Thursday, December 12, 2013

မြင်တွေ့ဘူးသမျှမုန့်များထဲတွင် ကလေးများအပေါ် အယုတ်မာအပက်စက်ဆုံးသော တရုတ်မုန့်

 
ကျောင်းဈေးဆိုင်များနဲ့ မြို့ထဲရှိ မုန့်ဆိုင်များမှာတင် ပြီးကလေးများကိုရောင်းချနေကြတာပါ။ 
  • တထုပ်ကို ၁၀၀ ကျပ်နဲ့သာရောင်းချပါတယ်။
  • တရုတ်မုန့်ပီပီ ထုံးစံအတိုင်း ဖတ်မရတဲ့စာများနဲ့ ရေးသားထားတာပါ။
  • မုန့်တံဆိပ် လိုဂိုကတော့ ကလေးများကို လူမျိုးတုန်း သေကြေစေမယ့်သင်္ကေတလို့ ယူဆရတဲ့၊ မုန့်ထုပ်နဲ့လားလားမှ သက်ဆိုင်မှုမရှိတဲ့ ကြောက်မက်ဖွယ်ရာ အမူအရာနဲ့ အရိုးခေါင်းတံဆိပ် ရိုက်နှိပ်ထားပါတယ်။ 
  • အထဲမှာတော့ တရုတ်နို့မှုန့်လို့ ယူဆရတဲ့ ဖြူဖြူအမှုန့်တွေကို ဘိန်းဖြူပုံသဏ္ဃာန်
  • ပြုလုပ်ထားပါတယ်။
  • အဆိုးဆုံးကတော့ ဒီမုန့်ကို ကလေးတွေ စားစေတဲ့နည်းလမ်းပါ။
  • မုန့်ထုပ်ဝယ်ယူတဲ့ကလေးကို ဆိုင်ရှင်က စီးကရက်ပုံစံ စက္ကူချောင်း တချောင်းပေးပါတယ်။
  • ကလေးက အဲဒီစက္ကူချောင်းထဲကို ဖြူဖြူအမှုန့်တွေ သိပ်ထဲ့ပြီး ဆေးလိပ်သောက်တဲ့ ပုံစံနဲ့ မုန့်ကိုစုတ်ပြီး စားစေတာပါ။
  • ကဲ နုနယ်ငယ်ရွယ်ပြီးဘာမှမသိနားမလည်သေးတဲ့ ကျွန်တော်တို့ရဲ့ကလေးတွေကို
  • လူမျိုးတုန်းအောင် အဆိပ်ကျွေးရုံနဲ့ အားမရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်အောင် လက်တွေ့သင်ပေးနေတာ မဟုတ်ဘူးလားဗျာ။
  • ဒါ အလကားသင်ပေးနေတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ ကလေးတွေဆီက ပိုက်ဆံယူပြီးမှလုပ်တာ။
  • ဒီထက်ပက်စက်တဲ့ အကြံအစည်ရှိသေးလို့လား။ သူတို့နိုင်ငံမှာတော့ ဒီလိုလုပ်ရပ်မျိုးကို သေဒဏ် ပေးတယ်။
ကျွန်တော်တို့ နိုင်ငံမှာကော....... ဘယ်သူ့ကို ဘာဒဏ်တွေပေးကြမလဲ ?
 
ဝိသမထား၊ လောဘသားတို့၊
လုပ်ချင်တိုင်းလုပ်၊ ဤဇာတ်ရှုတ်ကို၊
နေ့ခြင်းညခြင်း၊ မဖြေရှင်းက၊
ကလေးများအားလုံး၊ ကင်ဆာဖုံးလို့၊
လူမျိုးတုန်းမှာ၊ အသေချာတည့်၊
သတိတရား၊ လက်ကိုင်ထား၍၊
ညီညာဖြဖြ၊ တွန်းလှန်ကြ။
 
