Saturday, February 8, 2014

အနိုင်မခံ

ဗိုလ်ချုပ်ကိုယ်တိုင် ဘာသာပြန်ထားတဲ့ ကဗျာလေးပါ...
***************************************

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)


Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.


In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbow'd.

Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in Our Store! | Rate this Quote! | Tell a Friend

-William Ernest Henley, "Invictus", 1875


ကာရန်မဲ့ အတွေးစများ

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူ ဒါန ခုနှစ်မျိုး

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူ ဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊

၂။ နှုတ်ဖြင့် အလှူ ဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။

၃။ စိတ်ဖြင့်အလှူ ဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊

၎။ အမြင်ဖြင့် အလှူ ဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊

၅။ ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊

၆။ နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

၇။ နေအိမ်အလှူ ဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။


မည်သူမဆို ဤအလှူ ဒါန ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်
အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)… မြတ်မင်္ဂလာစာစောင်။ ။


မေတ္တာဖြင့် အရှင်ဝိမလဝံသ 
စာအုပ်မြို့တော်

ပြည်သူ့လွှတ်တော်အမတ် ရွှေမောင် (ခ) အဒူရော်ဇက်သည် နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူဟုတ်မဟုတ် စိစစ်ခြင်း


သမ္မတဦးသိန်းစိန်၊
ပြည်ထောင်စုလွှတ်တော်၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်
လ၀က ပြည်ထောင်စု ၀န်ကြီးဦးခင်ရီ သိရှိနိုင်ပါရန် 

 =====================================
ပြည်သူ့လွှတ်တော်အမတ် ရွှေမောင်(ခ)အဒူရော်ဇက် အား
 နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူဟုတ်မဟုတ် စီစစ်ခြင်း
 =====================================


ရွှေမောင်(ခ)အဒူရော်ဇက် ၏ မိသားစုမျိုးရိုးစဉ်ဆက်စာရင်း
*****************************************
၁။ ဖခင်ဘက်မှ အဘိုးဇော်ဘော်မူလုပ်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီး

မည်သည့်ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၂။ ဖခင်ဘက်မှ အဘွားဆော်ရိုနီဆားသည် ဘင်္ဂါလီလူမျိုးတစ်ဦး ဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီး
မည်သည့် ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

စနစ်ဟောင်းဘက်မှရပ်ကာ အများကြိုက်၊ နိုင်ငံရေးစကားလုံးဖြင့် အရေခြုံထားကြသူများ


နိဒါန်းအားဖြင့်ပြောရလျှင် လောက မှာ လူလည်လုပ်ပြီး အမှားနှင့်အမှန်ကို ရောထွေးပစ်သူများ၊ ကိုယ့်ကိုယ်ကိုယ် လူ ကြီးလူကျယ်လုပ်ပြီး မှန်ရာလုပ်သယောင် ပြုကာ စနစ်ဟောင်းဘက်မှ ရပ်နေသော အရေခြုံများကို သူ အမုန်းတီးဆုံး။ နိုင်ငံ ရေးနယ်ပယ်မှ လူကြီးလူကျယ်ဆိုသူများ ၏ ရုပ်ပုံကားချပ်ကို သူရေးသားဖော်ပြ သည်မှာ...

သူတို့ဟာ မြေခွေးသတ္တ၀ါတွေဖြစ် ပေမဲ့ သူတို့ကိုယ်သူတို့ ကြောင်နဲ့ တူသယောင်ဆောင်နေကြတယ်။ သူတို့ ကိုယ်သူတို့ တရားမျှတမှု ပြုနေသူတွေ သင့်မြတ်အောင် ဖျန်ဖြေနေသူတွေ၊ အမှန်ကို လုပ်နေသူတွေအဖြစ်အယောင် ဆောင်နေကြတယ်။ သူတို့ရဲ့ တကယ့် အသွင်နဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားဟာ တကယ်ယုတ်ညံ့သိမ်ဖျင်းတယ်။

ဖော်ပြခဲ့သည်တို့ကား တရုတ်ပြည် သူ့စာရေးဆရာကြီး လူရွှန်း၏ နိုင်ငံရေး ဒဿ     န အ မြင်များကို
 ရေးသားဖော်ပြ ချက်။

