Friday, October 25, 2013

သူတို့ စကား

“တကယ့်..အကြင်နာဆိုတာ..နောက်ထပ်..ဘယ်တော့မှ..
ရှာမတွေ့နိုင်တော့တဲ့..တစ်စုံတစ်ယောက်အတွက်..ပေးလိုက်ရတဲ့..
ကောင်းမြတ်မှု..တစ်ခုခုပါပဲ..။”

( ဖရန့်အေကလပ်..)


Kyaw Soe Linn

သူတို့ ပြောစကား

“လူကြီးလူကောင်းတစ်ယောက်ကို..နောက်ဆုံးစမ်းသပ်..စစ်ဆေးတဲ့နည်း..
တစ်ခုရှိတယ်..။

အဲဒါကတော့..သူ့အတွက်..တန်ဖိုးမရှိတဲ့..လူတစ်ယောက်ပေါ်ထားတဲ့.. 
သူ့ရဲ့ လေးစားမှုပါပဲ..။”

( ၀ီလျံလီယွန်ဖဲ့လ်..)

ဗိုလ်ချုပ်ပြောကြား..ဗိုလ်ချုပ်စကား..( ၃ )

တပ်မတော်ရဲ့တာဝန်က..ဘာလဲ..။
ဗမာနိုင်ငံနဲ့လူမျိုးကို..ကာကွယ်ဖို့ပဲ..။ ဒီတပ်မတော်ဟာ..ဒီနိုင်ငံ..ဒီလူမျိုး..၊
ဒီလူမျိုးရဲ့..ကိုးကွယ်..လဲလျောင်း..ဆည်းကပ်ရာ..ဆိုတဲံ့အနေထားမျိုး..ဖြစ်ရမယ်..။

ဒီလိုမဟုတ်ဘဲ..ဒီတပ်မတော်ဟာ..နိုင်ငံသူ..နိုင်ငံသားတွေရဲ့..
စိတ်မှာ..အော့နှလုံးနာစရာ..ဖြစ်မယ်ဆိုရင်..ဒီတပ်မတော်ရဲ့..
တည်ထောင်..ထားတဲ့ရည်ရွယ်ချက်ဟာ..အလကားပဲ..ဖြစ်မယ်..။

(ဗိုလ်ချုပ်အောင်ဆန်း..)

( ၃၁-၁-၁၉၄၄။ စစ်ကြပ်သင်တန်းဘွဲ့နှင်းအပ်ပွဲ..မိန့်ခွန်းမှ..)

“ဗိုလ်ချုပ်ပြောကြား..ဗိုလ်ချုပ်စကား..( ၂ )”


Photo: “ဗိုလ်ချုပ်ပြောကြား..ဗိုလ်ချုပ်စကား..( ၂ )”

-ဗမာ့လွတ်လပ်ရေးတပ်မတော်သည်..အုပ်ချုပ်ရေး..
 နိုင်ငံရေးနှင့်ပတ်သက်၍..အလျဉ်းစွတ်ဖက်ခြင်းပြုမည်မဟုတ်..။
ဗမာ့လွတ်လပ်ရေး..တပ်မတော်ဗိုလ်များနှင့်..တပ်သားများသည်..
ပါတီနိုင်ငံရေး..အုပ်ချုပ်ရေးကိစ္စများနှင့်..ပတ်သက်၍..
ပါဝင်စွတ်ဖက်ခြင်း..အလျဉ်းမရှိစေရ..။
ပါဝင်စွတ်ဖက်သော..တပ်ဗိုလ်များနှင့်..
တပ်သားများအား..တင်းကျပ်စွာ.အပြစ်ပေးလိမ့်မည်..ဖြစ်ကြောင်း..။

(ဗိုလ်ချုပ်အောင်ဆန်း)

(၅-၆-၁၉၄၂။ဗိုလ်တေဇ..၊အထက်ဗမာပြည်ချီတက်တိုက်ခိုက်ရေး.. 
တပ်မတော်မှူးချုပ်..မိန့်ခွန်းမှ..)ဗမာ့လွတ်လပ်ရေးတပ်မတော်သည်..
အုပ်ချုပ်ရေး..နိုင်ငံရေးနှင့်ပတ်သက်၍..
အလျဉ်းစွက်ဖက်ခြင်း ပြုမည်မဟုတ်..။

ဗမာ့လွတ်လပ်ရေး..တပ်မတော်ဗိုလ်များနှင့်..တပ်သားများသည်..
ပါတီနိုင်ငံရေး..အုပ်ချုပ်ရေးကိစ္စများနှင့်..ပတ်သက်၍..
ပါဝင်စွက်ဖက်ခြင်း..အလျဉ်းမရှိစေရ..။
 
ပါဝင်စွက်ဖက်သော..တပ်ဗိုလ်များနှင့်.. တပ်သားများအား
တင်းကျပ်စွာ.အပြစ်ပေးလိမ့်မည်..ဖြစ်ကြောင်း..။

(ဗိုလ်ချုပ်အောင်ဆန်း)

(၅-၆-၁၉၄၂။ဗိုလ်တေဇ..၊အထက်ဗမာပြည်ချီတက်တိုက်ခိုက်ရေး..
တပ်မတော်မှူးချုပ်..မိန့်ခွန်းမှ..)