ဒေါက်တာကျော်ဆွေ

ထူးခြားဆန်းပြား မင်္ဂလာဆောင်များ - ၁

      ဒီအထဲမှာတော့ အနည်းငယ်ထူးဆန်းတဲ့ မင်္ဂလာဆောင်တွေက မိမိကိုယ် မိမိ ပြန်ပြီး လက်ထပ်တာတွေဖြစ်ပါတယ်။
       ၂၀၀၇ ခုနှစ်မှာတော့ တရုတ်နိုင်ငံသား လျှူရီ ဆိုသူဟာ မိမိကိုယ် မိမိ ပြန်ပြီးတော့ လက်ထပ် ခဲ့ပါတယ်။  မင်္ဂလာဆောင်မှာတော့ သူ့ကိုယ်သူ သတို့သမီးလို ၀တ်ထားတဲ့ ဓာတ်ပုံကြီးကို ထောင်
ပြီးတော့ မင်္ဂလာဆောင်ခဲ့တာပါ။  သူဟာ အခြား သူတွေထက် ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ဝင်စား တယ်လို့ ၀န်ခံခဲ့ပါတယ်။  ဒါပေမယ့် သူ အိမ်ထောင်ပြုရခြင်းရဲ့ အဓိက အချက်တွေကိုတော့
 ပြောသွားရာမှာကတော့ “ခုလို ကိုယ့်ကိုကိုယ် လက်ထပ်ရတာဟာ အကြောင်းအရင်းများစွာရှိပါတယ်။  ဒါပေမယ့် သဘာဝကျတဲ့ လောကကြီးကို စိတ်တိုင်း မကျခြင်းကို ဖော်ပြချင်လို့ပါ” လို့ ပြောသွားပါသတဲ့။

ဒီလိုမျိုး ကိုယ့်ဟာကိုယ် လက်ထပ်တာ ယောင်္ကျား
လေးတွေမှာသာ ရှိတာမဟုတ်ပါဘူး။  ၂၀၀၃ ခုနှစ်မှာတော့ ရုပ်ရှင်သရုပ်ဆောင် ဂျနီဖာ ဟိုစ့် တစ်ယောက် သူမ အသက် ၃၀ ပြည့်တဲ့နေ့၊  နယ်သာလန်နိုင်ငံမှာ သူမကိုယ်သူမ လက်ထပ်ခဲ့ပါ သတဲ့။  ဒီလုပ်ရပ်ဟာ သူမသူငယ်ချင်းတွေနဲ့ မိသားစုတွေ ကြားမှာတော့ အုတ်အော်သောင်း နင်းဖြစ်သွားခဲ့ပါတယ်။  သူမကတော့ “လက်ထပ်ပွဲ မှာ ဘာဖြစ်လို့ တစ်ယောက်ထဲ ကိုယ့်ဟာကိုယ် သစ္စာဆိုလို့ မရနိုင်ရမှာတုန်း၊ ဒါဟာ ဘ၀တစ်ခုလုံးအတွက် ပြီးပြည့်စုံမှု့နဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့ ပတ်သတ် မှု့ပဲလေ” လို့ ဆိုသွားပါတယ်။  ဘယ့်နှယ် နားလည်ရမှန်းကို မသိတော့ဘူး။   

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပါလားဟင် ?





Photo - News of Myanmar

Wednesday, December 11, 2013

သူ့အပိုင်း

Click နေမှ မဟုတ်ပါဘူး။
ခြင်းခတ်ပြမှ မဟုတ်ပါဘူး။
မြန်မာကို ကမ္ဘာက မသိသေးရင်လည်း
မာန်ယောင်ဆောင်နေတဲ့ သိမ်ငယ်မှုတွေကို ခဏခေါက်ထား
အဲဒီ ကမ္ဘာကို စာဖတ်ခိုင်းလိုက်ရင် ရပြီ။ 

သင် ဘယ်လိုလူ လုပ်မှာလဲ ဖြေပါ.....?



