Monday, March 17, 2014

သေသူကို သရဏဂုံတင်ခြင်း ပြဿ နာ


    အစိမ်းသေ သေသောသူကို သရဏဂုံတင်လို့ရ -မရနှင့် သူ့ရဲ့အသုဘမှာ ငါးပါးသီလ ခံယူလို့ ရ-မရ သိချင်ပါတယ်။ အကြောင်းအကျိုး ယုတ္တိယုတ္တာ သာဓက ၀တ္ထုလေးတင်ပြပေးပါ ဘုရား။ ကျေးဇူးတင် ပါသည်ဘုရား..
     အထက်ပါ မေးခွန်းရှင်၏ စကားအရ  မည်သည့်နည်းနှင့်သေသူကိုမဆို အလောင်းကို သရဏဂုံတင်လျင် မရနိုင်ပါ၊ နောက် တဖန် သေလွန်သူ၏ အသုဘမှာ ငါးပါးသီလ ခံယူခြင်းသည်လည်း ကျစ်ရစ်သူ မိသားစုများအတွက်သာ ဖြစ်နိုင်ပါသည်၊ သေပြီးသူအတွက် ထူးခြားမလာပါ၊ သို့ပါသော်လည်း ထိုသို့သရဏဂုံတင်ခြင်းသည် ကျန်ရစ်သူမိသားစု၏ မေတ္တာ၊ ကရုဏာ စေတနာတို့ကို ဖော်ပြရာေ ရာက်သဖြင့် အကျိုးယုတ်ခြင်း မရှိသောကြောင့် ပြုလုပ်သင့်သော ကုသိုလ်ဓလေ့တခုဟု ဆိုသင့်ပါသည်။  လိုရင်းတိုရှင်းဖြေလျင် ဒါလောက်ဆို လုံလောက်ပါတယ်၊ ဒါပေမယ့် အကြောင်းရင်းကို အကျိုး အကြောင်း ပြည့်စုံစွာ ရှင်းပြမှ အဆင်ပြေမှာ ဖြစ်တာကြောင့် သိသင့်တာလေးတွေကို ရှင်းပြပါရစေ..
 
သရဏဂုံ အဓိပ္ပါယ်
     ဘယံ သန္တာသံ ဒုက္ခံ ဒုဂ္ဂတိပရိကိလေသံ သရတိ ဟိံသတိ ၀ိနာသေတီ တိ သရဏံ၊
( ကြောက်ခြင်း ထိတ်လန့်ခြင်းသဘောရှိသော ဆင်းရဲများနှင့် အပါယ်သို့ ကျရောက်စေတတ်သော ကိလေသာတို့ကို ညှင်းဆဲတတ်၊ ဖျက်ဆီးသတ်တတ်သောကြောင့် သရဏ ( ကိုးကွယ်ဆည်းကပ်ရာ ) လို့ ခေါ်ဆိုရကြောင်း ) ဂမန-သဒ္ဒါက  မှီဝဲဆည်းကပ်ခြင်း ကပ်ရောက်ခြင်းဆိုတော့ (သရဏ- ဂမန) နှစ်ပုဒ်ကို ပါဠိပျက်အနေဖြင့် သရဏဂုံ လို့ ခေါ်ဆိုကြောင်း  မူလပဏ္ဏာသ အဋ္ဌကထာ ပ-၁၃၆ မှာ ဆိုထားပါတယ်၊ 
 
    ဗုဒ္ဓဘာသာဝင်တယောက်အတွက် ဘ၀မှာ သရဏဂုံဟာ အရေးပါလှပါတယ်၊ ဘုရားဟောဒေ သနာများမှာ သရဏဂုံကို အသက်ထက်ဆုံး တည်မြဲစွာ စောင့်ထိန်းခဲ့လျှင် ကောင်းရာ သုဂတိကို ရောက် နိုင်သလို တမဂ်တဖိုလ်အထိ မျှော်လင့်နိုင် ကြောင်း စသည်ဖြင့် ၀တ္ထုသာဓကတွေ ဟောထားခဲ့တယ်၊ ထိုသရဏဂုံဟာ အသက်ထင်ရှားရှိစဉ်မှာ ဆောက်တည်ထား ပြီးသော်လည်း သေသွားရင်တော့ အလို အလျောက် ပျက်ဆီးသွားပါတယ်၊ လူ့ခန္ဓာကိုယ်မှ သိစိတ်ဝိဥာဉ် မရှိတော့တဲ့ အတွက်ကြောင့် စောင့်ထိန်း မယ် ဆိုတဲ့ စိတ်လဲ မတည်မြဲတော့ပါဘူး ၊ 
 
