Wednesday, February 12, 2014

မယားမကြောက်သူများ ဥက္ကဌ


Photo: *ဥက္ကဌ*(ဟာသကမ္ဘာ)
=============

Friday, November 1, 2013

မယားကြောက်ရွာတရွာလုံးရှိ ယောက်ျားအားလုံးတို့သည် ရွာနာမည်နဲ့လိုက်အောင် မယားကြောက်ကြလေ၏
တခြားရွာမှရွာသားများ၏ လှောင်ပြောင်မှုများအားခံရဖန်များလာသောအခါ ရွာရှိယောက်ျားသားများ မိန်းမ မကြောက်ရေး အဖွဲ့ဖွဲ့ရန်အတွက် အစည်းအဝေးထိုင်ကြလေ၏မိန်းမများသိမည်ကိုကြောက်ရသေးသဖြင့်ကင်းထောက်တယောက်လွှတ်ထားလေသည် ထိုသို့ဖြင့်အဖွဲ့လမ်းစဉ်များချမှတ် ပီးသကာလဥက္ကရွေးရန် လုပ်နေကြစဉ်ကင်းထောက်မှပြေး လာပီး အကြောင်းကြားလေသည်'မိန်းမတွေ လိုက်လာပြီဗျို့'အားလုံး ထပြေးကြလေသည် တယောက်သာငုတ်တုတ်လေးကျန် ခဲ့သည်နောက်မှကင်းထောက် အမြင်မှားမှန်း သိ၍လူပြန်စုပီး ငုတ်တုတ်ထိုင်နေသူကိုဝိုင်းဝန်းချီးမွမ်းရင်းဥက္ကဌ တင်ရန် ဆုံးဖြတ်လိုက်ကြပီးပုခုံးပုတ်၍ခေါ်လိုက်ရာထိုသူမှာအသက်မရှိတော့ချေ


မယားကြောက်ရွာတရွာလုံးရှိ ယောက်ျားအားလုံးတို့သည်
ရွာနာမည်နဲ့လိုက်အောင် မယားကြောက်ကြလေ၏။

တခြားရွာမှရွာသားများ၏ လှောင်ပြောင်မှုများအား
ခံရဖန်များလာသောအခါ ရွာရှိယောက်ျားသားများ 
မိန်းမ မကြောက်ရေး အဖွဲ့ဖွဲ့ရန်အတွက် အစည်းအဝေး
ထိုင်ကြလေ၏။

မိန်းမများသိမည်ကိုကြောက်ရသေးသဖြင့် ကင်းထောက်တယောက်
လွှတ်ထားလေသည် ။ ထိုသို့ဖြင့်အဖွဲ့လမ်းစဉ်များချမှတ်ပြီးသကာလ
ဥက္ကရွေးရန် လုပ်နေကြစဉ် ကင်းထောက်မှပြေးလာပြီး အကြောင်း
ကြားလေသည်။ 
 
မိန်းမတွေ လိုက်လာပြီဗျို့  ...။
အားလုံး ထပြေးကြလေသည်။ တယောက်သာငုတ်တုတ်
လေးကျန်ခဲ့သည် ။
 
နောက်မှကင်းထောက် အမြင်မှားမှန်းသိ၍ လူပြန်စုပြီး
ငုတ်တုတ်ထိုင်နေသူကို ဝိုင်းဝန်းချီးမွမ်းရင်း
ဥက္ကဌတင်ရန် ဆုံးဖြတ်လိုက်ကြပြီး ပုခုံးပုတ်၍ ခေါ်လိုက်ရာ
ထိုသူမှာ အသက်မရှိတော့ချေ။
 

Monday, February 10, 2014

"ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား"

(အရှင်ခေမာနန္ဒ)
The Voice Daily ပါ ဆောင်းပါး။

သြစတေးလျနိုင်ငံရောက် ဆရာဝန်တစ်ဦးက ``ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ် အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား။ လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝေ၀ဖန်ပိုင်ခွင့် မရှိဘူးလား´´ဆိုပြီး မေးမြန်းပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာ ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘ၀ထဲက 
ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲ မဆန်းပါဘူး။

Sunday, February 9, 2014

အင်တာနက်ဆိုင်မှာ သုံးရင် ဒါကို သတိထားပါ

အင်တာနက်ဆိုင်မှာ သုံးရင် ဒါကို သတိထားပါ

ပုံမှာ ဝိုင်းပြထားတဲ့ ပင် (Pin) အနက်က တစ်ခြားမဟုတ်ပါဘူး။ Keylogger ဖြစ်ပါတယ်။ CPU က လုပ်သမျှ အလုပ်အားလုံး၊ Data အားလုံး၊ သတင်းအချက်အလက်များလုံးကို မှတ်သားနိုင်ပါတယ်။ ယင်းနည်းလမ်းနဲ့ လည်း မိမိရဲ့  Personal account များနဲ့ သတင်းအချက်အလက် များ ကို ပေါက်ကြားစေပါတယ်။

