Friday, March 21, 2014

ခေတ်သစ် မီးခွက် အာလာဒင်

ခေတ်သစ် မီးခွက် အာလာဒင် 
 

ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။ 

ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။ ခုတော့ ငါတို့ သွားတောင်းပန်ရတော့မယ်" လို့ပြောပြီး တစ်ဖက်အိမ်ကို တောင်းပန်ဖို့ သွားပါတယ်။ 

တံခါးပေါက် တစ်ချက်ပဲ ခေါက်ရသေးတယ် အထဲက အဖိုးအို တစ်ဦးမှ နွေးထွေးပြူငှာစွာပဲ ကြိုဆိုတယ်။ အံ့သြစွာနဲ့ပဲ အထဲဝင်တော့ ထိုင်ခုံမှာ အေးဆေးထိုင်စေပါတယ်။ ကွဲသွားတဲ့ ပြတင်းပေါက် ကလည်း ပြန်ပြင်ပြီးသားဖြစ်ပြီး ဘေးမှာ မှန်အကွဲ တစ်ချို့ ကို စုပုံထားပါတယ်။ 

"ကွဲသွားတဲ့မှန်အတွက် တောင်းပန်ပါတယ်ဗျာ။ ကျနော်တို့ ဘာပြန်လုပ်ပေးရ မလဲခမျာ" လို့ အမျိုးသားက မေးတော့ အဖိုးကြီးက အောက်ပါ အတိုင်း ပြန်ဖြေပါတယ်။

"မလိုဘူးဗျ။ အမှန်တော့ ကျနော်ကတောင် ခများတို့ကို ကျေးဇူးတင်ရမှာ။ ကျနော်က ဒီအိမ်မှာပိတ်မိနေတဲ့ မီးခွက်စောင့် နတ်တစ်ပါးပါ။ ကျနော် ဒီအိမ်မှာ ပိတ်မိနေတာ နှစ် ၄၀၀ ကျော်ပြီ။ ခု ခများတို့ ရိုက်လိုက်တဲ့ ဂေါက်သီးက မှန်လာကွဲစေလို့သာ ကျနော်လွတ်ရတာပါ။ 

ဒီတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ မိတ်ဆွေတို့ နှစ်ယောက်ကို ဆု တစ်ခုစီ တောင်းခွင့်ပေးမယ်။ ကျနော်လည်း မိတ်ဆွေတို့ဆီကနေ ဆုတစ်ခု ပြန်တောင်းမယ်။ အဆင်ပြေမယ်ဆိုရင်ပေါ့"

ဒီတော့ ခင်ပွန်းဖြစ်သူက ဝမ်းသာအားရစွာနဲ့ပဲ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ သန်း အလိုအလျောက်ငွေပုံမှန် ဝင်နေစေဖို့ ဆုကို ပေးဖို့တောင်းပါတယ။် အမျိုးသမီးကလည်း ကမ္ဘာပေါ်မှာ ဇိမ်အကျဆုံး အိမ်တစ်လုံးနဲ့ ဝန်ထမ်းပေါင်း များစွာ ရှိချင်တယ်လို့ တောင်းပါတယ်။ 

"ဟုတ်ပြီ။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်းဝင်ပြီး ဘယ်တော့မှ မဆင်းရဲစေရအောင် ဆုတွေ ပြည့်စေမယ်။ ဒီက အမျိုးသမီးကိုလည်း နတ်စည်းစိမ်လို့ ပြည့်စုံလှတဲ့  အိမ်တစ်လုံးနဲ့ အစေခံကောင်းများ ရစေပါမယ်။ အပိုဆုအနေနဲ့ နှစ်ဦးစလုံး ဘေးမသီ၊ရန်မခ အသက်ရှည် ကျန်းမာစေရမယ်။ ဟုတ်ပြီ။ ကျနော်လိုချင်တဲ့ ဆုကို ပြန်တောင်းမယ်။ 

ကျနော်က ဒီအိမ်မှာပိတ်နေတာ နှစ် ၄၀၀ မကတော့ဘူး။ အခု အလိုချင်ဆုံး ကတော့ မိန်းကလေး တစ်ယောက်နဲ့ အတူအိပ်ဖို့ပဲ။ ဒီတော့ ခများအမျိုးသမီးနဲ့ ခဏအတူအိပ်ခွင့် ပေးနိုင်မလား။ ဒါကျနော့ တောင်းဆိုမှုပါ"

လို့ အဖိုးအိုက အထက်ပါအတိုင်း ဖြေကြားပြီး မေးမြန်းပါတယ်။ 

ဒီတော့ ဇနီးမောင်နှံနှစ်ဦးတွေဝေသွားပါတယ်။ သို့ပေမယ့် အတန်ကြာ စဉ်းစားပြီး အမျိုးသားက ဇနီးကို "ချစ်ရေ။ တို့တွေမှာ အလွန်ကောင်းတဲ့ အနာဂတ်တစ်ခုရှိနေပြီ။ သေလည်းသေချာနေပြီ။ ဒီမီးခွက်စောင့် နတ်ရဲ့  တောင်းဆိုမှုက မျှတပါတယ်။ မောင် ကတော့ သဲဆုံးဖြတ်အတိုင်းပါပဲ" လို့ ပြောပါတယ်။ 

ဇနီးဖြစ်သူကလည်း "အင်း။ ဟုတ်တယ်။ အနာဂတ်က သေချာနေပြီပဲ။ မောင် လည်းကြည်ဖြူတယ်ဆိုရင် သဲပေးဆပ်ရဲပါတယ်။ နတ်တစ်ပါးနဲ့ တစ်ကြိမ် တစ်ခါ အတူအိပ်တဲ့အပေါ် မောင်လည်း နားလည်ပေးမယ်ဆို သဘောတူ ပါတယ်" 

ဒီတော့ နှစ်ဦးသား တိုင်ပင်ပြီး ခေါင်းညိတ်လိုက်တော့ အဖိုးအိုဟာ အမျိုးသမီးကို အပေါ်ထပ်ခေါ်သွားပြီး သူ့ဆန္ဒအတိုင်း လိုက်လျောစေပါတယ်။ အတန်ငယ်ကြာပြီးနောက် အဖိုးအိုက အမျိုးသမီးကို မေးပါတယ်။

"ကလေးမ အသက်ဘယ်နှစ်နှစ်ရှိပြီလဲ" 

" ၃၅ နှစ်ရှိပါပြီ"လို့  အမျိုးသမီးက ပြန်ဖြေတော့ အဖိုးအိုက အောက်ပါ အတိုင်း ပြန်ပြောပါတယ်။ 

"သေသင့်တယ်။ အသက်က ၃၅ နှစ်ရှိပြီ။ ခုထိ အာလာဒင်မီးခွက်စောင့်နတ်တွေ ကို ယုံကြတုန်းပဲ"

---
သင်ခန်းစာ -  လောဘ စိတ်ဟာ ဆင်ခြင်တုံ တရားကို ကျော်လွန် သွားရင် မဖြစ်သင့်တာ ဖြစ်ရ ပါတယ်။ 

..
အောင်ခမ်း (ရိုးရာလေး)

.

ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ 
ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ
 ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။

ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။ 
ခုတော့ ငါတို့ သွားတောင်းပန်ရတော့မယ်" လို့ပြောပြီး တစ်ဖက်အိမ်ကို
 တောင်းပန်ဖို့ သွားပါတယ်။

လူကြီးဖြစ် သင်တန်း

ကောင်းဆက်နိုင်
အတွဲ ၁၀ အမှတ် ၁၂
The Flower News Journal

အတွေးအမြင်ကဏ္ဍ
-------------------

*********************************************

လူကြီးဖြစ် သင်တန်း 

*********************************************
ကောင်းဆက်နိုင်

အခု နိုင်ငံတကာမှာ ခေတ်စားနေ တာက သင်တန်းတွေနဲ့ ပတ် သက်လို့ပဲခင်ဗျ။ ဘာအလုပ်ပဲဖြစ်ဖြစ် သင် တန်းနဲ့ကို မလွတ်ဘူး။ သန့်ရှင်းရေးသင် တန်း၊ မှန်ချပ်တွေချည်း သန့်ရှင်းရေးလုပ် တဲ့ အထူးသင်တန်း။ စုံနေတာပဲ။ အလုပ်ရှင် တွေကလည်း သင်တန်းဆင်းလက်မှတ် ရှိ ထားသူတွေကိုပဲ ရွေးပြီးခန့်ထားကြတယ်။ နောင်တစ်ချိန် ဘာပြဿနာပဲကြုံကြုံ သူ့ ဘက်က သင်တန်းဆင်းရွေးပြီး ခန့်ထားပါ တယ်ဆိုတဲ့အချက်နဲ့ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ ကျုပ်ပဲ ဗဟုသုတနည်းလို့လား မသိ ဘူး။ နိုင်ငံတကာမှာ 'လူကြီးဖြစ်သင်တန်း' ရယ်လို့တော့ မကြားမိဖူးဘူး။
 
လူကြီးတွေ မျိုးဆက်လိုက် ကြီး ပွားချမ်းသာကြတဲ့ ကျုပ်တို့နိုင်ငံမှာ ကျုပ် မိန်းမကလည်း ပုထုဇဉ်ပီပီ ကြာတော့ အား ကျလာတာပေါ့လေ။ ကျုပ်ကို စာရေးဆရာ မလုပ်ဘဲ လူကြီးလုပ်ဖို့ နေ့တိုင်းတိုက်တွန်း ပါလေရော။ သစ်ငုတ်တိုများတောင် နှဲ့ပါ များလာရင် နဲ့ချင်လာတာဆိုတော့ ကျုပ် လည်း စိတ်ကူး တဖြည်းဖြည်း ယဉ်လာတာ ပေါ့။ လူကြီးတွေ တန်ခိုးထွားလိုက်ပုံများ စိတ်ကူးယဉ်အိပ်မက်ထဲမှာ နယ်လှည့်ပြီး ပြည်သူတွေကို ပါးရိုက်မိတာဗျ။ ဒါပေမဲ့ လည်း ဘာမှမဖြစ်ဘူး။ ဒါနဲ့ နောက်တစ် ခေါက် ရောက်တဲ့နေရာတိုင်း ပုဆိုးလှန်ပြ ခဲ့ပြီး ငါနဲ့ချည်းကိုင်တုတ်ခဲ့တာ ဂျာနယ်တွေ သတင်းစာတွေကတော့ ဝိုင်းရေးကြတာပေါ့ လေ။ ဘာမှမဖြစ်ဘူးဗျ။ ကျုပ်အသိုင်းအ ဝိုင်းကလည်း ကျုပ်နဲ့ အကျင့်တူတဲ့သူတွေ ဆိုတော့ တိုးတိုးတိတ်တိတ်တောင် မြှောက် ပေးကြတယ်ဗျာ။ အစ်ကိုကြီးဆက်လုပ်၊ ညီ လေး ဆက်လုပ်တဲ့။ စိတ်ကူးယဉ်ကြည့်မိ တာပါ။ စိတ်ကူးထဲမှာတောင် တန်ခိုးသိပ် ထွားနေပြီ။

ဒါပေမဲ့ ဒီခေတ်ထဲ ကျုပ်လိုအ ရပ်သားတစ်ယောက် လူကြီးဖြစ်ဖို့ဆိုတာက နတ်ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ် တစ်စင်းတွေ့ဖို့ထက်တောင် ခက်တာ သိ တဲ့အတိုင်းပါပဲ။ ဒါနဲ့ မိန်းမကို လက်လျှော့ ဖို့၊ နားပူနားဆာမလုပ်ဖို့ပြောတော့ မလျှော့ နိုင်ဘူးတဲ့ဗျာ။ ဇွတ်ပဲ။ ရူးများနေလားအောက် မေ့ရတယ်။ ကျုပ်ကို လူကြီးဖြစ်ဖို့ ဃောစ သွင်းမယ်တဲ့ဗျ။ ငြင်းရင် ကျုပ်ကို ကွာမယ် လို့ အကျပ်ကိုင်တယ်ခင်ဗျ။ 

ဒီလိုနဲ့ မိန်းမဦးဆောင်ခေါ်သွား တဲ့နေရာကို မယောင်မလည် ပါသွားတာ ပေါ့။ အထင်ကြီးစရာ မရှိပါဘူးဗျာ။ လူသူ မနီးတဲ့ တောစပ်လေးတစ်ခုနားက ထန်း လက်မိုး ထန်းလက်ကာ တဲအကြီးကြီးတစ်ခု ထဲကို ရောက်သွားတယ်။

အညာသားကြီးခင်ဗျ။ မျက်နှာ က အစ်အစ်၊ ပါးစုံ့ကြီးနဲ့ မျက်မှန်လည်း တပ် ထားသေးတယ်။ ယောဂီဝတ်စုံက သူနဲ့တော့ သိပ်မလိုက်ဖက်သလိုပဲ။ သူ့ကြည့်ရတာ ထုံထုံအအကြီးမို့ အထင်မကြီးမိပေမယ့် ကျုပ်မိန်းမက ဆရာကြီးလို့ ခေါ်ခေါ်နေ တော့ ကျုပ်လည်း အသားလွတ် ဆရာကြီး လို့ လိုက်ခေါ်ရတာပေါ့။

''မင်းလားကွ လူကြီးဖြစ်ချင်တယ် ဆိုတာ'' သူက လက်ညှိုးထိုးပြီးမေးတယ်။ 
 ကျုပ်မိန်းမက ဟုတ်တယ်လို့ ဖြေစေချင်တဲ့ အမူအရာပြနေတော့ ကျုပ် လည်း ''ဟုတ်ပါတယ် ဆရာကြီး''လို့ ဖြေလိုက် ရတာပေါ့။
 ဆရာကြီးဆိုသူက ကျုပ်တို့ဝင် ခဲ့တဲ့ အပေါက်မဟုတ်ဘဲ တခြားတစ်ပေါက် ကို လက်ညှိုးထိုးပြပြီး''မင်း ဟိုတံခါးပေါက် ကထွက်ပြီး ပြန်ဝင်လာစမ်း''တဲ့။

တံခါးပေါက်က နိမ့်ပေမယ့် ကျုပ် က အရပ်ပုတော့ လွတ်လွတ်ထွက်ပြီး လွတ် လွတ်ကျွတ်ကျွတ် ပြန်ဝင်ပြလိုက်တယ်။

ဆရာကြီးကပြုံးပြီး ''မဆိုးဘူး ကွ၊ မင်း ပထမအဆင့်တော့ အောင်မြင် သွားပြီ''တဲ့။
 
ကျုပ်က ဘုမသိ ဘမသိ လှမ်း ကြည့်နေတော့ သူကရှင်းပြတယ်။
''ငါက အဲဒီတံခါးနဲ့ မလွတ်တဲ့ ကောင်တွေကို သင်တန်းသားအဖြစ် လက် မခံဘူး''တဲ့။

