Sunday, March 23, 2014

ပြည်တွင်းနေ ဘာသာခြားများ သိစေရန်

ပြည်တွင်းနေ ဘာသာခြားမိတ်ဆွေတွေကိုလည်း
ပြောချင်ပါတယ်။
ခင်ဗျားတို့တွေ ကျုပ်တို့ဘာသာတူချင်း
ဘာသာရေးအစွန်းရောက်တွေကို ပြောဆိုကြတာတွေ့လိမ့်မယ်။

ဒါဟာ ဘာသာရေးအစွန်းရောက်ရင်
ဘယ်သူ့ကိုမှ မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။

ခဏခဏ ပေးဖြစ်တဲ့ ဥပမာကို ထပ်ပေးဦးမယ်။

Saturday, March 22, 2014

"အသုဘအလောင်းကိစ္စ ရှင်းတမ်း "




******************************
ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . 
အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများပင်ဖြစ်တော့သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။

**ပြောရမှာခက်တယ်**

**ပြောရမှာခက်တယ်**
=================
မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်
သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို
ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး…..
“လူနာရော”
“အခန်းထဲမှာ”
“ရှင် အပြင်မှာနေနော်”
“ဟုတ်ကဲ့”
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး
“ကျောက်လှည့်ရှိရင် အမြန်ပေးပါ”

“ဟုတ်”

ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး

ပြန်ထွက်လာတယ်။

“ပလာယာပါလို ချင်တယ်”

“ဟုတ်”

တစ်မိနစ်လောက်ကြာတော့

“စို့ နဲ့ တူသာပေးပါတော့”

ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-

“ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား”

“မပြောတတ်သေးဘူးရှင့် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ “
#ရှမ်းကလေး (စိတ်ကျန်းမာရေး) 
 
 
 
 
 
 
 
 
 
 
 
 
မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်သောကြောင့် ယောက်ျားဖြစ်သူက
ဆရာဝန်ကို ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး…..

“လူနာရော”
 
“အခန်းထဲမှာ”
 
“ရှင် အပြင်မှာနေနော်”
“ဟုတ်ကဲ့”
 
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး

မြန်မာစစ်တပ် ရာထူးအဆင့်အခေါ်အဝေါ်များ


မြန်မာစစ်တပ် ရာထူးအဆင့်အခေါ်အဝေါ်များ
=========================

(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Commander in Chief of Defense Services

(၂) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Deputy Commander in Chief of Defense Services

(၃) ကာကွယ်ရေး ဦးစီးချုပ် Commander in Chief (Army)

(၄) ကာကွယ်ရေး ဦးစီးချုပ် (ရေ) Commander in Chief (Navy)

(၅) ကာကွယ်ရေး ဦးစီးချုပ် (လေ) Commander in Chief (Air)

(၆) စစ်ရေးချုပ် Adjutant General

(၇) စစ်ထောက်ချုပ် Quartermaster General

(၈) တပ်မတော်စစ်ဆေးရေး အရာရှိချုပ် Defense Services Inspector General

(၉) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် Chief of Armed Forces Training

(၁ဝ) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် Military Affairs Security (Chief)

(၁၁) စစ်ဦးစီးအရာရှိချုပ် (ကြည်း) Chief of Staff (Army)

(၁၂) စစ်ဦးစီး အရာရှိချုပ် (ရေ) Chief of Staff (Navy)

(၁၃) စစ်ဦးစီး အရာရှိချုပ် (လေ) Chief of Staff (Air)

(၁၄) စစ်ရာထူးခန့်ချုပ် Military Appointments General

(၁၅) စစ်ဥပဒေချုပ် Judge Advocate General

(၁၆) တွဲဖက်စစ်ရေးချုပ် Vice Adjutent General

(၁၇) တွဲဖက် စစ်ထောက်ချုပ် Vice Quartermaster General

(၁၈) တပ်မတော် တပ်ထိန်းချုပ် Provost Marshal

(၁၉) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး Director of Ordinance

(၂ဝ) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး Director of Military Enginerring

(၂၁) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး Director of Medical Services

(၂၂) ဆက်သွယ်ရေး ညွှန်ကြားရေးမှူး Director of Signal

(၂၃) ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး Director of Defense Services Procurment

(၂၄) ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး Director of People Militias and Frontier Forces

(၂၅) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး Director of People Relation and Psychological Welfare

(၂၆) ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး Director of Resettlement

