Friday, February 7, 2014
ပသီ၊ ဘင်္ဂလီ ရိုဟင်ဂျာနှင့် နှင့် ၂၀၁၄ သန်းခေါင်စာရင်း နောက်ကွယ်မှာ
နိဒါန်း
===
လာမည့် အချိန်အတွင်း၂၀၁၄ သန်းခေါင်စာရင်းကောက်ယူပွဲကြီး စတင်ပါတော့မယ်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် တိုင်းရင်းသားလူမျိုးများ လိုတိုး ပိုလျှော့ ဖြစ်လာပါလိမ့်မယ်။
လူမျိုးစု အသစ်များ သတ်မှတ်ခံရပါလိမ့်မယ်။
တိတိကျကျ ဆိုလျှင် ၂၀၁၄ မတ်လ (၃၀) ရက်နေ့ ည သန်းခေါင်ယံတွင် တစ်နိုင်ငံလုံးတွင် စတင်ကောက်ကူကာ (၁၂) ရက် တိတိ ကြာမြင့်ပါမယ်။
တိုင်းရင်းသား မျိုးနွယ်စုများလည်း တချို့ လူမျိုးစုများအနေဖြင့် မိမိမျိုးနွယ်စုများအမည်။ အမျိုးသားအမည်များအား အစိုးရမှ ကုတ်နံပါတ်များ သတ်မှတ်ပုံများကို ယနေ့အချိန်တွင် အချင်းချင်း ဆွေးနွေးတိုင်ပင်ကြလျက်ရှိသလို ကန့်ကွက်သူတိုင်းရင်းသားများလည်း ရှိနေပါတယ်။
ထို့အတူ တိုင်းရင်းသားမဟုတ်သော ပြည်တွင်းနေ လူမျိုးခြားများမှလည်း မိမိတို့ သတ်မှတ်ထားသော ကုတ်နံပါတ်များအလိုက် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ညှိနှိုင်းနေကြသလို အချို့ကလည်း တိုင်းရင်းသားအဖြစ် သတ်မှတ်နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆွေးနွေးညှိနှိုင်းပွဲတွေလုပ်ပြီး ကြိုးစားနေကြပါတယ်။
အဲဒီမှာ သန်းခေါင်စာရင်းထဲ ထည့်ကောက်ရမည့်သူတွေကို ရှင်းပြပါမယ်။
Sunday, February 2, 2014
အနုမြူ၊ ဓါတုနဲ့ ဒုံးကျည်
အနုမြူ၊ ဓါတုနဲ့ ဒုံးကျည်
Chemical weapon news ဓါတုလက်နက်စက်ရုံသတင်းနဲ့  တာလတ်ပစ် ဒုံးလက်နက် ထုတ်လုပ်မှုနောက်မှာ မှတ်ချက်ပေးလာသူတွေ မနည်းပါ။ သတင်းအောက်မှာ အကိုးအကားကို အင်္ဂလိပ်လိုတင်ထားပါသေးတယ်။ စုံစေ့အောင်လေ့လာပြီးမှ မှတ်ချက်ပေးကြတာ ပိုသင့်ပါတယ်။ 
အချုပ်ပြောရရင် ဒီလက်နက်သတင်းတွေနဲ့ဆက်လို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေး၊ ရုရှားနဲ့ဆက်ဆံရေးမှာ စစ်အစိုးရဟာ ဖုံးဖိကာကွယ်နေရပါတယ်။ နိုင်ငံတကာကို အဲဒါတွေ လုံးဝ မလုပ်ပါဘူးလို့ ပြောရတယ်။ လာစစ်ပါဆိုတာလဲ လုပ်ခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်တချို့ကိုလဲ လက်မှတ်ရေးထိုးထားပါသေးတယ်။ မထိုးသေးတာလဲရှိတယ်။ ဥပမာ Hague Code of Conduct against Ballistic Missile Proliferation (HCOC) တိုက်ခြင်းပြစ်ဒုံးကျည်စာချုပ်။ 
• Surface-to-air missiles (SAMs) တရုပ်နဲ့ ရုရှားလုပ် မြေပြင်မှဝေဟင်ပြစ် ဒုံးကျည်နည်းနည်းတော့ ပိုင်ထားပါတယ်။ Hong Ying-5, 9K38 Igla နဲ့ 9K310 Igla-1 လူသယ်ယူပစ်ခတ်နိုင်တာမျိုးတွေ ပါတယ်။ British Bloodhound Mk2, 2K12 Kub (2K12 Куб), S-125 Pechora-2M (Печора-2M) နဲ့ Hongqi-2 SAMs တွေလဲရှိပါတယ်။ 
• မြန်မာနဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးကို ၂ဝဝ၇ မှာ ပြန်လုပ်ခဲ့တယ်။ ၂ဝဝ၈ နိုဝင်္ဘာလထဲမှာ သူရရွှေမန်း မြောက်ကိုရီးယားကို သွားခဲ့တယ်။ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းနဲ့ ဒုံးကျည်နဲ့ဆိုင်တဲ့ နေရာတွေကို လည်ခဲ့တယ်။ Igla SAMs နဲ့ Scud missiles ဒုံးကျည်လုပ်စက်ရုံတွေလဲပါတယ်။ မြန်မာ့ Scud missile ဒုံးကျည်စက်ရုံအမှတ် ၁၂၅ ဟာ မြောက်ကိုရီးယားကနေလာတာ ဖြစ်တယ်။
• ၂ဝဝ၉ တုံးက မြောက်ကိုရီးယားသင်္ဘော Kang Nam I ဟာ မြန်မာနိုင်ငံကိုဦးတည်ထုတ်မောင်းနေတာကို အမေရိကန်က သိသွားလို့ နောက်ပြန်လှည့်သွားခဲ့ရတယ်။ ၂ဝ၁၁ မှာ M/V Light သင်္ဘောလဲ အလားတူ ပြန်လှည့်သွားခဲ့ရတယ်။ 
