Wednesday, February 12, 2014

မနက်ဖန် အတွက် ဒီနေ့

မနုဿ     တ္တဘာဝေါ ဒုလ္လဘောတဲ့
လူတစ်ယောက်ဖြစ်ဖို့ လွယ်လွယ်လေးမှတ်လို့
လူမှုရေး
ပညာရေး
စီးပွားရေး
ကျန်းမာရေး
ဘာသာရေး
ဟိုအရေး
ဒီအရေး
ကိုယ့်သမိုင်း ကိုယ်ရေး ကြရာမှာ…
လောင်းရိပ်အောက်မှာ စီးဆင်းရင်း
လိပ်ပြာတွေက နောက်ပြန်ဝဲ
ယဉ်ကျေးမှု မှတ်တိုင်တွေပြိုလဲ
သမိုင်းကြွေးတွေက တရစ်ပြီးတရစ်တင်
  မနုဿ     ဓမ္မ ဆိုတာ
  လွတ်လပ်ခြင်း
  ညီမျှခြင်း
  ချစ်ကြည်ခြင်း
  အချုပ်ဆိုရတော့
  တရားမျှတခြင်း ဗျ။
  ခင်ဗျားလည်းလူ၊ ကျုပ်လည်းလူ
  လူပါဗျ လူ
  တုံးချင်ယောင် ဆောင်မနေစမ်းပါနဲ့
  ကိုယ့်သမိုင်း ကိုယ်ရေး ကြရမှာ…
  ယုံလိုက်စမ်းပါ
  ညီညွတ်ခြင်းသည် အင်အား
  တွဲထားကြ လက်များ
  သမိုင်းကြွေးကို ဆပ်စို့လား။

သမိုင်းကောင်း ရေးသူများအား ဦးညွှတ်လျက် ~

 sonata-cantata

ဘလော့ဂ်တခုအရင်းပြု…

စိန်တွေ၊ ရွှေတွေ ရှိသူတွေက
တဆင်စာအကြောင်း၊ တအောင်စအကြောင်း ပြောကြတယ်။
အိမ်တွေ၊ မြေတွေ ရှိသူတွေက
ဇုန်အကြောင်း၊ ဧကအကြောင်း ပြောကြတယ်။
ကားတွေ၊ ဒေါ်လာတွေ ရှိသူတွေက
မော်ဒယ်လ်အကြောင်း၊ အတတ်အကျအကြောင်း ပြောကြတယ်။
ရာထူးတွေ၊ ဌာနန္တရတွေ ရှိသူတွေက
အလားအလာအကြောင်း၊ အနားယူတဲ့အခါအကြောင်း ပြောကြတယ်။
ဘလော့ဂ်တခု ရှိသူတွေက
အဖော်အပေါင်းနဲ့ ဗြဟ္မစိုရ်ကွန်ယက်အကြောင်း ပြောကြတယ်။
မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာ ရပါတယ်။ ။
 

ညနေကြယ်

 
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်(ရ)တယ်…တဲ့။
ဟုတ်မယ်...။

ငယ်စဉ်မှာတော့ ဘ၀တခုစာလောက်ကြီးတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။
အခုများတော့...
တရက်စာတောင် မခံတဲ့ မျှော်လင့်ချက်တွေနဲ့…။
နောက်...
အချိန်ပိုင်းသာ ခံမည့် မျှော်လင့်ချက်တွေ ရှိလာဦးမယ်။
ဒီလိုနဲ့...
မျှော်လင့်ချက် မဲ့တဲ့ တချိန် မလွဲမသွေ ရောက်လာမယ်။

ကိုယ့်မှာတော့ သင်ယူရင်းနဲ့ အသက်ရှင်နေ(ရ)တယ်။

ကိုယ့်ရဲ့ ဆရာက...ကိုယ်ကိုယ်တိုင်…ပါပဲ။

ကိုယ်က ခေါင်းငြိမ့်ရင်း…
လိုက်ရုံ။ ။
 

"I have a Dream....ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်.."


ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။
တစ်ချိန်မှာ ကျနော်တို့နိုင်ငံမှာ အမှန်တရားတွေနဲ့
လူတိုင်းဟာ အတူတူပါပဲ(ညီမျှတယ်)ဆိုတာ လက်ခံလာကြမယ်....။
 
ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။
ဂျော်ဂျီယာရဲ့ တောင်တန်းတွေမှာ
တစ်ချိန်က 'ကျွန်' တွေရဲ့သားတွေ နဲ့
'ကျွန်ပိုင်ရှင်' တွေရဲ့သားတွေဟာ
ညီရင်းအစ်ကိုသဖွယ်
စားပွဲတစ်လုံးထဲမှာ အတူစားသောက်ကြမယ်....။

ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။
အင်မတန် တရားမျှတမှု ကင်းမဲ့တဲ့
မစ္စစ္စပီပြည်နယ်ထဲမှာ
လွတ်လပ်ပြီး တရားမျှတတဲ့
 အေးရိပ်သာကြီး ဖြစ်လာမယ်....။

ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။
တစ်နေ့မှာ လူတွေကို အသားအရောင်နဲ့ 
ဆုံးဖြတ်တာမဟုတ်ဘဲ
သူတို့ရဲ့ အမူအကျင့်တွေနဲ့ 
ဆုံးဖြတ်တဲ့ နိုင်ငံမှာ
ကျနော့်ရဲ့ သားလေးယောက်ဟာ နေထိုင်ကြရမယ်....။

ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။
အယ်လ်ဘားမားမှာရှိတဲ့ မြို့တော်ဝန်ကလည်း
ခွဲခြားတဲ့ စကားတွေကို မပြောတော့ဘဲ 
လူဖြူကလေးတွေဟာ လူမည်းကလေးတွေနဲ့ 
လက်တွဲပြီး ကခုန်နိုင်ကြမယ်....။

ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။ 
ယနေ့ဖြစ်နေတဲ့ချိုင့်ခွက်တွေ..၊ တောင်တွေ..၊
 ချောက်ကမ်းပါးတွေဟာ ပြေပြစ်ပြီး ချောမွေ့ တည့်မတ်သွားမယ်...။ 
 ကျနော်တို့အားလုံး သွေးစည်းသွားကြမယ်....။

Martin Luther King.
မာတင်လူသာကင်း

((လွန်ခဲ့သော နှစ် ၅၀ တိတိ..၊ လူဖြုလူမည်း လက်တွဲဖို့
အိပ်မက်တောင် မမက်ရဲတဲ့ကာလ ၊ ၁၉၆၃ ခုနှစ် ၊ 
သြဂုတ်လ ၂၈ ရက်နေ့ က မာတင်လူသာကင်းဂျူနီယာ ၊
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မှာပြောသွားခဲ့ပြီး
လူတွေ ရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်ခဲ့သလို..၊ 
လူဖြူတွေရဲ့ ထောက်ခံမှုကိုပါ ရယူနိုင်ခဲ့တဲ့ ကမ္ဘာကျော် မိန့်ခွန်းမှ.....)
 
 Daily Eleven သတင်းစာ ဒေါက်တာခင်မောင်ညို ၏ ဆောင်းပါးမှ....
 

မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့


ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

မြန်မာအမျိုးသမီးများသည် ကမ္ဘာတွင် အလှဆုံးအတန်းအစားတွင် ပါဝင်ပါသည်။
အသား၏ ညက်ညောခြင်း၊ မျက်လုံး မျက်ဖန်ကောင်းခြင်း၊ နှာတံနှင့် ပါးစပ်လှပခြင်း၊
အရပ်မောင်းနှင့် ကိုယ်လုံးကိုယ်ပေါက် အချိုးကျခြင်း၊ ဆံပင်ကောင်းခြင်း၊ သွားများ
ညီညာခြင်းတို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံခြားသူများကဲ့သို့ ချိုင်းချွေးနံ မပြင်းခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်။
အပျိုဘဝတွင် ဤမျှလှပသော မြန်မာလုံမေများသည် မိခင်ဘဝရောက်၍ များစွာအိုစာ
သွားခြင်းသည် အလွန်ကြီးမားသော အားနည်းချက်ဖြစ်နေပါသည်။

အထူးသဖြင့် ဗိုက်ခေါက်ထူလာခြင်း၊ ဗိုက်သားများ ချပ်ချပ်ရပ်ရပ် မရှိဘဲ ပျော့ရိပျော့တွဲနှင့်
ဗိုက်ကြောများ အထပ်ထပ်ပြတ်ကာ အရုပ်ဆိုးလာခြင်းများ ဖြစ်လာရပါသည်။

