Saturday, November 9, 2013

U-G 18 (သို့ ) ဖြစ်ရပ်မှန် ဒီမိုကရေစီ သမိုင်းနောက်ခံဘဝ ဝတ္ထု - မောင်လှမျိုး (ချင်းချောင်းခြံ)

 ဒီစာအုပ်လေးကို ၈၈ နောက်ပိုင်းမှမွေးဖွားလာတဲ့ လူငယ်တွေအားလုံးကို

ဖတ်ဖို့ တိုက်တွန်းပါတယ်။

စာအုပ်အမည် – U-G  18
ရေးသားသူ -မောင်လှမျိုး (ချင်းချောင်းခြံ)
အမျိုးအစား – ၀တ္တုရှည် ၊ နိုင်ငံရေး

ဒီစာအုပ်လေးဖတ်ရတာ တကယ်ကိုအရိုးထဲ အသည်းထဲ ထိ နာရတယ်ဗျာ။
ဖတ်နေရင်းနဲ့  မျက်ရည်တောင်ဝဲရတယ်။ကိုယ်လည်း ၈၈ သာမီခဲ့ ရင် သူ့ လိုစိတ်မျိုးနဲ့ 
လျှောက်လှမ်းမိမှာအမှန်ပဲ။ကျွန်တော်လည်း စာအုပ်ဆိုင်က တွေ့ လို့ မ,လာတာပါ။
ထွက်တာတော့ ကြာပါပီ။ဖြစ်နိုင်ရင် စာအုပ်အငှားဆိုင်မှာ ငှားဖတ်ကြည့်။တကယ့် စာအုပ်နဲ့ 
ဖတ်ရတာပို Feel ရှိတယ်။PDF အနေနဲ့  ဖတ်ချင်ရင်တော့အောက်က လိပ်စာ ယူလိုက်ပါ။
အဆင်ပြေပါစေ။

Direct Download l Dropbox


"အုတ်နံရံကို ဦးခေါင်းတွေ ကုဋေချီပြီး
သွေးတောထဲ နစ်အောင်၊တိုက်ပစ်မယ်ကွာ။မင်း......ကြည့်နေ


"ဇူလိုင်လ(၂၃)၊ညပိုင်း...ရုပ်မြင်သံကြားမှ
"စစ်တပ်က ပစ်ရင် မှန်အောင် ပစ်တယ်".......တဲ့


"ဖောက်.....ဖောက်.......ဖောက်"
အနားကကျောင်းသားတွေ ပုံလျက်သား လဲကျအသွား၊ ကျွန်တော်......
သေနတ်ကျည်ဆံ လာရာဆီကို၊ အလံကိုင်ရင်း
ပြေးအတက်၊ခိုင်ဝင်းနဲ့  တခြားကျောင်းသားတစ်ယောက်က
ကျွန်တော့်ချိုင်းကို တစ်ဖက်စီမပြီး တရွတ်ဆွဲပြေးကြတယ်။


"မြင့်မြတ်တဲ့ ရာဇပလ္လင်ဆိုတာ၊ မြင့်မြတ်တဲ့ သူနဲ့ ပဲ ထိုက်တန်ပါတယ်။
မမြင့်မြတ်သူတွေကို ပြည်သူ့ လက်ခုပ်တီးသံတွေနဲ့ ၊မောင်းထုတ်ပေးကြပါ"


မူရင်းလင့်

အနှိုင်းမဲ့သော မေတ္တာရှင် ....























  မူရင်းလင့်

ခွင့်ပြုထားခြင်း မရှိသော်လည်း မန္တလေးမြို့တွင် တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှု ပိုမိုများပြားလာ

မန္တလေးမြို့တွင် ခွင့်ပြုထားခြင်း မရှိသော်လည်း တရုတ်ဘာသာဖြင့် ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှုပိုမို များပြားလာကြောင်း သိရသည်။ စည်ပင်သာယာရေး
 ကော်မတီမှ ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်သာ ရေးသား
ချိတ်ဆွဲ ခွင့်ပြုထားပြီး အခြားဘာသာ စကားဖြင့် ရေးသားချိတ်ဆွဲခွင့် မပြုထားသော်လည်း တရုတ်ဘာ
သာဖြင့် ရေးသားချိတ်ဆွဲမှု တစတစ ပိုမိုလာကြောင်း မြို့ခံများက ဆိုသည်။

ယင်းသို့ တရုတ်ဘာသာဖြင့် ချိတ်ဆွဲခြင်းများကို မေတ္တာရပ်ခံခြင်းဖြင့် ပြန်လည် ဖြုတ်သိမ်းမှုသာ ပြုလုပ်ပြီး အရေးယူမှု မရှိ၍ ကြော်ငြာဆိုင်းဘုတ်များ ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။

