Friday, December 6, 2013

လေးပွင့်ဆိုင်နှင့် သန်းခြောက်ဆယ်


NLD ၏ တောင်းဆိုချက်

အခုရက်ပိုင်းအတွင်းမှာပဲ NLD ပါတီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြီးလေးကြီး လေးပွင့်ဆိုင်
တွေ့ဆုံဖို့ သမ္မတဦးသိန်းစိန်ဆီကို စာအားဖြင့် မေတ္တာရပ်ခံမယ် ဆိုတဲ့ ထုတ်ပြန်ချက် သတင်းကို ဖတ်ရ
ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Compromise လုပ်ဖို့ လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ရပ် ဆိုတဲ့ သဘော
မျိုး တွေ့ရှိရပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်း အောင်မြင်နိုင်ဖွယ်ရာ မရှိဆိုတဲ့
ပြောကြားချက်တွေလည်း တွေ့ရှိရပါတယ်။ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးက “ဒေါ်အောင်ဆန်းစုကြည် တံခါးခေါက်မှားနေပြီ။ ဟိုဘက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်ပြင်ပါ့မလဲ။ ဖက်ဒရယ် ပြည်ထောင်စုတောင် မနည်း မလွယ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ချင်တဲ့နေရာမှာ သမ္မတ
ပြင်ချင်တာတမျိုး၊ လူထုက ဖြစ်ချင်တာ တမျိုး၊ တိုင်းရင်းသားတွေက ဖြစ်ချင်တာတမျိုး၊ ဒီမို ကရေစီ
ဘက်တော်သားတွေက ပြင်ချင်တာက တမျိုး။ တပ်မတော်ဘက်က ဖြစ်ချင်တာက တမျိုး အမျိုးမျိုးတွေ
ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက် အောင်မြင်ဖို့ ခက်ခဲမယ်ထင်တယ်” ဆိုပြီး
ပြောတာလည်း တွေ့ရပါတယ်။

လူငယ်တွေ လက်ဖက်ရည်ဆိုင်ထဲက ထခဲ့ကြဖို့


 "ပျက်စီးခြင်းသို့ ရောက်ကြကုန်သော များစွာသော ပျိုရွယ်သူတို့သည် ညစာစားပြီးသော အချိန်ကစ၍ ပျက်စီးတတ်ကြလေသည်။ ကျော်စောထင်ရှားခြင်းသို့ ရောက်သောသူတို့သည် ညနေအချိန် ညအချိန် များ၌ လုပ်ကိုင် သင်အံ့လေ့ကျက်ကြ ရလေသည် (သို့မဟုတ်) အကျိုးရှိသော နေရာဖြစ်စေ၊ မိမိကို ကြီး မြင့်အောင် စွမ်းဆောင်ကူညီနိုင်သူ တစ်ယောက်ထံမှာဖြစ်စေ အချိန်ကိုကုန်လွန်စေတတ်ကြလေသည်။"

အထက်ပါ စာပိုဒ်သည် တက်ကျမ်းခေါ်လူတို့၏ စိတ္တသတ္တိကို နှိုးဆွပေးသော စာအုပ်များရေးသားခဲ့သူ ဆရာကြီးပီမိုးနင်း၏ ကမ္ဘာ့မင်တံစာအုပ်ပါ "အားလပ်သောအချိန်ကလေးများ" ဆောင်းပါးမှ စာတစ်ပိုဒ် ဖြစ် ပါသည်။ ယခုစာစုတွင် ကျွန်တော်ပြောလိုသည့် အကြောင်းအရာနှင့် ဆက်စပ်နေသဖြင့် ကူးယူ ဖော်ပြ လိုက်ခြင်း ဖြစ်ပါသည်။

ကမ္ဘာမှာ မြန်မာဟာ အရင်နေရာကို ပြန်ရရမယ်


 Photo
 
 ဒီဇင်ဘာ ၁ ရက်နေ့က ဗဟန်းမြို့နယ်တွင်ကျင်းပခဲ့သော ခိုးဝင်ဘင်္ဂါလီအရေးတွင်စွက်ဖက် နေသည့် ကုလသမဂ္ဂကို ကန့်ကွက် ကြောင်း ဟောပြောပွဲ၌တစ်ချိန် တုန်းက အာရှတွင်ထိပ်တန်းဖြစ် ခဲ့သည့် မြန် မာနိုင်ငံကိုတိုင်းရင်း သားအားလုံးပြည်ထောင်စုစိတ် ဓာတ်ဖြင့် ကြိုးစားလျှင်ကမ္ဘာမှာ မြန်မာ သည်အရင်နေ ရာကိုပြန်ရ မည်ဖြစ်ကြောင်း ရခိုင်လူငယ် တစ်ဦးဖြစ်သည့် အမျိုးသားရေး လှုပ်ရှားသူ ကိုမိုးစက်နီကပြော ကြားသည်။ 
 
