Sunday, March 9, 2014

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ



စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို
 ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ 
အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ
 နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ 
အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများ
အနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။

ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။

သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ 
ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ 
ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။


ရည်းစားတစ်ယောက်ကိုဝေမျှထားတဲ့ အမွှာညီအမ




တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ 
သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။ အလုပ်၊ကား ၊ဖေ့ဘွတ်အကောင့်
အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက်ထဲထားပါသတဲ့။

သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ
ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ်ကအစ တူသထက်တူအောင်
 ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစလို့ အသေးစိတ်တူညီအောင်ပြုပြင်ခွဲစိတ်တာ
 ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာကုန်ကျခဲ့ပါတယ်။