''ဆိုင်းဘုတ်ခွန်၊ ကြော်ငြာခွန်ရလိုမှု တစ်ခုတည်း မကြည့်သင့်ဘူး။ မတွက်သင့်ဘူး။ ခွင့်ပြုထားခြင်း မရှိတဲ့ ဘာသာစကားနဲ့ ချိတ်ဆွဲထားရင် အရေးယူနိုင်ရမယ်။ တားမြစ်နိုင်ရမယ်။ ခုအဲဒါမျိုးမရှိဘဲ မေတ္တာရပ်ခံတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်တယ်။ ဒီလို တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေ များလာတာက အမှန်တကယ် ဈေးကွက်ဘာလဲဆိုတာ ပြတဲ့သဘောပဲ။ ကြာရင်မန္တလေးမှာ မြန်မာတွေနေရာ  ပျောက်
တော့မယ်'' ဟု ကျောက်ပုတီး လုပ်ငန်းလုပ်ကိုင်သူ ကိုနေလင်းက ပြောကြားသည်။

''ကြော်ငြာဆိုင်းဘုတ်တွေမှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာကလွဲရင် ခွင့်မပြုထားဘူး။ တရုတ်ဘာသာ တစ်ခုတည်းနဲ့ ရေးသားထားတဲ့ ကြော်ငြာတွေကိုတော့ လိုက်လံစိစစ် မေတ္တာရပ်ခံပြီး ပြန်ဖြုတ်စေခဲ့ပါတယ်။ ဌာနကို အသိပေး တိုင်ကြားလို့ ဖြုတ်ခဲ့ရတာတွေ ရှိပေမယ့် အရေးယူ ဒဏ်ရိုက်မှုတော့ မပြုလုပ်ပါဘူး'' ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က
 ပြောကြားသည်။ မန္တလေးမြို့တွင် တရုတ်လူမျိုး အများစု နေထိုင်မှု များပြားခြင်းနှင့်အတူ ယင်းလူမျိုးများ အခြေချ လုပ်ကိုင်မှု များပြားလာခြင်းကြောင့် တရုတ်ဘာသာစကား သင်တန်းများ၊ ကျောက်မျက်ရောင်း
ဝယ်ရေး လုပ်ငန်းများနှင့် အချက်အချာကျသော လမ်းမကြီး၊ ဟိုတယ်များတွင် ကြော်ငြာဆိုင်းဘုတ်များ ပိုမိုများပြား လာခဲ့သည်။
 
ခွင့်ပြုထားခြင်း မရှိသော်လည်း မန္တလေးမြို့တွင် တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှု ပိုမိုများပြားလာ

မန္တလေးမြို့တွင် ခွင့်ပြုထားခြင်း မရှိသော်လည်း တရုတ်ဘာသာဖြင့် ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှုပိုမို များပြားလာကြောင်း သိရသည်။ စည်ပင်သာယာရေး ကော်မတီမှ ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်သာ ရေးသားချိတ်ဆွဲ ခွင့်ပြုထားပြီး အခြားဘာသာ စကားဖြင့် ရေးသားချိတ်ဆွဲခွင့် မပြုထားသော်လည်း တရုတ်ဘာသာဖြင့် ရေးသားချိတ်ဆွဲမှု တစတစ ပိုမိုလာကြောင်း မြို့ခံများက ဆိုသည်။

ယင်းသို့ တရုတ်ဘာသာဖြင့် ချိတ်ဆွဲခြင်းများကို မေတ္တာရပ်ခံခြင်းဖြင့် ပြန်လည် ဖြုတ်သိမ်းမှုသာ ပြုလုပ်ပြီး အရေးယူမှု မရှိ၍ ကြော်ငြာဆိုင်းဘုတ်များ ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။

''ဆိုင်းဘုတ်ခွန်၊ ကြော်ငြာခွန်ရလိုမှု တစ်ခုတည်း မကြည့်သင့်ဘူး။ မတွက်သင့်ဘူး။ ခွင့်ပြုထားခြင်း မရှိတဲ့ ဘာသာစကားနဲ့ ချိတ်ဆွဲထားရင် အရေးယူနိုင်ရမယ်။ တားမြစ်နိုင်ရမယ်။ ခုအဲဒါမျိုးမရှိဘဲ မေတ္တာရပ်ခံတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်တယ်။ ဒီလို တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေ များလာတာက အမှန်တကယ် ဈေးကွက်ဘာလဲဆိုတာ ပြတဲ့သဘောပဲ။ ကြာရင် မန္တလေးမှာ မြန်မာတွေနေရာ ပျောက်တော့မယ်'' ဟု ကျောက်ပုတီး လုပ်ငန်းလုပ်ကိုင်သူ ကိုနေလင်းက ပြောကြားသည်။

