Tuesday, October 15, 2013
What is VIP?
V.I.P ဆိုတာ very important person ပါတဲ့။
ဝန်ကြီးနှင့်အထက် ရာထူးတာဝန်ထမ်းဆောင်သူကို ခေါ်ပါတယ်။
ဒုဝန်ကြီးအဆင့်တောင်မပါပါဘူး......တဲ့။
နောက်တစ်ခါ
V.V.I.P ဆိုတာကတော့ very very important person ကို ခေါ်ပါသတဲ့။
သမ္မတနဲ့ ဒုသမ္မတအဆင့်တွေပဲ ပါသတဲ့....။
ယာဉ်ထိန်းရဲမှူး အငြိမ်းစားတစ်ယောက်ပြောတာပါ....။
တကယ်တမ်း ကျွန်တော်တို့ ကြုံရတာတော့ VIP တွေများလွန်းလို့။
တပ်ရင်းမှူး၊ ညွှန်ကြားရေးမှူးအဆင့်တွေတောင်
VIP ပဲ....။
တကယ်တမ်း ဘယ်လိုလူတွေက VIP စာရင်းဝင်ပါသလဲ ခင်ဗျာ..........။
စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း
စင်ကာပူနိုင်ငံသို့ရောက်ရှိလာသူ နိုင်ငံခြားသား ဧည့်သည်တစ်ဦးအဖို့ နိုင်ငံအတွင်း လှည့်လည်သွားလျှင် ပန်းခြံကြီးတစ်ခုအတွင်း သို့မဟုတ် ဥယျာဉ်ကြီးတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားရပါလိမ့်မည်။ 
 မြေလွတ်အားလုံးကို မြက်ခင်းစိမ်းစိမ်းတို့ဖြင့် ဖုံးလွှမ်းလျှက်။ လမ်းဘေးဝဲယာတို့တွင် သစ်ပင်များ၊ ပန်းပွင့်များဝေဆာစွာပွင့်ဖူးနေသော ပန်းပင်၊ ပန်းခြုံ၊ ပန်းနွယ်များ စီတန်းလျှက်။ အိမ်များအကြား၊ အဆောက်အအုံများအကြား သစ်ပင်ကြီးများစိမ်းစိုလျှက်။ Jurong Bird Park, Night Safari, Singapore Zoo စသည့်နေရာများ၊ ပန်းခြံများ အတွင်း၌ စိမ်းစိုညိုမှောင်နေသော အပင်ကြီးများ၊ ပန်းခြုံများဖြင့် စိမ်းစိမ်းစိုစို ရှိလျှက်။ လူမနေသည့်တောတန်းများတွင် သစ်ပင်၊ ၀ါးပင်ကြီး များဖြင့် ပြည့်နှက်လျှက်။ ယုတ်စွအဆုံး၊ စူပါမားကက်ကြီးများအတွင်း၌ ပန်းပင်များကို အိုးကြီးများဖြင့် စိုက်ထားသည်၊ ကားရပ်နားသည့် အဆောက်အအုံ ခေါင်မိုးများပေါ်တွင်ပါ သစ်ပင်ပန်းမာလ်များဖြင့်
 ဝေဆာလှပလျှက်ရှိသည်ကို သတိထားမိကြပါလိမ့်မည်။
                 စင်ကာပူနိုင်ငံကို ဤကဲ့သို့ စိမ်းစိုလှပနေအောင် မည်ကဲ့သို့စီမံထားသနည်းဆိုသည်ကို
 သေသေချာချာသိနိုင်ရန် စင်ကာပူမှ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၌ လက်တွေ့ပါဝင် ဆောင်ရွက်နေကြသော မြန်မာစိုက်ပျိုးရေးပညာရှင် များနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကျွန်တော်တွေ့ဆုံမေးမြန်းခဲ့သူများမှာ JTC မှ ဦးဂျော့ကျော်စိုး၊ ဦးတင်ဇော်အောင်၊ ဦးအောင်ဆွေဦးနှင့် ဒေါ်အေးအေးမွန်၊ ဦးခင်မောင်စိုး၊ ဦးဇော်မင်းသိန်းတို့ဖြစ်ပါသည်။
               ၎င်းတို့ပြောပြသည်များကို အခြေခံလျှက် အခြားသိသင့်သိထိုက်သည်များ ကို အင်တာနက်မှ မွှေနှောက်ရှာဖွေကာ မြန်မာပြည်မှ မြို့ပြများတွင်လည်း သစ်ပင်ပန်းမာလ်ထိန်းသိမ်းရေး အတုယူနိုင်ကြပါစေရန် ရည်ရွယ် ရေးသားလိုက်ပါသည်။
အဓိကလမ်းမကြီးများပေါ်ရှိ ဂုံးကျော်တံတားနှင့်မြေအောက်စင်္ကြန်များ
Bridges and Underpasses
(ဂုံးကျော်တံတားများနှင့်လှိုဏ်ခေါင်းများ)
ခေတ်မီမြို့ပြတွေမှာ တစ်နေ့တစ်ခြားထူထပ်လာတဲ့ ကားကြပ်တဲ့ပြဿနာ၊ ခရိးသွားပြဿနာတွေကို ဖြေရှင်းဘို့ ကြိုးစားကြရာမှာ ဂုံးကျော်တံတားများ၊   မြေအောက်လှိုဏ်ခေါင်းများ
 ဆောက်လုပ်ပြီး ဖြေရှင်းကြတာဟာလည်း နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းကိုသုံးရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ မတူညီကြပါဘူး။ ကိုယ့်မြို့ပြရဲ့ အခြေအနေပေါ်မူတည်လို့ ကွာခြားကြပါတယ်။ ကျနော်ဆိုလိုတာက နည်းစံနစ်မဟုတ်ပါဘူး။ မဟာဗျူဟာ ရွေးချယ်မှုပါ။ ဒီနေရာမှာ အခုတစ်လော နိုင်ငံတော်အာဏာပိုင်များက ပြောသလို စင်္ကာပူလိုဖြစ်အောင်ကြိုးစားမယ်လို့ဆိုပြီး သူနဲ့တစ်ထပ်တည်းတူအောင် အတုယူစရာမလိုပါဘူး။ "စု-တု-ပြု" ကြရမှာပါ။ သူတို့အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ထားတာတွေကို သွားလေ့လာ၊ အတုယူသင့်တာကို အတုယူပြီး ကိုယ့်ပုံစံကို ဗျူဟာချရမှာပါ။ လုပ်တာကနောက်၊ ဗျူဟာကအရင်ပါ။ သမ္မတကြီးက လုပ်ပေးပါပြောတိုင်းလည်းချက်ချင်း ထလုပ်စရာမလိုပါဘူး။
ရေရှည်စီမံကိန်းချပြီး ဘတ်ဂျတ်ခွဲဝေကာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ရမှာပါ။  
ထိုင်းနိုင်ငံ ဘန်ကောာက်
BangKok Roads are famous for the Traffic Congestion
ထိုင်းတွေက ဘန်ကောက်မြို့တော်ကလမ်းတွေကို ယာဉ်ထူထပ်တဲ့နေရာတွေမှာ မဟာဗျူဟာလမ်းမကြီး နဲ့ ဗဟာဗျူဟာလမ်းငယ်ဆိုပြီး ခွဲခြားလိုက်တယ်။ ဥပမာပြရရင် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့ဟာ လမ်းမကြီးဖြစ်ပြီး မြေနီကုန်းနဲ့ လှည်းတန်းတို့ဟာ လမ်းငယ်ပေါ့ဗျာ။ အဲဒီလမ်းမကြီးနဲ့ လမ်းငယ်ဆုံတဲ့
နေရာရောက်တိုင်း လမ်းမကြီးဖက်ခြမ်းမှာ ခုံးကျော်ထားထားပေးတယ်။ super busy လမ်းတွေ
ဆိုရင်တော့ အရေးမပါတဲ့ လမ်းသွယ်တွေနဲ့ ဆုံတဲ့နေရာတွေမှာတောင် ခုံးကျော်ဆောက်ထားပေးတယ်။
ဒါပေမယ့် မြို့လည်ခေါင်ရပ်ကွက်တွေမှာ နေ့လည်နေ့ခင်းတောင် ပက်ကျိနှုံးနဲ့ရွေ့နေတဲ့ ကားမြစ်ကြီးတွေကြောင့် ဘန်ကောက်ဟာ ကမ္ဘာပေါ်မှာ ကားအကျပ်ဆုံးမြို့တော်အဖြစ် နံမည်ဆိုးနဲ့ ကျော်ကြားတုန်းပါဘဲ။ ဒါပေမယ့် သူတို့ စိတ်ဓါတ်မကျပါဘူး။ ပုံမှာမြင်ရတဲ့အတိုင်း မိုးပျံတံတားတွေကို အင်တိုက်အားတိုက်ဖောက်လုပ်ဆဲပါဘဲ။
ဒါပေမယ့် မြို့တော်တွင်းကားနဲ့ လူဦးရေတိုးပွားလာမှုနှုန်းက ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ အခြေခံအဆောက်အအုံတွေထက်ပြီးစီးနှုန်းထက်ကျော်လွန်နေတုန်းပါဘဲ.........
တစ်ခါတစ်ရံမှာ တစ်ကီလိုမီတာရွေ့ဘို့ တစ်နာရီကျော်ကြာရတယ်ဆိုတဲ့ complaints တွေဟာ ကြားနေကျ သံစဉ်ဟောင်းတေးတစ်ပုဒ် ဖြစ်နေခဲ့ပါပြီ။
လမ်းတွေကို ဘေးသို့ထပ်ချဲ့ဘို့ မဖြစ်နိုင်တော့တဲ့အခါ ဒေါင်လိုက်ချဲ့လာကြပါတယ်။ ထိုင်းမှာ အသစ်ဆောက်လုပ်ပြီးနဲ့ ဆောက်လုပ်ဆဲ Expressways တွေဟာ မိုးပျံတံတားတွေဖြစ်လို့လာပါတယ်။ ဘန်ကောက်ဟာ နိုင်ငံတကာစံညွှန်းတွေအရ စင်္ကာပူပြီးလျှင် အရှေ့တောင်အာရှမှာ ဒုတိယဈေးအကြီးဆုံး Mega City ဖြစ်ပါတယ်။ လမ်းတွေကို အသစ်ဖောက်လုပ်ဘို့ လက်ရှိအိမ်ခြံမြေတွေကို ဖယ်ရှားဘို့က အလျော်အစားများလာတဲ့အခါ လမ်းတွေကို မိုးပေါ်က သွားဘို့ကလွဲပြိး အခြားကုန်ကျစံရိတ်သက်သာတဲ့ နည်းလမ်းမရှိတော့ပါဘူး။ မြေအောက်လမ်းဆောက်ရတာ ပိုပြီးကုန်ကျစံရိတ်များပြီး နည်းပညာပိုမိုရှုပ်ထွေးလို့ပါ။ ဒီအတွက်ပေးဆပ်ရတဲ့ တန်ဘိုးက မြို့ရဲ့အလှအပနေရာတွေနဲ့ အဆောက်အဦးအချို့ဟာ ဒီတံတားကြီးတွေကြောင့် အနီးကပ်မြင်ကွင်းကွယ်သွားပါတယ်။
ဘန်ကောက်ဟာ ပင်လယ်ပြင်အထက် ၆.၅-ပေဘဲမြင့်ပါတယ်။ ကောလဟလအချို့က ဘန်ကောက်ဟာ နုံးမြေပေါ်မှာတည်နေပြီး တစ်နှစ်ကို (၂)လက္မ နှုန်းနဲ့ မြေကြီးထဲကျွံဝင်နေတာကြောင့် (၂၀၃၀) မှာ ပင်လယ်ရေအောက်စုံးစုံးမြုပ်သွားတော့မှာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းဘန်ကောက်ရေကြီးမှု ပြဿနာကို ရင်ဆိုင်ရတဲ့အခါ ဒီကောလဟလခန့်မှန်းချက်အပေါ်စိုးရိမ်မှုတွေ ဟာ ဒေသခံတွေကော ပြည်ပရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာပါ ဖိစီးလို့လာခဲ့ပါတယ်။ 
ဒီနေရာမှာ ဖြတ်ပြီး အခုခေါင်းစဉ်နဲ့ တိုက်ရိုက်မဆိုင်သော်ငြား သွယ်ဝိုက်ဆက်စပ်နေသော လေကြောင်းပို့ဆောင်ရေးအပိုင်းကိုတင်ပြပါ့မယ်။
Planes Submerged in Bangkok Don Mueang International Airport
ပြီးခဲ့တဲ့နှစ်က ဘန်ကောက်မှာရှိတဲ့ အင်တာနေရှင်နယ်လေဆိပ် ဒွန်မောင်း ရေကြီးလို့ လေယာဉ်တွေ
 ရေနစ်ဆုံးရှုံးရတဲ့အခါ ရေကလည်းရုတ်တစ်ရက်မကျတဲ့အခါ ဘန်ကောက်က လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီအချို့ဟာ ရန်ကုန်လေဆိပ်နားတစ်ဝိုက်ကမြေတွေကို လာရောက်ငှားရမ်းကြပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတော့ ဘန်ကောက် bottle neck ဖြစ်တဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက ရန်ကုန်ကို စဉ်းစားတယ်ဆိုတာ သွားတွေ့ပါတယ်။ ကဲဗျာ မိုးမပြိုဘူး ပြိုခဲ့မယ်ဆိုရင်ကောဗျာ။
ဆိုကြပါစို့- ဘန်ကောက်မြို့ကြီး ပင်လယ်ရေအောက်ရောက်ခဲ့မယ် ဆိုရင်ကောဗျာ ။ ရင်းနှီးမြှုပ်နှံသူတွေ ရွှေ့မယ့်နေရာကို ရန်ကုန်ဖြစ်စေမလား ။ ဒါမှမဟုတ် ဖနွမ်းပင်အဖြစ်ခံမလား ကျနော်တို့ ရွေးရပါမယ်။
 နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြဆိုတဲ့ အညွှန်းကိန်းတွေဟာ လမ်းတံတားနဲ့ ပို့ဆောင်ရေးကဏ္ဏမပါလို့မပြီးပါဘူး။ ကျွန်တော်တို့ရဲ့ရန်ကုန်ဟာ ပထမတန်းစားရန်ကုန်ဖြစ်လာဘို့ ကျနော်တို့မှာ ဘတ်ဂျက်လိုတယ်။ စေတနာမှန်တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ပညာရှင်တွေလိုတယ်။ အလိုအပ်ဆုံးက စံနစ်တစ်ကျ စီမံခန့်ခွဲတတ်တဲ့ ခေါင်းဆောင်လိုတယ်။
စင်္ကာပူက အာဏာရှင် လီမိသားစုက အရှေ့တောင်အာရှ လေကြောင်းပို့ဆောင်ရေးကဏ္ဏမှာ ထိပ်ဆုံးကပြေးနေတဲ့ ဟောင်ကောင်နဲ့ ဘန်ကောက်ရဲ့ ဝေစုကိုခွဲယူဘို့ စံနစ်တစ်ကျ စီမံပါတယ်။ 2010 Annual report အရ ချန်ဂီဟာ ၂၀၀၉ ခုနှစ်ကထက် ၁၃% တိုးပြီးခရီးသည် ၄၂သန်းကို ၀န်ဆောင်မှု ပေးကာ ကမ္ဘာပေါ်က ခရီးသွားအများဆုံးဝင်ထွက်တဲ့စာရင်းမှာ အဆင့် ၁၈ချိတ်ပါတယ်။ ဘန်ကောက်က ၄၃သန်းနဲ့ အဆင့်(၁၇)ပါ။ ကျနော်တို့ ရန်ကုန်လေဆိပ်ဟာ ခရီးသည် ၄.၂သန်း မပြောနဲ့ ၊ ၄သိန်း၂သောင်းကို ၀န်ဆောင်မှုပေးတာတောင် မနိုင်နင်းသေးပါဘူး။ အဆ(၁၀၀) ကွာဟနေတဲ့ ပမာဏပါ။
စင်္ကာပူ
စင်္ကာပူ နိုင်ငံမှာတော့ မြို့ထဲလမ်းတွေမှာ ခုံးကျော်တံတားဆောက်လုပ်တာရှားပါတယ်။ ဒီအစား မြို့နယ်တွေဘေးကပတ်ဖောက်ထားတဲ့ အမြန်လမ်းတွေကို ဦးစားပေးပြီး ဖောက်လုပ်ပါတယ်။ အဲဒီအမြန်မောင်းလမ်းတွေဟာ ရပ်ကွက်ကြီး (သို့) မြို့နယ်ထဲဆင်းတဲ့အခါ Exit ဆိုတဲ့ လမ်းမြောင်တွေကနေ ဆင်းသွားပြီး သက်ဆိုင်ရာမြို့နယ်တွေထဲရောက်သွားပါတယ်။ Exit တိုင်းမှာ ခုံးကျော်တံတားရှိတယ်။  မြို့လယ်ခေါင်နေရာတွေမှာတော့ အမြန်မောင်းလမ်းဟာ လှိုဏ်ခေါင်းထဲရောက်သွားပါတယ်။ ရည်ရွယ်ချက်က မြို့လည်ခေါင် စီးပွားရေးရပ်ကွက်တွေက ကိုလိုနီခေတ်အဆောက်အဦးတွေရဲ့ အလှအပ နဲ့ ကုန်တိုက်ကြီးတွေ ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦးတွေကို မကွယ်အောင်လို့ပါ။ မြို့နယ်တွင်းက လမ်းတွေကတော့ ပုံမှန်မီးပွိုင့်ထားတဲ့ လမ်းဆုံတွေဘဲ ရှိပါတယ်။ ဒါတောင် မိုးရွာတဲ့အခါ နဲ့ အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ အမြန်လမ်းမကြီးတွေပေါ်မှာတောင် တစ်ရွေ့ရွေ့ဘဲ သွားနိုင်ပါတယ်။ ယနေ့ ကျွန်တော်တို့ရွှေမြန်မာတွေ အားကျအထင်ကြီးတဲ့ စင်္ကာပူမှာတောင် သေသေချာချာမတွက်ချက်ဘဲ လောလော၊လောလောလုပ်လို့ အဓိက စီးပွားရေးရပ်ကွက်ဖြစ်တဲ့ Orchard Road ပေါ်မှာ ရေကြီးတာ (၂)နှစ်ရှိပါပြီ။ ကျွန်တော်မှတ်မိသလောက် Downtown Line မြေအောက်ရထားလမ်းအတွက် Kallang တူးမြောင်းပေါ်မှာ လုပ်ငန်းစကတည်းကပါ။ အခုတော့ Orchard လမ်းမကြီးကို မြှင့်၊ တူးမြောင်းအသစ်တွေပြန်တူးနဲ့ ကုစားနေရပါတယ်။ ထို့နည်းတူ တရုတ်တန်းမှာ ဆောက်ပြီးတာ တစ်နှစ်လောက်ဘဲရှိသေးတဲ့ Flyover တစ်ခုပြန်ဖျက်ချလိုက်ရပါတယ်။ အသစ်ဆောက်မယ့် မြေအောက်ရထားလိုင်းလုပ်ငန်းခွင်နဲ့ မလွတ်လို့ပါ။
ထို့နည်းတူ နစ်ကိုလ်းဟိုင်းဝေး မတော်တစ်ဆမှုဟာလည်း စင်္ကာပူနိုင်ငံရဲ့ နည်းပညာ နဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှု ရာဇ၀င်မှာ သိသာထင်ရှားတဲ့ အမည်းစက်တစ်ခုပါဘဲ။ ဂျပန်ကုမ္ပဏီဆိုပြီး အထင်တစ်ကြီး လျှော့တွက်ခဲ့မိတဲ့အမှားပါ။ လမ်းအမည်ပေးစံနစ်မှာလည်း ကျနော်တို့ရှေးမြန်မာတွေရဲ့ မြို့တော်မန္တလေးရဲ့ ခြေဖျားတောင်မမှီသေးပါဘူး။
ကျနော်ဆိုလိုချင်တာက စင်္ကာပူဆိုတိုင်းအထင်မကြီးပါနဲ့လို့ ဆိုလိုတာပါ....သူတို့မှာလည်း အားနည်းချက်ဆိုတာရှိပါတယ်။ ပုံတူကူးတယ်ဆိုတာ ရိုးစင်းလွန်းပါတယ်။ ကိုယ့်အနေအထားနဲ့ ကိုက်ညီအောင် စံထုတ်ကြဘို့ပါ။
စင်္ကာပူ highway လမ်းတွေ နဲ့ မြို့နယ်လမ်းမကြီးတွေ standard ထားတဲ့ ယာဉ်ကြောပမာဏက (၃)လမ်းမောင်း စံနစ်ပါ။ အခုတော့ ဒီစံနစ်ဟာ ခေတ်မမှီတော့ပါဘူး။ Accident တစ်ခုဖြစ်တာနဲ့ လမ်းတွေဟာဆို့ကျပ်ပြီး ကားတွေကျောက်ချရတော့တာပါဘဲ။ accident လည်းမိုးလေးနည်းနည်းသည်းတဲ့အချိန် ၊ အလုပ်သွားအလုပ်ပြန်ချိန်ဆိုရင် အမြဲဖြစ်နေကျပါ။
ထားတော့....ခုံးကျော်တံတားအကြောင်းပြန်ကောက်ရအောင်။ ခုံးကျော်တံတားအကြောင်းဆိုရာမှာ လူကူးခုံးကျော်တံတားလည်းပါပါတယ်။ အမြန်မောင်းလမ်းမကြီးတွေမှာ လမ်းရဲ့တစ်ဖက်တစ်ချက် လူနေအိမ်ခြေများတဲ့နေရာတွေမှာ ဟိုဖက်ခြမ်း နဲ့ ဒီဖက်ခြမ်းကူးဘို့ လူကူးစရာစင်္ကြန်လိုလာပါတယ်။ များသောအားဖြင့် စင်္ကာပူနိုင်ငံမှာ လူကူးခုံးကျော်တံတားဆောက်ကြပါတယ်။ မြေအောက်စင်္ကြန်ကိုတော့ ကျနော်သိသလောက် မြို့လည်ခေါင် Business District တွေအောက်မှာ City Link ၊ , Golden Mile နားက တံတားအောက်နဲ့ ECP အမြန်လမ်းတစ်လျှောက် ရပ်ကွက်တွေကနေ East Coast Beach ကိုဆက်ထားတဲံ့ underpass တွေဘဲရှိပါတယ်။ အခြားနေရာတော်တော်များများကတော့ လူကူးခုံးကျော်တွေပါ။ လူကူးခုံးကျော်တွေဟာ ကားကြီးတွေနဲ့ လွတ်အောင် 4.5 metre Hight limit ပေးထားရတာကြောင့် သာမာန်လူတွေတောင်မှ တက်ရတာ အခက်အခဲရှိပါတယ်။ မြေအောက် စင်္ကြန်ကတော့ အဆင်းအတက်သက်သာပါတယ်။ မြေအောက်လှိုဏ်ခေါင်းဆိုတာ ကားလမ်းအောက်မြေကြီးကနေ အနက်ကြီးတူးစရာမလိုပါဘူး။ လမ်းဟိုဖက်ခြမ်း၊ ဒိဖက်ခြမ်းမြောင်းကြီးတူးပြီး အဲဒီမြောင်းကို လမ်းနဲ့အညီတံတားထိုးလိုက်တာနဲ့ ကိစ္စပြတ်ပါတယ်။ Plan view ပုံစံက အင်္ဂလိပ်အက္ခရာ " i " အကြီးပုံစံပါ။
တရုတ်ပြည်တောင်ပိုင်း
တရုတ်ပြည်တောင်ပိုင်းကို အထူးဖွံ့ဖြိုးရေးဒေသအဖြစ် တည်ထောင်မယ်ကြံတော့ တိန့်ရှောင်ဖိန်လက်ထက်ပါ။ တရုတ်အစိုးရက လိုအပ်တဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာဥပဒေတွေပြဌာန်းပြီးတဲ့အချိန်မှာ ဟောင်ကောင်က နံမည်ကြီး developer တွေကိုခေါ်ပြီး မြေတစ်ဧကကို တစ်ယွမ်နှုံးနဲ့ (အလကားဘဲဆိုပါတော့ဗျာ) ပေးလိုက်ပါတယ်။
ပြိးတော့ သူတို့အကြိုက် ပုံစံထုတ်ပြီး မြို့ကွက်တွေဖော်ခိုင်းပါတယ်။ တရုတ်ပြည်ကလမ်းမကြီး နဲ့ အမြန်မောင်းလမ်း အများစုဟာ (၄)လမ်းသွား နဲ့ (၅)လမ်းသွားတွေပါ။ မြို့တွင်းလမ်းမကြီးတွေမှာ လမ်းကို Amco သံပြားတွေနဲ့ ကာရံထားတယ်။ လမ်းဆုံတွေမှအပပေါ့။ ပြီးမှ ၈ပေခန့်ရှိတဲ့ လူသွားပလက်ဖောင်း၊ ပလက်ဖောင်းရဲ့ဘေးမှာ စက်ဘီးစီးလမ်း(ဆိုက်ကားနှစ်စီး လွယ်လွယ်ရှောင်သာပါတယ်။) စက်ဘီးလမ်းနဲ့ ပလက်ဖောင်းကြားမှာ အရိပ်ရပင်တွေစီတန်းစိုက်ထားတယ်။ အဲဒိနောက်မှာ ကားပါကင်ဇုန်။ ကားပါကင်ဇုန်နဲ့ စက်ဘီးလမ်းကြားမှာရေမြောင်း၊ ရေမြောင်းတွေက လူတစ်ရပ်ကျော်တာမို့ safety handrails တွေကာထားတယ်။ ပြီးမှ shop house သို့ အဆောက်အဦးပါ။ လူကူးခုံးကျော်တံတားအင်မတန်ရှားပါတယ်။ မြို့လယ်ခေါင်တွေမှာ နေရာမရှိလွန်းမှ လူးကူးစင်္ကြန်တံတားဆောက်ပေးထားတယ်။ ဒါပေမယ့်စက်လှေခါးနဲ့ပါ။ လူဖြတ်ကူးဘို့ ခုံးကျော်တံတားအစား underpass တွေလုပ်ပေးထားတယ်။ underpass တိုင်းဟာ လူမပြောနဲ့ ကားတောင်ရှောင်လို့ ရပါတယ်။ ၂၀ ပေ၀န်းကျင်တွေပါ။
<<<< connection is too bad as usual . Dear reader, to be continued , See you soon >>>>
ဒီနေရာက ကူးယူဖော်ပြပါသည်။
ဆရာဝန်၊ လူနာနှင့် ခွေး
 တစ်ခါက ခါးအောက်ပိုင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးချစ်ထံသို့ နယ်မှလူနာ တစ်ယောက်ရောက်ရှိလာသည်။ ထိုသူမှာ 'ရွှေဥ'တွင် အနာပေါက်နေခြင်းဖြစ်၏။ ဆရာဝန်ကြီးလည်း ခွဲစိတ်ကုသရန်အတွက်လူနာကိုမေ့ဆေးပေးလိုက်သည်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ရန်
 'ရွှေဥ'ကို ဖြတ်ထုတ်ပြီး လင်ပန်းတစ်ချပ်ပေါ်ခဏတင်ထားသည်။
အနာကိုဆေးကြောသုတ်သင်နေစဉ် အရေးကြီးသော တယ်လီဖုန်းလာသဖြင့် သွားပြောရသည်။ ခွဲစိတ်ခန်းထဲပြန်ဝင်လာသောအခါ လင်ပန်းပေါ်က 'လူနာ၏ရွှေဥ' မရှိတော့ကြောင်း တွေ့ရ၏။ လိုက်ရှာကြည့်တော့မှ ခွဲခန်းထောင့်တွင် ခွေးတစ်ကောင်က လူနာရဲ့ 'ရွှေဥ'ကိုမြိန်ရေရှက်ရေ ကိုက်စားနေတာ အပိုင်းအစလေးလောက်ပဲ ကျန်တော့သည်။ ဆရာဝန်ကြီးလည်း ထူပူပြီး ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ လူနာက မကြာခင်မေ့ဆေးပြယ်ပြီး သတိရလာတော့မည်။
အချိန်သိပ်မရှိတော့။ ကြံရာမရဖြစ်နေရာမှ နောက်ဆုံးတော့ အရေးပေါ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရ၏။ ခွေးကိုသတ်၊ ခွေးရဲ့'ရွှေပန်း'ကိုဖြတ်ယူပြီး လူနာထံ အစားထိုး တပ်ဆင်ပေးလိုက်သည်။
လူနာသည် တစ်ပတ်လောက်အကြာမှာ အနာကျက်သဖြင့် ဆေးခန်းမှဆင်းပြီး နေရပ်သို့ပြန်သွားသည်။ ဆရာဝန်ကြီးကတော့ ရင်တထိတ်ထိတ်ကျန်ရစ်ခဲ့သည်။  ဘာပြဿနာများပေါ်လာမလဲဟု စိတ်မသက်မသာဖြစ်နေရ၏။ အချိန်အတော်ကြာအထိ ဘာသတင်းမှ မကြားရဘဲသုံးလလောက်နေတော့မှ လူနာထံက စာတစ်စောင်ရောက်ရှိလာသည်။