(၂၇) လေ့ကျင့်ရေး ညွှန်ကြားရေးမှူး Director of Military Training

(၂၈) သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Armor

(၂၉) အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Artillery

(၃ဝ) တိုင်းမှူး Command Commander

(၃၁) တပ်မမှူး Division Commander

(၃၂) စစ်ဗျူဟာမှူး Tectical Operation Command

(၃၃) လက်ထောက်စစ်ဥပဒေချုပ် Assistant Judge Advocate General

(၃၄) တပ်ရင်းမှူး Commanding Officer

(၃၅) ဒုတိယ တပ်ရင်းမှူး Second in Command

(၃၆) စစ်ဦးစီးအရာရှိ (ပထမတန်း) General Staff Officer Grade I

(၃၇) စစ်ဦးစီးအရာရှိ (ဒုတိယတန်း) General Staff Officer Grade II

(၃၈) စစ်ဦးစီးအရာရှိ (တတိယတန်း) General Staff Officer Grade III

(၃၉) တပ်ရေးဗိုလ်ကြီး Adjutant

(၄ဝ) တပ်ထောက်ဗိုလ်ကြီး Quarter Master

(၄၁)ထောက်လှမ်းရေးအရာရှိ Intelligence Officer

(၄၂) ဆက်သွယ်ရေးအရာရှိ Signal Officer

(၄၃) ဆေးမှူး Medical Officer

(၄၄) ဆေးလက်ထောက် အရာခံဗိုလ် Medical Assistant

(၄၅) တပ်ရင်းတပ်ထောက် အရာခံဗိုလ် Regimental Quarter Master Sergeant

(၄၆) ရုံးအုပ်ကြီး Head Clerk

(၄၇) တပ်ကြပ်ကြီးစာရေး Sergeant Clerk

(၄၈) တပ်စာရင်းကိုင် Unit Accountant

(၄၉) ဗိုလ်လောင်း Cadet

(၅ဝ) အလုပ်သင်ဗိုလ် Apprentice

***********************

(၁) ဗိုလ်ချုပ်မှူးကြီး Senior General

(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး Vice Senior General

(၃) ဗိုလ်ချုပ်ကြီး General

(၄) ဒုတိယ ဗိုလ်ချုပ်ကြီး Lieutenant General

(၅) ဗိုလ်ချုပ် Major General

(၆) ဗိုလ်မှူးချုပ် Brigadier General

(၇) ဗိုလ်မှူးကြီး Colonel

(၈) ဒုတိယ ဗိုလ်မှူးကြီး Lieutenant Colonel

(၉) ဗိုလ်မှူး Major

(၁ဝ) ဗိုလ်ကြီး Captain

(၁၁) ဗိုလ် Lieutenant

(၁၂) ဒုတိယ ဗိုလ် Second Lieutenant

(၁၃) အရာခံ ဗိုလ် Warrant Officer I

(၁၄) ဒုတိယအရာခံ ဗိုလ် Warrant Officer II

(၁၅) တပ်ခွဲ တပ်ကြပ်ကြီး Quarter Master Sergeant

(၁၆) တပ်ကြပ်ကြီး Sergeant

(၁၇) တပ်ကြပ် Corporal

(၁၈) ဒုတပ်ကြပ် Lance Corporal

(၁၉) တပ်သား Private

(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
     Commander in Chief of Defense Services
(၂) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
     Deputy Commander in Chief of Defense Services
(၃) ကာကွယ်ရေး ဦးစီးချုပ် Commander in Chief (Army)
(၄) ကာကွယ်ရေး ဦးစီးချုပ် (ရေ) Commander in Chief (Navy)
(၅) ကာကွယ်ရေး ဦးစီးချုပ် (လေ) Commander in Chief (Air)
(၆) စစ်ရေးချုပ် Adjutant General
(၇) စစ်ထောက်ချုပ် Quartermaster General
(၈) တပ်မတော်စစ်ဆေးရေး အရာရှိချုပ် Defense Services Inspector General
(၉) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် Chief of Armed Forces Training
(၁ဝ) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် Military Affairs Security (Chief)
(၁၁) စစ်ဦးစီးအရာရှိချုပ် (ကြည်း) Chief of Staff (Army)
(၁၂) စစ်ဦးစီး အရာရှိချုပ် (ရေ) Chief of Staff (Navy)
(၁၃) စစ်ဦးစီး အရာရှိချုပ် (လေ) Chief of Staff (Air)
(၁၄) စစ်ရာထူးခန့်ချုပ် Military Appointments General

(၁၅) စစ်ဥပဒေချုပ် Judge Advocate General
(၁၆) တွဲဖက်စစ်ရေးချုပ် Vice Adjutent General
(၁၇) တွဲဖက် စစ်ထောက်ချုပ် Vice Quartermaster General
(၁၈) တပ်မတော် တပ်ထိန်းချုပ် Provost Marshal
(၁၉) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး Director of Ordinance
(၂ဝ) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး Director of Military Enginerring
(၂၁) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး Director of Medical Services
(၂၂) ဆက်သွယ်ရေး ညွှန်ကြားရေးမှူး Director of Signal
(၂၃) ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး Director of Defense Services Procurment
(၂၄) ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး
        Director of People Militias and Frontier Forces
(၂၅) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး
       Director of People Relation and Psychological Welfare
(၂၆) ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး Director of Resettlement
(၂၇) လေ့ကျင့်ရေး ညွှန်ကြားရေးမှူး Director of Military Training
(၂၈) သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Armor
(၂၉) အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Artillery
(၃ဝ) တိုင်းမှူး Command Commander
(၃၁) တပ်မမှူး Division Commander
(၃၂) စစ်ဗျူဟာမှူး Tectical Operation Command
(၃၃) လက်ထောက်စစ်ဥပဒေချုပ် Assistant Judge Advocate General
(၃၄) တပ်ရင်းမှူး Commanding Officer
(၃၅) ဒုတိယ တပ်ရင်းမှူး Second in Command
(၃၆) စစ်ဦးစီးအရာရှိ (ပထမတန်း) General Staff Officer Grade I
(၃၇) စစ်ဦးစီးအရာရှိ (ဒုတိယတန်း) General Staff Officer Grade II
(၃၈) စစ်ဦးစီးအရာရှိ (တတိယတန်း) General Staff Officer Grade III
(၃၉) တပ်ရေးဗိုလ်ကြီး Adjutant
(၄ဝ) တပ်ထောက်ဗိုလ်ကြီး Quarter Master
(၄၁)ထောက်လှမ်းရေးအရာရှိ Intelligence Officer
(၄၂) ဆက်သွယ်ရေးအရာရှိ Signal Officer
(၄၃) ဆေးမှူး Medical Officer
(၄၄) ဆေးလက်ထောက် အရာခံဗိုလ် Medical Assistant
(၄၅) တပ်ရင်းတပ်ထောက် အရာခံဗိုလ် Regimental Quarter Master Sergeant
(၄၆) ရုံးအုပ်ကြီး Head Clerk
(၄၇) တပ်ကြပ်ကြီးစာရေး Sergeant Clerk
(၄၈) တပ်စာရင်းကိုင် Unit Accountant
(၄၉) ဗိုလ်လောင်း Cadet
(၅ဝ) အလုပ်သင်ဗိုလ် Apprentice
***********************
(၁) ဗိုလ်ချုပ်မှူးကြီး Senior General
(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး Vice Senior General
(၃) ဗိုလ်ချုပ်ကြီး General
(၄) ဒုတိယ ဗိုလ်ချုပ်ကြီး Lieutenant General
(၅) ဗိုလ်ချုပ် Major General
(၆) ဗိုလ်မှူးချုပ် Brigadier General
(၇) ဗိုလ်မှူးကြီး Colonel
(၈) ဒုတိယ ဗိုလ်မှူးကြီး Lieutenant Colonel
(၉) ဗိုလ်မှူး Major
(၁ဝ) ဗိုလ်ကြီး Captain
(၁၁) ဗိုလ် Lieutenant
(၁၂) ဒုတိယ ဗိုလ် Second Lieutenant
(၁၃) အရာခံ ဗိုလ် Warrant Officer I
(၁၄) ဒုတိယအရာခံ ဗိုလ် Warrant Officer II
(၁၅) တပ်ခွဲ တပ်ကြပ်ကြီး Quarter Master Sergeant
(၁၆) တပ်ကြပ်ကြီး Sergeant
(၁၇) တပ်ကြပ် Corporal
(၁၈) ဒုတပ်ကြပ် Lance Corporal
(၁၉) တပ်သား Private

