Friday, November 29, 2013

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။


အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။


သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊

နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်

လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊


“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”

အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊


သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်)
ဓမ္မ 

ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို

ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း

ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ

ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ

အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်

မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ

ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့

ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”

ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။

မိုးမခ

ဓမ္မ 

နိုင်ငံဆင်းရဲစေသော အဓိကအချက်များနှင့် အစိုးရသူခိုးဝါဒ

ကမ္ဘာလူဦးရေသန်း(၆၀၀၀)ရှိတဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာ စစ်တမ်းတွေ ကောက်ယူချက်အရတော့
သန်း(၁၀၀၀)ဟာ ဖွံ့ဖြိုး မှု ကောင်းမွန်တယ်တဲ့။ ရှေ့တန်းရောက်တယ်ပေါ့ဗျာ။ အမေရိကတို့ ဥရောပ
နိုင်ငံတွေ အဲ့လိုမျိုးပေါ့။ နောက်ထပ်ဝမ်းသာစရာတစ်ခုက ကျန်တဲ့ သန်း(၅၀၀၀)ထဲမှာ သန်း(၄၀၀၀)ဟာ ဖွံ့ဖြိုးတိုးတက်မှုလှေကားပေါ်ကိုရောက်နေပြီတဲ့။ အဲ့ဒီသန်း(၄၀၀၀)ထဲကနိုင်ငံတွေက တချို့ကြတော့ နိုင်ငံ အလိုက်ဖွံ့ဖြိုးမှုရှိကြသလို တချို့လည်းပြည်တွင်းထဲမှာ နေရာတွေကွက်ပြီး ဆင်းရဲချမ်းသာကွာခြားတာပေါ့။ ဥပမာအိန္ဒိယ လိုပေါ့ဗျာ။ ဒီသန်း(၄၀၀၀)အတွက်ကပှုစရာမလိုဘူး သူတို့က လုံးဝကို တိုးတက်ဖို့ သေချာ
သလောက်ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ နောက်ကျန်တဲ့သန်း(၁၀၀၀)ကတော့ ဖွံ့ဖြိုးတိုးတက်မှုကို အစရှာလို့ မရသေးဘူး။
 
အဲ စိတ်မကောင်းရာတစ်ခု ဖြစ်နေတာက ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အဲ့ဒီသန်း(၁၀၀၀)ရဲ့
အောက်ဆုံးနားမှာရောက်နေတာပဲ။ ဆင်းရဲပြီးကျန်ခဲ့တဲ့ သန်း(၁၀၀၀)က နိုင်ငံပေါင်း(၅၉)နိုင်ငံပါဗျာ။
 
အဲ့ဒီမှာနိုင်ငံတွေရဲ့ဆင်းရဲရတဲ့ အချက် တွေရှိတာပေါ့။ သုတေသနပြုချက်တွေအရတော့ နိုင်ငံတစ်နိုင်ငံဟာ အချက်လေးချက်ထဲက တစ်ချက်ချက်နဲ့ ညိနေတယ်ဆိုရင် တိုင်းပြည်ဆင်းရဲပါတယ်တဲ့ဗျာ။ အဲဒီလေးချက်
ကတော့ -

လက်နက်ကိုင်တွေရဲ့ပြဿနာ ဘယ်လောက်ကြီးမားနက်ရှိုင်းလဲ



 ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ
ပြီးရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ကိစ္စပါ။

အစိုးရဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့
ပြဿနာအရပ်ရပ်ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့
မရပါဘူး။

ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ
ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။

Wednesday, November 27, 2013

သရဲနီတပ်ဖွဲ့



















အချစ်နှင့် သူငယ်တန်းဖတ်စာ

A - apple, arrow  ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား..
ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓါးပါးပါးလေးနဲ့ မင်းကိုယ်တိုင် စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ ချစ်သူ... တသက်လုံးစာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ မင်းပစ်ခဲ့တာလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့ ကိုယ့်မှာတော့ အခုချိန်ထိ တ.. လှပ်.. လှပ်..

B - bird, bell ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက် မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လလေးရဲ့ တစ်ဆယ့်ကိုးရက်တဲ့... ကိုယ်ပြန်ပြောရင် မင်းနှုတ်ခမ်းလေးတွေ တင်းနေအောင်စေ့ပြီး ပြုံးပြဦးမှာပဲနော်... ဟက်ကနဲ ကျေနပ်ကြည်နူးစိတ်တွေနဲ့ မင်းရယ်မောလိုက်မယ် ဆိုရင်ကော နားဝင်ချိုလွန်းတဲ့ ခေါင်းလောင်းသံလေးတွေလို ကိုယ့်နားထဲကို ပြေးဆော့တိုးဝင် လာဦးမှာပေါ့ ချစ်သူလေးရယ်...

Monday, November 25, 2013

ပုဂံရှေးဟောင်း နယ်မြေတွင် နေရာဒေသ ကျယ်ပြန့်မှုနှင့် လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူပြီး နိုင်ငံခြားသား တိုးရစ်များ၏ အကြံအဖန် လုပ်ပုံများ

ကျွန်တော်တို့ ပုဂံရှေးဟောင်း နယ်မြေတွင် နေရာဒေသ ကျယ်ပြန့်မှုနှင့်
လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူပြီး FIT ခေါ် ခရီးစရိတ် ချွေတာသည့်
နိုင်ငံခြားသား တိုးရစ်များ၏ အကြံအဖန် လုပ်ပုံများကို ဓာတ်ပုံနှင့်တကွ သက်သေပြလိုပါသည်။ 
 
တိုးရစ်အချို့သည် စရိတ်ချွေတာသည့် အနေနှင့် ပုံတွင် မြင်တွေ့ရသည့်အတိုင်း
ဂူဘုရားများပေါ်တွင် ညအိပ်ခြင်း၊ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားသည့်
ဘုရားများပေါ်တွင် ဖိနပ်စီးခြင်း များကို ပြုလုပ်နေကြကြောင်း တွေ့မြင်နေရပါသည်။

ပုံတွင် တွေ့မြင်ရသည်မှာ ဂျာမန် အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်တို့သည် ပုဂံ ရွှေဆံတော် ဘုရားပေါ်တွင် Sleeping Bag များ ယူလာပြီး အိပ်စက်နေခြင်း၊ အမျိုးသမီးက
ဖိနပ် စီးထားခြင်း တို့ကို ၂၂.၁၁.၂၀၁၃ နေ့၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က နေထွက် ကြည့်ရန် ရောက်ရှိလာစဉ် အမှတ်တမဲ့ တွေ့ရှိပြီး ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ လုပ်၍ရမှန်း သိလျှင် နောင်တစ်ချိန် ပြဿနာပေါင်း များစွာ ပုဂံတွင် ကြုံတွေ့
လာရမည့် အရေး ရင်လေးပြီး ဤစာကို ပေးရခြင်း ဖြစ်ပါသည်။ ထိရောက်စွာ
စိစစ်အရေးယူရန် သင့်ပါပြီ။ 

(ဘုရားဖူး ခရီးသွားတစ်ဦး)
The Voice Weekly