"ဆရာကြီးခင်ဗျာ.... ကျွန်တော်သည် ဆရာကြီး၏ လူနာတစ်ဦးဖြစ်ပါသည်။ ဆရာကြီးခွဲစိတ်ကု သပေးခဲ့သဖြင့် ကျွန်တော်၏ ရွှေဥဝေဒနာမှာလည်း လုံးဝသက်သာပျောက်ကင်းသွားပါပြီ။ ဒါတွင်မက ယခုအခါ ကျွန်တော်သည် နေရထိုင်ရတာ အလွန်ပေါ့ပါးသွက်လက်နေပါသည်။ မှတ်တိုင်မှအရှိန်ဖြင့် ထွက်သွားသော ဘတ်စကားနောက်သို့ပင် အလွယ်တကူ မီအောင်ပြေးလိုက်နိုင်ပါသည်။
ရေမြောင်းများ ရေအိုင်များကိုလည်း အသာကလေး လွှားခနဲခုန်ကျော်နိုင်ပါသည်။ ဇနီးဖြစ်သူကလည်း လူငယ်လေးလိုပြန်ဖြစ်သွားတယ်ဟု ချီးကျူးပါသည်။ သို့ရာတွင် ပြဿနာလေးနည်းနည်းတော့ရှိနေ ပါသည်။
ယခုအခါ ကျွန်တော့်မှာ မော်တော်ကားများမြင်လျှင် တာယာကိုသေးနှင့်ပန်းချင်စိတ်များ ထိန်းမရအောင်ဖြစ်လာတတ်ခြင်းနှင့် အပေါ့သွားသောအခါ  ပေါင်တစ်ဘက်ကို မြှောက်၍ကားပြီးမ
ပေါက်လို့ရခြင်းတို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ အမြန်ဆုံးအကြောင်းပြန်ကြားပေးစေလိုပါသည် ခင်ဗျား။
မင်းလူ၏ ခါးအောက်ပိုင်းမှ ကောက်နှုတ်ဖော်ပြပါသည်။
ရယ်စရာမဂ္ဂဇင်း။ (ဩဂုတ်၊ ၂၀၁၁) 
ဟာသ
အဝတ်အစားမပါသော အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက် ကုတင်ပေါ်မှာ လှဲနေကြသည်။
 အဘွားကြီးက ဒူးထောင်ပေါင်ကားပုံစံဖြစ်နေ၏။
အဘိုးကြီးက တယ်လီဖုန်းပြောနေပုံက-
"သမ္မတကြီးလားခင်ဗျာ၊ တိုက်ချင်းပစ်ဒုံးပျံတွေ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်မယ့်
လိုဏ်ခေါင်းတစ်ခု ကျွန်တော်တွေ့ထားပါတယ်"
 =========================================================
ကိုသောနသည် နတ်ဖမ်းစားခံရသဖြင့် စိတ်ကယောက်ကယက်ဖြစ်ပြီး ဇနီးဖြစ်သူ သုမနကို ရိုက်နှက်နှိပ်စက်သည်။ သုမနလည်း မခံနိုင်တော့သဖြင့် အိမ်ပေါ်မှဆင်းပြီး အရပ်တစ်ပါးသို့ထွက်သွား
ရသည်။  လမ်းမှာ တိုင်းခန်းလှည့်လည်လာသော ရှင်ဘုရင်နှင့်တွေ့သည်။ ရှင်ဘုရင်က သနားပြီး မိဖုရား
မြှောက်လိုက်သည်။
ကိုသောန စိတ်ပြန်မှန်လာသောအခါ မှားမှန်းသိပြီး သုမနကိုလိုက်ရှာသောအခါ ဘုရင့်မိဖုရား
 ဖြစ်နေကြောင်းတွေ့ရ၏။ သုမနက စိတ်နာပြီး
"အခုမှ နှမြောရသလား၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ပြန်ပါလေ ကိုသောနရဲ့"
ဟု ငိုချင်းချသည်။
ရှင်ဘုရင်ကလည်း သဘောထားကြီးသူဖြစ်သောကြောင့် မူလပိုင်ရှင်ကိုသောနထံ သုမနကိုပြန်အပ်သည်။ (စားလို့ဝသွားတာလည်းဖြစ်နိုင်သည်။)
ကိုသောနမှာ အခက်တွေ့နေ၏။ သူ့မိန်းမကိုလည်း ပြန်လိုချင်သည်။ ရှင်ဘုရင်နှင့်ညားပြီး
 ဖြစ်နေသောကြောင့်လည်း မသတီဘဲရှိနေ၏။ ထိုအခါ လူရွှင်တော်တစ်ယောက်က ဝင်ပြောသည်။
"ရွံမနေစမ်းပါနဲ့ ကိုသောနရယ်၊ စားပြီးသားထမင်းပန်းကန်တောင် ရေနဲ့စင်စင်ဆေးလိုက်ရင် ပြောင်သွားသေးတာပဲ"
မင်းလူ၏ ခါးအောက်ပိုင်းမှ ကောက်နှုတ်ဖော်ပြပါသည်။ 
၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို
၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။
၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။
အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊
လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။
၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း
လေ့လာသူများကသုံးသပ်သည်။
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း
ပြည်ပပညာရှင်များကလည်း ထောက်ပြလျက်ရှိသည်။ ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံး ခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ရောက်ရှိနေသည်
အပူချိန်များတိုးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့သည် Global Warning ကမ္ဘာကြီး ပူနွေးလာမှု၏ ဆိုးကျိုးများဖြစ်ပြီး ၎င်း၏ သက်ရောက်မှု (Impact) များကို အရှေကတောင်အာရှနိုင်ငံများမှ လေ့လာ စူးစမ်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော နိုင်ငံများထက် ထူးခြားစွာ ထိခိုက်မည့်မိမိတို့နိုင်ငံသည် Global Warming ၏ Imparct များကို မလေ့လာဘဲ ကြိုတင်   ပြင်ဆင်မှုများမရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
“သူများနိုင်ငံတွေ အကုန်လေ့လာပြီးပြီ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး၊ အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်၊ အားလုံးကြို တင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု ၎င်းက ပြောကြားသည်။
၂၁ ရာစုကုန်ပိုင်း အပူချိန်တိုးလာချိန်တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဆားငန် ရေများ ၀င်လာပြီး မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များက သုံးသပ်သည်။
ထို့ပြင် သောက်သုံးရေပြတ်လပ်ခြင်း၊ စိုက်ပျိုးမြေပျက်၍ ဆန်ရေစပါး ရှားပါးခြင်း၊ ငါးလုပ်ငန်း များ ပျက်ဆီးခြင်း၊ တောတာင်များ မီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းတို့က ဆိုသည်။
ကမ္ဘာကြိး၏ ၃၀ ရာခိုင်နှုန်းသည် စိမ်းလန်းသည့် သစ်တော့များနှင့် ဖုံးအုပ်ထားပြီး စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိကြောင်း၊ သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧရိယာစတုရန်းမီတာ
၇၃၂၀၀ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် လူသား တို့ကိုယ်တိုင် ဖန်တီး ခဲ့ခြင်းဖြစ်ပြီး လူသားများပင် ပြန်လည် ထိန်းသိမ်းကာကွယ်ရမည့် ပြဿနာဖြစ်ကြောင်း သဘာဝပတ်ဝန်း ကျင်ပျက်စီးယိုယွင်းမှုများကို အမှတ်တမဲ့ မနေသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းကပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆိုးရွာလာတဲ့ အကျိုးဆက်များကို သေချာလေ့လာသုတေသနပြု ကြိုတင်ကာကွယ်ထိန်း သိမ်းခြင်းများ လုပ်ဆောင်ရတော့မည်ဖြစ်သော်လည်း သုတေသနအနေဖြင့် စနစ်တကျ လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
ရေးသားသူ- မောင်ထက်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်
By The Express Times
ဒီနေရာက ကူးယူဖော်ပြပါသည်။ 
ထမင်းအိုး
အငြိမ့်မင်းသမီးတစ်ယောက်သည် ကချိုးတစ်ခုကို ကြိုးစားပမ်းစားကပြီးနောက် ခဏနားလိုက်သည်။ ထိုအချိန်တွင် လူရွှင်တော်တစ်ဦးက ပြေးလာပြီး  ယပ်ခပ်ပေးသည်။
ထိုအခါ နောက်လူရွှင်တော်တစ်ဦးက
"ဟေ့ကောင်၊ မင်းကလည်း မင်းသမီးကိုဖားလှချည်လား"
"ဖားရတယ်ကွ၊ ငါတို့က သူ့ကိုမှီပြီး စားနေရတာ၊ ဒီမင်းသမီးဟာ ငါတို့ရဲ့ ထမင်းအိုးကြီးပဲ"
"အဲဒီထမင်းအိုးကြီး ငါ့ကိုခဏငှားစမ်းပါကွာ"
"ဘာလုပ်ဖို့လဲ"
"ခရမ်းသီးနှပ်စားချင်လို့"
"ဒါဆိုလည်း ငန်ပြာရည်တော့ လျှော့ထည့်ပေါ့ကွာ"
မင်းလူ၏ ခါးအောက်ပိုင်းမှ ကောက်နှုတ်ဖော်ပြပါသည်။
သံသယဖြစ်ဖွယ်ရာပစ္စည်းများ တွေ့ရှိပါက
***************************
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး        -   Hot Line ဖုန်း ၀၁-၂၃၀၂၁၉၉၊
နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး                    -   Hot Line ဖုန်း ၀၆၇-၅၅၀၃၃၃၊
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး        -   Hot Line ဖုန်း ၀၂-၆၁၄၄၄၊
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး            -   ဖုန်း ၀၅၂-၂၃၉၉၉ သို့
ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရှိရသည်။
မူရင်း https://www.facebook.com/photo.php?fbid=363880120413756&set=a.190758221059281.47219.190753454393091&type=1&theater
ဖတ်စာ
           မြန်မာ့အကြွေး
          လျှော်ပေးသည့် နိုင်ငံများ
          လျှော်ပေးနေကြသည်။
          သို့ပေတည့် ၀န်ကြီးဌာနတစ်ခု
          ဒေါ်လာသန်းရာချီ
          ညှိနှိုင်း၍ လိုက်ချေးနေ၏။
          “ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး”
          စကားလုံးလှလှလေး
          အပေါ်က ဖုံးလို့ပေါ့။
          ငွေထုတ်ချေးတိုင်း
          ဆင်းရဲတွင်းက လွတ်ပါမည်လော။
          ဤအရာ လုံးဝမသေချာပါ။
          အလုပ်အကိုင် အခွင့်အလမ်း
          ဖန်တီးပေးဖို့ ပို၍ အရေးကြီးသည်။
          ဆေးမြီးတိုနည်း
          ပြည်သူရော နိုင်ငံပါ
          အကြွေးနွံထဲ
          နစ်သည်ထက် နစ်သွားပါလိမ့်မည်။
ပေးလှူခြင်း ဆိုတာ.........