Myanmar Pyi Thar 

Friday, March 21, 2014

ခေတ်သစ် မီးခွက် အာလာဒင်

ခေတ်သစ် မီးခွက် အာလာဒင် 
 

ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။ 

ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။ ခုတော့ ငါတို့ သွားတောင်းပန်ရတော့မယ်" လို့ပြောပြီး တစ်ဖက်အိမ်ကို တောင်းပန်ဖို့ သွားပါတယ်။ 

တံခါးပေါက် တစ်ချက်ပဲ ခေါက်ရသေးတယ် အထဲက အဖိုးအို တစ်ဦးမှ နွေးထွေးပြူငှာစွာပဲ ကြိုဆိုတယ်။ အံ့သြစွာနဲ့ပဲ အထဲဝင်တော့ ထိုင်ခုံမှာ အေးဆေးထိုင်စေပါတယ်။ ကွဲသွားတဲ့ ပြတင်းပေါက် ကလည်း ပြန်ပြင်ပြီးသားဖြစ်ပြီး ဘေးမှာ မှန်အကွဲ တစ်ချို့ ကို စုပုံထားပါတယ်။ 

"ကွဲသွားတဲ့မှန်အတွက် တောင်းပန်ပါတယ်ဗျာ။ ကျနော်တို့ ဘာပြန်လုပ်ပေးရ မလဲခမျာ" လို့ အမျိုးသားက မေးတော့ အဖိုးကြီးက အောက်ပါ အတိုင်း ပြန်ဖြေပါတယ်။

"မလိုဘူးဗျ။ အမှန်တော့ ကျနော်ကတောင် ခများတို့ကို ကျေးဇူးတင်ရမှာ။ ကျနော်က ဒီအိမ်မှာပိတ်မိနေတဲ့ မီးခွက်စောင့် နတ်တစ်ပါးပါ။ ကျနော် ဒီအိမ်မှာ ပိတ်မိနေတာ နှစ် ၄၀၀ ကျော်ပြီ။ ခု ခများတို့ ရိုက်လိုက်တဲ့ ဂေါက်သီးက မှန်လာကွဲစေလို့သာ ကျနော်လွတ်ရတာပါ။ 

ဒီတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ မိတ်ဆွေတို့ နှစ်ယောက်ကို ဆု တစ်ခုစီ တောင်းခွင့်ပေးမယ်။ ကျနော်လည်း မိတ်ဆွေတို့ဆီကနေ ဆုတစ်ခု ပြန်တောင်းမယ်။ အဆင်ပြေမယ်ဆိုရင်ပေါ့"

ဒီတော့ ခင်ပွန်းဖြစ်သူက ဝမ်းသာအားရစွာနဲ့ပဲ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ သန်း အလိုအလျောက်ငွေပုံမှန် ဝင်နေစေဖို့ ဆုကို ပေးဖို့တောင်းပါတယ။် အမျိုးသမီးကလည်း ကမ္ဘာပေါ်မှာ ဇိမ်အကျဆုံး အိမ်တစ်လုံးနဲ့ ဝန်ထမ်းပေါင်း များစွာ ရှိချင်တယ်လို့ တောင်းပါတယ်။ 

"ဟုတ်ပြီ။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်းဝင်ပြီး ဘယ်တော့မှ မဆင်းရဲစေရအောင် ဆုတွေ ပြည့်စေမယ်။ ဒီက အမျိုးသမီးကိုလည်း နတ်စည်းစိမ်လို့ ပြည့်စုံလှတဲ့  အိမ်တစ်လုံးနဲ့ အစေခံကောင်းများ ရစေပါမယ်။ အပိုဆုအနေနဲ့ နှစ်ဦးစလုံး ဘေးမသီ၊ရန်မခ အသက်ရှည် ကျန်းမာစေရမယ်။ ဟုတ်ပြီ။ ကျနော်လိုချင်တဲ့ ဆုကို ပြန်တောင်းမယ်။ 

ကျနော်က ဒီအိမ်မှာပိတ်နေတာ နှစ် ၄၀၀ မကတော့ဘူး။ အခု အလိုချင်ဆုံး ကတော့ မိန်းကလေး တစ်ယောက်နဲ့ အတူအိပ်ဖို့ပဲ။ ဒီတော့ ခများအမျိုးသမီးနဲ့ ခဏအတူအိပ်ခွင့် ပေးနိုင်မလား။ ဒါကျနော့ တောင်းဆိုမှုပါ"

လို့ အဖိုးအိုက အထက်ပါအတိုင်း ဖြေကြားပြီး မေးမြန်းပါတယ်။ 

ဒီတော့ ဇနီးမောင်နှံနှစ်ဦးတွေဝေသွားပါတယ်။ သို့ပေမယ့် အတန်ကြာ စဉ်းစားပြီး အမျိုးသားက ဇနီးကို "ချစ်ရေ။ တို့တွေမှာ အလွန်ကောင်းတဲ့ အနာဂတ်တစ်ခုရှိနေပြီ။ သေလည်းသေချာနေပြီ။ ဒီမီးခွက်စောင့် နတ်ရဲ့  တောင်းဆိုမှုက မျှတပါတယ်။ မောင် ကတော့ သဲဆုံးဖြတ်အတိုင်းပါပဲ" လို့ ပြောပါတယ်။ 

ဇနီးဖြစ်သူကလည်း "အင်း။ ဟုတ်တယ်။ အနာဂတ်က သေချာနေပြီပဲ။ မောင် လည်းကြည်ဖြူတယ်ဆိုရင် သဲပေးဆပ်ရဲပါတယ်။ နတ်တစ်ပါးနဲ့ တစ်ကြိမ် တစ်ခါ အတူအိပ်တဲ့အပေါ် မောင်လည်း နားလည်ပေးမယ်ဆို သဘောတူ ပါတယ်" 

ဒီတော့ နှစ်ဦးသား တိုင်ပင်ပြီး ခေါင်းညိတ်လိုက်တော့ အဖိုးအိုဟာ အမျိုးသမီးကို အပေါ်ထပ်ခေါ်သွားပြီး သူ့ဆန္ဒအတိုင်း လိုက်လျောစေပါတယ်။ အတန်ငယ်ကြာပြီးနောက် အဖိုးအိုက အမျိုးသမီးကို မေးပါတယ်။