   အသက်ရှင်စဉ်မှာ တခြားသော အယူဝါဒ ဘာသာကို ပြောင်းလဲကိုးကွယ်ရင်လဲ သရဏဂုံပျက် တတ်ပါ တယ်၊ ထို့ကြောင့် အစိမ်းသေဖြစ်စေ၊ လူကြီးရောဂါဖြင့် မီးစာကုန် ဆီခန်း သေသည်ဖြစ်စေ သေသူကို သရဏဂုံတင်လို့ မရနိုင်ကြောင်းကို ရှေးဦးစွာ  မှတ်သားရပါမယ်။ 
 
     သေသူ၏ အသုဘ၌ ငါးပါးသီလ ခံယူခြင်း ဆိုသည်မှာလဲ ကျန်ရစ်သူတို့က မိမိ၏ ဆွေမျိုးသားချင်းများ ကုသိုလ်ရစေရန် သို့တည်းမဟုတ် သေသူ့အပေါ်တွင် ဘယ်လောက်ချစ်ကြောင်း၊ သံယောဇဉ်ထားကြောင်း၊ စသည်ဖြင့်  မေတ္တာစေတနာ ကရုဏာတို့ကို ဖော်ပြလိုသောကြောင့် ကုသိုလ်လုပ်ကြခြင်း ဖြစ်ရ ကား သေ သူအတွက်တော့ သာဓုခေါ်နိုင်သော ဘ၀ရောက်နေလျင် အကျိုးထူးပါမည်၊ သာဓုမခေါ်ဆိုနိုင်သော ဘ၀သို့ ရောက်နေလျင် အကျိုးမထူးပါ၊ ကျန်ရစ်သူ များမှာတော့ ကုသိုလ်ကောင်းမှုတခု ပြုလုပ်ခွင့် ရသွားပါသည်။ 
 
ဘုရားခေတ်က သာဓက
     ဘုရားရှင်လက်ထက်က ဇာဏုေဿာ   ဏိ ဆိုတဲ့ ပုဏ္ဏားကြီးတယောက်ရှိတယ်၊ ဒေသနာများမှာတော့ အဲဒီပုဏ္ဏားကြီးဟာ ကတ်သီးကတ်သတ် မေးခွန်းများ မေးလေ့ရှိသူလို့ နာမည်ကြီးသပေါ့၊ တနေ့မှာ အဲဒီ ပုဏ္ဏားကြီးက သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့် ရှိ မရှိ ဆိုတဲ့မေးခွန်းကို မေးတယ်၊ အဲဒီအကြောင်းကို ဘုရားရှင်နဲ့ ပုဏ္ဏားကြီးတို့ အပြန်အလှန်မေး-   ဖြေစကား များကို ကြားရရင် နားလည်နိုင်မည် ထင်ပါသည်။ 
 
အရှင်ဂေါတမ သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့်ရှိပါသ လား။
ပုဏ္ဏားကြီး သာဓုခေါ်နိုင်တဲ့ဘ၀ကိုရောက်ရင် အကျိုးခံစားနိုင်ပါတယ်.။
 
ဘယ်လို ဘ၀မျိုးက သာဓုခေါ်နိုင်ပြီး ဘယ်လို ဘ၀မျိုးက သာဓုမခေါ်နိုင်ပါသလဲဘုရား။
     သေခါနီးမှာ စွဲလန်းစိတ်နဲ့သေပြီး မကျွတ်မလွတ်တဲ့ တစ္ဆေ သရဲ ပြိတ္တာ စတဲ့ ဘုံဘ၀ကိုရောက်နေရင်၊ ကိုယ်ကလဲ ကောင်းမှုပြုကာ သူ့ကို ရည်စူးအမျှဝေရင်၊ သူကလဲ ၀မ်းသာစွာ သာဓုခေါ်ရင် အကျိုးခံစားခွင့် ရရှိနိင်ပါတယ်၊ 
သေပြီးနောက် လူ့ပြည်၊ နတ်ပြည်၊ ငရဲပြည်ကို ရောက်သွားသူများ၊ တိရိစ္ဆာန်ဘ၀ကိုရောက်သွားသူများဟာ ကျန်ရစ်သူ များက ဘယ်လိုပင်အမျှဝေသည်ဖြစ်စေ သာဓုမခေါ်နိုင်တော့ပါဘူး၊ 
 
