Tuesday, December 24, 2013
ဂုဏ်ပြုကျေးဇူးတင်လွှာ
ပထမဆုံးအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီ ဆီးဂိမ်းကြီး ဖြစ်မြှောက်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့
လက်ရှိ အစိုးရ တာဝန်ရှိသူတွေကို အရမ်းကို ကျေးဇူးတင်ပါတယ်...
ဒုတိယအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီ ဆီးဂိမ်းကြီးမှာ နိုင်ငံအလိုက် အဆင့် ရပ်တည်မူ
ဒုတိယ နေရာထိ ရရှိအောင် စွမ်းစွမ်းတမံ ကြိုးစား စွမ်းဆောင်ပေးခဲ့ကြတဲ့
လက်ရှိ အစိုးရ တာဝန်ရှိသူများကို အရမ်းကို ကျေးဇူးတင်ပါတယ်
တတိယအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီလို ၄၄ နှစ်ကြာမှာ ပထမဆုံးအကြိမ် ကမ္ဘာ့အလည်မှာ
လက်မထောင် ဂုဏ်ယူဝင့်ကြွားခွင့်ရအောင်
ကိုယ်ကျိုးထည့်မတွက်ပဲ စွမ်းဆောင်ပေးခဲ့ကြတဲ့
လက်ရှိ အစိုးရ တာဝန်ရှိသူများကို အရမ်းကို ကျေးဇူးတင်ပါတယ်
စတုတ္တအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီလို နိုင်ငံတော်အဆင့် ဖွင့်ပွဲကြီးမှာ
လှလှပပ အဆင့်အတန်း မြင့်မြင့်မားမားနဲ့
လူတကာ အားကျလောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြတဲ့...
လက်ရှိ အစိုးရ တာဝန်ရှိသူများကို အရမ်းကို ကျေးဇူးတင်ပါတယ်...
ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ကျေးဇူးတင်လိုတာကတော့....
လက်ရှိ အစိုးရ တာဝန်ရှိသူများနဲ့....
အဖက်ဖက်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါသော..
လက်ရှိအစိုးရ တာဝန်ရှိသူများကို
အထူးပင် ကျေးဇူးတင် ဂုဏ်ပြုလိုက်ရပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ညီသစ်
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ
ကျွန်တော်ကြိုက်တဲ့ သရော်စာဗျ.......
ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့စေချင်သလား
ဒီဇင်ဘာ ၁၉ ရက်က ဘန်ကောက်မြို့ရှိ လမ်းပေါ်တွင် ဆန္ဒပြသူများကို တွေ့ရစဉ် (Photo:AFP)
သား . . .
ဘယ်တော့မဆို မှန်တာကိုပဲလုပ်။
ဘာကြောင့်လို့လဲဆိုတော့ အမှန်တရားဆိုတာ
ထာဝရသစ္စာမို့ပဲ။
မေမေ
ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးတုန်းက ဂျပန်နိုင်ငံရဲ့ တောင်ဘက်တည့်တည့် မိုင် ၇၅၀ အကွာလောက်က 'အီယိုဂျီးမား' (Iwo Jima) ဆိုတဲ့ ကျွန်းကလေးပေါ်မှာ ကျဆုံးသွားတဲ့ အမေရိကန် မရိန်းတပ်သားလေး တစ်ယောက်ရဲ့ အင်္ကျီအိတ်ကပ်ထဲက ရရှိခဲ့တဲ့ စာလေးတစ်စောင် ဖြစ်ပါတယ်။ ဒီစာလေးအကြောင်း တစ်ခါပြောခဲ့ဖူးပါပြီ။ အခုလည်း အကြောင်းတိုက်ဆိုင်လို့ တစ်ခါထပ်ပြောရတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဟာ ကမ္ဘာကြီးကို သင်ခန်းစာတွေအများကြီး ပေးခဲ့ပါတယ်။ ဒီစာလေးဟာ ဒုတိယကမ္ဘာစစ်ကြီးက ပေးခဲ့တဲ့ သင်ခန်းစာတွေထဲက သာမန်သင်ခန်းစာလေး တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ဒီသင်ခန်းစာဟာ ဒီကနေ့အဖို့ ကမ္ဘာကြီးအတွက်သာ မဟုတ်ဘဲ ကိုယ်တို့နိုင်ငံအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုလို့ ရှုမြင်ပါတယ်။ အမှန်တရားဘက်က ရပ်တည်သူဟာ ဘယ်တော့မဆို စိတ်နှလုံးချမ်းမြေ့ရတယ် ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အမှန်တရားကို အသုံးချရကောင်းမှန်း မသိကြသေးတဲ့ လူတွေလည်း ကမ္ဘာပေါ်မှာ ရှိကြစမြဲပါ။
အမှန်တရားကို ဆုပ်ကိုင်ပြီး ပြဿနာတစ်ရပ်ကို ဖြေရှင်းမှ မြန်မြန်ပြေလည်လေ့ ရှိတယ်ဆိုတာကိုလည်း တချို့လူတွေ သတိမမူမိကြပါဘူး။
ကျေးဇူးတရားလား၊ မကင်းရာမကင်းကြောင်းလား
ကျွန်တော်တို့ ဘ၀တစ်လျှောက်မှာ ‘ကျေးဇူး’ ဆိုတဲ့ စကားတစ်ခွန်း၊
‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းကို မပြောခဲ့ဖူးတဲ့သူတွေ၊
အပြောမခံရဖူးတဲ့ သူတွေဆိုတာ အလွန်ရှားပါတယ်။ ခပ်လွယ်လွယ်
ကျေးဇူးတင်စကားတွေ၊ ရင်ထဲကမပါတဲ့ ကျေးဇူးတင်စကားတွေနဲ့လည်း ကြုံရ၊
တွေ့ရတာပါပဲ။ အကြောင်းမဲ့သက်သက် ကျေးဇူးပါပဲလို့ အမြဲပြောချင်တဲ့သူတွေ၊
အလကားနေ၊ အလကား ကျေးဇူးအတင်ခံနေချင်တဲ့ သူတွေလည်း လောကမှာ ရှိနေတာပါပဲ။ ခြုံငုံပြီး ပြောကြရမယ်ဆိုရင် အားလုံးဟာ ကျေးဇူးနဲ့ မကင်းကြပါဘူး။
‘ကျေးဇူး’ ဆိုတဲ့ အပြုအမူကောင်းတွေကို တချို့က ‘ကျေးဇူး’ ရှိတယ်လို့ မသုံးကြဘဲ
‘မကင်းရာ မကင်းကြောင်း’ လို့ အစားထိုးလိုက်တဲ့ အခါမှာ ကျေးဇူးရဲ့ အနက်အဓိပ္ပာယ်ဟာ အဝေးကြီးကို ရောက်သွားပါတယ်။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေထက်