''ငါတို့နိုင်ငံမှာ နက္ခတ်အသွား အလာအရ အခု ဂျပုတွေအုပ်စိုးတဲ့ ခေတ် ကွ။ မွေးလာတဲ့ကလေးတွေကို နွားနို့သွား မတိုက်နဲ့ လူကောင်ထွားသွားရင် လူကြီး ဖြစ်ဖို့ ကျိန်းကျေသွားမှာကွ''တဲ့။

''လာစမ်း ငါ့နားတိုးပြီး ရှေ့မှာ မတ်တတ်ရပ်စမ်း''ဆိုလို့ သူ့ရှေ့မှာ ရပ်လိုက် တယ်။ သူက ဘာမပြော ညာမပြောနဲ့ ပုဆိုး ထဲက အင်္ကျီစကိုဆွဲထုတ်ပြီး ဗိုက်ကို လှန် ကြည့်ပါတော့တယ်။

''အို... ဆရာကြီးဘာလုပ် တာလဲ ခင်ဗျ''။
သူကပြန်မဖြေဘဲ အားရပါးရ ရယ်ပါတော့တယ်။
''ဟား... ဟား... ဟား... ဟား... မင်းဗိုက်က လူကြီးဗိုက်နဲ့ မတူ ဘဲ အပျိုဗိုက်နဲ့ တူနေတာကိုး''တဲ့။ 

ခေါင်းခါယမ်းရင်း ပြောပါတယ်။

ပြီးတော့ ဆတ်ခနဲ သူ့ပါးစောင် မှာခဲထားတဲ့ ဆေးပြင်းလိပ်မီးနဲ့ ကျုပ်ဗိုက် ကိုထိုးလိုက်တော့ နာကျင်မှုကြောင့် 'အား' ခနဲ အော်လိုက်မိပါတယ်။
''ဘယ်လို လုပ်လိုက်တာလဲ ခင် ဗျာ''လို့ စိတ်တိုတိုနဲ့ မေးလိုက်ပါတယ်။
''တို့ဆီမှာ လူကြီးလုပ်ချင်ရင် အ နာခံရတယ်ကွ''တဲ့။

ဒီလိုနဲ့ ကျုပ်မိန်းမကို သူက အိမ် ပြန်လွှတ်လိုက်ပြီး ကျုပ်ကို စခန်းသွင်းလေ့ ကျင့်ပါတယ်။ သူ့သင်တန်းကဆင်းရင် ကျုပ် လူကြီး ဖြစ် မဖြစ်တော့ မသေချာဘူး။ ရူး မှာတော့ သေချာနေပါတယ်။ ဂျက်ကီချမ်း ရဲ့ အမူးသမားသိုင်းဇာတ်ကားထဲက ဂျက် ကီချမ်းကိုသင်ပေးတဲ့ သိုင်းဆရာကြီးကို သတိရမိတယ်။

ဟိုအပင်က အရွက်တွေခူး။ ဒီ အပင်က အရွက်တွေခူး။ ဟိုဘုရားသွားလှူ ခိုင်း ဒီဘုရားသွားလှူခိုင်း၊ ယတြာချေတာ တဲ့လေ။ ပြောသေးတယ်။
''ငါတို့နိုင်ငံမှာ ဗေဒင်ယတြာနဲ့ အုပ်ချုပ်နေတာကွ''တဲ့။

သူက ''တို့ဆီမှာ လူကြီးဖြစ်ချင် ရင် ကလေးလို တွေးတတ်ရတယ်ကွ''တဲ့။
မိန့်ခွန်းပြောတတ်ဖို့နဲ့ တွေးခေါ် တတ်ဖို့ ကျုပ်ကို လာသင်ပေးသူတွေက ဘုရား ဘုရား မူလတန်းကျောင်းသားလေး တွေခင်ဗျ။

သူတို့သင်ပေးတာတွေကို ကျုပ် က မှတ်စုစာအုပ်နဲ့ လိုက်မှတ်ရတယ်။ သူ တို့က ကလေးတွေဆိုပေမယ့် ဘယ်နှယောက် တောင် သင်ပေးခဲ့ပြီးပြီလဲမသိဘူး။ မသိ တာ၊ နားမလည်တာရှိရင်လည်း အရင်ရှင်း ပြတယ်ဗျ။ ကလေးတစ်ယောက်က ဘာ ပြောလဲဆိုတော့ ထမင်းတစ်နပ် လျှော့စား ရင် တိုင်းပြည်တောင် ချမ်းသာမယ်တဲ့ဗျ။ လူဦးရေ သန်း ၆ဝ ဆိုတော့ ထမင်းတစ်နပ် တန်ဖိုးကျပ် ၅ဝဝ ဆိုရင်တောင် တစ်ရက်ကို ကျပ်သန်းပေါင်း ၃ဝဝဝဝ သက်သာပြီး ဝင် ငွေတိုးတယ်လို့ မှတ်ရမယ်တဲ့။ အားရစရာပဲ။

ကလေးတစ်ယောက်ကတော့ မီးမလာရင် ဖယောင်းတိုင် ထွန်းရမယ်ဆိုတဲ့ အကြံပေးချက်ကို ကဲ့ရဲ့ရှုတ်ချတယ်ဗျ။ 

''ဒါဟာ တိုင်းပြည်ပိုက်ဆံတွေ ကို ဖြုန်းတီးရာရောက်လို့ Óဏ်မရှိရာရောက် တယ်''တဲ့။ ဖြစ်သင့်တာက မီးမလာရင် စော စောအိပ်ပြီး မနက်နေထွက်မှ လုပ်စရာရှိ တာ လုပ်ကြပေါ့တဲ့။
 
အဆိုးဆုံးကတော့ ကျုပ်ဗိုက်မှာ အမာရွတ်တွေ များအောင်ဆိုပြီး နေ့တိုင်း ဆေးပြင်းလိပ်နဲ့ အထိုးခံရတာပဲ။ တစ်ရက် ကျတော့ ကျုပ်လက်ဖဝါးကို မြင်သွားပြီး ဒါ လူကြီးလက်ဖဝါးနဲ့ မတူဘူးလို့ပြောတယ်။ နောက်ရက်ကစပြီး ကရာတေးကျင့်တဲ့ မာကီဝါရားတိုင်ကြီးကို လက်ဝါးနဲ့ ဘယ် ပြန်ညာပြန်ရိုက်ပြီး လေ့ကျင့်ခိုင်းတယ်။ ပါး စပ်ကကျတော့ အသံချိုကလေးနဲ့ 'မိဘ ပြည်သူများခင်ဗျား'လို့ နူးနူးညံ့ညံ့လေး ချော့ရတယ်။ ပါးစပ်ကချော့၊ လက်ကရိုက် ပေါ့ဗျာ။

နောက်ပြီးတော့ ခေါင်းဆောင် လုပ်ချင်ရင် မြက်စိုက်ဖူးရမယ်ဆိုပြီး နေ့ တိုင်း ခြံထဲမှာ မြက်စိုက်ရတယ်ဗျာ။ ဘော် လီဘောပုတ်တတ်အောင်လည်း နေ့တိုင်း လေ့ကျင့်ရတယ်ဗျာ။

ကျုပ်ရဲ့ဆရာ မူလတန်းကျောင်း သားလေးရဲ့ မှတ်ချက်ကလည်း စိတ်ဝင်စား စရာ ကောင်းလှပါတယ်။ 

လွှတ်တော်နဲ့ အစိုးရက စီးက ရက်နဲ့ အရက်အပေါ် အခွန်မတိုးမြှင့်ခြင်းဟာ နိုင်ငံသားတွေ ဆင်းရဲနွမ်းပါးမှု ပပျောက် ဖို့ဖြစ်တယ်တဲ့။

