Sunday, February 16, 2014
မချစ်ခင်အပ်သော ရဟန်း၏ အင်္ဂါ ဆယ်ပါး
မချစ်ခင်အပ်သော ရဟန်း၏ အင်္ဂါ ဆယ်ပါး
~~~~~~~~~~~~~~~~~~~~~~~~~
( နပ္ပိယသုတ် ၊ အင်္ဂုတ္တရနိကာယ် ၊ ဒသနိပါတ် ဆယ်ပါးစုတရားများအပိုင်း မှ )
၈၇။ ဗုဒ္ဓမြတ်စွာဘုရားသည် ကွယ်လွန်သွားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိုင်း ဟောကြားတော်မူသည်။
(၁) အဓိကရုဏ်းဖြစ်အောင်လုပ်တတ်၍ အဓိကရုဏ်းငြိမ်းအေးခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊
(၂) အကျင့်သိက္ခာကို မလိုလားသူဖြစ်၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၃) ယုတ်မာသောအလိုရှိသူဖြစ်၍ ယုတ်မာသောအလိုကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့ မရှိခြင်း၊
(၄) အမျက်ဒေါသကြီးသူဖြစ်၍ အမျက်ဒေါသ ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း
(၅) သူ့ကျေးဇူးကို ချေဖျက်တတ်သူဖြစ်၍ သူ့ကျေးဇူးကိုချေဖျက်ခြင်းကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၆) ကောက်ကျစ်စဉ်းလဲသူဖြစ်၍ ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းမှု မရှိခြင်း၊
(၇) လှည့်စားတတ်သူဖြစ်၍ လှည့်စားမှု မာယာ ကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၈) တရားသဘောကို စူးစမ်းဆင်ခြင်လေ့ မရှိသူဖြစ်၍ တရားသဘောကို စူးစမ်းဆင်ခြင်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၉) တစ်ပါးတည်းကိန်းအောင်းလေ့ မရှိသူဖြစ်၍ တစ်ပါးတည်းကိန်အောင်းခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၁၀) သီတင်းသုံးဖော်တို့အား အစေ့အစပ် ( လောကဝတ် ) မပြုတတ်သူဖြစ်၍ အစေ့အစပ်ပြုခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊
ဟူသောတရားဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို မဖြစ်စေကုန်။ ရဟန်းပြုခြင်း၏အကျိုးနှင့် ပေါင်းစည်းညီညွတ်မှုကို မဖြစ်စေကုန်။
ဥပမာ- မြင်းရိုင်းတစ်ကောင်အား ( ငါ့အား အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း လူတို့သည် သူလိုလားတောင့်တသည့်အတိုင်း ပြုလုပ်မြည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် မြင်းကြမ်း၌ မစွန့်ပယ်ရသေးသည့် ကောက်ကျစ်စဉ်းလဲမှုများ ရှိနေသည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။
ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်လုပ်တတ်ခြင်းစသော အင်္ဂါ ဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း သီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ အကုသိုလ်တရားဆိုးများ မပယ်ရသေးပဲရှိနေသည်ကို တွေ့မြင်ရသောကြောင့်ဖြစ်ပေသည်။