“ဗိုလ်ချုပ်ပြောကြား..ဗိုလ်ချုပ်စကား..( ၁ )”


“ဒီတပ်မတော်ဟာ..
လူတစ်ဦး..တစ်ယောက်အတွက်...
တည်ထောင်ထားတာ..မဟုတ်ဘူး..။
တစ်နိုင်ငံလုံး..တစ်မျိုးသားလုံး..အတွက်ဖြစ်တယ်..။
 
ဒီတပ်မတော်ဟာ..တစ်ဖွဲ့..တစ်ပါတီ..
လူတစ်စုအတွက်..
တည်ထောင်ထားတာ..မဟုတ်ဘူး..။
တစ်မျိုးသားလုံးအတွက်..ဖြစ်တယ်..။

စစ်တပ်ဟာ..နိုင်ငံရဲ့..အစေခံဖြစ်ရမယ်..။
နိုင်ငံဟာ..စစ်တပ်ရဲ့..အစေခံ..မဖြစ်ရဘူး..။”

ဗိုလ်ချုပ်အောင်ဆန်း..
(၁၃-၃-၁၉၄၄..၊ တပ်မတော်စစ်ကျောင်း..ခြေလျှင်တပ်ဗိုလ်သင်တန်းဆင်းပွဲ..မိန့်ခွန်းမှ..)
 

“မဖြစ်နိုင်ဘူးဆိုတဲ့စကား..ငါ့အဘိဓာန်မှာ..ရှိတယ်..( ၃ )”

(အချိန်နှစ်မိနစ်ခန့်ပေးပြီး..ဖတ်ရှုပေးပါရန်..)

“ပညာရှိတစ်ဦးဟာ..မဖြစ်နိုင်တာတွေကို..ဘယ်တော့မှ..  ဖြစ်လာအောင်..အားထုတ်မှု..မပြု..။”
- ( မက်ဂျာ )

အခန်း..( ၃ )
 
ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်..။ ရှေးရှေးတုန်းက..ဘာညာပြည်ကြီးမှာ.. ဘာမှန်းမသိတဲ့..မင်းကြီးးက..
ဘယ်လိုမှန်းမသိတဲ့..အမိန့်တွေချမှတ်ပြီး..ဘာညာပြည်ကို..အုပ်ချုပ်ပါတယ်...။

အဲဒီမှာလည်း..ဘာညာအမတ်တွေလည်း..ရှိပါတယ်..။ မင်းကြီးက..လွှတ်တော်တွေခေါ်ပြီး..အရေးကြီးတဲ့..
အဆုံးအဖြတ်တွေ..ချမှတ်လေ့ရှိပါတယ်..။

ဥပမာ-“ငါးမြစ်ချင်းဟာ..အရိုးများသလား..အသားများသလား..”ဆိုတာတို့..၊ 
နေ့ခင်းဘက်..ကော်ဖီသောက်တဲ့အခါ.. “စူပါနဲ့ပရီးမီးယား..ဘယ်ဟာက..ပိုကောင်းသလဲ..” ဆိုတာတို့ပေါ့ဗျာ..။

တစ်နေ့တော့..လွှတ်တော်အမတ်ကြီးတစ်ယောက်က.. မင်းကြီးဆီကို..အစီရင်ခံစာတစ်စောင်ပို့တယ်..။ အဲဒီ..အစီရင်ခံစာက.. “အဖွဲ့ချီးပုံ” နဲ့..ပတ်သက်တဲ့..အစီရင်ခံစာပါပဲ..။

ဒီ..အဖွဲ့ချီးပုံဆိုတာကလည်း..ဒီဘာညာမင်းကြီးရဲ့အဖေ..ဟိုလို..ဒီလို..မင်းတရားကြီး..လက်ထက်က.. အမွေတစ်ခုပေါ့ဗျာ..။ ဒါနဲ့..မင်းကြီးလည်း..အမြန်ဆုံး..လွှတ်တော်ခေါ်ပြီး.. ဒီ..“အဖွဲ့ချီးပုံကြီး”ဟာ.. “နံသလား”..“မနံသလား”..“ကြုံးသင့်သလား..”

“မကြုံးသင့်ဘူးလား”..စသဖြင့်..ငြင်းခုံကြ..ပြောဆိုကြပေါ့ဗျာ..။ ဟိုလို..ဒီလို..မင်းတရားကြီး..လက်ထက်က
ကျန်ခဲံ့တဲ့..သက်တော်ရှည်.. ဟိုယောင်..ဒီယောင်အမတ်တွေကလည်း..Air conခန်းထဲမှာ..နှာစေးနေပြီး..
“ဒီအဖွဲ့ချီးပုံကြီးက..မနံပါဘူး..။မကြုံးသင့်ပါဘူး..ဘုရား”..လို့. .လျှောက်တင်ကြတယ်..။

ဒီဘာညာမင်းကြီးလက်ထက်မှာပဲ..ပေါ်လာတဲ့.. အမတ်တွေကတော့..
“အာ..တော်တော်နံပါတယ်..။အဖွဲ့ချီးပုံကြီးကို..ကြုံးသင့်ပါတယ်”...စသဖြင့်အဆိုပြုကြပါတယ်..။
နောက်ဆုံး..ရှေးထုံးအတိုင်း..ဒီလွှတ်တော်ထဲမှာ.. ဘောလီဘောပုတ်..ဆုံးဖြတ်ကြဖို့..သဘောတူလိုက်ကြပါတယ်..။
 
နောက်..ဘာဆက်ဖြစ်သလဲတော့မသိတော့ဘူးဗျာ..။ ဘာလို့ဆိုတော့.. ပုံပြင်စာအုပ်ရဲ့..နောက်ပိုင်းစာရွက်
တွေက..ပြုတ်ပြီး..ပါမလာလို့ပါပဲ..။ ထားပါတော့..။ ကျွန်တော့်..ပွင့်လင်းမြင်သာစေတာကတော့.. ဒီ..အဖွဲ့ချီးပုံကြီးက..အများပြည်သူတွေကို.. ကျန်းမာရေးထိခိုက်စေတာတော့..အတိအကျပါပဲဗျာ..။
နောက်...စီးပွားရေး..လူမှုရေးတွေ..ထိခိုက်ကုန်မှာပေါ့ဗျာ..။
 