စီးကရက်၊ အရက် ပေါပေါသုံး ဆောင်နိုင်မှ မြန်မြန်သေပြီး မြန်မြန်ဆင်းရဲ တွင်းကလွတ်မယ်ဆိုပြီး ကျုပ်ကို သင်ကြား ပို့ချပါတယ်။

ကျုပ်လည်း ထူးဆန်းတဲ့ 'လူ ကြီးဖြစ်သင်တန်း'ကို တက်လိုက်တော့မှ လူကြီးဖြစ်ချင်စိတ် မရှိတော့ဘဲ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အိမ်ကို ပြန်ပြေးလာခဲ့ရပါ ကြောင်း...။

********************
အတွဲ ၁၀ အမှတ် ၁၂

The @[626653947407326:274:Flower News Journal]

********************

အခု နိုင်ငံတကာမှာ ခေတ်စားနေ တာက သင်တန်းတွေနဲ့ ပတ် သက်လို့ပဲခင်ဗျ။ ဘာအလုပ်ပဲဖြစ်ဖြစ် သင် တန်းနဲ့ကို မလွတ်ဘူး။ သန့်ရှင်းရေးသင် တန်း၊ မှန်ချပ်တွေချည်း သန့်ရှင်းရေးလုပ်တဲ့ အထူးသင်တန်း။ စုံနေတာပဲ။ အလုပ်ရှင် တွေကလည်း သင်တန်းဆင်းလက်မှတ် ရှိထားသူတွေကိုပဲ ရွေးပြီးခန့်ထားကြ တယ်။ နောင်တစ်ချိန် ဘာပြဿ  နာ ပဲကြုံကြုံ သူ့ဘက်က သင်တန်းဆင်းရွေးပြီး ခန့်ထားပါ တယ်ဆိုတဲ့ အချက်နဲ့ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ ကျုပ်ပဲ ဗဟုသုတနည်းလို့လား မသိ ဘူး။ နိုင်ငံတကာမှာ 'လူကြီးဖြစ် သင်တန်း' ရယ်လို့တော့ မကြားမိဖူးဘူး။

မြင်သမျှ ကြားသမျှ

Photo: မြင်သမျှ ကြားသမျှ

ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား

အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။

ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊ ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့် မကောင်းတာအတော်များများမှာ Top Ten ထဲ အမြဲ တစေ ပါနတဲ့ ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။ 

ကမ္ဘာကိုကြော်ငြာပြီး ”တို့နိုင်ငံဟာ လိင်တူချင်းတရားဝင်လက်ထပ်မှုအ များဆုံးနိုင်ငံဟေ့”လို့ ကြွေးကြော်ရဦးမှာလား။ ဒီလိုသာလုပ်ခွင့်ရရင် ထပ်လုပ်ကြမယ့်သူတွေအများကြီးပါ။တရားဥပဒေအရ အရေးယူ ရင်တောင် ကြည့်လုပ်ကြပါဦး။ ”မဟုတ်တာမှန်သမျှ တို့နိုင်ငံက” လို့ ပြောရမှာလား။ စဉ်းစားကြပါဦး။

စီးပွားရေးဆိုတာ လုပ်တတ်မှလား

ဘီလ်ဂိတ်ဟာ ဝန်ကြီးသားမဟုတ်ပါဘူး။ ဘယ်အစိုးရနဲ့မှ မပတ်သက်ပါဘူး။ ဒီလိုဆိုလိုက်တာနဲ့ အားလုံး သဘောပေါက်ပါလိမ့်မယ်။ ဒီမှာကလွဲလို့ ဘယ်နေရာ ဘယ်နိုင်ငံ ကိုပဲ ကြည့်ကြည့်စီးပွားရေးလုပ်ငန်းရှင်တွေ၊ သန်းကြွယ် သူဌေးအတော်များများဟာ သူတို့ကိုယ်ပိုင်အတွေးအခေါ်၊ အကြံအဆ၊ လုပ်ရည်ကိုင်ရည်နဲ့ ဖြစ် လာကြတာ များပါ တယ်။ အဲအချို့သော လွတ်လပ်ခွင့် မရသောနိုင်ငံများကတော့ ကျွန်တော်တို့ နဲ့တူပါတယ်။ တူနိုင်ပါတယ်။ ဒါပေမဲ့ အတော်များများကတော့ ကိုယ်ပိုင် အစွမ်း အ စနဲ့ အောင်မြင်ကြတာချည်းပါပဲ။ ထူးဆန်းတာက ကျွန်တော်တို့ဆီက လူသိရှင်ကြား စီးပွားရေးသမားတွေဟာ အစိုးရလူကြီးများသားများနဲ့ အာဏာပိုင်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်တဲ့ သူတွေချည်းဖြစ်နေတာဟာ စဉ်းစားစရာပါ။

ငွေတွေကို သန်းပေါင်းဘီလျံနဲ့ချီပြီး အလုပ်လုပ်နေကြတာဆိုတော့ ဒီလူကြီးတွေ ဘိုးစဉ်ဘောင်ဆက် ချမ်းသာကြတာလား။ အဲဒီလို ချမ်းသာလာတာမှ မဟုတ်ရင် သူတို့ရ တဲ့လခနဲ့ စုပြီး လုပ်ကြတာလား။ ဒါကလည်း ဖြစ်နိုင်ပါ့မလား။ သူတို့ရတဲ့လခဟာ သူတို့တွေ ပိုင်ဆိုင်မှုရဲ့အပုံတစ်သိန်း၊ အပုံတစ်သန်းပုံတစ်ပုံတောင် မရှိပါဘူး။  (ဆိုပါတော့ သူတို့ရဲ့လခလေး ခြစ်ခြုတ်ပြီး မိသားစု စားဝတ်နေရေးကို ဖြည့်တင်းပြီးပိုတာလေးကို သားသမီးကို ခွဲပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ခိုင်းမယ်ဆို သူတို့ရဲ့ ပိုငွေ ဟာ စီးပွားရေးလုပ်ချင်တဲ့သားသမီးဟာ လက်ဖက်ရည်ဆိုင်ထောင်နိုင်ဖို့မပြောနဲ့ ကွမ်းယာဆိုင်တောင် အနိုင်နိုင်ဖွင့်ရမှာပါ။ ဒါတောင် အဲဒီလောက်ငွေနဲ့ ကွမ်းယာ ဆိုင်ေ တာင်ပစ္စည်းစုံတင်နိုင်မှာ မဟုတ်ပါဘူး။) ဆိုပါတော့ဗျာ။ ကွမ်းယာလေး ရောင်းရုံနဲ့တော့ မြန်မာနိုင်ငံမှာ ဘီလျံနာတော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။

ဒါဆို ဒီငွေတွေ သူတို့ ဘယ်ကရသလဲ။ နိုင်ငံတော်သမ္မတရဲ့လခကမှ မကြာသေးခင်အချိန်ကမှ သိန်းငါးဆယ်ကျော်၊ ဝန်ကြီးတွေရဲ့လခက ဘယ်လောက်လဲ။ သူတို့ရဲ့မိဘ များ ဘယ်လောက်ချမ်းသာခဲ့လဲ။ အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် သူတို့ လခလေးနဲ့ ဘီလျံနာကြီးတွေ ဖြစ်နိုင်ပါ့မလား။ ဒါဆို ဒီငွေတွေ ဘယ်ကရ လာ ရောက် လာတာ လဲ။ ပြောကြပါသေးတယ်။