မယားမကြောက်သူများ ဥက္ကဌ


Photo: *ဥက္ကဌ*(ဟာသကမ္ဘာ)
=============

Friday, November 1, 2013

မယားကြောက်ရွာတရွာလုံးရှိ ယောက်ျားအားလုံးတို့သည် ရွာနာမည်နဲ့လိုက်အောင် မယားကြောက်ကြလေ၏
တခြားရွာမှရွာသားများ၏ လှောင်ပြောင်မှုများအားခံရဖန်များလာသောအခါ ရွာရှိယောက်ျားသားများ မိန်းမ မကြောက်ရေး အဖွဲ့ဖွဲ့ရန်အတွက် အစည်းအဝေးထိုင်ကြလေ၏မိန်းမများသိမည်ကိုကြောက်ရသေးသဖြင့်ကင်းထောက်တယောက်လွှတ်ထားလေသည် ထိုသို့ဖြင့်အဖွဲ့လမ်းစဉ်များချမှတ် ပီးသကာလဥက္ကရွေးရန် လုပ်နေကြစဉ်ကင်းထောက်မှပြေး လာပီး အကြောင်းကြားလေသည်'မိန်းမတွေ လိုက်လာပြီဗျို့'အားလုံး ထပြေးကြလေသည် တယောက်သာငုတ်တုတ်လေးကျန် ခဲ့သည်နောက်မှကင်းထောက် အမြင်မှားမှန်း သိ၍လူပြန်စုပီး ငုတ်တုတ်ထိုင်နေသူကိုဝိုင်းဝန်းချီးမွမ်းရင်းဥက္ကဌ တင်ရန် ဆုံးဖြတ်လိုက်ကြပီးပုခုံးပုတ်၍ခေါ်လိုက်ရာထိုသူမှာအသက်မရှိတော့ချေ


မယားကြောက်ရွာတရွာလုံးရှိ ယောက်ျားအားလုံးတို့သည်
ရွာနာမည်နဲ့လိုက်အောင် မယားကြောက်ကြလေ၏။

တခြားရွာမှရွာသားများ၏ လှောင်ပြောင်မှုများအား
ခံရဖန်များလာသောအခါ ရွာရှိယောက်ျားသားများ 
မိန်းမ မကြောက်ရေး အဖွဲ့ဖွဲ့ရန်အတွက် အစည်းအဝေး
ထိုင်ကြလေ၏။

မိန်းမများသိမည်ကိုကြောက်ရသေးသဖြင့် ကင်းထောက်တယောက်
လွှတ်ထားလေသည် ။ ထိုသို့ဖြင့်အဖွဲ့လမ်းစဉ်များချမှတ်ပြီးသကာလ
ဥက္ကရွေးရန် လုပ်နေကြစဉ် ကင်းထောက်မှပြေးလာပြီး အကြောင်း
ကြားလေသည်။ 
 
မိန်းမတွေ လိုက်လာပြီဗျို့  ...။
အားလုံး ထပြေးကြလေသည်။ တယောက်သာငုတ်တုတ်
လေးကျန်ခဲ့သည် ။
 
နောက်မှကင်းထောက် အမြင်မှားမှန်းသိ၍ လူပြန်စုပြီး
ငုတ်တုတ်ထိုင်နေသူကို ဝိုင်းဝန်းချီးမွမ်းရင်း
ဥက္ကဌတင်ရန် ဆုံးဖြတ်လိုက်ကြပြီး ပုခုံးပုတ်၍ ခေါ်လိုက်ရာ
ထိုသူမှာ အသက်မရှိတော့ချေ။
 

Monday, February 10, 2014

"ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား"

(အရှင်ခေမာနန္ဒ)
The Voice Daily ပါ ဆောင်းပါး။

သြစတေးလျနိုင်ငံရောက် ဆရာဝန်တစ်ဦးက ``ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ် အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား။ လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝေ၀ဖန်ပိုင်ခွင့် မရှိဘူးလား´´ဆိုပြီး မေးမြန်းပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာ ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘ၀ထဲက 
ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲ မဆန်းပါဘူး။