အဆိုပါဟောပြောပွဲသို့ အမျိုးသားရေးလှုပ်ရှားသူများ ၃၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ၁၉၈၂ နိုင်ငံသား ဥပဒေ ကိုကာကွယ် စောင့်ရှောက်ရေးနှင့်နိုင်ငံတော် အစိုးရ၏ရပ်တည်ချက်ကိုထောက် ခံကြောင်း၊ တရားမ၀င်ပြည် ပမှ ၀င်ရောက်လာသူများကိုလုပ်ကြံ ဖန်တီးထားသောအမည်ဖြင့်ခေါ် ဆိုနေသည့် မည်သည့်နိုင်ငံပုဂိ္ဂုလ် အဖွဲ့ အစည်းကိုမဆိုကန့်ကွက် ကြောင်း ဟောပြောခဲ့ကြသည်။ 
 
ကိုမိုးစက်နီကပြောကြားရာ တွင် “ဒီနေ့တိုင်းပြည်မှာတိုင်းရင်း သား (၈)မျိုးစီးနင်းလိုက် ပါနေတဲ့ လှေကြီး ဟာ ရခိုင်နေရာကပေါက် ပြီးရေများဝင်လာနေပါပြီ။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီးကျန်တဲ့တိုင်းရင်း သားတွေ ကြည့်နေ ကြမလား။ လှေမြုပ်သွားရင်အားလုံးသေရမှာ။ ဒါကြောင့်ဒီအရေးကိုပြည်ထောင်စု စိတ်ဓာတ်နဲ့ဝိုင်းဝန်း ကာ ကွယ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာကိုကျွန်တော် ရခိုင်အနေနဲ့လာတာမဟုတ်ဘူး။ ဗမာအနေနဲ့လာတာ မဟုတ် ဘူး။
 ဒီမှာရှမ်းလူမျိုးတွေ လည်းရောက် နေတယ်။ ကျွန်တော်တို့အားလုံး မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့လာကြ တာ၊ အောင်ဆန်းသွေးနဲ့လာတာ၊ ကျွန်တော်တို့လူမျိုးတွေဟာ အေး အေးနေတတ်တဲ့လူတွေပါ။ ဒါပေမဲ့ သိပ်ရန်စလာရင်တော့ ဗျို့ဟစ် ရင်လူကုန်ထွက်တဲ့အမျိုးဖြစ် ကြောင်း ပြရလိမ့်မယ်။ ခိုးဝင်ဘင်္ဂါလီ အရေး ကိုအစိုးရ ဆုံးဖြတ်တာမှန်သရွေ့ ကျွန်တော် တို့တစ်သားတည်းရှိတယ်။ နိုင်ငံတော် အစိုးရရဲ့သဘောထား ကိုပြတ်ပြတ် သားသားထောက်ခံတယ်။ တစ်ချိန် တုန်းကအာရှမှာမြန်မာဟာ ဘယ် နေရာကရှိခဲ့သလဲ။ ရှေး လူကြီးတွေ ပြောတယ်။ ထိပ်တန်းကမြန်မာ ဖြစ်တယ်။ 
 
ဒီတော့ကျွန်တော်တို့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ညီညီ ညာညာကြိုးစားသွားမယ်ဆိုရင် ကမ္ဘာမှာမြန်မာအ ရင်နေရာကိုပြန်ရ ရမယ်” ဟုဆိုသည်။ ဗိုလ်ချုပ်ချုပ် ခဲ့တဲ့ပင်လုံစာချုပ်က ကျွန်တော် တို့ရင်ထဲမှာရှိတယ်။ အခုတိုင်းရင်း သားတွေအားလုံးအရေးကြီးရင် သွေးနီးဖို့ ဒီမှာစုဝေးနေကြပြီဖြစ် ကြောင်း ၎င်း၏ပြော ကြားချက်ကို ဟောပြောပွဲတက်ရောက်လာသူ များက တခဲနက်ထောက်ခံခဲ့ကြ သည်။
 
 ဇော်မြင့်
မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများ