Thursday, October 24, 2013

“ မေတ္တာနှလုံး အစဉ်သုံး ”

အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ -
မိမိရော မိမိနဲ့ဆက်ဆံနေကြရတဲ့ ပတ်ဝန်းကျင်က
လူတွေအားလုံးဟာမေတ္တာနှလုံးအစဉ်သုံးပြီး နေထိုင်
သွားကြမယ်ဆိုရင်ကမ္ဘာလောကကြီး တစ်ခုလုံး
ငြိမ်းချမ်းသာယာနေမှာ ဖြစ်ပါတယ်။

- ဒီကနေ့ခေတ်ကြီးမှာ အားလုံးကို ခြုံကြည့်
လိုက်မယ်ဆိုရင် မေတ္တာတရားခြောက်ခန်း
လာတာကို တွေ့ရမှာဖြစ်တယ်။ ဒီလို မေတ္တာ
တရားတွေလျော့ပါးလာသည့်အတွက်ကြောင့်
မေတ္တာဓာတ်တွေ နည်းပါးလာသည့်အတွက်ကြောင့်
ကမ္ဘာကြီးပူနွေးလာရတာကလည်း ဖြစ်ကောင်း
ဖြစ်နိုင်ခြေပိုများတယ်။

- အိုဇုန်းလွှာကြီးပေါက်လို့ ဆိုတာတွေက
ပြင်ပိုကြည့်ပြီး ပြောတာဖြစ်တယ်။တကယ်တော့
သတ္တ၀ါတွေရဲ့နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ
ခန်းခြောက်လာလို့ သတ္တ၀ါတွေရဲ့ ခန္ဓာကထွက်တဲ့
ပူလောင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့အရာတွေဟာ
အပူတွေချည်းပဲ ဖြစ်တယ်။

- ဒါကြောင့်မို့လို့ လူတွေရဲ့စိတ်အစဉ်ငြိမ်းချမ်းစေဖို့
မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်တယ်။ ”

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )

Young Buddhist's Association

No comments:

Post a Comment