အဓိကရုဏ်းဖြစ်အောင် မလုပ်တတ်ပဲ အဓိကရုဏ်း ငြိမ်းအေးခြင်းကို ချီးမွမ်းလေ့ရှိခြင်း၊ အကျင့်သိက္ခာကို လိုလား၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို ချီးမွမ်းလေ့ရှိခြင်း၊ အလိုနည်းသူဖြစ်၍ အလိုဆိုးကိုဖျောက်ပယ်ခြင်းကို ချီးမွမ်းလေ့ရှိခြင်း စသောတရား ဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို ဖြစ်စေကုန်၏။
ဥပမာ- အမျိုးကောင်းသော အာဇာနည်မြင်းက ( ငါ့အားလူတွေက အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း မဖြစ်သော်ငြားလည်း လူတို့သည် ထိုမြင်းကို အာဇာနည်မြင်းအရာ၌ထား၍ ကျွေးမွေးပြုစုမြည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုမြင်း၌ ကောက်ကျစ်စဉ်းလဲမှုများပယ်ပြီးဖြစ်သည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။
ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်မလုပ်တတ်ပဲအဓိကရုဏ်းငြိမ်းအေးခြင်းကို၏ ဂုဏ်ကိုချီးမွမ်းလေ့ရှိခြင်းစသော တရားဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်းမ ဖြစ်ငြားသော်လည်း ဥာဏ်ပညာရှိသောသီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ အကုသိုလ်တရားဆိုးများ ပယ်အပ်ပြီးဖြစ်သည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်ဟု- ဟောကြားတော်မူခဲ့ပါသည်။
မချစ်ခင်အပ်သော ရဟန်း၏ အင်္ဂါ ဆယ်ပါး
~~~~~~~~~~~~~~~~~~~~~~~~~
( နပ္ပိယသုတ် ၊ အင်္ဂုတ္တရနိကာယ် ၊ ဒသနိပါတ် ဆယ်ပါးစုတရားများအပိုင်းမှ )
၈၇။ ဗုဒ္ဓမြတ်စွာဘုရားသည် ကွယ်လွန်သွားသော ရဟန်းတစ်ပါးကို
      အကြောင်းပြု၍ အောက်ပါအတိုင်း ဟောကြားတော်မူသည်။
(၁) အဓိကရုဏ်းဖြစ်အောင်လုပ်တတ်၍ အဓိကရုဏ်းငြိမ်းအေးခြင်းကို
     ချီးမွမ်းလေ့မရြှိခင်း၊
(၂) အကျင့်သိက္ခာကို မလိုလားသူဖြစ်၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို
     ချီးမွမ်းလေ့မရှိခြင်း၊
(၃) ယုတ်မာသောအလိုရှိသူဖြစ်၍ ယုတ်မာသောအလိုကို ပယ်ဖျောက်ခြင်းကို
     ချီးမွမ်းလေ့ မရှိခြင်း၊
(၄) အမျက်ဒေါသကြီးသူဖြစ်၍ အမျက်ဒေါသ ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၅) သူ့ကျေးဇူးကို ချေဖျက်တတ်သူဖြစ်၍ သူ့ကျေးဇူးကိုချေဖျက်ခြင်းကို ပယ်ဖျောက်ခြင်းကို
     ချီးမွမ်းလေ့မရှိခြင်း၊
(၆) ကောက်ကျစ်စဉ်းလဲသူဖြစ်၍ ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်းကို
     ချီးမွမ်းမှု မရှိခြင်း၊
(၇) လှည့်စားတတ်သူဖြစ်၍ လှည့်စားမှု မာယာ ကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၈) တရားသဘောကို စူးစမ်းဆင်ခြင်လေ့ မရှိသူဖြစ်၍ တရားသဘောကို
     စူးစမ်းဆင်ခြင်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၉) တစ်ပါးတည်းကိန်းအောင်းလေ့ မရှိသူဖြစ်၍ တစ်ပါးတည်းကိန်အောင်းခြင်းကို
     ချီးမွမ်းလေ့မရှိခြင်း၊
(၁၀) သီတင်းသုံးဖော်တို့အား အစေ့အစပ် ( လောကဝတ် ) မပြုတတ်သူဖြစ်၍