”ကျွန်တော်တို့သားသမီးတွေက လုပ်တတ်တာကိုးဗျ” ကျွန်တော်ကတော့ ဒီလိုတွေးမိပါတယ်။

”လုပ်တတ်တယ်ဆိုတာက လာဘ်တုပ်တာပေါ့ဗျာ" နော။

တကယ်ကော ပွင့်လင်းပြီလား

တစ်ဆက်တည်း ပြောချင်ပါသေးတယ်။ ”လွတ်လပ်ပွင့်လင်းတဲ့ အချိန်ကို ရောက်လာပါပြီ”ဆိုပြီး အပြိုင်အဆိုင် ပြောနေကြပါတယ်။ တချို့ဆို အပွင့်လင်းလွန်လို့ Foul စကားလုံးတွေကို ကျွံလာကြတာ မနည်းပါဘူး။

”ဒီအချိန်မှာ ဖုံးကွယ်ထားစရာ မရှိတော့ပါဘူး။ အားလုံး ပွင့်ပွင့်လင်း လင်း ပြောကြဆိုကြဖို့ အချိန်ကျပြီ။ ဒါမှ နိုင်ငံတော်ကြီးတိုးတက်မှာ” ”ဒါဆို ပိုင်ဆိုင်မှု အရင်ပြလေ” ဘာလုပ်ရင် ဘယ်လိုလုပ်ရင် တိုး တက်မယ်တွေ ပြောမနေပါနဲ့။ ပိုင်ဆိုင် မှုတွေ ပြပေးလိုက်ရုံနဲ့ တိုးတက်မှုကို ဘယ်လိုလုပ်ရမယ်ဆိုတာ ပွင့်လင်းမြင် သာလာပါလိမ့်မယ်။

လူရွှင်တော်ခေတ် ဆန်းသစ်လာပြန်ပြီလား

ဟာသခေတ်ဆိုတာကို တွန်းရွှေ့ခဲ့တဲ့အထဲမှာ ကျွန်တော်ထိပ်ဆုံးကပါတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။စာပေ၊ ရုပ်ရှင် စသည်များမှာ ဟာသကို လူစိတ်မဝင်စားတော့ တဲ့ အချိန်မှာ ကျွန်တော်က ဟာသဝတ္ထုတွေ ရေးခဲ့၊ ဟာသရုပ်ရှင်တွေ မြောက်မြားစွာ ဖန်တီးခဲ့ပါတယ်။ ပထမတော့ မင်းသားတွေဟာ ရုပ်ရှင်မှာဟာသလုပ်ဖို့ ဝန်လေးကြ တာကြောင့် လူရွှင်တော်တွေကလည်း ခေတ်ဖြစ်လာဖူးပါတယ်။ နောက်ပိုင်း မှာတော့ မင်းသားတွေလည်း အနည်းငယ်ရဲတင်းလာပြီး ဟာသလုပ်ကြပါတယ်။ ဒီတော့ သြဇာပိုကြီး၊ လူချစ်လူခင်ပိုများ၊ ပေါ်ပြူလာပိုဖြစ်တဲ့ မင်းသား တွေဟာသတွေ ကိုယ်တိုင်လုပ်လာတော့ မူလလူရွှင်တော်တွေဟာ ရုပ်ရှင်မှာတိုး မပေါက်ဘဲအငြိမ့်တွေ၊ ဟာ သပြဇာတ်တွေဘက် လှည့်ကုန်ကြပါတယ်။ ရုပ်ရှင်မှာ သူတို့ဈေးကွက်က ပျက်ပြီကိုး။

သိပ်မကြာပါဘူး။ မင်းသားတွေကလည်း ဈေးကွက်အနည်းငယ်ရှိတဲ့ အငြိမ့်တွေ၊ ဟာသပြဇာတ်တွေဘက် ခြေဦးလှည့်လာပြန်ပါတယ်။ ဒီတော့ အင်အားနည်းတဲ့ လူ ရွှင်တော်တွေက နေရာဖယ်ပေးရပြန်ပါ တယ်။ ကျွန်တော်ပြောတာ မယုံရင်ကြည့်ပါ။ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အလုပ်အဖြစ်ဆုံး အငြိမ့်အဖွဲ့ဟာ မင်းသားတွေ၊ နာ မည်ကြီးအဆိုတော်တွေနဲ့ ဖွဲ့ စည်းထားတဲ့ အငြိမ့်အဖွဲ့ပါ။ သူတို့တွေ ချည်း ပွဲချီမြောက်မြားစွာနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ခင်ဗျာ၊ ဟာသပါရမီသိပ် ကောင်းလှတာ မ ဟုတ်ပါဘူး။ ပြက်လုံးကို နှုတ်တိုက်ချပေးမှ ပြက်လုံးကို ဝါးခနဲလူပွဲကျအောင် ပြောနိုင်ကြတာပါ။ အခုတော့ သူတို့ဘဝလေးကို ကျွန်တော်စိုးရိမ်နေမိပါတယ်။

သူတို့က လူရွှင်တော်နေရာကို ဝင်ယူခဲ့သလို သူတို့နေရာကိုဝင်ယူမယ့် လူတွေကိုတွေ့နေရပါပြီ။ သူတို့ထက် ဟာသဥာဏ်ပိုပြောင်မြောက်တဲ့ သူတွေ ကိုတွေ့နေရပါပြီ။ ဘယ်သူမှ သတိမထားမိပေမယ့် ကျွန်တော်က ဟာသသမားဆိုတော့ နောက်ဖြစ်လာမယ့် လူရွှင်တော်တွေကို ကျွန်တော်တွေ့နေမိပါပြီ။စဉ်းစားကြည့်လေ။ ဝန်ကြီးအချို့ နဲ့ လွှတ်တော်အမတ်အချို့သာ လူရွှင်တော်လုပ်ခဲ့ရင် … သူတို့ဘာပြောပြော အုံးခနဲကို ရယ်နေရတာ။

အဘတဲ့လား

ကျွန်တော်တို့ဆီမှာ အများဆုံး ကြားနေရတဲ့စကားပါ။ ဆယ်အိမ်မှူးကစပြီး ဟိုးအဆုံးစွန်ထိကို ကိုယ့်ထက်ကြီး သူကို ‘အဘ’လို့ ခေါ်ကြပါ တယ်။လေးစား သမှုနဲ့ ခေါ် တာလား၊ ဘာအကြောင်းကြောင့် ခေါ်ကြတာလဲ ကျွန်တော်မသိပါဘူး။ တစ်ခါတလေ ဌာနတစ်ခုရောက်ရင်

”ကျွန်တော့်အဘက အဘကိုပြောခိုင်းတယ်။ ဟိုဘက်အဘနဲ့ တိုင်ပင်ပြီး အဘကိုတင်ပြဖို့”စသည်ဖြင့်ပေါ့။

ကျွန်တော်နားလည်တာ ”အဘ ဆိုတာ အဖေလို့ခေါ်တာပါ”
လေးစားလို့ခေါ်တာ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ နောက်အဓိပ္ပာယ်တစ်မျိုးလည်း ထွက်ပါသေးတယ်။

”အဖေဆိုတာ အမေ့လင်ပါ”
ဒါကြောင့် ”အဘလို့ခေါ်လိုက်တိုင်း အမေ့လင်လို့ ခေါ်တာနဲ့ အတူတူပါပဲ”

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား

အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် 
လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ 
အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ 
ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ 
ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။

ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊ 
ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့် မကောင်းတာအတော်များများမှာ 
Top Ten ထဲ အမြဲ တစေ ပါနတဲ့ ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။