"ကလေးမ အသက်ဘယ်နှစ်နှစ်ရှိပြီလဲ" 

" ၃၅ နှစ်ရှိပါပြီ"လို့  အမျိုးသမီးက ပြန်ဖြေတော့ အဖိုးအိုက အောက်ပါ အတိုင်း ပြန်ပြောပါတယ်။ 

"သေသင့်တယ်။ အသက်က ၃၅ နှစ်ရှိပြီ။ ခုထိ အာလာဒင်မီးခွက်စောင့်နတ်တွေ ကို ယုံကြတုန်းပဲ"

---
သင်ခန်းစာ -  လောဘ စိတ်ဟာ ဆင်ခြင်တုံ တရားကို ကျော်လွန် သွားရင် မဖြစ်သင့်တာ ဖြစ်ရ ပါတယ်။ 

..
အောင်ခမ်း (ရိုးရာလေး)

.

ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ 
ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ
 ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။

ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။ 
ခုတော့ ငါတို့ သွားတောင်းပန်ရတော့မယ်" လို့ပြောပြီး တစ်ဖက်အိမ်ကို
 တောင်းပန်ဖို့ သွားပါတယ်။

လူကြီးဖြစ် သင်တန်း

ကောင်းဆက်နိုင်
အတွဲ ၁၀ အမှတ် ၁၂
The Flower News Journal

အတွေးအမြင်ကဏ္ဍ
-------------------

*********************************************

လူကြီးဖြစ် သင်တန်း 

*********************************************
ကောင်းဆက်နိုင်

အခု နိုင်ငံတကာမှာ ခေတ်စားနေ တာက သင်တန်းတွေနဲ့ ပတ် သက်လို့ပဲခင်ဗျ။ ဘာအလုပ်ပဲဖြစ်ဖြစ် သင် တန်းနဲ့ကို မလွတ်ဘူး။ သန့်ရှင်းရေးသင် တန်း၊ မှန်ချပ်တွေချည်း သန့်ရှင်းရေးလုပ် တဲ့ အထူးသင်တန်း။ စုံနေတာပဲ။ အလုပ်ရှင် တွေကလည်း သင်တန်းဆင်းလက်မှတ် ရှိ ထားသူတွေကိုပဲ ရွေးပြီးခန့်ထားကြတယ်။ နောင်တစ်ချိန် ဘာပြဿနာပဲကြုံကြုံ သူ့ ဘက်က သင်တန်းဆင်းရွေးပြီး ခန့်ထားပါ တယ်ဆိုတဲ့အချက်နဲ့ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ ကျုပ်ပဲ ဗဟုသုတနည်းလို့လား မသိ ဘူး။ နိုင်ငံတကာမှာ 'လူကြီးဖြစ်သင်တန်း' ရယ်လို့တော့ မကြားမိဖူးဘူး။
 
လူကြီးတွေ မျိုးဆက်လိုက် ကြီး ပွားချမ်းသာကြတဲ့ ကျုပ်တို့နိုင်ငံမှာ ကျုပ် မိန်းမကလည်း ပုထုဇဉ်ပီပီ ကြာတော့ အား ကျလာတာပေါ့လေ။ ကျုပ်ကို စာရေးဆရာ မလုပ်ဘဲ လူကြီးလုပ်ဖို့ နေ့တိုင်းတိုက်တွန်း ပါလေရော။ သစ်ငုတ်တိုများတောင် နှဲ့ပါ များလာရင် နဲ့ချင်လာတာဆိုတော့ ကျုပ် လည်း စိတ်ကူး တဖြည်းဖြည်း ယဉ်လာတာ ပေါ့။ လူကြီးတွေ တန်ခိုးထွားလိုက်ပုံများ စိတ်ကူးယဉ်အိပ်မက်ထဲမှာ နယ်လှည့်ပြီး ပြည်သူတွေကို ပါးရိုက်မိတာဗျ။ ဒါပေမဲ့ လည်း ဘာမှမဖြစ်ဘူး။ ဒါနဲ့ နောက်တစ် ခေါက် ရောက်တဲ့နေရာတိုင်း ပုဆိုးလှန်ပြ ခဲ့ပြီး ငါနဲ့ချည်းကိုင်တုတ်ခဲ့တာ ဂျာနယ်တွေ သတင်းစာတွေကတော့ ဝိုင်းရေးကြတာပေါ့ လေ။ ဘာမှမဖြစ်ဘူးဗျ။ ကျုပ်အသိုင်းအ ဝိုင်းကလည်း ကျုပ်နဲ့ အကျင့်တူတဲ့သူတွေ ဆိုတော့ တိုးတိုးတိတ်တိတ်တောင် မြှောက် ပေးကြတယ်ဗျာ။ အစ်ကိုကြီးဆက်လုပ်၊ ညီ လေး ဆက်လုပ်တဲ့။ စိတ်ကူးယဉ်ကြည့်မိ တာပါ။ စိတ်ကူးထဲမှာတောင် တန်ခိုးသိပ် ထွားနေပြီ။

ဒါပေမဲ့ ဒီခေတ်ထဲ ကျုပ်လိုအ ရပ်သားတစ်ယောက် လူကြီးဖြစ်ဖို့ဆိုတာက နတ်ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ် တစ်စင်းတွေ့ဖို့ထက်တောင် ခက်တာ သိ တဲ့အတိုင်းပါပဲ။ ဒါနဲ့ မိန်းမကို လက်လျှော့ ဖို့၊ နားပူနားဆာမလုပ်ဖို့ပြောတော့ မလျှော့ နိုင်ဘူးတဲ့ဗျာ။ ဇွတ်ပဲ။ ရူးများနေလားအောက် မေ့ရတယ်။ ကျုပ်ကို လူကြီးဖြစ်ဖို့ ဃောစ သွင်းမယ်တဲ့ဗျ။ ငြင်းရင် ကျုပ်ကို ကွာမယ် လို့ အကျပ်ကိုင်တယ်ခင်ဗျ။ 

ဒီလိုနဲ့ မိန်းမဦးဆောင်ခေါ်သွား တဲ့နေရာကို မယောင်မလည် ပါသွားတာ ပေါ့။ အထင်ကြီးစရာ မရှိပါဘူးဗျာ။ လူသူ မနီးတဲ့ တောစပ်လေးတစ်ခုနားက ထန်း လက်မိုး ထန်းလက်ကာ တဲအကြီးကြီးတစ်ခု ထဲကို ရောက်သွားတယ်။