သံတော်ဆင့်ဖတ်စာ
*        ကလင်တန် မိန်းမကိစ္စ
ကမ္ဘာသို့ ကျော်ခဲ့သည်။
စာနယ်ဇင်းများ ဖော်ထုတ်ခဲ့သည်ကိုး။
အဲဒါပုဂိ္ဂုလ်အရေးဟု
အဘယ်သူ စွပ်စွဲပြစ်တင်ခဲ့ပါသနည်း။
အမေရိကန်သမ္မတကြီး
အများနှင့် သက်ဆိုင်နေသည်လေ။
အာဏာ သူ့ထံ
ပြည်သူပေးခဲ့မဟုတ်ပါလား။
သစ္စာမရှိသူ
အဂတိလိုက်စားသူ
ကိုယ်ကျိုးကြည့်သူ
ပြည်သူ မည်သို့ ယုံကြည်မည်နည်း။
အစွန်းအထင်းရှိက
စာနယ်ဇင်းကတော့ ဖော်ထုတ်မည်ပေါ့။ …
မဖြူသူများ မလုံသူများ
ပြည်သူ့အရေး ကင်းကင်းနေကြပါ။
မဏ္ဍိုင်အားလုံး
သီလပျက်များ မရှိပါစေနှင့်။
ဤကား သံတော်ဆင့်ဆုတောင်း ဖြစ်ပါသတည်း။
*        “ပြည်သူအများ
အခြေခံဥပဒေ ပြင်လိုကြသည်”
အဲဒီစကား သူ မယုံဘူးဟု
ပြောလာဆိုလာ၏။
၂၀၀၈ အခြေခံဥပဒေ
၉၂ ဒသမ ၄၈ ရာနှုန်းထောက်ခံကြောင်း
သူတို့ ကြွေးကြော်ခဲ့သည်များ
ပြည်သူကရော ယုံပါ၏လော။
နဖူးပေါ်လက်တင်၍ စဉ်းစားကြည့်ပါ။
ကြားဖြတ်ရွေးကောက်ပွဲက
သက်သေဖြစ်သည်ပေါ့။
အဲဒီအရှုံး အံ့သြရဟု
သူပင် ပြောခဲ့ဖူးသည်လေ။
ကိုယ့်လူတောင် ကိုယ်
မယုံရဘူးမဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ်
မယုံကြေးပြိုင်တာမကောင်းပါ။
တိုင်းပြည်နာသည်ပေါ့။
အဲဒါကြောင့်
သူလည်းယုံ ကိုယ်လည်းယုံ
တစ်တိုင်းတစ်ပြည်လုံး ယုံမည့်
လမ်းကြောင်းတစ်ခု
ရွေးကြပါစို့လား။
*        ဒီမိုကရေစီရဲတဲ့။
ကြားဖူးကြပါ၏လော။
ရဲချုပ်သုံးနှုန်းလိုက်ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ရင်အေးလိုက်ကြပါ။
အာဏာရှင်ရဲခေတ်
ကျော်လွန်ပြီဟု ယူဆရမည်ပေါ့။
ဒီမိုကရေစီရဲများ
ပြည်သူကို အခြေပြုနိုင်ပါစေ။
ဒါမှ ပြည်သူ့ရဲ
စစ်မည် မှန်မည် ထွန်းလင်းမည်ပေါ့။
*        လူအဟောင်းစနစ်အသစ်
မြန်မာ့ဒီမိုကရေစီ
ကမ္ဘာကျော်နေသည်။
နိုင်ငံအသစ်များနှင့်လည်း
ကမ်္ဗည်းသစ် ရေးထိုးနေသည်ပေါ့။
ပြည်တွင်းရေးမှာလည်း
ယဉ်ကျေးမှုအသစ်များ
ဖြစ်ထွန်းလို့နေ၏။
သို့ပေသော်ငြား
စင်းလုံးချော မဟုတ်သေးပါ။
ဟိုးအဝေး၌
သေနတ်သံ ညံနေထင်၏။
ယမ်းနံ့ ငွေ့ငွေ့
ရှူမိ ရှိုက်မိသည်ပေါ့။ ။
 – ဗဦးမောင်
မူရင်းလင့်
စကားဟူသည်
သန်း ၆၀ကို မျက်နှာမူသော ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှု
မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော နိုင်ငံတော် သမ္မတကြီး၊ သူရဦးရွှေမန်း၊
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာများ၊ ပြည်သူများ အားလုံးက ငြိမ်းချမ်းရေးသည် လတ်တလော လိုအပ်ချက်၊ ယင်းဒေသများ ဖွံ့ဖြိုး တိုးတက်ရေးသည် ရေရှည် လိုအပ်ချက်အဖြစ် တညီတညွတ်တည်း သဘောတူညီနေကြပြီ ဖြစ်သည်။
မဟာဗျူဟာ သဘောဖြစ်သော ရည်မှန်းချက် မူဘောင်များ ထပ်တူညီနေပြီ ဖြစ်ရာ နည်းဗျူဟာ သဘောဆောင်သော လုပ်ငန်းစဉ်များ၊ နည်းလမ်းများကြောင့် အဓိက အရေးကြီးသော မဟာဗျူဟာ တူညီချက် ပျောက်ပျက်မသွားရန် အရေးကြီးနေပြီ ဖြစ်သည်။ လူသားများ အစပြု ဖန်တီးခဲ့သော ပဋိပက္ခနှင့် ပြဿနာများကို ယနေ့ မြန်မာနိုင်ငံ၏ Stakeholder အားလုံး ပါဝင်သော လူသားများ
ကပင် ပြန်လည် ဖြေရှင်း ငြိမ်းချမ်းစေသင့်ပြီ ဖြစ်သည်။
 အလားတူ အကဲဆတ်လှသော ငြိမ်းချမ်းရေး အဆင့်တိုင်းတွင် ကွန်ဆာဗေးတစ် ယိမ်းသော အတွေးအခေါ်များ သတိပြု ဆင်ခြင်သင့်ပြီ ဖြစ်သလို ငြိမ်းချမ်းရေးကို အလွယ်တကူ ကျောမခိုင်းရန်လည်း အရေးကြီး လှပေသည်။ ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် သန်း ၆၀ အတွက် အရေးတကြီး လိုအပ်နေသော နိုင်ငံ တည်ဆောက်ရေးပင်ဖြစ်ရာ အားလုံး ပါဝင်သော ငြိမ်းချမ်းရေးသို့ ချီရာလမ်း၌ သမ္မတ ကနေဒီ ပြောကြားခဲ့သလို ငြိမ်းချမ်းရေးအပေါ် ထားရှိသော သဘောထား အမြင်များ၌ ‘မဖြစ်နိုင်’ ဟူသော အယူအဆများ ဖယ်ခွာချပါမည့်အကြောင်း၊ Concept ဟူသော မူဘောင် အငြင်းပွားမှု၌ အခြေခံဥပဒေ ပြင်ဆင်ရေးအထိ အားလုံး ပါဝင်သော ဘုံသဘောတူညီချက် ရရှိထားပြီးဖြစ်ရာ Process ဟူသော နည်းလမ်းဆိုင်ရာ အငြင်းပွားမှုများကို သန်း ၆၀ ကို မျက်နှာမူသော စေ့စပ် ညှိနှိုင်းမှုဖြင့်သာ အဖြေ ရှာကြပါမည့်အကြောင်း.........။
မှူးဇော် ရေးသော "ကနေဒီ၊ ဦးသန့်၊ ကျူးဘား ဒုံးပျံ အကျပ်အတည်းနှင့် သန်း ၆၀ကို မျက်နှာမူသော 
ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှု" မှ ကောက်နှုတ်ဖော်ပြပါသည်။
Thursday, 18 July 2013 07:53  
မူရင်းလင့်
နိုင်ငံခြားသားခံယူခြင်းနှင့် မျိုးချစ်စိတ်ပြဿနာ
********************************
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က နော်ဝေနိုင်ငံသား ခံယူခြင်း အခမ်းအနားတစ်ခု အော်စလို မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီမြို့တော်ခန်းမဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတစ်လွှားက ထင်ရှားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေကို ဆုချီးမြှင့်တဲ့ နေရာပေါ့။ ဒါပေမဲ့ ဒီတစ်ခါ ကိုယ်တက်ရမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဘယ်လ် ဆုရှင်တွေကို ကြိုဆိုတဲ့ အခမ်းအနားမဟုတ်။ မြန်မာနိုင်ငံသား ဘဝကနေ နော်ဝေနိုင်ငံသားအဖြစ် ခံယူရမယ့် အခမ်းအနားဆိုတော့ စိတ်ထဲမှာ သိပ်ဘဝင်မကျလှပါ။
“ယူချင်လွန်းလို့ ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့ ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့ သူကရှင်းပြပါတယ်။
ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။
တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတစ်ရပ် အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊ အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့် လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင် တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ ဆိုက်လာခဲ့တယ် ဆိုပါတော့။
၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။
ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။
ဒီလူတွေထဲက ဘယ်လောက်များများ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံက လူတွေအပြောတိုင်း ဆိုရင် ‘နိုင်ငံခြားသား’ အဖြစ် ခံယူထားသလဲဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ အခုတစ်လော မြန်မာနိုင်ငံဆီ ပြန်လည်တဲ့လူတွေ များလာနေတဲ့အတွက်၊ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံခြားသား ခံယူပြီးမှ ဒီလိုပြန်လည်နိုင်တဲ့အတွက် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူ ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေလောက်ပြီ ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဧပြီလကုန်ပိုင်းမှာ နော်ဝေနိုင်ငံသား စာအုပ် ရတဲ့အတွက် မေလထဲမှာ မြန်မာနိုင်ငံဆီ သွားလည်ခွင့် Visa ရခဲ့ပြီး ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ပြည်တော်ပြန် ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ တခြားလူတွေထဲမှာလည်း ကျွန်တော့်လို မြန်မာနိုင်ငံ ပြန်ချင်လို့ နိုင်ငံခြားသား ခံယူလိုက်ရသူတွေ ရှိနိုင်သလို အခြားအကြောင်း အမျိုးမျိုးကြောင့် ခံယူလိုက်ရသူတွေ ရှိနိုင်ပါတယ်။
သေချာတာတော့ နိုင်ငံခြားသား ဖြစ်ချင်လွန်းလို့၊ သို့မဟုတ် မြန်မာနိုင်ငံသား မဖြစ်ချင်တော့လို့၊ မြန်မာနိုင်ငံကို မချစ်တော့လို့ နိုင်ငံခြားသားအဖြစ် ခံယူလိုက်သူကတော့ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒီလိုရှည်လျားထွေပြား နိဒါန်းချီ နေရသလဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသားအဖြစ် ခံယူလိုက်ရသူတွေကို မျိုးချစ်စိတ်မရှိ သူတွေ၊ အမေကျော်ဒွေးဒေါ် လွမ်းသူတွေအဖြစ် ဝေဖန်သံတွေ ကြားလာနေရလို့ ဖြစ်ပါတယ်။
တချို့ဝေဖန်သူ တွေကတော့ နိုင်ငံခြားသားအဖြစ် မခံယူဘဲ PR (Permanent Resident- အမြဲတမ်း နေထိုင်ခွင့်) အဖြစ်ပဲ ယူထားပြီး မြန်မာနိုင်ငံ ပြန်လည်ရင်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးမြန်း သိရှိသလောက်ကတော့ PR သမားတွေ မြန်မာနိုင်ငံ ပြန်လည်မယ်ဆိုရင်