ဒါ ဆိုရင်ဘုရား.. သူတို့က သာဓုမခေါ်နိုင်ရင် ကုသိုလ်လုပ်ပေမယ့် အကျိုးမရှိတော့ဘူးပေါ့..။
အကျိုးမရှိတာ မဟုတ်ပါဘူး၊ ရှိပါတယ် ပုဏ္ဏားကြီး၊ ယခုလက်ရှိသေပြီးသူက သာဓုမခေါ်နိုင်သော် လည်း ဆွေမျိုးတော်ပြီး မကျွတ်မလွတ်သေးတဲ့ဆွေမျိုးတွေ အများကြီး ရှိနေတယ်၊ သူတို့ကလဲ ငါတို့ဆွေ မျိုးတွေ ဘယ်တော့များ ကောင်းမှုပြုပြီး အမျှဝေကြမလဲ .. လို့ စောင့်စား မျှော်လင့်နေကြတယ်၊ ဒါကြောင့် သူတို့ သာဓုခေါ်နိုင်တာကြောင့် အကျိုးရှိပါတယ်..
 
အဲဒီလို ဆွေမျိုးတော်သူတွေ မရှိတော့ဘူး ဆိုရင်ရော ဘုရား ..
ပုဏ္ဏားကြီး ရှည်လျားလှတဲ့  သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးတဲ့သူဆိုတာ မရှိနိုင်ဘူး၊ ဒါကြောင့် ကိုယ်ပြု သမျှ ကုသိုလ်ဟာ အလကားမဖြစ်ပါဘူး လို့ မိန့်တော်မူခဲ့တယ်။ 
 
   တဆက်ထဲတွင် သေပြီးနောက် (၇) ရက်လွန်လျင် (၅) ရက်လွန်လျင် ရက်လည်ဆွမ်းသွပ်၊ ပရိတ်တ ရားတော်နာခြင်း စသည်တို့ကို လူအများစု ယုံကြည်နေကြသည်ကား သေပြီးနောက် တပတ်တိတိ ကျန်ရစ်သူအိမ်သူအိမ်သားတို့၏ ပတ်ဝန်းကျင်မှာ ကျင်လည်နေကြမြဲဖြစ်သည်၊ ရက်လည်ပြီးကာမှ သွားလိုရာ ဘုံဋ္ဌာန၊ ရောက်သင့်ရာဘုံဋ္ဌာန တခုခုသို့ ရောက်ကြရသည်ဟူသော အန္တရာဘ၀ ဒိဋ္ဌိ (ပစ္စုပ္ပန် ဘ၀နှင့် တမလွန်ကြားတွင် ဘ၀တခုရှိနေသေးသည်) ဟူသော မှားယွင်းသော အယူအဆရှိနေသော
ကြောင့် လုပ်ကြခြင်းဖြစ်သည်။ အမှန်တော့ မကျွတ်မလွတ်သေးသော တစ္ဆေ သရဲ ပြိတ္တာတို့ ဖြစ်နေမှ သာ သာဓုခေါ်နိုင်ပြီး ကောင်းကျိုးချမ်းသာများ ခံစား စံစားနိုင်ပါသည်။ 
 
   အထူးအားဖြင့် အစိမ်းသေ ( accident ) တခုခုဖြင့်သေလွန်သူကို စာပေစကားအရ ဥပေစ္ဆေဒက ကံ ဖြင့် သေသူလို့ ဆိုရပါမယ်၊ ထိုသူမျိုးဟာ သေခါနီးတွင် ကြောက်လန့် ထိတ်လန့်ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်သော ဝေဒနာကို ခံစား နေရသဖြင့် ကုသိုလ်ဖြစ်စေမည့် ဘုရားတရားအာရုံကို နှလုံးသွင်းဖို့ ခဲယဉ်းသောကြောင့် ဘ၀ကူး ကောင်းဖို့လည်း ခက်ခဲ ပါလိမ့်မည်။ ထိုသူမျိုးအတွက် အမျှဝေရန် ဧကန်လို အပ်ပါသည်။ 
 
    ဗုဒ္ဓအဘိဓမ္မာအလိုအရ ဒီဘ၀ စုတိစိတ်ကျပြီးလျင် နောက်ဘ၀တွင် ခဏငယ်အနည်းငယ်သာခြားပြီး  ပဋိသန္ဓေနေရသည်ဟု အတိအလင်းဖော်ပြထားသည်၊ ဆိုလိုသည်မှာ မြန်မာပြည်မှာ သေသွားသူသည် အင်္ဂလန်၊ ပြင်သစ် အမေရိကန် စသောဝေးလံသောအရပ်သို့ တခဏချင်း သွားရောက် ၀င်စားနိုင်ပေသည်။ ဥပမာ စိတ်သည် ယခုချက်ချင်း မရောက် ဖူးသေးသော တနေရာကို အာရုံပြုလျင် ချက်ချင်းလက်ငင်း အချိန်မဆိုင်းပဲ ရောက်ရှိနိုင်သောကြောင့်ပင်၊ ထို့အတူ ပဋိသန္ဓေစိတ်သည်လည်း အာရုံပြုမိရာ တနေရာ ရာကို ရောက်နိုင်ပါသည်၊ စိတ်၏ လျင်မြန်ပုံကား ဥပမာပြဖို့ပင် မဖြစ်နိုင် တော့ပါ၊ 
 