အညာသားကြီးခင်ဗျ။ မျက်နှာ က အစ်အစ်၊ ပါးစုံ့ကြီးနဲ့ မျက်မှန်လည်း တပ် ထားသေးတယ်။ ယောဂီဝတ်စုံက သူနဲ့တော့ သိပ်မလိုက်ဖက်သလိုပဲ။ သူ့ကြည့်ရတာ ထုံထုံအအကြီးမို့ အထင်မကြီးမိပေမယ့် ကျုပ်မိန်းမက ဆရာကြီးလို့ ခေါ်ခေါ်နေ တော့ ကျုပ်လည်း အသားလွတ် ဆရာကြီး လို့ လိုက်ခေါ်ရတာပေါ့။

''မင်းလားကွ လူကြီးဖြစ်ချင်တယ် ဆိုတာ'' သူက လက်ညှိုးထိုးပြီးမေးတယ်။ 
 ကျုပ်မိန်းမက ဟုတ်တယ်လို့ ဖြေစေချင်တဲ့ အမူအရာပြနေတော့ ကျုပ် လည်း ''ဟုတ်ပါတယ် ဆရာကြီး''လို့ ဖြေလိုက် ရတာပေါ့။
 ဆရာကြီးဆိုသူက ကျုပ်တို့ဝင် ခဲ့တဲ့ အပေါက်မဟုတ်ဘဲ တခြားတစ်ပေါက် ကို လက်ညှိုးထိုးပြပြီး''မင်း ဟိုတံခါးပေါက် ကထွက်ပြီး ပြန်ဝင်လာစမ်း''တဲ့။

တံခါးပေါက်က နိမ့်ပေမယ့် ကျုပ် က အရပ်ပုတော့ လွတ်လွတ်ထွက်ပြီး လွတ် လွတ်ကျွတ်ကျွတ် ပြန်ဝင်ပြလိုက်တယ်။

ဆရာကြီးကပြုံးပြီး ''မဆိုးဘူး ကွ၊ မင်း ပထမအဆင့်တော့ အောင်မြင် သွားပြီ''တဲ့။
 
ကျုပ်က ဘုမသိ ဘမသိ လှမ်း ကြည့်နေတော့ သူကရှင်းပြတယ်။
''ငါက အဲဒီတံခါးနဲ့ မလွတ်တဲ့ ကောင်တွေကို သင်တန်းသားအဖြစ် လက် မခံဘူး''တဲ့။

''ငါတို့နိုင်ငံမှာ နက္ခတ်အသွား အလာအရ အခု ဂျပုတွေအုပ်စိုးတဲ့ ခေတ် ကွ။ မွေးလာတဲ့ကလေးတွေကို နွားနို့သွား မတိုက်နဲ့ လူကောင်ထွားသွားရင် လူကြီး ဖြစ်ဖို့ ကျိန်းကျေသွားမှာကွ''တဲ့။

''လာစမ်း ငါ့နားတိုးပြီး ရှေ့မှာ မတ်တတ်ရပ်စမ်း''ဆိုလို့ သူ့ရှေ့မှာ ရပ်လိုက် တယ်။ သူက ဘာမပြော ညာမပြောနဲ့ ပုဆိုး ထဲက အင်္ကျီစကိုဆွဲထုတ်ပြီး ဗိုက်ကို လှန် ကြည့်ပါတော့တယ်။

''အို... ဆရာကြီးဘာလုပ် တာလဲ ခင်ဗျ''။
သူကပြန်မဖြေဘဲ အားရပါးရ ရယ်ပါတော့တယ်။
''ဟား... ဟား... ဟား... ဟား... မင်းဗိုက်က လူကြီးဗိုက်နဲ့ မတူ ဘဲ အပျိုဗိုက်နဲ့ တူနေတာကိုး''တဲ့။ 

ခေါင်းခါယမ်းရင်း ပြောပါတယ်။

ပြီးတော့ ဆတ်ခနဲ သူ့ပါးစောင် မှာခဲထားတဲ့ ဆေးပြင်းလိပ်မီးနဲ့ ကျုပ်ဗိုက် ကိုထိုးလိုက်တော့ နာကျင်မှုကြောင့် 'အား' ခနဲ အော်လိုက်မိပါတယ်။
''ဘယ်လို လုပ်လိုက်တာလဲ ခင် ဗျာ''လို့ စိတ်တိုတိုနဲ့ မေးလိုက်ပါတယ်။
''တို့ဆီမှာ လူကြီးလုပ်ချင်ရင် အ နာခံရတယ်ကွ''တဲ့။

ဒီလိုနဲ့ ကျုပ်မိန်းမကို သူက အိမ် ပြန်လွှတ်လိုက်ပြီး ကျုပ်ကို စခန်းသွင်းလေ့ ကျင့်ပါတယ်။ သူ့သင်တန်းကဆင်းရင် ကျုပ် လူကြီး ဖြစ် မဖြစ်တော့ မသေချာဘူး။ ရူး မှာတော့ သေချာနေပါတယ်။ ဂျက်ကီချမ်း ရဲ့ အမူးသမားသိုင်းဇာတ်ကားထဲက ဂျက် ကီချမ်းကိုသင်ပေးတဲ့ သိုင်းဆရာကြီးကို သတိရမိတယ်။

ဟိုအပင်က အရွက်တွေခူး။ ဒီ အပင်က အရွက်တွေခူး။ ဟိုဘုရားသွားလှူ ခိုင်း ဒီဘုရားသွားလှူခိုင်း၊ ယတြာချေတာ တဲ့လေ။ ပြောသေးတယ်။
''ငါတို့နိုင်ငံမှာ ဗေဒင်ယတြာနဲ့ အုပ်ချုပ်နေတာကွ''တဲ့။

သူက ''တို့ဆီမှာ လူကြီးဖြစ်ချင် ရင် ကလေးလို တွေးတတ်ရတယ်ကွ''တဲ့။
မိန့်ခွန်းပြောတတ်ဖို့နဲ့ တွေးခေါ် တတ်ဖို့ ကျုပ်ကို လာသင်ပေးသူတွေက ဘုရား ဘုရား မူလတန်းကျောင်းသားလေး တွေခင်ဗျ။

