Saturday, January 4, 2014

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆရာမင်းသုဝဏ်ရဲ့ သပြေညို ကဗျာလေးပါ

သပြေညို
*******************
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။ ။
ဘာမလျှော့လေနဲ့
လာတော့မကွယ့် ရွှေပဟိုရ်
လေချိုကအသွေး။ ။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှန်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

မင်းသုဝဏ်သပြေညို

 
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။ ။

ဘာမလျှော့လေနဲ့
လာတော့မကွယ့် ရွှေပဟိုရ်
လေချိုကအသွေး။ ။
သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို
လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ
*******************************************
ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်
တစ်ဖွဲ့တစ်သင်း၏  အမွေအနှစ်မဟုတ်၊
မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့တစ်သင်း၏
ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက်
တစ်ဖွဲ့တစ်သင်းကချုပ်ကိုင်အနိုင်သိမ်းယူ
အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလလည်းကောင်း၊
ယခုမျက်မှောက်တွင်လည်းကောင်း၊
နောင်လာလတံ့သောအနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော
ကြီးငယ်ဝေးနီး ကျား၊ မ မခြား သစ္စာတော်ခံ
နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း
အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏
သဘောဆန္ဒအရ လူအဝှမ်း၏အကျိုးကို
ကောင်းစွာဆောင်ရွက်နိုင်အံ့သောပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ
ပကတိသန့်ရှင်းဖြူစင်သောမူလလူ့ဝါဒနှင့်လျော်စွာ
စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသော
တရားတူညီသော အခွင့်အရေးတူညီသော အဆင့်အတန်းအားဖြင့်
ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင်
အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော
မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင်ငါတို့အပိုင်ရပြီ။
================================
မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ်(၅)ကို ကူးယူဖော်ပြပါသည်။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှန်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

မင်းသုဝဏ်

Link=>http://goo.gl/Jk5NtT

Friday, January 3, 2014

ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်ခံရသူ မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး

ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်ခံရသူ
မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး


ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of
World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍
နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း
တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur
Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ်
(၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ
ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည်
ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ
ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက်
သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈)
တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။
ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ
တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ
လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို
ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။
ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။
ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ
စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ
ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။
အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည်
အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။
ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင်
ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု
ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည်
အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။
ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း
ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ
ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ်
လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင်
ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ
ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို
နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ
အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက်
ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို
နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊
ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊
အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊
အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။
ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး
တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည်
ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။
တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။
ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို
စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့်
ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင်
ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန်
ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို
မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း
ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး
ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊
စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ
အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး
ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။
ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး
စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို
နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင်
အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်
စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ
၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ
အောင်မြင်
ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ
တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍
စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော
စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက်
စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ
ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။
စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။
ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။
ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို
တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။
စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊
စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန်
ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။
ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့်
ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း
၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ
ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ
ဝတ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊
၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင်
အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး
အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊
၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍
ဝဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။
ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်
တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့
ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို
တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ်
ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော
မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း
အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး
ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊
အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင်
ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


 သန်းမင်းထွဋ်


(တင်မောင်လှိုင်)



်

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။  ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကို
စုဆောင်း တင်ြပထားပါသည်။ 
 
ဂင်းနစ်ဟူသောအမည်မှာ အိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို
ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်
သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ 
 
၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို
စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ 
 
သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊  မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ်
 (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။
 
ဘင်ဂျမင်လက်ထက်တွင် ဂင်းနစ် ဘီယာသည် အမေရိကန်၊ အင်္ဂလန် နှင့် ဥရောပ
တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။
ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ
ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။

သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။
ပထမအချက်မှာ ဂင်းနစ်ဘီယာသည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။
ဘီယာတစ်ပိုင့်ကို ငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို
စွဲဆောင်နိုင်ခဲ့ ပါသည်။
 
ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။
ဂင်းနစ်ဘီယာ ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။
အဆိုပါ ခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည်
အပေါ်သို့မတက်ဘဲ အောက်သို့သာ ဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။
ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။
 
၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု
ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်း
ဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။

ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း
ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်
တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ်
လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ 
 
ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ 
စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့် နောရစ် ၀ှစ်တနာ
(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။
၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များကို
ရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်
အမှီ အောက်တိုဘာလတိုင်းတွင် စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။
စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း
ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊
အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ် စသည်ဖြင့်
ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။

ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး
တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည်
ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။

တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။
ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များကို စံချိန်ချိုးနိုင်အောင်
အစာများ တနင့်တပိုးကျွေးခဲ့သဖြင် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။
ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော
ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။
 
ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်း
ဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။
အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသပင်
ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်
ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင်
ဖော်ပြခံခဲ့ရပါသည်။
 
ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး
စာမေးပွဲအကြောင်းကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို
နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင်
အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်
စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း
အောင်မြင်သူ ၉ ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်
၇၅-မှတ်ရမှသာ အောင်မြင်ပါ သည်။ 
 
ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ
တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍
စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော
စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် 
စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင့် ရှိပါသည်။ 
၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။
စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။
ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။
ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ ၉၉၃၄ မျက်နှာလုံးကို
တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။
စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊
စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန်
ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။

ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့်
ဖြေဆိုအောင်မြင်ခဲ့ပါသည်။
 
ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊
ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ 
၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။
 
၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး
အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊
၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍
ဝဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။

ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်
တရားဘဏ္ဍာစိုးဟု အဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့
ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို
တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ်
ဆောင်ရွက် ခဲ့ပါသည်။
 
ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း
 ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို
ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊
အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊
ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ
ပျံလွန်တော်မူခဲ့ပါသည်။

သန်းမင်းထွဋ်
 
(တင်မောင်လှိုင်) 

စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ ပျက်ပြီဆိုရင် ဘုရားသားတော်မှမဟုတ်ဘူး ဘာကောင်ကြီးဖြစ်ဖြစ် ကိုးကွယ်စရာမလိုဘူး

“သူတစ်ပါးကိုသတ်၊ သူတစ်ပါးစည်းစိမ်ဥစ္စာကို ပျက်ဆီးအောင် ဖျက်ဆီးသူဆိုရင် 
ထိုသူဟာ ရဟန်းမဟုတ် တော့ဘူး ယုတ်စွအဆုံး ဗုဒ္ဓဘာသာဝင်လို့ကို မပြောနဲ့တော့၊ 
စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေပျက်ပြီဆိုရင် ဘုရားသားတော်မှမဟုတ်ဘူး 
ဘာကောင်ကြီးဖြစ်ဖြစ် ကိုးကွယ်စရာမလိုဘူးလို့ ပြတ်ပြတ်သားသား မိန့်ကြားလိုက်တဲ့ အင်တာနက်အွန်လိုင်းပေါ်က နိုင်ငံကျော်တရားဟောဓမ္မကထိက ဒယ်အိုးဆရာတော်ရဲ့
 မိန့်ကြားချက်ကို လူထုအများထောက်ခံ”

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီကနေ့ ကျွန်တော်တို့ သာသနာတော်ပြန့်ပွားရေး လမ်းကြောင်းကိုကြည့်ရင် နည်းနည်းလွဲနေတယ်လို့ ထင်တယ်။ ဒီကနေ့ခေတ်ဟာ အာဏာရှင်တော်လှန်တဲ့ခေတ်မဟုတ်တော့ဘူး။ စည်းလုံးမှု၊ ညီညွတ်မှု၊ တိုင်းရင်းသား ပြည်သူတွေဥာဏ်ရည်မြင့်မားမှု၊ အတွေးအခေါ်မြင့်မားမှု၊ အမှားအမှန်ဆင်ခြင်တုံ

တရားအပေါ် ဝေဖန်ပိုင်းခြားနိုင်မှုတွေနဲ့ အမျိုးဘာသာ၊ သာသနာကို စောင့်ထိန်းလိုစိတ်တွေ ကိန်းအောင် ဟောပြောရမှာ၊ အခုတော့ လွဲနေတယ်၊ ရဟန်းသံဃာဆိုတာ ဘုရားသားတော်တွေပဲ။ 

