Saturday, October 19, 2013

မျက်စိလျင်သော ဆရာဝန်

ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့ ဆို ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့ ရဲ့ အားနည်းချက်လို့  ဆိုရမလားပဲ…။ ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
 
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့…မယ်ဆိုတော့ တအားကိုပဲ ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့တစ်ဖွဲ့သားလုံးရဲ့ ရှေ့ မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … … … အဟမ်းအဟမ်း…”



 







ကျောင်းသားတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ… ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ…ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”

“အူးးးးးးး”

“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ… အားလုံးမြင်ပြီးကြတဲ့အတိုင်း… မင်းတို့  တွေ ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့… ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”
 
မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။

စောစောတုန်းက ‘ဟင်’ ရယ် ‘ ဟယ်’ ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။ လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့ တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့… ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က ဘာလဲဆိုတော့… မျက်စိလျင်လျင်ထားပြီး… စူးစမ်းလေ့လာ တတ်ဖို့ ပါပဲ။”
 
“အခုနတုန်းက… ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က… လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့… လက်ခလယ် မဟုတ်ဘဲ… လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်… ဒီအချက်ကို… ဘယ်ကျောင်းသားမှ… သတိမမူမိလိုက်ကြပါဘူး…”

ဦးမောင်ကြီး
cr >> ori wri

အထာကျတဲ့ အာဂ ဟာသများ

ကဲ ........ ဖြေ

တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာပေါ့ဗျာ စာအလွန်တော်တဲ့ ကျောင်းသား လေးယောက်ရှိသတဲ့။ သူတို့က စာကလည်းတော်တယ်ဆိုတော့ အမှတ်တွေကလည်း ပျံလန်နေတာပေါ့။ ပထမအစမ်းစာမေးပွဲတို့၊ ဒုတိယအစမ်းစာမေးပွဲတို့မှာလည်း အမှတ်တွေက ထိပ်ဆုံးကပေါ့။ ဖိုင်နယ် စာမေးပွဲမှာ တော်ရုံတန်ရုံ   ဖြေနိုင်ရင်ကို ဂရိတ်အေ ရဖို့က သေချာနေပြီပေါ့။
 
ဆိုတော့ကာ သူတို့လေးယောက်က ဖိုင်နယ်စာမေးပွဲအတွက် သိပ်စိတ်မပူကြဘူးပေါ့။ ဖိုင်နယ်ဖြေခါ နီးတစ်ပတ်အလိုမှာ သူများတွေ စာတွေကုန်းကျက်နေတုန်း သူတို့လေးယောက်က အပျော်ခရီး ထွက်ကြသတဲ့။ ဖိုင်နယ်စာမေးပွဲ မတိုင်ခင်တစ်ညကျမှ ခရီးက ပြန်လာကြသတဲ့။ ပြန်လာတော့လည်း အရက်တွေသောက်ပျော်ပါးကြတာ နောက်နေ့စာမေးပွဲဖြေခါနီးအချိန်ရောက်တော့ အကုန်လုံးခေါင်းတွေ ကိုက်ပြီး ဒုက္ခဖြစ်နေကြတာပေါ့။

ဒါနဲ့သူတို့လည်း တိုင်ပင်ကြတာပေါ့။ အေး ငါတို့သွားမဖြေဘဲနဲ့ နောက်နေ့ကျမှ ဆရာကို သွားပြော ကြတာပေါ့။ ငါတို့ ခရီးကအပြန် ကားဘီးပေါက်ပြီးစာမေးပွဲဖြေချိန် အမီပြန်မရောက်လို့ပါ။ ငါတို့ကို မိတ်ကပ်ဖိုင်နယ်စာမေးပွဲ(အကြောင်းကြောင်းကြောင့် အစားထိုး စစ်ပေးသောစာမေးပွဲ) ပြန်စစ်ပေးပါဆိုပြီး သွားပြောမယ်ပေါ့။ အဲလို တိုင်ပင်ပြီးတော့ စာမေးပွဲမဖြေဘဲဆက်အိပ်ကြသတဲ့။
 

 နောက်နေ့ကျတော့မှ သူတို့ လေးယောက်လည်း ဆရာ့ဆီသွားပြီး ငိုပြကြတာပေါ့။ ဆရာရယ်ပေါ့ ကျွန်တော် တို့ ခရီးထွက်တာ အပြန်မှာ ကားဘီးပေါက်လို့ အချိန်မီ ပြန်မရောက်တာနဲ့ မဖြေလိုက်ရပါဘူးပေါ့။ ကျွန်တော်တို့ကို မိတ်ကပ်ဖိုင်နယ် စာမေးပွဲ ဖြေခွင့်ပြုပါပေါ့။ ဆရာကလည်း ဒီကောင်တွေကို သိနေတာကိုး။ စာတော်တဲ့ကောင်တွေဆိုတော့။ ဆရာက ခဏစဉ်းစားပြီးတော့ ဘာမှမမေးဘဲနဲ့ အေးအေး တပည့်တို့ မနက်ဖြန်ကျရင် မိတ်ကပ်စာမေးပွဲ လာဖြေလေကွယ် ဆိုပြီး ရက်ချိန်းပေးလိုက်သတဲ့။ အဲဒါနဲ့ လေးယောက် သား ပျော်ပြီး ပြန်လာကြတာပေါ့။