အဲသည်လို..စဉ်းစားနေတုံးမှာပဲ..ရပ်ကွက်ထဲက..
ကျွန်တော့်သူငယ်ချင်း..ထိပ်ပိန်..ရုတ်တရက်ရောက်လာတယ်..။
အဲဒီကောင်က..စိတ်မနှံ့ဘူးဗျ..။
မပြောမဆိုနဲ့..ကျွန်တော့်..အိတ်ထဲက..ရှိသမျှ..အကုန်နှိုက်ပြီး..
ထွက်ပြေးသွားတယ်..။

အရူးဆိုတော့လည်း..ခက်သားဗျာ..။ကျွန်တော်လည်း..
ဒီအရူးနဲ့..မပေါင်းချင်လည်း..ပေါင်းနေရတယ်..။
ဘယ်သူ..ဘာပြောပြော..သူက..လက်ခံချင်မှ..လက်ခံတာ..မဟုတ်လား..။

ကျော်စိုးလင်း..ရေးသည်.....

Kyaw Soe Linn



နိုင်ငံတော်ကို နိုင်ငံသားတိုင်း ကာကွယ်ရမည်

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ၊ ဒီဇင်ဘာလမှာ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်နဲ့ လက်ခံကျင်းပရေး ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ရယူခြင်းစတာတွေကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၀မ်းသာဂုဏ်ယူဖွယ်ရာတွေပဲ ဖြစ်တယ်လို့ ယူဆမိပါတယ်။


ဒါပေမဲ့လည်း သတင်းဌာနအချို့နဲ့လူမှုကွန်ရက်တွေ ၀က်ဆိုက်တွေမှာတော့ အပျက်သဘောအမြင်နဲ့ ဖော်ပြကြတာ တွေ့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်း
လဲရေးတွေ စတင်ဖြစ်ပေါ်နေပေမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို မဖြေရှင်းနိုင်တာတွေ ရှိနေတယ်ဆိုပြီး သုံးသပ်လာကြသလို၊ မြန်မာအစိုးရဌာနအတွင်း အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းတွေ နည်းပါးတဲ့အပြင် အခြေခံ အဆောက်အဦတွေ မလုံလောက်တာ အင်တာနက်ကလည်း 
 နှေးကွေးတဲ့ကိစ္စရပ်တွေကိုလည်း အပျက်သဘောအမြင်နဲ့ ရှုံ့ချ လာတာလည်း တွေ့ရပါတယ်။

အပြုသဘောဆောင်ပြီးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးဂုဏ်ယူနိုင်ရေး အမြင်မျိုးထက် နိုင်ငံတော် သိက္ခာကျရေးကိုပဲ ဦးတည်လာသလားဆိုတာကိုလည်း စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာဆီးဂိမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ရင် အရှေ့တောင်အာရှနိုင်ငံတွေမှာ သာမက ကမ္ဘာကပါ မြန်မာ ကို အထူးအာရုံစိုက်စရာ ကိစ္စရပ်ဖြစ်သလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ရဲရဲတင်းတင်း ၀င်ရောက်ဖို့အတွက်လည်း အခွင့် အလမ်း တစ်ခုဖြစ်လာနိုင်တယ်၊
 မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လမ်းစတစ်ခုဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာက ၀င်ရောက်ရင်းနှီးမြှုပ်နှံလာခဲ့ရင်တော့ အိမ်နီချင်းနိုင်ငံအချို့အတွက် စီးပွားရေးဆိုင်ရာ အခွင့် အလမ်းအချို့ဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်း နိုင်ငံအချို့ကတွက်ဆ ထားပြီးဖြစ်တယ်လို့ ကြားသိရပါတယ်။

`အထူးသဖြင့် မြန်မာတက်လာရင် ဒေသတွင်းက နိုင်ငံအချို့ ဝင်ငွေထိခိုက်နိုင်သလို ရင်းနှီးမြုပ်နှံမှုတွေ ခွဲဝေပေးရမှာ စိုးရိမ် နေကြတာလည်း ဖြစ်လာနိုင်ပါတယ် `လို့ နိုင်ငံတကာအမြင်ရှိနေတဲ့ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင်ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ သီလ၀ါစီမံကိန်းတွေကလည်း မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံလိုသူတွေအတွက်လည်း မျက်စိကျစရာအနေအထားတစ်ခု ဖြစ်လာ ခဲ့တဲ့အတွက် မလိုလားသူတွေလည်းရှိလာခဲ့တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ကြားခဲ့ရပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာဆီးဂိမ်းကျင်းပဖို့အတွက် လပိုင်းအလိုမှာ အခုလို အကြမ်းဖက်လုပ်ငန်းများ ဖြစ်ကြ တဲ့ ဗုံးခွဲတဲ့ဖြစ်ရပ်တွေနဲ့ မြန်မာပြည်မှာလုံခြုံရေးအားနည်းတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကိစ္စမျိုးတွေကို ပြုလုပ်လာကြ တာလည်း တွေ့ရပါတယ်။
အာဆီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူမှာကို မနှစ်မြို့ခြင်း၊ ဆီးဂိမ်းကျင်းပမှာကို မလိုလားခြင်း၊ မြန်မာနိုင်ငံတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်မှုတွေ ၀င်ရောက်လာမှာကို မလိုလားခြင်းတွေနဲ့ အဖျက်လုပ်ငန်း အကြမ်းဖက် လုပ်ငန်းတွေ ဘယ်လို ဆက်စပ်နေ သလဲ၊ ဒါ့အပြင် ပြည်တွင်းမှာ
 ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကြမ်းဖက်ခြင်းလားဆိုတာလည်း စဉ်းစား စရာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ မြန်မာပြည် အေးချမ်းသာယာတာကိုပဲ လိုလားပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းမွန် ဖို့နဲ့ စီးပွားရေးတိုးတက်မြင့်မားဖို့၊ နိုင်ငံတော်ငြိမ်းချမ်းသာယာဖို့ကိုပဲ လိုလားတဲ့အတွက် အခုလို အကြမ်းဖက်လုပ်ရပ်တွေ ကိုလည်း အပြစ်တင်ရှုံ့ချမိပါတယ်။
နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့တာဝန်ရှိပါတယ်။ နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီး
လုပ်နေတဲ့သူတွေကိုလည်း ဘုံရန် သူအဖြစ်သာ မြင်သင့်ပါတယ်။ အကြမ်းဖက်လုပ်ငန်းတွေနဲ့ အစိုးရသိက္ခာကျအောင် အစိုးရကို ထိခိုက်အောင် လုပ်ဆောင် နေခြင်းအားဖြင့် တစ်မျိုးသားလုံးထိခိုက်နေတယ်ဆိုတာကိုလည်း နားလည်ကြစေချင်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရကိုကြိုက်ခြင်းမကြိုက်ခြင်းထက် နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာတည်တန့်ခိုင်မြဲရေးကို အလေးထားသင့်သလို၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်သင့်ပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