     အနှစ်ချုပ်အနေဖြင့် လူတယောက်မှာ သေဆုံးသွားရင် ထိုပုဂ္ဂိုလ် တသက်လုံးဆောက်တည်လာခဲ့တဲ့ သရဏဂုံဟာ အလိုလို ပျက်ဆီးသွားပါတယ်၊ ခံယူနိုင်စွမ်း စိတ်ဝိဥာဉ် မရှိတော့လို့ပါ၊ ကျန်ရစ်သူ မိသားစုများကလဲ ဘာမှ မတတ် နိုင်ကြတော့ဘူး ဆိုတော့ ဒီဘက်ဘ၀မှာ ငါတို့တော့  လက်လွှတ် လိုက်ရပြီ၊ သို့သော်လည်း  ဟိုဘ၀မှာ သတိရလျင် သရဏဂုံဆက်ပြီး ယူပါစေတော့ရယ်လို့ ရည်စူးကာ လူသေကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။
မေတ္တာဖြင့်
( ပန်းကမ္ဘာ)
Date.1.Jun.2012
 http://www.dhammapalace.org/2012/06/blog-post.html

မြန်မာပြည်မှာနေရတာကောင်းတယ်

 

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊
 ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်း
ထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ
ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာမဆလာတွေသုံး၊
ဘာအရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။ ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက်
သဘာဝနဲ့ နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား
တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့
ချန်ထားရတာ။ ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။
အရသာ ရှိလေစွ။

မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့
တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး
အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင်
ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို
ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊ အခါတစ်သောင်းလောက်
 ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။ မော့ပေရော့
လတ်လတ်ဆတ်ဆတ်။

Monday, March 10, 2014

တန်ဖိုး ဆိုတာ .......

ဒူးဖော်၊ပေါင်ဖော်တဲ့ မိန်းကလေးများ သိစေရန်

 
မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့..ဒူးဖော် ပေါင်ဖော်ရင်သားတွေ ဖော်နေရင် ဘယ်သူမှ စိတ်မ၀င် စားတော့ဘဲ တန်ကြေး မရှိဖြစ်မယ်

တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။သူမှာ သိပ်လှ တဲ့ မြေးမလေး တစ်ယောက် လည်းရှိတယ်။အဘိုးအိုပာာ မျက်လှည့်ပညာသိပ် ကျွမ်းတယ်။အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်...မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။

"မျက်လှည့် ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါ ဘူး။ မျက် လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိ လို့သာ အထူး အဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာ ရဲ့လျှို့ဝှက်ချက်တွေ ကို ပြောပြ မယ်" ပရိ သတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။

ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အား လုံးပြောပြ သတဲ့။ ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-

"သြော် ဒီလိုလုပ်တာလား။ဒါလေးများ။" ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။

နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။

ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-

"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"

"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"

"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက် လည်းပြ လိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထား ရမယ်။ ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ် သူမှ စိတ် မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ ၀တ် အစားကို လုံလုံခြုံခြုံဝတ်ပါ။"

အဘိုး အိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။ သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည် နိုင်ပါစေ.....
 
တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။
သူမှာ သိပ်လှ တဲ့ မြေးမလေး တစ်ယောက် လည်းရှိတယ်။
အဘိုးအိုပာာ မျက်လှည့်ပညာသိပ် ကျွမ်းတယ်။
အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်..။
.မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။
ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ မြွေဖြစ်သွားတာတွေ
 ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က 
စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။
အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။

Sunday, March 9, 2014

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ



စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို
 ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ 
အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ
 နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ 
အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများ
အနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။

ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။

သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ 
ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ 
ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။


ရည်းစားတစ်ယောက်ကိုဝေမျှထားတဲ့ အမွှာညီအမ




တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ 
သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။ အလုပ်၊ကား ၊ဖေ့ဘွတ်အကောင့်
အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက်ထဲထားပါသတဲ့။

သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ
ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ်ကအစ တူသထက်တူအောင်
 ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစလို့ အသေးစိတ်တူညီအောင်ပြုပြင်ခွဲစိတ်တာ
 ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာကုန်ကျခဲ့ပါတယ်။

