကြမ်းလျှင် ကောလွှတ်မည်။
အရပ်၊ အနား၊ အလျော့၊ အတင်း၊ အကင်းပါးပါစေ။
သောက်ချင်ပြု၍ ငုံ၊ စုံချင်ပြု၍ ချိန်း၊
ယိမ်းချင်ပြု၍ မူ၊ ထူချင်ပြု၍ ဖား၊
အားချင်ပြု၍ ခေါ်၊ မျှော်ချင်ပြု၍ ဆွယ်၊
ရယ်ချင်ပြု၍ မြူး၊ မူးချင်ပြု၍ အိမ်စောစောပြန်လော့။
နောက်တစ်နည်း ရှင်းရလျှင်........
သောက်လုံးအကြီးချင်း မပြိုင်သင့်။
ကျောက်တုံးအနီးလည်း မထိုင်နှင့်။
သောက်လုံးအကြီးပြိုင်သော် ဇိုးသမားမောင်များ ကြိုက်လိမ့်မည်။
ကျောက်တုံးအနီးထိုင်သော် ပိုးမွှားကောင်များ ကိုက်လိမ့်မည်။
အရက်ပြင်းကို သောက်သော် အမြည်းစားသင့်သည်။
သမက်ဖျင်းကို ငေါက်သော် သမီးနားစွင့်မည်။
အမြည်းကို လိုချင်သော် မခက်ရေးချ မခက်ပါ။
သမီးကို ငြိုငြင်သော် သမက်ပြေးက ရှက်စရာ။
ချည်ရည်ဟင်းမှ အမြည်းဖြစ်နိုင်သည်။
လင်ကွေကွင်းက သမီးချစ် မှိုင်မည်။
အရက်အမျိုးအစားမှန်က ဝယ်ရခက်သည်။
သမက်မရိုးမသားကြံက ခယ်မ ရှက်မည်။
ဝယ်ရလွယ်လျှင် အရက်မူးကာ အလုပ်ပျက်မည်၊
ခယ်မငယ်လျှင် သမက်မြူးက အအုပ်ခက်သည်။
ဘီယာမော့တိုင်း ပျို့ အန်သည်မဟုတ်၊
မပီကလာ နော့တိုင်း မြို့ ဆန်သည်မဟုတ်။
ဘီယာ မော့ လွန်းလျှင် ဓာတ်ဘူးလို ဝ မည်။
နောက်တစ်နည်း ရှင်းရလျှင်........
သောက်လုံးအကြီးချင်း မပြိုင်သင့်။
ကျောက်တုံးအနီးလည်း မထိုင်နှင့်။
သောက်လုံးအကြီးပြိုင်သော် ဇိုးသမားမောင်များ ကြိုက်လိမ့်မည်။
ကျောက်တုံးအနီးထိုင်သော် ပိုးမွှားကောင်များ ကိုက်လိမ့်မည်။
အရက်ပြင်းကို သောက်သော် အမြည်းစားသင့်သည်။
သမက်ဖျင်းကို ငေါက်သော် သမီးနားစွင့်မည်။
အမြည်းကို လိုချင်သော် မခက်ရေးချ မခက်ပါ။
သမီးကို ငြိုငြင်သော် သမက်ပြေးက ရှက်စရာ။
ချည်ရည်ဟင်းမှ အမြည်းဖြစ်နိုင်သည်။
လင်ကွေကွင်းက သမီးချစ် မှိုင်မည်။
အရက်အမျိုးအစားမှန်က ဝယ်ရခက်သည်။
သမက်မရိုးမသားကြံက ခယ်မ ရှက်မည်။
ဝယ်ရလွယ်လျှင် အရက်မူးကာ အလုပ်ပျက်မည်၊
ခယ်မငယ်လျှင် သမက်မြူးက အအုပ်ခက်သည်။
ဘီယာမော့တိုင်း ပျို့ အန်သည်မဟုတ်၊
မပီကလာ နော့တိုင်း မြို့ ဆန်သည်မဟုတ်။
ဘီယာ မော့ လွန်းလျှင် ဓာတ်ဘူးလို ဝ မည်။
မပီကလာနော့လွန်းလျှင် ဆတ်စလူးလို ရွသည်။
သောက်မှ ရွှင်သည်မဟုတ်ပါ၊
ပေါက်မှ ဝင်သည် မဟုတ်ပါ။
မသောက်ဘဲလည်း မိုးအေးလျှင် အလိုလို ရွှင်ပါသည်။
သောက်မှ ရွှင်သည်မဟုတ်ပါ၊
ပေါက်မှ ဝင်သည် မဟုတ်ပါ။
မသောက်ဘဲလည်း မိုးအေးလျှင် အလိုလို ရွှင်ပါသည်။
မပေါက်ဘဲလည်း အတိုးပေးလျှင် အလိုလို ဝင်ပါမည်။
ထူးခြားသည့်သနစ်တို့ ကို ဖွင့်လှစ်ကာ ပြောရပြန်လျှင် .............