မြင်သမျှ… ကြားသမျှ




သစ်မှောင်ခိုတဲ့လား

သတင်းတွေထဲမှာ ”သစ်မှောင်ခို ဖမ်းဆီးရမိ” ဆိုတဲ့ဟာမျိုးတွေ မကြာ ခဏ
တွေ့နေရပါတယ်။ ”မှောင်ခို” လို့ သာသုံးပေမယ့် မှောင်ခိုတွေ မဟုတ်ဘူးခင်ဗျ။
 မော်တော် ကားကြီး၊ ပိုကြီးတဲ့ကားကြီးတွေနဲ့ တရားဝင်နီးနီး သယ်ယူနေကြတာပါ။

ကျွန်တော်နေတဲ့ တောင်ဒဂုံလမ်းမှာဆိုရင် နေ့စဉ်သစ်ကားချည်းပဲ အစီးနှစ်ဆယ်နီးနီး

တွေ့နေ ရပါ တယ်။ ဘယ်ဟာက မှောင်ခိုပြီး ဘယ်လို ဖြစ်မှ တရားဝင်ဆိုတာ
မခန့်မှန်းနိုင်ပါဘူး။

Wednesday, March 19, 2014

ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက်


ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက်
========================

ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက် လူအခွင့်အရေးကို ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန်ကြိုးစားနေကြသည်။

 ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘု ရင့်နိုင်ငံတော် ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ ဂေါလ်ဒေ သ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက် ဦးမြို့ တည် ၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။

 မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ် မှ စစ် သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်း အာရပ် မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ ပတ်ဝန်းကျင် တွင် နေ ထိုင်ကြပါ သည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ် စု အဖြစ် အသိ အမှတ်ပြု ထားပါသည်။ 

ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည် ၌ ပြဿ နာဖ န် တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မ ရှိဘဲ၊ ရခိုင်ပြည်နှင့် ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်း စွာ နေ ထိုင် လာခဲ့ကြသော လူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရ ခိုင် တိုင်းရင်း သား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ 

သို့သော် မိမိကိုမိမိ ရိုဟင် ဂျာ ဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက် လာသော မူဆ လင် ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။ ၁၈၂၅- တွင် ရခိုင်ပြည် ၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆ လင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တား ပါ က နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိက ရုဏ်း ဖြစ် ခဲ့လေသည်။ 

မောင်တောမြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့ မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရ သည်။ ၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့ သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာ ဟိန်း အဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ 

စစ်ရေး အရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့် အရေး ရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်း သတင်းစာတွင် အသက်သွင်းခဲ့သည်။ သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ် သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်  လူမျိုး ဟု ခေါ်ဝေါ် ရန် ဆုံးဖြတ် ခဲ့ကြသည်။ 

ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာ ဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာ သတင်း စာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။ 

၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့ သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့ သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့ သည်။ 

သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။ ၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိ ခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင် များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်း အကျဉ်းဖြစ်သည်။ 

လက်ရှိအဖြစ်အပျက်များနှင့် တိုက်ဆိုင်၍ အောက် ပါ ဆောင်းပါးဖြင့် ချေ ပတင်ပြလိုက်ရပါသည်။ လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ ရိုဟိန်ဂျာ ဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်းMedia များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ 

မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ် ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာကြပါသည်၊၊ မှတ်မိသလောက်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ 

၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်း ဘင်္ဂ လားဒေ့(ခ်ျ) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်း မှုကြောင့် လူ (၂၀၀,၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကို ကမ္ဘာကျော် အောင် နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။ 

၁၉၉၀ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသလိုလို လိမ် လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်း တွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။

 အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ 

ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေးအစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ ထက်ထိလည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ် ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။ 
အစ ပိုင်း တွင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့ နိုင်ငံရေး အရ တိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့ အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟိန်ဂျာဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင် တို့အားလည်း ရိုဟိန်ဂျာ  အမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူ များနှင့် လက်တွဲ တိုက် ပွဲဝင် ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊ 

နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်း သား များ က သူတို့၏လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုများ ကို သိလာရသောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့ ၏ နိုင် ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများ ကိုပါ လုံးဝ အသိ အမှတ်မပြု ဖြစ်လာကြသည်၊၊ 

ယင်းရိုဟိန်ဂျာ အမည် ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း များ ပြု လုပ် လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ်တည်ရေး အပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲ ၀င်မှုများ ပြုလုပ် လာကြပါသည်။

 ယင်းရိုဟိန်ဂျာအမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ ၌ သောင်းနှင့် ချီရောက် ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်း အစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက် ၀င်ရောက်မှုကို စနစ်တကျ တားဆီးမှုပြု လုပ် လာသောအခါယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများ အား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိ ထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။ 

အာစီယံ ထိပ်သီး အစည်းဝေး၌ပင် ယင်းရို ဟိန် ဂျာပြဿ နာသည် နံပါတ်(၁) နေရာရယူထားပြီး ဖြစ်သည်၊၊ ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည်စခန်းများဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကို သုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင်နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင် ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက် လာ မည် ကို စိုးရိမ်၍ဖြစ်သည်၊၊

 နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာ အမည် ခံ များအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေကြသည်ကို တွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီး နောက်ပိုင်းဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးလာကြရသော ဒေသခံ ရခိုင်များ၏ ရှေ့အနာဂတ် အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ 

ယင်းအဓိကရုဏ်းကာလ၌ မူဆလင် များ၏ သတ်ဖြတ် မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက် ဖျက် ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေး အစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သား များ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ ဖူးသေးပေ၊၊ 

ဗမာစစ်အစိုးရ၏ နှိပ်စက်မှုကို ခံနေရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာ ၀င်သက် သက်မှမဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာဝင် များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည်လည်း နည်းမျိုး စုံ ဖိနှိပ်ညှင်းဆဲခံနေရသည်ကို သတိတရား လက်ကိုင်ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာဆိုသူများ၏ အရေးကိုဇောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသော တနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသ အားလုံး ယင်း ရို ဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်သူများ အသတ်ခံရမှု၊ ရပ် ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုနှင့် ရင်ဆိုင်ရမည်။ 

ယင်းအရေးသည် ရခိုင်ပြည်တခုလုံး၊ ဗမာပြည် တစ် ခု လုံးနှင့် အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေ ထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်သားများ ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရ မည်ဖြစ် ပါကြောင်း တင်ပြ လိုက်ပါတယ်။

                                Credit  ==  စနေသား

ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက် လူအခွင့်အရေးကို
ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန်ကြိုးစားနေကြသည်။

၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ
 ဂေါလ်ဒေ သ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ
လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက် ဦးမြို့ တည် ၍ မြောက်ဦးခေတ်ကို
စတင် တည်ထောင်ခဲ့ပါသည်။

Monday, March 17, 2014

သေသူကို သရဏဂုံတင်ခြင်း ပြဿ နာ


    အစိမ်းသေ သေသောသူကို သရဏဂုံတင်လို့ရ -မရနှင့် သူ့ရဲ့အသုဘမှာ ငါးပါးသီလ ခံယူလို့ ရ-မရ သိချင်ပါတယ်။ အကြောင်းအကျိုး ယုတ္တိယုတ္တာ သာဓက ၀တ္ထုလေးတင်ပြပေးပါ ဘုရား။ ကျေးဇူးတင် ပါသည်ဘုရား..
     အထက်ပါ မေးခွန်းရှင်၏ စကားအရ  မည်သည့်နည်းနှင့်သေသူကိုမဆို အလောင်းကို သရဏဂုံတင်လျင် မရနိုင်ပါ၊ နောက် တဖန် သေလွန်သူ၏ အသုဘမှာ ငါးပါးသီလ ခံယူခြင်းသည်လည်း ကျစ်ရစ်သူ မိသားစုများအတွက်သာ ဖြစ်နိုင်ပါသည်၊ သေပြီးသူအတွက် ထူးခြားမလာပါ၊ သို့ပါသော်လည်း ထိုသို့သရဏဂုံတင်ခြင်းသည် ကျန်ရစ်သူမိသားစု၏ မေတ္တာ၊ ကရုဏာ စေတနာတို့ကို ဖော်ပြရာေ ရာက်သဖြင့် အကျိုးယုတ်ခြင်း မရှိသောကြောင့် ပြုလုပ်သင့်သော ကုသိုလ်ဓလေ့တခုဟု ဆိုသင့်ပါသည်။  လိုရင်းတိုရှင်းဖြေလျင် ဒါလောက်ဆို လုံလောက်ပါတယ်၊ ဒါပေမယ့် အကြောင်းရင်းကို အကျိုး အကြောင်း ပြည့်စုံစွာ ရှင်းပြမှ အဆင်ပြေမှာ ဖြစ်တာကြောင့် သိသင့်တာလေးတွေကို ရှင်းပြပါရစေ..
 
သရဏဂုံ အဓိပ္ပါယ်
     ဘယံ သန္တာသံ ဒုက္ခံ ဒုဂ္ဂတိပရိကိလေသံ သရတိ ဟိံသတိ ၀ိနာသေတီ တိ သရဏံ၊
( ကြောက်ခြင်း ထိတ်လန့်ခြင်းသဘောရှိသော ဆင်းရဲများနှင့် အပါယ်သို့ ကျရောက်စေတတ်သော ကိလေသာတို့ကို ညှင်းဆဲတတ်၊ ဖျက်ဆီးသတ်တတ်သောကြောင့် သရဏ ( ကိုးကွယ်ဆည်းကပ်ရာ ) လို့ ခေါ်ဆိုရကြောင်း ) ဂမန-သဒ္ဒါက  မှီဝဲဆည်းကပ်ခြင်း ကပ်ရောက်ခြင်းဆိုတော့ (သရဏ- ဂမန) နှစ်ပုဒ်ကို ပါဠိပျက်အနေဖြင့် သရဏဂုံ လို့ ခေါ်ဆိုကြောင်း  မူလပဏ္ဏာသ အဋ္ဌကထာ ပ-၁၃၆ မှာ ဆိုထားပါတယ်၊ 
 
    ဗုဒ္ဓဘာသာဝင်တယောက်အတွက် ဘ၀မှာ သရဏဂုံဟာ အရေးပါလှပါတယ်၊ ဘုရားဟောဒေ သနာများမှာ သရဏဂုံကို အသက်ထက်ဆုံး တည်မြဲစွာ စောင့်ထိန်းခဲ့လျှင် ကောင်းရာ သုဂတိကို ရောက် နိုင်သလို တမဂ်တဖိုလ်အထိ မျှော်လင့်နိုင် ကြောင်း စသည်ဖြင့် ၀တ္ထုသာဓကတွေ ဟောထားခဲ့တယ်၊ ထိုသရဏဂုံဟာ အသက်ထင်ရှားရှိစဉ်မှာ ဆောက်တည်ထား ပြီးသော်လည်း သေသွားရင်တော့ အလို အလျောက် ပျက်ဆီးသွားပါတယ်၊ လူ့ခန္ဓာကိုယ်မှ သိစိတ်ဝိဥာဉ် မရှိတော့တဲ့ အတွက်ကြောင့် စောင့်ထိန်း မယ် ဆိုတဲ့ စိတ်လဲ မတည်မြဲတော့ပါဘူး ၊ 
 
   အသက်ရှင်စဉ်မှာ တခြားသော အယူဝါဒ ဘာသာကို ပြောင်းလဲကိုးကွယ်ရင်လဲ သရဏဂုံပျက် တတ်ပါ တယ်၊ ထို့ကြောင့် အစိမ်းသေဖြစ်စေ၊ လူကြီးရောဂါဖြင့် မီးစာကုန် ဆီခန်း သေသည်ဖြစ်စေ သေသူကို သရဏဂုံတင်လို့ မရနိုင်ကြောင်းကို ရှေးဦးစွာ  မှတ်သားရပါမယ်။ 
 
     သေသူ၏ အသုဘ၌ ငါးပါးသီလ ခံယူခြင်း ဆိုသည်မှာလဲ ကျန်ရစ်သူတို့က မိမိ၏ ဆွေမျိုးသားချင်းများ ကုသိုလ်ရစေရန် သို့တည်းမဟုတ် သေသူ့အပေါ်တွင် ဘယ်လောက်ချစ်ကြောင်း၊ သံယောဇဉ်ထားကြောင်း၊ စသည်ဖြင့်  မေတ္တာစေတနာ ကရုဏာတို့ကို ဖော်ပြလိုသောကြောင့် ကုသိုလ်လုပ်ကြခြင်း ဖြစ်ရ ကား သေ သူအတွက်တော့ သာဓုခေါ်နိုင်သော ဘ၀ရောက်နေလျင် အကျိုးထူးပါမည်၊ သာဓုမခေါ်ဆိုနိုင်သော ဘ၀သို့ ရောက်နေလျင် အကျိုးမထူးပါ၊ ကျန်ရစ်သူ များမှာတော့ ကုသိုလ်ကောင်းမှုတခု ပြုလုပ်ခွင့် ရသွားပါသည်။ 
 
ဘုရားခေတ်က သာဓက
     ဘုရားရှင်လက်ထက်က ဇာဏုေဿာ   ဏိ ဆိုတဲ့ ပုဏ္ဏားကြီးတယောက်ရှိတယ်၊ ဒေသနာများမှာတော့ အဲဒီပုဏ္ဏားကြီးဟာ ကတ်သီးကတ်သတ် မေးခွန်းများ မေးလေ့ရှိသူလို့ နာမည်ကြီးသပေါ့၊ တနေ့မှာ အဲဒီ ပုဏ္ဏားကြီးက သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့် ရှိ မရှိ ဆိုတဲ့မေးခွန်းကို မေးတယ်၊ အဲဒီအကြောင်းကို ဘုရားရှင်နဲ့ ပုဏ္ဏားကြီးတို့ အပြန်အလှန်မေး-   ဖြေစကား များကို ကြားရရင် နားလည်နိုင်မည် ထင်ပါသည်။ 
 
အရှင်ဂေါတမ သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့်ရှိပါသ လား။
ပုဏ္ဏားကြီး သာဓုခေါ်နိုင်တဲ့ဘ၀ကိုရောက်ရင် အကျိုးခံစားနိုင်ပါတယ်.။
 
ဘယ်လို ဘ၀မျိုးက သာဓုခေါ်နိုင်ပြီး ဘယ်လို ဘ၀မျိုးက သာဓုမခေါ်နိုင်ပါသလဲဘုရား။
     သေခါနီးမှာ စွဲလန်းစိတ်နဲ့သေပြီး မကျွတ်မလွတ်တဲ့ တစ္ဆေ သရဲ ပြိတ္တာ စတဲ့ ဘုံဘ၀ကိုရောက်နေရင်၊ ကိုယ်ကလဲ ကောင်းမှုပြုကာ သူ့ကို ရည်စူးအမျှဝေရင်၊ သူကလဲ ၀မ်းသာစွာ သာဓုခေါ်ရင် အကျိုးခံစားခွင့် ရရှိနိင်ပါတယ်၊ 
သေပြီးနောက် လူ့ပြည်၊ နတ်ပြည်၊ ငရဲပြည်ကို ရောက်သွားသူများ၊ တိရိစ္ဆာန်ဘ၀ကိုရောက်သွားသူများဟာ ကျန်ရစ်သူ များက ဘယ်လိုပင်အမျှဝေသည်ဖြစ်စေ သာဓုမခေါ်နိုင်တော့ပါဘူး၊ 
 