သူတို့သင်ပေးတာတွေကို ကျုပ် က မှတ်စုစာအုပ်နဲ့ လိုက်မှတ်ရတယ်။ သူ တို့က ကလေးတွေဆိုပေမယ့် ဘယ်နှယောက် တောင် သင်ပေးခဲ့ပြီးပြီလဲမသိဘူး။ မသိ တာ၊ နားမလည်တာရှိရင်လည်း အရင်ရှင်း ပြတယ်ဗျ။ ကလေးတစ်ယောက်က ဘာ ပြောလဲဆိုတော့ ထမင်းတစ်နပ် လျှော့စား ရင် တိုင်းပြည်တောင် ချမ်းသာမယ်တဲ့ဗျ။ လူဦးရေ သန်း ၆ဝ ဆိုတော့ ထမင်းတစ်နပ် တန်ဖိုးကျပ် ၅ဝဝ ဆိုရင်တောင် တစ်ရက်ကို ကျပ်သန်းပေါင်း ၃ဝဝဝဝ သက်သာပြီး ဝင် ငွေတိုးတယ်လို့ မှတ်ရမယ်တဲ့။ အားရစရာပဲ။

ကလေးတစ်ယောက်ကတော့ မီးမလာရင် ဖယောင်းတိုင် ထွန်းရမယ်ဆိုတဲ့ အကြံပေးချက်ကို ကဲ့ရဲ့ရှုတ်ချတယ်ဗျ။ 

''ဒါဟာ တိုင်းပြည်ပိုက်ဆံတွေ ကို ဖြုန်းတီးရာရောက်လို့ Óဏ်မရှိရာရောက် တယ်''တဲ့။ ဖြစ်သင့်တာက မီးမလာရင် စော စောအိပ်ပြီး မနက်နေထွက်မှ လုပ်စရာရှိ တာ လုပ်ကြပေါ့တဲ့။
 
အဆိုးဆုံးကတော့ ကျုပ်ဗိုက်မှာ အမာရွတ်တွေ များအောင်ဆိုပြီး နေ့တိုင်း ဆေးပြင်းလိပ်နဲ့ အထိုးခံရတာပဲ။ တစ်ရက် ကျတော့ ကျုပ်လက်ဖဝါးကို မြင်သွားပြီး ဒါ လူကြီးလက်ဖဝါးနဲ့ မတူဘူးလို့ပြောတယ်။ နောက်ရက်ကစပြီး ကရာတေးကျင့်တဲ့ မာကီဝါရားတိုင်ကြီးကို လက်ဝါးနဲ့ ဘယ် ပြန်ညာပြန်ရိုက်ပြီး လေ့ကျင့်ခိုင်းတယ်။ ပါး စပ်ကကျတော့ အသံချိုကလေးနဲ့ 'မိဘ ပြည်သူများခင်ဗျား'လို့ နူးနူးညံ့ညံ့လေး ချော့ရတယ်။ ပါးစပ်ကချော့၊ လက်ကရိုက် ပေါ့ဗျာ။

နောက်ပြီးတော့ ခေါင်းဆောင် လုပ်ချင်ရင် မြက်စိုက်ဖူးရမယ်ဆိုပြီး နေ့ တိုင်း ခြံထဲမှာ မြက်စိုက်ရတယ်ဗျာ။ ဘော် လီဘောပုတ်တတ်အောင်လည်း နေ့တိုင်း လေ့ကျင့်ရတယ်ဗျာ။

ကျုပ်ရဲ့ဆရာ မူလတန်းကျောင်း သားလေးရဲ့ မှတ်ချက်ကလည်း စိတ်ဝင်စား စရာ ကောင်းလှပါတယ်။ 

လွှတ်တော်နဲ့ အစိုးရက စီးက ရက်နဲ့ အရက်အပေါ် အခွန်မတိုးမြှင့်ခြင်းဟာ နိုင်ငံသားတွေ ဆင်းရဲနွမ်းပါးမှု ပပျောက် ဖို့ဖြစ်တယ်တဲ့။

စီးကရက်၊ အရက် ပေါပေါသုံး ဆောင်နိုင်မှ မြန်မြန်သေပြီး မြန်မြန်ဆင်းရဲ တွင်းကလွတ်မယ်ဆိုပြီး ကျုပ်ကို သင်ကြား ပို့ချပါတယ်။

ကျုပ်လည်း ထူးဆန်းတဲ့ 'လူ ကြီးဖြစ်သင်တန်း'ကို တက်လိုက်တော့မှ လူကြီးဖြစ်ချင်စိတ် မရှိတော့ဘဲ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အိမ်ကို ပြန်ပြေးလာခဲ့ရပါ ကြောင်း...။

********************
အတွဲ ၁၀ အမှတ် ၁၂

The @[626653947407326:274:Flower News Journal]

********************

အခု နိုင်ငံတကာမှာ ခေတ်စားနေ တာက သင်တန်းတွေနဲ့ ပတ် သက်လို့ပဲခင်ဗျ။ ဘာအလုပ်ပဲဖြစ်ဖြစ် သင် တန်းနဲ့ကို မလွတ်ဘူး။ သန့်ရှင်းရေးသင် တန်း၊ မှန်ချပ်တွေချည်း သန့်ရှင်းရေးလုပ်တဲ့ အထူးသင်တန်း။ စုံနေတာပဲ။ အလုပ်ရှင် တွေကလည်း သင်တန်းဆင်းလက်မှတ် ရှိထားသူတွေကိုပဲ ရွေးပြီးခန့်ထားကြ တယ်။ နောင်တစ်ချိန် ဘာပြဿ  နာ ပဲကြုံကြုံ သူ့ဘက်က သင်တန်းဆင်းရွေးပြီး ခန့်ထားပါ တယ်ဆိုတဲ့ အချက်နဲ့ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ ကျုပ်ပဲ ဗဟုသုတနည်းလို့လား မသိ ဘူး။ နိုင်ငံတကာမှာ 'လူကြီးဖြစ် သင်တန်း' ရယ်လို့တော့ မကြားမိဖူးဘူး။

မြင်သမျှ ကြားသမျှ

Photo: မြင်သမျှ ကြားသမျှ

ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား

အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။

ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊ ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့် မကောင်းတာအတော်များများမှာ Top Ten ထဲ အမြဲ တစေ ပါနတဲ့ ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။ 