 နိုင်ငံသားအဖြစ် ခံယူထားသူလို ပုံမှန်လမ်းကြောင်းအတိုင်း Social Visa နဲ့ မသွားနိုင်သေးဘဲ သံရုံးအရာရှိတွေ၊ မြန်မာနိုင်ငံက အစိုးရအရာရှိတွေရဲ့ ခွင့်ပြုချက် စောင့်ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခါ နိုင်ငံခြား ခရီးသွားလက်မှတ် (Travel Document) ကိုင်ပြီး မြန်မာနိုင်ငံဆီ အဝင်အထွက် လုပ်နေသူ တွေဟာလည်း အလားတူ သက်ဆိုင်ရာ သံရုံးနဲ့ အစိုးရ အရာရှိတွေဆီက ခွင့်ပြုချက်ရပြီးမှ သီးခြားစာရွက်မှာ အထူး Visa စာရွက်ကပ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သံရုံးတွေ၊ အစိုးရအရာရှိတွေ၊ အာဏာပိုင်တွေနဲ့ ဘာမှစကားပြောစရာ မလိုဘဲ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ ခရီးသွားချင်တယ်ဆိုရင် နိုင်ငံသားလက်မှတ် ရှိသူတွေက အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဒါက အခုမြန်မာနိုင်ငံဆီ ပြန်လည်ခွင့်ရပြီဆိုတဲ့ အနေအထားရောက်မှ နိုင်ငံခြားသား ခံယူသူတွေရဲ့အခြေအနေကို ပြောတာပါ။
ဒီမတိုင်ခင်ကတည်းက နော်ဝေမှာ ခုနစ်နှစ် ပြည့်ပြီးသူတွေ၊ တခြားနိုင်ငံ အသီးသီးမှာ သတ်မှတ်အချိန်နဲ့ သတ်မှတ် ဘာသာစကားရပြီးလို့ နိုင်ငံခြားသား ခံယူလိုက်သူတွေလည်း အများကြီး ရှိမှာပါ။ ဆိုလိုတာက နိုင်ငံခြားသား ခံယူတာဟာ မြန်မာနိုင်ငံ ပြန်လည်ခွင့်ရဖို့ တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။
ဒါဖြင့် ဘာကြောင့် နိုင်ငံခြားသားအဖြစ် ခံယူကြတာလဲ။ တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် နိုင်ငံခြားသား ခံယူပြီးသူတွေက မြန်မာနိုင်ငံဆီ ပြန်မလာ တော့ဘူးလား။ ဒါကလည်း တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်တာပါပဲ။ ဒီလူတွေ မြန်မာနိုင်ငံဆီ ပြန်လာရင် PR (Permanent Resident - အမြဲတမ်း နေထိုင်ခွင့်) အဖြစ်နဲ့ နေကြမှာလား။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်ရမှာလား။ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိမလဲ။ ဒါကတော့ တစ်ဦးချင်းနဲ့ မဆိုင်တော့ဘဲ သူတို့ကို ပြန်လက်ခံမယ့် အစိုးရတွေ၊ ပါလီမန်တွေနဲ့ ဆိုင်သွားပါပြီ။ ဒီအတွက် PR စနစ်နဲ့ ပြည်တော်ပြန်တွေကို ငါးနှစ်တာ နေထိုင်ခွင့်ပေးမယ့် ဥပဒေတစ်ရပ် ပါလီမန်မှာ အတည်ပြုဖို့ ပြင်နေတယ်လို့ ကြားရပါတယ်။
ဒီလိုပြန်လာတဲ့ လူဦးရေက ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။ သူတို့အတွက် ဒီလောက်အထိ စဉ်းစားပေးစရာ လိုလို့လားဆိုပြီး မေးခွန်းထုတ် သူလည်းရှိရင် ရှိနိုင်ပါတယ်။ တစ်ခါ ဒီလူတွေက ပြန်လာမယ်ဆိုလည်း အပြီးပြန်လာတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထွက်သွားတယ်ပြောပြီး နိုင်ငံရေး အခြေအနေကောင်းတော့ ဘာကြောင့် အပြီးပြန်မလာရဲ သေးတာလဲ ဆိုပြီးလည်း မေးနိုင်ပါတယ်။ ပြီးတော့ ဒီလူတွေက နိုင်ငံခြားမှာ အနေကြာသွားလို့ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူတွေနဲ့အတူ မနေနိုင်တော့ ဘူးလား။ ဒီလူတွေက မျိုးချစ်စိတ် မရှိတော့လို့ မြန်မာနိုင်ငံဆီ ပြန်မလာတော့ တာလားပေါ့။
‘ဘဝဟာ တစ်ခါတစ်ခါ စိတ်နာဖို့ ကောင်းပါတယ်’ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပါရဲ့။ မျိုးချစ်စိတ် ရှိလွန်းလို့ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အခုတော့ မျိုးချစ်စိတ် မရှိလို့ နိုင်ငံခြားသား ခံယူသူတွေအဖြစ် စွပ်စွဲခံ နေရပါရော့လား။ ၂၅ နှစ်ဆိုတဲ့ ကာလဟာ လူတွေရဲ့စဉ်းစားပုံနဲ့ တွေးခေါ်ပုံတွေကိုပါ ပြောင်းလဲသွားစေနိုင်သလား။
အတိတ်မှာ အမှားတွေ ကျူးလွန်ခဲ့သူတွေက ယူနီဖောင်း လဲလိုက်ရုံနဲ့ အာဏာကို ဆက်ကိုင်ထားနိုင်တဲ့အခါ အဲဒီလူတွေကိုပဲ အောင်ပွဲရသူတွေအဖြစ်၊ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက် ကြတော့မှာလား။ အဲဒီလို အမှားကျူးလွန် ခဲ့သူတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့သူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရ သူတွေကိုတော့ အောင်ပွဲရအောင် မဆောင်ရွက်နိုင်သူတွေ၊ မျိုးချစ်စိတ် မရှိလို့ ပြည်ပထွက်သွားသူတွေ အဖြစ် စွပ်စွဲကြတော့မလား။
အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံခြားသား ခံယူမှုဆိုတာ အခြေအနေအရ၊ သက်ဆိုင်ရာ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ဖြစ်သွားရတဲ့ အနေထားလို့ ဆိုချင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးပါ။ ပြန်လာသူတွေကို မဖမ်းပါဘူးလို့ အာမခံချက် ပေးထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှမတွေ့ရသေးပါ။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဝန်ကြီးနဲ့ပိုင်မှ၊ သမ္မတရုံးဝန်ကြီးနဲ့ သိမှ၊ လွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်မှ၊ သံအမတ်နဲ့ခင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။
ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆီ အပြီးပြန်လာရဲသူ ဘယ်ရှိပါ့ဦးမလဲ။ နိုင်ငံခြားသား ခံယူထားမှုကိုလည်း ဘယ်စွန့်လွှတ်ရဲဦးမလဲ။ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်လို့ ပြောနေတဲ့ PR ဥပဒေ၊ အမြဲတမ်း နေထိုင်ခွင့် ဥပဒေ ထွက်လာပြီး ငါးနှစ်တာ နေထိုင်ခွင့်ရမယ် ဆိုရင်တော့ ပြည်ပရောက်နေသူ အတော်များများ ပြန်လာကြမယ်လို့ ထင်ပါတယ်။
အခုလောလောဆယ် အချိန်မှာတော့ အတွင်း-အပြင်၊ နိုင်ငံသား-နိုင်ငံခြားသား စသဖြင့် အချင်းချင်း အငြင်းပွားမှုကို အဆုံးသတ်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ အားလုံးပါဝင် လက်တွဲ ဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအာဏာယူမယ့် လူတွေ အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဖြစ်ဆိုတဲ့ ဘောင်တွေနဲ့ စည်းခြားထားတာကို သဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ တိုင်းပြည် တည်ဆောက်ရေး အတွက် ဆောင်ရွက်ဖို့ ပြန်လာသူတွေ ကိုတော့ ဒီလိုစည်းဘောင် မခြားထားသင့်ဘူးလို့ ထင်မိပါတယ်။
တစ်ချိန်တည်းမှာပဲ နယ်စည်းခြားပြီး ဘာလူမျိုး၊ ဘာနိုင်ငံသားဆိုတဲ့ ခွဲခြား သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ခေတ်၊ လူသားအားလုံးကို ကမ္ဘာသူ ကမ္ဘာသားအဖြစ် အားလုံးတန်းတူ ခံယူနိုင်တဲ့ ခေတ်မျိုး အမြန်ရောက်လာစေဖို့လည်း မျှော်လင့်နေမိပါတယ်။
Written by  ထက်အောင်ကျော်
မူရင်းလင့်
အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်
စင်ကာပူနိုင်ငံကို ဦးဆောင် တည်ထောင်ခဲ့သူ၊ နိုင်ငံပြုသုခမိန် လီကွမ်ယု၏ အင်တာဗျူးများနှင့် လက်ရွေးစင် အတွေးအမြင်များကို Graham Allison နှင့် Robert D.Blackwill တို့က Ali Wyne နှင့်အတူ ပူးတွဲပြုစုထားသည့် LEE KUAN YEW The Grand Master’s Insights on China, The United States, and the World စာအုပ်မှ CHAPTER 5: The Future of the Islamic Etremism ကို ဘာသာပြန် တင်ပြထားပါသည်။
အယ်ဒီတာ
အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ် လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။
အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။
ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက်က ပေါက်ဖွားလာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။
အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူးတယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက်သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။
ရန်လိုတဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။
အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။
အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ 
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။
အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။
အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။
အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေးပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။
နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတို့လိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆိုတာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထားနဲ့    နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇောသန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ   ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။
အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေးလက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော်အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြတယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။
