Sunday, March 23, 2014

Body hair တလွဲဆံပင်ကောင်းသူများ


Tint Swe's photo.


(၁) ဆရာခင်ဗျား ကျွန်တော့ အသက် ၃၅ နှစ်ရှိပါပြီ၊ နှုတ်ခမ်းမွေး ကျိုးတို့ကျဲတဲသာ
 ပေါက်ပါတယ်။ အဲဒါ နှုတ်ခမ်းမွေး သန်သန်မာမာပေါက်ချင်လို့ပါ။ ဘာလုပ်ရမလဲခင်ဗျာ။

(၂) ကျွန်တော်တို့ လူသားများရဲ့ခန္ဓာကိုယ် အချို့နေရာတွေမှာ အမွေးအမှင် ထူထဲစွာ
 ပေါက်ရောက်ပေမယ့် အချို့ နေရာ တွေမှာကျတော့ မပေါက်ပါဘူး။
အဲဒါဘာကြောင့်ပါလဲ။ နောက်ပြီးအချို့ အမွေးတွေဟာ အချို့ပေါက်ပေမယ့်
အချို့ လူတွေမှာတော့ မပေါက်ပြန်ဘူး။ ဘယ်လိုအမွေးတွေဟာ လူတိုင်း
 ပေါက်ရောက်ပြီး ဘယ်အမွေးတွေ မပေါက်ပါသလဲ။ လူတစ်ယောက်မှာ
အမွေးအမှင်ဟာ ပဓာနကျပါသလား။

Tint Swe's photo.

 လူတွေမှာ Hair ဆံပင်၊ Vellus hair ကိုယ်မွေးနု၊ ထူးခြားတဲ့အမွေးတွေဆိုပြီး
သုံးမျိုး သုံးစားရှိတယ်။ ပါးစပ်-နုတ်ခမ်း၊ လက်ဖဝါး-ခြေဖဝါး၊ နားနောက်၊ ချက်၊
လိင်အင်္ဂါနေရာတချို့နဲ့ အမာရွတ်နေရာတွေက လွဲရင် အဲဒီအမွေး သုံးမျိုးထဲက
တမျိုးမျိုး ပေါက်နေတယ်။ အထူအပါးတော့ မတူခြားနားကြတယ်။
အရွယ်ရောက်ချိန်လောက်စပြီး ကိုယ်ခန္ဓာမှာ ပေါက်လာတဲ့ အမွေးတွေကို
Body hair လို့ခေါ်သလို Androgens ဆိုတဲ့ ကျားဟော်မုန်းနဲ့ ဆက်စပ်နေလို့
Androgenic hair လို့လဲ ခေါ်တယ်။ ဒီဟော်မုန်းက ကျားရော မပါ ရှိပေမဲ့
 ယောက်ျားတွေမှာ ပိုများတယ်။

ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်















 ကျနော်တို့က မင်းတို့လောက် ပညာမတတ်ကြဘူး။
ဒါပေမဲ့ မင်းတို့ထက် အမျိုးကို ပိုချစ်ကြတယ်လို့ ပြောတာကို ကြားဖူးတယ်။
ဒီစကားကို ဆန်းစစ်ကြည့်ရအောင်ပါ။

၁။ ပညာမတတ်လို့ သူ့ကိုယ်သူ သိမ်ငယ်စိတ် ဝင်နေပုံရတယ်။
၂။ ပညာတတ်အသိုင်းအဝိုင်းကို မျိုးချစ်စိတ်နဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်လိုက်ပုံရတယ်။
၃။ မင်းတို့ပညာတတ်အသိုင်းအဝိုင်းက အမျြိုးကို ငါတို့လောက် မချစ်လို့
 ခေါင်းဆောင်နေရာကို မပေးနိုင်ဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပုံရတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်ထောင်စုစနစ်ကို ငြင်းပယ်ချင်လို့ ပြည်ထောင်စုစနစ်နဲ့
နီးစပ်တဲ့ ဒီမိုကရေစီစနစ်ကို ပယ်ဖျက်ပြီး အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့
ထူထောင်နေခဲ့သည်မှာ ဒီနေ့အထိပါပဲ။

တိုင်းပြည်ရဲ့အနုတ်လက္ခဏာပြ ကြော်ငြာသာဓကတစ်ခု




    ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးအမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက 
““ပြည်ပအိမ်ဖော် အလုပ်”တဲ့ . . .