• ၂ဝ၁၂ သြဂုတ်လထဲမှာ ဂျပန်ကနေ သတ္တုပိုက် ၅ဝ နဲ့ အလူမီနီယမ် သတ္တုရောပိုက် ၁၅ ခုကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါတွေက နူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်ရာမှာ သုံးတာတွေဖြစ်တယ်။ သင်္ဘောဟာ ရန်ကုန်အခြေစိုက် တည်ဆောက်ရေးကုမ္ပဏီကိုသွားဘို့ဖြစ်တယ်။ ပစ္စည်းတွေမှာ DPRK လို့ပါရှိပြီး မြောက်ကိုရီးယားနယ်စပ်နားက တရုပ်နိုင်ငံ Dalian ဆိပ်ကမ်းကနေ လာတာဖြစ်တယ်။ 
• ဂျပန် Toko Boeki ကုမ္ပဏီထုတ် နှစ်မျိုးသုံးဆလင်ဒါတွေ မြန်မာနိုင်ငံက ရရှိတယ်လို့ ၂ဝဝ၈ သတင်းထဲမှာ ပါခဲ့သေးတယ်။ ဂျပန်အစိုးရကနေ ကုမ္ပဏီပူးတွဲတည်ထောင်သူ Li Gyeong Ho ကို တရားစွဲလိုက်တယ်။ သူဟာ ၂ဝဝ၈ စက်တင်္ဘာလနဲ့ ၂ဝဝ၉ ဇန္နဝါရီလထဲမှာ မြန်မာနိုင်ငံကို ပစ္စည်းတွေ ပို့ခဲ့လို့ဖြစ်တယ်။ သူ့ကုမ္ပဏီဟာ မြောက်ကိုရီးယားက New East International အတွက်ထုတ်လုပ်ပေးတာ ပေါ်သွားတယ်။
• ၂ဝဝ၃ ဇူလိုင်လထဲမှာ အမေရိကန်ကနေ ဗိုလ်ချုပ်သိန်းဌေးကို မြောက်ကိုရီးယားကိစ္စနဲ့ဆက်စပ်ပြီး ဒဏ်ခတ်အရေးယူမှု လုပ်လိုက်တယ်။ သူဟာ Directorate of Defense Industries (DDI) အကြီးအကဲဖြစ်ပြီး စစ်လက်နက်ဝယ်ယူမိန့်အမှတ် Executive Order (E.O.) 13619 ကို လက်မှတ်ထိုးခဲ့သူဖြစ်တယ်။ 
• မြန်မာနိုင်ငံဟာ Treaty on the Nonproliferation of Nuclear Weapons (NPT) မှာပါဝင်ထားပေမဲ့ Biological ဇီဝလက်နက်နဲ့ Toxin Weapons Convention (BTWC) အဆိပ်သင့်လက်နက်အပြင် Chemical Weapons Convention (CWC) တွေကို လက်ခံဘို့လုပ်မထားသေးဘူး။
• မြန်မာနိုင်ငံဟာ အခုထိတော့ chemical weapons (CW) program ဓါတုလက်နက်တွေ ပိုင်ထားတယ်လို့ အတည်မပြုနိုင်သေးပါ။ သံသယတွေနဲ့ သတင်းတွေတော့ အများအပြားရှိနေတယ်။ 
• ၁၉၉၃ မှာ Chemical Weapons Convention (CWC) ကို လက်မှတ်ထိုးထားပေမဲ့ 1925 Geneva Protocol ကိုလက်မှတ်မထိုးသေးပါ။
• ၂ဝ၁၃ ဒီဇင်္ဘာလထဲမှာတော့ လွှတ်တော်ကအတည်ပြုချက်ရရင် (CWC) ကို လိုက်နာ ကျင့်သုံးပါမယ်လို့ ပြောလာတာရှိတယ်။ 
ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၄
Chemical weapon news ဓါတုလက်နက်စက်ရုံသတင်းနဲ့ တာလတ်ပစ် ဒုံးလက်နက် ထုတ်လုပ်မှုနောက်မှာ မှတ်ချက်ပေးလာသူတွေ မနည်းပါ။ သတင်းအောက်မှာ အကိုးအကားကို အင်္ဂလိပ်လိုတင်ထားပါသေးတယ်။ စုံစေ့အောင်လေ့လာပြီးမှ မှတ်ချက်ပေးကြတာ ပိုသင့်ပါတယ်။
အချုပ်ပြောရရင် ဒီလက်နက်သတင်းတွေနဲ့ဆက်လို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေး၊ ရုရှားနဲ့
ဆက်ဆံရေးမှာ စစ်အစိုးရဟာ ဖုံးဖိကာကွယ်နေရပါတယ်။ နိုင်ငံတကာကို အဲဒါတွေ လုံးဝ မလုပ်ပါဘူးလို့ ပြောရတယ်။ လာစစ်ပါဆိုတာလဲ လုပ်ခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်တချို့ကိုလဲ လက်မှတ်ရေးထိုးထားပါသေးတယ်။ မထိုးသေးတာလဲရှိတယ်။ ဥပမာ Hague Code of Conduct 
against Ballistic Missile Proliferation (HCOC) တိုက်ခြင်းပြစ်ဒုံးကျည်စာချုပ်။
• Surface-to-air missiles (SAMs) တရုပ်နဲ့ ရုရှားလုပ် မြေပြင်မှဝေဟင်ပြစ် ဒုံးကျည်နည်းနည်းတော့ ပိုင်ထားပါတယ်။ Hong Ying-5, 9K38 Igla နဲ့ 9K310 Igla-1 လူသယ်ယူပစ်ခတ်နိုင်တာမျိုးတွေ 
ပါတယ်။ British Bloodhound Mk2, 2K12 Kub (2K12 Куб), S-125 Pechora-2M (Печора-2M) 
နဲ့ Hongqi-2 SAMs တွေလဲရှိပါတယ်။ 
• မြန်မာနဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးကို ၂ဝဝ၇ မှာ ပြန်လုပ်ခဲ့တယ်။ ၂ဝဝ၈ နိုဝင်္ဘာလထဲမှာ သူရရွှေမန်း မြောက်ကိုရီးယားကို သွားခဲ့တယ်။ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းနဲ့ ဒုံးကျည်နဲ့
ဆိုင်တဲ့ နေရာတွေကို လည်ခဲ့တယ်။ Igla SAMs နဲ့ Scud missiles ဒုံးကျည်လုပ်စက်ရုံတွေလဲ
