Tuesday, November 12, 2013
သင့်ချစ်သူကို မနမ်းခင် ဒါတွေကို မဖြစ်မနေ သိထားပေးပါ (+18)
အနမ်း နဲ့ ကျန်းမာရေး
*************
မေး။ လူတယောက်နဲ့ တယောက် mouth to mouth နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။
ဖြေ။ mouth to mouthဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ်
ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ
ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာ များတယ်။ တရားဝင်
ခေါ်ကြတာက French kiss ဖြစ်ပါတယ်။
လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်တယ်။
ပေါ့ပေါ့ပါးပါးသဘော။ French Kissing ကို Deep Kissing သတ်မှတ်တယ်။ အထဲထိ
နက်တယ်။ French kiss နမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့
လျှာ ထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာကလဲ အပြန်အလှန်သဘာ ရှိရမယ်။ Slow
passionate တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိရတယ်။ Intimate
သိပ်ရင်းနှီးမှုလဲ ရှိရတယ်၊ Romantic စိတ်ပါလက်ပါ ဖြစ်ရတယ်၊ Erotic or
sexual လိင်စိတ်တွေ ဖြစ်ပေါ်လာစေမယ်။
အမျိုးသား အမျိုးသမီးနဲ့ ခွဲခြားမှု ထင်မြင်ယူဆချက်( အမျိုးသမီးဖတ်ဖို့ )
အမျိုးသမီးအမျိုးသား တန်းတူအခွင့်ရေးဆိုတာကတော့ ခေတ်အဆက်ဆက် ရှိနေမှာပါပဲ သဘာဝဆိုင်ရာအတားအဆီးအရတော့ အမျိုးသားတွေနဲ့ နေရာတကာရင်ဘောင်တန်း မရတာလည်း ပါပါတယ်။ သို့ ပေမယ့် ဒါဟာလူအခွင့်ရေးချိုးဖောက်မှုရယ်လို့ မယူဆစေချင် ပါဘူး။ အလုပ်တစ်ခုမှာ အမျိုးသားလုပ်မှဖြစ်မယ့်အလုပ်တွေရှိသလို အမျိုးသမီးလည်း ရင်ဘောင်တန်းနိုင်တဲ့ အလုပ်တွေလည်းရှိပါတယ် ဒီနေရာမှာ လုပ်ပိုင်ခွင့်ချင်း တန်းတူ ၅၀% =၅၀% ညီမျှလို့ မရတာတွေလည်း အမျိုးသမီးအမျိုးသားကြားမှာ ရှိနေအုံးမှာပါပဲ။
တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း
ယနေ
့ အချိန် မှာ “ လူ့ အခွင့်အရေး …. လူ့ အခွင့်အရေး ”ဆိုပြီး နိုင်ငံတိုင်းပြောနေကြတာ သတင်းစာ မျက်နှာတွေ
က သက်သေ ပါပဲ ။ ဒါပင်မဲ့  တစ်နေ့ တခြား ကြီးထွားနေတဲ့
လူတန်းစားကွာဟမှု့ ကိုတော့ ကျနော် တို့ လို ဟိုမရောက်ဒီမရောက် လူတန်းစားများ မျက်မြင်ကိုယ်
တွေ့ ပါပဲ ။ လူတန်းစားကွာဟမှု တစ်ခုတည်းမဟုတ်ပါဘူး အရင်းရှင် အုပ်ချူပ်မှု တွေပါ တွေ့ ရတတ်ပါတယ် ။ ပညာရှင်တွေကတော့
ဒါကို ၂၁ ရာစုရဲ့ လက်ဆောင်တစ်ခုလို့  သတ်မှတ်ထားပါတယ် ။
ဘယ်လိုပဲ