 ““သြော် . . . ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနုတ်လက္ခဏာပြ
 ကြော်ငြာသာဓက တစ်ခုပါလား””လို့

 စာအုပ်ထုတ်ဝေရေး စာပေတိုက်ကြီး တစ်တိုက်က ကျွန်တော်ရေးခဲ့တဲ့
 ဆောင်းပါးတချို့ကို စုစုစည်းစည်းနဲ့ စာအုပ်တစ် အုပ်ထုတ်မယ်ဆိုတာနဲ့
ဂျာနယ်တွေကို မိတ္တူကူးဆိုင် ယူသွားပြီး မိတ္တူကူးရပါတယ်။ မိတ္တူကူး ဆိုင်ရှေ့က
ခုံတန်းလျား လေးမှာ ထိုင်စောင့်နေရင်း ပတ်ဝန်းကျင် ကို ဟိုငေးသည်ငေးနဲ့
 ငေးနေမိပါတယ်။ မိတ္တူကူးတဲ့ဆိုင်ရဲ့ ဆိုင်နံရံတစ်နေရာ လူ မြင်ကွင်းမှာ
ထင်းခနဲမြင်သာအောင် ကပ်ထားတဲ့ ကြော်ငြာ စာရွက်ကြီး တစ်ရွက်ကို
 တွေ့လိုက်ရပါတယ်။ ဘာကြော်ငြာများ ပါလိမ့်ဆိုပြီး စိတ်ဝင်စားလို့ ထပြီး
ဖတ် ကြည့်လိုက်ပါတယ်။

စိတ်ထဲမှာ မကောင်း စရာကြော်ငြာပါလား။ အသက် ၁၈နှစ်နဲ့ ၂၀ ကြား မိန်းကလေး
 တွေကို အလုပ်ခေါ်တဲ့ ကြော်ငြာဖြစ်နေပါတယ်။ ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံး
အမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက ““ပြည်ပအိမ်ဖော်အလုပ်””တဲ့။
ဆိုလိုချက်တွေကို၊ သတ်မှတ် ချက်တွေကို ဆက်ဖတ် လိုက်ပါတယ်။ ပြည်ပနိုင်ငံမှာ
သွားပြီး အလုပ်လုပ်ရမယ်။ အိမ်ဖော်အလုပ်ကိုပဲ သီးသန့်လုပ်ကိုင်ရမယ်။ တစ်လကို
 မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လစာငွေလည်း ရရှိမယ်တဲ့။ အိမ်ဖော်အလုပ်အတွေ့
အကြုံရှိပြီးသား မိန်းကလေးကို ဦးစားပေးမယ်တဲ့။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့
လိုအပ်တဲ့ တခြားအ ချက်အလက်တွေ ကိုလည်း ရေးထားပါသေးတယ်။ …လူတွေ့စစ်ဆေးမယ့်ရက်ကို တော့ ဖုန်းအဆက်အသွယ်ရပြီးမှ ပြန် ဆက်သွယ်
အကြောင်းကြားမယ်လို့ ဆိုပါ တယ်။

တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လခဆိုတော့လည်း မိန်းကလေး တချို့
 လိုချင်ကြမှာပါ။ ကိုယ့်မြန်မာနိုင်ငံ ထဲမှာ ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ
တစ် နေကုန် ကြိုးစားပြီး အလုပ်လုပ်၊ ပြန်တော့လည်း အလုပ်ရှင်၊ စက်ရုံပိုင်ရှင်
တချို့က လုပ်ခလစာငွေကိုလည်း လျှော့ ပေးချင်ကြတယ်။ အချိန်ပိုကြေးလည်း
 မပေးချင်တဲ့ အလုပ်ရှင်တွေ ရှိနေကြပြန် တယ်။ ပြီးတော့ သက်သာ ချောင်ချိမှု
ခွင့် ယူရက်ကအစ မလိုက်လျောချင်ကြတဲ့ လုပ်ငန်းရှင်တွေလည်း ရှိတယ်။ ကိုယ့်လူမျိုး၊
ကိုယ့်နိုင်ငံ သား မဟုတ်ဘဲ တခြား အိမ်နီးနားချင်းနိုင်ငံ တချို့က ဒီမှာလာပြီး
စက်ရုံကြီးတွေဖွင့်ရင်း ကိုယ့်ပြည်တွင်းက မိန်းကလေး အလုပ်သမားတွေကို ထင်သလို စော်ကားမော်ကား နှိမ့်ချကန့်သတ် ချုပ်ချယ်ပြီး ဒီအလုပ်လေးမှ မလုပ်ရရင် ငတ်တဲ့ကိန်းဆိုက်မှာမို့ တတ်နိုင်သမျှ သည်းခံခေါင်းငုံ့ပြီး လုပ်နေကြရရှာတာကို
 အခွင့်ကောင်း ယူနေတဲ့ လူတန်းစားကလည်း အလုပ်ရှင်လောကမှာ ဒုနဲ့ဒေးမဟုတ်လား။

