Thursday, November 14, 2013

‘သူ’ လည်းပြည်သူ ပြည်သူလည်း ‘သူ’

သဘောတူသင့်တာကို သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူ့အကျိုးကိုမလိုလားတဲ့သူပဲ”
တဲ့။ ဒီစကားကို ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်း ကိုယ်တိုင် ပြောကြားလိုက်တာမို့
 ပြည်သူတစ်ယောက် အနေနဲ့ အင်အားတွေ ရှိသွားပါတယ်။ သူရဦးရွှေမန်းရဲ့ ရှေ့ဆုံးစကားလုံးဟာ
‘သူ’ နဲ့ စထားပြီး ပြည်သူဘက်က ပြည်သူနဲ့အတူ ရပ်တည်ပြလိုက်တဲ့ နာယကကြီးရဲ့ ပြည်သူဆန်မှုကို ဂုဏ်ယူစွာဖြင့် ‘သူ’ လည်း ပြည်သူ ပြည်သူလည်း ‘သူ’ လို့ ဆောင်းပါး ခေါင်းစဉ်ကို ပေးလိုက်ပါတယ်။
per_tlptptlt_HAK

တကယ်တော့ သူရဦးရွှေမန်းသော် လည်းကောင်း၊ သမ္မတကြီးသော် လည်းကောင်း၊
 ဒေါ်အောင်ဆန်းစုကြည်သော် လည်းကောင်း ပြည်သူထဲက ပြည်သူတွေသာ ဖြစ်ပါတယ်။ သူလည်းပြည်သူ ပြည်သူလည်းသူများပါပဲ။ ဘယ်ဂြိုဟ် ဘယ်ကမ္ဘာကမှ ရောက်လာကြတော့တာ မဟုတ်ပါဘူး။ ပြည်သူတွေက ပေးလိုက်တဲ့ လုပ်ပိုင်ခွင့် တာဝန်များကို ထမ်းဆောင်နေကြ
သူများသာ ဖြစ်ပါတယ်။ ပြည်သူကပေးတဲ့ တာဝန်ဆိုတာ ပြည်သူအတွက်သာ ထမ်းဆောင်ရ
မှာကို နောက်က အရိပ်မည်းကြီးအတွက် ထမ်းဆောင်နေရင်တော့ ပြည်သူ့အကျိုး လိုလားတဲ့သူ မဟုတ်တော့ဘဲ ဒီလူ့အကျိုး လိုလားတဲ့သူလို့ပဲ ပြည်သူတွေက မှတ်ယူကြမှာပါ။

စာမူများ ဖိတ်ခေါ်ခြင်း

သတင်း (အထောက်အထားခိုင်လုံစွာ)၊ ဆောင်းပါး၊ ကဗျာ၊ ပေးစာနှင့် မိမိတို့ ကိုယ်တိုင်ရေးသားထားသော စာစုများ ပေးပို့လိုလျှင် (macup.npt@gmail.com)သို့ ဆက်သွယ်ပေးပို့နိုင်ပါမည်။ စာရေးသူအမည်ကို ပူးတွဲဖော်ပြပေးပါမည်။

၂၀၀၀-၂၀၁၁ မယ်ကမ္ဘာ ဆုရခဲ့တဲ့အလှမယ်လေးတွေရဲ့ လန်ထွက်နေတဲ့ ဓာတ်ပုံတွေ

Miss World 2000 – 2011

Miss World 2000 >India - Priyanka Chopra
girl celebrities
  Miss World 2001 >Nigeria - Agbani Darego
girl celebrities

ကျွန်မသာ ညဥ့်ငှက် တစ်ကောင်ဆိုရင် ရှင်လက်ထပ်မလား

(၀မ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်)

ကျွန်မမှာအိမ်မရှိဘူး။ ကျွန်မအိမ်ပေါ်က ဆင်းလာတုန်းက အမေက မျက်ရည်စက်လက်နဲ့ မသွားဖို့ တားတယ်။ အဖေက “သွား... သွားပြီးရင် ဘယ်တော့မှ ငါ့အိမ်အရိပ်ကို မနင်းနဲ့။. နင့်လို့ သမီးမျိုး ငါ့မှာ မရှိဘူး”လို့ ဒေါသတကြီး အော်တယ်။ ငိုနေတဲ့ အမေ့ကို ကျွန်မ တစ်ချက် ကြည့်လိုက်ပြီး ပစ္စည်းတွေ
ကောက်သိမ်းပြီး အိမ်ပေါ်က ကျွန်မ ဆင်းလာခဲ့တယ်။ ဒီတစ်သက် အဲဒီအိမ်ကို ကျွန်မ ဘယ်လို နည်းနဲ့ မှ ပြန်လို့မရတော့ဘူးဆိုတာ ကျွန်မသိတယ်။ ၀မ်းစာအတွက် ကျွန်မ ညဥ့်ငှက်တစ်ကောင် ဖြစ်ခဲ့တယ်။ လူတွေရဲ့ အသုံးတော်ခံ ဖြစ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် လေးစားမှုတွေ လျော့အောင် ကျွန်မ လုပ်ခဲ့ မိတယ်။ 
 