မြစ်မခ 

ရင့်ကျက်ခြင်းသီအိုရီ

ငိုချင်နေပေမယ့် ပြုံးပြလိုက်ရတယ်

ဒေါသထွက်ချင်ပေမယ့် မျိုသိပ်လိုက်ရတယ်

စိတ်ထဲမှာ မကျေနပ်ပေမယ့် ခွင့်လွှတ်လိုက်ရတယ်

ကိုယ်မမှားပေမယ့်လည်း တောင်းပန်လိုက်ရတယ်

လူတွေက ပြောတယ် .. ငါရင့်ကျက်လာတယ်တဲ့!

ဒီလိုနဲ့ ငါနားလည်လိုက်တယ်

ရင့်ကျက်တယ်ဆိုတာ တကယ်တော့ "ဟန်ဆောင်တတ်ခြင်း"  ပါပဲ ...

လမင်းမောင်

 

ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တက်တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့



ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်ဟာ အမေရိကန် နိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့ ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။ အမျိုးသားချည်း
သက်သက် ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ယောက်နှင့်တစ်ယောက် အပျော်တမ်း
ဖော်ချွတ် ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ)သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ
ဝတ်ဆင်ပါသည်။ ယင်းသို့ဝတ်ဆင်မှုမှာ အကျဉ်းသားထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း သဘောပေါက်ပြီး အပြန်အလှန် လိင်တူဆက်ဆံခြင်းများ ရှိကြတယ်လို့ သိရှိကြသည်။ ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မသင့်တော်သောအမူကိစ္စတို့ကို
ပြုလုပ်ပါသည်။



ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ My Butt Available To Be Penetrated By Other Inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။

ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျောကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊ အမျိုးသားတို့ အား ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ကဲ သူငယ်ချင်းတွေ အားလုံး အဲ့လို ၀တ်ဆင်လို့ကော ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်နေပါသလား.......?။

လမင်းမောင်

လောကမှာ အမြန်ဆုံးအရာ

တနေ့ မှာ ကုမ္ပဏီတစ်ခုက ၀န်ထမ်း အသစ်ခေါ်ပါတယ်။ထုံးစံအတိုင်း အင်တာဗျူးတာပေါ့လေ....
ဆိုက်ကို မေးခွန်းတွေ မေးပါတယ်။
ပထမ တစ်ယောက်ကိုမေးပါတယ်
" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ"
" အလင်းပါ"...အမေးခံရတဲ့သူကဖြေပါတယ်.....။
" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."
"ကျနော်တို့ ခလုတ်နှိပ်လိုက်တာနဲ့ ..စက္ကန့် တောင်မခြားပဲ..ချက်ခြင်းရောက်လာပါတယ်..."
မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်။

ဒုတိယတစ်ယောက်ကိုမေးပါတယ်။
" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ"
"အတွေး ပါ....". အမေးခံရတဲ့သူကဖြေပါတယ်။
" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."
"ကျနော်တို့ တွေးလိုက်ပြီ ဆိုတာနဲ့ အရမ်းမြန်ပါတယ်..ဘယ်လောက်ကွာဝေးဝေး ရောက်သွားပါတယ်"
မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်။

တတိယတစ်ယောက် ကိုမေးပါတယ်
"လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ"
"၀မ်းသွားတာပါ .."
 
မေးတဲ့သူအံ့ သြသွားပါတယ်။
"ခင်ဗျားကဘာလို့ အဲ့လိုပြောနိုင်ရတာလဲ ...."

အင်တာဗျူးသူက မေးတော့ ..သူက ဒီလိုပြန်ဖြေလိုက်ပါတယ်..
"တကယ်ပါ ဆရာ..ကိုယ်တွေ့ ပါ...ဟိုတနေ့ က ကျနော်အိမ်သာ အရမ်းသွားချင်လာပါတယ်။ အဲ့ဒါနဲ့
အိမ်သာကိုပြေးရပါတယ်...အိမ်သာထဲလဲရောက်ရော...မီးခလုတ်ကိုလဲမဖွင့်နိုင်ခင်...ဘာမှလဲမတွေးနိုင်ခင်မှာပဲ ... အားလုံးထွက်ကျသွားပါတယ်.."