ပါတယ်။ မြန်မာ့ Scud missile ဒုံးကျည်စက်ရုံအမှတ် ၁၂၅ ဟာ မြောက်ကိုရီးယားကနေလာတာ ဖြစ်တယ်။
• ၂ဝဝ၉ တုံးက မြောက်ကိုရီးယားသင်္ဘော Kang Nam I ဟာ မြန်မာနိုင်ငံကိုဦးတည်ခုတ်မောင်းနေ
တာကို အမေရိကန်က သိသွားလို့ နောက်ပြန်လှည့်သွားခဲ့ရတယ်။ ၂ဝ၁၁ မှာ M/V Light သင်္ဘောလဲ အလားတူ ပြန်လှည့်သွားခဲ့ရတယ်။
• ၂ဝ၁၂ သြဂုတ်လထဲမှာ ဂျပန်ကနေ သတ္တုပိုက် ၅ဝ နဲ့ အလူမီနီယမ် သတ္တုရောပိုက် ၁၅ ခုကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါတွေက နူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်ရာမှာ သုံးတာတွေဖြစ်တယ်။
သင်္ဘောဟာ ရန်ကုန်အခြေစိုက် တည်ဆောက်ရေးကုမ္ပဏီကိုသွားဘို့ဖြစ်တယ်။ ပစ္စည်းတွေမှာ DPRK လို့
ပါရှိပြီး မြောက်ကိုရီးယားနယ်စပ်နားက တရုပ်နိုင်ငံ Dalian ဆိပ်ကမ်းကနေ လာတာဖြစ်တယ်။
Wednesday, January 29, 2014
မြန်မာ ဗီဒီယို ဇာတ်လမ်း အသစ်
ⒶⓊⓃⒼ's photo.
တောကြိုအုံကြားမှ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရသဖြင့် ပေတိပေစုတ် ထွက်လာသော "သီဟတင်စိုး"တစ်ယောက် တော်လှန်ရေး အတွက် အသုံးပြုရန် မြို့ပေါ်တက်၍ ဂျင်ကလိ လာဝယ်လေရာ မြို့ပေါ်တွင် မျက်စိ သူငယ်နားသူငယ် ဖြစ်နေရှာလေ၏။ ထိုစဉ် ပေတိပေကြောင်နှင့် ကားလမ်းဖြတ်ကူးရာ ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားလေ၏။
ကားမှာ ကျွီ ခနဲ ရပ်သွားပြီး ကားပေါ်မှ ငယ်ငယ်ရွယ်ရွယ်နှင့် မြန်မာနိုင်ငံ၏ Top ten စာရင်းဝင် ကုမ္ပဏီ ကြီးတစ်ခုတွင် အမြဲတမ်း MD ဖြစ်နေသော "ဟိန်းဝေယံ" ဆင်းချလာလေသည်။ ဆင်းဆင်းလာချင်း နေကာမျက်မှန်ကို ချွတ်ကာ အလိုမကျသလို ပုံစံဖြင့် ကားပတ်လည်ကို သေသေချာချာ ကြည့်၏။ ကားနောက်ခန်းမှ သူ၏ အမြဲတမ်း သူငယ်ချင်းများ ဖြစ်ကြကုန်သော" ဇော်ဇော်အောင်နှင့်" ဇင်မျိုး" တို့မှာ ပြာပြာသလဲ ဖြစ်ကာ ဆင်းလာကြပြန်လေလျှင် တောသားကြီး" သီဟတင်စိုး" မှာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။" ဟိန်းဝေယံ" မှ တောက်တစ်ချက်ခေါက်ကာ နေကာမျက်မှန် ပြန်တပ်ပြီး ကားပေါ် ပြန်တက်သွားသည်။
Tuesday, January 28, 2014
တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့လာ ချက် အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက်စထရော အမျိုးအစားကို
 မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။
ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။
အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။
သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့
အဆီဆိုတာ ရှိပါတယ်။
ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။
myawady health
Monday, January 20, 2014
ပတ္တနိကုဇ္ဖနကံနှင့် မြန်မာ့နိုင်ငံရေး
 by ရဟန်းတော်တပါး
( Ashin Pan ၏ မှတ်ချက်။  ။ သီရိလင်္ကာမှာ နေတဲ့ မြန်မာ ရဟန်းတော်တပါး ရေးထားတဲ့
စာကို သဘောကျလို့  တင်ပေးလိုက်ပါတယ်။ မေးစရာ၊ ထောက်စရာတွေရှိရင် comment
ရေးထားကြပါ၊ အဲဒီဆရာတော်ကို မေးပြီး status update အနေနဲ့ ပြန်တင်ပေးပါ့မယ်) 
(၁၉၈၈)မှ (၂၀၁၀)အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရသည်  (၁၉၉၀)မှာ
တကြိမ်၊ (၂၀၀၇)မှာ တကြိမ် ဘုရားသားဟု ခေါ်ကြသော သံဃာထုနှင့်  ထိပ်တိုက်တွေ့ပြီး သံဃာတော်များက ပတ္တနိကုဇ္ဇနကံဟု ခေါ်သော သံဃာ့ကံတမျိုးဖြင့်  နှိပ်ကွပ်ခြင်းကို
ခံခဲ့ရသည်ကို အများ သိပြီးဖြစ်သည်။  ထိုသို့ကံဆောင်ရာမှာ သံဃာအားလုံး ပါဝင်မှု