Saturday, March 8, 2014

မိန်းမဆိုတဲ့ ပစ္စည်း

မိန်းမဆိုတဲ့ ပစ္စည်း
========================

【ပစ္စည်းအမည်】အများအားဖြင့် မိန်းမဟုသုံးနှုန်း၊ လူကြားသူကြားတွင် ဇနီးမယား သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟု သုံးနှုန်း

【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့်ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်

【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန် ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီ စသော အရာများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်း တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။
ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။
သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။

【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။

【အသုံးပြုပုံ】အတွင်းစိတ်၊ အပြင်စိတ်နှင့် တစ်သက်တွင်တစ်ခုသာ အသုံးပြုရမည်။ အကျိုးမထိရောက်ပါက အသုံးပြုနေရာမှ ခေတ္တရပ်နားပြီး တတ်သိနားလည်သော အိမ်ထောင်ရေးပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်သင့်သည်။ သို့မဟုတ် အချိန်ကာလ တအောင့်နေပြီးမှ ပြန်လည် အသုံးပြုနိုင်သည်။

【သတိထားရမည့်အချက်】ဤပစ္စည်းသည် တစ်ကိုယ်ရေ အမျိုးသားများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့် အသုံးပြုရမည်။ ဤပစ္စည်းကြောင့် ဘေးဖြစ်မည့် အခြေအနေသို့ ရောက်ခဲ့သော် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။
မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။
အရက်ဆေးလိပ် မသောက်ဘဲ အသုံးပြုပါက ပိုအကျိုးထိရောက်စေသည်။

【အတိုင်းအတာ သတ်မှတ်ချက်】 ဤအရာသည် သာမန်အားဖြင့် အလေးချိန် ၄၅ ကီလိုမှ ၅၅ ကီလိုအတွင်း ရှိသည်။ အခြေအနေအရ ပြောင်းလဲမှုရှိသည်။

【တားမြစ်ချက်】မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမဝင်" ဟု မပြောရ။

【သိုလှောင်ထားမည့်နေရာ】သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်းအေးမြသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက ပြင်းထန်သောနေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ရမည်။ ထားချင်သည့်နေရာတွင်ထားပြီး မေ့လျော့၊ ဂရုမစိုက်ခြင်း မပြုရန် အထူးတားမြစ်သည်။

【အထုပ်အပိုး】ခေတ်ပေါ်အဝတ်အစားများကို ရာသီဥတုနှင့် လိုက်ပြီး ပြောင်းလဲနိုင်သည်။

【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းသာပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။

【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်စာချုပ် ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။

【ထုတ်လုပ်သည့်နေရာ】ယောက္ခထီး ယောက္ခမ

【အထူးအသိပေးချက်】

(၁) အိမ်ထောင်မကျသေးသော အမျိုးသားများ အသုံးမပြုခင် အသုံးပြုပုံ ရှင်းလင်းချက်ကို သေသေချာချာဖတ်ပြီး ရှင်းလင်းချက်အတိုင်း လိုက်နာ အသုံးပြုရမည်။ သို့မဟုတ် အိမ်ထောင်ရေးပညာရှင်တို့ လမ်းညွှန်သည့် အတိုင်း လိုက်နာအသုံးပြုရမည်။

(၂) ဤပစ္စည်းနှင့် မတည့်သူများ၊ အလာဂျီဖြစ်တတ်သူများ သုံးစွဲရန် မသင့်ပါ။

(၃) အလားတူပစ္စည်းမျိုး လက်ရှိအသုံးပြုနေသူများ ဤပစ္စည်းနှင့် တပြိုင်တည်း အသုံးမပြုရန် အထူးတားမြစ်သည်။

(၄) ဤပစ္စည်းသည် ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်၍ရသော ပစ္စည်းဖြစ်လျှင် ကစ မှတ်ပုံတင်ပြီးမှ ဝယ်ယူရသည့်အပြင် မဝယ်ယူခင် လိုအပ်သော စာရွက်စာတမ်းများလည်း လိုအပ်သည်။

(၅) ဤပစ္စည်းအား ကလေးသူငယ် အသက်အရွယ် မပြည့်သူများ ထိတွေ့နိုင်သည့်နေရာတွင် မထားပါနှင့်။

ကဲကဲ အာ့လောက်ဆို သိလောက်ပါပြီ။ မိန်းမအကြောင်းကိုလေ ...