''ကြော်ငြာဆိုင်းဘုတ်တွေမှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာကလွဲရင် ခွင့်မပြုထားဘူး။ တရုတ်ဘာသာ တစ်ခုတည်းနဲ့ ရေးသားထားတဲ့ ကြော်ငြာတွေကိုတော့ လိုက်လံစိစစ် မေတ္တာရပ်ခံပြီး ပြန်ဖြုတ်စေခဲ့ပါတယ်။ ဌာနကို အသိပေး တိုင်ကြားလို့ ဖြုတ်ခဲ့ရတာတွေ ရှိပေမယ့် အရေးယူ ဒဏ်ရိုက်မှုတော့ မပြုလုပ်ပါဘူး'' ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။ မန္တလေးမြို့တွင် တရုတ်လူမျိုး အများစု နေထိုင်မှု များပြားခြင်းနှင့်အတူ ယင်းလူမျိုးများ အခြေချ လုပ်ကိုင်မှု များပြားလာခြင်းကြောင့် တရုတ်ဘာသာစကား သင်တန်းများ၊ ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းများနှင့် အချက်အချာကျသော လမ်းမကြီး၊ ဟိုတယ်များတွင် ကြော်ငြာဆိုင်းဘုတ်များ ပိုမိုများပြား လာခဲ့သည်။

(မန္တလေးမြို့လယ်ရှိ တရုတ်စာများဖြင့် ရေးသားထားသော ဆိုင်တစ်ဆိုင်အား တွေ့ရစဉ်) 

ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း

(ပြောတာတော့ အရမ်းကောင်းတယ်။ ရခိုင်ပြန်ပြီး အလုပ်လုပ်ရင် ပိုကောင်းမယ်။ ရခိုင့်တပ်မတော်က
ဘာကြောင့် ကချင်ပြည်နယ်မှာ အခြေစိုက်ပြီး တိုက်နေလဲဆိုတာ နားမလည်ဘူးဗျာ...)



 မြန်မာနိုင်ငံတွင် သက်တမ်းအနုဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင်
 ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်း ယာယီဌာနချုပ် ဖွင့်လှစ် တည်ထောင်ထားသော ရခိုင်တပ်မတော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Voice သတင်းအဖွဲ့ လိုင်ဇာမြို့၌ တွေ့ဆုံ မေးမြန်း
ထားသည်များကို ဖော်ပြအပ်ပါသည်။ 

 “လူမျိုးတိုင်းက ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ရှိသင့်တယ်ဆိုပြီး ကျွန်တော်တို့ဖွဲ့ပေမယ့်

သွေးထွက်သံယိုတွေနဲ့ မဖြေရှင်းလိုဘူး။ ဒါဟာ အချင်းချင်း သတ်ဖြတ်ဖို့အတွက် မဟုတ်

ပါဘူး။ အခွင့်အရေးတွေ ကာကွယ်ဖို့အတွက်ပဲ…”


Voice : ရခိုင်တပ်မတော် အကြောင်းကို အနည်းငယ် ပြောပြပေးပါ။ 

၂၀၁၃ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက်ကထိန်အလှူ

 ကျပ်သိန်း ၁၅၀ ငွေသားအလှူ
ကထိန်ပဒေသာပင်
 ငွေသားအဓိကလှူတာဆိုတော့
တစ်ခြားလှူဖွယ်ပစ္စည်းတွေက
နည်းနည်းပါးပါးပဲ။





  လိုအပ်တာလောက်ပဲ ပါတယ်။




ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲလုပ်ရတော့မည့် ကြံ့ခိုင်ရေးပါတီ၊ ရေးချင်ရာရေး မတုန်လှုပ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

တစ်ချိန်က ဗဟိုအလုပ်အမှုဆောင် ဦးသိန်းစိန်(ယခုအနားယူနေပြီး)ပြောကြား ခဲ့သလို ပါတီတွင်း ဒီမို
ကရေစီ စနစ်ဖြင့် ရွေးချယ်တင် မြှောက်ကြမည့် ပါတီမှ ခေါင်းဆောင်များကို ရွေးချယ်သကဲ့သို့ ၂၀၁၅တွင်
ကြံ့ခိုင်ရေး ပါတီမှ သမ္မတလောင်း အဖြစ် ပါတီတွင်း ရွေးကောက်ပွဲများ ကျင်းပရတော့မည်လောဟု ထင်မြင် . . .  စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူး ရောဂါ၊ အချောင်သမားရောဂါ၊ သူလျှို၊ ဒလန်ရောဂါ၊ အကျင့်ပျက် ရောဂါ တည်းဟူသော သူငယ်နာ (၅)မျိုး စွဲကပ်နေခြင်း …””စသည်ဖြင့် ကြံ့ခိုင်ရေးပါတီ
အပေါ် သုံးသပ် . . .