ကမ္ဘာကိုကြော်ငြာပြီး ”တို့နိုင်ငံဟာ လိင်တူချင်းတရားဝင်လက်ထပ်မှုအ များဆုံးနိုင်ငံဟေ့”လို့ ကြွေးကြော်ရဦးမှာလား။ ဒီလိုသာလုပ်ခွင့်ရရင် ထပ်လုပ်ကြမယ့်သူတွေအများကြီးပါ။တရားဥပဒေအရ အရေးယူ ရင်တောင် ကြည့်လုပ်ကြပါဦး။ ”မဟုတ်တာမှန်သမျှ တို့နိုင်ငံက” လို့ ပြောရမှာလား။ စဉ်းစားကြပါဦး။

စီးပွားရေးဆိုတာ လုပ်တတ်မှလား

ဘီလ်ဂိတ်ဟာ ဝန်ကြီးသားမဟုတ်ပါဘူး။ ဘယ်အစိုးရနဲ့မှ မပတ်သက်ပါဘူး။ ဒီလိုဆိုလိုက်တာနဲ့ အားလုံး သဘောပေါက်ပါလိမ့်မယ်။ ဒီမှာကလွဲလို့ ဘယ်နေရာ ဘယ်နိုင်ငံ ကိုပဲ ကြည့်ကြည့်စီးပွားရေးလုပ်ငန်းရှင်တွေ၊ သန်းကြွယ် သူဌေးအတော်များများဟာ သူတို့ကိုယ်ပိုင်အတွေးအခေါ်၊ အကြံအဆ၊ လုပ်ရည်ကိုင်ရည်နဲ့ ဖြစ် လာကြတာ များပါ တယ်။ အဲအချို့သော လွတ်လပ်ခွင့် မရသောနိုင်ငံများကတော့ ကျွန်တော်တို့ နဲ့တူပါတယ်။ တူနိုင်ပါတယ်။ ဒါပေမဲ့ အတော်များများကတော့ ကိုယ်ပိုင် အစွမ်း အ စနဲ့ အောင်မြင်ကြတာချည်းပါပဲ။ ထူးဆန်းတာက ကျွန်တော်တို့ဆီက လူသိရှင်ကြား စီးပွားရေးသမားတွေဟာ အစိုးရလူကြီးများသားများနဲ့ အာဏာပိုင်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်တဲ့ သူတွေချည်းဖြစ်နေတာဟာ စဉ်းစားစရာပါ။

ငွေတွေကို သန်းပေါင်းဘီလျံနဲ့ချီပြီး အလုပ်လုပ်နေကြတာဆိုတော့ ဒီလူကြီးတွေ ဘိုးစဉ်ဘောင်ဆက် ချမ်းသာကြတာလား။ အဲဒီလို ချမ်းသာလာတာမှ မဟုတ်ရင် သူတို့ရ တဲ့လခနဲ့ စုပြီး လုပ်ကြတာလား။ ဒါကလည်း ဖြစ်နိုင်ပါ့မလား။ သူတို့ရတဲ့လခဟာ သူတို့တွေ ပိုင်ဆိုင်မှုရဲ့အပုံတစ်သိန်း၊ အပုံတစ်သန်းပုံတစ်ပုံတောင် မရှိပါဘူး။  (ဆိုပါတော့ သူတို့ရဲ့လခလေး ခြစ်ခြုတ်ပြီး မိသားစု စားဝတ်နေရေးကို ဖြည့်တင်းပြီးပိုတာလေးကို သားသမီးကို ခွဲပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ခိုင်းမယ်ဆို သူတို့ရဲ့ ပိုငွေ ဟာ စီးပွားရေးလုပ်ချင်တဲ့သားသမီးဟာ လက်ဖက်ရည်ဆိုင်ထောင်နိုင်ဖို့မပြောနဲ့ ကွမ်းယာဆိုင်တောင် အနိုင်နိုင်ဖွင့်ရမှာပါ။ ဒါတောင် အဲဒီလောက်ငွေနဲ့ ကွမ်းယာ ဆိုင်ေ တာင်ပစ္စည်းစုံတင်နိုင်မှာ မဟုတ်ပါဘူး။) ဆိုပါတော့ဗျာ။ ကွမ်းယာလေး ရောင်းရုံနဲ့တော့ မြန်မာနိုင်ငံမှာ ဘီလျံနာတော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။

ဒါဆို ဒီငွေတွေ သူတို့ ဘယ်ကရသလဲ။ နိုင်ငံတော်သမ္မတရဲ့လခကမှ မကြာသေးခင်အချိန်ကမှ သိန်းငါးဆယ်ကျော်၊ ဝန်ကြီးတွေရဲ့လခက ဘယ်လောက်လဲ။ သူတို့ရဲ့မိဘ များ ဘယ်လောက်ချမ်းသာခဲ့လဲ။ အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် သူတို့ လခလေးနဲ့ ဘီလျံနာကြီးတွေ ဖြစ်နိုင်ပါ့မလား။ ဒါဆို ဒီငွေတွေ ဘယ်ကရ လာ ရောက် လာတာ လဲ။ ပြောကြပါသေးတယ်။

”ကျွန်တော်တို့သားသမီးတွေက လုပ်တတ်တာကိုးဗျ” ကျွန်တော်ကတော့ ဒီလိုတွေးမိပါတယ်။

”လုပ်တတ်တယ်ဆိုတာက လာဘ်တုပ်တာပေါ့ဗျာ" နော။

တကယ်ကော ပွင့်လင်းပြီလား

တစ်ဆက်တည်း ပြောချင်ပါသေးတယ်။ ”လွတ်လပ်ပွင့်လင်းတဲ့ အချိန်ကို ရောက်လာပါပြီ”ဆိုပြီး အပြိုင်အဆိုင် ပြောနေကြပါတယ်။ တချို့ဆို အပွင့်လင်းလွန်လို့ Foul စကားလုံးတွေကို ကျွံလာကြတာ မနည်းပါဘူး။

