Friday, November 15, 2013

"ပု သိ မ် သား များ မ ဖ တ် ရ"

..........(အောင်ဝေး)..........

ငှက်ရေ…
မင်း လာခေါ်မလားလို့ 
ငါ စောင့်နေတာ။
၂၀၀၇ တုန်းကလည်း
မင်း လာမခေါ်။
၂၀၁၀ ရွေးကောက်ပွဲကျတော့လည်း
မင်း ပေါ်မလာ။

ငှက်ရေ…
မင်း လာခေါ်နိုးနိုးနဲ့ 
ငါ စောင့်နေခဲ့တာ။
ရုရှားက
ယက်ဗ်တူရှင်ကိုရဲ့ 
”စောင့်စားခြင်း” ကဗျာ
ငါ သတိရတယ်။

လူမိုက်က ဘယ်သူ



မချိုမချဉ်ဟာသများ

Shakira

          Shakira Isabel Mebarak Ripoll known as Shakira , is a Colombian singer-songwriter, dancer, record producer, choreographer, and model. Her official song for the 2010 FIFA World Cup, "Waka Waka (This Time for Africa)", became the biggest-selling World Cup song of all time. 

colombian singer-songwriter

colombian singer-songwriter

တရုတ်တိုင်းရင်း ဆေးခန်းတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်း ဖြတ်တောက်ပစ်ရသည့် အတွက် လူနာရှင်ဘက်မှ ရှင်းလင်းပွဲပြုလုပ်

တရုတ်တိုင်းရင်းဆေးခန်း တစ်ခုတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်းအား ဖြတ်တောက်ပစ်လိုက် ရသည့်အတွက် လူနာရှင်ဘက်မှ သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြန်မာ
ဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇူလိုင် ၇ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗန်ဒါကုန်း (၄) လမ်း၊ ကန်/မြောက် ရပ်ကွက်တွင် နေထိုင်သည့်လူနာ ဒေါ်စန်းစန်းအေးသည် ရေချိုးခန်းတွင် ချော်လဲရာမှ ဘယ်ဘက်ခြေ
ချောင်းများ ဒဏ်ရာရရှိသွားသည့် အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၃လမ်းထိပ်တွင် ဖွင့်လှစ်ထားသည့်
ဦးမျိုးအောင်၏ တရုတ်အရိုးအကြော ဆေးကုဌာနတွင် သွားရောက်ပြသခဲ့ကြောင်း၊ ၎င်းဆေးဆရာမှ လူနာအား ဓာတ်မှန်ရိုက်ရန် စေခိုင်းခဲ့ကာ ဓာတ်မှန်အား ကြည့်ရှုခဲ့ပြီး ဘယ်ဘက်ခြေဖခုံအား တိုင်းရင်းဆေး
များဖြင့် ကျပ်စည်းပေးခဲ့ကြောင်း သိရသည်။

အိမ်ထောင်ရေးဖောက်ပြန်ခြင်း

(တွေးစရာလေးပါ)

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
                ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့ မိန်းကလေးဆိုတာ
                 သင်သေချာလား။

အမျိုးသား - ဟုတ်ပါတယ်။

အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
                ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အဆိပ်သင့်အနမ်းများ

ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။
ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။

အဆိုပါဆိုင်သည် မြို့သစ်ပိုင်းဟု ခေါ်သော မန္တလေးမြို့တွင်းနှင့် မလှမ်းမကမ်းနေရာတွင် တည်ရှိပြီး ဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် Café Shop ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် မီးရောင် ဖျော့
ဖျော့ဖြင့် အခန်းငယ် ကလေးများ ကန့်ထားသည်။

ကျွန်တော်ကြိုက်သော ပုံပြင်များ

တောတစ်ခုထဲမှာ ၀ံပုလွေတွေ၊ သမင်တွေ ရှိကြတယ်။ လူတွေက သမင်တွေကို အကာအကွယ်ပေးတဲ့
အနေနဲ့ မုဆိုးတွေက ၀ံပုလွေတွေကို အကုန် သုတ်သင်ပစ်ကြတယ်။ ဒီနည်းနဲ့ သမင်တွေကို ကာကွယ်နိုင်
မယ်လို့ လူတွေက ထင်ခဲ့ကြတယ်။ လား... လား... အဖြစ်အပျက်က ပြောင်းပြန်ဗျို့။

နှစ်အတန်ကြာတော့ ၀ံပုလွေမရှိတော့တာကြောင့် သမင်တွေဟာ အစာစားပြီးတာနဲ့ မြက်ခင်းပေါ် လှဲ
အိပ်ပြီး နေပူဆာ လှုံတော့တာပေါ့။ ကောင်းကောင်း အနားယူတော့တာပေါ့။ သမင်တွေ ၀ဖီးလာတော့
တာပါပဲ။ သမင်ဝတုတ်တွေ ဖြစ်လာတယ်။ အသည်းအဆီဖုံးလာတယ်။ နှလုံးရောဂါ ဖြစ်လာတယ်။
သွေးတိုးရောဂါ ဖြစ်လာတယ်။ ခန္ဓာကိုယ်မှာ ရောဂါတွေ ထွေပြားလာတယ်။ တဖြည်းဖြည်းနဲ့  အသေ အပျောက် များလာတယ်။ သမင်အုပ်စုကြီးဟာ တစ်စတစ်စ သေးငယ်သွားတယ်။ မျိုးတုံးလုခမန်းပါပဲ။ ဘယ့်နှယ်လုပ်ရပါ့။ ဆရာဝန် စေလွှတ်ပြီး ဆေးကုသပေးဖို့ ဆိုပြန်တော့လည်း ဘယ်သူက ဒီသမင်တွေ ကို ရေရှည်သွားကုပေးနိုင်မှာလဲ။ အမျိုးမျိုး စဉ်းစားပြီးတော့မှ အကောင်းဆုံး နည်းလမ်းကို သွားတွေ့တယ်။