““ပြည်သူတို့နှင့် ရင်ခုန်သံ ထပ်တူညီသည့် ပါတီ””ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အတိအလင်း လက်မှတ်ရေးထိုး ပြောကြားထားသည်။ ပါတီတွင်း ဒီမိုကရေစီ စနစ် ကျင့်သုံးလျက် ရှိကြောင်း ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင်ပိုင်း က အတိအလင်း ပြောကြားထားသည်။ ပါတီတွင်း ဒီမိုကရေစီ ဆိုသည်မှာ ကြံ့ခိုင်ရေးပါတီကို ဖြစ်ပေါ်စေခဲ့သည့် တည်ထောင်သူ ပုဂ်္ဂိုလ်တစ်ဦး ဖြစ်သော ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟို အလုပ်အမှုဆောင် ဦးသိန်းစိန် (ထိုစဉ်က ပြန်ကြားရေး ဒုတိယ၀န်ကြီး)နှင့် ရန်ကုန်မြို့ ဌာနချုပ်ရုံး အပေါ်ထပ် ၎င်း၏ ရုံးခန်းတွင် တွေ့ဆုံ၍ အသင်းကြီး၌ ကိုယ်ကျိုးရှာသူများ၊ အနားပျာများ၏ ပြဿနာများ ဆွေးနွေးခဲ့စဉ်က မိန့်ကြားချက် တစ်ခု အမှတ်ရမိ ပါသည်။ ဦးသိန်းစိန်က ““ပါတီတွင်း ဒီမိုကရေစီ ရလာမည် ဖြစ်ကြောင်း၊ ထိုအခါ ပါတီဝင်များ၏ မဲဆန္ဒဖြင့် ပါတီ ကေဒါများ၊ ရပ်ကျေး၊ မြို့နယ် ကော်မတီများကို ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များက ခရိုင်နှင့် တိုင်း/ပြည်နယ် ကော်မတီများကို ထပ်မံ မဲပေး ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များ၏ မဲဆန္ဒဖြင့်သာ အတွင်းရေးမှူး၊ ဥက္ကဋ္ဌများကို ရွေးချယ် ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ဗဟို အလုပ်အမှုဆောင်များ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း၊ ထိုအခါ ပါတီတွင်း ဒီမိုကရေစီ စနစ်အများ သဘောတူ၊ လူထု ခေါင်းဆောင်များဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်မည် ဖြစ်ကြောင်း၊ မိမိ အနေဖြင့်
လည်း နိုင်ငံရေး ဦးတည်ချက် လေးရပ်၊ စီးပွားရေး ဦးတည်ချက် လေးရပ်၊ လူမှုရေး ဦးတည်ချက် လေးရပ်၊ ဒို့တာဝန် အရေးသုံးပါး တို့ကအစ ရေးသား ပေးနိုင်ခဲ့ကြောင်း”” စသည်ဖြင့် ပြောကြား ခဲ့သည်။ …

    မင်းဆိုး၊ မင်းညစ် ဗိုလ်ချုပ်သန်းရွှေ၊ ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ၊  ဒီပဲယင်း လုပ်ကြံမှုစသော

*** တိုင်းပြည်တာဝန် ရှိသူများ၏ ခံစားခွင့်နှင့်ပြည်သူ့စေတနာ ***


 လျှပ်စစ်မီတာခ တိုးမြှင့်အပေါ် နိုဝင်ဘာ ၇ ရက်ညက ရန်ကုန်မြို့တွင် ဆန္ဒပြနေ သူများအား တွေ့ရစဉ်။ (ဓာတ်ပုံ)- မင်းသိန်းနိုင်

တစ်လောက အမျိုးသား လွှတ်တော်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်
အယောင်များ ဆိုင်ရာဥပဒေ ပြင်ဆင်ဖို့ အဆိုနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာချီးမြှင့် ငွေတွေကို တိုးမြှင့်ဖို့စတဲ့ အဆိုနှစ်ရပ်ကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ကြောင်း မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံ တစ်နိုင်ငံမှာ စီမံခန့်ခွဲရာမှာ အရေးကြီးတဲ့ နေရာမှာ ရှိနေတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော် ခံစားခွင့်နဲ့ ပတ်သက်တာဖြစ်လို့ အများစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခု
 ဖြစ်ခဲ့ပါတယ်။

တိုင်းပြည်အတွက် အရေးပါသူများ၏ လစာခံစားခွင့်
***************************************
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များ ဆိုင်ရာဥပဒေ ပြင်ဆင်ဖို့အဆိုကို ဘဏ္ဍာရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီးဒါနဲ့ ပတ်သက်ပြီး