နိုင်ငံခြားမှာတော့ ဘဏ်အကောင့်ခိုးချင်တဲ့အခါ အသုံးပြုတာပါ။ တရုတ်နိုင်ငံဖြစ်၊ ထိုင်းနိုင်ငံ ဖြစ်ပစ္စည်းများ ဖြစ်ပြီး အာရှတိုက်တစ်ဝန်းမှာ ရရှိနိုင်တဲ့ Gadget တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် မိမိအနေနဲ့ အရေးကြီးအချက်လက်ရှိပြီး မဖြစ်မနေ အင်တာနက်ဆိုင်တွေမှာ အသုံးပြုရတဲ့အခါ CPU နောက်ကျောမှာ ယင်းကဲ့သို့ အနက်ရောင် Pin ထိုးထားခြင်း ရှိမရှိ စစ်ဆေးရန် လိုအပ်ပါတယ်။
--
Ref: techblog
အောင်ခမ်း ( smart.com.mm )
 
ပုံမှာ ဝိုင်းပြထားတဲ့ ပင် (Pin) အနက်က တစ်ခြားမဟုတ်ပါဘူး။
Keylogger ဖြစ်ပါတယ်။ CPU က လုပ်သမျှ အလုပ်အားလုံး၊
Data အားလုံး၊ သတင်းအချက်အလက်များလုံးကို မှတ်သားနိုင်ပါတယ်။
ယင်းနည်းလမ်းနဲ့ လည်း မိမိရဲ့  Personal account များနဲ့
သတင်းအချက်အလက်များကို ပေါက်ကြားစေပါတယ်။
 
နိုင်ငံခြားမှာတော့ ဘဏ်အကောင့်ခိုးချင်တဲ့အခါ အသုံးပြုတာပါ။
တရုတ်နိုင်ငံဖြစ်၊ ထိုင်းနိုင်ငံ ဖြစ်ပစ္စည်းများ ဖြစ်ပြီး အာရှတိုက်တစ်ဝန်းမှာ
ရရှိနိုင်တဲ့ Gadget တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် မိမိအနေနဲ့ အရေးကြီးအချက်လက်ရှိပြီး မဖြစ်မနေ
အင်တာနက်ဆိုင်တွေမှာ အသုံးပြုရတဲ့အခါ CPU နောက်ကျောမှာ
ယင်းကဲ့သို့ အနက်ရောင် Pin ထိုးထားခြင်း ရှိမရှိ စစ်ဆေးရန် လိုအပ်ပါတယ်။
 
 Ref: techblog
အောင်ခမ်း ( smart.com.mm )

ဘုရားပြီးရင် အကြည်ညိုဆုံးလူသား

ဘုရားပြီးရင် အကြည်ညိုဆုံးလူသား

"ဘုရားပြီးရင် အကြည်ညိုဆုံးလူသား "

( ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာ )
=====================

ထိန်လင်းတဲ့လား
၅နှစ်သားမှစ………
သီလလုံခဲ့သူ……
အမေ ညာကာ……
စပါးရောင်းရာမှာ……
ဆိတ်အဆွဲခံကာ………
မှန်ရာကို ချစ်တတ်ခဲ့လေသူ………။

ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ



တက္ကသိုလ်ဘုန်းကြွယ်၏

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ

================

အောင်ဆန်း အောင်ဆန်း
မြန်မာပြည်ရဲ့ အမှောင်ခန်းကို

အလင်းတန်းပေးခဲ့တဲ့သူ။

နယ်ချဲ့လက်အောက်

ဖက်ဆစ်လက်အောက်က

လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။



အဆောင်ဆောင် ကြငှါန်းနဲ့

အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော
ပြောခဲ့တဲ့ သခင်ကိုယ်တော်မှိုင်း
သမိုင်းရာဇ၀င် ပြင်လို့မရ
လူ့လောက အလယ်မှာ
နှစ်သုံးဆယ်သာသာတာ
နေလာခဲ့ရရှာပေမယ့်
ကမ္ဘာမှာ မြန်မာရယ်လို့

တင့်တင့်တယ်တယ် ဖြစ်လာအောင်

စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊



အရပ်ကပုကွကွ

မျက်နှာထားက ဘုကျကျနဲ့

တုမရတဲ့ မူရုပ်

အဟုတ်ကိုအလုပ်လုပ်တဲ့ အညာသား
ဘီအေကျောင်းသား စကားကအနည်းသား
ပြောများပြောမိရင် မရပ်မနား။


