ဖေ့စ်ဘွတ်မှာ တင်ချင်လို့
Tuesday, October 8, 2013
“အလင်းဖြူ” တမ်းချင်း
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။
Autosuggestion
အချစ်ဆိုတာ
ကိုယ့်ဘာသာကိုယ်လွှင့်ပြီးကိုယ့်ဘာသာကိုယ် ယုံကြည်နေတဲ့
ကောလာဟလ။
ကောင်းကင်ကို
http://kaungkinko.blogspot.com/search/label/%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%80%E1%80%97%E1%80%BA%E1%80%AC
စကားအရာ၌ လိမ္မာစေနည်း (၁၀)မျိုး
ပြောဆိုရန် အချိန်သင့်မှ ပြောဆိုရခြင်း။
ဖြစ်သမျှကိုသာ လျော်စွာ ပြောဆိုရခြင်း။
တရားမျှတစွာ ပြောဆိုရခြင်း။
မှန်ကန်တိကျစွာ ပြောဆိုရခြင်း။
အကျိုးရှိသည့် စကားကိုသာ ပြောဆိုရခြင်း။
အမြဲပြုံးရွှင်မှုကိုသာ ရှေ့ရှု၍ ပြောဆိုရခြင်း။
သင့်-မသင့်ကို ချင့်ချိန်တွက်ဆပြီးမှ ပြောဆိုရခြင်း။
အဆောတလျင် မပြောဆိုရခြင်း။
အထက်တန်းစား၊ မြို့သုံး၊ နန်းသုံးတို့ကို ပြောဆိုရခြင်း။
လေယူ လေသိမ်း မှန်ကန်လျက် ပီသစွာ ပြောဆိုရခြင်း။
မဇ္ဈိမနိကာယ်၊ ဝေဒလသုတ်။
မွေးနေ့လက်ဆောင်
နိုဝင်ဘာ မွေးနေ့ရှင်ရယ်
လိုချင်တာ ရွေးစေ့ချင်တယ် လို့ကိုယ်ရင်မှာ ထွေးပွေ့ရင်းနဲ့
ကြိုတင်ကာ မေးကြည့်လိုက်တော့
လိုချင်တာ အစစ်က
ချိုကြင်နာ အချစ်တဲ့။
ကောင်းကင်ကို
(၂၅.၁၁.၂၀၁၂) မွေးနေ့အမှတ်တရ
http://kaungkinko.blogspot.com/search/label/%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%80%E1%80%97%E1%80%BA%E1%80%AC
ချစ်သူ
ချစ်သူမေနဲ့
ချစ်ဇမ္ဗူမြေမှာ
ချစ်တာတွေ စာစီကုံး
နောင်ဆယ်ဘ၀မမုန်းနိုင်ဘူး
ဆက်ချစ်နေမယ်..........။
ချစ်ဇမ္ဗူမြေမှာ
ချစ်တာတွေ စာစီကုံး
နောင်ဆယ်ဘ၀မမုန်းနိုင်ဘူး
ဆက်ချစ်နေမယ်..........။
နိုဘဲလ်ဆေးသိပ္ပံဆု အမေရိကန်နဲ့ ဂျာမန်သုတေသီတွေရရှိ
အမေရိကန်ပညာရှင်တွေဖြစ်တဲ့ James Rothman, Randy Schekman နဲ့အတူ ဂျာမန်ပညာရှင် Thomas Sudhof တို့ဟာ အမေရိကန်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေသူတွေဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ တနေရာနဲ့တနေရာ ဘယ်လိုမျိုးကူးလူးသွားလာဖို့ လုပ်ဆေင်ကြသလဲဆိုတာကို သူတို့သုံးဦးပူးပေါင်းပြီး သုတေသန လုပ်ဆောင်လာတဲ့အတွက် ဆုရရှိကြောင်း ဆွီဒင်နိုင်ငံ၊ Stokcholm မြို့က နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ကနေ တနင်္လာနေ့က ကြေညာခဲ့တာပါ။ နှစ်စဉ်ချီးမြှင့်နေတဲ့ နိုဘယ်လ်ဆုတွေထဲမှာ နိုဘယ်လ်ဆေးပညာဆုရှင်ကို ပထမဆုံးချီးမြှင့်တာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)