တစ်ညနေလုံး၊ တစ်ညလုံးစာတွေကျက်ပြီး ရယ်ဒီပေါ့ဗျာ နောက်နေ့မနက်ကျတော့။ ချိန်းထားတဲ့အ ချိန်ရောက်တော့ ဆရာ့ဆီလည်းရောက်ရော ဆရာက သြော် မင်းတို့ မိတ်ကပ် စာမေးပွဲ   ဖြေဖို့လာကြတာလား လာကြ၊ လာကြ ဆိုပြီး သူတို့လေးယောက်ကို အခန်းလေးခန်းထဲမှာ ခွဲထည့် လိုက်ပြီး မိတ်ကပ်စာမေးပွဲမေးခွန်းနဲ့ အဖြေလွှာစာရွက်ကို ပေးသတဲ့။ ဒီမောင်တွေကလည်း စာကရပြီး သားဆိုတော့ အေးဆေးပေါ့။ မေးခွန်းကို စကြည့်လိုက်တော့ ပထမဆုံးမေးခွန်းက ၅ မှတ်တန်ပေါ့။ လွယ်လွယ်လေးပါပဲ။ ၄ ယောက်လုံးပြုံးပြုံး ပြုံးပြုံးပေါ့ သူတို့ သက်ဆိုင်ရာအခန်းထဲမှာလွယ်လွယ်ကူကူဖြေနိုင်တာပဲ။ ဒုတိယ မေးခွန်းကို လှန်လိုက်တော့မှပဲ သူတို့ ချွေးပြန်တော့တာပဲ။ ဒုတိယမေးခွန်းက ဒီလိုလေ။

မေးခွန်း(၂) သင်တို့ အပြန်တွင် ကားဘီးပေါက်ရာ၌ ပေါက်သောကားဘီးသည် ကား၏ မည်သည့်ဘီး   ဖြစ်သနည်း။ (၉၅ မှတ်)

ဦးမောင်ကြီး
cr >> kyawkyawlwin




ရှင်းလားတော့မသိဘူး ..


မုဆိုးမတစ်ယောက်ကို ကျနော်လက်ထပ်လိုက်တယ်။ အဲဒီမုဆိုးမမှာ ချောမောတဲ့ သမီးလေးရှိတယ်။

အဲဒီသမီးကို ကျနော့်အဖေ က မျက်စိကျပီး တရားဝင် လက်ထပ်လိုက်တယ်။
ဒီနည်းနဲ့ ကျနော့်အဖေ ဟာ ကျနော့် သားမက်ဖြစ်သွားတယ်။

အဲ....မယားပါသမီးကတော့ ကျနော့် ရဲ့ မိထွေးဖြစ်သွားပါတယ်။

ကျနော့်မိန်းမ သားလေး မွေးတယ်။ အဲဒီ သားဟာ ကျနော့်အဖေရဲ့ ယောက်ဖ ဖြစ်လာတယ်။

ကျနော်ကိုယ်တိုင်ဟာလည်း မယားပါသမီးရဲ့ မောင်ဖြစ်တဲ့ သားရဲ့ ဦးလေးဖြစ်ပါတယ်။

အဖေ့ဇနီး ကလည်း သားလေးမွေး ပြန်ပါတယ်။

အဲဒီသား ဟာ ထုံးစံအတိုင်း ကျနော့် ညီဖြစ်လာပါတယ်။

တစ်ချိန်ထဲမှာ ကျနော့် သမီး( မယားပါသမီး ) က မွေးတဲ့ သား ဖြစ်တဲ့ အတွက် ကျနော့် မြေး တော်ပြန်ပါတယ်။

ထိုနည်း တူစွာပဲ ကျနော့်မိထွေးရဲ့ အမေဖြစ်တဲ့ ကျနော့်မိန်းမဟာ အဲဒီ.....ကလေးရဲ့ အဖွားဖြစ်လာပြန်တယ်။

ကျနော်က တော့ ကျနော့်မိန်းမရဲ့ ခင်ပွန်းအဖြစ်နဲ့ သာမဟုတ်ပဲ သူ့ရဲ့ မြေးအဖြစ်ပါ တော်စပ်ပါတယ်။

ကဲ.....စာဖတ်သူ..... ကျနော်ဟာ မိမိကိုယ်မိမိ ...ဘယ်လိုပြန်တော်စပ် နေသလဲဆိုတာကူတွေးကြည့်ပေးပါဗျာ။ဟီးဟီး....