နတ်မောက်သားဇာတိ
အမိဒေါ်စု အဘဦးဖာတို့ရဲ့သား
အားအားမနေ တိုင်းပြေ (ပြည်) အတွက်

မပြတ်အလုပ်လုပ် အဟုတ်ကိုဇွဲရှိ
သတ္တိကလဲ နှစ်ယောက်မရှိ
လုပ်မိပြီဆိုလျှင် နောက်မဆုတ်တမ်း
ခေါက်တုံ့ လှမ်းနေရင်းတောင်
မသေမချင်းတိုက်ရမဲ့ လွပ်လပ်ရေးအကြောင်း

မွတ်ငတ်ဘေးက

မလွတ်သေးတဲ့ပြည်သူတွေအကြောင်း
ခေါင်းကဆံပင်ညှပ်မပြီးခင်မှာတောင်

လုပ်ဆောင်စရာပေါ်လာရင်ထွက်သွားတတ်သူ

အကွက်များရလိုက်တာနဲ့ဖိနပ်တောင်
ယောင်မှားပြီး ဗြောင်းပြန်စီးတတ်တဲ့သူ
သဘောဖြူ မနောဖြူလိုက်ပုံများ

ကြွားမကြွားလိုက်ချင်

သူ့အားတွေ့ချင်လွန်းလို့

လမ်းမှာတားတဲ့ရွာသားတွေနဲ့အတူ

ကြည်ကြည်ဖြူဖြူ အကြော်တူတူစားတဲ့သူ။



တိုင်းရင်းသားလူမျိုးတွေကြားမှာ

သူတို့အ၀တ်အစား ၀တ်သွားပြီး

သူတို့နဲ့အတူတူပျော်ပါးတတ်တဲ့သူ။



တကယ်တော့ အောင်ဆန်းဟာ

ဟန်ဆောင်သမားမဟုတ်

ရိုးသားပြီး သွေးမကြီး။



ရိုးသားတဲ့နေရာမှာ

ရိုးရိုးဗမာထက်သာ။



တိုက်ရဲတဲ့နေရာမှာလည်ဲး

ရိုးရိုးဗမာတွေထက်ကဲ။


ရရင်ရ မရရင်ချမဲ့ အောင်ဆန်း

အမြင်ကြမ်းပေမယ့်

အတွင်းဘန်း အလွန်နူးညံ့တဲ့သူ။



ချစ်ဇနီးအပေါ် ခေါ်လိုက်တာများ

ကြည်ရေ ရနိုင်ရင် ပဲပြုတ်နဲ့နံပြား

စားချင်သတဲ့….
ဗိုလ်ချုပ်ကဇနီးလှအပေါ်

အမိန့်ပေးပြီး အဓမ္မမခေါ် ခဲ့ဘူးပါ။

အောင်ဆန်းနောက်ကို
ယောင်ရမ်းပြီးတကောက်ကောက်

လိုက်ကြတယ်မထင်နဲ့

သူ့တိုက်ပြနေတဲ့လွတ်လပ်ရေး

သူခေါင်းဆောင်ပေးနေတဲ့အရည်အသွေး

သူ့အရေး သူ့အမျိုး သူ့အကျိုးထက်
မြန်မာတမျိုးလုံးအတွက်ဆိုတာ

အားလုံးကသိကြတယ်။



အရေးကြီး သွေးနီးဖို့

စုစည်းအားနဲ့ တချက်မှ ညည်းမထွားဘဲ

တသီးတခြား ကြီးကြီးမားမားဖြစ်အောင်
အောင်ဆန်းက စည်းရုံးနိုင်ခဲ့တယ်။



သူ.အရည်အချင်းကို

မယွင်းအမြင့်အခေါင်

အတင်းပင့်ဆောင် နိုင်တဲ့အတွက်

ခက်ခဲတဲ့ လွတ်လပ်ရေးတိုက်ပွဲကြီး

မလွဲပြီးမြောက်

အောင်မြင်ခြင်းခရီးရောက်ခဲ့သပေါ့။


မြန်မာတတွေ လွတ်လပ်မြေမှာ

ဒါ ဒို့ပြေ(ပြည်) ဒါ ဒို့မြေလို့

မသွေမုချ ပြောနိုင်ကြတာ