 

ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့ အကြောင်း အားပျက်မိတဲ့
အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို 

 ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သတင်းရရှိ


တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူများအား ဆိုးကျိုးဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါဝင်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များပါဝင်လျှက်ရှိနေကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။

ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချ
ရန်အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စားလျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသမီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာစုံတွင် တပ်ဆင်နိုင်သော လျှို့ ဝှက်ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ်ရေးလုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
 
“ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်
တွေမှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေက အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်
တာတွေဆီ ပြန်ရောင်းတယ်၊ သူတို့ က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်းကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို့ ရတဲ့ Websiteတွေထိအောင်တင်တာ၊ စိတ်လွတ်ကိုယ်လွတ် ချစ်သူနဲ့ ပျော်မြူးတာတော့ ပျော်မြူးတာပေါ့လေ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ကျွန်တော် ရွှေလီမှာရှိတုန်း
ကဆိုရင် ရွှေစုံတွဲ ရေချိုးခန်းထဲမှာ ပလူးနေတဲ့ ဗီဒီယိုဆိုပြီးရောင်းလို့ ဝယ်ကြည့်တာ၊ ကိုယ့်မျက်နှာ ဘယ်ထားရမှန်းမသိဖြစ်ခဲ့ရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ကိုခင်ရီမောင် ကအတွေ့ အကြုံကိုပြော
ပြသည်။

မြန်မာအမျိုးကောင်းသမီးများအနေဖြင့် တရုတ်အမျိုးသားပိုင် ဟိုတယ်များသို့ မသွားရောက်
ရန်နှင့် ဖြစ်နိုင်ပါက စိတ်မထိန်းနိုင်လျှင်လည်း တခြားအဆင်ပြေသည့် နည်းလမ်းမျိုးဖြင့်ဖြေရှင်းရန်
စေတနာရှေ့ ထားကာ သတိပေးလိုက်ရပါသည်။
 

မြေခွေး နှင့် ဆိတ်

                       
 
 
ကံမကောင်းတဲ့ မြေခွေးဟာ ရေတွင်းနက်တစ်ခုထဲကျသွားလို့ ပြန်တက်မရပဲရှိနေတော့သတဲ့ 
မကြာမီ ဆိတ်တစ်ကောင် ဖြတ်လာသတဲ့. . .

ရေတွင်းထဲ ဘာလုပ်နေလဲလို့ . . . . မြေခွေးကို သူမေးတာပေါ့. . .

“အိုခင်ဗျားမသိသေးဘူးလား . . . မိုးခေါင်ရေရှားတော့မှာတဲ့. . . ဒါကြောင့် ကျုပ်အနီးမှာ
 ရေသေချာပေါက် ရှိနေဖို့ ခုန်ဆင်းခဲ့တယ်. . . . ခင်ဗျားလဲ ဘာကြောင့် မဆင်းခဲ့သတုန်း. . . . “

ဆိတ်က ဒီအကြံကောင်းသားပဲလို့ တွေးပြီး ရေတွင်းထဲ ခုန်ဆင်းလိုက်တယ်. . . .

ဒီတော့မှ မြေခွေးဟာ သူ့ကျောပေါ် ချက်ချင်း ခုန်တက်လိုက်တယ်။
နောက်သူ့ရဲ့ ဦးချိုရှည်မှာ နင်းပြီး ရေတွင်း နှုတ်ခမ်းဝဆီ ခုန်တက်လို့ရသွားသတဲ့လေ. . .။

"နှုတ်ဆက်ခဲ့မယ် မိတ်ဆွေ၊ နောက်တစ်ခါဆို မှတ်ထားပေတော့. . "

အခက်အခဲတွင် ကျရောက်နေသူထံမှာ အကြံဥာဏ်ကို ဘယ်တော့မှ မယုံကြည်ပါနှင့်

အီစွတ်ပုံပြင်များမှ ...