ဒါ ဆိုရင်ဘုရား.. သူတို့က သာဓုမခေါ်နိုင်ရင် ကုသိုလ်လုပ်ပေမယ့် အကျိုးမရှိတော့ဘူးပေါ့..။
အကျိုးမရှိတာ မဟုတ်ပါဘူး၊ ရှိပါတယ် ပုဏ္ဏားကြီး၊ ယခုလက်ရှိသေပြီးသူက သာဓုမခေါ်နိုင်သော် လည်း ဆွေမျိုးတော်ပြီး မကျွတ်မလွတ်သေးတဲ့ဆွေမျိုးတွေ အများကြီး ရှိနေတယ်၊ သူတို့ကလဲ ငါတို့ဆွေ မျိုးတွေ ဘယ်တော့များ ကောင်းမှုပြုပြီး အမျှဝေကြမလဲ .. လို့ စောင့်စား မျှော်လင့်နေကြတယ်၊ ဒါကြောင့် သူတို့ သာဓုခေါ်နိုင်တာကြောင့် အကျိုးရှိပါတယ်..
 
အဲဒီလို ဆွေမျိုးတော်သူတွေ မရှိတော့ဘူး ဆိုရင်ရော ဘုရား ..
ပုဏ္ဏားကြီး ရှည်လျားလှတဲ့  သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးတဲ့သူဆိုတာ မရှိနိုင်ဘူး၊ ဒါကြောင့် ကိုယ်ပြု သမျှ ကုသိုလ်ဟာ အလကားမဖြစ်ပါဘူး လို့ မိန့်တော်မူခဲ့တယ်။ 
 
   တဆက်ထဲတွင် သေပြီးနောက် (၇) ရက်လွန်လျင် (၅) ရက်လွန်လျင် ရက်လည်ဆွမ်းသွပ်၊ ပရိတ်တ ရားတော်နာခြင်း စသည်တို့ကို လူအများစု ယုံကြည်နေကြသည်ကား သေပြီးနောက် တပတ်တိတိ ကျန်ရစ်သူအိမ်သူအိမ်သားတို့၏ ပတ်ဝန်းကျင်မှာ ကျင်လည်နေကြမြဲဖြစ်သည်၊ ရက်လည်ပြီးကာမှ သွားလိုရာ ဘုံဋ္ဌာန၊ ရောက်သင့်ရာဘုံဋ္ဌာန တခုခုသို့ ရောက်ကြရသည်ဟူသော အန္တရာဘ၀ ဒိဋ္ဌိ (ပစ္စုပ္ပန် ဘ၀နှင့် တမလွန်ကြားတွင် ဘ၀တခုရှိနေသေးသည်) ဟူသော မှားယွင်းသော အယူအဆရှိနေသော
ကြောင့် လုပ်ကြခြင်းဖြစ်သည်။ အမှန်တော့ မကျွတ်မလွတ်သေးသော တစ္ဆေ သရဲ ပြိတ္တာတို့ ဖြစ်နေမှ သာ သာဓုခေါ်နိုင်ပြီး ကောင်းကျိုးချမ်းသာများ ခံစား စံစားနိုင်ပါသည်။ 
 
   အထူးအားဖြင့် အစိမ်းသေ ( accident ) တခုခုဖြင့်သေလွန်သူကို စာပေစကားအရ ဥပေစ္ဆေဒက ကံ ဖြင့် သေသူလို့ ဆိုရပါမယ်၊ ထိုသူမျိုးဟာ သေခါနီးတွင် ကြောက်လန့် ထိတ်လန့်ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်သော ဝေဒနာကို ခံစား နေရသဖြင့် ကုသိုလ်ဖြစ်စေမည့် ဘုရားတရားအာရုံကို နှလုံးသွင်းဖို့ ခဲယဉ်းသောကြောင့် ဘ၀ကူး ကောင်းဖို့လည်း ခက်ခဲ ပါလိမ့်မည်။ ထိုသူမျိုးအတွက် အမျှဝေရန် ဧကန်လို အပ်ပါသည်။ 
 
    ဗုဒ္ဓအဘိဓမ္မာအလိုအရ ဒီဘ၀ စုတိစိတ်ကျပြီးလျင် နောက်ဘ၀တွင် ခဏငယ်အနည်းငယ်သာခြားပြီး  ပဋိသန္ဓေနေရသည်ဟု အတိအလင်းဖော်ပြထားသည်၊ ဆိုလိုသည်မှာ မြန်မာပြည်မှာ သေသွားသူသည် အင်္ဂလန်၊ ပြင်သစ် အမေရိကန် စသောဝေးလံသောအရပ်သို့ တခဏချင်း သွားရောက် ၀င်စားနိုင်ပေသည်။ ဥပမာ စိတ်သည် ယခုချက်ချင်း မရောက် ဖူးသေးသော တနေရာကို အာရုံပြုလျင် ချက်ချင်းလက်ငင်း အချိန်မဆိုင်းပဲ ရောက်ရှိနိုင်သောကြောင့်ပင်၊ ထို့အတူ ပဋိသန္ဓေစိတ်သည်လည်း အာရုံပြုမိရာ တနေရာ ရာကို ရောက်နိုင်ပါသည်၊ စိတ်၏ လျင်မြန်ပုံကား ဥပမာပြဖို့ပင် မဖြစ်နိုင် တော့ပါ၊ 
 
     အနှစ်ချုပ်အနေဖြင့် လူတယောက်မှာ သေဆုံးသွားရင် ထိုပုဂ္ဂိုလ် တသက်လုံးဆောက်တည်လာခဲ့တဲ့ သရဏဂုံဟာ အလိုလို ပျက်ဆီးသွားပါတယ်၊ ခံယူနိုင်စွမ်း စိတ်ဝိဥာဉ် မရှိတော့လို့ပါ၊ ကျန်ရစ်သူ မိသားစုများကလဲ ဘာမှ မတတ် နိုင်ကြတော့ဘူး ဆိုတော့ ဒီဘက်ဘ၀မှာ ငါတို့တော့  လက်လွှတ် လိုက်ရပြီ၊ သို့သော်လည်း  ဟိုဘ၀မှာ သတိရလျင် သရဏဂုံဆက်ပြီး ယူပါစေတော့ရယ်လို့ ရည်စူးကာ လူသေကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။
မေတ္တာဖြင့်
( ပန်းကမ္ဘာ)
Date.1.Jun.2012
 http://www.dhammapalace.org/2012/06/blog-post.html

မြန်မာပြည်မှာနေရတာကောင်းတယ်

 

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊
 ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်း
ထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ
ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာမဆလာတွေသုံး၊
ဘာအရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။ ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက်
သဘာဝနဲ့ နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား
တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့
ချန်ထားရတာ။ ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။
အရသာ ရှိလေစွ။

မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့
တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး
အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင်
ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို
ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊ အခါတစ်သောင်းလောက်
 ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။ မော့ပေရော့
လတ်လတ်ဆတ်ဆတ်။