ဝိုင်ဖြူမှာ ပြင်သစ် ၊ စပျစ်မှာ ဂျာမနီ ၊ ၀ီစကီမှာ စကော့တလန် ၊
ထူးခြားသည့်သနစ်တို့ ကို ဖွင့်လှစ်ကာ ပြောရပြန်လျှင် .............
ဝိုင်ဖြူမှာ ပြင်သစ် ၊ စပျစ်မှာ ဂျာမနီ ၊ ၀ီစကီမှာ စကော့တလန် ၊
အာမီရမ်မှာ
မန္တလေး ၊ ဆာကေးမှာ ဂျပန် ၊ အရက်ပြန်မှာ ဇေယျဝတီ ၊
တော့ဒီ ( Toddy ) မှာ
ထောက်ကြန့် ၊ ရေသန့် မှာ ဆွစ်ဇာလန် ၊
ဘရန်ဒီမှာ ဂျာမေကာ ၊ ဗော့ဒ်ကာမှာ
ရုရှား ၊ ထန်းရည်ခါးမှာ ပုခန်း ၊
နတ်နန်းမှာ ကိုကြီးကျော် ၊ အပျော်မှာ
တောင်ပြုန်း ၊ ခွက်ပုန်းမှာ ရွာသူကြီး ၊
အမြည်းမှာ ဂေါ်ရင်ဂျီ ၊ အရည်မှာ
ချဉ်ငံစပ် ၊ အဖတ်မှာ မုန်ညင်းချဉ် ၊
အကင်မှာ ငါးကောင်လုံး ၊ အဖုံးမှာ
ကံစမ်းမဲ ၊ ဒိန်ခဲ မှာ နယ်သာလန် ၊
အဆံမှာ သီဟိုဠ်စေ့ ၊ အငွေ့ မှာ ဟော့ပေါ့ ၊
အပျော့မှာ စည်ဘီယာ ၊ အမာမှာ ကြက်ခြေထောက်.....
