Saturday, December 21, 2013

The Universal Declaration of Human Rights " အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း"

ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ် ၊ ဘယ်နေရာမှာ နေနေ ၊ ဘယ်လူမျိုး ဖြစ်ဖြစ်
ဒီ ကမ္ဘာမှာ လူဖြစ်လာတဲ့ လူမှန် သမျှ ဒီအချက်တွေကိုတော့ လိုက်နာသင့်တယ်။

* Article (1)

All human beings are born free and equal in dignity and rights. They are endowed with reason and conseience and should act towards one another in spirit of brotherhood.

* အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း ညီအကိုသဖွယ် သဘောထား၍ ဆက်ဆံကျင့်သုံးသင့်၏။

* Article (2)

Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, color, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the bases of the political, juriscictional or international status of the country or territory to which a person belogs, whether it be incependent, trust, non-self-governing or under any other linitation of sovereignty.

ဆီးဂိမ်း (အပိုင်း ၂)

ရှေးကမြန်မာတွေ တော်တော်ညံ့တာပဲ။ ခုခေတ်မြန်မာတွေလို မဟုတ်ဘူး။ ၁၉၆၉ တုန်းက မြန်မာမှာ အရှေ့တောင်အာရှ အားကစားပွဲကြီး လုပ်ခဲ့တဲ့အပြင် မြန်မာလည်း ဗိုလ်စွဲခဲ့တာတောင် motivationလည်း မဖြစ်ကြဘဲ စုတ်ပြတ်သတ်သွားလိုက်တာ အဆင်းရဲဆုံး နိုင်ငံဖြစ်သွားတဲ့အထိပဲ။ တို့ခေတ်နဲ့များ ကွာပါ့။
အတည်ပြောရရင်… တချို့တွေက ဆီးဂိမ်းဖွင့်ပွဲ ကြီးကျယ်ခမ်းနားမှုကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမယ် ဆိုတာကို ထောက်ပြကြတာရှိတယ်။ ရိုးရိုးလေး စဉ်းစားကြည့်။ ကိုယ်သာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသား ဆိုပါတော့။ ဆီးဂိမ်းဖွင့်ပွဲကြီး ခမ်းနားခြင်း မခမ်းနားခြင်းကိုကြည့်ပြီး ရင်းနှီးမြှုပ်နှံမှာလား။ ဥပဒေတွေ တည်ငြိမ်မှု ရှိမရှိ၊ သင့်လျော်မှု ရှိမရှိ၊ နိုင်ငံအခြေအနေ တည်ငြိမ်မှုရှိမရှိ၊ အဓိကရုဏ်းတွေ ရှိမရှိ ချင့်ချိန်ပြီး ရင်းနှီးမြှုပ်နှံမှာလား။ အပေါ်ယံလောက်ကြည့်ပြီး ရင်းနှီးမြှုပ်နှံရလောက်အောင် ဘယ်သူဌေးမှ အမယ် မထင်။ စီးပွါးရေး ဘာမှ မလုပ်တတ်တဲ့ ကျနော်တောင် အဲလောက်မအဘူး။

နောက်ထောက်ပြကြတာက ဆီးဂိမ်းဖွင့်ပွဲကြီး ခမ်းနားတဲ့အတွက် motivation တွေ ဖြစ်စေတယ်တဲ့။ အဲဒါဆိုရင် အဲဒါကြီး မလုပ်ခဲ့ဘူးဆိုရင် သိမ်ငယ်စိတ်ဝင်နေကြလို့လားဗျာ။ အဲဒါကြီး ဖြစ်မလာခဲ့ဘူးဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အားမာန် မရှိကြတော့ဘူးလား။ SEA Games ဖွင့်ပွဲဓါတ်ပုံကြီးတွေ နံရံမှာ ကပ်ထားပြီးမှ ကိုယ်လုပ်စရာ ရှိတာတွေ လုပ်ကြမှာ မို့လို့လား။ ဒါမျိုး ခမ်းနားမှုဆိုတာက တခါတလေမှ လုပ်နိုင်တော့ တဒင်္ဂပဲ ခံမယ့် motivation ပါ။ အင်တာနက်နှေးတဲ့အခါ၊ ကိုယ့်ဝန်ကြီးတွေ