ဘုရားလမ်းစဉ်ကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်နေသူတွေပဲ။ ဒါ့ကြောင့်လည်း ဘုရားသားတော်လို့ ပြောတာ။ ရဟန်းဆိုရင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒဆိုတဲ့ သာသနာသုံးရပ်
 ပြန့်ပွားအောင် ကြိုးကုတ်အားထုတ်ရမှာ။ ဒီအလုပ်ကိုလုပ်ရမှာ၊ အခုတော့ လူထုက တစ်နိုင်တစ်ပိုင် အဘိဓမ္မာသင်တန်းတွေ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ကိုယ်ကျင့်တရား နဲ့ဆိုင်တဲ့ အပရိယာနိယ တရားတွေ ပြန့်ပွားအောင် ရပ်ကွက်တကာ၊ နယ်တကာမှာ သင်တန်းတွေဖွင့်နေရ တယ်။ 
 ဘုန်းကြီးတွေက လူအလုပ်ကိုလိုက်လုပ်နေတယ်။ လူတွေက ပရိယတ္တိပြန့်ပွားအောင် 
လိုက်လုပ်နေရ တယ်။ ဒါတွေကိုတွေ့ရတော့ နည်းနည်းများ လွဲနေသလားလို့၊ မရဲတရဲ ပြောကြည့်ချင်တယ်ဗျာဟု ဓမ္မဂေါသက အကျိုးတော်ဆောင်ဦးအေးယူက 
အခုလိုပြောပါတယ်။
 

လတ်တလော အင်တာနက်အွန်လိုင်းပေါ်မှာ လူထုထောက်ခံမှု Like လုပ်သူ အများဆုံးစကား
ကတော့ နိုင်ငံကျော်တရားဟော ဓမ္မကထိက ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ရဲ့ မိန့်ကြား
ချက်ပဲ ဖြစ်ပါတယ်။

သာသနာဘယ်မှာတည်မှတ်ထား ယုံကြည်သူတို့ရဲ့ နှလုံးသားမှာ တည်တယ်။ 

သာသနာကို တုတ်ဓားလှံ လက်နက်နဲ့ စောင့်ရှောက်လို့မရဘူး။ ဗုဒ္ဓဘာသာမှာ 
ရန်သူဆိုတာ မရှိဘူး။ အခုဆိုရင် ကိုယ့်သာသနာကို ရန်စွယ်များအောင် လုပ်နေကြတယ်။ 
အခုဆိုရင် ကမ္ဘာက မြန်မာနိုင်ငံမှာ အကြမ်းဖက်လို့တဲ့ ဗုဒ္ဓဘာသာဝင်တွေ ရှိနေပြီလို့ 
သတ်မှတ်နေပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုလာပြီနော်။ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန်ပြုသည်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရန်ဖြစ်ခြင်း၊ တိုက်ခိုက်ခြင်းမရှိဘူး။ တစ်ပါးသူကို ထိခိုက်ပုတ်ခတ်စော်ကားခြင်းမရှိဘူး။ သစ္စတရားစွဲမြဲစေခြင်း၊ ကိုယ်ကျင့်တရားစောင့်ထိန်းစေခြင်း နဲ့ သာသနာပြုခဲ့တာပါ။ သူတစ်ပါးကို သတ်တာ၊ သူတစ်ပါးစည်းစိမ်ဥစ္စာကို ပျက်စီးအောင်ဖျက်တာ ရဟန်း မဟုတ်ဘူး။ အဲဒီလူတွေကို
ဗုဒ္ဓဘာသာဝင်တို့ကို မပြောနဲ့၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်ပျက်ရင် ဘုရားသား တော်မဟုတ်ဘူး။ 

အကျင့်ပျက်နေပေမယ့် သင်္ကန်းဝတ်မို့ တပည့်တော်တို့ မှေးကိုးကွယ်နေမယ်၊ 
ကိုးကွယ်ရမယ် လာမလုပ်နဲ့။ ရဟန်းအကျင့်နဲ့မညီမှတော့ ဘာကောင်ကြီးဖြစ်ဖြစ် 
ကိုးကွယ်စရာမလိုဘူး။ ရဟန်းတရားအား ထုတ်ပြီး ရဟန်းအလုပ်လုပ်ရ၊ ရဟန်း သီလသမာဓိ 
ပညာတွေမှာ ညီညွတ်နေမှ သံဃာ၊ ရဟန်းကျင့်ဝတ်မစောင့် ထိန်းရတဲ့သူ အမျိုးဖျက်တဲ့ကောင်ပဲလို့ ဘုရားရှင်က မိန့်ကြားတော်မူခဲ့တယ်။ ရှင်းလား၊ နားရောလည်ရဲ့လားလို့ ဒယ်အိုးဆရာတော်ရဲ့ မိန့်ကြားချက်ပဲ ဖြစ်ပါတယ်။

