မေး - ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျက်၊ ချမ်းသာအောင် စီးပွားရှာတာချင်းလည်း
တူပါလျက်၊ လူတစ်ရာတွင် တစ်ယောက်သာ ချမ်းသာပြီး ကျန် ကိုးဆယ့်ကိုး ယောက်က
ဆင်းရဲနေရသည်မှာ အဘယ့်ကြောင့်နည်း။
ဖြေ - အကြောင်းကား လူတစ်ရာတွင် တစ်ယောက်ခန့်သာ လှူရမှု၌ပျော်မွေ့ပြီး၊
ဖြေ - အကြောင်းကား လူတစ်ရာတွင် တစ်ယောက်ခန့်သာ လှူရမှု၌ပျော်မွေ့ပြီး၊
ကျန် ၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ခဲ့သောကြောင့်ပေတည်း။
မျှော်လင့်ချက်တစ်ခုခုဖြင့်ပြုသော ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကို
မျှော်လင့်ချက်တစ်ခုခုဖြင့်ပြုသော ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကို
ပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်ချမ်းသာသို့ မပို့၊ အကြောင်းကား အလှူခံကောင်း
စားဖို့(ချမ်းသာဖို့) လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်ရွယ်ချက်ဖြင့် လှူခဲ့သော
ကြောင့် ဖြစ်၏။ ငါဟူသည်ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာ။ ထိုဒိဋ္ဌိနှင့်
လောဘဝင်ရှုပ်သောကြောင့် ပါရမီမထိုက်သောဒါနသည် နိဗ္ဗာန်သို မပို့နိုင်ခြင်းဖြစ်၏။