Friday, March 21, 2014

မြင်သမျှ… ကြားသမျှ




သစ်မှောင်ခိုတဲ့လား

သတင်းတွေထဲမှာ ”သစ်မှောင်ခို ဖမ်းဆီးရမိ” ဆိုတဲ့ဟာမျိုးတွေ မကြာ ခဏ
တွေ့နေရပါတယ်။ ”မှောင်ခို” လို့ သာသုံးပေမယ့် မှောင်ခိုတွေ မဟုတ်ဘူးခင်ဗျ။
 မော်တော် ကားကြီး၊ ပိုကြီးတဲ့ကားကြီးတွေနဲ့ တရားဝင်နီးနီး သယ်ယူနေကြတာပါ။

ကျွန်တော်နေတဲ့ တောင်ဒဂုံလမ်းမှာဆိုရင် နေ့စဉ်သစ်ကားချည်းပဲ အစီးနှစ်ဆယ်နီးနီး

တွေ့နေ ရပါ တယ်။ ဘယ်ဟာက မှောင်ခိုပြီး ဘယ်လို ဖြစ်မှ တရားဝင်ဆိုတာ
မခန့်မှန်းနိုင်ပါဘူး။

Wednesday, March 19, 2014

ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက်


ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက်
========================

ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက် လူအခွင့်အရေးကို ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန်ကြိုးစားနေကြသည်။

 ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘု ရင့်နိုင်ငံတော် ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ ဂေါလ်ဒေ သ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက် ဦးမြို့ တည် ၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။

 မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ် မှ စစ် သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်း အာရပ် မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ ပတ်ဝန်းကျင် တွင် နေ ထိုင်ကြပါ သည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ် စု အဖြစ် အသိ အမှတ်ပြု ထားပါသည်။ 

ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည် ၌ ပြဿ နာဖ န် တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မ ရှိဘဲ၊ ရခိုင်ပြည်နှင့် ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်း စွာ နေ ထိုင် လာခဲ့ကြသော လူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရ ခိုင် တိုင်းရင်း သား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ 

သို့သော် မိမိကိုမိမိ ရိုဟင် ဂျာ ဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက် လာသော မူဆ လင် ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။ ၁၈၂၅- တွင် ရခိုင်ပြည် ၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆ လင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တား ပါ က နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိက ရုဏ်း ဖြစ် ခဲ့လေသည်။ 

မောင်တောမြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့ မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရ သည်။ ၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့ သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာ ဟိန်း အဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ 

စစ်ရေး အရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့် အရေး ရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်း သတင်းစာတွင် အသက်သွင်းခဲ့သည်။ သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ် သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်  လူမျိုး ဟု ခေါ်ဝေါ် ရန် ဆုံးဖြတ် ခဲ့ကြသည်။ 

ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာ ဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာ သတင်း စာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။ 

၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့ သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့ သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့ သည်။ 

သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။ ၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိ ခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင် များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်း အကျဉ်းဖြစ်သည်။ 

လက်ရှိအဖြစ်အပျက်များနှင့် တိုက်ဆိုင်၍ အောက် ပါ ဆောင်းပါးဖြင့် ချေ ပတင်ပြလိုက်ရပါသည်။ လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ ရိုဟိန်ဂျာ ဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်းMedia များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ 

မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ် ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာကြပါသည်၊၊ မှတ်မိသလောက်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ 

၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်း ဘင်္ဂ လားဒေ့(ခ်ျ) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်း မှုကြောင့် လူ (၂၀၀,၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကို ကမ္ဘာကျော် အောင် နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။ 

၁၉၉၀ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသလိုလို လိမ် လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်း တွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။

 အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ 

ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေးအစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ ထက်ထိလည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ် ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။ 
အစ ပိုင်း တွင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့ နိုင်ငံရေး အရ တိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့ အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟိန်ဂျာဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင် တို့အားလည်း ရိုဟိန်ဂျာ  အမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူ များနှင့် လက်တွဲ တိုက် ပွဲဝင် ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊ 

နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်း သား များ က သူတို့၏လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုများ ကို သိလာရသောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့ ၏ နိုင် ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများ ကိုပါ လုံးဝ အသိ အမှတ်မပြု ဖြစ်လာကြသည်၊၊ 