Credit to Generals Knowledge

【ပစ္စည်းအမည်】အများအားဖြင့် မိန်းမဟုသုံးနှုန်း၊ လူကြားသူကြားတွင် ဇနီးမယား
သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟု သုံးနှုန်း။

【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့်ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့်
 အောက်စီဂျင်ဓါတ်များပါဝင်။

【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန် ရှိသည်။
သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီ စသော အရာများဖြင့် 
ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင် 
အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်း
 တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။
ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။
သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။

【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် 
စွဲလမ်းခြင်း ဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။

Saturday, March 1, 2014

Bad breath ခံတွင်းနံ့ မကောင်းရင်

Bad breath ခံတွင်းနံ့ မကောင်းရင်

ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ခံတွင်းနံ့ဆိုးပါတယ်ဆရာ။ သွားဆရာဝန်ပြတဲ့အခါ tartar cleaning လုပ်ပေးလိုက်ပါတယ်။ အဲ့ဒါလုပ်ပြီးကတည်းက ရံဖန်ရံခါ သွားကျင်တာခံစားရပါတယ်။ အဲ့ဒါကြောင့်လဲ ဖြစ်ကောင်းမှ ဖြစ်မှာပါ။ ကျွန်တော် မသိပါခင်ဗျာ။ အစာစားပြီးတိုင်း ပလုတ်ကျင်း၊ သွားတိုက်သော်လည်း ခံတွင်းနံ့ဆိုးမပျောက်ပါ။ စကားပြောရာတွင် ရဲရဲဝံ့ဝံ့ပင်မပြောဝံ့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်သလို ခံစားရပါသည်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ အကြောင်းရင်းနဲ့ အနံ့ မဆိုးအောင် ဘယ်လိုပြုမူနေထိုင်ရမလဲ သိပါရစေ။ သွားဘက်ဆိုင်ရာ ကိရိယာများကြောင့် ကူးစက်ရောဂါ (ဥပမာ HIV) ကူးစက်နိုင်ပါသလား သိပါရစေခင်ဗျာ။ သွားဘက်ဆိုင်ရာကိရိယာတွေဟာ တခါသုံး မဟုတ်လို့ သွားဘက်ဆိုင်ရာဆရာဝန်များအနေနဲ့ မည်သို့မည်ပုံ သန့်ရှင်းသည်ကို သိလို၍ မေးမြန်းခြင်းပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ဆရာ။

လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါ။ Bad breath ခံတွင်းနံ့ မကောင်းတာကိုဆေးစာနဲ့ Halitosis ခေါ်တယ်။ သွား-ခံတွင်းရောဂါနဲ့ တခြားကျန်းမာရေးအခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာခံတွင်းနဲ့ ဆိုင်တယ်။ အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဆေးငုံတာတွေကြောင့်လဲအနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။

• အစားအစာတွေကိုပါးစပ်ကနေ စားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက် သွေးထဲရောက်မယ်။ နောက်မှာအဆုပ်ကိုရောက်ရာကနေအသက်ရှူထုတ်တော့ ဆိုင်ရာအနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာအစားအစာတွေ ကပ်သတ် ကျန်နေရင် (ဗက်တီးရီးယား) တွေ ပေါက်ဖွါးစေမယ်။ သူတို့ထဲမှာအနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ Bacteria ကနေ toxins အဆိပ်လို ဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရောမေးရိုးပါ ရောဂါ ရစေနိုင်တယ်။
• ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာအနံ့ ဖုံးပေးတာလောက်သာတတ်နိုင်တယ်။
• သွားတုတပ်တာနေရာမကျရင်၊ (ရိစ်) မှိုရောဂါရရင်၊ သွားပိုးစားရင်လဲအနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။
• Dry mouth (Xerostomia) ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။ တံတွေးဟာပါးစပ်ကိုသန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကိုဖြေပေးတယ်။ သေသွားတဲ့ (ဆဲလ်) တွေကိုလဲရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလိုကောင်းကျိုးတွေ မဖြစ်စေတော့ဘဲပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ Salivary gland တံတွေးထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။
• နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် (ဆိုင်းနပ်စ်) ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ ဆီးချို၊ အက်စစ်ရည် အထက် ဆန်ရောဂါ၊ အသဲရောဂါ နဲ့ ကျောက်ကပ် ရောဂါတွေ ကြောင့်လဲအာခေါင်ခြောက် နေနိုင်တယ်။