ဝံပုလွေတွေကိုဝယ်ပြီး တောထဲ ပြန်လွှတ်ပေးလိုက်တယ်။ ၀ံပုလွေတွေ ရောက်လာတာနဲ့ သမင်တွေကို စားတော့တာပေါ့။ သမင်တွေလည်း ပြေးရတော့တာပေါ့။ ၀ံပုလွေကလိုက်၊ သမင်ကပြေးနဲ့ ကာလတစ် ကန့်ကြာတော့ သမင်တွေရဲ့ ခန္ဓာကိုယ်တွေဟာ လေ့ကျင့်သားကျသွားတယ်။ သဘာဝလောကကြီးဟာ ဒီလိုပဲ အလွန်ကို ဆန်းကြယ်ပါတယ်။ အဲဒီလို အပြန်အလှန် ပြိုင်ဆိုင်ရင်းနဲ့ပဲ အသီးသီး တိုးတက်လာကြ
တာပါ။


မောင်မောင်လှိုင် (အပ်စိုက်ကု) ၏ ကျန်းကျန်းမာမာ အသက် ၁၀၀ မှ


myanmarthway

မြန်မာများအတွက် ဖေ့စ်ဘုတ် အခမဲ့ဖွင့်ပေးမည်


မည်သူမဆို facebook ကို အခမဲ့ဖွင့်ပေးပါမည်။ စေတနာအပြည့် ဖြင့်ဖွင့်ပေးခြင်းသာဖြင့်ပါသည်။
facebook မဖွင့်တတ်သေးသော ကိုကို ၊ မမများ နှင့် ညီ ၊ ညီမများ ကိုသာ ဆိုလိုပါသည်

စေတနာ အပြည့်ဖြင့် facebook အကောင့်သစ် အခမဲ့ဖွင့်ပေးမယ်လို့ စိတ်ကူးပေါ်လာရခြင်းက
မြန်မာနိင်ငံမှာ facebook အကောင့်သစ်ဖွင့်ရတာ ခက်တယ်ဆိုတဲ့ အသံလေးတွေကြောင့် တစ်ကယ်လိုအပ်နေသူတွေကို facebook သုံးရင်း သတင်းအသစ်တွေ အသိပညာ ဗဟုသုတတွေ သူငယ်ချင်းကောင်းတွေ ရရှိစေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ ။

တစ်ကယ်လိုအပ်နေသူတွေကတော့ ဒီ post ရဲ့ message box မှာ facebook ဖွင့်ပေးရမယ့်
အမည် နဲ့ ဘာကြောင့် facebook အကောင့်သစ်လိုချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်လေးတော့
ရေးထားပေးခဲ့ပါ။
ကျွန်တော့်ဘက်က message box မှာရေးထားတဲ့ သူတွေထဲက တစ်နေ့ကို ၁၀ ဦး
စီစစ်ပြီး facebook အကောင့်သစ်လေးတွေ လက်ဆောင်ပေးသွားမှာပါ။

*အထူးသတိပေးချက်*
============
Member များအနေဖြင့် massage ဆိုတဲ့နေရာကိုဝင်ပြီး 

account အမည် လိုချင်တဲ့ ရည်ရွယ်ချက် နှင့် ရေးပေးသူများကိုသာ
 facebook account ဖွင့်ပေးနေခြင်းဖြစ်ပါသောကြောင့် comment box တွင် 
facebook account တောင်းဆိုခြင်းမပြုပဲ massage box မှာသာ တောင်းဆိုခြင်း ပြုကြပါရန်။

ကျွန်တော်လည်း အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားကနေ ပရဟိတ လုပ်ပေးနေတာပါ။
Comment Box မှတောင်းလာသော Accounts များကို စိစစ်မည်မဟုတ်ပါ ။




အားလုံးကို လေးစားလျှက်. . .
 
ဒီလင့်ကို ၀င်ကြည့်လိုက်နော်  မြန်မာများအတွက်ဖေ့စ်ဘုတ် အခမဲ့ဖွင့်ပေးမည်

င်္Facebook အကောင့်ဖွင့်မရခြင်းနှင့် Block ခံရခြင်း

Facebook Acc သုံးသူများ သိစေရန်.....

Friend အသားကုန် Add ခြင်း ကိုယ်တွေ့ပါ။ ။ Friend ဇွတ် Add ရင်လည်း Facebook က 
သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင်သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။ – Message ဇွတ်ပို့ခြင်း အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ် သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်
ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။
Group အများအပြား ဝင်ခြင်း user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

မြန်မာကလေးတွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ တရုတ်က အဆိပ်မုန့်တမျိုး ထွင်ပြန်ပြီ










ကျွန်တော်တို့ နောက်ထပ်သိရှိရတဲ့ အဆိပ်မုန့် နောက်တမျိုးပါ။
တရုတ်ပြည်ကထုတ်လုပ်ပါတယ်။ 
 မြန်မာပြည်က မုန့်ဈေးကွက်မှာ ပြန့်နှံ့ရောင်းချနေတယ်လို့ သိရှိရပါတယ်။

တရုတ် ငုံးဥပြုတ် မုန့်လို့ခေါ်ပါတယ်။ 
တဘူးကို ၁၀၀ ကျပ်ထဲနဲ့ရောင်းချနေတယ်လို့ သိရှိရပါတယ်။ မုန့်တံဆိပ်၊ ထုတ်လုပ်သည့်လိပ်စာ၊ ထုတ်လုပ်ရက်စွဲ၊ သက်တန်းကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်းစာရင်းစသည့် အချက်များလုံးဝဖော်ပြမထားပါ။