ဖြစ်ပါစေ “ လူသားတိုင်း တန်းတူအခွင့်အရေး ” ရှိရမည်ဆိုတဲ့ ကြွေးကြော်သံများကတော့ အားရစရာပါပဲ
။ တစ်ကယ်ပဲ ကျနော်တို့ လူသားများတန်းတူအခွင့်အရေး ရနိုင်မှာလား … ? ။ ကိုယ်တိုင် လည်း
ပါဝင်မလုပ်ဆောင်နိုင်တော့ ဘေးကနေကာ လက်ခုပ်တီးပြီး
မျှော်လင့်ရတာပေါ့ ။ ကျနော်တို့ လူသားတိုင်းမှာ စာနာတတ်တဲ့ စိတ်အခြေခံလေးတော့ ရှိတတ်ကြပါတယ် ။
ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်
ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်
တူမောင်ညို (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
“မြစ်ကြီးနားစကားပြောပွဲ”
၌ အစိုးရဘက်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ ထံ ပေးအပ်ခဲ့သည့်
“အခန်း ၁၄ ခန်း၊ အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်” ဆိုသည်ကို
မိတ်ဆွေ တစ်ဦးက အင်တာနက်မှတစ်ဆင့်ပို့လာသဖြင့် ဖတ်ရပါသည်။
“စာချုပ်”၏ အမည် အပြည့်အစုံမှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်စာချုပ်” ဟူ၍ဖြစ်ပါသည်။
“စာချုပ်”
၌ နိဒါန်း၊ အခန်း (၁) မှ (၁၄) ထိ ပါဝင်ပြီး၊ အချက်ပေါင်း ၂၅
ချက်ပါရှိပါသည်။ သက်ဆိုင်ရာအချက်များအောက်တွင် အချက်အလက်ခွဲငယ်များကို
မြန်မာအက္ခရာစဉ်လျက် ဖော်ပြထား ပါသေး သည်။
ငါ့ရဲ့လျှာကို ရှာပေးကြ
ငါ့ ရဲ့ လျှာ ကို ရှာေ ပး ကြ
မင်းညွှန့်လှိုင်
နိုဝင်ဘာ ၁၁၊ ၂၀၁၃
ထိတ်စရာ လန့်စရာ
ညကအိပ်မက်ထဲမှာ
ငါ့ရဲ့လျှာပျောက်ဆုံးခဲ့ ။
ငါ့ငတ်မွတ်မှုက
ငါ့လျှာကိုမျိုချမိသလား ။
င့ါမာနက
ငါ့လျှာကိုရိတ်လှီးလိုက်သလား ။
ငါ့သစ္စာက
ငါ့လျှာကိုဖြတ်တောက်ပစ်သလား ။
ငါ့လောဘက
ငါ့လျှာကိုရောင်းချခဲ့သလား ။
ငါ့အကြောက်တရားက
ငါ့လျှာကိုဖျောက်ဖျက်ခဲ့သလား ။
ခက်နေတာက
ဒီကိစ္စကိုပြောကြားဖို့
ငါ့မှာစကားမဲ့မဲ့ ။ ။
သိမ်းကြုံးယုသွားသော လုံးကြီးပေါက်လှ
သိမ်းကြုံးယုသွားသော လုံးကြီးပေါက်လှ
နေလင်းညီ၊ နိုဝင်ဘာ ၁၊ ၂၀၁၃
၁၉၇၀-ပြည့်လွန်နှစ်များက
ဖြစ်သည်။ မဟာရန်ကုန် အနောက်ဖက်ရှိ မြို့နယ်တစ်ခုတွင် စာသင်တိုက်ကြီး
တစ်ခုရှိရာ စာသင်သား သံဃာ ၂၀၀- နီးပါးနှင့် ကျောင်းသားကပ္ပိယ ၅၀-ခန့်
ရှိသည်။ အတန်းပညာကို မူလတန်းမှ တက္ကသိုလ်ထိ သင်ကြားနေသူ ၃၅-ယောက်ခန့်ရှိ၍
၁၅-ယောက်မှာ အလုပ်လုပ်နေသူများ ဖြစ်သည်။ ကျောင်းစာသင်ယူနေသူ
ကျောင်းသားများကို အထူးဆိုဖွယ်မရှိ။ အလုပ်လုပ်နေသော ကပ္ပိယများကိုသာ
အထူးဆိုဖွယ်ရှိ၏။
Subscribe to:
Posts (Atom)
