 နိုင်ငံကျော် တရားဟောဓမ္မကထိက အရှင်ဣန္ဒက (တွံတေးဆရာတော်) ကလည်း
ဒယ်အိုးရဲ့စကားဟာ အမှန်ပဲ။ ဘုန်းကြီးထောက်ခံတယ်။ အခု သာသနာတော်မှာ ကြည့်လိုက်ရင် လွဲချော်နေ တာတွေကို တွေ့ရမယ်။ ပြီးတော့ စကားတွေကို လူအထင်ကြီးအောင် လွယ်လွယ်ပြောနေကြတာတွေကိုလည်း တွေ့ရမယ်။ ဒီလိုပုဂ္ဂိုလ်တွေများလာတော့ 

သာသနာတော်အပေါ် ကိုဘာသာဝင်တွေကလည်း သံသယ တွေပွားလာကြမယ်။ 
ဒါဟာ သာသနာ့အနာဂတ်အတွက်မကောင်းဘူး။ ဒီတော့ စကားကိုလွယ်လွယ်ပြောတတ်တဲ့
ပုဂ္ဂိုလ်တွေကို သတိပေးချင်တယ်။ ဘုန်းကြီးလည်း ဟောခဲ့ဖူးပါတယ်။ စကားဆိုတာ
 ပြောတိုင်းမကောင်းဘူး ကိုယ်နဲ့မဆိုင်တဲ့ စကားမျိုး၊ ဓမ္မနဲ့မဆိုင်တဲ့ စကားမျိုးကိုလည်း 
မပြောကောင်းဘူး။ ကြမ်းကျွံရင်တော့ နှုတ်လို့ ရပေမယ့် စကားကျွံတော့ နှုတ်လို့မရဘူး။ ဘဝတစ်လျှောက်လုံး သမိုင်းအမည်းစက်၊ သာသနာအမည်းစက် ထင်ကုန်ရော၊ 
ဒ့ါကြောင့် စကားကို လွယ်လွယ်မပြောကြပါနဲ့။ အနာဂတ် သာသနာတော်အကျိုးကိုကြည့်ပြီး
 ပြောဆိုကြပါ။ လူ့အလုပ်လူလုပ်ပါစေ၊ ဘုန်းကြီးတို့အလုပ်က သာသနာတော် ပြန့်ပွားဖို့ရယ်၊ ဗုဒ္ဓဘာသာဝင်တွေ အတွေးမှန်၊ အမြင်မှန်၊ အယူအဆမှန်ဖြစ်ဖို့ ဓမ္မလမ်းကြောင်းကနေ သွန်သင်သြဝါဒပေးရမယ်။ သာသနာကို ရှုပ်ထွေးအောင်၊ လူ့ဘောင်အသိုင်းအဝိုင်းကို 
ရှုပ်ထွေးအောင် ဝိဝါဒကွဲတဲ့ နှုတ်ထွက်စကားမျိုးကိုတော့ မပြောမဆိုဘဲ နေတာ အကောင်းဆုံးပဲ။ သေချာတာက ရဟန်းအလုပ် ရဟန်းလုပ်တာ အကောင်းဆုံးပါပဲလို့ မှတ်ချက်ပေးမိန့်ကြားခဲ့ပါတယ်။ 

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိချုပ် ကမ္ဘာကျော် သာသနာပြု ဆရာတော်ကြီး ဒေါက်တာဦးဥာဏိဿရကတော့ ပါးစပ်မှာ ခဲဖျက်မပါဘူး။
 ပြောပြီးသွားရင် ပြန်ဖျက်လို့မရဘူး။ ဒါ့ကြောင့် မလိုအပ်ရင်မပြောနဲ့။ လိုအပ်ရင် နည်းနည်းပြော၊ များများပြောရင် များများမှားလိမ့်မယ်လို့ လက်ရှိ သာသနာတော်တွင်း၊ သာသနာပ လူ့လောက အရှုပ်အထွေးများနဲ့ပတ်သက်ပြီး အခုလို သြဝါဒမိန့်ကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