(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင်အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။
Written by  ဘာသာပြန်သူ - ကောင်းထက်ဝင်း (ရန်ကုန်တက္ကသိုလ်)
မူရင်းလင့် 
The Voice က ကိုကျော်မင်းဆွေ ရဲ့ လက်ရှိ ဗုံးကွဲနေမှုတွေ အပေါ်သုံးသပ်ချက်
ဒီရက်ပိုင်း အတော်ကြာကြာငြိမ်နေခဲ့တဲ့ ဗုံးကိစ္စ ပြန်ပေါ်လာပြန်ပြီ။ “ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်” ဆိုသလိုပဲ။ သူတို့မကြိုက်တာ၊ မလိုလားတာ၊ စိုးရိမ်တာ၊ အလိုမကျတာ တစ်ခုခုရှိလာရင် တခြားနေရာမှာ ပြဿနာတစ်ခု ဖန်တီးပြီး ပြည်သူတွေကို လမ်းလွှဲလေ့ ရှိတာ အခုမှ မဟုတ်ဘူး။ အာဏာရှင်ခေတ်တစ်လျှောက်လုံးပဲ။
မြန်မာပြည်က ဒီမိုကရေစီနိုင်ငံတစ်ခုကို နေ့ချင်းညချင်းသွားလို့မရဘူးဆိုတာ ပြောရင် အစိုးရလေသံနဲ့ အတူတူပဲတို့၊ ဒီပုတ်ထဲက ဒီပဲတို့၊ စစ်တပ်နဲ့ အမျိုးတော်သလားလို့ စတဲ့ ခနဲ့တဲ့တဲ့ ရိတိတိ၊   အောက်ဂလိ အာသံတွေ သောသောညံညံ ထွက်လာတတ်တယ်။ တော်တော်များများက အွန်လိုင်းပေါ်မှာ သူတို့လော်ဘီ လုပ်ချင်တဲ့သူဘာလုပ်လုပ် ဘုရားလိုကိုးကွယ်မတတ် အမွှန်းတင်ကြ၊သူတို့နောက်လိုက်တွေ၊ အပေါင်း အပါတွေ “အိပ်ချင်လိုက်တာ”တို့၊ “ ခေါင်းမူးနေတယ်“တို့ စတဲ့ ဘာမှ ရေစာမပါ ပေါက်တတ်ကရ တင်တာတွေကိုတော့ ရာနဲ့ချီပြီး လိုက်ခ် “ကြိုက်တယ်”လုပ်၊ သူတို့နဲ့ ဆန့်ကျင်ဘက်လို့ ယူဆတဲ့သူ မှန်သမျှကို အကွက်ချောင်း၊ အမှားစောင့်ပြီး ငယ်ကျိုးငယ်နာဖော်၊ အပုတ်ချ၊ နစ်နစ်နာနာပြော၊   အောက်တန်းကျကျ ဖရုဿဝါစာတွေနဲ့ ဆဲဆိုနေကြတယ်။ စစ်တပ်နဲ့ အစိုးရဘက်ကနေ ဆန်ကျင်ဘက်လို့ ယူဆတဲ့သူအားလုံးကိုလည်း အွန်လိုင်းပေါ်က အုပ်စုတစ်စုက အဲလိုလုပ်နေတာပဲ။ အဲတော့ နှစ်ဖက်စလုံးက အတူတူပဲ။ သူများ စေရာသွား၊ ထားရာနေ၊ ခိုင်းတာလုပ်နေရင်    ရှေ့ရေးနောက်ရေး ဘာမှမတွေးပဲ ဖြုတ်ဦးနှောက်နဲ့ တူတဲ့သူတွေ ဖြစ်သွားမှာပေါ့။ ရှုးတိုက်တိုင်း ကိုက်နေတဲ့ ခွေးဆိုးတွေလို ဖြစ်သွားမှာပေါ့။ အဲဒါတွေကြောင့် တိုင်းပြည်ဘာဖြစ်သွားနိုင်တယ်ဆိုတာ မစဉ်းစားတဲ့ လက်ပါးစေတွေလို ဖြစ်သွားမှာပေါ့။ ကျနော်ကတော့ ဘယ်ဖက်ကိုမှ အဲလို မဖြစ်စေချင်ဘူး။ ကျနော်တို့တတွေကို အဲလိုဖြစ်အောင် အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းနေတာ။ ကျနော်တို့ အချင်းချင်း ခွပ်လေ နောက်ကွယ်ကနေ ပြုံးပြုံးကြီးလုပ်နေလေ ဖြစ်မှာပေါ့။
ဒီနေ့ မြန်မာ့နိုင်ငံရေးက ကျနော်တို့အားလုံးထင်ထားတာ ထက်၊ တွေးထားတာထက်၊ မျှော်လင့်ထားတာထက် ပိုရှုပ်ထွေး၊ ပိုနက်နဲ၊ ပိုခက်ခဲပြီး ပိုညစ်ပတ်တယ်။ အခုလက်ရှိကာလက စိုးရိမ်စရာအကောင်းဆုံးပဲ။ ဒီကနေ့ မီဒီယာစာမျက်နှာတွေပေါ်ကနေပြီး လက်ရှိအခြေအနေအပေါ် စိုးရိမ်ကြောင်း ပြောနေတဲ့သူတွေက သေချာလေ့လာထားလို့၊ အတွင်းအပြင် အခြေအနေကို သိလို့၊ နိုင်ငံတကာမှာ ကြုံခဲ့၊ ဖြစ်ခဲ့ဘူးတဲ့ သာဓကတွေ၊ မြန်မာပြည်သမိုင်းမှာတင် ပူပူနွေးနွေးဖြစ်ခဲ့ဘူးတဲ့ ဥပမာတွေနဲ့ အဲဒါတွေ ဖြစ်အောင် စေ့ဆော်မှုတွေကို ရိပ်မိလို့ ပြောနေတာ။ တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ဆန့်ကျင်ပြီး ပြောနေကြတာမဟုတ်ဘူး။   မြန်မာပြည်နဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် စိုးရိမ်လို့ပြောနေကြတာ။ အဲလို ပြောတဲ့သူတွေကို အရင်ပုံစံဟောင်း စတီရီယိုတိုက်ပ် တစ်ကြောင်းတိုက်တွေးနည်းလိုပဲ သူ့လူ၊ ငါ့လူ၊ ရန် ငါ စည်းခွဲပြီး အာဏာနဲ့ နီးစပ်သွားလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ သက်သက်ဆဲနေကြတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းက ရယ်ဒီကယ် လမ်းကြောင်းမှန်းမသိဘူး။
မြန်မာပြည်သမိုင်းကို ပြန်ကြည့်လိုက်။ အာဏာအတွက်ဆို ဖအေအရင်းကိုတောင် ပြန်သတ်ပြီး နန်းလုခဲ့တာ။ အာဏာအပြင် ကိုယ်ကျိုးစီးပွားပါလာရင် နည်းလမ်းမျိုးစုံသုံးပြီး အဲဒါတွေကို ကာကွယ်ဖို့လုပ်ခဲ့တာ။ အနှောက်အယှက် အတားအဆီးလို့ ထင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ သက်ရှိ၊ သက်မဲ့အားလုံးကို အပျောက်ရှင်းဖို့ ဝန်မလေးခဲ့တာ။ ငွေလေး သုံးလေးထောင်နဲ့ သံဃာတွေကိုတောင် ဝါးရင်းတုတ်နဲ့ ရိုက်သတ်ရဲတာ။ ကုန်ကုန်ပြောမယ် အာဏာရယ်၊ စည်းစိမ်ဥစ္စာရယ်၊ အသက်ရှင် ရပ်တည်ရေးအတွက်ဆိုရင် ဘယ်လိုလူမျိုးကိုမဆို မြေကမ္ဘာပေါ်ကနေ ရှင်းပစ်ဖို့အထိ ဝန်လေးတဲ့သူတွေ မဟုတ်ဘူး။
ကွင်းက သူ့ကွင်း။ ကိုယ်က လောလောဆယ် ဧည့်သည်အသင်းအနေနဲ့ လာကစားရတာ။ အဲတော့ ကစားပွဲကို ပညာနဲ့ ကစားတတ်ဖို့လိုမယ်။ သည်းခံမှုနဲ့ လိုက်လျောတတ်ဖို့လိုမယ်။ စိတ်ရှည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့လိုမယ်။ ခွင့်လွှတ်မှုနဲ့ လေးစားမှုရအောင်လုပ်ဖို့လိုမယ်။ သဘောထားကြီးမှုနဲ့ နောင်တရအောင် လုပ်ဖို့လိုမယ်။ ကိုယ်ကစားနေရတဲ့ ပြိုင်ဖက်အသင်းအကြောင်း မသိရင် နိုင်ချင်ဇောနဲ့ ကစားရင် အမှားများတတ်တယ်။ နောက်ဆုံး ရှုံးသွားတယ်။ ကစားပွဲစည်းမျဉ်းကို ပြင်ချင်ရင် နှစ်ဖက်ကစားသမားအားလုံးနဲ့ ဒိုင်သုံးယောက်စလုံးက သဘောတူတဲ့ စည်းမျဉ်းတွေကို အရင်စပြင်ရင် သူမနိုင် ကိုယ်မရှုံးဖြစ်နိုင်တယ်။ ကိုယ့်ဖက်က နိုင်ချင်တဲ့ စိတ်နဲ့ ကစားပွဲစည်းမျဉ်းအားလုံး အစအဆုံးပြင်မယ် စိတ်ကူးရင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ကစားပွဲ ဖျက်တဲ့သဘော သက်ရောက်သွားတတ်တယ်။ ကစားပွဲပျက်ရင် ကစားသမားအချင်းချင်း ကတောက်ကဆဖြစ်မယ်၊ အဲဒါမှာ အရံကစားသမားတွေ၊ နည်းပြတွေပါ ပါလာမယ်။ နောက်ပိုင်း ကြည့်နေတဲ့ ပရိသတ်တွေပါ ကွင်းထဲ ဝင်လာမယ်။ အဲဒါဆို ကွင်းအပြင်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ သူတွေ ကွင်းထဲရောက်လာမှာပေါ့။ ဒီ့ထက်ဆိုးတာက ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ယောက်   ယောက် ဒါမဟုတ် အသင်းကက်ပတိန် သို့မဟုတ် အသင်းနည်းပြကို အန္တရာယ်ပြုလာနိုင်တယ်။ ကိုလံဘီယာမှာလို သေနပ်နဲ့ ဝင်ပစ်သွားရင် ပွဲချင်းပြီးသွားမယ်။ အဲတော့ လိမ္မာပါးနပ်တဲ့သူများလို ပွဲကို ထိန်းကစားတတ်ဖို့လိုမယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်ကျိုးနည်းစရာ အဖြစ်အထိပါ ကြုံရနိုင်တယ်။ အဲတော့မှ တစ်တိုင်းတစ်ပြည်လုံး ကိုယ်ကျိုးနဲပါပေါ့လို့ အာဗြဲကြီးတွေနဲ့ အော်ငိုနေလဲ အပိုပဲ။ အဲဒါကို နည်းနည်း   လောက် အရှည်ကလေး တွေးကြည့်ရင် ပေါ်တယ်။
ကျနော် လက်ရှိအခြေအနေတွေကိုကြည့်ပြီး အတော်ကြီးကို စိတ်ပူမိတယ်။ အခုဗုံးကိစ္စပေါ်လာတော့ ကျနော့်စိုးရိမ်သောက ပိုကြီးသထက်ကြီးလာတယ်။ ကျနော်တို့ စိတ်ခံစားမှုအတိုင်းလုပ်ကြရင်၊ အဆိပ်လူးမြှားနဲ့တူတဲ့ လက်ခုပ်သံတွေနောက် လိုက်ကြရင် ကိုယ်ကျိုးနည်းစရာတွေ ဖြစ်လာမှာ မလိုလားဘူး။ အဲဒီအတွေးနဲ့ မနက်ဖန်ထုတ် သတင်းစာအတွက် ခေါင်းကြီးရေးဖြစ်တာကို အွန်လိုင်းက မိတ်ဆွေများ ကြိုဖတ်လို့ရအောင် ဝေဖန်ဖို့နဲ့ ဆင်ခြင်သတိထားလို့ ရအောင် ဒီနေ့ ကြိုတင်လိုက်တယ်။ ဆဲမယ့်သူတွေလည်း ဆဲကြမှာပေါ့။ မတတ်နိုင်ဘူး အဆဲခံပြီး ပြောဖို့လိုရင် ပြောရမယ်လေ။ တိုင်းပြည်နဲ့ လူထုအတွက် ကျနော့် စိတ်စေတနာ သန့်တယ်။ ကျနော့်ကိုယ်ကျနော်လည်း လိပ်ပြာသန့်တယ်။ ဒီစကားမှန်ကြောင်း သစ္စာပြုနိုင်တယ်။ အဲဒီသစ္စာကြောင့် မြန်မာပြည်သူပြည်သားအားလုံး ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို လက်တွေ့ကျကျ မြှင့်တင်တည်ဆောက်နိုင်သူတွေ ဖြစ်ကြစေ၊ ကိုယ်စိတ်နှလုံးသုံးပါးလုံး အေးချမ်းသာယာကြစေ၊ လက်တွေ့ကျ၊ ဖြစ်နိုင်ခြေရှိပြီး ဘယ်ဖက်ကိုမှ မထိခိုက်စေတဲ့ ဖြေရှင်းနည်းနဲ့ ပြဿနာမှန်သမျှ ပြေလည်နိုင်ကြစေ၊ ကျနော့် အယူအဆကို သဘောမတူဆန့်ကျင်ဆဲဆိုလိုသူများ၊ ကျနော့်ကို မလိုမုန်းတီးသူများလည်း အထက်ကအတိုင်း အကျိုးခံစားကြစေ။ ကျနော်လည်း တူသော အကျိုး ခံစားရစေ။
တရားခံ ဘယ်သူလဲ
ရန်ကုန်မြို့တော်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က နာရီပိုင်းအတွင်း ဗုံးပေါက်ကွဲမှု   နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုနှင့် မရှေးမနှောင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ယင်းမတိုင်မီ ဖြူးမြို့တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။ ထိုမှတစ်ဆင့်   နောက်ကြောင်းပြန်ကြည့်သော် ကုန်ခဲ့သည့် နှစ်၂၀ ကာလအတွင်း ရန်ကုန်မြို့တော်၊ မန္တလေးမြို့   တော်နှင့် မြန်မာနိုင်ငံ အနှံ့အပြား ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။