(၁) လျှာ
Don't let your tongue become a dirty carpet! လျှာကို ညစ်ထေးနေတဲ့ ကော်ဇောလိုမဖြစ်ပါစေနဲ့လို့ တင်စားပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့ (ဗက်တီးရီးယား) ကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။ လူတိုင်းမှာရှိနေတဲ့ အဲလိုပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့ သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။ Anaerobic bacteria အမျိုးအစားပိုးတွေကပိုဆိုးစေတယ်။ ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့အနံ့မျိုးထွက်မယ်။ Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကိုဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့်ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကလဲအနံ့ဆိုကိုဖုံးပေးတာသာဖြစ်တယ်။ လျှာကိုသန့်ရှင်းရေးကပိုအရေးကြီးတယ်။
(၂) Mouth ပါးစပ်၊ ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲကတချို့တွေကအနံ့ဆိုးထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ Proteins (ပရိုတင်း) တွေကိုချေဖျက်ပြီး Amino acids (အမိုင်နိုအက်စစ်) တွေ ထွက်လာမယ်။ ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptanတွေ ဖြစ်တဲ့ အနံ့ဆိုးဓါတ်ငွေ့တွေ ဖြစ်စေမယ်။ Bad mouth ဆိုတာအာဖရိကကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီးဒီခေတ်မှာသူများအပြစ်တင်တာကိုပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသားမပြောပါနဲ့တဲ့။
(၃) Gum disease သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကိုအားလုံးကတော့ လက်မခံပါ။
(၄) Nose နှာခေါင်း၊ ဒုတိယလိုက်တယ်။ Sinus infections (ဆိုင်းနပ်စ်) ရောဂါ ထိပ်ခပ်နာနဲ့ Foreign bodies ပြင်ပ-ပစ္စည်းဝင်နေတာတွေကနေ ဖြစ်စေမယ်။
(၅) Tonsils အာသီးရောဂါကနေ (ဆဲလ်) ပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုးထွက်နိုင်တယ်။ ၃-၅% မှာဖြစ်တယ်။
(၆) Esophagus အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker's diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။
(၇) Stomach အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။
(၈) Systemic diseases တခြားရောဂါတွေကတော့ Fetor hepaticusရောဂါ၊ အသက်ရှူလမ်းအောက်ပိုင်းရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction ရောဂါ၊ လျှာ-ကင်ဆာ၊ လည်ချောင်း-ကင်ဆာနဲ့ အစာမြိုပြွန်-ကင်ဆာတွေ ဖြစ်တယ်။

Management ဘယ်လိုကုသမလဲ
• Good oral hygiene ခံတွင်းသန့်ရှင်းပါ။ Fluoride toothpaste (ဖလိုရိုက်) ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲသွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။
• Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်းတနေ့တခါ လုပ်ပါ။
• သွားအတုကိုညအချိန် ဖြုတ်ထားပြီးသန့်ရှင်းပေးပါ။
• သွားဆရာဝန်နဲ့ ပုံမှန် (တနှစ် နှစ်ခါ) စစ်ဆေးကုသပါ။
• ရေများများသောက်ပါ။
• Chewing gum ငုံပါ။ ဖြစ်နိုင်ရင် သကြားမပါတာကိုငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေသွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းတယ်။
• ကြော်ညာပြီးရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေးဆေးရည်တွေကို သတိပြုသုံးပါ။ ခဏလောက်သာအနံ့ဆိုးကိုဖုံးပေးမယ်။ Astring-O-Sol, Colgate, Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantumverdeတွေဖြစ်တယ်။ Oral-B ကို ၂၀၀၉ ကတည်းကရောင်းခွင့်ပိတ်လိုက်ပြီ။
• Antiseptic mouth-rinse တွေကပိုးတွေသေစေမယ်။ 3G Mouthwash, All-Fresh, Alna Biotech, Am Pm Mouthwash, Ampm Mouthwash, Angelica Mouthwash, Antiplaque Mouthwash, Antiseptic & Antiplaque Mouthwash, Chlorex Mouthwash, ChlorhexadineGluconate Mouth Wash, Chlorhexidine Mouthwash, C-Nate--ChlorhexidineGluconate, Dysinc Mouthwash, FRESHO Mouthwash, Gumdent Mouthwash, Herbal Mouthwash, Listerine Liquid Mouthwash, Mouthwash (AMPM), Nirmal Mouth Wash, Oral care Flavours and Fragrances, Oraline Mouthwash (Chlorhexidine Mouthwash) နဲ့ Speedent Mouth Wash တွေ ဖြစ်တယ်။
• လျှာကိုညင်ညင်သာသာတနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က Bacterial biofilm ဗက်တီးရီးယား၊ Debris အစာအကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေးကရိယာသုံးပါ။ ဇွန်းနဲ့လဲလုပ်လို့ ရပါတယ်။ လျှာကိုမခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံအသီး-အဖုလေးတွေကိုမထိခိုက်စေပါနဲ့။
• Gargling တခုခုစားပြီးတိုင်းပါးစပ် ပလုပ်ကျင်းပါ။ Streptococcus salivarius K12 ဆေးလဲသုံးနိုင်တယ်။ Antibacterial mouthrinses က အကျိုးရှိစေတယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကိုသုံးတယ်။ တချို့က Odor eliminators အနံ့ကိုနိုင်တဲ့ Oxidizers တွေကိုလဲသုံးတယ်။
• အိမ်သုံး-ဆေးနည်းတွေ = Areca nut ကွမ်းသီး-အစို၊ Betel leaf ကွမ်းရွက် နဲ့ Betel leaf ကွမ်းသီး-အခြောက်တွေကိုဝါးခိုင်းတယ်။ တချို့က ဒီလိုလုပ်တာ Squamous cell carcinoma ကင်ဆာ ဖြစ်စေမလားစိုးရိမ်တယ်။ Lemon သံပုရာ-ရှောက်သီး၊ Clove လေးညှင်း၊ Cardamon seeds ဖါလာစေ့၊ Aniseed စမုန်စပါး၊ Apple ပန်းသီး၊ Zinc သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊ Green tea ရေနွေးကြမ်း၊ Baking soda (ဆိုဒါ)၊ Hydrogen peroxide ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက် တွေကိုလဲသုံးနိုင်တယ်။
• သွား-ခံတွင်းကောင်းနေပေမဲ့ အနံ့မကောင်းသေးရင် တခြားကျန်းမာရေးစစ်ဆေးရမယ်။

နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကိုကုရတာခက်တယ်။ တာရှည်ဖြစ်နေရင် Periodontal disease သွားဖုံးရောဂါကိုဆက်ဖြစ်စေနိုင်တယ်။ Plaque on teeth သွားအပေါ်ဖုံအလွှာ ဖြစ်လာရင် အဲလိုရောဂါ ဖြစ်စေတယ်။

Mouthwashes သုံးပြီး Chronic halitosis နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကိုကောင်းစေတယ်လို့ သုတေသနကသက်သေမပြနိုင်ပါ။ ကိုယ့်ခံတွင်းနံ့ကိုသိပ်ကောင်းစေချင်လို့ ဆေးလာကုသူတွေထဲကကဲသူတွေကိုHalitophobiaဆိုတာ Delusion halitosis လို့ ခေါ်တယ်။ အလိုလို ကြာညိုနံ့ သင်းချင်နေသူကိုပြောတာပါ။

Dr. တင့်ဆွေ
 
ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ခံတွင်းနံ့ဆိုးပါတယ်ဆရာ။
သွားဆရာဝန်ပြတဲ့အခါ tartar cleaning လုပ်ပေးလိုက်ပါတယ်။
အဲ့ဒါလုပ်ပြီးကတည်းက ရံဖန်ရံခါ သွားကျင်တာခံစားရပါတယ်။
အဲ့ဒါကြောင့်လဲ ဖြစ်ကောင်းမှ ဖြစ်မှာပါ။ ကျွန်တော် မသိပါခင်ဗျာ။
အစာစားပြီးတိုင်း ပလုတ်ကျင်း၊ သွားတိုက်သော်လည်း ခံတွင်းနံ့ဆိုးမပျောက်ပါ။ 
စကားပြောရာတွင် ရဲရဲဝံ့ဝံ့ပင်မပြောဝံ့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်သလို
ခံစားရပါသည်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ အကြောင်းရင်းနဲ့ အနံ့ မဆိုးအောင်
ဘယ်လိုပြုမူနေထိုင်ရမလဲ သိပါရစေ။ သွားဘက်ဆိုင်ရာ ကိရိယာများကြောင့်
ကူးစက်ရောဂါ (ဥပမာ HIV) ကူးစက်နိုင်ပါသလား သိပါရစေခင်ဗျာ။
သွားဘက်ဆိုင်ရာကိရိယာတွေဟာ တခါသုံး မဟုတ်လို့ သွားဘက်ဆိုင်ရာ
ဆရာဝန်များအနေနဲ့ မည်သို့မည်ပုံ သန့်ရှင်းသည်ကို သိလို၍ မေးမြန်းခြင်းပါခင်ဗျာ။
 ကျေးဇူးတင်ပါတယ်ဆရာ။

လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါ။
Bad breath ခံတွင်းနံ့ မကောင်းတာကိုဆေးစာနဲ့ Halitosis ခေါ်တယ်။
သွား-ခံတွင်းရောဂါနဲ့ တခြားကျန်းမာရေးအခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာခံတွင်းနဲ့ ဆိုင်တယ်။
အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊
 ဆေးငုံတာတွေကြောင့်လဲအနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။