Wednesday, December 11, 2013

သူ့အပိုင်း

Click နေမှ မဟုတ်ပါဘူး။
ခြင်းခတ်ပြမှ မဟုတ်ပါဘူး။
မြန်မာကို ကမ္ဘာက မသိသေးရင်လည်း
မာန်ယောင်ဆောင်နေတဲ့ သိမ်ငယ်မှုတွေကို ခဏခေါက်ထား
အဲဒီ ကမ္ဘာကို စာဖတ်ခိုင်းလိုက်ရင် ရပြီ။ 

သင် ဘယ်လိုလူ လုပ်မှာလဲ ဖြေပါ.....?



 

ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့ အကြောင်း အားပျက်မိတဲ့
အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို 

 ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သတင်းရရှိ


တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူများအား ဆိုးကျိုးဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါဝင်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များပါဝင်လျှက်ရှိနေကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။

ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချ
ရန်အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စားလျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသမီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာစုံတွင် တပ်ဆင်နိုင်သော လျှို့ ဝှက်ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ်ရေးလုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
 
“ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်
တွေမှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေက အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်
တာတွေဆီ ပြန်ရောင်းတယ်၊ သူတို့ က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်းကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို့ ရတဲ့ Websiteတွေထိအောင်တင်တာ၊ စိတ်လွတ်ကိုယ်လွတ် ချစ်သူနဲ့ ပျော်မြူးတာတော့ ပျော်မြူးတာပေါ့လေ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ကျွန်တော် ရွှေလီမှာရှိတုန်း
ကဆိုရင် ရွှေစုံတွဲ ရေချိုးခန်းထဲမှာ ပလူးနေတဲ့ ဗီဒီယိုဆိုပြီးရောင်းလို့ ဝယ်ကြည့်တာ၊ ကိုယ့်မျက်နှာ ဘယ်ထားရမှန်းမသိဖြစ်ခဲ့ရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ကိုခင်ရီမောင် ကအတွေ့ အကြုံကိုပြော
ပြသည်။

မြန်မာအမျိုးကောင်းသမီးများအနေဖြင့် တရုတ်အမျိုးသားပိုင် ဟိုတယ်များသို့ မသွားရောက်
ရန်နှင့် ဖြစ်နိုင်ပါက စိတ်မထိန်းနိုင်လျှင်လည်း တခြားအဆင်ပြေသည့် နည်းလမ်းမျိုးဖြင့်ဖြေရှင်းရန်
စေတနာရှေ့ ထားကာ သတိပေးလိုက်ရပါသည်။
 

မြေခွေး နှင့် ဆိတ်

                       
 
 
ကံမကောင်းတဲ့ မြေခွေးဟာ ရေတွင်းနက်တစ်ခုထဲကျသွားလို့ ပြန်တက်မရပဲရှိနေတော့သတဲ့ 
မကြာမီ ဆိတ်တစ်ကောင် ဖြတ်လာသတဲ့. . .

ရေတွင်းထဲ ဘာလုပ်နေလဲလို့ . . . . မြေခွေးကို သူမေးတာပေါ့. . .

“အိုခင်ဗျားမသိသေးဘူးလား . . . မိုးခေါင်ရေရှားတော့မှာတဲ့. . . ဒါကြောင့် ကျုပ်အနီးမှာ
 ရေသေချာပေါက် ရှိနေဖို့ ခုန်ဆင်းခဲ့တယ်. . . . ခင်ဗျားလဲ ဘာကြောင့် မဆင်းခဲ့သတုန်း. . . . “

ဆိတ်က ဒီအကြံကောင်းသားပဲလို့ တွေးပြီး ရေတွင်းထဲ ခုန်ဆင်းလိုက်တယ်. . . .