ယင်းရိုဟိန်ဂျာ အမည် ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း များ ပြု လုပ် လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ်တည်ရေး အပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲ ၀င်မှုများ ပြုလုပ် လာကြပါသည်။

 ယင်းရိုဟိန်ဂျာအမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ ၌ သောင်းနှင့် ချီရောက် ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်း အစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက် ၀င်ရောက်မှုကို စနစ်တကျ တားဆီးမှုပြု လုပ် လာသောအခါယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများ အား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိ ထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။ 

အာစီယံ ထိပ်သီး အစည်းဝေး၌ပင် ယင်းရို ဟိန် ဂျာပြဿ နာသည် နံပါတ်(၁) နေရာရယူထားပြီး ဖြစ်သည်၊၊ ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည်စခန်းများဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကို သုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင်နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင် ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက် လာ မည် ကို စိုးရိမ်၍ဖြစ်သည်၊၊

 နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာ အမည် ခံ များအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေကြသည်ကို တွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီး နောက်ပိုင်းဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးလာကြရသော ဒေသခံ ရခိုင်များ၏ ရှေ့အနာဂတ် အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ 

ယင်းအဓိကရုဏ်းကာလ၌ မူဆလင် များ၏ သတ်ဖြတ် မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက် ဖျက် ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေး အစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သား များ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ ဖူးသေးပေ၊၊ 

ဗမာစစ်အစိုးရ၏ နှိပ်စက်မှုကို ခံနေရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာ ၀င်သက် သက်မှမဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာဝင် များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည်လည်း နည်းမျိုး စုံ ဖိနှိပ်ညှင်းဆဲခံနေရသည်ကို သတိတရား လက်ကိုင်ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာဆိုသူများ၏ အရေးကိုဇောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသော တနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသ အားလုံး ယင်း ရို ဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်သူများ အသတ်ခံရမှု၊ ရပ် ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုနှင့် ရင်ဆိုင်ရမည်။ 

ယင်းအရေးသည် ရခိုင်ပြည်တခုလုံး၊ ဗမာပြည် တစ် ခု လုံးနှင့် အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေ ထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်သားများ ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရ မည်ဖြစ် ပါကြောင်း တင်ပြ လိုက်ပါတယ်။

                                Credit  ==  စနေသား

ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက် လူအခွင့်အရေးကို
ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန်ကြိုးစားနေကြသည်။

၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ
 ဂေါလ်ဒေ သ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ
လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက် ဦးမြို့ တည် ၍ မြောက်ဦးခေတ်ကို
စတင် တည်ထောင်ခဲ့ပါသည်။

Monday, March 17, 2014

သေသူကို သရဏဂုံတင်ခြင်း ပြဿ နာ


    အစိမ်းသေ သေသောသူကို သရဏဂုံတင်လို့ရ -မရနှင့် သူ့ရဲ့အသုဘမှာ ငါးပါးသီလ ခံယူလို့ ရ-မရ သိချင်ပါတယ်။ အကြောင်းအကျိုး ယုတ္တိယုတ္တာ သာဓက ၀တ္ထုလေးတင်ပြပေးပါ ဘုရား။ ကျေးဇူးတင် ပါသည်ဘုရား..
     အထက်ပါ မေးခွန်းရှင်၏ စကားအရ  မည်သည့်နည်းနှင့်သေသူကိုမဆို အလောင်းကို သရဏဂုံတင်လျင် မရနိုင်ပါ၊ နောက် တဖန် သေလွန်သူ၏ အသုဘမှာ ငါးပါးသီလ ခံယူခြင်းသည်လည်း ကျစ်ရစ်သူ မိသားစုများအတွက်သာ ဖြစ်နိုင်ပါသည်၊ သေပြီးသူအတွက် ထူးခြားမလာပါ၊ သို့ပါသော်လည်း ထိုသို့သရဏဂုံတင်ခြင်းသည် ကျန်ရစ်သူမိသားစု၏ မေတ္တာ၊ ကရုဏာ စေတနာတို့ကို ဖော်ပြရာေ ရာက်သဖြင့် အကျိုးယုတ်ခြင်း မရှိသောကြောင့် ပြုလုပ်သင့်သော ကုသိုလ်ဓလေ့တခုဟု ဆိုသင့်ပါသည်။  လိုရင်းတိုရှင်းဖြေလျင် ဒါလောက်ဆို လုံလောက်ပါတယ်၊ ဒါပေမယ့် အကြောင်းရင်းကို အကျိုး အကြောင်း ပြည့်စုံစွာ ရှင်းပြမှ အဆင်ပြေမှာ ဖြစ်တာကြောင့် သိသင့်တာလေးတွေကို ရှင်းပြပါရစေ..
 
