Thursday, October 17, 2013

အာဇာနည်နေ့  ကဗျာ


ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊

ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။


ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။




 
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး 
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။

''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။

ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။

သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။

ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။

သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။

သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။

တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''တဲ့။


ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။

နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။

အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။

ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။

ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။

မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်

ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..................။

(မေးထံရောက်လာသောကဗျာဖြစ်ပြီး ရေးသူမသိပါ..။
ကဗျာရှင်ကို အထူးလေးစားမိပါသည်.။)
ပေးပို့ သူ ကိုရန်အောင်အား ကျေးဇူးတင်ရှိပါတယ်။


ဗိုလ်ချုပ်သို့ အိတ်ဖွင့်ပေးစာ



ဗိုလ်ချုပ်

အသက်မရှိတော့တဲ့ အရုပ်ကြီး

မျက်ရေတွေ ဒီးဒီးစီးပြ

အဲဒါ ဒို့ဗိုလ်ချုပ်ဗျာ့လို့ ဟစ်အော်။

 

ကျုပ်တို့မြေပေါ်မှာ

ကြောင်သူတော် ကြွက်သူခိုးနဲ့

အာဖျံကွီးတွေဘဲ တိုးတိုးလာတယ်...ဗိုလ်ချုပ်။

 

ခင်ဗျားရဲ့ ဓါတ်ပုံကြီးကို လက်ညှိုးထိုး

ထဘီသူခိုးတွေက အမျိုးစပ်ပြ

ဘမျိုးမို့ ချိုထွက်ရသတဲ့.....ဗိုလ်ချုပ်။

 

အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား

ပြည်ပြေးများက ဘုန်းကြီး

နိုင်ငံ့ရေစီးမှာ

သူရို့အိတ်တွေဘဲ ကြီးကြီးလာတယ်...ဗိုလ်ချုပ်။

 

ဟုတ်သလိုလို မဟုတ်သလိုလို

လွှတ်တော်ကို အဆိုတင်သွင်း သမျှ

ခေါင်းပေါင်းစတွေ ညာချ

စားခွက်မရတဲ့ အသံနဲ့

တစ်ယောက်ကို တစ်ယောက် ကန်ချနေကြပြန်တယ်....ဗိုလ်ချုပ်။

 

အေးချမ်းစွာ စံမြန်း

ပြန်ခွင့်မရှိတဲ့ လမ်းပေါ်

ကျုပ်မလွမ်း မမျှော်တော့ပါဘူး...ဗိုလ်ချုပ်။

 

လှိုင်းလူးနေတဲ့ လှေပေါ်

ကျုပ်တက်နဲ့ ကျုပ်လှော်လို့

ကြုံရာကို ပထွေးတော်ရင်း

စားခွက်လုခြင်းကင်းရာက

ကျုပ်ရေးတဲ့ သည်စာ

ဖတ်ခွင့် ရပါစေ....ဗိုလ်ချုပ်။

 

ဗိုလ်ချုပ်...

သုဂတိဌာနေ လိပ်မူစေ၍။

 

မင်းဧရာ

19 07 2012 ရက်

အာဇာနည်နေ့။

 

Posted by: နွေတေးရှင် (မင်းဧရာ)


Eleven Media Group ကာတွန်းများ





မှတ်ဖွယ်မှတ်ရာ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို နိုင်ငံတကာမှ အဆင့်မီ လက်နက်များထောက်ပံ့ ..

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို နိုင်ငံတကာမှ အဆင့်မီ လက်နက်များထောက်ပံ့ 
အမှတ်တမဲ့ ကြည့်ရင်တော့ ငှက်ပျောသီးလေးလိုပဲနော် ..
 သေချာကြည့်လိုက်တော့မှ .........


-
-
-
-
-
-
-
-

-
-

ငှက်ပျောသီးမှ .. ဖီးကြမ်း ငှက်ပျောသီး စစ်စစ်ကြီးပါဗျာ ..