ဒီတော့မှ မြေခွေးဟာ သူ့ကျောပေါ် ချက်ချင်း ခုန်တက်လိုက်တယ်။
နောက်သူ့ရဲ့ ဦးချိုရှည်မှာ နင်းပြီး ရေတွင်း နှုတ်ခမ်းဝဆီ ခုန်တက်လို့ရသွားသတဲ့လေ. . .။

"နှုတ်ဆက်ခဲ့မယ် မိတ်ဆွေ၊ နောက်တစ်ခါဆို မှတ်ထားပေတော့. . "

အခက်အခဲတွင် ကျရောက်နေသူထံမှာ အကြံဥာဏ်ကို ဘယ်တော့မှ မယုံကြည်ပါနှင့်

အီစွတ်ပုံပြင်များမှ ...
 

Monday, December 9, 2013

ဒီလိုမျိုးတွေဖြစ်လာရင် ဘယ်နှယ်လုပ်မလဲ အိုယောကျာင်္တို့(အမလေး ကြက်သီးထလိုက်တာနော်)

နေရာကား ……………………..ရန်ကုန်မြို့တွင်းရှိ အထူးကုဆေးရုံကြီးတစ်ခု။

ထိုဆေးရုံ၏ သားဖွားဆောင်နေရာတွင်မူ မိန်းမတစ်ယောက်က စိုးရိမ်တစ်ကြီးဖြင့် ယောင်္ကျား

တစ်ယောက်၏ လက်ကို ကိုင်ထားလေသည်။ ထိုယောင်္ကျားကတော့ဖြင့် ကုတင်ပေါ်တွင်လှဲကာ ညည်းညူနေလေ၏။ နာကျင်လွန်းရွေ့ ဖြစ်မည်ထင့်။

လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုစာလောက်ကတည်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးမကောင်းသော အမျိုးသမီးများအတွက် အမျိုးသားများ သားဖွားကိုယ်ဝန်ဆောင်နိုင်သော နည်းပညာတစ်ရပ်

ပေါ်ထွန်းလာသည်။ အမျိုးသားတွေအကုန်လုံး ကြီးငယ်လတ်မကျန်ကန့်ကွက်ခဲ့သော်လည်း အမျိုးသမီးထုကြီးက မဲအသာဖြင့် ထိုနည်းပညာကို လက်ခံခဲ့ကြရသည်။

မြန်မာနိုင်ငံ၏ အမျိုးသမီးထုက အမျိုးသားထုထက် နှစ်ဆပိုမိုများပြားသည်လေ။

ထိုအချိန်မှစရွေ့ သုံးလာသည့်နည်းပညာ ယခုအချိန်မှာတော့ အတော်ပင် ထွန်းကားနေလေပြီ။

ယခင်က မိသားစု၊ အိမ်ထောင်စုများတွင်တွေ့ရသည်က မအေမိခင်ဖြစ်သူက အိမ်မှာနေထမင်းချက် ……
ဒါမျိုးတွေချည်းသာ။ ယခုတော့ အလုပ်ရှင်များလိုအပ်သည်က အမျိုးသမီးအလုပ်သမားများသာ။ အမျိုးသားနှင့်ယှဉ်လျှင် အမျိုးသမီးများက စေ့စပ်သည်လေ။ ဒီတော့ အမျိုးသားတွေ အိမ်အလုပ်လုပ်၊ ကလေးမွေးကြရုံသာ ရှိတော့တာပေါ့။

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ


ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်
လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့
======================================================

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ အရက်ကို အားဖြည့်အချို
ရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်
သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင်
ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။

“ စကား ”


ဆိတ်ဆိတ်နေပါ၊ အကယ်၍ ပြောရမည်ဆိုလျှင်လည်း ဆိတ်ဆိတ်နေခြင်းထက်
တန်ဖိုးရှိသော စကားကိုသာ ပြောဆိုပါ။

မပြောမိလိုက်သည့် စကားအတွက် နောင်တ ရစရာ မရှိ၊ ပြောမိလိုက်သည့်
စကားအတွက်သာ ၀မ်းနည်းစရာ၊ နောင်တရစရာ ကြုံတတ်ပေသည်။

** ဂရိပညာရှင်ကြီး (ပိုက်သာဂိုးရတ်စ်) **

ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
 
ပညာပေးသော ကမ္ဘာကျော် စကားလုံးများ