သရဏဂုံ အဓိပ္ပါယ်
     ဘယံ သန္တာသံ ဒုက္ခံ ဒုဂ္ဂတိပရိကိလေသံ သရတိ ဟိံသတိ ၀ိနာသေတီ တိ သရဏံ၊
( ကြောက်ခြင်း ထိတ်လန့်ခြင်းသဘောရှိသော ဆင်းရဲများနှင့် အပါယ်သို့ ကျရောက်စေတတ်သော ကိလေသာတို့ကို ညှင်းဆဲတတ်၊ ဖျက်ဆီးသတ်တတ်သောကြောင့် သရဏ ( ကိုးကွယ်ဆည်းကပ်ရာ ) လို့ ခေါ်ဆိုရကြောင်း ) ဂမန-သဒ္ဒါက  မှီဝဲဆည်းကပ်ခြင်း ကပ်ရောက်ခြင်းဆိုတော့ (သရဏ- ဂမန) နှစ်ပုဒ်ကို ပါဠိပျက်အနေဖြင့် သရဏဂုံ လို့ ခေါ်ဆိုကြောင်း  မူလပဏ္ဏာသ အဋ္ဌကထာ ပ-၁၃၆ မှာ ဆိုထားပါတယ်၊ 
 
    ဗုဒ္ဓဘာသာဝင်တယောက်အတွက် ဘ၀မှာ သရဏဂုံဟာ အရေးပါလှပါတယ်၊ ဘုရားဟောဒေ သနာများမှာ သရဏဂုံကို အသက်ထက်ဆုံး တည်မြဲစွာ စောင့်ထိန်းခဲ့လျှင် ကောင်းရာ သုဂတိကို ရောက် နိုင်သလို တမဂ်တဖိုလ်အထိ မျှော်လင့်နိုင် ကြောင်း စသည်ဖြင့် ၀တ္ထုသာဓကတွေ ဟောထားခဲ့တယ်၊ ထိုသရဏဂုံဟာ အသက်ထင်ရှားရှိစဉ်မှာ ဆောက်တည်ထား ပြီးသော်လည်း သေသွားရင်တော့ အလို အလျောက် ပျက်ဆီးသွားပါတယ်၊ လူ့ခန္ဓာကိုယ်မှ သိစိတ်ဝိဥာဉ် မရှိတော့တဲ့ အတွက်ကြောင့် စောင့်ထိန်း မယ် ဆိုတဲ့ စိတ်လဲ မတည်မြဲတော့ပါဘူး ၊ 
 
   အသက်ရှင်စဉ်မှာ တခြားသော အယူဝါဒ ဘာသာကို ပြောင်းလဲကိုးကွယ်ရင်လဲ သရဏဂုံပျက် တတ်ပါ တယ်၊ ထို့ကြောင့် အစိမ်းသေဖြစ်စေ၊ လူကြီးရောဂါဖြင့် မီးစာကုန် ဆီခန်း သေသည်ဖြစ်စေ သေသူကို သရဏဂုံတင်လို့ မရနိုင်ကြောင်းကို ရှေးဦးစွာ  မှတ်သားရပါမယ်။ 
 
