Monday, December 9, 2013
==*== မိန်းမတွေနဲ့ပတ်သက်လို့ စိတ်ရှုပ်စရာ (၇) ချက် ==*==
၁။ မိန်းမတွေဟာ ပိုက်ဆံစုဖို့ကို ယုံကြည်တယ်။
၂။ ပိုက်ဆံစုဖို့ယုံပေမယ့် ဈေးကြီးတဲ့အ၀တ်အစားတွေဝယ်တယ်။
၃။ ဈေးကြီးတဲ့အ၀တ်အစားတွေ ၀ယ်ထားပေမယ့်လည်း ၀တ်စရာရယ်လို့ ဘယ်တော့မှ မရှိပြန်ဘူး။
၎။ ၀တ်စရာမရှိဘူးဆိုပေမယ့်လည်း အမြဲတမ်း လှလှပပ၀တ်ကြပြန်ရော။
SEA GAMES MYANMAR Live Wallpaper ( for Android )
ကျွန်တော်တို့အတွက်ဂုဏ်ယူစရာဖြစ်တဲ့ SeaGame
ကို Livewallpaper လေးအဖြစ်ဖန်တီးထားတဲ့ APK
လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ. ဒီကောင်လေးကို
ဖန်တီးထားတဲ့ ကိုကျော်မျိုးမင်း ကိုကျေးဇူးတင်ပါတယ်ဗျာ.
ရွှေမြန်မာတွေအောက်မှာ ဒေါင်းသာဒေါင်းလိုက်ကြပါဗျာ.
DOWNLOAD
Sunday, December 8, 2013
၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ (၁၀) နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ
၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို
ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း
ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့
ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့
သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။
သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100
ကို
အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့
ယင်း Code များမှာ...Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063,
တို့ဖြစ်ပါတယ်။
ယင်း 0100 Code နဲ့နိုင်ငံ Code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး
ဖုန်းပြောနိုင်ပါပြီ။ ဒီလို
ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့
ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ
အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့
ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
Saturday, December 7, 2013
"နောက်တစ်ကျင်းမှာ"
ဒါနဲ့ သူ့ရှေ့တစ်ကျင်းမှာ ရိုက်နေတဲ့ အမျိုသမီးကို သွားမေးလိုက်တော့... ...
"ကျမက ၇ ကျင်းရောက်ပြီ၊ ရှင်က ကျမနောက်ကကျင်းဆိုတော့ ၆ ကျင်းမြောက်ပေါ့"
"ဟုတ်ကဲ့"
... ဆိုပြီး ဆက်ရိုက်သွားတာ ခဏနေတော့ ဘယ်နှကျင်းရောက်မှန်း မသိပြန်ဘူး
ရှေ့တကျင်းမှာ ရိုက်နေတဲ့ ခုန အမျိုးသမီးကို မေးရပြန်တယ်
"ကျမက ၁၆ ကျင်းမှာ၊ ရှင်က နောက်ကကျင်း ဆိုတော့ ၁၅ ကျင်းပေါ့"
"ကျေးဇူးပါ အစ်မ"
ဒီလိုနဲ့ ဂေါက်ရိုက်ပြီးလို့ ဂေါက်ကလပ်က ကော်ဖီဆိုင်မှာ ခုနက အမျိုးသမီးထိုင်နေတာနဲ့ သွားနုတ်ဆက်ရင်း စကားပြောဖြစ်ကြတယ်... ...
"ကွင်းထဲမှာ ကူညီပေးတာ ကျေးဇူးပါ အစ်မ"
"ရပါတယ် ရှင်"
"အစ်မက ဘာအလုပ်များ လုပ်ပါသလဲ"
"အရောင်းကိုယ်စားလှယ်ပါ"
"ဟောဗျာ တူနေပြီ၊ ကျနော်လည်း အရောင်းကိုယ်စားလှယ်ပဲ"
"ဟုတ်လား"
"အစ်မက ဘာရောင်းတာလဲ"
"အမျိုးသမီး လစဉ်သုံးပစ္စည်း"
"ဟာ... အလုပ်မှာလည်း အစ်မနောက်က ကျင်းပဲဗျို"
"ဟင်... ရှင်က ဘာရောင်းလို့လဲ"
"အိမ်သာသုံး စက္ကူ"
"အမလေးတော်..."
"ကျမက ၇ ကျင်းရောက်ပြီ၊ ရှင်က ကျမနောက်ကကျင်းဆိုတော့ ၆ ကျင်းမြောက်ပေါ့"
"ဟုတ်ကဲ့"
... ဆိုပြီး ဆက်ရိုက်သွားတာ ခဏနေတော့ ဘယ်နှကျင်းရောက်မှန်း မသိပြန်ဘူး
ရှေ့တကျင်းမှာ ရိုက်နေတဲ့ ခုန အမျိုးသမီးကို မေးရပြန်တယ်
"ကျမက ၁၆ ကျင်းမှာ၊ ရှင်က နောက်ကကျင်း ဆိုတော့ ၁၅ ကျင်းပေါ့"
"ကျေးဇူးပါ အစ်မ"
ဒီလိုနဲ့ ဂေါက်ရိုက်ပြီးလို့ ဂေါက်ကလပ်က ကော်ဖီဆိုင်မှာ ခုနက အမျိုးသမီးထိုင်နေတာနဲ့ သွားနုတ်ဆက်ရင်း စကားပြောဖြစ်ကြတယ်... ...