~thOr 

ပြင် - သစ် ပြဿနာနဲ့ လူထုကို ဦးဆောင်မလား၊ အသုံးချ မလား

“ပွင့်ပွင့် လင်းလင်း ဆိုရလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ကြေညာချက် (၀၂/၀၉/၂၀၁၃) ကို ဖတ်ရသောအခါ စောစော က အပျော်တွေ လွင့်စဉ် သွားသည်။ အတော်ကြီး ကို စိတ်ပျက် မိသည်။ NLD က ဆိုခဲ့ပြီး သော လမ်းကြောင်းနှစ်ရပ် ကို ဓလေ့ နှစ်ခုတွင် တိတိပပ အဖြေ မပေး။ “ပြည်သူ လူထု ၏ ဆန္ဒ သဘောထားကို ရယူမည်” ဟုဆိုသည်။ “ဘာလဲ ... ဘယ်လိုလဲ” “ပြည်လုံး ကျွတ် ဆန္ဒ ခံယူပွဲ”လုပ်မည့်  သဘောလား။ ဤသို့ ဆိုရလျှင် ဘယ်သူက လုပ်ပေးမည်နည်း။ ဘယ် အဖွဲ့အစည်းက ကြီးကြပ် မည်နည်း။ စာရေးသူ နားလည်သလောက် ဆိုရလျှင် NLD သည် လွှတ်တော် မဟုတ်။ ရွေးကောက်ပွဲ ကော်မရှင် မဟုတ်။ အစိုးရ မဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစားကြရမည်မှာ “ဆန္ဒခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ် နိုင်ပါ၏လော...”။ “လူထုဆန္ဒ အမှန်ကို ရရှိလျှင် ပင်ထား၊ ပြည်သူ လူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာတစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်း ရှိနိုင်ပါမည်လော ...”။ “မဟာ ဗျူဟာချမှတ်ရန်အတွက် လူထုတွင် တာဝန်ကော ရှိပါ၏ လော...”။ ရာစုဝက်ကျော်မျှ ဒီမိုကရေစီ နှင့် ကင်းကွာ ခဲ့ရသော၊ ပညာရေး ခြွတ်ခြုံ ကျနေ သော၊ နိုင်ငံရေးသားကြော ဖြတ်ခံ ထားရသော၊ စားဝတ်     နေရေးအတွက် ကျားကုတ် ကျားခဲ ရုန်းကန်နေကြရသော အမိမြန်မာပြည်၏ ပကတိအရှိကို   နှလုံးသွင်း နိုင်ကြဖို့ လိုမည် ထင်ပါသည်” (The Voice Journal)

   မြန်မာ ပြည်သူများ သည် ဒီမိုကရေစီ ရလျှင် ချမ်းသာ လာမည်၊ စားဝတ်နေရေး အဆင်ပြေ   တော့မည်ဟု မျှော်လင့်ထားကြပါသည်။ အမေရိကန် ပုံစံလား၊ ဗြိတိန်ပုံစံလား မသိချင်ကြပါ။ စားဝတ်   နေရေး အဆင်ပြေဖို့သာ အရေးကြီး ပါသည်။ ယခု လွှတ်တော် တွင် အစိုးရနှင့် အငြင်းပွား မှုများ တွင် အခြေခံ ဥပဒေအရ မည်သည့်ဘက်က မှန်သည်၊ မည်သည့်ဘက်က မှားသည်ကို ပြည်သူများ စိတ် မ၀င်စားပါ။ ခုံရုံးကို စွပ်စွဲပြစ်တင်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုဘ၀များ မည်မျှအထိ တိုးတက်   ပြောင်းလဲလာမည်လဲ ဟူသည် ကိုလည်း စိတ်မ၀င် စားပါ။ ပြည်သူများ စိတ်ဝင်စားကြသည်မှာ လူမှုဘ၀၊ စီးပွားဘ၀ အဆင်ပြေ ချောမွေ့ ရေးသာ ဖြစ်ပါသည်။

ကောက်နှုတ်ချက်။

ဂုရုကြီးနေရူး က- “ No nation can’t be great whose People are narrow in thought ”တဲ့ - အတွေး အခေါ် ကျဉ်းမြောင်း သူတွေ နေထိုင်တဲ့ နိုင်ငံဟာ ဘယ်တော့မှ မတိုးတက် ဘူးတဲ့-