jမန်မာနိုင်ငံသားတွေဟာ ‘ကျေးဇူးသိ၊ ကျေးဇူးဆပ်’ ဆိုတဲ့ သူတော်ကောင်းတွေရဲ့
လက္ခဏာရပ်တွေကို ပိုပြီးအလေးအနက်ထား ပြုမူနေထိုင်တတ်ကြပါတယ်။
ဘာကြောင့်လဲဆိုရင် ‘ကျေးဇူးမသိ၊ ကျေးဇူးမဲ့နေကြခြင်း’ ဟာ ‘လူယုတ်မာတွေရဲ့ စရိုက်လက္ခဏာ’ ဖြစ်နေလို့ပါပဲ။
‘သူ၏ကျေးဇူး၊ များများမဟုတ်၊ တစ်လုတ်ထမင်း၊ တစ်ရှုပ်ပဲဟင်းကို ၀မ်းတွင်ရှာနူး၊ စားရဖူးမူ၊ ထိုသသူအား၊ ပြစ်မှားတရန်၊ မကြံအပ်ပေ’ လို့ ‘မဃဒေ၀လင်္ကာ’ မှာ မန်လည်ဆရာတော်ကြီးက မိန့်ဆိုထားပါတယ်။ ကျေးဇူးနဲ့ပတ်သက်လို့ ရှေးကတည်းက ကျွန်တော်တို့မြန်မာတွေဟာ
လေးလေးနက်နက် ထားခဲ့ကြတာပါ။ ‘ရင်ထဲက’ အစစ်မှန်မဟုတ်တဲ့၊ ကျေးဇူးတရားကို
မလေးနက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေကို သတိပြုသင့်ပါတယ်။
ယနေ့ခေတ်မှာ ကျေးဇူးပါပဲဆိုတဲ့ စကားတစ်ခွန်းကို လွယ်လွယ်ကူကူပဲ ပြောလိုက်ကြပါတယ်။ သူတစ်ဖက်သားရဲ့ ကိုယ့်အပေါ်မှာ ကူညီပေးမှုကို အသိအမှတ်ပြုတယ်ဆိုရင် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ ‘ကျေးဇူးတင်စကားမျိုး’ ကို ပြောတတ်ဖို့ လိုပါတယ်။
တချို့သောသူတွေက မကင်းရာမကင်းကြောင်းလို့ အဖန်တစ်ရာ ထပ်အောင်သုံးတတ်ကြပါတယ်။ ‘မကောင်းတတ်လို့ဆိုတဲ့’ စကားကိုလည်း တွင်တွင်ကြီး သုံးတတ်ကြတာပါပဲ။ မြို့ဓလေ့နဲ့မတူတဲ့ ရွာဓလေ့တွေ ရှိပါတယ်။ ရွာတွေမှာ များသောအားဖြင့် ဆွေမျိုးတွေ တော်စပ်ကြတာများတယ်။
ခေတ်စကားနဲ့ဆိုရင် မကင်းရာမကင်းကြောင်းပေါ့။ အလှူတစ်ခု ဒါမှမဟုတ် နာရေးတစ်ခုကြုံပြီဆိုရင် ကိုးကွယ်တဲ့ဘုန်းကြီးတွေ၊ ရွာဘုန်းကြီးကျောင်းတွေကများတော့ “ဟိုဘုန်းကြီး မပင့်လို့လည်းမကောင်း၊ ဒီဘုန်းကြီး မပင့်လို့လည်းမကောင်း” ဆိုတော့ မကောင်းလို့ ပင့်ရတဲ့ ဘုန်းကြီးတွေ ဖြစ်ကုန်ရော။ ဒါဟာ ဟာသအနေနဲ့ပါ။ မကင်းရာမကင်းကြောင်းဆိုတာ ရင်ထဲက မပါတတ်ကြပါဘူး။ မကောင်းတတ်လို့ဆိုတဲ့ အရာတွေကလည်း မဖြူစင်ပါဘူး။
တကယ်တော့ ကျေးဇူးဆိုတာ သိဖို့နဲ့ ဆပ်ဖို့ပါပဲ။ အဲဒီသိတတ်မှုနဲ့
ဆပ်တတ်ဖို့ဆိုတဲ့ အဆင့်ကို မရောက်သေးဘူးဆိုရင် လူကောင်းတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။ ၃၈ ဖြာ မင်္ဂလာတရားတော်ထဲမှာ ကျေးဇူးသိ
ကျေးဇူးဆပ်ခြင်းဟာ မင်္ဂလာတရားလို့ မြတ်ဗုဒ္ဓက ဟောပါတယ်။ ကျေးဇူးသိတဲ့သူ၊
သိထားတဲ့ကျေးဇူးကို အခွင့်အခါသင့်တိုင်း မကောင်းတတ်လို့၊
မကင်းရာမကင်းကြောင်းမို့လို့ဆိုတဲ့ ဆင်ခြေတွေကို ဘေးဖယ်ပြီး
စစ်မှန်တဲ့စိတ်ထားနဲ့ ကျေးဇူးဆပ်တတ်တဲ့သူဟာ မင်္ဂလာရှိတဲ့သူပါပဲ။
‘သူ၏ကျေးဇူးရှိခဲ့ဖူး၊ အထူးပြန်ဆပ်နိုင်စေသော်၊ မဆပ်နိုင်နေ ရှိပစေ မချေမဖျက်မိစေသော်၊ နင်ကဘာလဲ၊ ငါဘာလဲ ပြိုင်ပွဲမ၀င်မိစေသော်’ လို့ သူ့ကျေးဇူးဆိုတဲ့ အလေးအနက်ထားဖို့ စံတစ်ခုကို ‘မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီး’ က ဆိုဆုံးမထားခဲ့ပါတယ်။ လူတိုင်းဟာ သူတစ်ဖက်သားကို ကျေးဇူးပြုချင်တဲ့သူတွေ များပါတယ်။ ဒါပေမဲ့ ကျေးဇူးကန်းတာကို မုန်းတတ်ကြပါတယ်။ ကျေးဇူးကန်းတဲ့သူ မဖြစ်ချင်ကြပါဘူး။ ကျေးဇူးဆိုတဲ့ အပြုသဘောနဲ့ ပြန်ဆပ်ခြင်းဆိုတဲ့ အဆပ်သဘောကြားမှာ လူသားတွေဟာ သံသရာလည်နေတာပါ။ ကျေးဇူးမဆပ်ဖြစ်ရင် နေပါစေ ကျေးဇူးမကန်းမိစေဖို့တော့ ဘ၀မှာ လိုအပ်ပါတယ်။
တကယ်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျေးဇူးတရား တစ်ခုရဲ့ ကဏ္ဍဟာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ အခွင့်အခါသင့်ရင် ပြန်ဆပ်နိုင်ဖို့နဲ့ ပြန်ဆပ်ဖို့ အခွင့်မရသေးခင် သူ၏ကျေးဇူးကို သိနေဖို့ပါပဲ။ သန့်ရှင်းဖြူစင်တဲ့ ကျေးဇူးတရားတွေရဲ့ အပေါ်မှာ အရောင်တွေ မဆိုးသင့်ပါဘူး။ မကင်းရာမကင်းကြောင်းမို့လို့ ပြုခဲ့ရတဲ့ ကျေးဇူးတွေဟာလည်း မကင်းရာမကင်းကြောင်း အနေနဲ့ပဲ မလေးမနက် ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ‘မကောင်းတတ်လို့ ပြုခဲ့ရတဲ့’ ကျေးဇူးတရားတွေဟာလည်း မကောင်းတတ်စွာနဲ့ပဲ ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ကျေးဇူးပြုတဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးပြုကြမယ်။ ကျေးဇူးဆပ်တဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးဆပ်ကြမယ်ဆိုရင် မကင်းရာမကင်းကြောင်းတွေ၊ မကောင်းတတ်တာတွေလည်း ဘေးရောက်သွားကြမှာပါ။