Credit - သောက်တလွဲ အတွေးအခေါ် ပညာရှင်များ စုဝေးရာ
Credit - သောက်တလွဲ အတွေးအခေါ် ပညာရှင်များ စုဝေးရာ
မိန်းမ၊ ယောက္ခမနှင့် ယောကျာ်း - ဟာသ
ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခုကို
တွေ့လိုက်တယ်။ ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။ ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။ အဲ့ဒီလူရဲ့ နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား သာလေးကပ်သွားပြီး။
“”မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊”"
ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်…
” ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့…”
"‘ မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ…”
” အင်း….ကျွန်တော်မွေးထားတဲ့ ဒီခွေးလေ… ဒီကောင်ကြီးကိုက် လို့ဆုံးသွားတာပေါ့။…”
”ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ…”
” အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။ သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ
တွေ့တော့ ဝင်ကူညီရင်း သူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။”"
နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ် ခဏ အကြာမှာတော့
ကျွန်တော် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်……
” ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ…”
” ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ…”
myanmarcnn
Friday, December 6, 2013
လေးပွင့်ဆိုင်နှင့် သန်းခြောက်ဆယ်
NLD ၏ တောင်းဆိုချက်
အခုရက်ပိုင်းအတွင်းမှာပဲ NLD ပါတီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြီးလေးကြီး လေးပွင့်ဆိုင်
အခုရက်ပိုင်းအတွင်းမှာပဲ NLD ပါတီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြီးလေးကြီး လေးပွင့်ဆိုင်
တွေ့ဆုံဖို့ သမ္မတဦးသိန်းစိန်ဆီကို စာအားဖြင့်
မေတ္တာရပ်ခံမယ် ဆိုတဲ့ ထုတ်ပြန်ချက် သတင်းကို ဖတ်ရ
ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
Compromise လုပ်ဖို့ လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ရပ် ဆိုတဲ့ သဘော
မျိုး
တွေ့ရှိရပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်း
အောင်မြင်နိုင်ဖွယ်ရာ မရှိဆိုတဲ့
ပြောကြားချက်တွေလည်း တွေ့ရှိရပါတယ်။
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးက
“ဒေါ်အောင်ဆန်းစုကြည် တံခါးခေါက်မှားနေပြီ။ ဟိုဘက်က ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ဘယ်ပြင်ပါ့မလဲ။ ဖက်ဒရယ် ပြည်ထောင်စုတောင် မနည်း မလွယ်ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ချင်တဲ့နေရာမှာ သမ္မတ
ပြင်ချင်တာတမျိုး၊ လူထုက
ဖြစ်ချင်တာ တမျိုး၊ တိုင်းရင်းသားတွေက ဖြစ်ချင်တာတမျိုး၊ ဒီမို
ကရေစီ
ဘက်တော်သားတွေက ပြင်ချင်တာက တမျိုး။ တပ်မတော်ဘက်က ဖြစ်ချင်တာက တမျိုး
အမျိုးမျိုးတွေ
ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်
အောင်မြင်ဖို့ ခက်ခဲမယ်ထင်တယ်” ဆိုပြီး
ပြောတာလည်း တွေ့ရပါတယ်။
လူငယ်တွေ လက်ဖက်ရည်ဆိုင်ထဲက ထခဲ့ကြဖို့
"ပျက်စီးခြင်းသို့
ရောက်ကြကုန်သော များစွာသော ပျိုရွယ်သူတို့သည် ညစာစားပြီးသော အချိန်ကစ၍
ပျက်စီးတတ်ကြလေသည်။ ကျော်စောထင်ရှားခြင်းသို့ ရောက်သောသူတို့သည် ညနေအချိန်