မရှိခဲ့ခြင်းကိုမူ ပြည်သူအားလုံး  သတိထားမိချင်မှ ထားမိကြမည်။ ကံဆောင်ရာမှာ ပါဝင်သော သံဃာတို့၏ အသံကို  မီဒီယာမှာ ကြားခဲ့ကြရသော်လည်း မပါဝင်သော သံဃာတို့၏ အသံကို  မကြားခဲ့ရသောကြောင့် ဖြစ်သည်။ ယခုအချိန် မှာကား အဘယ်ကြောင့် ထိုသို့  သဘောထား ကွဲပြားခဲ့ရသည်ကို ဖေါ်ထုတ်ရန် အချိန်ရောက်ပြီဟု ယူဆသောကြောင့်  ဤစာကို
ရေးလိုက်ရပါသည်။
ပတ္တနိကုဇ္ဇနကံ ဟူသည်
-----------------------------
(က) သပိတ်မှောက်ကံဟု မြန်မာပြန်ကြသည့်အတိုင်း သပိတ်မှောက်ခံရသည့် ဒကာ၊
        ဒကာမများ လှူဒါန်းသည့် လှူဖွယ်ဝတ္ထုများကို သပိတ်မှောက် သံဃာတော်များက
        အလှူမခံဘဲ ငြင်းဆိုခြင်းသည် ပတ္တနိကုဇ္ဖနကံ၏ သဘောဖြစ်သည်။  ဤသဘောသွားကို
        ကြည့်လိုက်သည်နှင့် သာသနာကို ကြည်ညိုပြီးသား ဒကာ၊  ဒကာမများကို ဆုံးမသည့်
        နည်းတမျိုးသာ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော၊  ဗုဒ္ဓဘာသာ၏ ရန်သူဖြစ်သော
        သူများကို တိုက်ခိုက်သော လက်နက် မဟုတ်ကြောင်း  ထင်ရှားသည်။
(ခ) သံဃာတော်များသည် အောက်ပါ အပြစ် (၈)ပါးအနက် အနည်းဆုံး တပါးပါးကို
      ကျူးလွန်သော ဗုဒ္ဓဘာသာဝင် ဒကာဒကာမတဦးကို သပိတ်မှောက်ခြင်းဖြင့် ဆုံးမနိုင်သည်။ 
      ၁။ သံဃာများ ရသင့်သည့် လှူဖွယ်ဝတ္ထုများ မရအောင် တားမြစ်ဟန့်တားလျှင်
      ၂။ သံဃာများ နစ်နာထိခိုက်အောင် ပြုလုပ်လျှင်
      ၃။ သံဃာများ နေထိုင်စရာမရှိ၊ ခိုကိုးရာမဲ့အောင် ပြုလုပ်လျှင်
      ၄။ သံဃာများကို ဆဲရေးပုတ်ခတ်လျှင်  
      ၅။ သံဃာအချင်းချင်း သွေးခွဲလျှင် 
      ၆။ ဘုရားရတနာကို ကဲ့ရဲ့လျှင် 
      ၇။ တရားရတနာကို ကဲ့ရဲ့လျှင်
      ၈။ သံဃာရတနာကို ကဲ့ရဲ့လျှင်
သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ (၃၂) ယောက်
၁။ ဟတ္ထ စ္ဆိန္န – လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်
                    တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ ပြတ်နေသူ၊
၂။ ပါဒ စ္ဆိန္န – ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ ပြတ်နေသူ၊
၃။ ဟတ္ထပါဒ စ္ဆိန္န – လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊
၎။ ကဏ္ဏ စ္ဆိန္န – နားရွက်ပြတ်နေသူ၊
၅။ နာသ စ္ဆိန္န – နှာခေါင်း ပြတ်နေသူ၊
၆။ ကဏ္ဏနာသ စ္ဆိန္န – နားရွက်နှာခေါင်း ပြတ်နေသူ၊
၇။ အဂုင်္လ စ္ဆိန္န – လက်ချောင်း၊ ခြေချောင်းများ ပြတ်နေသူ၊
၈။ အဠ စ္ဆိန္န – ခြေမ လက်မများပြတ်နေသူ၊
၉။ ကဏ္ဍရ စ္ဆိန္န – အကြောမများ ပြတ်တောက်နေသောကြောင့် ခြေဖျားထောက်ကာသွားသူ၊
                      ဖနောင့်ဖြင့်သွားသူ၊ လုံးဝမသွားနိုင်သူ၊
၁၀။ ဖဏ ဟတ္ထက – ခြေချောင်းလက်ချောင်းလေးများ ပူးကပ်နေသူ၊
၁၁။ ခုဇ္ဇ – ခါးကုန်းနေသူ (ဤနေရာတွင် အဋ္ဌကထာဖွင့်၌ကား အလွန်ရုပ်ဆိုးအောင်
              ကုန်းသူကိုသာ ယူရမည်၊ လုံးဝ ခါးမကုန်းသူ ဟူသည်ကား မြတ်ဘုရားမှ လွဲ၍
              ကျန်သူအားလုံးအနည်းငယ် ကုန်းကြသည်သာ )
၁၂။ ၀ါမန – ပုပုကွကွ ဖြစ်နေသူ၊
၁၃။ ဂလဂဏ္ဍီ – လည်ပင်းကြီးနာ ရောဂါရှိသူ၊
၁၄။ လက္ခဏာ ဟတ – ရာဇ၀တ်မှု ကျူးလွန်ဖူးသောကြောင့် နဖူး၊ လက်မောင်း၊ ခြေထောက်
                              စသော တနေရာရာတွင် သံပြားကို မီးကင်ကာ သေရာပါ အမှတ်တံဆိပ်
                              ခပ်နှိပ်ခံရသူ၊
၁၅။ ကသာဟတ – ရာဇ၀တ်မှုကြောင့် ကြိမ်ဒဏ်ပေးခံရဖူးသူ၊
၁၆။ လိခိတက – အပြစ်ရှိသောကြောင့် တွေ့ရာအရပ်၌ သတ်စေ ဟု ဖမ်းဝရမ်းထုတ်ခံထားရသူ၊
၁၇။ သီပဒိ – ခြေထောက်ဆိုင်းနေသူ၊ ထော့နဲ့ ထော့နဲ့ ဖြစ်နေသူ၊ ဒရွတ်ဆွဲနေသူ၊
၁၈။ ပါပရောဂီ – အနာဆိုးရောဂါများပေါက်ရောက်နေသူ ဟူသည်ကား
                     အမြဲတမ်း ဝေဒနာခံစားနေရသည်ဖြစ်၍ ဆေးကုမရ၊ စက်ဆုပ်ဖွယ်၊