 ပြည်တွင်းအလုပ်အကိုင်တွေ ထဲမှာ အချိန်ပိုဆင်းရလို့ ညမှောင်တော့မှ ထမင်းချိုင့်လေးဆွဲပြီး ကြုံရာဘတ်စ်ကား လိုင်းကားစီးရင်း အိမ်ပြန်ရရှာတဲ့ မိန်းက လေးတချို့လည်း ရှိနေကြပါတယ်။
ကား မှတ်တိုင်မှာ ကားစောင့်ရင်း ကျီးလန့်စာစားနဲ့ ဘယ်သူကများ ငါ့ကို ထိကပါး ရိကပါး လာစော်ကားမလဲဆိုတာ အကြောက် တရားနဲ့ လှုပ်ရှားသွားလာနေကြရရှာတဲ့ မိန်းကလေး
 တွေလည်း ရှိပါတယ်။ တစ်ခါကဆိုရင် မိန်းကလေးနှစ်ယောက် အလုပ်ကပြန်လာရင်း ကား
မှတ် တိုင်မှာ ညဥ့်နက်သွားတယ်။ ရဲပတ္တရောင် လှည့်ကင်းနဲ့တွေ့တော့ အချိန်မတော်
 မှောင်ရိပ်ခိုမှုဆိုပြီး ပုဒ်မ ၃၀-ဃ နဲ့ အဆွဲခံလိုက်ကြရတယ်။ ရဲအချုပ်မှာ တစ်ည ချုပ်ခံရပြီး
 နောက်နေ့ တရားရုံးကိုရောက်တယ်။ တရားရုံးတ ချို့ရဲ့ ဝေါဟာရရှိပါသေးတယ်။
ဒီလို ၃၀-ဃ ပုဒ်မနဲ့ ရုံးတင်ခံရတဲ့သူတွေကို ပြောတာ ရှိပါသေးတယ်။
““အချိန်မ တော် လမ်းလျှောက်မှု”” တဲ့။ ဒီလိုနဲ့ ထောင်တစ်လကျသွားရရှာတဲ့ သာဓကတွေ
ရှိခဲ့ပါ တယ်။