"ကွင်းထဲမှာ ကူညီပေးတာ ကျေးဇူးပါ အစ်မ"
"ရပါတယ် ရှင်"
"အစ်မက ဘာအလုပ်များ လုပ်ပါသလဲ"
"အရောင်းကိုယ်စားလှယ်ပါ"
"ဟောဗျာ တူနေပြီ၊ ကျနော်လည်း အရောင်းကိုယ်စားလှယ်ပဲ"
"ဟုတ်လား"
"အစ်မက ဘာရောင်းတာလဲ"
"အမျိုးသမီး လစဉ်သုံးပစ္စည်း"
"ဟာ... အလုပ်မှာလည်း အစ်မနောက်က ကျင်းပဲဗျို"
"ဟင်... ရှင်က ဘာရောင်းလို့လဲ"
"အိမ်သာသုံး စက္ကူ"
"အမလေးတော်..."
ကန္တာရနှစ်များ
ဤနှစ်များ
ပျားတို့သည်မချို
မှိုတို့သည်မပေါက်
ယာတို့သည် ခြောက်ကုန်၏
မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်းခြစ်
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်းခြစ်
ဆူးရစ်ပွင့်ခါ
မိုးမရွာသည်
မိုးမရွာသည်
ရွာပါသော်လည်း မိုးမသဲ
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံမကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံနတ္ထိ
ခေါင်းလောင်းသံမကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံနတ္ထိ
ကပ္ပိယအို ခေါင်းတုံးသာ
တိုင်ကြိုတိုင်ကြားလဲလျှက်
မြေကြီးလဲ
မသီးဝံ့ဝံ့ ၊ အသီးဆွံ၍
ရှက်ရွံအားငယ်သော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါ ချိုမည်နည်း ။
တင်မိုး
တိုင်ကြိုတိုင်ကြားလဲလျှက်
မြေကြီးလဲ
မသီးဝံ့ဝံ့ ၊ အသီးဆွံ၍
ရှက်ရွံအားငယ်သော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါ ချိုမည်နည်း ။
တင်မိုး
Agriculture Leadership Award မြန်မာနိုင်ငံမှ ရရှိ
![]() |
စွန့်ပစ် ရေဆိုးများကို လယ်ယာမြေများအတွင်း ပြန်လည်အသုံးပြုနေသည့်
စိုက်ပျိုးရေးသမားတဦးကို တွေ့ရစဉ် (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)
|
အရှေ့တောင်အာရှ စိုက်ပျိုးရေးနည်းပညာအသင်းမှ ပေးအပ်ချီးမြှင့်သော အကောင်းဆုံးစိုက်ပျိုးရေး ဦး
ဆောင် ဆုအား မြန်မာနိုင်ငံအနေဖြင့် နှစ် ၁၀၀ အတွင်း ပထမဆုံးအကြိမ် ချီးမြှင့်ခံရသဖြင့် လယ်သမား များကိုယ်စား အတိုင်းမသိ ၀မ်းနည်းဝမ်းသာ ခံစားခဲ့ရကြောင်း ဆုရရှိသူ တောင်သူ လယ်သမား ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးကျော်စွာစိုးက ပြောသည်။
“ဒီဆုရတဲ့အကြောင်းကို ကျနော်ဘာဖြစ်လို့ မီဒီယာတွေကို တကူးတကဖိတ်ကြားပြီး ပြောရလဲဆိုတော့ ကျနော်ကြွားချင်လွန်းလို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကို အရင်ကဆို ကမ္ဘာကမသိပါဘူး။ ဘယ်နိုင်ငံကမှလည်း မသိခဲ့ပါဘူး။ အခုဒါဟာနှစ်ပေါင်း ၁၀၀ အ တွင်း မြန်မာနိုင်ငံ ကို အရှေ့တောင်အာရှကပေးတဲ့ဆုဖြစ်တဲ့အတွက် နိုင်ငံပေါင်းစုံသိသွားလို့ ကျနော် အရမ်း ၀မ်းသာလွန်းလို့ ပြောပြချင်လို့ပါ” ဟု ဦးကျော်စွာစိုးက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ အား ပြောသည်။
သေရေး ရှင်ရေး
တခါသော် လူတယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်၍ မောင်းနှင်နေရာ ယာဉ်ထိန်းရဲက နောက်မှ မှီလာ၍ မတတ်သာသောကြောင့် လမ်းဘေးချပြီး ကားရပ်လိုက်ရလေ၏။
ယာဉ်ထိန်းရဲ ။ ။ ဘယ်လိုအကြောင်းကြောင့်များ ဒါလောက်အရှိန်မြှင့် မောင်းရတာလဲဗျ။
အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မသိဘူးလား။
ကားသမား။ ။ဟုတ်ကဲ့၊ ဆရာ။ ဒါဟာ ကျနော့အတွက် သေရေးရှင်ရေး ဖြစ်နေလို့ပါ။
အခုလောလောဆယ် ကျနော့အခန်းထဲမှာ အဝတ်အစားမပါ၊ ဗလာကျင်းနဲ့
မိန်းကလေးတယောက် ကျနော့ကို စောင့်နေလို့ပါ။
ယာဉ်ထိန်းရဲ ။ ။ (ရယ်မောလျက်) ဒါလားဗျ သေရေးရှင်ရေး။?
ကားသမား ။ ။ ဟုတ်၊ ကျနော် အိမ်ပြန်မရောက်ခင် ကျနော့မိန်းမသာ အရင်ရောက်သွားရင်တော့
ပွဲချင်းပြီးဘဲဗျို့။။
myanmarcnn
Subscribe to:
Posts (Atom)