ငုံးဥ ၇ ခြမ်းခန့်ပါဝင်ပြီး ဆီထဲတွင်နစ်နေသယောင် ဖန်တီးထုတ်လုပ်လိမ်ညာထားပါတယ်။
Packing ထုတ်စရိတ်၊ လမ်းစရိတ်၊ အဆင့်ဆင့် အမြတ်တင်ပြီးတာတောင် ကလေးများကို
၁၀၀ ကျပ် ဖြင့်ရောင်းချနိုင်တယ်ဆိုတော့ လုံးဝမသကာင်္စရာပါ။

ငုံးဥအတုဟုယူဆရပါတယ်။ F.D.A မှ ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့မည်ဆိုလျှင်တော့ အဖြေတိတိကျကျသိရှိနိုင်မှာပါ။ မြန်မာပြည်ကိုဝင်သမျှ တရုတ်မုန့်မှန်သမျှကို စစ်ဆေးသင့်ပါသည်။

  • တရုတ်မုန့်များတွင် မြန်မာပြည်မှကလေးများအတွက် လူမျိုးတုန်းသေကြေစေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပါက မည်သူ့ကိုတရာစွဲမှာလဲ?
  • တရုတ်ပြည်ကထုတ်လုပ်သူကိုလား?
  • သယ်ယူဖြန့်ဖြူးတဲ့ကုန်သည်ကိုလား?
  • ကျောင်းဈေးသည်ကလေးတွေကိုလား?
တာဝန်ရှိသူများစဉ်းစားသင့်ပါပြီ။

ဘာပဲဖြစ်ဖြစ် တရုတ်မုန့်များအားလုံးကို ကလေးများအား မစားစေဘဲ ဆန့်ကျင်သပိတ်မှောက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။

မိဘများအားလုံး သိရှိအောင် အတတ်နိုင်ဆုံး ကြိုးစားကြခြင်းဖြင့်
မုန့် တိုက်ပွဲကို ပူးပေါင်းပါဝင်ကြပါ။

** ဒေါက်တာကျော်ဆွေ (မုန့်- တိုက်ပွဲ)

*** တရုတ်ဆေး တွေကို သတိထားကြပါ ***


သတိပြုဖွယ် တရုတ်ဆေးကုမ္ပဏီများ
**************
ပြောရပြန်ပြီဗျိုး... တရုတ်တိုင်းရင်းဆေးတွေ အကြောင်း..