     သေသူ၏ အသုဘ၌ ငါးပါးသီလ ခံယူခြင်း ဆိုသည်မှာလဲ ကျန်ရစ်သူတို့က မိမိ၏ ဆွေမျိုးသားချင်းများ ကုသိုလ်ရစေရန် သို့တည်းမဟုတ် သေသူ့အပေါ်တွင် ဘယ်လောက်ချစ်ကြောင်း၊ သံယောဇဉ်ထားကြောင်း၊ စသည်ဖြင့်  မေတ္တာစေတနာ ကရုဏာတို့ကို ဖော်ပြလိုသောကြောင့် ကုသိုလ်လုပ်ကြခြင်း ဖြစ်ရ ကား သေ သူအတွက်တော့ သာဓုခေါ်နိုင်သော ဘ၀ရောက်နေလျင် အကျိုးထူးပါမည်၊ သာဓုမခေါ်ဆိုနိုင်သော ဘ၀သို့ ရောက်နေလျင် အကျိုးမထူးပါ၊ ကျန်ရစ်သူ များမှာတော့ ကုသိုလ်ကောင်းမှုတခု ပြုလုပ်ခွင့် ရသွားပါသည်။ 
 
ဘုရားခေတ်က သာဓက
     ဘုရားရှင်လက်ထက်က ဇာဏုေဿာ   ဏိ ဆိုတဲ့ ပုဏ္ဏားကြီးတယောက်ရှိတယ်၊ ဒေသနာများမှာတော့ အဲဒီပုဏ္ဏားကြီးဟာ ကတ်သီးကတ်သတ် မေးခွန်းများ မေးလေ့ရှိသူလို့ နာမည်ကြီးသပေါ့၊ တနေ့မှာ အဲဒီ ပုဏ္ဏားကြီးက သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့် ရှိ မရှိ ဆိုတဲ့မေးခွန်းကို မေးတယ်၊ အဲဒီအကြောင်းကို ဘုရားရှင်နဲ့ ပုဏ္ဏားကြီးတို့ အပြန်အလှန်မေး-   ဖြေစကား များကို ကြားရရင် နားလည်နိုင်မည် ထင်ပါသည်။ 
 
အရှင်ဂေါတမ သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့်ရှိပါသ လား။
ပုဏ္ဏားကြီး သာဓုခေါ်နိုင်တဲ့ဘ၀ကိုရောက်ရင် အကျိုးခံစားနိုင်ပါတယ်.။
 
ဘယ်လို ဘ၀မျိုးက သာဓုခေါ်နိုင်ပြီး ဘယ်လို ဘ၀မျိုးက သာဓုမခေါ်နိုင်ပါသလဲဘုရား။
     သေခါနီးမှာ စွဲလန်းစိတ်နဲ့သေပြီး မကျွတ်မလွတ်တဲ့ တစ္ဆေ သရဲ ပြိတ္တာ စတဲ့ ဘုံဘ၀ကိုရောက်နေရင်၊ ကိုယ်ကလဲ ကောင်းမှုပြုကာ သူ့ကို ရည်စူးအမျှဝေရင်၊ သူကလဲ ၀မ်းသာစွာ သာဓုခေါ်ရင် အကျိုးခံစားခွင့် ရရှိနိင်ပါတယ်၊ 
သေပြီးနောက် လူ့ပြည်၊ နတ်ပြည်၊ ငရဲပြည်ကို ရောက်သွားသူများ၊ တိရိစ္ဆာန်ဘ၀ကိုရောက်သွားသူများဟာ ကျန်ရစ်သူ များက ဘယ်လိုပင်အမျှဝေသည်ဖြစ်စေ သာဓုမခေါ်နိုင်တော့ပါဘူး၊ 
 
ဒါ ဆိုရင်ဘုရား.. သူတို့က သာဓုမခေါ်နိုင်ရင် ကုသိုလ်လုပ်ပေမယ့် အကျိုးမရှိတော့ဘူးပေါ့..။
အကျိုးမရှိတာ မဟုတ်ပါဘူး၊ ရှိပါတယ် ပုဏ္ဏားကြီး၊ ယခုလက်ရှိသေပြီးသူက သာဓုမခေါ်နိုင်သော် လည်း ဆွေမျိုးတော်ပြီး မကျွတ်မလွတ်သေးတဲ့ဆွေမျိုးတွေ အများကြီး ရှိနေတယ်၊ သူတို့ကလဲ ငါတို့ဆွေ မျိုးတွေ ဘယ်တော့များ ကောင်းမှုပြုပြီး အမျှဝေကြမလဲ .. လို့ စောင့်စား မျှော်လင့်နေကြတယ်၊ ဒါကြောင့် သူတို့ သာဓုခေါ်နိုင်တာကြောင့် အကျိုးရှိပါတယ်..
 