        အစေ့အစပ်ပြုခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊
ဟူသောတရားဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို မဖြစ်စေကုန်။ ရဟန်းပြုခြင်း၏အကျိုးနှင့် ပေါင်းစည်းညီညွတ်မှုကို မဖြစ်စေကုန်။
ဥပမာ- မြင်းရိုင်းတစ်ကောင်အား ( ငါ့အား အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း လူတို့သည် သူလိုလားတောင့်တသည့်အတိုင်း ပြုလုပ်ကြမည်မဟုတ်။
အဘယ့်ကြောင့်ဆိုသော် မြင်းကြမ်း၌ မစွန့်ပယ်ရသေးသည့် ကောက်ကျစ်စဉ်းလဲမှုများ ရှိနေသည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။
ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်လုပ်တတ်ခြင်းစသော အင်္ဂါ ဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း သီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်မဟုတ်။ 
အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ အကုသိုလ်တရားဆိုးများ မပယ်ရသေးပဲရှိနေသည်ကို တွေ့မြင်ရသောကြောင့်ဖြစ်ပေသည်။
အဓိကရုဏ်းဖြစ်အောင် မလုပ်တတ်ပဲ အဓိကရုဏ်း ငြိမ်းအေးခြင်းကို 
ချီးမွမ်းလေ့ရှိခြင်း၊ အကျင့်သိက္ခာကို လိုလား၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို 
ချီးမွမ်းလေ့ရှိခြင်း၊ အလိုနည်းသူဖြစ်၍ အလိုဆိုးကိုဖျောက်ပယ်ခြင်းကို ချီးမွမ်းလေ့ရှိခြင်း 
စသောတရား ဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို ဖြစ်စေကုန်၏။
ဥပမာ- အမျိုးကောင်းသော အာဇာနည်မြင်းက ( ငါ့အားလူတွေက 
အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ
 ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း မဖြစ်သော်ငြားလည်း လူတို့သည် 
ထိုမြင်းကို အာဇာနည်မြင်းအရာ၌ထား၍ ကျွေးမွေးပြုစုမြည်သာဖြစ်၏။ 
အဘယ့်ကြောင့်ဆိုသော် ထိုမြင်း၌ ကောက်ကျစ်စဉ်းလဲမှုများပယ်ပြီးဖြစ်သည်ကို
 တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။
ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်မလုပ်တတ်ပဲ
အဓိကရုဏ်းငြိမ်းအေးခြင်းကို၏ ဂုဏ်ကိုချီးမွမ်းလေ့ရှိခြင်းစသော တရားဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း
မဖြစ်ငြားသော်လည်း ဥာဏ်ပညာရှိသောသီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ 
အကုသိုလ်တရားဆိုးများ ပယ်အပ်ပြီးဖြစ်သည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်ဟု
ဟောကြားတော်မူခဲ့ပါသည်။
Thursday, February 13, 2014
Blood donation rules သွေးလှူခြင်းဥပဒေသများ
Blood donation rules သွေးလှူခြင်းဥပဒေသများ
ဆရာ နှလုံးသွေးကြောကျဉ်း အသက် ၆ဝ အရွယ် သွေးလှူရင် ဆိုးကျိုးဖြစ်စေနိုင်ပါသလား။
သွေးလှူခြင်းဥပဒေသတွေဟာ သွေးလှူဘဏ်တခုနဲ့တခု မတူပါ။
အရည်အချင်းတွေ