တချို့တွေက သူများက ကိုယ့်ကိုကျေးဇူးပြန်ဆပ်မှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူတစ်ဖက်သားကို ကျေးဇူးပြုမိကြပါတယ်။ မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီးက လူဆိုတာ အညမညပစ္စည်းလို မကျင့်ရဘူး။ သဟဇာတပစ္စည်းလို ကျင့်ရမယ်။ အညမည ပစ္စည်းဆိုတာ သူကကျေးဇူးပြုလို့ ကိုယ်ကပြန်ပြီး ကျေးဇူးပြုရတာမျိုး။ သဟဇာတ ဆိုတာကတော့ သူကကျေးဇူးပြုပြု မပြုပြု၊ တုံ့ပြန်မှု ရရမရရ ကိုယ့်ဘက်က အမြဲတမ်း ကျေးဇူးပြုနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ အဆုံးအမလေးကို သတိပြုသင့်ပါတယ်။
ကျွန်တော်တို့တွေအားလုံး လူပီသအောင် ကျေးဇူးတရားတွေကို အလေးအနက် ထားသင့်ပါတယ်။ လူမှုလောကဖွံ့ဖြိုးဖို့၊ သူတစ်ပါးအခက်အခဲ ဖြေရှင်းပေးနိုင်ဖို့။ အပြုသဘောဆောင်တဲ့ ကျေးဇူးပြုမှုတွေ လူမှုလောကမှာ ထားရှိသင့်ပါတယ်။ ကျေးဇူးစကားကို လွယ်လွယ်မပြောသင့်သလို ကျေးဇူးတရားကို ဘောင်မခတ်ထားသင့်ပါဘူး။ အကန့်အသတ် မထားသင့်ပါဘူး။ ကျေးဇူးသိရင် ကျေးဇူးဆပ်တတ်ရင် လူကောင်းစာရင်း ၀င်ပါပြီ။ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ညီအောင်ညီ
Eleven Media Group
အလကားနေ၊ အလကား ကျေးဇူးအတင်ခံနေချင်တဲ့ သူတွေလည်း လောကမှာ ရှိနေတာပါပဲ။ ခြုံငုံပြီး ပြောကြရမယ်ဆိုရင် အားလုံးဟာ ကျေးဇူးနဲ့ မကင်းကြပါဘူး။
‘ကျေးဇူး’ ဆိုတဲ့ အပြုအမူကောင်းတွေကို တချို့က ‘ကျေးဇူး’ ရှိတယ်လို့ မသုံးကြဘဲ
‘မကင်းရာ မကင်းကြောင်း’ လို့ အစားထိုးလိုက်တဲ့ အခါမှာ ကျေးဇူးရဲ့ အနက်အဓိပ္ပာယ်ဟာ အဝေးကြီးကို ရောက်သွားပါတယ်။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေထက်
jမန်မာနိုင်ငံသားတွေဟာ ‘ကျေးဇူးသိ၊ ကျေးဇူးဆပ်’ ဆိုတဲ့ သူတော်ကောင်းတွေရဲ့
လက္ခဏာရပ်တွေကို ပိုပြီးအလေးအနက်ထား ပြုမူနေထိုင်တတ်ကြပါတယ်။
ဘာကြောင့်လဲဆိုရင် ‘ကျေးဇူးမသိ၊ ကျေးဇူးမဲ့နေကြခြင်း’ ဟာ ‘လူယုတ်မာတွေရဲ့ စရိုက်လက္ခဏာ’ ဖြစ်နေလို့ပါပဲ။
‘သူ၏ကျေးဇူး၊ များများမဟုတ်၊ တစ်လုတ်ထမင်း၊ တစ်ရှုပ်ပဲဟင်းကို ၀မ်းတွင်ရှာနူး၊ စားရဖူးမူ၊ ထိုသသူအား၊ ပြစ်မှားတရန်၊ မကြံအပ်ပေ’ လို့ ‘မဃဒေ၀လင်္ကာ’ မှာ မန်လည်ဆရာတော်ကြီးက မိန့်ဆိုထားပါတယ်။ ကျေးဇူးနဲ့ပတ်သက်လို့ ရှေးကတည်းက ကျွန်တော်တို့မြန်မာတွေဟာ
လေးလေးနက်နက် ထားခဲ့ကြတာပါ။ ‘ရင်ထဲက’ အစစ်မှန်မဟုတ်တဲ့၊ ကျေးဇူးတရားကို
မလေးနက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေကို သတိပြုသင့်ပါတယ်။
ယနေ့ခေတ်မှာ ကျေးဇူးပါပဲဆိုတဲ့ စကားတစ်ခွန်းကို လွယ်လွယ်ကူကူပဲ ပြောလိုက်ကြပါတယ်။ သူတစ်ဖက်သားရဲ့ ကိုယ့်အပေါ်မှာ ကူညီပေးမှုကို အသိအမှတ်ပြုတယ်ဆိုရင် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ ‘ကျေးဇူးတင်စကားမျိုး’ ကို ပြောတတ်ဖို့ လိုပါတယ်။
တချို့သောသူတွေက မကင်းရာမကင်းကြောင်းလို့ အဖန်တစ်ရာ ထပ်အောင်သုံးတတ်ကြပါတယ်။ ‘မကောင်းတတ်လို့ဆိုတဲ့’ စကားကိုလည်း တွင်တွင်ကြီး သုံးတတ်ကြတာပါပဲ။ မြို့ဓလေ့နဲ့မတူတဲ့ ရွာဓလေ့တွေ ရှိပါတယ်။ ရွာတွေမှာ များသောအားဖြင့် ဆွေမျိုးတွေ တော်စပ်ကြတာများတယ်။
ခေတ်စကားနဲ့ဆိုရင် မကင်းရာမကင်းကြောင်းပေါ့။ အလှူတစ်ခု ဒါမှမဟုတ် နာရေးတစ်ခုကြုံပြီဆိုရင် ကိုးကွယ်တဲ့ဘုန်းကြီးတွေ၊ ရွာဘုန်းကြီးကျောင်းတွေကများတော့ “ဟိုဘုန်းကြီး မပင့်လို့လည်းမကောင်း၊ ဒီဘုန်းကြီး မပင့်လို့လည်းမကောင်း” ဆိုတော့ မကောင်းလို့ ပင့်ရတဲ့ ဘုန်းကြီးတွေ ဖြစ်ကုန်ရော။ ဒါဟာ ဟာသအနေနဲ့ပါ။ မကင်းရာမကင်းကြောင်းဆိုတာ ရင်ထဲက မပါတတ်ကြပါဘူး။ မကောင်းတတ်လို့ဆိုတဲ့ အရာတွေကလည်း မဖြူစင်ပါဘူး။
| လူမှုလောကဖွံ့ဖြိုးဖို့၊ သူတစ်ပါးအခက်အခဲ ဖြေရှင်းပေးနိုင်ဖို့။ အပြုသဘောဆောင်တဲ့ ကျေးဇူးပြုမှုတွေ လူမှုလောကမှာ ထားရှိသင့်ပါတယ်။ ကျေးဇူးစကားကို လွယ်လွယ်မပြောသင့်သလို ကျေးဇူးတရားကို ဘောင်မခတ် ထားသင့်ပါဘူး . . . . . |
‘သူ၏ကျေးဇူးရှိခဲ့ဖူး၊ အထူးပြန်ဆပ်နိုင်စေသော်၊ မဆပ်နိုင်နေ ရှိပစေ မချေမဖျက်မိစေသော်၊ နင်ကဘာလဲ၊ ငါဘာလဲ ပြိုင်ပွဲမ၀င်မိစေသော်’ လို့ သူ့ကျေးဇူးဆိုတဲ့ အလေးအနက်ထားဖို့ စံတစ်ခုကို ‘မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီး’ က ဆိုဆုံးမထားခဲ့ပါတယ်။ လူတိုင်းဟာ သူတစ်ဖက်သားကို ကျေးဇူးပြုချင်တဲ့သူတွေ များပါတယ်။ ဒါပေမဲ့ ကျေးဇူးကန်းတာကို မုန်းတတ်ကြပါတယ်။ ကျေးဇူးကန်းတဲ့သူ မဖြစ်ချင်ကြပါဘူး။ ကျေးဇူးဆိုတဲ့ အပြုသဘောနဲ့ ပြန်ဆပ်ခြင်းဆိုတဲ့ အဆပ်သဘောကြားမှာ လူသားတွေဟာ သံသရာလည်နေတာပါ။ ကျေးဇူးမဆပ်ဖြစ်ရင် နေပါစေ ကျေးဇူးမကန်းမိစေဖို့တော့ ဘ၀မှာ လိုအပ်ပါတယ်။