ဒီပုံကတော့ ကျွန်တော့်ဆီ လာပြတဲ့ လူနာတစ်ယောက်ရဲ့ ခြေထောက်ပါပဲ။ ဆေးပညာအရတော့ Deformity လို့ခေါ်ပါတယ်။ တကယ်က အဲဒီခြေထောက်ကို လာပြတာတော့ မဟုတ်ပါဘူး။ တစ်ခြားရောဂါ လာပြရင်း ကျွန်တော်က စပ်စုကြည့်လိုက်တာပါ။ ဒီခြေထောက်က အစကတော့ အကောင်းပါတဲ့။ သူ့မှာ လေးဖက်နာရောဂါရှိတော့ မကြာခဏ အဆစ်ရောင်အဆစ်ကိုက်တာ ခံရတယ်။ တစ်ရက်တော့ တရုတ်တိုင်းရင်းဆေး ကုမ္ပဏီတစ်ခုက ဒူးနာ အဆစ်နာ ပျောက်ရမယ်ဆိုပြီး အပြောကောင်းကောင်းနဲ့ လာရောင်းသွားတဲ့ ဆေးပလာစတာကို ကပ်မိရာက ဖြစ်သွားတာပါတဲ့။ ပလာစတာတစ်ခုကို (၆၅၀၀) ဆိုပဲ။ ဘာတွေနဲ့ လုပ်ထားလဲတော့ မသိဘူး။ ခြေဖဝါးအောက်မှာ ညဘက် ကပ်အိပ်ရပါတယ်တဲ့။ ဆေးတွေလည်း ပေးပါတယ်။ ပလာစတာက (၁၅) ရက်ကပ်ရမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒီအန်တီကြီးက ကပ်အိပ်ပြီး ဆေးတွေလည်း သောက်လိုက်တာ ၂ ရက်မြောက်နေ့ အိပ်ရာက နိုးတော့ ခြေထောက်တစ်ခုလုံး နီရဲဖူးရောင်နေတာ တွေ့ရတာပါပဲတဲ့။ အဲဒါနဲ့သူလည်း လန့်ဖြန့်ပြီး ပလာစတာရော ဆေးတွေရော ဆက်မသောက်တော့ဘဲ အဲဒီဆေးလာရောင်းတဲ့ ကောင်မလေးကို ပြန်ခေါ်ပြီး ပြောတော့ သူ့ဆေးကြောင့် မဟုတ်ရပါဘူးလို့ အကြောက်အကန်ငြင်းတယ်။ ကုမ္ပဏီကိုလည်း ခေါ်သွားပြီး ပြန်ကုပေးမယ်ပြောပါတယ်တဲ့။ အန်တီကြီးလည်း တော်ပါပြီ ထပ်တော့ မဆိုးချင်တော့ပါဘူးဆိုပြီး လိုက်မသွားဘဲ နေလိုက်တယ်။ နောက်နေ့ရောက်တော့ အရောင်ကျပြီး နဂိုအတိုင်းပြန်ဖြစ်လာတယ်။ နောက် လေးငါးရက်လောက်ကြာတော့ သူ့ခြေချောင်းတွေဟာ အခုလို ကျဲကျဲလာတာ သတိထားမိတာပါပဲတဲ့။ အဲဒါနဲ့ အရိုးဆေးရုံကိုသွားပြီး ဓာတ်မှန်ရိုက် စစ်ဆေးတာတွေ လုပ်ကြည့်တော့ အဆစ်တွေဟာ ပျက်ဆီးသွားပြီး အခုလိုပုံဖြစ်သွားတာဆိုတာ သိရပါတော့တယ်။ ပြန်ကုလို့မရတော့ဘူးပေါ့။ ကျွန်တော်ထင်တာကတော့ ပလာစတာတစ်ခုတည်းကြောင့် အဲလိုဖြစ်တာတော့ မဟုတ်လောက်ပါဘူး။ ပလာစတာကြောင့် သွေးထဲက ပိုးသော်လည်းကောင်း ပဋိပစ္စည်းတွေကသော်လည်းကောင်း ထကြွလာပြီး အဆစ်ကို ဆိုးဆိုးရွားရွားတိုက်ခိုက်ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ပလာစတာ လက်သည်တရားခံဆိုတာတော့ ငြင်းလို့မရဘူးပေါ့။ ကျွန်တော်ဆေးခန်းထိုင်နေတဲ့ တလျှောက်လည်း လူနာတွေဆီက ခဏခဏ ပြန်ကြားရပါတယ်။ "တရုတ်ကုမ္ပဏီတွေကနေ ဘာအပြီးပြတ် ပျောက်ဆေး၊ ညာအပြီးသတ်ပျောက်ဆေး ဆိုပြီး လာကြော်ငြာကြောင်း လာရောင်းကြောင်း၊ အဲ့ဆေးတွေက ဈေးအလွန်ကြီးကြောင်း၊ အဲ့ဒီဆေးတွေကို သောက်သင့်လား ဆရာ.." ဆိုပြီး လာလာမေးကြပါတယ်။ ကျွန်တော်ကလည်း အစပိုင်းတုံးက ကိုယ်လည်း သေချာမသိသေးတော့ (ပြောရရင် အခြေအမြစ်မရှိဘဲ ရမ်းအပြစ်မတင်တာကြောင့်) "မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ဆေးနဲ့ တိုင်းရင်းဆေးကိုသာ ဆေးကုသခွင့်ပေးထားကြောင်း၊ တိုင်းရင်းဆေးဆိုရာမှာလည်း တိုင်းရင်းဆေးတက္ကသိုလ်က အသိအမှတ်ပြုတဲ့ ခွင့်ပြုချက်ရထားတဲ့  ဆေးတွေကိုသာ သောက်သင့်ကြောင်း၊ ခုက တရုတ်တိုင်းရင်းဆေး ဖြစ်တာကြောင့် ကျွန်တော်ကတော့ အာမမခံနိုင်ကြောင်း" ပဲ ဝိနည်းလွတ် ပြောလိုက်တယ်။ 
အဲဒီလူနာတွေထဲကနေ ကျွန်တော့်စကားကြားပြီး မသောက်တဲ့ လူနာတွေရှိသလို စမ်းသောက်ကြည့်မယ်ဆိုတဲ့ လူနာတွေလည်း ရှိပါတယ်။ စမ်းသပ်ကြည့်ချင်လည်း ကြည့်ချင်စရာပါ။ ဘာလို့ဆို သူတို့ ကြော်ငြာပုံက ကျွန်တော်တို့ အပြီးပျောက်အောင် မကုနိုင်တဲ့ သွေးတိုးရောဂါ ဆီးချိုရောဂါတွေကို တစ်လအတွင်း ပျောက်အောင် ကုပေးတယ်ဆိုတာမျိုး၊ ဆေးရုံက ခွဲစိတ်တော့မယ်လို့ ချိန်းထားတဲ့ လိပ်ခေါင်းရောဂါတွေကို ဆေးသောက်ရုံနဲ့ ပျောက်မယ်ဆိုတာမျိုး၊ လေးဖက်နာရောဂါကို ပလာစတာ (၁၅) ရက်လောက် ကပ်ရင် အမြစ်ပြတ်ပျောက်မယ်ဆိုတာမျိုး ကြော်ငြာတာပါ။ ဒီတော့ ကျန်းမာရေးဗဟုသုတ အားနည်းပြီး ရိုးသားတဲ့ မြန်မာပြည်သူအဖို့ ယုံကြည်မိတာက အပြစ်လို့လည်း ပြောမရပြန်ပါဘူး။ ကျန်းမာရေးဗဟုသုတ လုံလုံလောက်လောက် မပေးနိုင်တဲ့ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အဲလိုဆေးမျိုးတွေ လူထုထဲရောက်မလာအောင် မထိန်းသိမ်းနိုင်တဲ့ မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေး နဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာတော့ တာဝန်ရှိတာပေါ့။ 
သူတို့ (တရုတ်) တွေက တကယ်တော့ မြန်မာတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ ခင်ဗျာ့။ သူတို့ ကုမ္ပဏီတွေက Member စနစ်နဲ့ လည်ပတ်တယ်။ ဘယ်လိုလဲဆိုတော့ Member စဝင်ဝင်ချင်း တစ်လကို (၅၀၀၀) ကုမ္ပဏီက ပေးတယ်ဆိုပါတော့ (ကုမ္ပဏီတစ်ခုနဲ့ တစ်ခုတော့ ပေးတဲ့ပမာဏချင်း မတူဘူးပေါ့လေ)။ အဲဒီ Member က နောက်ထပ် Member အသစ်ကို ထပ်ဆွယ်နိုင်ရင် (Referal လုပ်နိုင်ရင်) သူ့ကို ကုမ္ပဏီက ပေးတဲ့ တစ်လ ဝင်ငွေကလည်း အချိုးကျ တက်တက်သွားတယ်။ အဲဒီလိုနဲ့ တစ်ချို့ဆို ပညာအရည်အချင်းရှိစရာမလို၊ ရုံးတက်စရာမလို၊ ဘာအလုပ်မှ လုပ်စရာ မလိုဘဲ တစ်လကို ကုမ္ပဏီကနေ ၈ သောင်း ၉သောင်း လောက်ရနေတယ်။ အဲ.... သူတို့ကိုလည်း ကုမ္ပဏီက ပစ္စည်းဘယ်လောက်ကို ဘယ်နှစ်လအတွင်း ကုန်အောင် ရောင်းပေးပါဆိုတာမျိုး သတ်မှတ်ပေးထားတာပေါ့။ ဒီတော့ သူတို့ လိုတာကဘာလဲ။ ပစ္စည်းမထွက်ထွက်အောင် သူတို့နဲ့ ခင်နေတဲ့ မျက်နှာနာသူတွေ၊ အဲဒီကနေတစ်ဆင့် နီးစပ်ရာလူတွေကို သူတို့ဆေး သုံးအောင်ဆွယ်ရတော့တာပေါ့။ Member