ဗုံးပေါက်ကွဲမှုများကို ယခင်အစိုးရလက်ထက်များတွင် ဗကပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလက်နက် ကိုင်များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ကျောင်းသားတပ်မတော်နှင့် ပြည်ပရောက်
 နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ကို အသေးစိတ် အထောက်အထားနှင့်တကွ တရားခံများအဖြစ်
 ဖော်ထုတ်ပြခဲ့သည်။ ယခုနောက်ပိုင်း ဗုံးပေါက်ကွဲမှုများကိုမူ ထိုကဲ့သို့ ဗုံးခွဲသူနောက်မှ လိုက်ကြည့်ထားသည့်အလား အသေးစိတ် ဖော်ထုတ်တင်ပြရှင်းလင်းသည်မျိုး လုပ်ဆောင်နိုင်သည်ကို မတွေ့ရပေ။
စင်စစ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ ပင်ကိုယ်စရိုက်လက္ခဏာမှာ အေးချမ်းစွာနေလိုကြပြီး တစ်ပါးသူ သို့မဟုတ် လူအများကို အကြောင်းမဲ့ ဒုက္ခရောက်စေရန် တမင်သက်သက် ဒုက္ခပေးခြင်း၊ အသက်အန္တရာယ်ပြုခြင်း စသဖြင့် ကျူးလွန်စော်ကားတတ်သည့် သဘောမရှိပေ။ သမိုင်းတွင် အာဏာအတွက် ဖခင်အရင်းကိုသတ်၊ မင်းညီမင်းသားများကိုသုတ်သင်ခဲ့သည့် နန်းတွင်းလုပ်ကြံမှု သာဓကများရှိခဲ့သော်ငြား အပြစ်မဲ့ပြည်သူများအကြားတွင်မူ ထိုမျှ ရက်စက်သည့် ကျူးလွန်မှုမျိုး မရှိခဲ့ပေ။ ဆိုလိုသည်မှာ နိုင်ငံရေးအာဏာအတွက်မှတစ်ပါး အခြားကိစ္စများတွင် ထိုမျှလောက် ရက်စက်သော အပြုအမူမျိုး မရှိခဲ့ဆိုသည့်သဘောဖြစ်သည်။
သို့သော် ပြည်တွင်းစစ်ကာလတစ်လျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား အပြန်အလှန် ရက်စက်မှုများရှိခဲ့သောကြောင့် မီးရထားလမ်းနှင့် တံတားများ မိုင်းခွဲဖျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသတို့တွင် အပြန်အလှန် မြေမြှုပ်မိုင်း ထောင်ခြင်းတို့ ရှိခဲ့သည်မှတစ်ပါး ပြည်သူလူထုကို အဓိကဦးတည် တိုက်ခိုက်မှုမျိုး မရှိခဲ့ပေ။ ၂၀၀၀ပြည့်လွန်နှစ်များမှစကာ အများပြည်သူကို တိုက်ရိုက်ထိခိုက်စေသော ဗုံးခွဲတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
၂၀၁၀ပြည့်နှစ်နောက်ပိုင်း အာဏာသုံးရပ်ကို တစ်သီးတစ်ခြားစီ ခွဲခြားကျင့်သုံးခဲ့သည့်အချိန်မှစကာ ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ တစ်လှည့်စီဖြစ်ပေါ်နေခြင်းမှာ မျာစွာ မေးခွန်းထုတ်စရာရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးနီးပါးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စွပ်စွဲရန်ခက်ခဲလှသည်။ သို့ဆိုလျှင် မည်သူ၊ မည်သည့်အဖွဲ့အစည်းက ကြံစည်ကျူးလွန်နေသနည်း။ မည်သည့်အတွက်ကြောင့် ပြည်သူလူထုကို ထိခိုက်စေလိုသနည်း။ ထိုသို့ထိခိုက်ခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်ရသွားသနည်း။
များစွာစဉ်းစားစရာရှိသည်မှာ လက်ရှိမြန်မာနိုင်ငံသွားနေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလား၊ ဆန့်ကျင်လိုသူများသာ ဤသို့ကျူးလွန်ဖွယ်ရှိသည်ဆိုသော အချက်ပင်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားတိုင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေတို့ကို ချိတ်ဆက်စဉ်းစားကြည့်လျှင် မည်သည့်အင်အားစုတို့က ကျူးလွန်နိုင်ဖွယ်ရှိကြောင်း ရိပ်စားမိနိုင်စရာရှိသည်။ ထို့အတူ ယခင့်ယခင် အတိတ်ကာလ စုံစမ်းထောက်လှမ်းမှုများကဲ့သို့ ဖော်ထုတ်ပါက အမှန်တကယ်ကျူးလွန်သူများထက် အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်သူဟု ယူဆရသည့် တစ်ဦးဦး သို့မဟုတ် အပြစ်မရှိသူ အခြားတစ်ဦးဦးကို ဇွတ်ဝံခံခိုင်းသည့်ပုံစံမျိုး ထွက်ပေါ်လာနိုင်သည်ကိုလည်း အထူးသတိထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေးအကြမ်းဖက်မှုများသည် လက်ရှိ ပြည်သူလူထုတစ်ရပ်လုံး၊ အာဏာသုံးရပ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံတကာတွင် ကောင်းသတင်းကျော်ဇောနေသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကြီးစွာထိခိုက်နိုင်သည်ကို အထူးသတိချပ်ရမည်ဖြစ်ပေသည်။
အယ်ဒီတာ(၁၄-၁၀-၂၀၁၃)
ကျော်မင်းဆွေ
The Voice Weekly
ပြန်လည် ပြင်ဆင်ရေး ဆွဲသင့်တဲ့ အခြေခံ ဥပဒေ
စစ်အစိုးရ ရေးဆွဲ ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာက အံ့သြ လောက် အောင် ၁၅ နှစ် တောင် ကြာလို့ စာမတတ် တဲ့သူတွေ ပါဝင်နေလို့ စာလုံး ပေါင်းပြီး ရေးဆွဲခဲ့လေ သလားလို့
 ပြောကြတယ်။
ဒီလောက် အချိန်ကြာ အောင် ရေးဆွဲခဲ့ သော်လည်း ပြည်သူတွေ ကို အကျိုး မပြုတဲ့ ဒီမိုကရေစီ နှင့် မကိုက်ညီတဲ့ ပြည်သူ့ သဘော ဆန္ဒနှင့် မတိုက် ဆိုင်တဲ့ အပြစ်အနာ ဆာဗရပွ နှင့် ပြည့်နှက် နေတဲ့ အနှီ အခြေခံ ဥပဒေကြီးကို ပြည်သူထဲ...ထဲထဲ ၀င်ဝင် မချပြ၊ မဆွေးနွေးဘဲ ပြည်သူတွေ အကြီး အကျယ် ဒုက္ခရောက် နေတဲ့ နာဂစ် မုန်တိုင်း ခံစားနေရတဲ့ အချိန်မှာ ကြိုတင်မဲ မြောက်မြားစွာ နဲ့ တက်သုတ် ရိုက်ပြဋ္ဌာန်း ခဲ့လို့ ပြည်သူတွေ က နာဂစ် Constitution လို့ ပြောကြ တယ်။
အဆင့်ဆင့် သော ရွေးကောက်ပွဲ ကော်မရှင် တွေက ကိုယ်ရွေးချယ် ထားတဲ့လူ၊ မဲရုံမှူး နှင့် မဲရုံ အဖွဲ့တွေ က ကိုယ့်လူ-ကိုယ့်ဖဲ ကိုယ် ချိုးပြီး ကိုယ့်ဘာသာ ကိုယ်ဝေတော့ ဂျိုကာတွေ အားလုံးက ကိုယ့်လက်ထဲ မှာပဲ ပေါ့။ ဟိုတုန်းက ပြောချင်လွန်း လို့ ပါးစပ်တွေ ယားနေကြ ပေမယ့် ကြောက်လို့ မပြော ခဲ့ကြဘူး။ ယုံကြရဲ့လား။ ၉၂ ရာခိုင်နှုန်း တဲ့-
                ဒီအခြေခံ ဥပဒေကြီး ကို ပြည်သူတွေ က ပြင်ဆင် ဖို့ ပြောချင်ကြ ပေမယ့် ပြောခွင့်၊ ပြင်ခွင့် မရလို့ အောင့် အည်းပြီး နေခဲ့ကြတယ်။ ပြည်သူတွေ မသိ နားမလည် ဘူးဆိုတဲ့ အတွေးနဲ့ အထင်မသေး လိုက်ပါနဲ့။ ပြန်ပြင် စရာ မလိုလောက် အောင် ၁၅ နှစ်ကြာ ရေးဆွဲခဲ့တဲ့ ဥပဒေကို ခြောက်လ၊ တစ်နှစ် နဲ့ ရေးဆွဲ နိုင်တဲ့ ပညာရှင် တွေ ပြည်သူတွေ ထဲမှာ ဒုနဲ့ဒေးပါ။ ထားပါတော့ အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဖြစ် မနေပြင် ကိုပြင် သင့်တယ်လို့ တိုင်းရင်းသား လူမျိုးစုံတွေ အားလုံး၊ လက်နက်ကိုင် အဖွဲ့တွေ အားလုံး၊ ပါတီ အများစုနှင့် လူထု တစ်ရပ်လုံးက အခိုင် အမာပြောဆို လာကြပြီ။ ဒီလို ပြောဆို နေတဲ့ အသံတွေ ဒီလောက် ကျယ်လောင် နေတာတောင် ““ပြည်သူ့ အသံ၊ လွှတ်တော် အသံ”” ဆိုတာကို မျက်ကွယ်ပြုပြီး၊ ပါတီကြီး တစ်ခုက ပြင်ဆင် ဖို့ မလိုဘူး လို့ ပြောတာကို ဂျာနယ်ထဲ ဖတ်လိုက်ရ တော့ ဆောင်းပါးရှင် တစ်ဦးရဲ့ အရေး အသား စကားနဲ့ ပြောရရင် “အံ့သြ လွန်းလို့ သေတော့မယ်”၊ အခြား ပါတီကြီး တစ်ခုက ပုဂ်္ဂိုလ် ကြီး တစ်ယောက် ကလည်း လူပုဂ်္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ဆိုလျှင် မပြင်လိုဘူး လို့ ပြောပြန်တယ်။ မူအရ တော့ အပေါ်ယံ ကြည့်လျှင် ဟုတ်သလိုလို နှင့် မဟုတ် တာ သူ့ကိုယ်သူ မလိမ်လျှင် သူကိုယ်တိုင် သိပါမယ်။ အဲဒီ ပုဂ်္ဂိုလ် တစ်ဦး တစ်ယောက် ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် အကျိုး စီးပွားတွေ နဲ့ ဆက်စပ်နေ တယ်ဆိုတာ သူ သိမှာပါ။ ပြီးတော့ လည်း အဲဒီပုဂ်္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ပုဂ်္ဂိုလ်ရေး အငြိုး အတေးတွေ နဲ့ တိုင်းပြည် အတွက် ခေါင်းဆောင်မှု မပေး နိုင်အောင် တမင်ရည် ရွယ်ပြီး ပိတ်ပင် တားဆီး ရေးဆွဲ ထားကြောင်း အမှန်တရား   အတွက် မလိမ်တတ် သူတိုင်း သိပါတယ်။ ဒီလို ပိတ်ပင် တားဆီးရုံ မျှမက  နိုင်ငံရေး  ရှင်သန်ခွင့် မရအောင် အသက် နှင့် ခန္ဓာကိုယ် ကိုပါ ပျက်စီးအောင် ဒီပဲယင်း လုပ်ကြံမှု တွေနဲ့ ရက်စက်ခဲ့ တာတွေဟာ အငြိုး အတေးရဲ့ ထင်ရှားတဲ့ သက်သေ ပါပဲ။
                ပြီးခဲ့တာ တွေ ထားပါတော့- ခံရသူ ကိုယ်တိုင် ကလည်း ခွင့်လွှတ် သင်ပုန်းချေ ခဲ့ပြီးပါပြီ။ အဲဒီတော့ စာရေးသူ အနေနှင့် မေးခွန်း တစ်ခု မေးချင်ပါတယ်။ လွှတ်တော်ထဲ မှ ခေါင်းပေါင်း နှင့် ခြုံပ၀ါ နှင့် ကိုယ်စားလှယ် တော်ကြီးများ တိုင်းပြည် နှင့် လူမျိုးကို တကယ် ချစ်ရဲ့လား။ တိုင်းပြည် နှင့် လူမျိုး အတွက် မိမိ၏ အကျိုး၊ မိမိ ပါတီ၏ အကျိုးကို စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ် စေတနာ ရှိပါရဲ့လား။ မိမိထက် တော်သူ၊ မိမိထက် တတ်သူ၊ မိမိ ထက် အရည် အချင်း ပိုမိုပြည့်ဝသူ ကို ခေါင်းဆောင် အဖြစ် နေရာ ပေးနိုင် လောက်အောင် သဘောထားကြီး နိုင်ပါရဲ့ လား။ နှစ်ပေါင်း ၅၀ ကျော် အစစ အရာရာ နောက်ကျ နေတဲ့ တိုင်းပြည်ကြီး ကို တာဝန် သိသိ၊ စေတနာ ရှိရှိနဲ့ အမှန် တကယ် ကယ်တင်ခြင်း ပါသလား။ ပါတီစွဲ ပုဂိ္ဂုလ် စွဲတွေ မထားဘဲ တကယ် တိုင်းပြည် အတွက် ဦးဆောင်မှု ပေးနိုင်မယ့် ထက်မြတ်တဲ့ ပုဂ်္ဂိုလ်၊ ပြည်သူလူထု က လှိုက်လှိုက် လှဲလှဲ ထောက်ခံ တဲ့ပုဂိ္ဂုလ်မြန်မာ အဆင့်ကို မဆို ထားဘိ ကမ္ဘာ့ ခေါင်းဆောင် အဆင့်ဟု သတ်မှတ် ခံရတဲ့ ပုဂ်္ဂိုလ်-မျိုးနှင့် ရိုးနှင့် နိုင်ငံ အတွက် ပေးဆပ်ခဲ့တဲ့ ပုဂ်္ဂိုလ်၊ မြန်မာနိုင်ငံ၏ အပြောင်း အလဲကို တကယ် ဦးဆောင်လမ်း ညွှန်ပေး နိုင်မယ့် ပုဂ်္ဂိုလ်၊ မျိုး မြန်မာနိုင်ငံ မှာ ရှိခဲ့လျှင် အဲဒီလူကို သဘော ထားကြီးကြီး နှင့် ရွေးချယ် လက်ခံ နိုင်မှာလား။ သတိ္တရှိလျှင် သန့်ရှင်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုတွေ နှင့် အတူ ၂၀၁၅ မှာ စီးချင်း ထိုးတဲ့ နိုင်ငံ ရေးမျိုး ပွဲကောင်း တစ်ခုကို ကြည့်ရဖို့ ပြင်သင့်တဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ကြ စို့လား။