 နောက်ပြီး မြို့စွန် မြို့ပြင်ရပ်ကွက် တွေကို ညဘက်ပြန်ရသူ မိန်းကလေးတချို့ကျတော့ ကြုံကြဆုံကြရရှာတာတွေ ရှိ ဖူးပါသေး တယ်။ ရိုးရိုးလိုင်းကားတွေ ပြေးဆွဲချိန်ကုန်သွားတဲ့အခါမှာ ကြားကားလို့ ခေါ်တဲ့ ဒိုင်နာလိုမျိုး ကားတွေက ကြား ပေါက် ၀င်ပြေးဆွဲပေးတယ်။ ကျွန်တော် မျက်ဝါးထင်ထင်မြင်ဖူး ကြုံဖူးတာတစ်ခု ပြောပြမယ်။ ကားပေါ်ကို မိန်းကလေးသုံး ယောက် ထမင်းချိုင့်လေးတွေနဲ့ ချွေးတစို စိုကပိုကရို တက်လာကြတယ်။ ညဥ့် နက်ကြားကား တချို့
လူကျပ်ပေမယ့် အဲဒီ ညကျွန်တော်လိုက်လာတဲ့ ဒိုင်နာကားက ထိုင်ခုံ ဟိုဘက်ဒီဘက်
မျက်နှာချင်းဆိုင် ၂ တန်း ရှိတာ။ တစ်တန်းက လူမပြည့်ပါဘူး။ ဒီကလေးမလေးတွေ
ဝင်ထိုင်လို့ ရ ပေမယ့်မထိုင်ဘဲ မတ်တတ်ရပ် နေကြတယ်။ ကျွန်တော်က မနေသာလို့ ““၀င်ထိုင်ကြ လေ””လို့ လှမ်းပြောတော့ မိန်းကလေး တစ်ယောက်က ပြန်ပြောလိုက်တဲ့
စကားကို ခုထိ မမေ့နိုင်သေးဘူး။ ““ဒီကားက ထိုင်စီးသမားဆို ကားခပိုယူတယ် ဦးလေးရဲ့၊
ထပြီးစီးရင် တစ်ရာသက်သာတယ်””တဲ့။ သြော် …ဒီလိုကြားကားမျိုးလည်း သူ့အရပ်နဲ့
သူ့ဇာတ် ရှိနေပါလား ဆိုတာ ကျွန်တော် စိတ်မကောင်းစွာနဲ့ သိခဲ့ရတယ်။ သူတို့ခမျာ
ကားခကအစ ခြိုးခြံချွေတာ ကြရရှာတာကိုး။ မိုးတိုးမတ်တတ်ရပ်ရင်းနဲ့ပဲ နွမ်းလျအိမ်ပြန်
 ကြရရှာပါတယ်။

 ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းပါစေ၊ ပင်ပန်းရ ကျိုး မနပ်တဲ့ လုပ်ငန်းခွင်မျိုးတွေက
အသီးသီး အသက ပြန်လာကြရတဲ့ လူတို့လေးတွေရဲ့ အခြေအနေကို ဘယ်လို
လူတန်းစားမျိုးတွေက တာဝန်ယူကူညီမှုပေး ကြမှာလဲ။ တချို့မိန်းကလေးတွေ
ကျတော့လည်း ကိုယ့်မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်ကိုင်လာခဲ့ကြတဲ့
လုပ်ငန်းမျိုးကို အစိုးရပိုင်းက ဖျက်သိမ်းဖယ်ရှား ပစ်တာ ခံလိုက်ရလို့ လတ်တလောမှာ
ဘာလုပ်ကိုင်စားလို့ စားရမယ်မှန်း မသိ ကြသေးတဲ့ မိန်းကလေးတွေလည်း ရှိပါ တယ်။
 ယောင်ချာချာနဲ့ စိတ်ထွေတလာ ဝေဒနာကိုယ်စီအရင်းတည်ရင်း ကိုယ့်တစ် ကိုယ်ရေပဲ
ဖြစ်ဖြစ်၊ မိသားစု စားဝတ်နေ ရေးပြဿနာကိုပဲဖြစ်ဖြစ် ဘယ်ပုံဘယ်နည်း ဖြေရှင်းကြရမလဲ
ဆိုတာ ဦးတည်ရာကင်းမဲ့ သွားတဲ့ မိန်းကလေးတွေလည်း ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာပဲ အသင်္ချေအနန္တပါ။

ကိုယ်ဘာဝါသနာပါလဲ၊ ကိုယ်ဘာ လုပ်တတ်လဲ၊ ကိုယ့်ဆန္ဒနဲ့ ကိုယ့်ရည်မှန်းချက်က
ဘာလဲဆိုတာတွေက (လုံးဝ)သာမည အဆင့်ကို ကျဆင်း သွားပြီး လတ်တလော စားဝတ်နေရေးကျပ်တည်းမှုကို ကြုံသလို ကျပန်းမြေစမ်းခရမ်းပျိုး သို့တည်းမဟုတ်
ဆင်ကန်းတောတိုး သဘောမျိုးပဲ ဖြေရှင်း လိုက်တာ ကောင်းပါတယ်လေဆိုတဲ့
အ တွေးတွေက အဓိကဖြစ်သွား တတ်ပြန်တဲ့ မိန်းကလေးတွေလည်း ရှိနေကြပါတယ်။