ဝင်အောင်လည်း ဆွယ်ရတာပေါ့။ သူတို့ဆေးကိုလည်း အမွှန်းတင်ရွှန်းရွှန်းဝေအောင် ဟုတ်တာရော၊ မဟုတ်တာရော အကုန်လျှောက်ပြောရတာပဲ။ လျှောက်ပြောနိုင်အောင်လည်း ကုမ္ပဏီကနေ ဆေးအကြောင်းရေးထားတဲ့ စာအုပ်လေးတွေ ထုတ်ပေးထားတယ်။ တကယ့်တကယ်က သူတို့လည်း မသုံးဖူးဘူး။ ဒီဆေးတွေ ဘယ်လိုဖော်စပ်ထုတ်လုပ်ထားတယ်ဆိုတာ စာအုပ်ထဲ ရေးထားတာက လွဲလို့ သူတို့ဘာမှမသိဘူး။ နောက်ပြီး ဆေးနဲ့ပတ်သက်လို့ ဘာအာမခံချက်မှ မရှိဘူး။ ကြော်ငြာထဲမှာတော့ ဘာဆိုးကျိုးမှ မရှိကြောင်း၊ လူတိုင်းနဲ့သင့်တော်ကြောင်းတော့ ရေးထားတာပဲ။ တကယ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲ။ MBBS ဘွဲ့ရမှာ ဆေးကုသခွင့်လိုင်စင် (ဆမ)ရှိတယ်။ တိုင်းရင်းဆေးဆရာမှာလည်း ဆေးကုသခွင့် လိုင်စင်ရှိတယ်။ ဒီတော့ မကျေနပ်ရင် ကုသမှုမှားယွင်းရင် တရားစွဲလို့ ရတယ်ပေါ့။ ပြစ်မှုမှန်ရင် ဆေးကုသခွင့် ရုတ်သိမ်းခံရနိုင်တယ်။ သူတို့မှာတော့ ဘာမှ မရှိတော့ တရားစွဲချင်လည်း စွဲမရဘူး။ အလွန်ဆုံး ကုမ္ပဏီပိတ်ပြီး တရုတ်ပြည်ပြန်ရုံပဲ။ အဲဒီအခါ စားလို့လည်း ဝပြီလေ။ တကယ်ခံရမှာက သုံးစွဲသူတွေပဲ။ 
ဒါတွေ ဘာလို့ သိရသလဲဆိုတော့ ကျွန်တော့် အဒေါ်တစ်ယောက်က အဲဒီလို တရုတ်ကုမ္ပဏီတစ်ခုမှာ Member ဝင်ပေါ့။ သူကတော့ ဆေးကုမ္ပဏီ မဟုတ်ဘူး... အလှပြင်ပစ္စည်း ကုမ္ပဏီ။ ဒါပေမယ့် Member စနစ်ကတော့ အတူတူပါပဲ။ Member စနစ်အကြောင်းကတော့ သူပြောပြတာပေါ့။ သူလည်း အဲဒီ အလှပြင်ပစ္စည်းတွေအကြောင်း ဘာမှသိတာရယ် မဟုတ်ဘူး။ ကျွန်တော်သူ့အိမ် ရောက်သွားတိုင်း အိမ်လာတဲ့ သူတွေကို ရွှန်းရွန်းဝေအောင် ကြော်ငြာနေတာတော့ ကြားနေရတာပဲ။ ကိုယ်ကလည်း မပြောသာလို့သာ မပြောဘဲနေတာ။ ကိုယ်တောင် အကြော်ငြာခံရသေး။ ဒီဆပ်ပြာက အသားကို ဘယ်လိုဖြူတာ... ဟို မျက်နှာသစ်ဆေးက မျက်နှာလေး ဖြူဝင်းစေတာ.. ဆိုတာမျိုးတွေပေါ့။ တူဝရီးချင်း အညှာကိုကိုင်တာလေ။ 
နောက်ထပ် ကျွန်တော်ကြားဖူးတဲ့ သူတို့ဆေးတွေနဲ့ ပတ်သက်လို့တော့.... ကျွန်တော့် အဖိုးက စပြောရမယ်။ အဖိုးက လွန်ခဲ့တဲ့ လေးငါးလလောက်က အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံတက်ရပြီး သွေး ၅ လုံးလောက် သွင်းလိုက်ရတယ်။ အသက်ကလည်း ၈၀ ကျော် လူကြီးဆိုတော့ နာလန်ထဖို့ တော်တော်ကြာတာပေါ့ဗျာ။ ဆေးရုံကဆင်းပြီး တစ်လလောက်ထိ သူ့ပုံစံက ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။ လမ်းလျှောက်ရင် ယိုင်တိုင်တိုင် ဖြစ်တုံးပဲ။ ကျွန်တော့်ကိုလည်း သူ့ကို အားရှိအောင်လုပ်ပေးဖို့ ပြောနေတာပါပဲ။ ကျွန်တော်လည်း သံဓာတ်အားဆေးတွေ ပေးထားတာပဲ။  ဒါကိုပဲ သူက အားမရနိုင်သေးဘူး။ တစ်ရက်တော့ အဲလို ကုမ္ပဏီက Member တစ်ယောက်ပေါ့ဗျာ။ အိမ်လာလည်ရင်းနဲ့ အဖိုးကို ဆွယ်ပါလေရော။ သူ့ကုမ္ပဏီက အားဆေးကို ရောင်းပါတယ်။ နာမည်က Enzyme တဲ့။ ကြော်ငြာကောင်းတော့ ကပ်စေးနည်းအဖိုးတောင် ၂၅၀၀၀ ဖိုး ဝယ်လိုက်မိတယ်။ ကျွန်တော် အဖိုးအိမ်ရောက်တော့ သူက ထုတ်ပြတာပေါ့။ သူအားဆေးအသစ် ဝယ်ထားတယ်... ဘာတွေကောင်းလဲ ကြည့်ပါဦးပေါ့။ ၂၅၀၀၀ ဖိုးဆိုလို့ အများကြီး မထင်ပါနဲ့။ ထုတ်ပိုးပုံက တစ်ရာတန် ကော်ဖီမစ်လောက်တောင် မသားနားတဲ့ နို့မှုန့်လို အမှုန့်လေးတွေပါတဲ့ အထုတ်လေး ၁၀ ထုတ်ပါ။ တစ်ထုတ်ကို ၂၅၀၀ ပေါ့ဗျာ။ တစ်ထုတ်လုံးလည်း တရုတ်စာ ဘူးသီးကြော်တွေဆိုတော့ ကျွန်တော်လည်း မဖတ်တတ်ဘူး။ ဖတ်လို့ရတာက Enzyme တစ်ခုပဲရှိတယ်။ Vitamin တော်တော်များများက Co-enzyme တွေဆိုတော့... အင်း Vitamin တွေ ဖြစ်နိုင်လောက်ပါတယ်လို့ မနည်းဆွဲပြီး ဖြည့်တွေးလိုက်ရတယ်။ ဒါနဲ့ အဖိုးကတော့ ဘာမှမထူးပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော်လည်း ထပ်မဝယ်နဲ့ ကျွန်တော်ပဲ အားဆေးဝယ်ဝယ်ပေးပါ့မယ်လို့ ဖြေရှင်းပေးလိုက်ရတယ်။ 
နောက်တစ်ယောက်က ကျွန်တော့် လူနာဗျ။ ကျွန်တော့်ဆီကို လာပြတယ်။ သူအစက သမားတော်(Physician)နဲ့ ဆီးချိုကို ကုနေတာတဲ့။ နောက်တော့ အဲလို ကုမ္ပဏီတစ်ခုရဲ့ ဆီးချိုကျကော်ဖီဆိုတာကိုပဲ သောက်ပြီး ဆီးချိုဆေးတွေ မသောက်ဘဲနေတာ ခုသုံးလေးလလောက်ရှိတာ ရောဂါ မသက်သာတဲ့ အပြင် ပိုဆိုးလာတယ်ထင်တယ်ပေါ့။ အဲဒီဆီးချိုကျကော်ဖီဆိုတာကလည်း တစ်ခွက်ကို လေးထောင်တန်တယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော် ဆီးချိုဖောက်စစ်လိုက်တော့ ဆီးချိုပမာဏက ၅၀၀ ကျော်နေတယ်လေ။ ကျွန်တော်လည်း လေးငါးရက်ဆက်တိုက်လောက် ကျွန်တော်ပေးနိုင်တဲ့ ဆီးချိုကျဆေးတွေ အဆင့်ဆင့် တိုးပေးတာ ဆီးချိုက ၄၀၀ ကျော်ကနေ အောက်မဆင်းတာနဲ့ တစ်ခြားလိုအပ်တာတွေ စစ်ဆေးတာရော ဆီးချိုကိုပါ သေချာကုဖို့ သမားတော်တစ်ယောက်ဆီပဲ လွှဲလိုက်ရတယ်။ 
ကဲ... အဲဒီတော့ နိဂုံးချုပ်ပြောရရင်... ဆေးလောကရဲ့ အန္တရာယ်တွေထဲမှာ ကျွန်တော်တို့ ဆရာဝန်တွေ တိုင်ပင်အဖြေရှာနေရတဲ့ စပ်ဆေး အန္တရာယ်အပြင် တရုတ်ဆေးအန္တရာယ်ကလည်း ခုတလော တော်တော်ဆိုးလာတယ်ထင်ပါတယ်ဗျာ။ ပြည်သူတွေကိုလည်း ကြော်ငြာကောင်းတိုင်း မယုံဖို့... အားနာပြီး ဝယ်လိုက်တာ ခါးပါပါသွားတတ်တယ်ဆိုတာ သတိပေးလိုက်ပါရစေ။ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း ဒီကိစ္စကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ သတိပြုဖွယ် တရုတ်ဆေးကုမ္ပဏီများ
=====================
ပြောရပြန်ပြီဗျိုး... တရုတ်တိုင်းရင်းဆေးတွေ အကြောင်း..

ဒီပုံကတော့ ကျွန်တော့်ဆီ လာပြတဲ့ လူနာတစ်ယောက်ရဲ့ ခြေထောက်ပါပဲ
။ ဆေးပညာအရတော့ Deformity လို့ခေါ်ပါတယ်။ တကယ်က အဲဒီခြေထောက်ကို လာပြတာတော့ မဟုတ်ပါဘူး။ တစ်ခြားရောဂါ လာပြရင်း ကျွန်တော်က စပ်စုကြည့်လိုက်တာပါ။ ဒီခြေထောက်က အစကတော့ အကောင်းပါတဲ့။ 
သူ့မှာ လေးဖက်နာရောဂါရှိတော့ မကြာခဏ အဆစ်ရောင်အဆစ်ကိုက်တာ ခံရတယ်။ တစ်ရက်တော့ တရုတ်တိုင်းရင်းဆေး ကုမ္ပဏီတစ်ခုက ဒူးနာ အဆစ်နာ ပျောက်ရမယ်ဆိုပြီး အပြောကောင်းကောင်းနဲ့ လာရောင်းသွားတဲ့ ဆေးပလာစတာကို ကပ်မိရာက ဖြစ်သွားတာပါတဲ့။ ပလာစတာတစ်ခုကို (၆၅၀၀) ဆိုပဲ။ ဘာတွေနဲ့ လုပ်ထားလဲတော့ မသိဘူး။ ခြေဖဝါးအောက်မှာ ညဘက် ကပ်အိပ်ရပါတယ်တဲ့။ ဆေးတွေ လည်း ပေးပါတယ်။ ပလာစတာက (၁၅) ရက်ကပ်ရမယ်လို့ ပြောပါတယ်။ 