                မြန်မာပြည် မှာ စစ်အာဏာရှင် စနစ်နှင့် နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ် ခဲ့ပြီးပါပြီ။ တိုင်းပြည်ကြီး ဘာဖြစ် လာခဲ့ သလဲ။ အဆင်းရဲဆုံး၊ အမွဲတေဆုံး၊ အနိမ့် ကျဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ ခဲ့တယ်။ ဒါကို ငြင်းမှာလား။ စစ်အာဏာရှင် အဆက်ဆက် က ဒီလူတွေ၊ ဒီလူတွေပဲ ဘောင်းဘီ ချွတ်ပြီး၊ ပုဆိုးနှင့် တိုက်ပုံ ၀တ်ပြီး ဆက်လက် အုပ်ချုပ် လာခဲ့တယ်။ ဘာမှ ပြောင်းလဲ မလာခဲ့ဘူး။ အဲဒီတော့ အရပ်သား တွေကို တစ်လှဲ့ လောက် အလှဲ့ပေးကြည့် ပါ။ ပြည်သူ လူထု နှစ်သက်တဲ့ ရွေးကောက် တင်မြှောက်  လိုတဲ့ ခေါင်းဆောင် ကောင်းရဲ့ သမ္မတ အဖြစ် လျှောက်သော လမ်းကို သဘောထား ကြီးကြီး အသိပညာ ကြီးကြီး နှင့် စဉ်းစား တွေးတောပြီး၊  တရားမျှတမှု မရှိဘဲ ပိတ်ဆို့ ထားတဲ့ အခြေခံ ဥပဒေ တံခါးကြီးကို ဖွင့်ဖို့ အချိန်တန် ပါပြီ။ တိုင်းပြည် နှင့် လူမျိုးရဲ့ အနာဂတ် အတွက် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထိုက်တန်တဲ့ အသိဉာဏ် နှင့် နှိုင်းယှဉ် ဆောင်ရွက် စေချင်ပါတယ်။ ပြင်သင့် ပြင်ထိုက် တဲ့ အခြေခံ ဥပဒေမှ ပြင်သင့် ပြင်ထိုက် တာတွေကို အမြန်ဆုံး ပြင်စေချင် ပါတယ်။
                စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း က မြန်မာ နိုင်ငံ အပါအ၀င် အာဆီယံ နိုင်ငံများမှ သတင်းထောက် ၁၅ ဦးနှင့် သမ္မတ အိမ်တော်မှာ သီးသန့် တွေ့ဆုံစဉ်က“မြန်မာ ဟာ အချိန်တွေ ဆုံးရှုံး ခဲ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်ပေါင်းများစွာ ဒီဒေသ တိုးတက်ချိန်မှာ မြန်မာက အချိန် ပြောင်းဆေး တစ်လုံးလို ဖြစ်နေတယ်။ ဘာမှ မပြောင်း လဲသလို ဖြစ်နေ ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ လောက် က မြန်မာကို ပြန်ကြည့် မယ်ဆိုလျှင် ရန်ကုန်ဟာ ဘန်ကောက်၊ စင်ကာပူ နဲ့ ယှဉ်လို့ရတယ်။ ကွဲပြားခြား နားမှုက သိပ်မကြီး ဘူး။ ဒါပေမဲ့ ဒီနေ့မှာ တော့ အရှေ့ တောင် အာရှ တစ်ခုလုံးက ရွေ့လျား သွားပြီး၊ မြန်မာဟာ လည်း အခုဆိုလျှင် ရွေ့လျား ခြင်းလား။ ပါဝင်ခြင်းလား ဆိုတာ ဆုံးဖြတ် ရတော့မယ်”” လို့ ပြောခဲ့ ပါတယ်။ ဒါ့ အပြင် မြန်မာနိုင်ငံ ဟာ ရင်းနှီးမြှုပ်နှံမှု တွေ စုပ်ယူခိုင်း ဖို့ စွမ်းရည် ခေါင်းဆောင်တွေ လိုအပ် နေပါတယ် လို့ သူ က ဆိုတယ်။
                မြန်မာနိုင်ငံ ကို ပဲ့ကိုင်ကြမယ့် ပုဂ်္ဂိုလ် တွေအတွက် အလွန် တန်ဖိုးရှိတဲ့ စကားပါ။ အင်မတန် တန်ဖိုးကြီးပြီး စဉ်းစားစရာ ကောင်းတဲ့ “ Food for thought ” လည်း ဖြစ်ပါတယ်။
                ကိုယ့်ထက် နှစ်ငါးဆယ်ကျော် ရှေ့ရောက် နေပြီး မရပ်မနား ရွေ့လျား နေတဲ့ အာဆီယံ နိုင်ငံတွေကို အမီ လိုက်ဖို့ တိုင်းပြည် ငြိမ်းချမ်းဖို့ လိုပြီ။ နိုင်ငံကို ခေါင်း ဆောင်မယ့် သူတွေ စည်းလုံးဖို့ လိုပြီ။ ညီညွတ်ဖို့ လိုပြီ။ တိုင်းရင်းသား လူမျိုးစုတွေ နိုင်ငံရေး သံဝေဂ ရကြဖို့ ကောင်းပြီ။ တိုင်းပြည်မှာ အရည် အချင်း မရှိတဲ့ ခပ်ညံ့ညံ့ ခေါင်းဆောင်ကြီး တွေ အုပ်ချုပ် ခဲ့လို့ သစ်တောပြုန်း၊ သယံဇာတ တွ ရှုံးပြီး၊  တိုင်းပြည်ကြီး ကတော့  မွဲသထက် မွဲခဲ့တယ်။ ဒါတွေကို တွေးလိုက်ရင် ရင်ထဲမှာ တနုံ့နုံ့ နာကျင် ခံစားခဲ့ရတယ်။ နိုင်ငံ သယံ ဇာတတွေ ဆုံးရှုံးခဲ့ တာကို ဂျပန် တက္ကသိုလ် တစ်ခုမှာ အင်္ဂလိပ်စာ ပါမောက္ခ လုပ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဒေါက်တာ မြင့်အောင် (a)  Mr Andrew က သူ့ကို နိုင်ငံခြားသား တစ်ယောက် ပြောတဲ့ စကားကို ကျွန်တော့်ကို ဒီလိုပြန် ပြောပြ တယ်။ “ Mr Andrew,Iam really sorry your country,beause it become the prey of the other countries ”အခြား နိုင်ငံရဲ့ သားကောင်ဖြစ် နေတဲ့ ခင်ဗျားတို့ နိုင်ငံ အတွက်  ကျွန်တော် တကယ်ပဲ ၀မ်းနည်း ပါတယ်တဲ့။
                မြန်မာ့ သယံဇာတတွေ ကို အချဉ် ဖမ်းနေတဲ့ အိမ်နီးချင်း နိုင်ငံကြောင့် လေ-
စစ်အာဏာရှင် တွေ အုပ်ချုပ် ခဲ့တဲ့ ကုန်ဆုံး ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် အချိန်တွေ ကို ပြန်လည် တွေးမိရင် ရင်ထဲမှာ ထိခိုက် နာကျင်မှုကို ခံစားရတယ်။  “Time Past by never recall”ကုန်ဆုံးတဲ့ အချိန်တွေကို
 ပြန်လည်ပြီး မရနိုင် တော့ဘူး။ ဗိုလ်နေ၀င်း လက်ထက်က စပြီး တိုင်းပြည်ကို စိတ်တိုင်းကျ မလုပ်တတ် မကိုင် တတ်နဲ့ ဖျက်ဆီး ခဲ့တယ်။ အခုလည်း တိုင်းပြည် ကြီးခေတ်နောက် ဆန်ကျန် ရစ်စေမယ့် အမြော် အမြင် နည်းစွာနဲ့ ၂၀၀၈ အခြေခံ ဥပဒေကြီး ကို ရေးဆွဲ အတည်ပြု ပြီး၊ နောင်လာ နောင်သားတွေ ကို ဆိုးမွေတွေ ပေးခဲ့ကြ ပြန်တယ်။ ဒီတော့ အခြေခံ ဥပဒေ ကို အချိန်မီ ပြင်ဆင်ရန် မှ တစ်ပါး အခြားမရှိပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ လူတွေ ရေးဆွဲတာပါ။  ဒီမိုကရေစီ မကျ၊ တရား မမျှတတဲ့ လူတွေ
 ရေးဆွဲခဲ့တဲ့ ဥပဒေကို ပြင်ရ ခက်ခဲတယ်။ မပြင် ချင်ဘူးဆိုတဲ့ လူတွေဟာ ရူးသွပ်များ နေသလားလို့ တွေးမိ တယ်။ ပြင်ဆင်ဖို့ ဆန္ဒဟာ ပြည်သူ့ ဆန္ဒ မဟုတ်ဘူး။ ပြင်ဖို့ မလိုဘူးဆိုတဲ့ လူတွေဟာ တကယ်ပဲ ဒီလို ထင်လောက် အောင် အသိဉာဏ်များ နည်းရော့ သလား။ ဒီလို အသိဉာဏ်၊ ဒီလို အတွေးခေါ် ဦးနှောက်နဲ့ လွှတ်တော်ထဲ ရောက်လာလျှင် တော့ တိုင်းပြည်ကြီး ရေစုန် မျောတော့ မှာပေါ့။
                ဥရောပ ကို မပြောနဲ့။ အာရှနဲ့ အာဆီယံ နိုင်ငံတွေကို ပဲ လေ့လာ ကြည့်စမ်းပါ။ကိုယ့်တိုင်းပြည်
 နှင့် ယှဉ်ရင် ဘယ်လောက် ကွာခြားနေပြီ လဲလို့-အနှစ် ငါးဆယ်ကျော် ပြည်သူတွေ နဲ့ မျိုးဆက်သစ် တွေရဲ့ နားနဲ့ မျက်စိကို ပိတ်ထား တော့ အာဆီယံ နိုင်ငံတွေက အရှိန် အဟုန်နဲ့ ရွေ့လျား နေတဲ့ အချိန်မှာ
 မြန်မာပြည်ကြီး ဟာ အဘယ်မျှ နောက် ကျနေပြီလဲ ဆိုတာ ပြည်သူတွေ မသိကြဘူး။ လမ်းတွေ ဖောက်၊ တံတားတွေ ဆောက်၊ ဆည်တွေ ဆောက်ပြလို့ ပြည်သူတွေက ရေတွင်းထဲက ဖားလိုပဲ ပင်လယ်ကို မမြင်ဘူးတော့  “ A frog that has never seen the ocean consider its well a great sea ”ဆိုသလို သူ့ရေတွင်းကို ပင်လယ်ကြီး လောက် ကျယ်တယ်လို့ ထင်ခဲ့ ကြတယ်။
                အဲဒီတော့ မကောင်းတာ ရှိလျှင် ပြင်ပါ။ အားလုံး က ပြင်သင့် တယ်လို့ ပြောနေတဲ့ အခြေခံ ဥပဒေကို ပြင်ရမှာ၊ ဘာကြောင့် ၀န်လေး နေရတာလဲ။ တော်သူကို ရှေ့ဆောင် စေဆိုတဲ့ စကားလို ကိုယ့်ထက် တော်သူ၊ ကိုယ့် ထက်တတ်သူ၊ ကိုယ့်ထက် အရည် အချင်းရှိသူ၊ ကိုယ့်ထက် ပြည်သူ လူထုက ပိုမိုပြီး ယုံကြည် မြတ်နိုးပြီး ထောက်ခံ သူကိုသာ တိုင်းပြည်ကြီး ကို ဦးဆောင်ခွင့်ရ အောင် သဘောထား ကြီးကြီးနဲ့ ၀ိုင်းဝန်း ပံ့ပိုးပေးကြပါ။ ဒီလို ဆောင်ရွက် ပေးသင့်ကြောင်း မသိနိုင် လောက်တဲ့ အသိပညာ၊ အတွေးအခေါ် အားနည်း နေလျှင်တော့ တိုင်း ပြည်မှာ ထိုက်တန်တဲ့ ခေါင်းဆောင်ကြီး တွေ ဆုံးရှုံးရ လို့ နစ်နာ ပါလိမ့်မယ်။ တိုးတက်မှု ရရှိမှာလည်း မဟုတ်ဘူး။ ကိုယ့်ထက် အနှစ် ၅၀ ကျော် ရှေ့က
 ရွေ့လျားနေတဲ့ နိုင်ငံတွေရဲ့ နောက်မှာ ဝေး၍၊ ဝေး၍၊ ဝေး၍ တစ်ဖန် ကျန်ရစ် ခဲ့ဦးမယ်။
                ဒါကြောင့် ပထမဆုံး အိနိ္ဒယ လွတ်လပ်ရေးမှာ အိနိ္ဒယ ၀န်ကြီးချုပ် နေရူး ပြောခဲ့တဲ့ စကားလေး တစ်ခုကို မျှဝေ ပေးလိုက် ချင်ပါတယ်။ ဂုရုကြီးနေရူး က-
“ No nation can’t be great whose People are narrow in thought ” တဲ့
အတွေး အခေါ် ကျဉ်းမြောင်း သူတွေ နေထိုင်တဲ့ နိုင်ငံဟာ ဘယ်တော့မှ မတိုးတက် ဘူး တဲ့-
                မြန်မာပြည်ဟာ ဒီလိုပဲ ဖြစ်နေပြီ လား။
                ပျက် အစဉ် ပြင်ခဏ
                ပြင်ကြ ရအောင်။     ။
 ဦးတင်မောင်လတ်
မူရင်းလင့်
ကြိုးကိုင်သူက ဗုံးကိုကိုင်ခြင်း