ညအချိန် များ၌ လုပ်ကိုင် သင်အံ့လေ့ကျက်ကြ ရလေသည် (သို့မဟုတ်) အကျိုးရှိသော
နေရာဖြစ်စေ၊ မိမိကို ကြီး မြင့်အောင် စွမ်းဆောင်ကူညီနိုင်သူ
တစ်ယောက်ထံမှာဖြစ်စေ အချိန်ကိုကုန်လွန်စေတတ်ကြလေသည်။"
အထက်ပါ စာပိုဒ်သည် တက်ကျမ်းခေါ်လူတို့၏ စိတ္တသတ္တိကို နှိုးဆွပေးသော
စာအုပ်များရေးသားခဲ့သူ ဆရာကြီးပီမိုးနင်း၏ ကမ္ဘာ့မင်တံစာအုပ်ပါ
"အားလပ်သောအချိန်ကလေးများ" ဆောင်းပါးမှ စာတစ်ပိုဒ် ဖြစ် ပါသည်။ ယခုစာစုတွင်
ကျွန်တော်ပြောလိုသည့် အကြောင်းအရာနှင့် ဆက်စပ်နေသဖြင့် ကူးယူ
ဖော်ပြ လိုက်ခြင်း ဖြစ်ပါသည်။
ကမ္ဘာမှာ မြန်မာဟာ အရင်နေရာကို ပြန်ရရမယ်

ဒီဇင်ဘာ ၁ ရက်နေ့က ဗဟန်းမြို့နယ်တွင်ကျင်းပခဲ့သော
ခိုးဝင်ဘင်္ဂါလီအရေးတွင်စွက်ဖက် နေသည့် ကုလသမဂ္ဂကို ကန့်ကွက် ကြောင်း
ဟောပြောပွဲ၌တစ်ချိန် တုန်းက အာရှတွင်ထိပ်တန်းဖြစ် ခဲ့သည့်
မြန် မာနိုင်ငံကိုတိုင်းရင်း သားအားလုံးပြည်ထောင်စုစိတ် ဓာတ်ဖြင့်
ကြိုးစားလျှင်ကမ္ဘာမှာ မြန်မာ သည်အရင်နေ ရာကိုပြန်ရ မည်ဖြစ်ကြောင်း
ရခိုင်လူငယ် တစ်ဦးဖြစ်သည့် အမျိုးသားရေး လှုပ်ရှားသူ ကိုမိုးစက်နီကပြော
ကြားသည်။
အဆိုပါဟောပြောပွဲသို့ အမျိုးသားရေးလှုပ်ရှားသူများ ၃၀၀
ခန့်တက်ရောက်ခဲ့ကြပြီး ၁၉၈၂ နိုင်ငံသား ဥပဒေ ကိုကာကွယ်
စောင့်ရှောက်ရေးနှင့်နိုင်ငံတော်
အစိုးရ၏ရပ်တည်ချက်ကိုထောက် ခံကြောင်း၊ တရားမ၀င်ပြည် ပမှ
ဝင်ရောက်လာသူများကိုလုပ်ကြံ ဖန်တီးထားသောအမည်ဖြင့်ခေါ် ဆိုနေသည့်
မည်သည့်နိုင်ငံပုဂိ္ဂုလ် အဖွဲ့ အစည်းကိုမဆိုကန့်ကွက် ကြောင်း
ဟောပြောခဲ့ကြသည်။
ကိုမိုးစက်နီကပြောကြားရာ တွင် “ဒီနေ့တိုင်းပြည်မှာတိုင်းရင်း သား
(၈)မျိုးစီးနင်းလိုက် ပါနေတဲ့ လှေကြီး ဟာ ရခိုင်နေရာကပေါက်
ပြီးရေများဝင်လာနေပါပြီ။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီးကျန်တဲ့တိုင်းရ င်း သားတွေ ကြည့်နေ ကြမလား။ လှေမြုပ်သွားရင်အားလုံးသေရမှာ။ ဒါကြောင့်ဒီအရေးကိုပြည်ထောင်စု စိတ်ဓာတ်နဲ့ဝိုင်းဝန်း ကာ ကွယ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာကိုကျွန်တော် ရခိုင်အနေနဲ့လာတာမဟုတ်ဘူး။ ဗမာအနေနဲ့လာတာ မဟုတ် ဘူး။
ဒီမှာရှမ်းလူမျိုးတွေ
လည်းရောက်
နေတယ်။ ကျွန်တော်တို့အားလုံး မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့လာကြ တာ၊
အောင်ဆန်းသွေးနဲ့လာတာ၊ ကျွန်တော်တို့လူမျိုးတွေဟာ အေး အေးနေတတ်တဲ့လူတွေပါ။
ဒါပေမဲ့ သိပ်ရန်စလာရင်တော့ ဗျို့ဟစ် ရင်လူကုန်ထွက်တဲ့အမျိုးဖြစ် ကြောင်း
ပြရလိမ့်မယ်။
ခိုးဝင်ဘင်္ဂါလီ အရေး ကိုအစိုးရ ဆုံးဖြတ်တာမှန်သရွေ့ ကျွန်တော်
တို့တစ်သားတည်းရှိတယ်။ နိုင်ငံတော် အစိုးရရဲ့သဘောထား ကိုပြတ်ပြတ်
သားသားထောက်ခံတယ်။ တစ်ချိန် တုန်းကအာရှမှာမြန်မာဟာ ဘယ် နေရာကရှိခဲ့သလဲ။
ရှေး လူကြီးတွေ ပြောတယ်။ ထိပ်တန်းကမြန်မာ ဖြစ်တယ်။
ဒီတော့ကျွန်တော်တို့
ပြည်ထောင်စုစိတ်ဓာတ်နဲ့ညီညီ ညာညာကြိုးစားသွားမယ်ဆိုရင်
ကမ္ဘာမှာမြန်မာအ ရင်နေရာကိုပြန်ရ ရမယ်” ဟုဆိုသည်။ ဗိုလ်ချုပ်ချုပ်
ခဲ့တဲ့ပင်လုံစာချုပ်က ကျွန်တော် တို့ရင်ထဲမှာရှိတယ်။ အခုတိုင်းရင်း
သားတွေအားလုံးအရေးကြီးရင် သွေးနီးဖို့ ဒီမှာစုဝေးနေကြပြီဖြစ် ကြောင်း
၎င်း၏ပြော ကြားချက်ကို ဟောပြောပွဲတက်ရောက်လာသူ များက တခဲနက်ထောက်ခံခဲ့ကြ သည်။
ဇော်မြင့်
မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများ
Thursday, December 5, 2013
ဒါမှမဟုတ်............
အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည် ။
“ ဒေါက်တာ ၊ကျွန်မ ယောက်ျားဟာ သူ့ရဲ့ ယောက်ျားတာဝန်ကို ကျွန်မ ကျေနပ်အောင် မဖြည့် ဆည်းနိုင်ဘူးရှင့်”
ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည် ။
“ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ။ ယောက်ျားကို ခေါ်လာခဲ့ပါ”
ယောက်ျား ရောက်လာသည် ။ ၄င်းကို ဆရာဝန်မ စစ်ဆေးသည်။ ထို့နောက် မေးနေကျ ပုံစံမျိုးဖြင့် မေးသည် ။
“တစ်နေ့တစ်နေ့ အချိန်ဘယ်လို ကုန်တယ်ဆိုတာ ပြောပြစမ်းပါ”
“မနက် ရုံးကို သွားတယ် ။ လမ်းမှာ အသိအမျိုးသမီး တစ်ယောက်က သူ့ကားကို ရပ်ပြီး ၊ ရှင် ရုံးသွား မှာလား ၊ ဒါမှမဟုတ်.." ဆိုပြီး အဓိပ္ပါယ်ပါပါ မေးတယ် ။ ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ရုံးရောက်တော့ အတွင်းရေးမူးမက ကြိုနေပြီး အကိုကြီး ...အလုပ်လုပ်မှာလား ၊..... ဒါမှမဟုတ်.... ဆိုပြီးပြောပြန်ရော။ ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ညနေကျတော့ ကျွန်တော် အိမ်ကို
ပြန်လာတယ်။ ကိုယ့်အိပ်ခန်းကို မဝင်ခင်မှာ ဘေးခန်းက အမျိုးသမီး ထွက်လာပြီး ဘယ့်နှယ်လဲ... အိမ်ကို တမ်းဝင်မှာလား ၊... ဒါမှမဟုတ်... လို့မေးတယ် ။ "ဒါမှမဟုတ်" ကိုပဲ ကျွန်တော်ရွေးလိုက်တယ် ။ .....
ကိုယ့်အိပ်ခန်းထဲ ရောက်တော့ မိန်းမက ရှင်အိပ်မှာလား ၊.....ဒါမှမဟုတ် ဆိုပြီး ကျွန်တော့်အဖြေကို
စောင့်တယ်။ ဒီတစ်ခါမှာတော့ ကျွန်တော် ထိုးအိပ်လိုက်တော့တယ် ။”
အမျိုးသမီး ဆရာဝန်က ချက်ချင်း မေးခွန်းထုတ်သည် ။
“ ကိုင်း ၊ ရှင် ကုမှာလား..၊.. ဒါမှမဟုတ်.......”
Credit - မောင်ကောင်းထိုက်
Subscribe to:
Posts (Atom)


