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာက အံ့သြ လောက် အောင် ၁၅ နှစ် တောင် ကြာလို့ စာမတတ် တဲ့သူတွေ ပါဝင်နေလို့ စာလုံး ပေါင်းပြီး ရေးဆွဲခဲ့လေ သလားလို့ ပြောကြတယ်။

လွှတ်တော်ထဲ မှ ခေါင်းပေါင်း နှင့် ခြုံပ၀ါ နှင့် ကိုယ်စားလှယ် တော်ကြီးများ တိုင်းပြည် နှင့် လူမျိုးကို တကယ် ချစ်ရဲ့လား။ တိုင်းပြည် နှင့် လူမျိုး အတွက် မိမိ၏ အကျိုး၊ မိမိ ပါတီ၏ အကျိုးကို စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ် စေတနာ ရှိပါရဲ့လား။ မိမိထက် တော်သူ၊ မိမိထက် တတ်သူ၊ မိမိ ထက် အရည် အချင်း ပိုမိုပြည့်ဝသူ ကို ခေါင်းဆောင် အဖြစ် နေရာ ပေးနိုင် လောက်အောင် သဘောထားကြီး နိုင်ပါရဲ့ လား။ နှစ်ပေါင်း ၅၀ ကျော် အစစ အရာရာ နောက်ကျ နေတဲ့ တိုင်းပြည်ကြီး ကို တာဝန် သိသိ၊ စေတနာ ရှိရှိနဲ့ အမှန် တကယ် ကယ်တင်ခြင်း ပါသလား။ ပါတီစွဲ ပုဂိ္ဂုလ် စွဲတွေ မထားဘဲ တကယ် တိုင်းပြည် အတွက် ဦးဆောင်မှု ပေးနိုင်မယ့် ထက်မြတ်တဲ့ ပုဂ်္ဂိုလ်၊ ပြည်သူလူထု က လှိုက်လှိုက် လှဲလှဲ ထောက်ခံ တဲ့ပုဂိ္ဂုလ်မြန်မာ အဆင့်ကို မဆို ထားဘိ ကမ္ဘာ့ ခေါင်းဆောင် အဆင့်ဟု သတ်မှတ် ခံရတဲ့ ပုဂ်္ဂိုလ်-မျိုးနှင့် ရိုးနှင့် နိုင်ငံ အတွက် ပေးဆပ်ခဲ့တဲ့ ပုဂ်္ဂိုလ်၊ မြန်မာနိုင်ငံ၏ အပြောင်း အလဲကို တကယ် ဦးဆောင်လမ်း ညွှန်ပေး နိုင်မယ့် ပုဂ်္ဂိုလ်၊ မျိုး မြန်မာနိုင်ငံ မှာ ရှိခဲ့လျှင် အဲဒီလူကို သဘော ထားကြီးကြီး နှင့် ရွေးချယ် လက်ခံ နိုင်မှာလား။ သတိ္တရှိလျှင် သန့်ရှင်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုတွေ နှင့် အတူ ၂၀၁၅ မှာ စီးချင်း ထိုးတဲ့ နိုင်ငံ ရေးမျိုး ပွဲကောင်း တစ်ခုကို ကြည့်ရဖို့ ပြင်သင့်တဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ကြ စို့လား။