• ရိုးရိုးသွေးလှူချင်ရင် အသက် ၁၇ နှစ်ပြည့်ပြီးဖြစ်ရမယ်။ တချို့နေရာတွေက ၁၆ နှစ်ဆိုလဲလှူနိုင်တယ်။
• သွေးဖိအား BP အထက်ဂဏန်း ၁၈ဝ အထက်မကျော်စေရ၊ အောက်ဂဏန်း ၁ဝဝ ထက်မနည်းစေရ။ 
• သွေးလှူမဲ့သူဟာ အသက် ၅ဝ ထက်မကြီးစေရ။ ကိုယ်အလေးချိန် ၄၅ ကီလိုထက် မနည်းစေရ။
• ကိုယ်အပူချိန် ၉၉့၅ ဒီဂရီ ဖါရင်ဟိုတ်ထက် မကျော်စေရ။
• သွေးမလှူခင် Hemocrit စစ်တဲ့အခါ ပုံမှန်ထက် ၃၈% နည်းနေရင် မလှူရပါ။ Haemoglobin 12.5 g/dl အနည်းဆုံး ရှိနေရမယ်။
အမျိုးသမီးစေတနာရှင်တွေ
• ရာသီလာနေတုံးမှာလဲ လှူနိုင်ပါတယ်။ တချို့ဆေးရုံတွေက ပြောနိုင်တယ် ရာသီလာနေတုံး စောင့်ပါအုံး။ 
• ကိုယ်ဝန်တားဆေး၊ သွေးဆုံးလို့ ဟော်မုန်း အစားထိုးဆေးသုံးနေရင်လဲ လှူနိုင်တယ်။ 
• ကိုယ်ဝန်ဆောင်နေရင် မလှူရပါ။ မွေးဖွါးပြီးနောက် ၆ လ စောင့်ပါ။ ကလေးနို့တိုက်နေသူ၊ လတ်တလော ကိုယ်ဝန်ပျက်ထားသူ မလှူရသေးပါ။
သွေးမလှူနိုင်သူတွေ
• လိင်ဆက်ဆံဖေါ်များသူတွေ မလှူရပါ။
• မူးယစ်ဆေးစွဲနေသူတွေ မလှူရပါ။
• အသားဝါ၊ Rubella ရူဘဲလားရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားရောဂါ ရှိနေသူတွေ မလှူရပါ။
• နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသဲရောဂါတွေ၊ သွေးရောဂါတွေနဲ့ ပန်းနာမရှိရပါ။
မလှူခင် စစ်ဆေးခြင်း
• သွေးလှူမဲ့သူမှာ HIV အိတ်ခ်ျအိုင်ဗွီ၊ အသဲရောင် (ဘီ၊ စီ) ရောဂါ၊ ဆစ်ဖလစ်ရောဂါမရှိတာကို စစ်ဆေးပါမယ်။
သွေးမလှူခင်
• နေမကောင်းလို့သောက်ရတဲ့ဆေး ၄၈ နာရီအတွင်း သောက်မထားရ။
• အရက် သောက်ပြီးနောက် ၄၈ နာရီစောင့်ပါ။
• သွေးမလှူခင်မှာ (၃ နာရီကြိုတင်ပြီး) ထမင်းကောင်းကောင်းစားခဲ့ပါ။
စောင့်ပါအုံး
• အသဲရောင် (အေ) ဖြစ်ဘူးပြီးနောက် ၃ နှစ်ကြာရမယ်။
• ပြီးခဲ့တဲ့ ၆ လ အတွင်း ခွဲစိတ်ကုသမှုအကြီးစား လုပ်ထားရသူ မလှူရသေးပါ။
• တက်တူးထိုးထားသူဆိုရင် တက်တူးထိုးပြီးနောက် ၁၂ လ (တနှစ်) စောင့်ရမယ်။ တက်တူးထိုးတုံးက အပ်အဟောင်း သုံးထားရင်၊ အပ်ကမသန့်ရင် အသဲရောင်ရောဂါရှိနိုင်လို့ဖြစ်တယ်။ အပ်စိုက်ကုသမှု ခံယူထားသူတွေ။ အလှအပကွင်းတွေတပ်ဆင်ထားသူက ကိစ္စမရှိပါ။
• လူကိုက်တာခံရလို့ အရေပြားစုတ်ပြဲသွားရင် ၁၂ လစောင့်ရမယ်။
• ကျန်းမာရေးအတွက် ဆေးတွေသောက်ထားတာနဲ့တော့ ယေဘုယျပြောရရင် စောင့်စရာမလိုပါ။ သွေးတိုးဆေး ဆိုရင်စောင့်ရမယ်။ ပိုးသေဆေး (ဗက်တီးယားနဲ့ ဗိုင်းရပ်စ်တွေအတွက်) ဆိုရင်တော့ ၂ ရက်စောင့်ပါ။ ဆီးချိုထိုးဆေး (အင်စူလင်) ထိုးထားရင် ၂ ပါတ်စောင့်ပါ။ 
သွေးလှူပြီးရင်
သွေး ၄၅ဝ စီစီလှူလိုက်ရင် သွေးအရည် (ပလာစမာ) ထုထည် ၇-၁၃% ကျသွားမယ်။ ၂၄ နာရီနေရင် ပြန်ပြည့်မယ်။ ခါတိုင်းထက် ရေ၊ အရည် (အရက်ကလွဲပြီး) ၄ ခွက် (၈ အေင်စ) ပိုသောက်ပါ။ သွေးလှူပြီးနောက် ဆေးလိပ်သောက်ရင်၊ အရက်သောက်ရင်၊ ပူအိုက်တဲ့အခန်းထဲနေရရင်၊ ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထံလုပ်ရင်၊ အစာမစားပဲ ဥပုသ်စောင့်ရင်၊ မတ်တပ်အကြာကြီးရပ်နေရရင် ခေါင်းမူးနိုင်တယ်။ သွေးလှူပြီးနောက် သွားရည်စာကြွေးတာ စားသောက်ပါ။ ပုံမှန်အလုပ် (ကျောင်းတက်၊ ရုံတက်) လုပ်နိုင်ပါတယ်။