အဖ ဗိုလ်ချုပ်အောင်းဆန်းရဲ့ကျေးဇူးပါ။


မြန်မာ့တပ်မတော်ကို ဖန်ဆင်း

အသက်သွင်း
မွေးဖွားပေးခြင်းဆိုတဲ့ဂုဏ်ပုဒ်ကို
ဖေါ်ထုတ်ပေးလိုက်တဲ့သူဟာလည်း

ဗိုလ်ချုပ်အောင်ဆန်း အောင်ဆန်းဗိုလ်ချုပ်ပါ။



“ရဲဘော်သည် ပြည်သူတွေအတွက်
ပြည်သူသည် ရဲဘော်အတွက်မဟုတ်ပါ”တဲ့



ဗိုလ်ချုပ်စကား မှတ်မိသေးရဲ့လား
ပြည်သူပြည်သားတွေအတွက်
မွေးဖွားပေးခဲ့တဲ့မြန်မာတပ်မတော်ဟာ

ယနေ့ ပြည်သူတွေကိုမတော်မတရား
စော်ကားပြီး ဖိနပ်စာကျွေး

အသက်ပါစတေးတဲ့ ခွေးမသား

လူသတ်သမား လူထုတွေကိုသတ်တဲ့

လူထုသတ်မတော် ဖြစ်သွားပါရော့လား။


ကျေးဇူးရှင်တွေကို ကျေးစွပ်တဲ့အပြင်

ရာဇ၀င် သမိုင်းစဉ်ကိုတောင်
ပြင်ချင်တဲ့အကောင်တွေ။



ခုတော့ အရိုင်းအဆိုင်းတွေက

အသိုင်းအ၀ိုင်းတွေနဲ့ ၀ိုင်းဝိုင်းပြီး

ပိုင်းချ ရိုင်းပြ လိုက်ပုံက

“အောင်ဆန်းရိုသေ-ထောင်နန်းခွေ”

“အောင်ဆန်းအလေးပြု သူပုန်အမှု" ဆိုပြီး
ကျေးဇူးကန်းပြီး မေတ္တာတွေခမ်းတဲ့ဘီလူးတွေ

အရူးချီး(ချေး)ပန်း

ငရွှေ အီးနမ်းတဲ့ စွမ်းအားရှင်တွေ

အမြင်ပါလွဲ ဖင်ပါကွဲမယ့် ကြံ့ဖွံ့သရဲတွေ။



ငါ့စကားလုံးတွေက ဗုံးလို

လုံးလုံးလျားလျားပေါက်ထွက်သွားပြီ
သောက်ရှက်မရှိတဲ့ ငတိတွေက
ကောက်ချက်ကြည့်လဲ ကြည့်စေတော့

ဖိလို့ဖုံးလို့မှ မရတော့တဲ့ဟာပဲ။

သေချာစဉ်းစား ဘ၀င်မှာကင်းသွားသလို

အယွင်းအမှား မဖြစ်စေနဲ့
ဖြစ်လာရင် မသွေ ကင်းကိုက်
သေတွင်းဆိုက် မှာသေချာပါတယ်။



သင်တို့တတွေ ရပ်တည်နေတဲ့မြေဟာ
အာဇာနည်တွေရဲ့ ချွေးနဲ့
ဆေးခဲ့လို့ ရခဲ့တဲ့မြေ ဆိုတာ မမေ့နဲ့။



သင်တို့စားနေတဲ့ ထမင်းဟာလဲ

အာဇာနည်သွေးနဲ့ ရင်းပေးခဲ့လို့

ရခဲ့တဲ့ထမင်းဆိုတာ မမေ့နဲ့။



ဒီကမ္ဘာမှာ ဗမာရယ်လို့ဖြစ်လာဖို့

အာဇာနည်တွေရဲ့အလောင်းတွေနဲ့
ပြောင်းလဲပို့ဆောင်ပေးခဲ့တယ်ဆိုတာမမေ့နဲ့။


နောင်လာနောင်သား မျိုးဆက်များကိုလဲ

အမွေစားအမွေခံ ဧကန်မလွဲ

စိတ်ထဲစွဲသွားရမှာက အောင်ဆန်းစိတ်ဓါတ်

မွန်မြတ်တဲ့ အောင်ဆန်းစေတနာ
သွေမကွာ ပေါက်ဖွား
တောက်ကြွားးလာမှာက
အောင်ဆန်းကိုယ်ပွား