သမ္မတကြီး၏ လေထဲတိုက်အိမ်ဆောက်နေသော နိုင်ငံရေးအခင်းအကျင်းသစ်






သူငယ်ချင်းရေ။
၂၀၁၄ ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ သမ္မတကြီး ရဲ့ လစဉ် မိန့်ခွန်းအသစ်ကို ဖတ်ရှုလိုက် ရတော့ “ နိုင်ငံရေးအခင်းအကျင်းသစ်” ဆိုတဲ့ ဝေါဟာရပါရှိလာတာတွေ့လိုက်ရ တယ်။ နိုင်ငံရေးအခင်းအကျင်းသစ်တစ် ရပ် ပီပြင်စွာ ပေါ်ပေါက်လာရေး စိန်ခေါ် မှုများကို သဘောထားကြီးကြီးထားပြီး ရင်ဆိုင်ကျော်လွှားခဲ့တယ်လို့ဆိုတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ပေါင်းစည်းညီညွတ်ရေးလုပ်ငန်း စဉ်တွေကို ခိုင်မာတဲ့ သန်္နိဋ္ဌာန်နဲ့
 ဆောင် ရွက်နေသတဲ့။ ပြည်တွင်းငြိမ်းချမ်းရေး အရုဏ်ဦးကိုလည်း ရောက်ရှိနေပြီတဲ့။

ကမ္ဘာပေါ်မှာ မိန့်ခွန်းအပြောဆုံးသမ္မတသာ ရွေးချယ်ရင် တို့သမ္မတ ဂင်းန်နစ် စံချိန်ဝင်လောက်တယ်။ ပြည်သူတွေက ပထမအစတုန်းကတော့ သမ္မတမိန့်ခွန်း လွှင့်ချိန်ဆိုရင် စိတ်ဝင်တစား၊ သမ္မတမိန့် ခွန်းဖတ်ရတော့မယ်ဆိုရင် အံ့သြဘနန်း ၀မ်းပန်းတသာရှိခဲ့ပေမဲ့ ခုများကျတော့ ပြောတာလည်း မင်းပါပဲဆိုပြီး ၂ လိုင်း ဖတ် ၃ တန်းကျော် စနစ်နဲ့ ဖတ်၊ တစ်လုံး  
မှတ် ၁၀ လုံးမေ့ ပုံစံနဲ့ပဲ တန်ဖိုးထားလာ ကြတော့တယ်။
 

Friday, February 7, 2014

ပသီ၊ ဘင်္ဂလီ ရိုဟင်ဂျာနှင့် နှင့် ၂၀၁၄ သန်းခေါင်စာရင်း နောက်ကွယ်မှာ

နိဒါန်း

===
လာမည့် အချိန်အတွင်း၂၀၁၄ သန်းခေါင်စာရင်းကောက်ယူပွဲကြီး စတင်ပါတော့မယ်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် တိုင်းရင်းသားလူမျိုးများ လိုတိုး ပိုလျှော့ ဖြစ်လာပါလိမ့်မယ်။
လူမျိုးစု အသစ်များ သတ်မှတ်ခံရပါလိမ့်မယ်။

တိတိကျကျ ဆိုလျှင် ၂၀၁၄ မတ်လ (၃၀) ရက်နေ့ ည သန်းခေါင်ယံတွင် တစ်နိုင်ငံလုံးတွင် စတင်ကောက်ကူကာ (၁၂) ရက် တိတိ ကြာမြင့်ပါမယ်။

တိုင်းရင်းသား မျိုးနွယ်စုများလည်း တချို့ လူမျိုးစုများအနေဖြင့် မိမိမျိုးနွယ်စုများအမည်။ အမျိုးသားအမည်များအား အစိုးရမှ ကုတ်နံပါတ်များ သတ်မှတ်ပုံများကို ယနေ့အချိန်တွင် အချင်းချင်း ဆွေးနွေးတိုင်ပင်ကြလျက်ရှိသလို ကန့်ကွက်သူတိုင်းရင်းသားများလည်း ရှိနေပါတယ်။