တကယ်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျေးဇူးတရား တစ်ခုရဲ့ ကဏ္ဍဟာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ အခွင့်အခါသင့်ရင် ပြန်ဆပ်နိုင်ဖို့နဲ့ ပြန်ဆပ်ဖို့ အခွင့်မရသေးခင် သူ၏ကျေးဇူးကို သိနေဖို့ပါပဲ။ သန့်ရှင်းဖြူစင်တဲ့ ကျေးဇူးတရားတွေရဲ့ အပေါ်မှာ အရောင်တွေ မဆိုးသင့်ပါဘူး။ မကင်းရာမကင်းကြောင်းမို့လို့ ပြုခဲ့ရတဲ့ ကျေးဇူးတွေဟာလည်း မကင်းရာမကင်းကြောင်း အနေနဲ့ပဲ မလေးမနက် ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ‘မကောင်းတတ်လို့ ပြုခဲ့ရတဲ့’ ကျေးဇူးတရားတွေဟာလည်း မကောင်းတတ်စွာနဲ့ပဲ ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ကျေးဇူးပြုတဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးပြုကြမယ်။ ကျေးဇူးဆပ်တဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးဆပ်ကြမယ်ဆိုရင် မကင်းရာမကင်းကြောင်းတွေ၊ မကောင်းတတ်တာတွေလည်း ဘေးရောက်သွားကြမှာပါ။
တချို့တွေက သူများက ကိုယ့်ကိုကျေးဇူးပြန်ဆပ်မှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူတစ်ဖက်သားကို ကျေးဇူးပြုမိကြပါတယ်။ မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီးက လူဆိုတာ အညမညပစ္စည်းလို မကျင့်ရဘူး။ သဟဇာတပစ္စည်းလို ကျင့်ရမယ်။ အညမည ပစ္စည်းဆိုတာ သူကကျေးဇူးပြုလို့ ကိုယ်ကပြန်ပြီး ကျေးဇူးပြုရတာမျိုး။ သဟဇာတ ဆိုတာကတော့ သူကကျေးဇူးပြုပြု မပြုပြု၊ တုံ့ပြန်မှု ရရမရရ ကိုယ့်ဘက်က အမြဲတမ်း ကျေးဇူးပြုနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ အဆုံးအမလေးကို သတိပြုသင့်ပါတယ်။
ကျွန်တော်တို့တွေအားလုံး လူပီသအောင် ကျေးဇူးတရားတွေကို အလေးအနက် ထားသင့်ပါတယ်။ လူမှုလောကဖွံ့ဖြိုးဖို့၊ သူတစ်ပါးအခက်အခဲ ဖြေရှင်းပေးနိုင်ဖို့။ အပြုသဘောဆောင်တဲ့ ကျေးဇူးပြုမှုတွေ လူမှုလောကမှာ ထားရှိသင့်ပါတယ်။ ကျေးဇူးစကားကို လွယ်လွယ်မပြောသင့်သလို ကျေးဇူးတရားကို ဘောင်မခတ်ထားသင့်ပါဘူး။ အကန့်အသတ် မထားသင့်ပါဘူး။ ကျေးဇူးသိရင် ကျေးဇူးဆပ်တတ်ရင် လူကောင်းစာရင်း ၀င်ပါပြီ။ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ညီအောင်ညီ
Eleven Media Group
ကိုယ့်သက်တမ်းကို မြစ်ဆုံလေးနဲ့ထောက်၊ အိုအိုင်စီ လေး လက်ခံ၊ တစ်လ တစ်ခါ မိန့်ခွန်းပြော၊ ကမ္ဘာပတ် ပိုက်ဆံချေး၊ ဒီလောက်ကို အလုပ်ထင်နေတာတော့.....
လမ်းဘေးဓါတ်ပုံလေးတောင်မှ
အသားယူလိမ်လည်တတ်တဲ့
သမ္မတရုံးက လူတွေက သမ္မတရုံးပေါ်တက်ထိုင်ပြီး
ပြောချင်ရာပြောတာကို ရင်ခုန်နေရင် ရင်ခုန်နေသူဟာ အရူးပဲ။
ရူးရင်လည်း ရူးပါစေတော့ ...
အရူးလိုပြောရင် အရူးလိုပြန်ပြောတာပဲ ဘက်ညီတယ်လို့ထင်တယ်။
အခုလိုမျိုး သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့
အစောကြီးကတည်းက ပြောတာဟာ သူပြောမှသာကြားဖူးကြတာ။
သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသလိုလို တကိုယ်တည်း
တီးတိုးရေရွတ်နေတဲ့ သမ္မတကြီးနားမှာ
ထင်ရောင်ထင်မှား ကြားရတဲ့ အာရုံအမှားတွေကို
လူသိရှင်ကြား ထုတ်ဖော်ပြောတာမျိုးတော့ မလုပ်သင့်ဘူးထင်တာပဲ။
ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် ဆိုတော့
ဂယောင်ဂယင် အိပ်မက်တွေကနေ လန့်နိုးပြီး ရမ်းသမ်းအော်ရမယ့် နေရာလည်း
ယူထားတာမဟုတ်။
အဖြေတစ်ခုခု ရှိရင်ပြီးရော။ တစ်ခုခုပြောနိုင်ရင် ငါတို့အလုပ်အောင်မြင်တယ်လို့များ
ခံယူထားသလား ပြောင်စောင့်ငှက်ရယ်။
မှန်တာ မှားတာ အရေးမကြီး ၊
ယုတ္တိရှိတာ မရှိတာ နားမလည်၊
ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခုခု တုန့်ပြန်ရင်ပြီးတာပဲ ဆိုပြီး
တိုင်းပြည်တာဝန်ထမ်းဆောင်ချင်ရင်
အနုပညာလောကထဲဝင်ပြီး ဟာသ သရုပ်ဆောင် အလုပ်က
ဝါသနာနဲ့ ဟတ်မိပြီး တွက်ခြေကိုက်မယ့်အနေအထားပိုရှိမ ယ်ထင်တာပဲ။
ခင်ဗျားတို့ ဟာသ သရုပ်ဆောင်လုပ်ရင်
ခင်လှိုင်တို့ ကျော်ထူးတို့ ဧရာ တို့ ငိုလောက်တယ်။
ဟာသတွေပြောလို့ ကျုပ်တို့လည်း ရီရ ၊
ခင်ဗျားတို့လည်း ပိုက်ပိုက်တွေရ
နှစ်ဦးနှစ်ဖက် အဆင်ပြေလိုက်မယ့်ဖြစ်ချင်း
ဟာသအနုပညာလောကကိုလည်း
တိုးတက်အောင်ကူညီရာရောက်မယ့်အပြ င်
ကမ္ဘာကျော်မယ့် မြန်မာ့ ဟာသ ဇာတ်လမ်းတွေ
ထိုးဖောက်နိုင်မယ်ဆိုတာ
ခင်ဗျားသာ ကိုလူမင်းတို့ရဲ့ ဟာသရုပ်ရှင်လောကကို
ဝင်ကူရင် ဖြစ်နိုင်ချေဟာ
မဝေးလောက်ဘူး။
အခုတော့ ဆိုက်ကားဂိတ်မှာ ကျားပဲ ထိုးချင်နေသူက
လေယာဉ်မှူးလာဖြစ်နေသလိုပဲ....