ဦးမောင်ကြီး

ကြည်ညိုဖွယ်ရာ မြတ်သာသနာ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ

ဗုဒ္ဓ
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဝင် ဆိုပြီး ရှိရာမှာ...
တတိယအချက်ဟာ ပြောစရာရှိနေတယ်။

သာသနာတော်နှစ် ၂၃၈ ခုနှစ် (BC 306) မှာ ဗြဟ္မဇာလ သုတ္တန်ကြီး (မြတ်သောပိုက်ကွန်) ကို
ဟောကြားခဲ့တယ်။

သာသနာတော်နှစ် ၂၃၁၂ ခုနှစ်မှ မြန်မာနိုင်ငံကို သာသနာ တိတိကျကျ ရောက်လာတယ်။

သံဃာယနာ တင်တဲ့အခါ
ပထမဆုံး ၀ိနည်း
ဒုတိယ သုတ္တန်ကို တင်ပါတယ်။
သုတ္တန်တွေထဲမှာမှ ဗြဟ္မဇာလသုတ်ကို အရင်ဆုံးတင်ပါတယ်။

မဟာဂန္ဓာရုံဆရာတော်
မင်းကွန်းဆရာတော်
စတဲ့ ဆရာတော်တွေဟာ သုတဘုရားတွေ ဖြစ်ပါတယ်။

မင်းကွန်းဆရာတော်ကြီး ပေါ်ပေါက်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာရဲ့ သမိုင်းနဲ့ အခြားဘာသာတွေရဲ့ ဗုဒ္ဓဘာသာအပေါ်အမြင်တွေ ပြောင်းလဲလာရပါတယ်။

ဥပါလိ ဂါထာ (၁၀)ခု သိပ်လှတယ်။ ခက်လည်း ခက်တယ်။ ကမ္ဘာက သိပ်အံ့သြတယ်။

ရောဂါပြီးတဲ့ လူတစ်ယောက်ဟာ ဘယ်အဆိပ်ကိုကိုင်ကိုင် ဘာမှ မဖြစ်ဘူး။
အတွင်းကို မြင်အောင်ကျင့်ပါ။
အပြင်ပန်းကိုပဲ မကျင့်ပါနဲ့။

တရားကောင်းဆိုတာ စ၊ လယ်၊ ဆုံး သုံးပါးလုံး ကောင်းရပါတယ်။

ဓမ္မကထိက (၄) မျိုး ရှိတယ်။
၁။ နည်းနည်းဟောတယ်၊ အကျိုးရှိတယ်။
၂။ နည်းနည်းဟောတယ်၊ အကျိုးမရှိဘူး။
၃။ များများဟောတယ်၊ အကျိုးရှိတယ်။
၎။ များများဟောတယ်၊ အကျိုးမရှိဘူး။
နံပါတ် (၁) နဲ့ (၃) ကို ကိုးကွယ်ဆည်းကပ်ပါ။

မကောင်းတဲ့တရားဆိုတာ
၁။ မကောင်းသဖြင့်ဟော။
၂။ ကောင်းကောင်း မသိ။
၃။ သံသရာမှ မလွတ်မြောက်နိုင်။
၎။ ကိလေသာ ငြိမ်းအေးမှု မဖြစ်နိုင်။
၅။ ဘုရားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဟောပြောထား။
၆။ တည်ရာ မှီရာ မဖြစ်။
၇။ သံသရာတစ်လျှောက်လုံးအတွက် မှီခိုအားထားရာ မဖြစ်။

ပစ္စည်းဆိုတာ....
သူများ မလိုချင်လို့ ပစ်လိုက်တဲ့ဟာတွေကို ကိုယ်က ဆီးပြီး ဖမ်းဖမ်းနေတာကို ပြောတာ။

နိဗ္ဗာနံ (နိဗ္ဗာန်) ဆိုသော စကားလုံးကို
(ကိလေသာများ ငြိမ်းအေးသည်ဟု အဓိပ္ပါယ်ရ)
သာသနာတော်ပြင်ပတွင် ဘယ်မှာမှ ရှာလို့မရဘူး။

၃၂၂၉ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၁၅၇ အုပ်မှာ တွေ့နိုင်တယ်။
မြတ်စွာဘုရားဟောကြားတာ ၈၃၇ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၄၀ မှာ ဟောခဲ့တယ်။
ပါဠိတော် ၄၀ မှာ ၈၃၇ ကြိမ်တိုင်တိုင် နိဗ္ဗာန်ဆိုတဲ့ စကားကို ဟောခဲ့ပါတယ်။

May they listen to the Dhamma.
May they understand to the Dhamma.
May they practice to the Dhamma.
 
ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။
 

၃၈ ဖြာ မင်္ဂလာ

၁။ အသေ၀နာစဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း၊
*********************************************************************
၂။ ပဏ္ဍိတာနဉ္စသေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း၊
********************************************************************* 
၃။ ပူဇာစပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း၊
********************************************************************* 
၎။ ပတိရူပဒေသ၀ါသောစ = သင့်တင့်သောအရပ်၌ နေထိုင်ခြင်း၊
********************************************************************* 
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှုရှိသောသူဖြစ်ခြင်း၊
********************************************************************* 
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း၊
********************************************************************* 
၇။ ဗာဟုဿစ္စ = အကြားအမြင် များသောသူဖြစ်ခြင်း၊
********************************************************************* 
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း၊
********************************************************************* 
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရားရှိခြင်း၊
********************************************************************* 
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း၊
********************************************************************* 
၁၁။ မာတာပိတု ဥပဌာန = အမိအဘတို့ကို ကောင်းစွာလုပ်ကျွေးခြင်း၊
********************************************************************* 
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊
********************************************************************* 
၁၃။ အနာကုလကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာပြုခြင်း၊
********************************************************************* 
၁၄။ ဒါနဉ္စ = အလှူပေးခြင်း၊
********************************************************************* 
၁၅။ ဓမ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
********************************************************************* 
၁၆။ ဉာတကာနဉ္စသင်္ဂဟ = ဆွေးမျိုးတို့အား ထောက်ပံ့ခြင်း၊
********************************************************************* 
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကိုပြုခြင်း၊
*********************************************************************
၁၈။ ပါပအာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း၊
********************************************************************* 
၁၉။ ပါပ၀ိရတီ = မကောင်းမှုမှ အထူးရှောင်ကြဉ်ခြင်း၊
********************************************************************* 
၂၀။ မဇ္ဇပါနသံသမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
********************************************************************* 
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ခြင်း၊
********************************************************************* 
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား  ရိုသေခြင်း၊
********************************************************************* 
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း၊
********************************************************************* 
၂၄။ သန္တုဌီ = ရောင့်ရဲလွယ်ခြင်း၊
*********************************************************************
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊
********************************************************************* 
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ သူတော်ကောင်းတရားကို နာယူခြင်း
********************************************************************* ၊
၂၇။ ခန္တီ = သည်းခံခြင်း၊
********************************************************************* 
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း၊
********************************************************************* 
၂၉။ သမဏာနဉ္စ ဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း၊
********************************************************************* 
၃၀။ ကာလေနဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း၊
************************************************************************
၃၁။ တပေါ = ခြိုးခြံစွာကျင့်ခြင်း၊
********************************************************************* 
၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
********************************************************************* 
၃၃။ အရိယသစ္စာန ဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း၊
********************************************************************* 
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊
********************************************************************* 
၃၅။ န ကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း၊
********************************************************************* 
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း၊
********************************************************************* 
၃၇။ ၀ိရဇံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊
********************************************************************* 
၃၈။ ခေမံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ဘေးမရှိခြင်း။
********************************************************************* 
အညွှန်း - သုခမှတ်စု


ရေအိုင်ထဲကခွေး

တစ်နေ့မှာ တွေးခေါ်ရှင်ကြီးကို ၀ိုင်းမေးကြတယ်။ ဆရာကြီးကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်သူက ညွှန်လိုက်ပါသလဲ။ ခွေးပေါ့၊ တစ်နေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့ ခွေးတစ်ကောင်ကို ကျွန်တော်တွေ့တယ်။ အင်မတန် ရေဆာနေတဲ့ပုံပဲ။ ရေသောက်ဖို့ သူ အကြိမ်ကြိမ် ကြိုးစားတယ်။ ဒါပေမယ့် အကြိမ်တိုင်းမှာ ရေသောက်ဖို့ ခေါင်းကိုငုံ့လိုက်၊ ကြောက်ကြောက်နဲ့ နောက်ပြန်ဆုတ်လိုက်
ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရေအိုင်ထဲမှာ နောက်ခွေးတစ်ကောင်ကို သူတွေ့နေလို့။
နောက်ဆုံး ရေသောက်ချင်တဲ့စိတ်ကို လုံးဝ တားမရတော့တဲ့အခါမှာ အကြောက်တရားကို ဖယ်ရှားပစ်
လိုက်ပြီး ရေအိုင်ထဲကို သူခုန်ဆင်းလိုက်တယ်။ အဲဒီအခါမှာ ရေထဲက သူ့ရဲ့ရုပ်ပုံလည်း ပျောက်သွားတော့
တယ်။ အဲဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင် ဖြစ်နေပါလားဆိုတာကို ခွေး သဘောပေါက်
သွားတယ်။ ဒါကိုကြည့်ပြီး

ကျွန်တော်တို့အတွက် အခက်အခဲ အတားအဆီးဟာ ကျွန်တော်တို့ကိုယ်တိုင်ပဲ

ဖြစ်တယ် ဆိုတဲ့အသိတရားကို ရလိုက်တာပါပဲဗျာ။


[မောင်ကောင်းထိုက်၊ ငရဲတံခါး၊ နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ မှ]
 

Miley Cyrus



သတင်းဘုရင်

* Facebook သုံးသူများအထူး သတိပြုရန် ဆက်သွယ်ရေးဥပဒေ *

( LIKe ချင်သူတွေ LIKE လို့ရဲသေးလား၊ ဒီမိုကရေစီ နိုင်ငံတော်ရဲ့ သမ္မတ ကတော့ ဆက်သွယ်ရေး ဥပဒေကို လက်မှတ်ထိုးပြီး အတည်ပြုလိုက်ပါပြီ၊ အဲဒီဥပဒေထဲမှာ အာဏာာပိုင်တွေ လိုသလို ဆွဲပြီး အရေးယူလို့ ရတဲ့ ..ဥပဒေတွေလည်း ထည့်သွင်း အတည်ပြုလိုက်ပါပြီ၊)

၆၈။  မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်
ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) မမှန်ကန်သောသတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊

(ခ) သတင်းအချက်အလက်ပို့လွှတ်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊

(ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်တွင်တာဝန်ထမ်းဆောင်ရန် လုပ်ငန်းလိုင်စင်ရရှိသူက
တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်ဝတ္တရားထမ်းဆောင်မှုကို တားမြစ်ခြင်း၊ တားဆီး ပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊

၆၉။  မည်သူမဆိုဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းကိစ္စနှင့် တရားရုံး အမိန့်အရ ထုတ်ဖော်
ပြသရန် ခွင့်ပြုထားသည့်ကိစ္စများမှ အပယုံကြည်စိတ်ချရသောစနစ်ဖြင့်ဖြစ်စေ၊ လျှို့ဝှက်စနစ်ဖြင့်ဖြစ်စေ ထားရှိသောသတင်းအချက်အလက်ကို ယင်းတို့နှင့်သက်ဆိုင်ခြင်း မရှိသည့်အခြားသူတစ်ဦးဦး သို့ တစ်နည်းနည်းဖြင့် ထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအားတစ်နှစ်ထက် မပိုသော
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ ................ဆိုတာကလည်း အတည်ဖြစ်သွားခဲ့ပါပြီ၊

ကဲ ===
ရှယ်ရဲရင် ရှယ်၊ တက်ခ်ရဲရင် တင်ခ်၊၊ လိုက်ခ်ရဲရင် လိုက်ခ်...ကြပေရော့ဗျို့။

Ref:ဟာဂျူလီ ကသာ

MyanmarDaily.net

ဥပဒေအတွက် ကာတွန်းလည်း တစ်ခါတည်း ဆွဲထားသေးတယ်.......