”ဒီအချိန်မှာ ဖုံးကွယ်ထားစရာ မရှိတော့ပါဘူး။ အားလုံး ပွင့်ပွင့်လင်း လင်း ပြောကြဆိုကြဖို့ အချိန်ကျပြီ။ ဒါမှ နိုင်ငံတော်ကြီးတိုးတက်မှာ” ”ဒါဆို ပိုင်ဆိုင်မှု အရင်ပြလေ” ဘာလုပ်ရင် ဘယ်လိုလုပ်ရင် တိုး တက်မယ်တွေ ပြောမနေပါနဲ့။ ပိုင်ဆိုင် မှုတွေ ပြပေးလိုက်ရုံနဲ့ တိုးတက်မှုကို ဘယ်လိုလုပ်ရမယ်ဆိုတာ ပွင့်လင်းမြင် သာလာပါလိမ့်မယ်။

လူရွှင်တော်ခေတ် ဆန်းသစ်လာပြန်ပြီလား

ဟာသခေတ်ဆိုတာကို တွန်းရွှေ့ခဲ့တဲ့အထဲမှာ ကျွန်တော်ထိပ်ဆုံးကပါတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။စာပေ၊ ရုပ်ရှင် စသည်များမှာ ဟာသကို လူစိတ်မဝင်စားတော့ တဲ့ အချိန်မှာ ကျွန်တော်က ဟာသဝတ္ထုတွေ ရေးခဲ့၊ ဟာသရုပ်ရှင်တွေ မြောက်မြားစွာ ဖန်တီးခဲ့ပါတယ်။ ပထမတော့ မင်းသားတွေဟာ ရုပ်ရှင်မှာဟာသလုပ်ဖို့ ဝန်လေးကြ တာကြောင့် လူရွှင်တော်တွေကလည်း ခေတ်ဖြစ်လာဖူးပါတယ်။ နောက်ပိုင်း မှာတော့ မင်းသားတွေလည်း အနည်းငယ်ရဲတင်းလာပြီး ဟာသလုပ်ကြပါတယ်။ ဒီတော့ သြဇာပိုကြီး၊ လူချစ်လူခင်ပိုများ၊ ပေါ်ပြူလာပိုဖြစ်တဲ့ မင်းသား တွေဟာသတွေ ကိုယ်တိုင်လုပ်လာတော့ မူလလူရွှင်တော်တွေဟာ ရုပ်ရှင်မှာတိုး မပေါက်ဘဲအငြိမ့်တွေ၊ ဟာ သပြဇာတ်တွေဘက် လှည့်ကုန်ကြပါတယ်။ ရုပ်ရှင်မှာ သူတို့ဈေးကွက်က ပျက်ပြီကိုး။

သိပ်မကြာပါဘူး။ မင်းသားတွေကလည်း ဈေးကွက်အနည်းငယ်ရှိတဲ့ အငြိမ့်တွေ၊ ဟာသပြဇာတ်တွေဘက် ခြေဦးလှည့်လာပြန်ပါတယ်။ ဒီတော့ အင်အားနည်းတဲ့ လူ ရွှင်တော်တွေက နေရာဖယ်ပေးရပြန်ပါ တယ်။ ကျွန်တော်ပြောတာ မယုံရင်ကြည့်ပါ။ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အလုပ်အဖြစ်ဆုံး အငြိမ့်အဖွဲ့ဟာ မင်းသားတွေ၊ နာ မည်ကြီးအဆိုတော်တွေနဲ့ ဖွဲ့ စည်းထားတဲ့ အငြိမ့်အဖွဲ့ပါ။ သူတို့တွေ ချည်း ပွဲချီမြောက်မြားစွာနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ခင်ဗျာ၊ ဟာသပါရမီသိပ် ကောင်းလှတာ မ ဟုတ်ပါဘူး။ ပြက်လုံးကို နှုတ်တိုက်ချပေးမှ ပြက်လုံးကို ဝါးခနဲလူပွဲကျအောင် ပြောနိုင်ကြတာပါ။ အခုတော့ သူတို့ဘဝလေးကို ကျွန်တော်စိုးရိမ်နေမိပါတယ်။

သူတို့က လူရွှင်တော်နေရာကို ဝင်ယူခဲ့သလို သူတို့နေရာကိုဝင်ယူမယ့် လူတွေကိုတွေ့နေရပါပြီ။ သူတို့ထက် ဟာသဥာဏ်ပိုပြောင်မြောက်တဲ့ သူတွေ ကိုတွေ့နေရပါပြီ။ ဘယ်သူမှ သတိမထားမိပေမယ့် ကျွန်တော်က ဟာသသမားဆိုတော့ နောက်ဖြစ်လာမယ့် လူရွှင်တော်တွေကို ကျွန်တော်တွေ့နေမိပါပြီ။စဉ်းစားကြည့်လေ။ ဝန်ကြီးအချို့ နဲ့ လွှတ်တော်အမတ်အချို့သာ လူရွှင်တော်လုပ်ခဲ့ရင် … သူတို့ဘာပြောပြော အုံးခနဲကို ရယ်နေရတာ။

အဘတဲ့လား

ကျွန်တော်တို့ဆီမှာ အများဆုံး ကြားနေရတဲ့စကားပါ။ ဆယ်အိမ်မှူးကစပြီး ဟိုးအဆုံးစွန်ထိကို ကိုယ့်ထက်ကြီး သူကို ‘အဘ’လို့ ခေါ်ကြပါ တယ်။လေးစား သမှုနဲ့ ခေါ် တာလား၊ ဘာအကြောင်းကြောင့် ခေါ်ကြတာလဲ ကျွန်တော်မသိပါဘူး။ တစ်ခါတလေ ဌာနတစ်ခုရောက်ရင်

”ကျွန်တော့်အဘက အဘကိုပြောခိုင်းတယ်။ ဟိုဘက်အဘနဲ့ တိုင်ပင်ပြီး အဘကိုတင်ပြဖို့”စသည်ဖြင့်ပေါ့။

ကျွန်တော်နားလည်တာ ”အဘ ဆိုတာ အဖေလို့ခေါ်တာပါ”
လေးစားလို့ခေါ်တာ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ နောက်အဓိပ္ပာယ်တစ်မျိုးလည်း ထွက်ပါသေးတယ်။

”အဖေဆိုတာ အမေ့လင်ပါ”
ဒါကြောင့် ”အဘလို့ခေါ်လိုက်တိုင်း အမေ့လင်လို့ ခေါ်တာနဲ့ အတူတူပါပဲ”

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား

အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် 
လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ 
အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ 
ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ 
ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။

ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊ 
ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့် မကောင်းတာအတော်များများမှာ 
Top Ten ထဲ အမြဲ တစေ ပါနတဲ့ ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။