လူရွှင်တော်လုပ်ချင်သူက သမ္မတရုံးတက်ထိုင်နေတော့
ငြိမ်ငြိမ်ထိုင်နေရင် အကြောင်းမဟုတ်ဘူး။
ငပေါစကားတွေ လျှောက်ပြောတော့
ကျုပ်တို့ နိုင်ငံကို သူများတွေလာလည်ရင် ရှက်စရာကောင်းတယ်။
ကျုပ်တို့နိုင်ငံက စကားသံ သူတို့ခိုးနားထောင်လို့ ကြားသွားရင်
ကျုပ်တို့မျက်နှာ ဘယ်နားထားရမှန်းမသိအောင် ရှက်ဖို့ကောင်းတယ်။
ဒီလိုလူမျိုး ဒီရာထူးယူထားပါလားဆိုပြီး သူများတွေက တွေးလိမ့်မယ်။
နောက်ဆက်တွေးမှာက သူ့အောက်အဆင့်က လူတွေက
သူ့ထက်ညံ့ကြလိမ့်မယ်လို့ ထင်ကုန်မှာ ...
ဒါဆိုရင်သွားပြီ ...
ကျုပ်တို့ မြန်မာပြည် သောက်ပေါတွေတောင်
ခေါင်းဆောင်ပိုင်းအနီးအနားလို ထိပ်သီး နေရာတွေ ရနိုင်တယ်ဟဲ့ ...
အရည်အချင်းရှိစရာမလိုဘူး ၊
ယုတ္တိရှိစရာမလိုဘူး ၊
ပြောချင်ရာပြော
အခွက်ပြောင်ဖို့သာလိုတယ် ဟဲ့ လို့
အိမ်နီးချင်းတွေ ထင်ကုန်တော့မှာပေါ့။
အိမ်နီးချင်းတွေက သောက်ပေါကြီးတွေလို့
ကျုပ်တို့ပြည်ကို မှတ်ကုန်မှာပေါ့။
သောက်ပေါကြီးတွေလို့ မှတ်တာထက်
အချဉ်တွေ တွေ့ပြီဟေ့ လို့ ကြိတ်ပြီး ၀မ်းသာနေရင် ပိုဆိုးမယ်။
ပြောသာပြောရတယ် ...
ခင်ဗျားကမှ တော်ပါသေးတယ်
အရင်က ခင်ဗျားထက်အချဉ်ကျတဲ့သူတွေက
ခင်ဗျားလောက်တောင် စကားမပြောဘဲ
သူတို့ အချဉ်ကို လက်နက်နဲ့ ဖုံး ၊
ရုပ်တည်တွေ သုံးပြီး လုပ်ချင်ရာလုပ်သွားကြလို့
ကျုပ်တို့တိုင်းပြည်က မိအေးတွေတောင်
အသားမာ တက်ကုန်တာ အားလုံးအသိပဲလေ ...။
စကားပြောလေးတွေလည်း ဆင်ခြင်ကြပါတော့ ....
မိအေးတွေလည်း မောလှပါပြီဗျာ။
ပြောချင်သပ တားမရရင်တော့ များများပြောပါ ...
ကျုပ်တို့လည်း ၀ိုင်းပြင်ပေးမယ်။
ဒီလို မပြောရဘူး ...
ဒီလိုပြောတာမကောင်းဘူး
ဟိုလိုပြောသင့်တယ် ...
ဟိုလိုပြောတာကောင်းတယ် ...
စသည်ဖြင့် တတ်သလောက်မှတ်သလောက်
ဥာဏ်မှီသလောက် ၀ိုင်းဝန်းအကြံပြုပါ့မယ်။
ဒါပေမယ့်ဗျာ .....
သမ္မတကြီးက အခြခံဥပဒေ ကို ပြင်ဖို့
အရင်ဦးဆုံး လိုလားကြောင်းပြပါတယ်တော့ မလုပ်ပါနဲ့ ....
သူဟာသူတောင် ဘာမှန်းသိရဲ့လား မသေချာတဲ့
သဘာပတိလုပ်ရင်းထွက်လာတဲ့ ဥပဒေ ကြီးကို
ရေးဆွဲတုန်းက မှားတာတွေပါကြောင်း
ဘာတစ်ခုမှ ကန့်ကွက်သံလည်း မကြားမိပါဘူး ....။
ပြီးတော့ လိုအပ်ရင် ပြင်မယ်ဆိုတော့
အခြေခံဥပဒေဟာ ပြင်ဖို့ လိုအပ်လား မလိုအပ်လား ဆိုတာကို
သမ္မတ နဲ့ တကွ သမ္မတ ရုံးတစ်ခုလုံး မဝေခွဲနိုင်သေးတဲ့သဘောဖြစ်နေပြီ ။
ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးက
အားအားယားယား ပြည်သူကို ဒုက္ခပေးပြီး
အခြေခံဥပဒေ ပြင်ဖို့မပြင်ဖို့ လိုက်ရှင်းပြ
ဆန္ဒခံယူနေမယ့်သူ မဟုတ်ဘူးဆိုတာလည်း
တပြည်လုံးသိရက်နဲ့
ခင်ဗျားတို့က
အခုမှ သူခိုးက လူ လူ ဟစ် ...
ခြေဥပြင်ဖို့ ခင်ဗျားတို့ကပဲ အစပြုသလိုလို ပြော ...
ပြောပြန်တော့လည်း ရှေ့နောက်က မညီ ...
လိုအပ်လာရင် ပြင်မယ်တဲ့ ...။
ပြင်ဖို့ လိုအပ်မှန်းတောင် မသိရှာတဲ့
သမ္မတ နဲ့ သမ္မတရုံးတစ်ဖွဲ့လုံး က ...
ကိုယ့်သက်တမ်းကို မြစ်ဆုံလေးနဲ့ထောက်
အိုအိုင်စီ လေး လက်ခံ ...
တစ်လ တစ်ခါ မိန့်ခွန်းပြော ...
ကမ္ဘာပတ် ပိုက်ဆံချေး ...
ဒီလောက်ကို အလုပ်ထင်နေတာတော့ မတန်ဘူး။
အမျိုးသားရေးပဲ အားပေးသယောင်ယောင်နဲ့ ကျုပ်တို့ ဗမာတွေလည်းမွဲ ... ရှိသမျှတိုင်းရင်းသား မြန်မာပြည်ကလူတွေ ဥစ္စာပစ္စည်းအပြင် မျက်နှာတွေပါမွဲ ... အိမ်ဖော်လိုအလုပ်လောက်ကိုတောင်အားရ၀မ်းသာ
သူများဆီသွားလုပ်ရမှာ မရှက်နိုင်တဲ့ဘ၀တွေ ရောက်နေကြပါပြီ ...