သွေးလှူရင် ကျန်းမာရေးပိုကောင်းသလား 
မပြောနိုင်ပါ။ ရောင်းကုန်ကြောညာတွေလို အကောင်းချည်း မပြောသင့်ပါ။ ပြောနိုင်တာက သွေးလက်ခံရယူတဲ့သူမှာ ကျန်းမာရေး ပိုကောင်း (အသက်ကယ်) နိုင်ပြီး သွေးလှူတဲ့သူဟာ စည်းကမ်းနဲ့အညီလှူရင် ကျန်းမာရေး မထိခိုက်ပါ။ သွေးလှူလိုက်လို့ AIDS ကူးမလာစေပါ။ သွေးလှူဘဏ်စည်းကမ်းအလိုက် သွေး ၃၅ဝ-၄၅ဝ စီစီ ထုတ်ယူမယ်။ လူတိုင်းမှာ သွေး ၅-၆ လီတာ ရှိတယ်။ သွေးလှူပြီးနောက် ၂၄-၄၈ နာရီမှာ ထုထည်အရပြည့်လာမယ်။ သွေးနီဥတွေက နောက် ၅၆ ရက်မှာ ပြန်ပြည့်ပြီ။ နောက်တခါသွေးလှူဘို့ ၃-၄ လ စောင့်ရမယ်။ 
ဇီဝိတဒါနအတွက် ပီတိနဲ့ ကျေနပ်နေပါလေ။
ဒေါက်တာတင့်ဆွေ
မေး - ဆရာနှလုံးသွေးကြောကျဉ်း အသက် ၆ဝ အရွယ် သွေးလှူ  ရင်
      ဆိုးကျိုးဖြစ်စေနိုင်ပါသလား။
ဖြေ - သွေးလှူ ခြင်းဥပဒေသတွေဟာ သွေးလှူ ဘဏ်တခုနဲ့တခု မတူပါ။
အရည်အချင်းတွေ
• ရိုးရိုးသွေးလှူချင်ရင် အသက် ၁၇ နှစ်ပြည့်ပြီးဖြစ်ရမယ်။
  တချို့နေရာတွေက ၁၆ နှစ်ဆိုလဲလှူ နိုင်တယ်။
• သွေးဖိအား BP အထက်ဂဏန်း ၁၈ဝ အထက်မကျော်စေရ၊
  အောက်ဂဏန်း ၁ဝဝ ထက်မနည်းစေရ။
• သွေးလှူ မဲ့သူဟာ အသက် ၅ဝ ထက်မကြီးစေရ။
   ကိုယ်အလေးချိန် ၄၅ ကီလိုထက် မနည်းစေရ။
• ကိုယ်အပူချိန် ၉၉့၅ ဒီဂရီ ဖါရင်ဟိုတ်ထက် မကျော်စေရ။
• သွေးမလှူခင် Hemocrit စစ်တဲ့အခါ ပုံမှန်ထက် ၃၈% နည်းနေရင် မလှူရပါ။
   Haemoglobin 12.5 g/dl အနည်းဆုံး ရှိနေရမယ်။
ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ
ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
(၁) မောင်အောင်ဆန်းသည်
၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။
ထိုစဉ်ကသူ့အသက် ၁၇ နှစ်သာ ရှိသေး၏။
(၂) အသက် ၂၀ အရွယ်တွင်
ကျောင်းသားသမဂ္ဂမှထုတ်ဝေသော
အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ
အဖြစ်ဆောင်ရွက်ခဲ့၏။
(၃) ၁၉၃၆ ခုနှစ် အသက် ၂၁နှစ်အရွယ်တွင်
ကျောင်းသား သပိတ်ကြီး၏ခေါင်းဆောင
် အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။
(၄) အသက် ၂၂ နှစ်အရွယ်တွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ်
ရွေးချယ်ခံရ၏။
(၅) အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ
တို့ဗမာ (သခင်)အစည်းအရုံး၌
အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။
(၆) သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို
လက်နက်ဖြင့် တော်လှန်ပုန်ကန် ရန်
အစီ အစဉ်များ ရေးဆွဲပေးခဲ့စဉ်က
သူ၏အသက်မှာ ၂၅ နှစ်သာရှိသေး၏။
(ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ဖြစ်ပါ့ မလား -- လက်နက်ဘယ်ကရမှာမို့လဲ