“ နိုင်ငံတကာမှာလည်း ဒီလိုပဲ ”

ပြည်ထဲရေးက ပုဒ်မ ၁၈ ပယ်ဖျက်ရေး အဆိုကို ပယ်ချသတဲ့ ...
အကြောင်းပြချက်ကတော့ “ နိုင်ငံတကာမှာလည်း ဒီလိုပဲ ” တဲ့ ...
ကျုပ်တို့ကလည်း ပြောချင်တယ် ...

* သမ္မတ နှုတ်ထွက်ပေးပါ ... 

“ နိုင်ငံတကာမှာလည်း ဒီလိုပဲ ”
ပြည်သူလက်မခံရင် ဆင်းပေးရတာ ...

* ၂၀၀၈ နာဂစ်လောကြီးကို စုတ်ဖြဲပြီး အသစ်ရေးပါ ...
“ နိုင်ငံတကာမှာလည်း ဒီလိုပဲ ” 

ဘယ် ပြည်သူရဲ့ သဘောတူညီချက်မှ မပါဘဲ ပြဌာန်းထားတဲ့ ဥပဒေကြီး ချက်ချင်း ပြန်ရေးပါ။

* နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှတ်တော်ကပဲ ဆုံးဖြတ်ပေးပါ ...
“ နိုင်ငံတကာမှာလည်း ဒီလိုပဲ ... ” 

ကာကွယ်ရေး ဦးစီးချုပ်တွေ နိုင်ငံရေးမှာ ၀င်ရောက်စွတ်ဖက်နေမှုတွေ ရုပ်သိမ်းပါ ...။

* အခွန်ထမ်း ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး နဲ့ ပင်စင်ကို နိုင်ငံတကာနည်းတူ 

လုံးဝ အာမခံချက်ပေးပါ ...
“ နိုင်ငံတကာမှာလည်း ဒီလိုပဲ ... ” 

မကျန်းမာလို့ ပိုက်ဆံမရှိရင် သေနေရတဲ့ ဘ၀တွေ ၊ ပညာမသင်ကြားနိုင်လို့ ... အလုပ်ခွင်ရောက်နေတဲ့
 လူငယ်တွေ ၊ ပင်စင်လစာ မလုံလောက်လို့ ... တောင်းစားနေရတဲ့ အဘိုးအဘွားတွေ မြန်မာပြည်မှာ အများကြီး တာဝန်ယူပေးပါ ...။

* နိုင်ငံတကာနဲ့ တန်းတူ ရပိုင်ခွင့် လူ့အခွင့်အရေးတွေ ...လွတ်လပ်ခွင့်တွေ ... ပေးပါ။ အလုပ်လက်မဲ့ ပြသနာတွေ ... လယ်ယာမြေ မရှိတော့တဲ့ လယ်သမားတွေကို ပြေလည်အောင်

လုပ်ပေးပါ ... ၀န်ထမ်းလစာလေး မဖြစ်စလောက်နဲ့ ခိုးခိုင်းနေတာတွေကို ချက်ချင်း ရပ်တန့်အောင် လုပ်ပေးပါ ... လူလိုသူလို နေထိုင်နိုင်ခွင့်ရအောင် အစိုးရ ချုပ်ကိုင်ထားတဲ့ လျှပ်စစ်ဓာတ်အားတို့ ဆယ်သွယ်ရေး ၊ ခရီးသွား ၀န်ဆောင်မှုအစ ရှိတာတွေကို အကောင်းဆုံး ဖြစ်အောင် အရင် လုပ်ပေးပါ။

နိုင်ငံတကာလိုပဲ ... တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် တွေကို ဖော်ဆောင်ပြီး ဖက်ဒရယ် စနစ်ကို 
အမြန်ဆုံး အကောင်အထည် ဖော်ပါ ...။ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ပေးပါ။

“ နိုင်ငံတကာမှာ ဒီလိုပဲ ... အကုန် ဖြည့်ဆည်းပေးရမယ် ”

  
Bran Sai

ဆန္ဒသည်လည်း ပြည့်စေသတည်း

 
ပြည်လျှင်တင်းက-မင်းမခံနိုင်
နိုင်ငံအရပ်-သွေးဆူပွက်ဖို့ 
အားတက်ဟစ်ကြွေး -ရို့ အရေးကား
အဝေးအနီး-သည်ခရီးမှာ
အံ့ချီးဘွယ်မြောက်-ထင်တိုင်းပေါက်လျှင်
တူလျှောက်သည့်လမ်း-မပင်ပမ်းချေ
ကြမ်းတမ်းပေမည်-ဆန္ဒသည်လည်း
ပြည့်စေသတည်း-ပြည့်သတည်း ။။။။။။။။။။။။