၀၀၁။
First ဂျာနယ်မှ ကူးယူဖော်ပြသည်။

မြင်တတ်ပါစေ

သူလေ ... ဆံပင်တွေ ဖြူနေပါပြီ။
အသက်ကလဲ ကြီးပြီပေါ့။
လူအိုဘ၀ တစ်ဘက်နင်း
အိမ်မှာ သားသမီးမြေးမြစ်တွေရဲ့ အပြုစုခံရမယ့်အရွယ်။

ဒါပေမဲ့ မမောနိုင်မပမ်းနိုင်
လူထုအရေးအတွက် လူထုကြားထဲ
တိုးကာ ဝှေ့ကာ။

ဒေါသမုန်တိုင်းနဲ့ တည့်တည့်
ဘယ်သူ ရင်ဆိုင်ဝံ့မလဲ?

သူ့ကို ဆန့်ကျင် ကန့်ကွက်နေသူတွေကြား
တည့်တည့်မတ်မတ် ဘယ်သူ လျှောက်ဝင်သွားဝံ့မလဲ?

သူနဲ့ အမြင်ချင်း တူတူ ကွဲကွဲ
သူ့ရင်ထဲက စေတနာလေးတော့
အသိမှတ်ပြုပေးကြပါဗျာ။

သူလည်း ကျနော်တို့လိုပဲ
နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရတာပါ။

သားငယ်လေးကို
ခုနှစ်နှစ်သားကတည်းက စွန့်လွှတ်ခဲ့ရသူ
ခင်ပွန်းသည်ရဲ့ ဈာပနကို အဝေးကသာ
နှုတ်ဆက်ခဲ့ရသူ။

ပြီးတော့ သူက အမျိုးသမီးတစ်ယောက်ပါ။
အဲဒီ အမျိုးသမီးကိုမှ
အတောင်၂၀၀တ်ကြီးတွေက မျိုးစုံပုတ်ခတ်ကဲ့ရဲ့၊
ဒါကိုလည်း သူ မယိုင်မလဲ ခံခဲ့ပါတယ်။

အသက်ဘေးအတွက် စိုးရိမ်စရာ
မကြာခဏ သူကြုံတယ်။
ကိုယ့်အိမ် ရေကူးလာသူကိုလက်ခံမိလို့တဲ့
ထောင်တောင် သူကျရရှာတယ်။
ဒါပေမဲ့လည်း သူ နောက်မတွန့်ခဲ့။

ကိုယ့်သားတွေကို ကိုယ်တိုင် ပျိုးထောင်ခွင့်မရတဲ့
မိခင်တစ်ယောက်ရဲ့ ဘ၀ကို ကိုယ်ချင်းစာကြည့်ကြစမ်းပါ။

ကိုယ့်မိသားစုကို ကိုယ်စွန့်လွှတ်ခဲ့ရတဲ့
မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ခံစားကြည့်ကြစမ်းပါ။

အခု သူက နေသာသပ အဖြစ်မှာမနေပဲ
ဓားခုတ်ရာကို လက်ဝင်လျိုခဲ့
ဘာလို့ဆို သူက လူထုထဲကလူ မို့လေ။

ခုတ်တဲ့ဓားက ပျောက်နေခဲ့
တစ်ချို့တွေ အဝေးက သက်တောင့်သက်သာ ပြုံးနေကြမယ့်အချိန်
သူ့မျက်ဝန်းတွေမှာ ကြေကွဲရိပ်တွေနဲ့။

ဒီတစ်ခါ သူနဲ့ အယူအဆ တူတာ မတူတာထက်
သူ့ သတ္တိ၊ သူ့ စွန့်လွှတ်မှု၊ သူ့ ပြတ်သားမှု
ဒါတွေကိုတော့ အသိမှတ်မပြုပဲကို နေလို့မရ။

သေချာတယ်။
သူ့ကို ကျနော်တို့ အရမ်းလေးစားကြတယ်

[သွန်းနေစိုး]