စသည်ဖြင့် သံသယရှိကြ၏။
မောင်အောင်ဆန်းသည် ခေါင်းဆောင်ပီပီ
မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အားလျော့တတ်ခြင်းမရှိ
“ဓားပြဂိုဏ်း တွေတောင်မှ
လက်နက်ရအောင် ရှာနိုင်သေးတာ
ကျုပ်တို့ကော ဘာဖြစ်လို့
လက်နက်မရှာ နိုင်ရမှာလဲ” ဟု
တွေဝေနေသော သူ၏ရဲဘော်များကို ပြန်ပြောခဲ့၏။)
(၇) အသက် ၂၅ နှစ်သာသာတွင်
လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက်
နိုင်ငံခြား အကူအညီရနိုင်ရန်
မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။
(၈) ဗြိတိသျှတို့ကို တိုက်ခိုက်ရန်
“ဗမာ့လွတ်လပ်ရေး တပ်မတော်”
ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ်
ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း
ချီတက်လာချိန်မှာ သူ့အသက်ကား
၂၆ နှစ်အရွယ်ပင် ရှိသေး၏။
(၉) အသက် ၃၀ အရွယ်တွင်
ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍
တိုက်ခိုက်ခဲ့သည်။
မြန်မာနိုင်ငံရေးလောကတွင်
မကြုံစဘူးသော အမျိုးသားညီညွတ်ရေး
တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို
တောင့်တင်းကြီးမားအောင်
တည်ဆောက်စည်းရုံးခဲ့၏။
(၁၀) အသက် ၃၁ နှစ်အရွယ်တွင်
သူတိုင်းပြည်လွတ်လပ်ရေးအတွက်
နိုင်ငံရေးနယ်ပယ်တွင် ကမ္ဘာ့ဝါရင့်
နိုင်ငံရေးသမားကြီးများဖြစ်သော
ဗြိတိသျှအစိုးရအဖွဲ့
ဗြိတိသျှဘုရင်ခံတို့နှင့်
ဥာဏ်ကစားလျက် နိုင်ငံရေးဆွေးနွေးနိုင်ခဲ့
ပြောဆိုနိုင်ခဲ့၏။
(၁၁) ဗြိတိသျှတို့နှင့် အကြိတ်အနယ်
အင်အား ပြိုင်အရေးဆို
ပြောကြားပြီးနောက်
“တစ်နှစ် အတွင်း
လုံးဝလွတ်လပ်ရေးရရမယ်”
ဟု ကြုံးဝါးကတိပေးခဲ့စဉ်က
အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။
(၁၂) သူ့အသက် ၃၂-နှစ်တွင်
ပထမဆုံး တိုင်းပြုပြည်ပြု
လွတ်တော်ခေါ်ယူကျင်းပပြီးလျှင်
လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို
စတင်အုတ်မြစ်ချပေးခဲ့၏။
(၁၃) သူ့အသက် ၃၃ နှစ်တွင်
လွတ်လပ်ရေး ဗိမာန်ကြီးကို
အုတ်မြစ်ချတည်ဆောက်ပေးပြီး
မသမာသူများ၏ လုပ်ကြံမှုဖြင့်
ကျဆုံးသွားရလေ၏။
ဤအသက်အပိုင်းမျှဖြင့်
သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော
လုပ်ငန်းများကို ကြည့်၍
★ ဗိုလ်ချုပ်သည် ဘယ်လိုလူဖြစ်သည်၊
★ စိတ်ဓာတ်ဘယ်လောက်ပြင်းသည်၊
★ စိတ်ဓာတ်ဘယ်လောက်ခိုင်မာသည်၊
★ ဘယ်လောက်ပြတ်သားသည်၊
★ ဘယ်လောက်ရဲရင့်သည်၊
★ ဘယ်လောက်သတ္တိရှိသည်၊
★ လက်အောက်သားတွေအပေါ်
ဘယ်လိုအုပ်ချုပ်သွားသည်၊
ဆိုသည်တို့ကို အတုယူလိုက်နာ
သင့်ပေသည်။
ငါတို့နေထိုင်ရာ ပြည်မြန်မာကို
လွတ်လပ်ရေးဆိုသော ပဒေသာပင်ကြီး
အသက်ပေး စိုက်ပျိုးပေးခဲ့သော
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း
၏ ၉၉ နှစ်မြောက်မွေးနေ့အား
ဂုဏ်ပြုသောအားဖြင့် ဦးညွတ်လျက်...