ထို့အတူ တိုင်းရင်းသားမဟုတ်သော ပြည်တွင်းနေ လူမျိုးခြားများမှလည်း မိမိတို့ သတ်မှတ်ထားသော ကုတ်နံပါတ်များအလိုက် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ညှိနှိုင်းနေကြသလို အချို့ကလည်း တိုင်းရင်းသားအဖြစ် သတ်မှတ်နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆွေးနွေးညှိနှိုင်းပွဲတွေလုပ်ပြီး ကြိုးစားနေကြပါတယ်။

အဲဒီမှာ သန်းခေါင်စာရင်းထဲ ထည့်ကောက်ရမည့်သူတွေကို ရှင်းပြပါမယ်။

Sunday, February 2, 2014

အနုမြူ၊ ဓါတုနဲ့ ဒုံးကျည်

အနုမြူ၊ ဓါတုနဲ့ ဒုံးကျည်

Chemical weapon news ဓါတုလက်နက်စက်ရုံသတင်းနဲ့  တာလတ်ပစ် ဒုံးလက်နက် ထုတ်လုပ်မှုနောက်မှာ မှတ်ချက်ပေးလာသူတွေ မနည်းပါ။ သတင်းအောက်မှာ အကိုးအကားကို အင်္ဂလိပ်လိုတင်ထားပါသေးတယ်။ စုံစေ့အောင်လေ့လာပြီးမှ မှတ်ချက်ပေးကြတာ ပိုသင့်ပါတယ်။ 

အချုပ်ပြောရရင် ဒီလက်နက်သတင်းတွေနဲ့ဆက်လို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေး၊ ရုရှားနဲ့ဆက်ဆံရေးမှာ စစ်အစိုးရဟာ ဖုံးဖိကာကွယ်နေရပါတယ်။ နိုင်ငံတကာကို အဲဒါတွေ လုံးဝ မလုပ်ပါဘူးလို့ ပြောရတယ်။ လာစစ်ပါဆိုတာလဲ လုပ်ခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်တချို့ကိုလဲ လက်မှတ်ရေးထိုးထားပါသေးတယ်။ မထိုးသေးတာလဲရှိတယ်။ ဥပမာ Hague Code of Conduct against Ballistic Missile Proliferation (HCOC) တိုက်ခြင်းပြစ်ဒုံးကျည်စာချုပ်။ 