 ခေါင်းဆောင်တွေ အသုံးမကျတဲ့အခါ၊ မီးပျက်တဲ့အခါ၊ အစစ အရာရာ လွဲချော်ပြီး မြန်မာ့နည်း
 မြန်မာ့ဟန် မြန်မာ့စနစ်တွေနဲ့ ထူးဆန်းနေတဲ့အခါ အဲဒီ motivation က ဆက်ရှိပါ့ဦးမလား။

၁၉၆၉ အားကစားပွဲဆိုရင် မြန်မာက အိမ်ရှင်လုပ်နိုင်ရုံတင် မကဘူးနော်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကစားကြတဲ့ အားကစားနည်းတွေနဲ့ချည်းပဲ မြန်မာက ထိပ်ဆုံးရောက်ခဲ့တာ။ ဒါတောင် အဲလို motivation က ဘယ်လောက်ခံလို့လဲ။ ဘယ်ခံမလဲ။ ဦးနေဝင်းမှ အသုံးမကျတာကိုး။ ဒီတော့ အဲလို motivation တွေက အပေါ်ယံ ခဏပဲခံမယ့် ဟာတွေပါ။ လုပ်နေတဲ့ နိုင်ငံရေးစနစ်တွေ၊ ပညာရေးစနစ်တွေ လွဲနေရင်၊ infrastructure တွေ မကောင်းရင်၊ တရားမျှတမှုတွေ၊ ငြိမ်းချမ်းရေးတွေ မရှိရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

SEA Games ဖွင့်ပဲ ခမ်းနားလို့ သာမန်ချီးကျူးတာမျိုး၊ အားကစားပွဲတွေကို အားပေးတာမျိုး၊ ဖွင့်ပွဲပိတ်ပွဲမှာ ပျော်တာမျိုးကို လက်ခံပါတယ်။ ဒါပေမဲ့ မဆိုင်တဲ့ အကြောင်းပြချက်တွေနဲ့ အတင်းကြီး ဆွဲစေ့တာတော့ လက်ခံလို့ မရဘူး။ ဆီးဂိမ်းဖွင့်ပွဲ ခမ်းနားမှုကြောင့်တော့ ရင်းနှီးမြှုပ်နှံမှုလည်း

 ပြောပလောက်အောင် တက်လာမှာမဟုတ်ဘူး။ (ဆီးဂိမ်းပွဲခဏမှာ လာပြီး ရင်းနှီးမြှုပ်နှံမယ့်လူတွေ၊ စပွန်ဆာလုပ်မယ့်လူတွေတော့ ရှိတာပေါ့။ ဒါက ဖွင့်ပွဲ ခမ်းနားမှုနဲ့ ဘာမှမဆိုင်ဘူး။ နဂိုကတည်းက သူတို့အမြတ်အစွန်းရမယ်ဆိုရင် လာမယ့်သူတွေ)။ ဖွင့်ပွဲကို သာမန်လောက်လုပ်လည်း၊ ဒါမှမဟုတ် ဆီးဂိမ်းမလုပ်ခဲ့လည်း အမြတ်အစွန်းရချင်တဲ့သူကတော့ သူတို့အတွက် အခြေအနေကောင်းမယ်ဆိုရင် တွက်ချက်ပြီး လာကြမှာပဲ။

ပြီးတော့ တကယ်သာ motivation ဖြစ်နေရင်၊ စိတ်အားတက်ကြွနေရင် ဝေဖန်ထောက်ပြတာကိုပဲဖြစ်ဖြစ် အဆိုးမြင်တာကိုပဲဖြစ်ဖြစ် ဘာစိတ်ဆိုးစရာ ရှိလို့လဲဗျာ။ ခိုင်မာနေရင် အဲလောက်နဲ့ motivation က ပြိုလဲသွားမှာ မဟုတ်ဘူးလေ။


ဖွင့်ပွဲအတွက် ကြိုးစားကြတဲ့ ကလေးတွေတို့၊ လူတွေတို့ကိုတော့ အသိအမှတ်ပြုပါတယ်။ ဥပမာ ရီးယဲမက်ဒရစ်တို့၊ မန်ချက်စတာ စီးတီးတို့က ငွေကြောင့် အောင်မြင်တယ်လို့ ပြောလို့ ရပေမဲ့ ....