အမျိုးစောင့်သော-ရိုးဖြောင့်သူများ
စိတ်တူအားသစ်-နိုင်ငံချစ်၍
တွယ်ရစ်သစ္စာ-ကျစ်လစ်ကာဖြင့်
ညီညာစုရုံး-စည်းစည်းလုံးပြီး
တိုင်းလုံးပြည်ခွင်-ကာကွယ်လျှင်သည်
ဦးကင်မကျိုး-ထီးရိုးမပေါက်
တစ်ယောက်တစ်လက်-ရဲသွေးဆက်၏
မန်တက်ဖီပြင်း-အားခွန်တင်းလျှက်
သွေးချင်းနီစွေး-ရို့ အရေးမည်
ဆန္ဒသည်လည်း -ပြည့်စေသတည်း ။။။။။။။။။။။

ဗုဒ္ဒသာသနာ-ရောင်စည်ဖြာ၍
ထယ်ဝါတင့်ရွှန်း-ပြည်တစ်ဝန်းသည်
ညိုးနွမ်းရိပ်ယောင်-ရှေ့နောက်တောင်မြောက်
ခိုးဝင်ရောက်သူ-ဆိုးသွမ်းသူတို့ 
လုယူဖျက်ဆီး-ကြံစည်ပြီးလျှက်
ခြံစည်းရိုးကျော်-မြေကိုသော်မှ
ယူဖေါ်မလွဲ-လူမျိုဆဲလေ
အမြဲရန်ပြု-လုံ့ လစုထုတ်
ယခုမပိုင်-နောင်ခါပိုင်ဖို့ 
ယှဉ်ပြိုင်ကစား-ညဏ်ရည်အားစမ်း
တွက်ဆစ်မှန်းရည်-ရှိနေသည်ကို
ပြည်ချစ်မျိုးမှန်-သူရဲမွန်နှင်
အားခွန်ဗလ-တောင့်ထားကြမှ
ဆန္ဒသည်လည်း-ပြည့်စေသတည်း ။။။။။။။။။။။

ငါရို့ ပြည်သည်-အသက်မည်၏
ငါရို့ ဘ၀-တည်ပေစွ၏
ငါရို့ သွေးသည်-ရဲစွေးနီ၏
ငါရို့ အောင်လံ-မိုးယံလွှင့်၏
ငါရို့  သတ္တိ-ကမ္ဘာသိ၏
ငါရို့ သာသာနာ-ငါရို့ ကာ၏
ငါရို့ ဘာသာ-ငါရို့ ကာ၏
ငါရို့ ညီညာ-ပြည်သာယာ၏
ငါရို့ ဆန္ဒ-ပြည့်မှပြည်သာ
ကမ္ဘာတည်သရွေ့ -ရှိစေ၏ ။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )
 

ဖြေရှင်းချက်

ကျုပ်ကို တစ်မျိုးမထင်ပါနဲ့ဗျာ။
ကျုပ်ကို အပြစ်မတင်ကြပါနဲ့။
ကျုပ်က အဲဒီရာထူးကို မက်လို့မဟုတ်ဘူး။
ကျုပ်က အဲဒီအဆောင်အယောင်တွေကို နှစ်သက်လို့မဟုတ်ဘူး။

လမ်းမှာတောင် ဗိုလ်ချုပ်လမ်း၊
ပန်းခြံဆိုလည်း ဗိုလ်ချုပ်ပန်းခြံ၊
စစ်တက္ကသိုလ်မှာဆို အောင်ဆန်းတပ်ခွဲ လို့ ဂုဏ်ပြုကြသေးတာပဲ။

ကျုပ်တို့ကလည်းဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့
ကျုပ်တို့ကိုယ် ကျုပ်တို့
ဗိုလ်ချုပ် ... ဗိုလ်ချုပ် ဆိုပြီး
ရာထူးတွေ ယူထားကြတာဗျ။

မှတ်ထား...
ကျုပ်တို့က
ဗိုလ်ချုပ်ကို ဂုဏ်ပြုကြတာ။

လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ် ရဲကင်း တိုက်ခိုက်ခံရ ရဲတပ်ကြပ်များ အပါအ၀င် ကိုးဦး ဒဏ်ရာရ


 
နိုဝင်ဘာ ၁၄ရက်နေ့ ကြာသာပတေး ၁၇ နာရီ ၄၂ မိနစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တူးဖော် ထုတ် လုပ်ရေး ကုမ္မဏီနှင့် ဒေသခံတောင်သူများအကြား မပြေလည်မှုများဖြစ်ပွားကာ ယခုလ ၁၄ ရက်နေ့ ည ၇ နာရီ၄၂ မိနစ် အချိန်ခန့်က မုံရွာ – ပုသိမ် အဝေးပြေူကားလမ်းမကြီးအနီးရှိ လုံခြုံရေးရဲကင်း စခန်း အား ဒေသခံတောင်သူများမှ ၀င်ရောက်စီးနင်းခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ခန့် ဒဏ်ရာရရှိ ခဲ့ကြောင်း ကနဦးသိရှိရသည်။ 
အဆိုပါ သတင်းအား သီးခြားသတင်းအတည်ပြုချက်များရရှိနိုင်ရန် ဆက်လက် ၍ ဆောင်ရွက်လျက်ရှိပါသည်…..။ ဒဏ်ရာရရဲတပ်ဖွဲ့ဝင်များ ယခုအချိန်တွင် မုံရွာပြည်သူ့ဆေး ရုံကြီး ခွဲစိပ်ခန်းနှင့် ဓာတ်မှန်ခန်းများသို့ ၀င်ရောက်လျက်ရှိပါသည်။ 
သတင်း + ဓာတ်ပုံ – ကိုတိုးကြီး (facebook) 

yinkhwinlam