အပိုမကြွားဘဲ အလိုလိုများလာပါလိမ့်မယ်။


အောင်ဆန်းသေပေမဲ့ သူ့စိတ်ဓါတ်မသေ

ကုဋေကဋာ နေရာတကာမှာ

မှိုလိုပေါက်လာပါလိမ့်မယ်။



အမှန်တရားသည်
အောင်ဆန်း ဘက်တော်သား

ဒီမိုကရေစီအားသည်

လူထုဖက်မှာဖွား

ကြီးမားတဲ့အားနှစ်အား

စုစည်းထားသမို့
ပြည်ထောင်စုကြီးသားတို့

ကြွားရွားဧကန် အောင်ပွဲခံလိမ့်မယ်။



ဗိုလ်ချု ပ် စကား ကြားရုံနဲ့မပြီး

သူလျှောက်ခဲ့တဲ့ခရီး သူ့လုပ်နည်းလုပ်ဟန်

သူ့ပုံသဏ္ဍာန်ကို အမှန်အတုခိုး

လူမျိုးစုတွေကြားသွားပြီး

တသားထဲနေ တရေထဲသောက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

စွန့်လွှတ်မှုမှန်သမျှ ရှေ့ဆုံးက

စံပြအလုပ် အဟုတ်ပင်လုပ်ပြ

ပါးစပ်ကပြောပြီး-မပြီး

အလုပ်ကြီးနဲ့ သက်သေပြခဲ့သူ။



ဤသို့သောသူ အတုယူ

ညီတူအားကျ အားထုတ်ကြ
ပြည်လှဖို့အရေး မဝေးတော့ပါ

ဗိုလ်ချုပ်မွေးနေ့မှာ အဓိဌာန်ချကြပါ။



ဒါဒို့ပြည် ဒါဒို့မြေ ဒို့ကာကွယ်မလေ။

ဒို့ပြေ(ပြည်) ဒို့မြေ အဖိုးတန်ပေ။



** တက္ကသိုလ်ဘုန်းကြွယ်  **

ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့သို့


စကားလုံး အသုံးကြမ်းသွားတာကိုတော့

သီးခံပေး နားလည်ပေးကြပါခင်ဗျား၊

ကျော်ထက်ဝင်း

Saturday, February 8, 2014

စည်းရိုးထိုးကာဖို့ အရိုးမလိုပါ




၁၉၈၂ နိုင်ငံသားဥပဒေဟာ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံတွေကြားထဲမှာ သယံဇာတကြွယ်ဝပေမယ့် ပြည်တွင်းရေးမတည်ငြိမ်မှု၊ဆင်းရဲမွဲတေမှုနဲ့ လူဦးရေအချိုးအစားမျှတနေတဲ့ မြန်မာနိုင်ငံကို ခနော်ခနဲ့၊ မလုံမလဲကာရံထားတဲ့ ခြံစည်းရိုးဟောင်းတစ်ခုဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်စံနှုန်းပေတံနဲ့တိုင်းရင်တော့ ပြင်းထန်တယ်လို့

ပြောလို့ရပေမယ့် လစ်ဘရယ်ဝါဒသည် မြန်မာနိုင်ငံနဲ့ အံဝင်ဂွင်ကျမရှိတဲ့အရာဆိုတာကိုတော့ လူအများစုနားလည်လိမ့်မယ်လို့ ယူဆမိပါတယ်။

အမျိုးသားရေးရှုဒေါင့်မှ ရွေးချယ်ရမည့် ဒေါ်အောင်ဆန်းစုကြည်


 
Written by Thorn Nay Soe
===============================

ဒီစာကိုမရေးခင် ကျနော်ဟာ ဒေါ်စုကို ဝေဖန်ဘူးသူတစ်ယောက်ဖြစ်ကြောင်း
သတိပြုစေလိုပါတယ်။
ပြီးတော့ ဘင်္ဂလီအရေးကို အစောဆုံး ဆန့်ကျင်ခဲ့သူတွေထဲ ပါပါတယ်။
(Facebook Timeline ကြီးက အကောင်းဆုံးသက်သေပါပဲ။
2011 ၀န်းကျင်က ကျနော့် Post တွေ ဖတ်ကြည့်ပါလို့သာ ပြောပါရစေ)

ဒီစကားကို အရင်ကြိုပြောရတာက ကျနော်ဟာ တစ်ဘက်တည်းကို
လိုက်တတ်သူ မဟုတ်ဘူးဆိုတဲ့အကြောင်းပါ။
မြန်မာပြည်ဖွား မြန်မာစစ်စစ်တစ်ယောက်မို့ ကျနော် အမျိုးချစ်ပါတယ်။
ကျနော်လည်း အမျိုးသားရေးကို အားပေးတယ်။
ဒါပေမဲ့ ကျနော် ဒေါ်စုကိုပဲ ရွေးချယ်ပါတယ်။ ဘာဖြစ်လို့လဲ?

အမျိုးသားရေးဆိုတာ ဘာလဲ

************************