စီရော်နယ်ဒိုတို့၊ ဘေးလ်တို့၊ အဂွေရိုတို့၊ နီဂရီဒိုးတို့ ကတော့ တကယ်အားစိုက်ပြီး training ဆင်းရ၊
ကန်ရ လုပ်ရသေးတာကိုး။ ပိုင်ရှင်အတွက်က ငွေကြောင့်ဆိုတာ ဟုတ်ပေမဲ့ ကစားသမားတွေရဲ့
 ပြောင်မြောက်တဲ့ ကစားပုံတွေကို ချီးကျူးတာက တပိုင်းပါ။ ဒီတော့ ဖွင့်ပွဲအတွက် ချွေးထွက်ခဲ့ကြတဲ့ ကလေးတွေကိုတော့ ချီးကျူးပါတယ်။ ဒါတောင်မှ ကလေးတွေ အဲဒီလိုသမိုင်းဝင်ဖွင့်ပွဲမှာ ပါဝင်ခွင့် ရခဲ့တာမျိုးထက်၊ နိုင်ငံက ပညာရေးဘတ်ဂျတ်တွေ များများသုံးပြီး ပညာရေးစနစ် ကောင်းမွန် အဆင့်မီသွားတာမျိုးကပဲ ကလေးတွေအတွက် ပိုပြီးအကျိုးရှိမှာပါ။

လူအများစုက၊ မကြာခင် ဒီဖွင့်ပွဲကြီးအကြောင်း မေ့သွားကြပြီး ပုံမှန်အတိုင်းဆက်ပြီး…. နိုင်ငံခြားမှာ တချို့တွေ သိမ်ငယ်စိတ်နဲ့၊ အခြေအနေ အရပ်ရပ်တွေကြောင့် မြန်မာဖြစ်လျက်နဲ့ မြန်မာမဟုတ်သလိုလို ညာပြောကြတာတွေ ဆက်ရှိနေဦးမှာပဲ၊ အဲလိုပဲ ကြွချင်တဲ့သူတွေကလည်း အကြောင်းမရှိ အကြောင်း
ရှာပြီး မြန်မာကွ သာကီဝင်ကွ ဆိုပြီး ဆက်ကြွနေဦးမှာပဲ ဆိုတာကို သိပါတယ်။ အခုရေးလိုက်တာက မဆီမဆိုင် အကြောင်းပြချက်တွေဖြစ်တဲ့ ကမ္ဘာကြီးက ဆီးဂိမ်းကို စောင့်ကြည့်၊ အထင်တွေကြီးပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပိုဝင်လာမယ် ဆိုတဲ့လူတွေ၊ ဖွင့်ပွဲကြီးက motivation တအားဖြစ်စေပြီး၊ အရာရာမှာ မြန်မာက ကမ္ဘာ့အဆင့်ကို “ဥုံ၊အပ်ချလောင်း” ဆိုပြီး မီလာတော့မလိုလို
 ပြောနေတဲ့သူတွေကို ထောက်ပြရုံ သက်သက်ပါ။

ကောင်းကင်ကို
(December 13, 2013)

"၂၀၁၃ အကယ်ဒမီဆုရရှိသူများ စာရင်း "

'အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု' အား
'ပတ်တို့၏ မာယာ' ဇာတ်ကားဖြင့် မြန်မာ့ဘောလုံးအသင်းနည်းပြချုပ်
ပတ်ဆောင်ဟွာ မှလည်းကောင်း

 'အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု' အား 
'မဟူရာ ကျီးကန်းမ၏ စမူဆာ မီးကျွမ်းည' ဇာတ်ကားဖြင့် 
အမျိုးသမီးဒိုင်လူကြီး Maria Rebello မှလည်းကောင်း 

'အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု' အား 
'မဘော နှစ်ယောက် ကိုယ်တစ်ယောက်' ဇာတ်ကားဖြင့် 
ဥက္ကဌ ဦးဇော်ဇော်မှ လည်းကောင်း 

 'အကောင်းဆုံး အမျိုးသမီ ဇာတ်ပို့ဆု' အား 
'ဂိုးတိုင် တစ်လက္မ ချဲ့စေချင်' ဇာတ်ကားဖြင့် 
အမျိုးသမီး ဘောလုံးအသင်းမှ စန်းစန်းမော်မှ လည်းကောင်း 