                    အော့နှလုံးနာဖွယ် စသော ရောဂါများခံစားနေရသူ ကို ဆိုလိုသည်။
၁၉။ ပရိသဒူသက – ရုပ်အဆင်း အသွင်သဏ္ဍာန် ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးတတ်သူ၊
၂၀။ ကာဏ – မျက်စိ တစ်ဖက်ကန်းနေသူ၊
၂၁။ ကုဏီ – လက်၊ ခြေများကောက် ကွေးနေသူ၊
၂၂။ ခဉ္ဇ – ခြေထောက် ခွင်နေသူ၊
၂၃။ ပက္ခဟတ – ခန္ဓာကိုယ် တစ်ခြမ်းသေနေသူ၊ လက်တဖက် ခြေတစ်ဖက် လှုပ်ရှားမရသူများ၊
၂၄။ ဆိန္နိရိယာပထ – ဟိုနားဒီနား မသွားနိုင်သဖြင့် ဣရိယာပုတ်ပျက်စီးနေသူ၊ ဦးနှောက်ကျပ်မပြည့်သူ၊
၂၅။ ဇရာဒုဗ္ဗလ – အသက်ကြီးသဖြင့် ဇရာကြောင့် အားအင်ချိနဲ့နေသူ၊
၂၆။ အန္ဓ – မျက်စိ နှစ်ဖက်လုံး ကန်းနေသူ၊
၂၇။ မူဂ – စကား ဆွံ့အ၊ ထစ်အ နေသူ၊
၂၈။ ဗဓိရ – နားထိုင်းသူ၊ ပင်းနေသူ၊
၂၉။ အန္ဓ မူဂ – မျက်စိလည်းကန်း၊ စကားထစ်အ ဆွံ့အနေသူ၊
၃၀။ အန္ဓဗဓိရ – မျက်စိလည်းကန်း၊ နားလည်းထိုင်းသူ ပင်းသူ၊
၃၁။ မူဂ ဗဓိရ – စကား လည်းဆွံ့အ၊ နားလည်းထိုင်းနေသူ၊
၃၂။ အန္ဓ မူဂ ဗဓိရ – မျက်စိကန်း၊ စကားဆွံ့၊ နားထိုင်း ၃ မျိုးလုံးချို့တဲ့နေသူ၊
အထက်ပါ ခန္ဓကိုယ်အင်္ဂါများတွင် တစ်ခုခု ချို့ယွင်းနေသူများကို သာသနာ့ဘောင်သို့
ဝင်ခွင့်မပြုရ ဟု မြတ်ဘုရား ဟောတော်မူ ပညတ်တော်မူထားခဲ့သည်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာပါကလည်း ရှင်သာမဏေ ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိပါသည်။ သို့သော်လည်း အထက်ပါ ပုဂ္ဂိုလ်များကို သာမဏေ၀တ်ပေးသူ၊ ရဟန်းဝတ်ပေးသူ ဆရာ ဘုန်းကြီး ဥပေဇ္ဈာယ်များမှာ ဒုက္ကဋ်အာပတ် သင့်လေတော့၏။
ကျမ်းညွှန်း။ ။ န ပဗ္ဗာဇေတဗ္ဗ ဒွတ္တိံသ၀ါရ
မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိတော် နှင့် အဋ္ဌကထာ၊ ၀ိနယပိဋက
(အရှင်သုနန္ဒာလင်္ကာရ)
Credit to = Young Buddhist Association
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအကြောင်း သူတို့ရဲ့ တစိတ်တဒေသ အကျင့်စရိုက်၊ 
အသွင်ပြင် လက္ခဏာ၊ လှုပ်ရှားမှု ဓလေ့စရိုက်၊ အခြေအနေတွေကို စစ်ဖက်လေ့လာသူများ 
သိရှိနိုင်စေဖို့ စည်းလုံးခြင်းရဲ့အင်အားက နှိုင်းယှဉ် တင်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ 
လွတ်လပ်ရေး ကြိုးပမ်းမှု စတင်ခဲ့တဲ့ အချိန်မှ စပြီး ယနေ့အထိ တပ်မတော် အကြီးအကဲများ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးချုပ် အယ်လ်သောမတ်စ်၊ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အသီးသီး ပေါ်ထွက်ခဲ့ပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ်ကာလက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လို့ မခေါ်တွင်ဘဲ စစ်သေနာပတိလို့ ခေါ်တွင်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၅ ခုနှစ်ကာလ) မှ 
စတင်ပြီး တပ်မတော်ကို ပြန်လည် ဖွဲ့စည်းခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံ လွတ်လပ်ရေး 
ရယူနိုင်ရန် ဦးစားပေးပြီး နိုင်ငံရေး လောကထဲသို့ ခြေစုန်ပစ် ဝင်ကာ သူ့ရဲ့ စစ်သေနာပတိ
ရာထူးအား ဗိုလ်ချုပ် အယ်လ်သောမတ်စ်ကို ဗြိတိသျှတို့နှင့် ညှိနှိုင်းပြီး ၁၉၄၇ ခုနှစ် မေလ ၁ 
ရက်နေ့မှာ တာဝန် လွှဲပေးခဲ့ပါတယ်။
ထိုစဉ်က အင်အား စုစည်း တည်ဆောက်မှုနှင့် ဖွဲ့စည်းလေ့ကျင့်ရေးကာလ မပြီးပြတ်သေးသဖြင့် တပ်မတော် စစ်သေနာပတိလို့ မခေါ်ဘဲ တပ်မတော် စစ်ဆင်ရေး အရာရှိချုပ်ဟု ခေါ်တွင်စေကာ ဒုတပ်မတော် စစ်ဆေးရေး အရာရှိချုပ်အဖြစ် ဗိုလ်ချုပ် စမစ်ဒွန်းကို ဆက်လက် တာဝန်ပေးခဲ့ပါ
တယ်။
၁၉၄၇-၄၈ ခုနှစ် ကာလတွင် လွတ်လပ်ရေးရပြီးကာစ တပ်မတော်အား ကွပ်ကဲရန် စစ်ဦးစီးချုပ်