နိုက်ကလပ်တစ်ခုမှာ ကျွန်မအလုပ်လုပ်တယ်။ အဲဒီကလပ်မှာ ကျွန်မဟာ အချောဆုံး အလှဆုံးစာရင်း ၀င်ပါ။ ပိုင်ရှင်သူဌေးက ကျွန်မကို သဘောကျတယ်။ သူ သဘောကျမယ်ဆိုလည်း ကျသင့်ပါတယ်။ သူနဲ့ ကျွန်မက မကင်းမရှင်းလေ။ လူတွေရဲ့ အသုံးတော်ခံ ဖြစ်နေမှတော့ တစ်ယောက်ပိုလာလို့၊ တစ်ယောက်
လျော့သွားလို့လည်း ကျွန်မအတွက် ထူးမှ မထူးတော့တာ။ နောက်ပြီး သူက ကျွန်မရဲ့ အလုပ်ရှင်ဆိုတော့ ဒီနေရာမှာအာဏာက ငွေကြေးထက် ပိုတန်ဖိုး ရှိနေပြီလေ။ 

Maria Sharapova

               Maria Yuryevna Sharapova is a Russian professional tennis player.

russian tennis player

russian tennis player

နွားကျာင်းသားပေးစာ

သို့
         အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက်
ဟူး-----နင့်နာမည်ခေါ်ရတာလည်း အမောဖောက်တတ်တဲ့ ငါ့အဒေါ်သာဖတ်ခိုင်းရင် လျှာထွက်၊ 
မျက်လုံးပြူးပြီး အမြုတ်တွေစီးရင်းသေသွားနိုင်တယ်။ နင်ကလည်း ကြံကြံဖန်ဖန် အင်ဂျလီဂျိုနာဟသ် စစ္စတင်းဝက်ရယ်လို့ ။ ငယ်ငယ်က ဂွက်ထော်ဆိုတဲ့ နာမည်ကပဲကောင်းပါတယ်ဟာ ။ 
ဂွတ်ထော်ဆိုတဲ့ နာမည်ကမှ မြန်မာဆန်တယ်။ အတိတ်ကိုလွမ်းစေတယ်။ ယဉ်ကျေးမှုကို သတိရစေတယ်။ ပြီးတော့ ---ရောင်ထုံးတွေ ၊ ဆံထုံးတွေကို ပြေးပြီးမြင်ယောင်စေတယ်။ ဟုတ်တယ်မဟုတ်လား ။ ဒါနဲ့-။ နင်ပေးလိုက်တဲ့စာရဲ့အထက်က ( တီအို-တူး) ဆိုတဲ့အဓိပ္ပါယ်က ဘာကိုပြောတာလဲ။ နင့်ရဲ့စာကို ငါတစ်ယောက် တည်းဖတ်ဖို့ မဟုတ်ဘူးလား။ 

နှလုံးသားထဲက သခင်

အတိတ်တစ္ဆေခြောက်တဲ့စာမျက်နှာမှာ
ဆူညံနေတဲ့ မျက်ရည်တွေ
ဗလံပွနေတဲ့အဓမ္မတွေ
အတုံးအရုန်း ကျဆုံးကုန်တဲ့ ကျက်သရေခေါင်းပေါင်းတွေ ။  ။
အ၀တ်တိုတို ခမောက်ဆောင်းထားတဲ့ နတ်ဆိုးတွေက
နေကျဲကျဲတောက်နေတဲ့ ငရုတ်ခပ်ပြီးသားနွေကန္တာနဲ့
အခိုးငွေ့သာသာ ကျန်တဲ့ ခပ်ယဲ့ယဲ့တဲအိမ်တွေပေါ်မှာ ခုန်ပေါက်လို့
စာနာမှုတွေပျောက်ဆုံးကုန်တဲ့ တောအုပ်ကြီးထဲ
အငမ်းမရမျိုချလိုက်တဲ့ အမှောင်ထုရဲ့နောက်မှာ
သောက တေးသံတွေ အသံစုံမြည်နေကြတယ်။
လက်ရုံးရည် အားကိုးပြီး
အဲဒီရေစီးတွေ ခုခံခဲ့ပေမယ့်
အသားထဲက လောက်ထွက်တဲ့ ညာဉ်ဆိုးတွေ
ဇာတ်တူသားကို ပြန်စားတဲ့ ခွေးဘီလူးတွေကြောင့်
တောဟာ တောနဲ့မတူပဲ
အဆံကျွတ်သွားတဲ့ ခရုခွံကမှ ကြည့်လို့ကောင်းနေသေးတယ်။
 