 'ဒီနှစ်တွင်မှ စတင်ပေးအပ်သော အကောင်းဆုံး ဗီလိန်ဆု' အား 
'ဂိုးတိုင်ပြင်ပ တစ်နေရာကို ဗဟိုပြု၍' ဇာတ်ကားဖြင့် အမျိုးသား ဘောလုံးအသင်း ခေါင်းဆောင် ကျော်ဇေယျာဝင်းမှ လည်းကောင်း

'အကောင်းဆုံး နောက်ခံတေးဂီတ ဆု' အား 
'ရင်ထဲက ဘောရာသီ' ဇာတ်ကားဖြင့် သုဝဏ္ဏဘောလုံးကွင်း
ပွဲကြည့်စင်ပေါ်မှ 'သံပြိုင်ညီညာ * ပဲဗျာ' နောက်ခံတေးဂီတ အဖွဲ့မှ လည်းကောင်း 

 'အကောင်းဆုံး ဓါတ်ပုံဆု' အား 
'မေ့သဘော' ဇာတ်ကားဖြင့် 
ဖိလစ်ပိုင်အလံကိုင် Mr ဝလစ်စလစ်မောင် မှ လည်းကောင်း 

'ဒီနှစ်တွင်မှ စတင်ပေးအပ်သော အကောင်းဆုံး စတန့် ပညာရှင်ဆု' အား 
'ကောင်းကင်၌ မီးများတက်ရှို့၍ အချုပ်ခန်း၌ ငါးသောင်း ရကြသည်' ဇာတ်ကားဖြင့်
'မီးဒုတ်မောင်မောင်' စတန့်အဖွဲ့မှ လည်းကောင်း 

 'အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု' အား 
'ငါသေမှ အေး' ဇာတ်ကားဖြင့် အားကစားဝန်ကြီး ဦးတင့်ဆန်းမှ လည်းကောင်း

'အကောင်းဆုံး `ရုပ်ရှင် ဇာတ်ညွှန်းဆု' အား 
'ဘယ်သူတက်တက် အစဉ်အလာမပျက်' ဇာတ်ကားဖြင့် 
သိန်းသန်းငရွှေ ရုပ်ရှင်အုပ်စုမှ လည်းကောင်း 

'ဒီနှစ်တွင်မှ စတင်ပေးအပ်သော Honoring အထူးဆု' အား 
'ဘဝအိပ်မက် ဘောအိပ်မက်' ဇာတ်ကားဖြင့်
 မြန်မာပြည် သန်း ၆၀ မှ လည်းကောင်း 

အသံပိုင်းဆိုင်ရာ ဇာတ်ပို့ဆု ကို 
မိဘပြည်သူများ ဘာမှမပူကြပါနဲ့ခင်ဗျာ ဇာတ်ကားဖြင့်
mrtv မှ announcer မောင်မဲမှ ရှိသွားကြောင်းပါခင်ဗျာ

credit: original poster 
myanmardaily.net 
(မူရင်းရေးသားသူအား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ Admin)

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပတ်သတ်လို့

ဆီးဂိမ်း ဖွင့်ပွဲကြီးက ခမ်းနားလား လို့ မေးလာမယ် ဆိုရင် ခမ်းနားတယ်လို့ ပြောရမှာပါ။
ဝိုင်းပြီး လုပ်ကြတဲ့ ကလေးတွေကိုလည်း ချီးကျူးသင့်ပါတယ်။ ရိုးရိုးသားသား သာမန်ချီး
ကျူးမှုတွေတော့ လုပ်ထိုက်ပါတယ်။