အဲဒီလိုဝေေ၀၀ါးဝါးမှာပဲ ငွေများရင် အဆင် ပြေတာပေါ့ ဆိုတဲ့ လမ်းကြောင်းနောက်
 ကောက်ကောက်ပါအောင် သူတစ်ပါး ဆွဲဆောင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်က လိုက်ပါစီးမျောချင်လို့ပဲဖြစ်ဖြစ် အိပ်မက် သစ်တစ်ခုဆီကို ဦးတည်ရွေ့လျားသွားကြရှာတဲ့ မိန်းမသားများလည်း ရှိနေကြပါ တယ်။ တချို့ဆို တကယ့်ကို ကျောင်းနေ ပျော်ပြီး စာတော်ရမယ့်အရွယ်ကောင်းက လေးတွေပေါ့။ ထားပါတော့။ ပြည်ပနိုင်ငံ တစ်ခုကို ပျံသန်းနေတဲ့ လေယာဉ်ကြီးတစ် စီးရဲ့ ခရီးစဉ်တစ်ခုတည်းမှာတောင် လိုက်ပါသွားကြတဲ့ ကျွန်တော်တို့ နိုင်ငံက နိုင်ငံသူလေးတွေရဲ့ အခြေအနေချင်းက မမျှမတ လုံးဝမတူညီကြပါဘူး။
တချို့က မိဘ တတ်နိုင်လို့ ပြည်ပမှာ ပညာရှာ ကျောင်းသွားတက်ကြရမယ့် ပျိုရွယ်
သူ လေးတွေလေ။ တချို့ ကတော့ သူများနိုင်ငံ မှာ ““ကျွန်သွားခံကြရရှာတော့မယ့်””
မျက် စိသငယ်၊ နားသငယ်လေးတွေပေါ့။

““အိမ်ဖော်””အလုပ်ဆိုတာ တစ်နည်း အားဖြင့် စကားရိုင်းရိုင်းနဲ့ဆိုရရင် သူတစ်ပါးအိမ်မှာ
သူတစ်ပါးရဲ့ စိတ်အထာအာသာ ဆန္ဒပြည့်ဝအောင် သူတစ်ပါးအလိုကျ ကိုယ်က လခစား
အနေနဲ့ သွားပြီး သူတစ် ပါးစိတ်နဲ့ ကိုယ့် ခန္ဓာကိုယ်ဆိုသလို ““ကျွန်သွားခံ”” နေကြရရှာ
တာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ ဘ၀လုံခြုံ မှုဆိုတာက ပြည်ပမှာ
 ကျောင်းသွားတက် တဲ့ မိန်းကလေးတွေလောက်တော့ ဘယ်လိုလုပ်ပြီး စိတ်ချရပါ့မလဲ။

သူတို့အပေါ်မှာ တာဝန်ယူမှုက တော်တော့်ကို စိတ်မချရတဲ့ အဆင့်မှာရှိတယ်လေ။
ကျွန်တော်တော့ စိတ်ထဲမှာ တကယ့်ကိုမကောင်းဘူး။ သားသမီးချင်း၊ မြေးချင်းလည်း
ကိုယ်ချင်းစာတယ်။ မိတ္တူဆိုင် မျက်နှာစာနံရံပေါ်က  ““အိမ်ဖော်”” အခေါ် ကြော်ငြာ
လေးကို ငေး ကြည့်ရင်း
““သြော် …ကျွန်တော်တို့တိုင်း ပြည်ရဲ့အနုတ် လက္ခဏာပြ ကြော်ငြာသာဓကတစ်ခုပါလား””လို့
 တွေးနေမိကြောင်း ပါခင်ဗျား။

ဆောင်းဝင်းလတ်
Myanmartandawsint Newspaper

သစ်ထူးလွင်

ပြည်တွင်းနေ ဘာသာခြားများ သိစေရန်

ပြည်တွင်းနေ ဘာသာခြားမိတ်ဆွေတွေကိုလည်း
ပြောချင်ပါတယ်။
ခင်ဗျားတို့တွေ ကျုပ်တို့ဘာသာတူချင်း
ဘာသာရေးအစွန်းရောက်တွေကို ပြောဆိုကြတာတွေ့လိမ့်မယ်။