အဖြစ် ဗိုလ်ချုပ် စမစ်ဒွန်းကို ပြောင်းလဲ တာဝန်ပေးခဲ့ပြီး ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စောကြာဒိုးကို ဆက်လက် တာဝန်ပေးခဲ့ပါတယ်။ တဖန် ဗိုလ်ချုပ်နေဝင်းကို ၁၉၄၈ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှ စတင်ပြီး ဒုစစ်ဦးစီးချုပ်အဖြစ် ဆက်လက် ခန့်အပ်ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးတာနဲ့ တပြိုင်နက် 
KNDO များက တော်လှန်ပုန်ကန်ကြသလို တပ်မတော် လက်အောက်ခံ ကရင် လက်နက်ကိုင် တပ်ရင်းများကလည်း ပူးပေါင်း တောခိုကြသဖြင့် မထိန်းသိမ်းနိုင် ဖြစ်ရလို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်းအား အနားပေးပြီး ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒုဗိုလ်ချုပ်ကြီးအဆင့်နှင့် 
စစ်ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်နေဝင်းအား တိုးမြှင့်ခန့်အပ် တာဝန် ပေးခဲ့ပါတယ်။
၁၉၅၅ အောက်တိုဘာ ၁ ရက်နေ့တွင် စစ်ဦးစီးချုပ်အား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လည်းကောင်း၊
ရေတပ် ဦးစီးချုပ်အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် လည်းကောင်း၊ လေတပ် ဦးစီးချုပ်
အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (လေ) အဖြစ် လည်းကောင်း အခေါ်အဝေါ် ပြောင်းလဲ
 ခေါ်ဝေါ်စေပြီး ရေတပ်နှင့် လေတပ်တို့ရဲ့ ကွပ်ကဲမှု အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်
တစ်ဦးတည်း လက်အောက်သို့ သွတ်သွင်းခဲ့ပါတယ်။ စစ်ဦးစီး ဌာနချုပ်ကိုလည်း ကာကွယ်ရေး 
ဦးစီးချုပ်ရုံး (ကြည်း)၊ ကက (ကြည်း) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်စေပါတယ်။ ကက (ကြည်း) လက်အောက်ခံ ဌာနခွဲများအနေနဲ့ စစ်ဆင်ရေး၊ တာဝန်နဲ့ လေ့ကျင့်ရေး၊ စီမံရေး၊ သုတေသနဆိုပြီး ခွဲခြားထားပါတယ်။ တပ်မတော်ရဲ့ အသက်သွေးကြော ဖြစ်တဲ့ တပ်မတော်အက် ဥပဒေ (၁၉၅၉) ခုနှစ်ကို ပြည်သူ့လွှတ်တော်၊ လူမျိုးစု လွှတ်တော်တို့က သဘောတူ လက်ခံပြီးနောက် ၁၉၅၉ 
စက်တင်ဘာ ၂၅ ရက်နေ့တွင် နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ထိုးပေးခဲ့ပါတယ်။
၁၉၇၂ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး စန်းယု ဖြစ်လာပြီး ၁၉၇၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပါတယ်။ ၁၉၇၆ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် ဖြစ်လာပါတယ်။ ၁၉၈၉ ခုနှစ်တွင် ကာကွယ်ရေး
ဦးစီးချုပ်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်လည်းကောင်း၊ ဒုကာကွယ်ရေး ဦးစီးချုပ်(ရေ) အား ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် လည်းကောင်း၊ ဒုကာကွယ်ရေး ဦးစီးချုပ် (လေ) အား ကာကွယ်ရေး ဦးစီးချုပ် (လေ) အဖြစ် လည်းကောင်း၊ ဒုကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အား ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အဖြစ် ပြောင်းလဲ 
 ခေါ်ဝေါ်စေခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆင့်အား ဗိုလ်ချုပ်မှူးကြီးအဖြစ် သုံးနှုံးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး စောမောင်ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၁၉၈၆ ခုနှစ် ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ၁၈ နှစ်ကြာ တပ်ကို ထိန်းချုပ်သွားပါတယ်။ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၂၀၁၀ ခုနှစ်မှ ယနေ့အထိ တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါတယ်။
သူတို့ (၁၀) ဦးဟာ တစ်ဦးနဲ့ တစ်ဦး သဘာဝအရ စစ်သားဖြစ်ပေမဲ့ အကျင့်စရိုက်၊ အသွင်ပြင်
လက္ခဏာ၊ ထပ်တူ ထပ်မျှ မရှိနိုင်သည်မှာ မှန်သော်လည်း တချို့ နေရာများတွင် ဆန့်ကျင်ဘက် အသွင်စရိုက်မျိုး ပေါ်ထွက်ခဲ့ကြောင်း လေ့လာ တွေ့ရှိခဲ့ရပါတယ်။