ဒါပေမဲ့ ဒါမျိုးဖွင့်ပွဲတွေဆိုတာက ဘယ်နိုင်ငံမှာ လုပ်လုပ် ဒါမျိုးခမ်းနားကြတာ ချည်းပဲ။
၂၀၁၁ က လုပ်သွားတဲ့ အင်ဒိုနီးရှားပွဲကိုပဲ တချက်ပြန်ကြည့်လိုက်။ ဆိုလိုတာက ဘယ်နိုင်ငံမှာ
လုပ်လုပ် ခမ်းနားမှာချည်းပဲ။ မလုပ်ခင်ကတည်းကလည်း ခမ်းနားမယ်လို့ မျှော်လင့်ခဲ့ပြီးသား။ ဒါမျိုးတွေဟာ ငွေသုံးရင်၊ တခြားနိုင်ငံတွေ အကူအညီနဲ့ လုပ်ရင် ဘယ်နေရာမှာမဆို လုပ်လို့ ရနိုင်တာမျိုးမို့ မြန်မာနိုင်ငံရဲ့ ဖွင့်ပွဲကြီး စုတ်ပြတ်သတ်နေမယ်လို့ လျှော့တွက်ခဲ့တဲ့ အထဲမှာ
ကျနော် မပါလို့ အခုလည်း သိပ်တော့ မအံ့သြဘူး။  တခြားနိုင်ငံရဲ့ အကူအညီကိုယူတာတွေ၊
ငွေသုံးတာတွေကို အပြစ်တင်နေတာ မဟုတ်ဘူးနော်။ မလိုအပ်ဘဲ လက်မ အလွန်အကျွံထောင်
နေတာကို ပြောတာပါ။

အာရှမှ ဘယ်နိုင်ငံမှ မလုပ်နိုင်တဲ့ ပွဲဆိုတာလည်း လွဲနေတယ်။ ဒါမျိုးပွဲတွေ youtube ကနေတောင်
ပြန်ရှာမကြည့်မှန်း သိသာတယ်။ မြန်မာကို ကမ္ဘာက သိအောင်လို့ ဆိုတဲ့ စကားလုံးကလည်း ပွဲတိုင်းမှာ လူတိုင်းက သုံးနေတော့ ခေါက်ရိုးကျိုးနေပြီ။ အခုရော မြန်မာကို ကမ္ဘာက မသိလို့လား။ ဘယ်နိုင်ငံမဆို သူ့သိက္ခာနဲ့သူတော့ ရှိပြီးသားပါ။ ကိုယ့်နိုင်ငံ ဆင်းရဲလို့၊ နိမ့်ကျနေလို့ တဘက်ကလူက ဘလိုင်းကြီး လာနှိမ်ရင် လာနှိမ်တဲ့သူရဲ့ အပြစ်ပဲ။ မြန်မာ့အကြောင်း သူတို့ မသိရင် သူတို့ရဲ့ ဗဟုသုတ ချို့တဲ့မှုပဲ။ သိမ်ငယ်စိတ်နဲ့ မလိုအပ်ဘဲ နေရာတကာ လက်မထောင်ပြဖို့၊ အရေးမပါတဲ့နေရာတွေမှာ အနိုင်ယူပြဖို့ မလိုပါဘူး။ ကိုယ့်နိုင်ငံကို တရားလွန်မြှင့်ပြီး မာန်ထောင်ဖို့ မလိုသလို ၊ နိုင်ငံဆင်းရဲလို့ သိမ်ငယ်နေစရာ
လည်း မလိုဘူး။ လူချင်းအတူတူပဲ။ ကိုယ်သာ ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ဂုဏ်သိက္ခာချင်း အတူတူပဲ။

ကမ္ဘာက စောင့်ကြည့်မယ် ဆိုတာလည်း အလွန်အကျွံ ဖြစ်နေတယ်။ ဒါဟာ ကမ္ဘာ့အဆင့်
အိုလံပစ်ပွဲလည်း မဟုတ်၊ အာရှအဆင့်ပွဲလည်းမဟုတ်။ အာဆီယံနိုင်ငံထဲက လူတွေတော့ တချို့လည်း စောင့်ကြည့်လိမ့်မယ်။ ဒါပေမဲ့ ဒီပွဲရှိမှန်းတောင် မသိတဲ့သူတွေ ထိုင်းမှာအများကြီး။ ကိုယ်တွေရော ၂၀၁၁ အင်ဒိုနီးရှားမှာ လုပ်တုန်းက ကြည့်ဖြစ်လို့လား။ ကြည့်ဖြစ်ရင်ကော အဲဒါလေးအတွက်နဲ့ အင်ဒိုနီးရှားကို အထင်ကြီးသွားခဲ့လို့လား။ ခုလည်း သူများတွေ အဲလိုနေမှာပဲ။