တုနှိုင်းမရတဲ့ တို့သမိုင်းအလှ

(၁)
 ၅၊ ၇၊ ၈၉ နေ့ညက
နဝတ ဥက္ကဌဗိုလ်စောမောင်က
သန်းခေါင်ယံ မိန့်ခွန်းနဲ့ ခြိမ်းခြောက်ပြီး
 ပြည်သူကိုသေနတ်နဲ့ ထောက်လိုက်တယ်။


လက်နက်အားကိုး ဓါးမိုးချင်တဲ့စစ်ဝါဒီဥာဉ်နဲ့
အလောင်းပြင်ရအောင်မောင်းတင်မယ်ဆိုတဲ့ချိုသယောင်
မျက်နှာထားနဲ့မရှက်စကားတွေ ပြောကြားတော့
တသောသော ဟားကြရတယ်။


 ဒီနေရာမှာ အလင်္ကာတခုသတိရလိုက်မိရဲ့။
တရုတ်ပြည်က မော်စီတုန်းရဲ့ဂုဏ်ပြုစရာ အလင်္ကာပါ။
တရုတ်မရဲ့ ခြေစည်းပုဝါလိုရှည်လဲရှည်
နံလည်းနံတဲ့တန်ပါ့ကူ အရေးအသားတဲ့။
အခုလဲ-သူ့မိန့်ခွန်း မာရသွန်ဟာအလွန်လဲရှည်
အလွန်လဲနံတာမို့အော့အန်ချင်စရာ ကောင်းလှပါဘိ။

(၂)
မြန်မာပြည်မှာ ဗိုလ်လုပ်နေကြတဲ့ဗိုလ်ချုပ်တွေ
ဗိုလ်မှူးတွေဟာနေဝင်းရဲ့
ဒူးမနာသားအရူးရွာက ရူးချာချာများပါတကား။

တပ်မတော်သာအမိ တပ်မတော်သာအဖတဲ့
စစ်တပ်မှ စစ်တပ်ဖြစ်အောင်
စစ်ဝါဒ ရိုက်သွင်းအပြစ်မကင်းကြတဲ့
စစ်ကမြင်းမသားတွေပါလား။

 ပြည်သူသာအမိ ပြည်သူသာအဖလို့ ဖြစ်ရမဲ့အရေးကို
အတွေးအခေါ် လမ်းချော်လွဲအောင်
တကထဲ သွေးထိုးလိုက်တာ ခွေးဆိုးမွေးရသလိုဖြစ်နေပြီ
ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ခွေးထက်တောင်
မိုက်လုံးကြီးတဲ့ စစ်သီးသန့်
လူတန်းစားစစ်ပဒေသရာဇ်များသာတကား။

နေဝင်းနဲ့ ပြည်သူအလံပြိုင်ထူကြရာမှာ
ပြည်သူကိုသတ်ဖြတ်သွေးငတ်နေတဲ့
နေဝင်းရဲ့ ယဇ်ပလ္လင်မှာပြည်သူ့သွေးတသွင်သွင်နဲ့
ရှိခိုးဦးတင် ပူဇော်ဖို့ ကော်ရော်ဦးခိုက်ကြတယ်
အတော် ရူးမိုက်ကြပါပေတယ်ကွယ်ရို့။

ပြည်သူမှန်ရင် ဝေရာမဏိ
နေဝင်း သရဏံ ဂစ္ဆာမိဆိုတဲ့
ညစ်စရာရှိသမျှအစွမ်းကုန်ညစ်တဲ့
လမ်းဆုံကဟစ်ရမဲ့စစ်ဗိုလ်ချုပ်ကြီးများပါပဲ။

(၃)
မတောက်တခေါက် ဗဟုသုတနဲ့
နောက်ပေါက်တွေ အတုယူရအောင်
ဥပဒေက ဘယ်လိုစာဆိုက ဘယ်သို့နဲ့
ကူးတို့ဆိပ်မှာ မှို့အိပ်ဖွင့်သလို ကစဥ့်ကလျား
တလွင့်တပါးမသင့်စကားတွေ ပြောရဲပါပေ့။

လူထုကိုတော့ ရင်မဆိုင်ရဲဖင်ထိုင်လဲနေတဲ့
စစ်ကောင်တွေဟာနေရာတကာ
အတင်းဖိနှိပ်ဟိုတံဆိပ်ကပ် သည်တံဆိပ်ကပ်
မြင့်မြတ်သူမှန်သမျှ ရန်လို
ရန်မပြိုတော့ ဒေါသထွက်
ဒေါသထွက်တော့ အရှက်မဲ့ရက်စက်တဲ့
အပြုအမူတွေလို့ ဒို့လူထုက သိနေပြီ။

ဘယ်သူဘယ်ဝါတွေ ဖုံးဖုံး
ဒရက်ကူလာ အပြုံးနဲ့
နှလုံးသားမှာ အမုန်းပွါးတဲ့
ငမိုက်သားစောမောင်ကို တောကြောင်လို့ သိနေပြီ။