ကျုပ်တို့ နိုင်ငံဟာ အိမ်ဖော်အဆင့်အတန်းပဲ ရှိတဲ့ နိုင်ငံလားဗျာ။
ကျုပ်တို့ နိုင်ငံမှာရှိတဲ့ သယံဇာတတွေက တရုတ်ကို ပဏ္ဏာ ဆက်ရုံသက်သက်
ရှိုးကေ့စ်ထဲ ထည့်ထားရမယ့်ဟာတွေလားဗျာ။
ရှိသမျှလည်း ကုန်တော့မယ်။
ဘာမှ အလကားမရဘူးဆိုတာ ကလေးတောင်သိတဲ့အချိန်မှာ
အကူအညီကို အမျိုးသား အကျိုးစီးပွားအတွက် နောက်မျိုးဆက်များများအတွက်
အခြေခံစဉ်းစားပြီး လက်ခံရမယ့်အလုပ်တွေက ခင်ဗျားတို့အလုပ်တွေ။
ခင်ဗျားတို့မှာ ဒီထက် ပိုလုပ်ပေးချင်တဲ့ စေတနာရော ရှိမှ ရှိရဲ့လား ဆိုတာ
မေးစရာတောင် မလိုတော့ဘူးထင်တယ်။
မလုပ်နိုင်ရင် မလုပ်နိုင်ဘူးဆိုပြီး ဆင်းပေးလိုက်ရဲတဲ့
ရိုးသားမှုမျိုးတောင် မပြနိုင်ပဲ
တိုင်းပြည်အပေါ်ပဲ စေတနာ ထားသယောင်ယောင်
ထောင်လုံး ဖြီးလုံးတွေ သိပ်မသုံးစေချင်တော့ဘူး။
လူတစ်ဦးချင်းစီအတွက်တောင်
အရေးထား အလေးထား စီမံခန့်ခွဲရမယ့် အစိုးရ က ....
လူတွေ သောင်းကျော် တက်ရောက် သဘောတူညီနေတဲ့
ခြေဥ ပြင်မယ့်ကိစ္စကို အရေးမထားတာ အံ့သြ စရာပဲ ....
ဒါလားဟဲ့ ဒီမိုကရေစီ ....
ဒါလားဟဲ့ ကောင်းစေချင်တဲ့ စေတနာ ...
ဒါလားဟဲ့ ပွင့်လင်းမြင်သာမှု။ ပြောရရင် ကုန်နိုင်ဖွယ်မရှိ ...
ဒါကိုများ
ကာချုပ်က ဒီမိုကရေစီကို
တပ်မတော်က ထိန်းကျောင်းနေတာပါဆိုတဲ့ လေသံလှမ်းပြစ်သေးတယ်။
မိန့်ခွန်းပြောရင်လည်း သူတို့တွန်းတင်လို့ပဲ
မြန်မာ့ဒီမိုကရေစီခရီး ဖြောင့်ဖြူးလာသလိုလို ....
ဒီမိုကရေစီလိုလားသူများ အများစုကို ထိန်းသိမ်း
နေအိမ်အကျယ်ချုပ်တွေ ချ ... လုပ်ကြံ ...
မဟုတ်တာမှန်သမျှ အကုန်လုပ်ရင်း
တွန်းတင်လိုက်တဲ့ ခင်ဗျားတို့ဟန်က
တကယ့်ကို အောင်မြင်တဲ့ စစ်သူကြီးတွေရဲ့ လေသံမျိုးမို့ အံ့သြရတယ်။
ခင်ဗျားတို့ ယောက်ျားတွေမို့လို့သာပဲ ...
မိန်းကလေးတွေသာဆိုရင်
လိုးရှင်းတောင် လူးချိန်ရမှာမဟုတ်ဘူး။
တော်ပြီ ဆက်မပြောတော့ဘူး
အောင်ကြီး
secretnewsofMDF
သမ္မတရုံးက လူတွေက သမ္မတရုံးပေါ်တက်ထိုင်ပြီး
ပြောချင်ရာပြောတာကို ရင်ခုန်နေရင် ရင်ခုန်နေသူဟာ အရူးပဲ။
ရူးရင်လည်း ရူးပါစေတော့ ...
အရူးလိုပြောရင် အရူးလိုပြန်ပြောတာပဲ ဘက်ညီတယ်လို့ထင်တယ်။
အခုလိုမျိုး သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့
အစောကြီးကတည်းက ပြောတာဟာ သူပြောမှသာကြားဖူးကြတာ။
သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသလိုလို တကိုယ်တည်း
တီးတိုးရေရွတ်နေတဲ့ သမ္မတကြီးနားမှာ
ထင်ရောင်ထင်မှား ကြားရတဲ့ အာရုံအမှားတွေကို
လူသိရှင်ကြား ထုတ်ဖော်ပြောတာမျိုးတော့ မလုပ်သင့်ဘူးထင်တာပဲ။
ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် ဆိုတော့
ဂယောင်ဂယင် အိပ်မက်တွေကနေ လန့်နိုးပြီး ရမ်းသမ်းအော်ရမယ့် နေရာလည်း
ယူထားတာမဟုတ်။
အဖြေတစ်ခုခု ရှိရင်ပြီးရော။ တစ်ခုခုပြောနိုင်ရင် ငါတို့အလုပ်အောင်မြင်တယ်လို့မျာ
မှန်တာ မှားတာ အရေးမကြီး ၊
ယုတ္တိရှိတာ မရှိတာ နားမလည်၊
ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခုခု တုန့်ပြန်ရင်ပြီးတာပဲ ဆိုပြီး
တိုင်းပြည်တာဝန်ထမ်းဆောင်ချင်ရင
အနုပညာလောကထဲဝင်ပြီး ဟာသ သရုပ်ဆောင် အလုပ်က
ဝါသနာနဲ့ ဟတ်မိပြီး တွက်ခြေကိုက်မယ့်အနေအထားပိုရှိမ
ခင်ဗျားတို့ ဟာသ သရုပ်ဆောင်လုပ်ရင်
ခင်လှိုင်တို့ ကျော်ထူးတို့ ဧရာ တို့ ငိုလောက်တယ်။
ဟာသတွေပြောလို့ ကျုပ်တို့လည်း ရီရ ၊
ခင်ဗျားတို့လည်း ပိုက်ပိုက်တွေရ
နှစ်ဦးနှစ်ဖက် အဆင်ပြေလိုက်မယ့်ဖြစ်ချင်း
ဟာသအနုပညာလောကကိုလည်း
တိုးတက်အောင်ကူညီရာရောက်မယ့်အပြ
ကမ္ဘာကျော်မယ့် မြန်မာ့ ဟာသ ဇာတ်လမ်းတွေ
ထိုးဖောက်နိုင်မယ်ဆိုတာ
ခင်ဗျားသာ ကိုလူမင်းတို့ရဲ့ ဟာသရုပ်ရှင်လောကကို
ဝင်ကူရင် ဖြစ်နိုင်ချေဟာ
မဝေးလောက်ဘူး။
အခုတော့ ဆိုက်ကားဂိတ်မှာ ကျားပဲ ထိုးချင်နေသူက
လေယာဉ်မှူးလာဖြစ်နေသလိုပဲ....
လူရွှင်တော်လုပ်ချင်သူက သမ္မတရုံးတက်ထိုင်နေတော့
ငြိမ်ငြိမ်ထိုင်နေရင် အကြောင်းမဟုတ်ဘူး။
ငပေါစကားတွေ လျှောက်ပြောတော့
ကျုပ်တို့ နိုင်ငံကို သူများတွေလာလည်ရင် ရှက်စရာကောင်းတယ်။
ကျုပ်တို့နိုင်ငံက စကားသံ သူတို့ခိုးနားထောင်လို့ ကြားသွားရင်
ကျုပ်တို့မျက်နှာ ဘယ်နားထားရမှန်းမသိအောင် ရှက်ဖို့ကောင်းတယ်။
ဒီလိုလူမျိုး ဒီရာထူးယူထားပါလားဆိုပြီး သူများတွေက တွေးလိမ့်မယ်။
နောက်ဆက်တွေးမှာက သူ့အောက်အဆင့်က လူတွေက
သူ့ထက်ညံ့ကြလိမ့်မယ်လို့ ထင်ကုန်မှာ ...
ဒါဆိုရင်သွားပြီ ...
ကျုပ်တို့ မြန်မာပြည် သောက်ပေါတွေတောင်
ခေါင်းဆောင်ပိုင်းအနီးအနားလို ထိပ်သီး နေရာတွေ ရနိုင်တယ်ဟဲ့ ...
အရည်အချင်းရှိစရာမလိုဘူး ၊
ယုတ္တိရှိစရာမလိုဘူး ၊
ပြောချင်ရာပြော
အခွက်ပြောင်ဖို့သာလိုတယ် ဟဲ့ လို့
အိမ်နီးချင်းတွေ ထင်ကုန်တော့မှာပေါ့။
အိမ်နီးချင်းတွေက သောက်ပေါကြီးတွေလို့
ကျုပ်တို့ပြည်ကို မှတ်ကုန်မှာပေါ့။
သောက်ပေါကြီးတွေလို့ မှတ်တာထက်
အချဉ်တွေ တွေ့ပြီဟေ့ လို့ ကြိတ်ပြီး ၀မ်းသာနေရင် ပိုဆိုးမယ်။
ပြောသာပြောရတယ် ...
ခင်ဗျားကမှ တော်ပါသေးတယ်
အရင်က ခင်ဗျားထက်အချဉ်ကျတဲ့သူတွေက
ခင်ဗျားလောက်တောင် စကားမပြောဘဲ
သူတို့ အချဉ်ကို လက်နက်နဲ့ ဖုံး ၊
ရုပ်တည်တွေ သုံးပြီး လုပ်ချင်ရာလုပ်သွားကြလို့
ကျုပ်တို့တိုင်းပြည်က မိအေးတွေတောင်
အသားမာ တက်ကုန်တာ အားလုံးအသိပဲလေ ...။
စကားပြောလေးတွေလည်း ဆင်ခြင်ကြပါတော့ ....
မိအေးတွေလည်း မောလှပါပြီဗျာ။
ပြောချင်သပ တားမရရင်တော့ များများပြောပါ ...
ကျုပ်တို့လည်း ၀ိုင်းပြင်ပေးမယ်။
ဒီလို မပြောရဘူး ...
ဒီလိုပြောတာမကောင်းဘူး
ဟိုလိုပြောသင့်တယ် ...
ဟိုလိုပြောတာကောင်းတယ် ...
စသည်ဖြင့် တတ်သလောက်မှတ်သလောက်
ဥာဏ်မှီသလောက် ၀ိုင်းဝန်းအကြံပြုပါ့မယ်။
ဒါပေမယ့်ဗျာ .....
သမ္မတကြီးက အခြခံဥပဒေ ကို ပြင်ဖို့
အရင်ဦးဆုံး လိုလားကြောင်းပြပါတယ်တော့ မလုပ်ပါနဲ့ ....
သူဟာသူတောင် ဘာမှန်းသိရဲ့လား မသေချာတဲ့
သဘာပတိလုပ်ရင်းထွက်လာတဲ့ ဥပဒေ ကြီးကို
ရေးဆွဲတုန်းက မှားတာတွေပါကြောင်း
ဘာတစ်ခုမှ ကန့်ကွက်သံလည်း မကြားမိပါဘူး ....။
ပြီးတော့ လိုအပ်ရင် ပြင်မယ်ဆိုတော့
အခြေခံဥပဒေဟာ ပြင်ဖို့ လိုအပ်လား မလိုအပ်လား ဆိုတာကို
သမ္မတ နဲ့ တကွ သမ္မတ ရုံးတစ်ခုလုံး မဝေခွဲနိုင်သေးတဲ့သဘောဖြစ်နေပြီ
ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးက
အားအားယားယား ပြည်သူကို ဒုက္ခပေးပြီး
အခြေခံဥပဒေ ပြင်ဖို့မပြင်ဖို့ လိုက်ရှင်းပြ
ဆန္ဒခံယူနေမယ့်သူ မဟုတ်ဘူးဆိုတာလည
တပြည်လုံးသိရက်နဲ့
ခင်ဗျားတို့က
အခုမှ သူခိုးက လူ လူ ဟစ် ...
ခြေဥပြင်ဖို့ ခင်ဗျားတို့ကပဲ အစပြုသလိုလို ပြော ...
ပြောပြန်တော့လည်း ရှေ့နောက်က မညီ ...
လိုအပ်လာရင် ပြင်မယ်တဲ့ ...။
ပြင်ဖို့ လိုအပ်မှန်းတောင် မသိရှာတဲ့
သမ္မတ နဲ့ သမ္မတရုံးတစ်ဖွဲ့လုံး က ...
ကိုယ့်သက်တမ်းကို မြစ်ဆုံလေးနဲ့ထောက်
အိုအိုင်စီ လေး လက်ခံ ...
တစ်လ တစ်ခါ မိန့်ခွန်းပြော ...
ကမ္ဘာပတ် ပိုက်ဆံချေး ...
ဒီလောက်ကို အလုပ်ထင်နေတာတော့ မတန်ဘူး။
အမျိုးသားရေးပဲ အားပေးသယောင်ယောင်နဲ့ ကျုပ်တို့ ဗမာတွေလည်းမွဲ ... ရှိသမျှတိုင်းရင်းသား မြန်မာပြည်ကလူတွေ ဥစ္စာပစ္စည်းအပြင် မျက်နှာတွေပါမွဲ ... အိမ်ဖော်လိုအလုပ်လောက်ကိုတောင်အ
ကျုပ်တို့ နိုင်ငံဟာ အိမ်ဖော်အဆင့်အတန်းပဲ ရှိတဲ့ နိုင်ငံလားဗျာ။
ကျုပ်တို့ နိုင်ငံမှာရှိတဲ့ သယံဇာတတွေက တရုတ်ကို ပဏ္ဏာ ဆက်ရုံသက်သက်
ရှိုးကေ့စ်ထဲ ထည့်ထားရမယ့်ဟာတွေလားဗျာ။
ရှိသမျှလည်း ကုန်တော့မယ်။
ဘာမှ အလကားမရဘူးဆိုတာ ကလေးတောင်သိတဲ့အချိန်မှာ
အကူအညီကို အမျိုးသား အကျိုးစီးပွားအတွက် နောက်မျိုးဆက်များများအတွက်
အခြေခံစဉ်းစားပြီး လက်ခံရမယ့်အလုပ်တွေက ခင်ဗျားတို့အလုပ်တွေ။
ခင်ဗျားတို့မှာ ဒီထက် ပိုလုပ်ပေးချင်တဲ့ စေတနာရော ရှိမှ ရှိရဲ့လား ဆိုတာ
မေးစရာတောင် မလိုတော့ဘူးထင်တယ်။
မလုပ်နိုင်ရင် မလုပ်နိုင်ဘူးဆိုပြီး ဆင်းပေးလိုက်ရဲတဲ့
ရိုးသားမှုမျိုးတောင် မပြနိုင်ပဲ
တိုင်းပြည်အပေါ်ပဲ စေတနာ ထားသယောင်ယောင်
ထောင်လုံး ဖြီးလုံးတွေ သိပ်မသုံးစေချင်တော့ဘူး။
လူတစ်ဦးချင်းစီအတွက်တောင်
အရေးထား အလေးထား စီမံခန့်ခွဲရမယ့် အစိုးရ က ....