အံ့သြတာက ဒါလေးကို ကြည့်ပြီး မြန်မာနိုင်ငံ နေရာတကာ အဆင့်မီလာသလိုလို ရေးကြတာပဲ။
အမှန်ကို မျက်ချည်မပြတ်မှ အမှန်အတိုင်း လုပ်လို့ကိုင်လို့ ရမှာမို့ လက်ရှိအနေအထားတွေကိုတော့ သဘောပေါက်ဖို့ လိုပါတယ်။ တကယ်က ဒါမျိုးပွဲတွေဆိုတာက အပေါ်ယံပါ။ နိုင်ငံတနိုင်ငံ ဘက်စုံဖွံ့ဖြိုးလာဖို့ အဓိက လိုအပ်တာက စိတ်ဓါတ်ပါ။ နိုင်ငံသားအချင်းချင်း ဆင်းရဲချမ်းသာ
လူတန်းစား မခွဲခြားတဲ့ စိတ်ဓါတ်၊ လူမျိုးဘာသာတွေ မခွဲခြားတဲ့ စိတ်ဓါတ်၊ တနိုင်ငံလုံး တန်းတူရည်တူ သဘောထားတဲ့ စိတ်ဓါတ်၊ စာရိတ္တတို့ ပညာတို့ကို လေးစားမြတ်နိုးတဲ့ စိတ်ဓါတ်တွေ ရှိပြီလား။
ဒါမျိုးတွေမှာ ဟိုးအောက်ဆုံး ကျနေတုန်းပဲ။

ဒါမျိုးတွေမှာ အောက်ကျနောက်ကျ ဖြစ်နေလို့ ဒီလိုပွဲ မလုပ်ရဘူး၊ တခြားနိုင်ငံ အကူအညီ မယူရဘူးလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဝိုင်းပြီးလုပ်ကြတဲ့ လူတွေ၊ ကလေးတွေကို
အသိအမှတ် မပြုတာ မဟုတ်ပါဘူး။ ငွေကြောင့် လုပ်လို့ရတယ်ဆိုပေမဲ့ လူတွေရဲ့ လုပ်အားတွေ၊ လေ့ကျင့်မှုတွေတော့ စိုက်ရမှာပါ။ ဒါတွေကိုတော့ အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ ဒီလိုပွဲတွေက အပေါ်ယံလောက်ပဲ ဖြစ်တာမို့၊ ဟစ်တလာတောင် အိုလံပစ်ပွဲ လုပ်ပေးဖူးတာမို့၊
ဒါလေးတွေကို ကြည့်ပြီး အလွန်အကျွံ တက်ထောင်တာတော့ မဖြစ်သင့်ဘူးလို့ ထင်လို့ပါ။ ခမ်းခမ်းနားနားလုပ်နိုင်လို့ ပျော်ကြတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ့် ဂုဏ်သိက္ခာဆိုတာ
ဒီလို တစ်ပွဲတိုး၊ တစ်ချက်ကောင်း နဲ့ တည်ဆောက်ယူလို့ မရပါဘူး။ ဒီလိုဖွင့်ပွဲကြီး လုပ်ပြီးမှ၊ ဦးအောင်ဇေယျ ရုပ်တုကြီးနဲ့ ထိုင်း-မြန်မာ ဘောလုံးပွဲ သွားအားပေးနေလဲ အလကားပဲကိုး။

ကောင်းကင်ကို

တက္ကသိုလ်

ဆုံစည်းခြင်းတွေ စခဲ့တဲ့နေရာ
ခွဲခွာခြင်းတွေ စခဲ့တဲ့နေရာ

မျှော်နေခဲ့ပြီး ရောက်သွားတော့မှ
မလှပခဲ့တဲ့ အိပ်မက်လေး

ရယ်သံတွေက လွှမ်းလိုက်
ကျည်ဆံတွေက ကြမ်းလိုက်
ဖွင့်လိုက်၊ ပိတ်လိုက်….
နိုးလိုက်၊ အိပ်လိုက်နဲ့.....

အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
သွေးအစည်းဆုံး ပါတီဌာနချုပ်

သြော်
နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း
ဗြောက်ဖောက်သူတို့ နဲ့ တောက်ခေါက်သူတို့ ရဲ့
ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ
မှန်းဆလို့  ချစ်နေချင်သေးတယ်။

ကောင်းကင်ကို