မျိုးစောင့်သူ
(အထူးသဖြင့်
ဗိုလ်ချုပ်အား မွေးနေ့မှ ဆုတောင်း
အသိမှတ်ဂုဏ်ပြုတာထက်
သူ ထူထောင် သွားသောနိုင်ငံအပေါ်
ဗိုလ်ချုပ်လမ်းစဉ်အရ
စည်းကမ်းရှိရှိ နဲ့ နိုင်ငံကြီးသားပီပီ
နိုင်ငံဂုဏ်မြှင့်ရင်း နိုင်ငံအပေါ်သစ္စာရှိစွာ
ဗိုလ်ချုပ်စိတ်ဓာတ်အမြဲအတုယူ ကျင့်ကြံ
ဖို့ပိုအရေးကြီးပါတယ်။)
Credit to =►မျိုးစောင့်သူ◄=►Thank◄= 
ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
(၁) မောင်အောင်ဆန်းသည်
၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။
ထိုစဉ်ကသူ့အသက် ၁၇ နှစ်သာ ရှိသေး၏။
(၂) အသက် ၂၀ အရွယ်တွင်
ကျောင်းသားသမဂ္ဂမှထုတ်ဝေသော
အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ
အဖြစ်ဆောင်ရွက်ခဲ့၏။
(၃) ၁၉၃၆ ခုနှစ် အသက် ၂၁နှစ်အရွယ်တွင်
ကျောင်းသား သပိတ်ကြီး၏ခေါင်းဆောင
် အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။
(၄) အသက် ၂၂ နှစ်အရွယ်တွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ်
ရွေးချယ်ခံရ၏။
Wednesday, February 12, 2014
သူ ရဲေ ကာ င်းေ ခ တ် ၊ သ စ္စာေ ဖာ က်ေ ခ တ်
ငှက်ရေ…
သစ်ပင်တစ်ပင်လုံး
အရွက်ဆိုလို့ 
တစ်ရွက်မှမရှိတော့ဘူး။
မြေကြီးအောက်
တောက်ပတဲ့အမြစ်တွေသာ
ရုန်းကန်တုန်းပေါ့ ။
မင်းသေသွားတာကောင်းတယ်
ငှက်။
နို့ မို့ ရင်
မင်းသီချင်း ‘‘အဆုံးသတ်တိုက်ပွဲ”
မူးမူးနဲ့ အော်နေတဲ့ငနဲတွေ
မင်းဆဲမိနေဦးမယ်။
မင်းဆိုးမင်းညစ်တို့ လက်မှာ
သေသူကို
ရှင်သူ မနာလိုဖြစ်သတဲ့။
ေ ခါ င်းေ လာ င်း ထိုး သံ
(တောကျောင်းဆရာနှင့် သူ၏တပည့် များ)
တစ်နေ့ က
ယမ်းမိုးရွာချ
ကျနော့် စာသင်ကျောင်းကလေး
ပြာကျသွားတယ်။
ဘယ်တတ်နိုင်မလဲ
ငြိမ်းချမ်းရေးမှ မရှိဘဲ။
ငြိမ်းချမ်းရေးအတွက်
ငြိမ်းချမ်းရေးတစ်ခုပဲ လိုတယ်။
ရာ သီေ ပြာ င်း ချိ န် သ တိေ ပး ချ က်
အဲဒီကစပြီး
လမ်းက ကျဉ်းသွားတော့တာပဲ။
နို့ … တဲ့
သောက်ဖို့ လိုရင်တော့
နို့ သောက်ပါ
နောက်သို့ တော့ပြန်မဆုတ်ပါနဲ့ ။
ကျွန်မရဲ့ မာရ်ဆိုး
ကိုယ့်ထက်သာက၊ မနာလိုပါ
တန်းတူတွေ့လို့၊ မနှစ်မြို့တာ
အောက်လူများ၊ ပျပ်လျှိုးခစားပါ။
(ရှိခိုးဆုတောင်း)
မာရ်ညစ်ရန်ဆိုး၊ ဖြတ်ချိုးအောင်မြင်
ဘုန်းတော်ရောင်လျှမ်း၊ အောင်ပန်းသခင်
လက်စုံမိုး၍၊ ရှိခိုးဦးတင်
အောင်စေကြောင်း၊ ဆုတောင်းပန္နာဆင်။
(မဟာဂန္ဓာရုံဆရာတော်။)
လိုနေတာက၊ မေတ္တာ ပညာ
သတိထားလို့၊ ကြိုးစားပွားမှာ
အောင်မလေး............
အဆုံး နောင်မတ,ခင်။
sonata-cantata