လူတွေ သောင်းကျော် တက်ရောက် သဘောတူညီနေတဲ့
ခြေဥ ပြင်မယ့်ကိစ္စကို အရေးမထားတာ အံ့သြ စရာပဲ ....
ဒါလားဟဲ့ ဒီမိုကရေစီ ....
ဒါလားဟဲ့ ကောင်းစေချင်တဲ့ စေတနာ ...
ဒါလားဟဲ့ ပွင့်လင်းမြင်သာမှု။ ပြောရရင် ကုန်နိုင်ဖွယ်မရှိ ...
ဒါကိုများ
ကာချုပ်က ဒီမိုကရေစီကို
တပ်မတော်က ထိန်းကျောင်းနေတာပါဆိုတဲ့ လေသံလှမ်းပြစ်သေးတယ်။
မိန့်ခွန်းပြောရင်လည်း သူတို့တွန်းတင်လို့ပဲ
မြန်မာ့ဒီမိုကရေစီခရီး ဖြောင့်ဖြူးလာသလိုလို ....
ဒီမိုကရေစီလိုလားသူများ အများစုကို ထိန်းသိမ်း
နေအိမ်အကျယ်ချုပ်တွေ ချ ... လုပ်ကြံ ...
မဟုတ်တာမှန်သမျှ အကုန်လုပ်ရင်း
တွန်းတင်လိုက်တဲ့ ခင်ဗျားတို့ဟန်က
တကယ့်ကို အောင်မြင်တဲ့ စစ်သူကြီးတွေရဲ့ လေသံမျိုးမို့ အံ့သြရတယ်။
ခင်ဗျားတို့ ယောက်ျားတွေမို့လို့သာပဲ ...
မိန်းကလေးတွေသာဆိုရင်
လိုးရှင်းတောင် လူးချိန်ရမှာမဟုတ်ဘူး။
တော်ပြီ ဆက်မပြောတော့ဘူး
အောင်ကြီး
secretnewsofMDF
ဘောင်ပြင်မှာနေရခြင်းအကြောင်း
သူငယ်ချင်း တစ်ယောက်ရှိတယ်....
၆ တန်း ၇ တန်း နှစ်လောက်က စပြီး တပူးတွဲတွဲ ရှိခဲ့တဲ့ ဘော်ဒါ တစ်ယောက်ပေါ့...
ဆရာ ဆရာမ တွေ သူငယ်ချင်း အပေါင်းအသင်းတွေ ပြောတာတော့ စာ အရမ်းတော်တယ်လို့ သတ်မှတ်ကြတယ်...ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ဒီကောင် စာတော်တဲ့ကောင်လို့ သတ်မှတ်ထားခဲ့တယ်... သူ့ကိုယ်သူလည်း သိတယ်.. တစ်ကျောင်းလုံးလည်း သိတယ်.... အတန်းထဲမှာလည်း ပထမ ။ အတန်းပေါင်းစုံ ဆုတွေမှာလည်း ပထမ ဆိုတာချည်းပဲ။
ဆရာဝန်လောင်းလေးလို့ လူတကာချီးကျူးကြတယ်....
ဒါက လူတွေလက်ခံထားကြတဲ့ အမှန်တရား....
သူတစ်ယောက်ပဲ သိသိကြီးနဲ့ လစ်လျူရူထားတဲ့ အမှန်တရားကတော့...

အတန်းပိုင်
ဆရာမ ကျူရှင်တွေ တက်တယ် ဆိုင်ရာဘာသာရပ်ပြ ဆရာမတွေရဲ့
ကျူရှင်တွေ တစ်ခုချင်း
လိုက်တက်တယ်... စာမေးပွဲမဖြေခင်တိုင်းမှာ မေးခွန်း ရ နေတဲ့
အကျိုးကျေးဇူးနဲ့ အမှတ်တွေ လွယ်လွယ်ရနေခဲ့လို့ ဆိုတဲ့အချက်ပဲ....
" အရပ်သားမို့ မယုံရဘူး၊ ပြောင်းပြန်မပြောနဲ့၊ ပြန်ပေးတော့ ငါတို့ အာဏာ "
မယုံကြည်ရင်း မယုံကြည် ပြည်သူကသာ တပ်မတော် အပေါ်မယုံရမှာ။
ခေတ်အဆက်ကို ပြန်ကြည့် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့ပေးခဲ့တဲ့တပ်မတော်က
တိုင်းတစ်ပါးရဲ့ ရန်ကိုကာကွယ်ဖို့နဲ့ ကျူးကျော်လာမှုတွေတိုက်ဖို့၊ ပြည်သူကို
ကာကွယ် စောင့်ရှောက်ဖို့။
တိုင်းရင်းသား ပြည်သူအပေါ် လက်နက်ကိုင်ပြီး အနိုင်ကျင့် စော်ကားဖို့မဟုတ်ဘူး။
၆၅နှစ်ကြာသွားပြီ။
နိုင်ငံရေးသမား၊ အာဏာရှင်၊ အာဏာရူး၊ စစ်အာဏာရှင်တွေက
တပ်မတော်ကို သူတို့ရဲ့ လက်နက်သဖွယ်ထားပြီး တပ်မတော်ကို အရူးလုပ်သွားတာ။
ဘယ်သူက ဘယ်သူ့ကို မယုံကြည်တာလဲ
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲ ဒုတိယနေ့ကို နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မယုံကြည်ဘူးလား
မယုံကြည်တာ မင်္ဂလာစကားတော့ မဟုတ်ပါဘူး။ ကောင်းတဲ့အစဉ်အလာကို ရည်ညွှန်းနေတာလည်း မဟုတ်ပါဘူး။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖက်ဖက်က တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖက်ဖက်ကို အထင်အမြင်လွဲနေတာ၊ လက်မခံနိုင်တာ အထင်မကြီးတာကို ထုတ်ဖော်ပြသ လိုက်တာပါ။
လူတစ်ဦးနဲ့တစ်ဦး တစ်စုနဲ့တစ်စု မယုံနိုင်စရာ အကြောင်းတွေက အများအပြား ရှိနေပါတယ်။
လင်နဲ့မယား၊ သားနဲ့သမီး၊ ညီနဲ့အစ်ကို အချင်းချင်း၊ ဆွေမျိုးသားချင်း အတူတူ တစ်အိမ်တည်းနေသူ အချင်းချင်း၊ တစ်နိုင်ငံတည်းနေသူ အချင်းချင်း နိစ္စဓူဝ ပြဿနာများ ဖြေရှင်းနေရတာကြောင့် ဖြေရှင်းပုံ ကွဲလွဲမှု အကြောင်းအရာအပေါ် သဘောပေါက်ပုံ ကွဲလွဲမှု၊ ခံယူချက် ကွဲလွဲမှု စတာတွေကြောင့် ယုံကြည်မှုတွေ ပျက်ပြားကြတာ အဆန်းတကြယ်တော့ မဟုတ်လှပါဘူး။
Subscribe to:
Posts (Atom)