အသက်ငယ်ဆုံး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (သို့) စစ်သေနာပတိကို တင်ပြရရင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တပ်မတော် အကြီးအကဲ အငယ်ရွယ်ဆုံး
ပုဂ္ဂိုလ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် (၃၀) ဝန်းကျင်ခန့်သာ ရှိနေပြီး ထိုစဉ်က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးစီးစ အချိန်ကာလတွင် မည်သည့်နိုင်ငံမှ စစ်ဗိုလ်ချုပ်များဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့
 နှိုင်းယှဉ်ရင် ငယ်ရွယ်မှု စံချိန် ချိုးနိုင်မှာ မဟုတ်ကြောင်း တွေ့ရှိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်အား သံယောဇဉ်ကြီးမားလှစွာနဲ့ စစ်ပြီးခေတ် ဆက်လက် ရပ်တည်ခွင့် ရရှိရေးအတွက် အကြိတ်အနယ် ဗြိတိသျှတို့အား ညှိနှိုင်းခဲ့ရာ ကြိုးပမ်းဆောင်ရွက်တဲ့ အောင်မြင်မှု ရလဒ် ရရှိခဲ့တာကြောင့် တပ်မတော် ဖခင်အဖြစ် သမိုင်းမှတ်တမ်းတွင်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်ဖြစ်သလို တပ်မတော်အား စံနမူနာပြ စစ်သားကောင်း သူရဲကောင်း တစ်ဦးအဖြစ် သက်သေပြသွားပါတယ်။ ဂုဏ်ဒြပ်များကို စက်ဆုပ်ရွံရှာပြီး အာဏာ စည်းစိမ်းများကို မက်မောသူ မဟုတ်ကြောင်း အမျိုးသား ခေါင်းဆောင်ကြီး တစ်ဦးအဖြစ် မြန်မာနိုင်ငံ သမိုင်းမှာ စံချိန် တင်သွားနိုင်ခဲ့သူ ဖြစ်ပါတယ်။
တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သေနာပတိ၊ စစ်ဦးစီးချုပ်၊
ကာကွယ်ရေး ဦးစီးချုပ်များရဲ့ တာဝန်လွှဲပြောင်းသည့် အနေအထားနဲ့ နေ့ရက်
အတိအကျများမှာ အောက်ပါအတိုင်း ဖြစ်ပါတ
ယ် -
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo. 
(၁) ဗိုလ်ချုပ်အောင်ဆန်း
 (က) လွတ်လပ်ရေး မရခင် ဂျပန်ခေတ် BIA စတင်ဖွဲ့စည်းခဲ့တဲ့ ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ
      ၂၆ ရက်နေ့မှ စတင်ကာ ဗြိတိသျှတို့ ပြန်ဝင်လာပြီး ဗမာ့တပ်မတော်ကို ပြန်လည် ဖွဲ့စည်းတဲ့
      ကာလ  ၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့အထိ တောက်လျှောက် ဗိုလ်ချုပ်အောင်ဆန်းက
      စစ်သေနာပတိ ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.
 (၂) ဗိုလ်ချုပ် စမစ်ဒွန်း
(ခ) ၄င်းနောက် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ် သောလ်မတ်စ်ကို တပ်မတော် စစ်ဆေးရေး
      အရာရှိချုပ်အဖြစ် တပ်မတော် အကြီးအကဲ တာဝန် လွှဲပြောင်းပေးခဲ့ပါတယ်။ ဆက်လက်ပြီး
      လွတ်လပ်ရေး ရပြီးခါစ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်းဟာ ၄-၁-၁၉၄၈ နေ့မှ ၃၁-၁-၁၉၄၉ အထိ
      တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန် ကာလအတောအတွင်းမှာပင် ဒုစစ်ဦးစီးချုပ်အဖြစ်
      ဗိုလ်မှူးချုပ် နေဝင်းအား ၁-၈-၁၉၄၈ မှ ၁-၂-၁၉၄၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
      ကရင်အရာရှိများဟာ ဗြိတိသျှတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်တဲ့အပြင်
      ပညာတတ် ဗြိတိသျှ စစ်တက္ကသိုလ်ကျောင်းဆင်း ဘွဲ့ရများ ဖြစ်လို့ စစ်သက်အရရော ဘီစီနံပါတ်
      အရပါ ဗိုလ်ချုပ်ကြီး နေဝင်းထက် စီနီယာကျပါတယ်။ တပ်မတော်တွင် ကရင် သေနတ်ကိုင်
      တပ်ရင်းများ အများအပြား ရှိသလို ကရင်အရာရှိများလည်း ရှိနေတာကြောင့် ဗိုလ်ချုပ်အောင်ဆန်း
       ရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မှာကြားထားချက်အရ ကရင်လူမျိုး ဗိုလ်ချုပ် စမစ်ဒွန်းအား
       တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.