• Surface-to-air missiles (SAMs) တရုပ်နဲ့ ရုရှားလုပ် မြေပြင်မှဝေဟင်ပြစ် ဒုံးကျည်နည်းနည်းတော့ ပိုင်ထားပါတယ်။ Hong Ying-5, 9K38 Igla နဲ့ 9K310 Igla-1 လူသယ်ယူပစ်ခတ်နိုင်တာမျိုးတွေ ပါတယ်။ British Bloodhound Mk2, 2K12 Kub (2K12 Куб), S-125 Pechora-2M (Печора-2M) နဲ့ Hongqi-2 SAMs တွေလဲရှိပါတယ်။ 
• မြန်မာနဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးကို ၂ဝဝ၇ မှာ ပြန်လုပ်ခဲ့တယ်။ ၂ဝဝ၈ နိုဝင်္ဘာလထဲမှာ သူရရွှေမန်း မြောက်ကိုရီးယားကို သွားခဲ့တယ်။ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းနဲ့ ဒုံးကျည်နဲ့ဆိုင်တဲ့ နေရာတွေကို လည်ခဲ့တယ်။ Igla SAMs နဲ့ Scud missiles ဒုံးကျည်လုပ်စက်ရုံတွေလဲပါတယ်။ မြန်မာ့ Scud missile ဒုံးကျည်စက်ရုံအမှတ် ၁၂၅ ဟာ မြောက်ကိုရီးယားကနေလာတာ ဖြစ်တယ်။
• ၂ဝဝ၉ တုံးက မြောက်ကိုရီးယားသင်္ဘော Kang Nam I ဟာ မြန်မာနိုင်ငံကိုဦးတည်ထုတ်မောင်းနေတာကို အမေရိကန်က သိသွားလို့ နောက်ပြန်လှည့်သွားခဲ့ရတယ်။ ၂ဝ၁၁ မှာ M/V Light သင်္ဘောလဲ အလားတူ ပြန်လှည့်သွားခဲ့ရတယ်။ 
• ၂ဝ၁၂ သြဂုတ်လထဲမှာ ဂျပန်ကနေ သတ္တုပိုက် ၅ဝ နဲ့ အလူမီနီယမ် သတ္တုရောပိုက် ၁၅ ခုကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါတွေက နူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်ရာမှာ သုံးတာတွေဖြစ်တယ်။ သင်္ဘောဟာ ရန်ကုန်အခြေစိုက် တည်ဆောက်ရေးကုမ္ပဏီကိုသွားဘို့ဖြစ်တယ်။ ပစ္စည်းတွေမှာ DPRK လို့ပါရှိပြီး မြောက်ကိုရီးယားနယ်စပ်နားက တရုပ်နိုင်ငံ Dalian ဆိပ်ကမ်းကနေ လာတာဖြစ်တယ်။ 
• ဂျပန် Toko Boeki ကုမ္ပဏီထုတ် နှစ်မျိုးသုံးဆလင်ဒါတွေ မြန်မာနိုင်ငံက ရရှိတယ်လို့ ၂ဝဝ၈ သတင်းထဲမှာ ပါခဲ့သေးတယ်။ ဂျပန်အစိုးရကနေ ကုမ္ပဏီပူးတွဲတည်ထောင်သူ Li Gyeong Ho ကို တရားစွဲလိုက်တယ်။ သူဟာ ၂ဝဝ၈ စက်တင်္ဘာလနဲ့ ၂ဝဝ၉ ဇန္နဝါရီလထဲမှာ မြန်မာနိုင်ငံကို ပစ္စည်းတွေ ပို့ခဲ့လို့ဖြစ်တယ်။ သူ့ကုမ္ပဏီဟာ မြောက်ကိုရီးယားက New East International အတွက်ထုတ်လုပ်ပေးတာ ပေါ်သွားတယ်။
• ၂ဝဝ၃ ဇူလိုင်လထဲမှာ အမေရိကန်ကနေ ဗိုလ်ချုပ်သိန်းဌေးကို မြောက်ကိုရီးယားကိစ္စနဲ့ဆက်စပ်ပြီး ဒဏ်ခတ်အရေးယူမှု လုပ်လိုက်တယ်။ သူဟာ Directorate of Defense Industries (DDI) အကြီးအကဲဖြစ်ပြီး စစ်လက်နက်ဝယ်ယူမိန့်အမှတ် Executive Order (E.O.) 13619 ကို လက်မှတ်ထိုးခဲ့သူဖြစ်တယ်။ 
• မြန်မာနိုင်ငံဟာ Treaty on the Nonproliferation of Nuclear Weapons (NPT) မှာပါဝင်ထားပေမဲ့ Biological ဇီဝလက်နက်နဲ့ Toxin Weapons Convention (BTWC) အဆိပ်သင့်လက်နက်အပြင် Chemical Weapons Convention (CWC) တွေကို လက်ခံဘို့လုပ်မထားသေးဘူး။
• မြန်မာနိုင်ငံဟာ အခုထိတော့ chemical weapons (CW) program ဓါတုလက်နက်တွေ ပိုင်ထားတယ်လို့ အတည်မပြုနိုင်သေးပါ။ သံသယတွေနဲ့ သတင်းတွေတော့ အများအပြားရှိနေတယ်။ 
• ၁၉၉၃ မှာ Chemical Weapons Convention (CWC) ကို လက်မှတ်ထိုးထားပေမဲ့ 1925 Geneva Protocol ကိုလက်မှတ်မထိုးသေးပါ။
• ၂ဝ၁၃ ဒီဇင်္ဘာလထဲမှာတော့ လွှတ်တော်ကအတည်ပြုချက်ရရင် (CWC) ကို လိုက်နာ ကျင့်သုံးပါမယ်လို့ ပြောလာတာရှိတယ်။ 