နောက်ဆုံးမှာ တကယ်တော့ ကျနော်ဟာ ကျနော် ကိုယ်တိုင်ရဲ့ အဖိုး ဖြစ်မှန်းမသိ ဖြစ်လာပါလေရောဗျာ။...........တိန်

Credit - Original Writer

~ မောင်သော် 

Friday, October 18, 2013

၂၃၀၀ ခုနှစ် မြန်မာပြည်

'ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှု သင်တန်းတွေ တက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကား တတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´

`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က မာစတာသင် တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။  ပြီးတော့…´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော ဘယ်လိုကိုင် တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိက ကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို မလာနဲ့တော့။ နောက်ပြီး Cell Phoneနဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ ဆက်သွယ်ရေး (ဆ.သ.ရ) အမျိုးအစား ဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး..။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့် တင်ရေးကို M.R.T.V ၂၃ က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင် တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့.. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ် လူစီးလေ ယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာ ပန်းခြံထဲ က ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး. ဗမာပြည်မှာ မရတာ မရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။ သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံး ၀ါးစားလို့ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူ ရောင် ပုန်းရေကြီးလား .. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက ..´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘူးတွေထုတ်ပေး မယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေ   ထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်.. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစု ကတော့ ဆ.သ.ရ လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ……. ´

`အစိုးရ … အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် … ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ
ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။

ဦးမောင်ကြီး

CR >> U Myo

ဆုတံဆိပ်များရှင်


ဦးရဲ့ ရင်ဘတ်မှာ ဆုတံဆပ် ၃ ခု တပ်ထားတာကိုမြင်ရပါတယ်.. 
ဘာကြောင့် ချီးမြှင့်ခံထားရတယ် ဆိုတာလေးပြောပြပေးပါခင်ဗျာ..

အေး..နောက်ဆုံးဆုတံဆိပ်ကတော့ရှေ့က ဆုတံဆိပ်နှစ်ခုရထားတဲ့သူမို့ ပေးတာပဲ..
ဒုတိယတစ်ဆု က တော့ ပထမဆုတံဆိပ်ကြောင့်ရတာ.. 
ပထမဆုံး ဆုတံဆိပ်ကတော့ ဘာဆုတံဆိပ်မှမရသေးလို့ပေးတာပါပဲကွယ်..

~မောင်သော် 

အထာကျတဲ့အာဟာသများ

Thursday, October 17, 2013

ရတနာ့သုတ်ဖြင့် ဝေသာလီကို အလှဆင်ခြင်း - ဓမ္မစေတီဆရာတော် ဦးကောသလ္လ



ရတနာ့သုတ်ကို ဝေသာလီမှာ ဟောကြားခဲ့တယ်။

နိကာယ် = စုဆောင်းခြင်း

ဓမ္မသံဂါဟက = တရားတော်များကို စုဆောင်းထားသူ
ပဋ္ဌာန်း = ပ (အများကြီး) + ဋ္ဌာန်း (အကြောင်းများရှိ)
ပဗ္ဗဇ္ဇ = ရဟန်းခံတယ်။
ဒုလ္လဘ = သိမ်သမုတ်တယ်။


ပဋ္ဌာန်းဆိုသည်မှာ....
၁။ အကြောင်းတရားတွေ အများကြီး
၂။ အဲဒါတွေကို ကုသိုလ်၊ အကုသိုလ်၊ ကဗျာကထာတွေနဲ့ ဝေဖန်ရ
၃။ သဗ္ဗညုတဉာဏ်ရဲ့ ကျက်စားရာဖြစ်တယ်။
(ပဋ္ဌာန်းကို ဘယ်သူမှ ပြည့်စုံအောင် မသိနိုင်ဘူး။ သဗ္ဗညုတရှိမှသာ သိနိုင်)

ကျောင်းလှူတာဟာ အမြိုက်နိဗ္ဗာန်ချမ်းသာကို ပေးလှူရာ ရောက်ပါတယ်။

စေတနာ သဒ္ဓါတရား ကောင်းရုံ၊ ပေးလှူရုံနဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ဘူး။

ကုသိုလ် = အပြစ်ကင်း၊ ကောင်းကျိုးပေး။
ပဋ္ဌာန်းတွင် ကျေးဇူးတရားသည် [ကောင်းတာ၊ ဆိုးတာ] နှစ်မျိုးစလုံးကို ပြဆိုသည်။

တံတားဆောက်တာ ကျေးဇူးပဲ...
ဒါပေမယ့် တံတားကို မပြုပြင်ဘဲ ပစ်ထားရင် ကျေးဇူးမဲ့ပါတယ်...။

ဟေတုပစ္စယောဝါဒကို အခြေပြုပြီး အိုင်းစတိုင်းက Relativity Theory ကို တီထွင်ခဲ့တာ။

ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လေ့လာဖို့အတွက် (၉) ဌာန ရှိပါတယ်။
၁။ သရဏဂုံ
၂။ သိက္ခာပုဒ် ၁၀ ပါး
၃။ ၃၂ ကောဋ္ဌာန
၎။ ကုမာရ - ပညာ
၅။ မင်္ဂလသုတ်
၆။ ရတနသုတ်
၇။ တိလောသုတ္တ
၈။ နိယိကန္ဒ
၉။ မေတ္တာသုတ်

သရဏဂုံဆိုတာ... First essential thing ဖြစ်တယ်။
သရဏဂုံပျက်ရင် ထေရ၀ါဒ မဟုတ်တော့ဘူး။