ဒါဟာ ဘာသာရေးအစွန်းရောက်ရင်
ဘယ်သူ့ကိုမှ မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။

ခဏခဏ ပေးဖြစ်တဲ့ ဥပမာကို ထပ်ပေးဦးမယ်။

Saturday, March 22, 2014

"အသုဘအလောင်းကိစ္စ ရှင်းတမ်း "




******************************
ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . 
အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများပင်ဖြစ်တော့သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။

**ပြောရမှာခက်တယ်**

**ပြောရမှာခက်တယ်**
=================
မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်
သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို
ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး…..
“လူနာရော”
“အခန်းထဲမှာ”
“ရှင် အပြင်မှာနေနော်”
“ဟုတ်ကဲ့”
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး
“ကျောက်လှည့်ရှိရင် အမြန်ပေးပါ”

“ဟုတ်”

ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး

ပြန်ထွက်လာတယ်။

“ပလာယာပါလို ချင်တယ်”

“ဟုတ်”

တစ်မိနစ်လောက်ကြာတော့

“စို့ နဲ့ တူသာပေးပါတော့”

ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-

“ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား”

“မပြောတတ်သေးဘူးရှင့် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ “
#ရှမ်းကလေး (စိတ်ကျန်းမာရေး) 
 
 
 
 
 
 
 
 
 
 
 
 
မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်သောကြောင့် ယောက်ျားဖြစ်သူက
ဆရာဝန်ကို ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး…..

“လူနာရော”
 
“အခန်းထဲမှာ”
 
“ရှင် အပြင်မှာနေနော်”
“ဟုတ်ကဲ့”
 
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး

မြန်မာစစ်တပ် ရာထူးအဆင့်အခေါ်အဝေါ်များ


မြန်မာစစ်တပ် ရာထူးအဆင့်အခေါ်အဝေါ်များ
=========================

(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Commander in Chief of Defense Services

(၂) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Deputy Commander in Chief of Defense Services

(၃) ကာကွယ်ရေး ဦးစီးချုပ် Commander in Chief (Army)

(၄) ကာကွယ်ရေး ဦးစီးချုပ် (ရေ) Commander in Chief (Navy)

(၅) ကာကွယ်ရေး ဦးစီးချုပ် (လေ) Commander in Chief (Air)

(၆) စစ်ရေးချုပ် Adjutant General

(၇) စစ်ထောက်ချုပ် Quartermaster General

(၈) တပ်မတော်စစ်ဆေးရေး အရာရှိချုပ် Defense Services Inspector General

(၉) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် Chief of Armed Forces Training

(၁ဝ) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် Military Affairs Security (Chief)

(၁၁) စစ်ဦးစီးအရာရှိချုပ် (ကြည်း) Chief of Staff (Army)

(၁၂) စစ်ဦးစီး အရာရှိချုပ် (ရေ) Chief of Staff (Navy)

(၁၃) စစ်ဦးစီး အရာရှိချုပ် (လေ) Chief of Staff (Air)

(၁၄) စစ်ရာထူးခန့်ချုပ် Military Appointments General

(၁၅) စစ်ဥပဒေချုပ် Judge Advocate General

(၁၆) တွဲဖက်စစ်ရေးချုပ် Vice Adjutent General

(၁၇) တွဲဖက် စစ်ထောက်ချုပ် Vice Quartermaster General

(၁၈) တပ်မတော် တပ်ထိန်းချုပ် Provost Marshal

(၁၉) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး Director of Ordinance

(၂ဝ) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး Director of Military Enginerring

(၂၁) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး Director of Medical Services

(၂၂) ဆက်သွယ်ရေး ညွှန်ကြားရေးမှူး Director of Signal

(၂၃) ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး Director of Defense Services Procurment

(၂၄) ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး Director of People Militias and Frontier Forces

(၂၅) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး Director of People Relation and Psychological Welfare

(၂၆) ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး Director of Resettlement