Aye Chan Mon 
-

Monday, December 30, 2013

ဖေ့စ်ဘွတ်ပေါ်က ကာတွန်းများ












 










မှတ်မှတ်သားသား သူတို့ စကား



မှတ်သားဖွယ် အဆိုအမိန့်များ

" သွေး အ တွက် သွေး ၊ အ သား အ တွက် ဓား "


"  သွေး အ တွက် သွေး 
    အ သား အ တွက် ဓား "
.
ခွင့်လွှတ်ပေးပါ ဧရာဝတီ
သမိုင်းတစ်ခုလုံးကိုထမ်းထားတဲ့
ခင်ဗျားကျေးဇူးတရားအတွက်
ကျူပ်ဟာ ကဗျာတစ်ပုဒ်မဖြစ်ခဲ့သူ

ခင်ဗျားရဲ့
ခမ်းနားတဲ့ကမ်းပါးတွေကို
မျက်ကန်းသူတွေဘယ်မြင်ပါ့မလဲ
ခင်ဗျားရဲ့အလှဟာ
ခုထိကမ္ဘာကငေးလို့

နေဝင်ချိန်ကိုမြင်ဖူးနေကျခင်ဗျားက
ကိုယ့်ဘဝနေဝင်ချိန်ကို
မကြောက်တတ်ခဲ့တာဆန်းလား
ကျူပ်တို့ရင်ထဲနစ်ဝင်နေတဲ့
ခင်ဗျားသွေးတွေအတွက်
ကျူပ်တို့ပြန်မဆပ်နိုင်သရွေ့
ကျူပ်တို့လူဖြစ်ရကျိုးမနပ်ချင်ဘူး

ဒါဟာအိပ်မက်ထဲ
ထအော်နေတာမဟုတ်
ပြည်သူတစ်ရပ်လုံးရဲ့
သွေးစစ်စစ်တွေလည်းပါတယ်
မိုက်မဲသူတွေခုတ်ထစ်မှုအောက်
တစ်စစီကောက်မရတဲ့
ခင်ဗျားအသွေးအသားအတွက်
ကျူပ်တို့မျက်စိမှိတ်ကြည့်နေရတယ်

ခင်ဗျားဝမ်းဗိုက်ထဲက
ကျူပ်တို့အသက်ရှူသံတွေဟာ
ခု မုန်တိုင်းထန်နေပြီ
တစ်ဘို့တည်းသမားတို့ရဲ့
အာဏာခွာအောက်မှာ
ကျူပ်တို့ဘဝတွေအဖျောက်ခံရတော့မယ်

တသွင်သွင်စီးမှုဟာရပ်
လယ်မြေအတိတွေဟာ
ပက်ကြားအက်ရတော့မယ်
ရေနည်းငါးတို့အတွက်
မိုးပိုခေါင်လာတော့မယ်

ပျက်သွားမယ့်သမိုင်းအတွက်
နောက်ထပ်သမိုင်းတစ်ရပ်မှာ
ကျူပ်တို့မငိုချင်ဘူး
ဧရာဝတီဆိုတဲ့အမည်နာမဟာ
ကျူပ်တို့တိုင်းပြည်ရဲ့တံခါးတစ်ချပ်
ဘယ်လိုမှပျက်လို့မဖြစ်ဘူး

ဘယ်သူသေသေ
ငတေမာပြီးရောဆိုသူတွေထဲ
ကျူပ်တို့ ချော်လဲလို့တောင်
ရောထိုင်မနေချင်ဘူး
ဒါဟာ ကျူပ်တို့လက်မောင်းထဲက
အရောင်မပြောင်းတဲ့  သွေး
ဘာနဲ့ဆေးဆေးမပြောင်နိုင်ဘူး

ခွင့်မလွှတ်ပါနဲ့
နှစ်ကာလတွေကြာကြာ
ပေးဆပ်နစ်နာပြီးပြီပဲ
ခင်ဗျားခွင့်မလွှတ်နဲ့တော့


ခင်ဗျားသွေးအတွက်
ကျူပ်တို့သွေးတွေရဲမယ်
ခင်ဗျားအသားအတွက်
ကျူပ်တို့မှာဓားတွေရှိတယ်
ခင်ဗျားသမိုင်းမရိုင်းခဲ့ကြောင်း
ကျူပ်တို့ကဗျာကောင်းကောင်းရေးခဲ့မယ်...
       လေသွေးညို
.
ခွင့်လွှတ်ပေးပါ ဧရာဝတီ
သမိုင်းတစ်ခုလုံးကိုထမ်းထားတဲ့
ခင်ဗျားကျေးဇူး တရားအတွက်
ကျူပ်ဟာ ကဗျာတစ်ပုဒ် မဖြစ်ခဲ့သူ ...