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၄

Chemical weapon news ဓါတုလက်နက်စက်ရုံသတင်းနဲ့ တာလတ်ပစ် ဒုံးလက်နက် ထုတ်လုပ်မှုနောက်မှာ မှတ်ချက်ပေးလာသူတွေ မနည်းပါ။ သတင်းအောက်မှာ အကိုးအကားကို အင်္ဂလိပ်လိုတင်ထားပါသေးတယ်။ စုံစေ့အောင်လေ့လာပြီးမှ မှတ်ချက်ပေးကြတာ ပိုသင့်ပါတယ်။

အချုပ်ပြောရရင် ဒီလက်နက်သတင်းတွေနဲ့ဆက်လို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေး၊ ရုရှားနဲ့
ဆက်ဆံရေးမှာ စစ်အစိုးရဟာ ဖုံးဖိကာကွယ်နေရပါတယ်။ နိုင်ငံတကာကို အဲဒါတွေ လုံးဝ မလုပ်ပါဘူးလို့ ပြောရတယ်။ လာစစ်ပါဆိုတာလဲ လုပ်ခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်တချို့ကိုလဲ လက်မှတ်ရေးထိုးထားပါသေးတယ်။ မထိုးသေးတာလဲရှိတယ်။ ဥပမာ Hague Code of Conduct 
against Ballistic Missile Proliferation (HCOC) တိုက်ခြင်းပြစ်ဒုံးကျည်စာချုပ်။

• Surface-to-air missiles (SAMs) တရုပ်နဲ့ ရုရှားလုပ် မြေပြင်မှဝေဟင်ပြစ် ဒုံးကျည်နည်းနည်းတော့ ပိုင်ထားပါတယ်။ Hong Ying-5, 9K38 Igla နဲ့ 9K310 Igla-1 လူသယ်ယူပစ်ခတ်နိုင်တာမျိုးတွေ 
ပါတယ်။ British Bloodhound Mk2, 2K12 Kub (2K12 Куб), S-125 Pechora-2M (Печора-2M) 
နဲ့ Hongqi-2 SAMs တွေလဲရှိပါတယ်။ 

• မြန်မာနဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးကို ၂ဝဝ၇ မှာ ပြန်လုပ်ခဲ့တယ်။ ၂ဝဝ၈ နိုဝင်္ဘာလထဲမှာ သူရရွှေမန်း မြောက်ကိုရီးယားကို သွားခဲ့တယ်။ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းနဲ့ ဒုံးကျည်နဲ့
ဆိုင်တဲ့ နေရာတွေကို လည်ခဲ့တယ်။ Igla SAMs နဲ့ Scud missiles ဒုံးကျည်လုပ်စက်ရုံတွေလဲ
ပါတယ်။ မြန်မာ့ Scud missile ဒုံးကျည်စက်ရုံအမှတ် ၁၂၅ ဟာ မြောက်ကိုရီးယားကနေလာတာ ဖြစ်တယ်။

• ၂ဝဝ၉ တုံးက မြောက်ကိုရီးယားသင်္ဘော Kang Nam I ဟာ မြန်မာနိုင်ငံကိုဦးတည်ခုတ်မောင်းနေ
တာကို အမေရိကန်က သိသွားလို့ နောက်ပြန်လှည့်သွားခဲ့ရတယ်။ ၂ဝ၁၁ မှာ M/V Light သင်္ဘောလဲ အလားတူ ပြန်လှည့်သွားခဲ့ရတယ်။
 
• ၂ဝ၁၂ သြဂုတ်လထဲမှာ ဂျပန်ကနေ သတ္တုပိုက် ၅ဝ နဲ့ အလူမီနီယမ် သတ္တုရောပိုက် ၁၅ ခုကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါတွေက နူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်ရာမှာ သုံးတာတွေဖြစ်တယ်။
သင်္ဘောဟာ ရန်ကုန်အခြေစိုက် တည်ဆောက်ရေးကုမ္ပဏီကိုသွားဘို့ဖြစ်တယ်။ ပစ္စည်းတွေမှာ DPRK လို့
ပါရှိပြီး မြောက်ကိုရီးယားနယ်စပ်နားက တရုပ်နိုင်ငံ Dalian ဆိပ်ကမ်းကနေ လာတာဖြစ်တယ်။