(၂၇) လေ့ကျင့်ရေး ညွှန်ကြားရေးမှူး Director of Military Training

(၂၈) သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Armor

(၂၉) အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Artillery

(၃ဝ) တိုင်းမှူး Command Commander

(၃၁) တပ်မမှူး Division Commander

(၃၂) စစ်ဗျူဟာမှူး Tectical Operation Command

(၃၃) လက်ထောက်စစ်ဥပဒေချုပ် Assistant Judge Advocate General

(၃၄) တပ်ရင်းမှူး Commanding Officer

(၃၅) ဒုတိယ တပ်ရင်းမှူး Second in Command

(၃၆) စစ်ဦးစီးအရာရှိ (ပထမတန်း) General Staff Officer Grade I

(၃၇) စစ်ဦးစီးအရာရှိ (ဒုတိယတန်း) General Staff Officer Grade II

(၃၈) စစ်ဦးစီးအရာရှိ (တတိယတန်း) General Staff Officer Grade III

(၃၉) တပ်ရေးဗိုလ်ကြီး Adjutant

(၄ဝ) တပ်ထောက်ဗိုလ်ကြီး Quarter Master

(၄၁)ထောက်လှမ်းရေးအရာရှိ Intelligence Officer

(၄၂) ဆက်သွယ်ရေးအရာရှိ Signal Officer

(၄၃) ဆေးမှူး Medical Officer

(၄၄) ဆေးလက်ထောက် အရာခံဗိုလ် Medical Assistant

(၄၅) တပ်ရင်းတပ်ထောက် အရာခံဗိုလ် Regimental Quarter Master Sergeant

(၄၆) ရုံးအုပ်ကြီး Head Clerk

(၄၇) တပ်ကြပ်ကြီးစာရေး Sergeant Clerk

(၄၈) တပ်စာရင်းကိုင် Unit Accountant

(၄၉) ဗိုလ်လောင်း Cadet

(၅ဝ) အလုပ်သင်ဗိုလ် Apprentice

***********************

(၁) ဗိုလ်ချုပ်မှူးကြီး Senior General

(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး Vice Senior General

(၃) ဗိုလ်ချုပ်ကြီး General

(၄) ဒုတိယ ဗိုလ်ချုပ်ကြီး Lieutenant General

(၅) ဗိုလ်ချုပ် Major General

(၆) ဗိုလ်မှူးချုပ် Brigadier General

(၇) ဗိုလ်မှူးကြီး Colonel

(၈) ဒုတိယ ဗိုလ်မှူးကြီး Lieutenant Colonel

(၉) ဗိုလ်မှူး Major

(၁ဝ) ဗိုလ်ကြီး Captain

(၁၁) ဗိုလ် Lieutenant

(၁၂) ဒုတိယ ဗိုလ် Second Lieutenant

(၁၃) အရာခံ ဗိုလ် Warrant Officer I

(၁၄) ဒုတိယအရာခံ ဗိုလ် Warrant Officer II

(၁၅) တပ်ခွဲ တပ်ကြပ်ကြီး Quarter Master Sergeant

(၁၆) တပ်ကြပ်ကြီး Sergeant

(၁၇) တပ်ကြပ် Corporal

(၁၈) ဒုတပ်ကြပ် Lance Corporal

(၁၉) တပ်သား Private

(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
     Commander in Chief of Defense Services
(၂) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
     Deputy Commander in Chief of Defense Services
(၃) ကာကွယ်ရေး ဦးစီးချုပ် Commander in Chief (Army)
(၄) ကာကွယ်ရေး ဦးစီးချုပ် (ရေ) Commander in Chief (Navy)
(၅) ကာကွယ်ရေး ဦးစီးချုပ် (လေ) Commander in Chief (Air)
(၆) စစ်ရေးချုပ် Adjutant General
(၇) စစ်ထောက်ချုပ် Quartermaster General
(၈) တပ်မတော်စစ်ဆေးရေး အရာရှိချုပ် Defense Services Inspector General
(၉) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် Chief of Armed Forces Training
(၁ဝ) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် Military Affairs Security (Chief)
(၁၁) စစ်ဦးစီးအရာရှိချုပ် (ကြည်း) Chief of Staff (Army)
(၁၂) စစ်ဦးစီး အရာရှိချုပ် (ရေ) Chief of Staff (Navy)
(၁၃) စစ်ဦးစီး အရာရှိချုပ် (လေ) Chief of Staff (Air)
(၁၄) စစ်ရာထူးခန့်ချုပ် Military Appointments General

(၁၅) စစ်ဥပဒေချုပ် Judge Advocate General
(၁၆) တွဲဖက်စစ်ရေးချုပ် Vice Adjutent General
(၁၇) တွဲဖက် စစ်ထောက်ချုပ် Vice Quartermaster General
(၁၈) တပ်မတော် တပ်ထိန်းချုပ် Provost Marshal
(၁၉) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး Director of Ordinance
(၂ဝ) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး Director of Military Enginerring
(၂၁) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး Director of Medical Services
(၂၂) ဆက်သွယ်ရေး ညွှန်ကြားရေးမှူး Director of Signal
(၂၃) ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး Director of Defense Services Procurment
(၂၄) ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး
        Director of People Militias and Frontier Forces
(၂၅) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး
       Director of People Relation and Psychological Welfare
(၂၆) ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး Director of Resettlement
(၂၇) လေ့ကျင့်ရေး ညွှန်ကြားရေးမှူး Director of Military Training
(၂၈) သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Armor
(၂၉) အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Artillery
(၃ဝ) တိုင်းမှူး Command Commander
(၃၁) တပ်မမှူး Division Commander
(၃၂) စစ်ဗျူဟာမှူး Tectical Operation Command
(၃၃) လက်ထောက်စစ်ဥပဒေချုပ် Assistant Judge Advocate General
(၃၄) တပ်ရင်းမှူး Commanding Officer
(၃၅) ဒုတိယ တပ်ရင်းမှူး Second in Command
(၃၆) စစ်ဦးစီးအရာရှိ (ပထမတန်း) General Staff Officer Grade I
(၃၇) စစ်ဦးစီးအရာရှိ (ဒုတိယတန်း) General Staff Officer Grade II
(၃၈) စစ်ဦးစီးအရာရှိ (တတိယတန်း) General Staff Officer Grade III
(၃၉) တပ်ရေးဗိုလ်ကြီး Adjutant
(၄ဝ) တပ်ထောက်ဗိုလ်ကြီး Quarter Master
(၄၁)ထောက်လှမ်းရေးအရာရှိ Intelligence Officer
(၄၂) ဆက်သွယ်ရေးအရာရှိ Signal Officer
(၄၃) ဆေးမှူး Medical Officer
(၄၄) ဆေးလက်ထောက် အရာခံဗိုလ် Medical Assistant
(၄၅) တပ်ရင်းတပ်ထောက် အရာခံဗိုလ် Regimental Quarter Master Sergeant
(၄၆) ရုံးအုပ်ကြီး Head Clerk
(၄၇) တပ်ကြပ်ကြီးစာရေး Sergeant Clerk
(၄၈) တပ်စာရင်းကိုင် Unit Accountant
(၄၉) ဗိုလ်လောင်း Cadet
(၅ဝ) အလုပ်သင်ဗိုလ် Apprentice
***********************
(၁) ဗိုလ်ချုပ်မှူးကြီး Senior General
(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး Vice Senior General
(၃) ဗိုလ်ချုပ်ကြီး General
(၄) ဒုတိယ ဗိုလ်ချုပ်ကြီး Lieutenant General
(၅) ဗိုလ်ချုပ် Major General
(၆) ဗိုလ်မှူးချုပ် Brigadier General
(၇) ဗိုလ်မှူးကြီး Colonel
(၈) ဒုတိယ ဗိုလ်မှူးကြီး Lieutenant Colonel
(၉) ဗိုလ်မှူး Major
(၁ဝ) ဗိုလ်ကြီး Captain
(၁၁) ဗိုလ် Lieutenant
(၁၂) ဒုတိယ ဗိုလ် Second Lieutenant
(၁၃) အရာခံ ဗိုလ် Warrant Officer I
(၁၄) ဒုတိယအရာခံ ဗိုလ် Warrant Officer II
(၁၅) တပ်ခွဲ တပ်ကြပ်ကြီး Quarter Master Sergeant
(၁၆) တပ်ကြပ်ကြီး Sergeant
(၁၇) တပ်ကြပ် Corporal
(၁၈) ဒုတပ်ကြပ် Lance Corporal
(၁၉) တပ်သား Private

Myanmar Pyi Thar