အဲဒီလို ဆွေမျိုးတော်သူတွေ မရှိတော့ဘူး ဆိုရင်ရော ဘုရား ..
ပုဏ္ဏားကြီး ရှည်လျားလှတဲ့  သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးတဲ့သူဆိုတာ မရှိနိုင်ဘူး၊ ဒါကြောင့် ကိုယ်ပြု သမျှ ကုသိုလ်ဟာ အလကားမဖြစ်ပါဘူး လို့ မိန့်တော်မူခဲ့တယ်။ 
 
   တဆက်ထဲတွင် သေပြီးနောက် (၇) ရက်လွန်လျင် (၅) ရက်လွန်လျင် ရက်လည်ဆွမ်းသွပ်၊ ပရိတ်တ ရားတော်နာခြင်း စသည်တို့ကို လူအများစု ယုံကြည်နေကြသည်ကား သေပြီးနောက် တပတ်တိတိ ကျန်ရစ်သူအိမ်သူအိမ်သားတို့၏ ပတ်ဝန်းကျင်မှာ ကျင်လည်နေကြမြဲဖြစ်သည်၊ ရက်လည်ပြီးကာမှ သွားလိုရာ ဘုံဋ္ဌာန၊ ရောက်သင့်ရာဘုံဋ္ဌာန တခုခုသို့ ရောက်ကြရသည်ဟူသော အန္တရာဘ၀ ဒိဋ္ဌိ (ပစ္စုပ္ပန် ဘ၀နှင့် တမလွန်ကြားတွင် ဘ၀တခုရှိနေသေးသည်) ဟူသော မှားယွင်းသော အယူအဆရှိနေသော
ကြောင့် လုပ်ကြခြင်းဖြစ်သည်။ အမှန်တော့ မကျွတ်မလွတ်သေးသော တစ္ဆေ သရဲ ပြိတ္တာတို့ ဖြစ်နေမှ သာ သာဓုခေါ်နိုင်ပြီး ကောင်းကျိုးချမ်းသာများ ခံစား စံစားနိုင်ပါသည်။ 
 
   အထူးအားဖြင့် အစိမ်းသေ ( accident ) တခုခုဖြင့်သေလွန်သူကို စာပေစကားအရ ဥပေစ္ဆေဒက ကံ ဖြင့် သေသူလို့ ဆိုရပါမယ်၊ ထိုသူမျိုးဟာ သေခါနီးတွင် ကြောက်လန့် ထိတ်လန့်ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်သော ဝေဒနာကို ခံစား နေရသဖြင့် ကုသိုလ်ဖြစ်စေမည့် ဘုရားတရားအာရုံကို နှလုံးသွင်းဖို့ ခဲယဉ်းသောကြောင့် ဘ၀ကူး ကောင်းဖို့လည်း ခက်ခဲ ပါလိမ့်မည်။ ထိုသူမျိုးအတွက် အမျှဝေရန် ဧကန်လို အပ်ပါသည်။ 
 
    ဗုဒ္ဓအဘိဓမ္မာအလိုအရ ဒီဘ၀ စုတိစိတ်ကျပြီးလျင် နောက်ဘ၀တွင် ခဏငယ်အနည်းငယ်သာခြားပြီး  ပဋိသန္ဓေနေရသည်ဟု အတိအလင်းဖော်ပြထားသည်၊ ဆိုလိုသည်မှာ မြန်မာပြည်မှာ သေသွားသူသည် အင်္ဂလန်၊ ပြင်သစ် အမေရိကန် စသောဝေးလံသောအရပ်သို့ တခဏချင်း သွားရောက် ၀င်စားနိုင်ပေသည်။ ဥပမာ စိတ်သည် ယခုချက်ချင်း မရောက် ဖူးသေးသော တနေရာကို အာရုံပြုလျင် ချက်ချင်းလက်ငင်း အချိန်မဆိုင်းပဲ ရောက်ရှိနိုင်သောကြောင့်ပင်၊ ထို့အတူ ပဋိသန္ဓေစိတ်သည်လည်း အာရုံပြုမိရာ တနေရာ ရာကို ရောက်နိုင်ပါသည်၊ စိတ်၏ လျင်မြန်ပုံကား ဥပမာပြဖို့ပင် မဖြစ်နိုင် တော့ပါ၊ 
 