ခင်ဗျားရဲ့
ခမ်းနားတဲ့ကမ်းပါးတွေကို
မျက်ကန်းသူတွေဘ ယ်မြင်ပါ့မလဲ
ခင်ဗျားရဲ့အလှဟာ
ခုထိ ကမ္ဘာကငေးလို့....

နေဝင်ချိန်ကိုမြင်ဖူးနေကျခင်ဗျားက
ကိုယ့်ဘဝနေဝင်ချိန်ကို
မကြောက်တတ်ခဲ့တာ ဆန်းလား
ကျူပ်တို့ရင်ထဲ နစ်ဝင်နေတဲ့
ခင်ဗျားသွေးတွေအတွက်
ကျူပ်တို့ပြန် မဆပ်နိုင်သရွေ့
ကျူပ်တို့လူဖြစ်ရကျိုး မနပ်ချင်ဘူး....



ဒါဟာအိပ်မက်ထဲ
ထအော်နေတာမဟုတ်
ပြည်သူတစ်ရပ်လုံးရဲ့
သွေးစစ်စစ်တွေလည်း ပါတယ်
မိုက်မဲသူတွေ ခုတ်ထစ်မှုအောက်
တစ်စစီကောက်မရတဲ့
ခင်ဗျားအသွေး အသားအတွက်
ကျူပ်တို့မျက်စိမှိတ် ကြည့်နေရတယ်.....

ခင်ဗျား ဝမ်းဗိုက်ထဲက
ကျူပ်တို့ အသက်ရှူသံတွေဟာ
ခု မုန်တိုင်းထန်နေပြီ
တစ်ဘို့တည်း သမားတို့ရဲ့
အာဏာခွာအောက်မှာ
ကျူပ်တို့ဘဝတွေ အဖျောက်ခံရတော့မယ်........

တသွင်သွင်စီးမှုဟာရပ်
လယ်မြေအတိတွေဟာ
ပက်ကြားအက်ရတော့မယ်
ရေနည်းငါးတို့အတွက်
မိုးပိုခေါင်လာတော့မယ်.......

ပျက်သွားမယ့် သမိုင်းအတွက်
နောက်ထပ် သမိုင်းတစ်ရပ်မှာ
ကျူပ်တို့ မငိုချင်ဘူး
ဧရာဝတီဆိုတဲ့ အမည်နာမဟာ
ကျူပ်တို့တိုင်းပြည်ရဲ့ တံခါးတစ်ချပ်
ဘယ်လိုမှ ပျက်လို့မဖြစ်ဘူး........

ဘယ်သူသေသေ
ငတေမာပြီးရော ဆိုသူတွေထဲ
ကျူပ်တို့ ချော်လဲ လို့တောင်
ရောထိုင် မနေချင်ဘူး
ဒါဟာ ကျူပ်တို့ လက်မောင်းထဲက
အရောင်မပြောင်းတဲ့ သွေး
ဘာနဲ့ဆေးဆေး မပြောင်နိုင်ဘူး.....

ခွင့်မလွှတ်ပါနဲ့
နှစ်ကာလတွေကြာကြာ
ပေးဆပ်နစ်နာပြီးပြီပဲ
ခင်ဗျား ခွင့်မလွှတ်နဲ့တော့.....


ခင်ဗျားသွေးအတွက်
ကျူပ်တို့သွေးတွေရဲမယ်
ခင်ဗျား အသားအတွက်
ကျူပ်တို့မှာ ဓားတွေရှိတယ်
ခင်ဗျားသမိုင်း မရိုင်းခဲ့ကြောင်း
ကျူပ်တို့ ကဗျာကောင်းကောင်းရေးခဲ့မယ်...