 (၃) ဗိုလ်ချုပ်ကြီး နေဝင်း
(ဂ) ဒုတိယဗိုလ်ချုပ်ကြီး နေဝင်းအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်းဟာ
      ၁-၂-၁၉၄၉ မှ ၂၀-၄-၁၉၇၂ အထိ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.
(၄) ဗိုလ်ချုပ်ကြီး စန်းယု
(ဃ) ဗိုလ်ချုပ်ကြီး စန်းယုအား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၂၀-၄-၁၉၇၂ မှ စတင် ခန့်အပ်ခဲ့ပြီး
       ၇-၃-၁၉၇၄ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.
(၅) ဗိုလ်ချုပ်ကြီး သူရတင်ဦး
(င) ဗိုလ်ချုပ်ကြီး တင်ဦးအား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၇-၃-၁၉၇၄ ရက်နေ့မှ စတင်ခန့်အပ် ခဲ့ပြီး
     ၆-၃-၁၉၇၆ ရက်နေ့တွင် တာဝန်မှ နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo. 
(၆) ဗိုလ်ချုပ်ကြီး သူရကျော်ထင်
 (စ) ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်အား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၆-၃-၁၉၇၆ ရက်နေ့တွင် စတင် ခန့်အပ်ခဲ့ပြီး ၃-၁၁-၁၉၈၅ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo. 
 (၇) ဗိုလ်ချုပ်မှူးကြီး စောမောင်
(ဆ) ဗိုလ်ချုပ်မှူးကြီး စောမောင်အား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၄-၁၁-၁၉၈၅ ရက်နေ့တွင်
       စတင် ခန့်အပ်ခဲ့ပြီး ၃-၁၁-၁၉၈၆ ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်မှ ဗိုလ်ချုပ်ကြီး
       အဆင့်သို့ တိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.
(၈) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(ဇ) ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့်
      တရားမဝင် အာဏာသိမ်းပိုက်ကာ ၁၉၉၂ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စတင်
      တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်အထိ အာဏာထိန်းချုပ်သွားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.
 (ဈ) စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
       (ယခု ပြည်ထဲရေး ဝန်ကြီး) တို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်
       ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) တို့အဖြစ် ခန့်အပ်တာဝန်ပေးရန်
      ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလ မေလဝန်းကျင်တွင် လျာထားခဲ့ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
      ပယ်ဖျက်ခဲ့ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်
      ရေး ဦးစီးချုပ်အဖြစ် ခုံကျော် ရွေးချယ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးနဲ့ တပ်မတော် အရေးတွေမှာ အချိန်ပေး ကြိုးစားအားထုတ်လွန်းလို့ စစ်ဝတ်စုံ (၃) စုံနဲ့သာ အခမ်းအနားတွေမှာ ဝတ်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံ
ကန္နီမြို့မှာ ဗြိတိသျှ စစ်သေနာပတိ လူဝီ မောင့်ဘက်တန်နဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခုခံပြောဆိုမှုများကို မလွန်ဆန်နိုင်မှု ကြောင့် ဗမာ့တပ်မတော်ကို အင်အား (၅၂၀၀) ဖြင့် ဖွဲ့စည်းခွင့် ပြုပေးလိုက်ရပါတယ်။ ဗြိတိသျှနဲ့ ဂျပန်တို့ရဲ့ ရာထူးဂုဏ်ဒြပ်များနဲ့ မိန်းမများနဲ့ မြူဆွယ်စည်းရုံးမှုကို ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား ငြင်းဆန်မှုကြောင့်
လေးစားမှု အသိအမှတ်ပြုမှု ပေးခဲ့ရပြီး ၁၉၄၇ ခုနှစ်တွင် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုပေးခဲ့
ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ရိုးသားမှုနဲ့ အဂတိလိုက်စားမှု ကင်းရှင်းရာမှာ စံနမူနာပြ ဖြစ်ပါတယ်။ တာပါကိန်းအိမ် ဗိုလ်ချုပ် ရှိနေတုန်း ရှမ်းပြည်နယ်က ရှမ်းအဖိုးကြီးတစ်ဦးက ဗိုလ်ချုပ်ကို လိုတာ သုံးရအောင် ကြည်ညိုလေးစားလွန်းလို့ ဘိုးဘွားပိုင် ရွှေရတနာများ လာရောက် ပေးအပ်ခဲ့ပေမဲ့
လိမ္မာ သိမ်မွေ့စွာဖြင့် အဖွဲ့ချုပ် ရံပုံငွေ ခေါင်းစဉ် ပြောင်းလဲ လွှဲအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ အလုပ်
တာဝန် များပြားလွန်းလို့ သူ့ရဲ့ PA ဗိုလ်ထွန်းလှနဲ့အတူ ခေါင်းရှုပ်နေတာကို ရှင်းတဲ့အနေနဲ့ ရုပ်ရှင်ရုံကို အများနည်းတူ တန်းစီသွားကြည့်ရာ မန်နေဂျာက သိသွားပြီး အထူးတန်းကို တောင်းပန် ချော့မော
ခေါ်ရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းကျောင်းတဲ့ ရဲဘော်ကို ဗိုလ်ချုပ်ရဲ့
PA ဗိုလ်ထွန်းလှက အရက်မူးနေလို့ ဒေါကန်ပြီး ထိုးကြိတ်မယ်လုပ်လို့ ဗိုလ်ချုပ်က တားမြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဖြူစင်တဲ့ ခွင့်လွှတ်တဲ့ နှလုံးသားပြင် တွေ့ခဲ့ရပါတယ်။
စည်းလုံးခြင်းရဲ့အင်အား
ဓါတ်ပုံများကိုgoogle နှင့်wiki မှရှာဖွေတင်ပြထားပါသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