မိမိရရ တိတိကျကျမှန်မှန်ကန်ကန်နဲ့
စစ်သဏ္ဍန် စစ်သရုပ်ကိုဖုံးအုပ်လို့ မရနိုင်တော့။
သေမင်းအလုပ် နေဝင်းသရုပ်ကိုလည်း
ဖြေရှင်းချက်ထုတ်လို့ မရနိုင်တော့။

ရွေးကောက်ပွဲ ရွေးကောက်ပွဲဆိုပြီး
ဂွေးအောက်ဆွဲများလို
တို့တတွေ ဖြစ်နေရပြီ။

သစ္စာ သမာဓိ သိက္ခာမရှိတဲ့
ဒီငတိတွေစကားကို
ပီတိတွေပွါးပြီးတရားမျှတတဲ့
ရွေးကောက်ပွဲ မလွဲမသွေဖြစ်မှာပါလို့

ဟစ်အော်နေကြတာ ရှက်စရာအတိမို့
မျက်နှာတောင် မကြည့်ချင်ဘူး
ခက်ပါဘိ အရပ်ကတို့။

(၄)
နေဝင်းရဲ့ ဇာတ်ကောင်ခင်ညွန်နဲ့ စောမောင်တို့က
သရုပ်ဆောင် သင်တန်းဆင်းတွေမို့
မင်းသားဟန် ဖမ်းနေကြသော်လဲ
လူကြမ်းဟာ လူကြမ်းပါပဲ။

စစ်လက်နက် နောင်ဂျိန်နဲ့ ဗီလိန်တွေပါပဲ။
ရိုင်းသမျှ ထိပ်ခေါင်တင်စစ်ဘုရင်
အယုတ်တမာစစ်ပြိတ္တာတွေပါပဲ။

တကွေ့ကွေ့မှာတော့ ပြည်သူတွေ
သတ္တိဘယ်လောက်တောင် ရှိခဲ့တယ်ဆိုတာ
မင်းတို့ သိခဲ့ပြီမဟုတ်လား။
ပြည်သူတွေကို နှိပ်စက်ရင်
ခွေးထက်မိုက်တဲ့ ကောင်တွေပဲလို့
နောင် ရာဇဝင်သမိုင်းမှာ
အပိုင်းပိုင်း အတစ်တစ်မော်ကွန်းတင်ရစ်ကြမှာပါ။


ပြည်သူကို ဆန့်ကျင်တဲ့အကောင်
ဘယ်သမိုင်းမှာမှ မပြောင်နိုင်
နေဝင်းကို ဆေးသုတ်ပြီးပွဲထုတ်ဖို့
ဘယ်လောက်ကြံကြံအမှန်တရားကို
ဘယ်ကောင်မှမတားနိုင်။

မင်းတို့ နေဝင်းဟာတိုင်းပြည်ရဲ့
သေမင်းဆိုတာအမြင်ရှင်းနေကြပြီ။

နေဝင်း မသာရုပ်ကို
ဖုံးအုပ်လို့ မရ
ဆေးသုတ်လို့ မရ
ကုဌနူနာကို
ရွှေချလို့မရဘယ်တော့မှမလှ
သမိုင်းမလှရိုင်းလေစွ
ရိုင်းလေစွ။

(၅)
လူ့သမိုင်းဆိုတာအရိုင်းဘုံ
အရိုင်းမြေမဟုတ်။
လူ့သမိုင်းဆိုတာ တုနှိုင်းမရ
မြင့်မြတ်လှတဲ့ဘဝအောင်မြေဖြစ်တယ်။

ဘဝအောင်မြေမှာ ဓားပြကောင်တွေ
မကြီးစိုးနိုင်မုချကျဆုံးရမယ် မုချကျဆုံးရမယ်။
ဒီမိုကရေစီ အလင်းရောင်ထောင် သောင်း သိန်း
သန်းကိန်းဂဏန်းများလှတဲ့အားရစရာ
လူထုကြီးသာလျှင်မုချအောင်ပွဲဆင်ရမယ်။

ဇူလိုင် ၆၊ ၁၉၈၉ ခု နံနက်ခင်း
                          တင်မိုး

https://www.facebook.com/notes/BD/165402020325650 

ကျောက်ရုပ်ရေကန်


တန်ဇန်းနီးယား နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Lake Natron ဆိုတဲ့ရေကန်ကြီးဟာ အဲဒီကန်မှာ လာနားနေတဲ့သတ္တ၀ါတွေအားလုံး ကျောက်ရုပ်ဖြစ်ကုန်ပါတယ်။

ဘာလို့လဲဆိုတော့ ရေကန်ဟာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ ဖြစ်ပေါ်နေပါတယ်။ရေကန်ရဲ့ အပူချိန်ဟာ ၅၀ ဒီဂရီဆဲလ်ဆီးယပ် အထက်မှာရှိပြီးတော့ ရေကန်ရဲ့ရေဟာ pH ၉ ကနေ ၁၀.၅ အဆင့်ထိရှိတဲ့ ပြင်းထန်တဲ့ အယ်ကာလီ တွေဖြစ်ပါတယ်။အဲဒီကို ရောက်သွားတဲ့ အကောင်တွေဟာ ကယ်လဆီယမ်ပမာဏတွေကို ခံစားရပြီးတော့ ကျောက်ရုပ်လို ဖြစ်သွားကြပါတယ်။

ဓါတ်ပုံဆရာ Nick Brandt ကဓါတ်ငွေ့ကာ အကျီ်ကို ၀တ်ဆင်ပြီးတော့ ဒီရေကန်ကို ဓါတ်ပုံရိုက်ခဲ့တာ
 ဖြစ်ပါတယ်။

Read more: http://bit.ly/1bpCGEk via NewScientist

မောင်စိုင်း
(ကနောင်)
Scientist Myanmar

သတင်းဘုရင်