     အနှစ်ချုပ်အနေဖြင့် လူတယောက်မှာ သေဆုံးသွားရင် ထိုပုဂ္ဂိုလ် တသက်လုံးဆောက်တည်လာခဲ့တဲ့ သရဏဂုံဟာ အလိုလို ပျက်ဆီးသွားပါတယ်၊ ခံယူနိုင်စွမ်း စိတ်ဝိဥာဉ် မရှိတော့လို့ပါ၊ ကျန်ရစ်သူ မိသားစုများကလဲ ဘာမှ မတတ် နိုင်ကြတော့ဘူး ဆိုတော့ ဒီဘက်ဘ၀မှာ ငါတို့တော့  လက်လွှတ် လိုက်ရပြီ၊ သို့သော်လည်း  ဟိုဘ၀မှာ သတိရလျင် သရဏဂုံဆက်ပြီး ယူပါစေတော့ရယ်လို့ ရည်စူးကာ လူသေကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။
မေတ္တာဖြင့်
( ပန်းကမ္ဘာ)
Date.1.Jun.2012
 http://www.dhammapalace.org/2012/06/blog-post.html

မြန်မာပြည်မှာနေရတာကောင်းတယ်

 

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊
 ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်း
ထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ
ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာမဆလာတွေသုံး၊
ဘာအရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။ ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက်
သဘာဝနဲ့ နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား
တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့
ချန်ထားရတာ။ ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။
အရသာ ရှိလေစွ။

မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့
တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး
အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင်
ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို
ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊ အခါတစ်သောင်းလောက်
 ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။ မော့ပေရော့
လတ်လတ်ဆတ်ဆတ်။

Monday, March 10, 2014

တန်ဖိုး ဆိုတာ .......

ဒူးဖော်၊ပေါင်ဖော်တဲ့ မိန်းကလေးများ သိစေရန်

 
မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့..ဒူးဖော် ပေါင်ဖော်ရင်သားတွေ ဖော်နေရင် ဘယ်သူမှ စိတ်မ၀င် စားတော့ဘဲ တန်ကြေး မရှိဖြစ်မယ်

တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။သူမှာ သိပ်လှ တဲ့ မြေးမလေး တစ်ယောက် လည်းရှိတယ်။အဘိုးအိုပာာ မျက်လှည့်ပညာသိပ် ကျွမ်းတယ်။အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်...မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။

"မျက်လှည့် ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါ ဘူး။ မျက် လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိ လို့သာ အထူး အဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာ ရဲ့လျှို့ဝှက်ချက်တွေ ကို ပြောပြ မယ်" ပရိ သတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။

ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အား လုံးပြောပြ သတဲ့။ ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-

"သြော် ဒီလိုလုပ်တာလား။ဒါလေးများ။" ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။

နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။

ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-

"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"

"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"

"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက် လည်းပြ လိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထား ရမယ်။ ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ် သူမှ စိတ် မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ ၀တ် အစားကို လုံလုံခြုံခြုံဝတ်ပါ။"

အဘိုး အိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။ သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည် နိုင်ပါစေ.....
 
တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။
သူမှာ သိပ်လှ တဲ့ မြေးမလေး တစ်ယောက် လည်းရှိတယ်။
အဘိုးအိုပာာ မျက်လှည့်ပညာသိပ် ကျွမ်းတယ်။
အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်..။
.မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။
ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ မြွေဖြစ်သွားတာတွေ
 ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က 
စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။
အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။

Sunday, March 9, 2014

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ



စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို
 ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ 
အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ
 နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ 
အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများ
အနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။

ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။

သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ 
ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ 
ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။


ရည်းစားတစ်ယောက်ကိုဝေမျှထားတဲ့ အမွှာညီအမ




တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ 
သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။ အလုပ်၊ကား ၊ဖေ့ဘွတ်အကောင့်
အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက်ထဲထားပါသတဲ့။

သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ
ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ်ကအစ တူသထက်တူအောင်
 ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစလို့ အသေးစိတ်တူညီအောင်ပြုပြင်ခွဲစိတ်တာ
 ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာကုန်ကျခဲ့ပါတယ်။