မြန်မာပြည် မှာ စစ်အာဏာရှင် စနစ်နှင့် နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ် ခဲ့ပြီးပါပြီ။ တိုင်းပြည်ကြီး ဘာဖြစ် လာခဲ့ သလဲ။ အဆင်းရဲဆုံး၊ အမွဲတေဆုံး၊ အနိမ့် ကျဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ ခဲ့တယ်။ ဒါကို ငြင်းမှာလား။ စစ်အာဏာရှင် အဆက်ဆက် က ဒီလူတွေ၊ ဒီလူတွေပဲ ဘောင်းဘီ ချွတ်ပြီး၊ ပုဆိုးနှင့် တိုက်ပုံ ၀တ်ပြီး ဆက်လက် အုပ်ချုပ် လာခဲ့တယ်။ ဘာမှ ပြောင်းလဲ မလာခဲ့ဘူး။ အဲဒီတော့ အရပ်သား တွေကို တစ်လှဲ့ လောက် အလှဲ့ပေးကြည့် ပါ။ ပြည်သူ လူထု နှစ်သက်တဲ့ ရွေးကောက် တင်မြှောက်  လိုတဲ့ ခေါင်းဆောင် ကောင်းရဲ့ သမ္မတ အဖြစ် လျှောက်သော လမ်းကို သဘောထား ကြီးကြီး အသိပညာ ကြီးကြီး နှင့် စဉ်းစား တွေးတောပြီး၊  တရားမျှတမှု မရှိဘဲ ပိတ်ဆို့ ထားတဲ့ အခြေခံ ဥပဒေ တံခါးကြီးကို ဖွင့်ဖို့ အချိန်တန် ပါပြီ။ တိုင်းပြည် နှင့် လူမျိုးရဲ့ အနာဂတ် အတွက် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထိုက်တန်တဲ့ အသိဉာဏ် နှင့် နှိုင်းယှဉ် ဆောင်ရွက် စေချင်ပါတယ်။ ပြင်သင့် ပြင်ထိုက် တဲ့ အခြေခံ ဥပဒေမှ ပြင်သင့် ပြင်ထိုက် တာတွေကို အမြန်ဆုံး ပြင်စေချင် ပါတယ်။

 မြန်မာ့ သယံဇာတတွေ ကို အချဉ် ဖမ်းနေတဲ့ အိမ်နီးချင်း နိုင်ငံကြောင့် လေ-စစ်အာဏာရှင် တွေ အုပ်ချုပ် ခဲ့တဲ့ ကုန်ဆုံး ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် အချိန်တွေ ကို ပြန်လည် တွေးမိရင် ရင်ထဲမှာ ထိခိုက် နာကျင်မှုကို ခံစားရတယ်။  “Time Past by never recall”ကုန်ဆုံးတဲ့ အချိန်တွေကို ပြန်လည်ပြီး မရနိုင် တော့ဘူး။ ဗိုလ်နေ၀င်း လက်ထက်က စပြီး တိုင်းပြည်ကို စိတ်တိုင်းကျ မလုပ်တတ် မကိုင် တတ်နဲ့ ဖျက်ဆီး ခဲ့တယ်။ အခုလည်း တိုင်းပြည် ကြီးခေတ်နောက် ဆန်ကျန် ရစ်စေမယ့် အမြော် အမြင် နည်းစွာနဲ့ ၂၀၀၈ အခြေခံ ဥပဒေကြီး ကို ရေးဆွဲ အတည်ပြု ပြီး၊ နောင်လာ နောင်သားတွေ ကို ဆိုးမွေတွေ ပေးခဲ့ကြ ပြန်တယ်။ ဒီတော့ အခြေခံ ဥပဒေ ကို အချိန်မီ ပြင်ဆင်ရန် မှ တစ်ပါး အခြားမရှိပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ လူတွေ ရေးဆွဲတာပါ။  ဒီမိုကရေစီ မကျ၊ တရား မမျှတတဲ့ လူတွေ ရေးဆွဲခဲ့တဲ့ ဥပဒေကို ပြင်ရ ခက်ခဲတယ်။ မပြင် ချင်ဘူးဆိုတဲ့ လူတွေဟာ ရူးသွပ်များ နေသလားလို့ တွေးမိ တယ်။ ပြင်ဆင်ဖို့ ဆန္ဒဟာ ပြည်သူ့ ဆန္ဒ မဟုတ်ဘူး။ ပြင်ဖို့ မလိုဘူးဆိုတဲ့ လူတွေဟာ တကယ်ပဲ ဒီလို ထင်လောက် အောင် အသိဉာဏ်များ နည်းရော့ သလား။ ဒီလို အသိဉာဏ်၊ ဒီလို အတွေးခေါ် ဦးနှောက်နဲ့ လွှတ်တော် ထဲ  ရောက်လာလျှင် တော့ တိုင်းပြည်ကြီး ရေစုန် မျောတော့မှာပေါ့။

 ဦးတင်မောင်လတ်