မောင်မင်း မောင်မင်းနဲ့ လူကလေးလို့ခေါ်တဲ့ တံတွေးခွက်တွေကြားမှာ
ဒေါင်းအလံထူချင်တဲ့ မျိုးချစ်တွေ
ဆန်ရှိပေမယ့် ထမင်းမစားခဲ့ရဘူး
ရေနံရှိပေမယ့် မီးမထွန်းခဲ့ရဘူး
ရွှေရှိပေမယ့် မ၀တ်ဆင်ခဲ့ရဘူး
သစ်တောတွေ ပေါများနေပေမယ့်
ကိုယ်ပိုင်အိမ်တောင် မဆောက်နိုင်ခဲ့ဘူး
ကိုယ့်မြေမှာ ပေါက်တဲ့ သယံဇာတတွေကို
သွေးစုပ်တတ်တဲ့ မာရ်နတ်တွေ ဖျက်ဆီးနေကြပေမယ့်
မျက်လုံးမှိတ်ပြီး အံကြိတ်နေရတဲ့ ဘဝ
ပိုပြီး ၀မ်းနည်းစရာကောင်းတာက
မြန်မာအမျိုးသမီးတွေ အဓမ္မသွေးဆောင် ဖျက်စီးခံရတာပဲ။
ဝိညာဉ်တွေ အော်ဟစ်ပြီး
အရိုးစုတွေ ကျိန်ဆဲနေတဲ့ အချိန်မှာ
မြန်မာတွေ ညဉ်းညူးနေပေမယ့်
ရာဇပလ္လင်ပေါ်က ခွေးဘုရင်တွေကတော့
လက်ထဲမှာ ယမကာ နဲ့ မပျက်ခဲ့ဘူး။
နောက်တော့
ကံကြမ္မာဟာ ကံကြမ္မာရဲ့ စေရာအတိုင်း
ဝင်ရိုးစွန်းအတိုင်းလျှောက်လှမ်းနေတဲ့ နေမင်းကြီးဟာ
ကမ္ဘာကို အကြိမ်များစွာ ပတ်ပြီးတဲ့နောက်
နေတစ်စင်းက မွေးဖွားလိုက်တယ်ပဲ ပြောပြော
နတ်သိကြားက ဖန်ဆင်းလိုက်တယ်ပဲ ပြောပြော
သူက--
နှလုံးရည်ကို အသုံးပြုပြီး
မြန်မာတွေကို ကယ်တင်ခဲ့တယ်
အာရှတိုက်ထဲက ကမ္ဘာ့အသိအမှတ်ပြု
အသက်အရွယ် အငယ်ဆုံး တော်လှန်ရေးခေါင်းဆောင်
ပြောတဲ့အတိုင်းလုပ်ပြီး ရဲရင့်ပြတ်သားတဲ့သူ
အချိန်အခါကိုကြည့်ပြီး
လက်ရုံးရည် ၊ နှလုံးရည်ကို အသုံးချတတ်တဲ့သူ
မြန်မာကို ချစ်လွန်းလို့ အလုပ်လုပ်နေပေမယ့်
အယောင်အဆောင်ကို မတွယ်တာတဲ့သူ
သူ့အကြောင်းကို ဆက်ပြောရရင်
ခင်ဗျားတို့ဦးနှောက်တွေ အရည်ပျော်သွားလိမ့်မယ်။
 
မသမာသူတွေ ပျော်မြူးနေတဲ့အချိန်မှာ
အဲဒီမသမာသူတွေရဲ့ စနက်ကြောင့်
ငါတို့ရဲ့ သခင်
ငါတို့ရဲ့ ဗိုလ်ချုပ်
ငါတို့ရဲ့ ဖခင်ကြီး
အခိုးအငွေ့တွေအဖြစ်ပြောင်းလဲသွားခဲ့တာ
သခင်ကိုယ်တော်မှိုင်းပြောသလို
ငါလည်း
ဒေါင်းအလံကို ပ၀ါအုပ်ပြီး သခင့်ကို သဂြီ င်္ုလ်ချင်တာပေါ့။
မြေကြီးပေါ်မှာ သခင်မရှိတော့ပေမယ့်
ပြည်သူတွေရဲ့ နှလုံးသားထဲမှာ သခင်အသက်ရှင်နေသေးတယ်။
ဟုတ်တယ်
သခင်အောင်ဆန်း အထင်အရှားရှိနေသေးတယ်။
လေးစားစွာဖြင့် ---------
မိန်နွေ--