Friday, December 13, 2013

Android အတွက် Apk ဖိုင် လွယ်လွယ်ကူကူနဲ့ ဖန်တီးမယ်


လွယ်ပါတယ် အရမ်းကို လွယ်ကူပါတယ် အဆင့်နှစ်ဆင့်ထဲနဲ့  Apk file လေးတွေကို Online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစကရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင် ကိုယ်တိုင်လုပ်ကြည့်မှာပါ ။   ဖုန်းမှာပေါ်မယ့် Apk ရဲ့ iCon ကိုလဲ ကြိုက်တဲ့ပုံထည့်လို့ရပါတယ် ။
 
ကျနော်ကတော့ ကျနော်တို့ဘလော့လေးတစ်ခုကို Apk Market လေးတစ်ခုအဖြစ် လုပ်လိုက်ပါတယ် 
http://freemobilesharing.blogspot.com ရဲ့  MMF Market ကို လိုချင်သူများ ဒီမှာဒေါင်းပါ ။

ပထမဆုံး ဒီမှာကလစ်နှိပ်ပြီး ဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ http://www.appsgeyser.com/

စုမြတ်နိုးကျော်..........တဲ့



စိတ်အမောပြေ

အစိုးရနဲ့ပြိုင် ကျွန်တော်တို့ မနိုင်ပါဘူးဗျာ.......


မန္တလေးသတင်းအကုန်သိရန်

ခွေးထက်မိုက်တဲ့ သစ်ပင်

ကြက်ဆူပင်တောထဲမှာ
အပွေးကိုမြင်ရရင်တော့
ဘာပင်ဆိုတာ ပြောနိုင်စမြဲပဲ
မဟုတ်လား

အခုတော့ဗျာ
မှန်ဘီလူးနဲ့ကြည့်တာတောင်မှ
ဘာအပွေးမှလဲမမြင်
 
ရာဇဝင်မှာ
ဘာပင်မှလဲမဟုတ်
ဘာရုပ်မှလဲမပေါက်
အခေါက်လဲမရှိ အပွေးလဲမရှိဘဲနဲ့
ဘယ်နေရာကြည့်ကြည့် ကျက်သရေမရှိလိုက်တာ
သစ်ပင်နဲ့တော့တူသလို ရှိပါရဲ့
သူတို့က သစ်ပင်ပါဆိုလို့သာ
ကျနော်တို့က သစ်ပင်လိုက်ရ
 
အရိပ်လဲမရ အပွင့်ကလဲ ပန်းစာရင်းမဝင်
သီးပင်စားပင်လဲမဟုတ်
ကြည့်လိုက်ရင် မြေပေါ်မှာ ငုတ်တုတ်
ချုံပုပ်သာ
အမှိုက်ရှုံ့နေတာ သက်သက်
 
သူတို့အတွက်သာ သူတို့ပေါက်နေကြပုံကိုက
လုံးဝမနှစ်မြို့စရာ
သူတို့ရှိနေတာ မြေကြီးလဲနာတယ်
ကမ္ဘာကြီး လဲလေးတယ်
ခွေးထက်မိုက်တဲ့ သစ်ပင်တွေ။

နိုင်မြန်မာ
 

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို

ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝ မကျိန်းသေ ဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘတင့်ဆွေက သုံးသပ်ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကိုလျှော့ချရေးမှာ ထိပ်တန်းမှ
ပြင်ဆင်သင့်သည့်အရာတစ်ခု ဖြစ်သော်လည်း သမ္မတဖြစ်ရေး ကိုပြင်ဆင်ရမည့်အချက်မှာ ပိုမို ခက်ခဲသောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်းဖြစ်
သည်ဟု ယင်းက သုံးသပ်သည်။

ဦးဘတင့်ဆွေက ''အများစု အမြင်မှားနေတာတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ သမ္မတဖြစ်ရေးဥပဒေ ဟာ ဒေါ်စုတစ်ဦးတည်းကို ရည် ရွယ်ရေး ဆွဲထားတာလို့ ထင်နေ ကြတယ်။ တကယ်တော့ မဟုတ် ပါဘူး။ ဖွဲ့စည်းပုံတစ်ခုက တိုင်း ပြည်ရဲ့ ရေမြေသဘာဝနဲ့ ကိုက် ညီအောင် လုပ်ရတာပါ။ ဒီဖွဲ့စည်း ပုံ ကလဲ စစ်အစိုးရလက်ထက် မှာ ရေးဆွဲထားတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို လုံခြုံဖို့ အဓိက ထားတဲ့ အချက်ပါ။ ဖွဲ့စည်းပုံမှာ သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် မလိုလားအပ်တဲ့ ကန့်သတ် ချက် တွေပါတယ်။ ဒါပေမဲ့ ဒီအချက် တွေကိုပြင်ဖို့က တပ်မတော်ပါဝင် မှုကိုပြင်ဖို့ထက်ခက်တယ်။ ဒီတော့ ဒေါ်စုသမ္မတဖြစ်ဖို့ ၂၀၁၅မှာမဖြစ် နိုင်ဘူး။ ဒေါ်စုမဟုတ်တဲ့ တခြား ပြည်သူတစ်ဦးဆိုရင်လဲ မဖြစ်နိုင် ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံ အခင်းအကျင်းအရရော ဖွဲ့စည်းပုံ အရ ဒေါ်စု သမ္မတဖြစ် ဖို့ ရာခိုင်နှုန်း၉၀ မကျိန်းသေပါဘူး'' ဟု ပြောသည်။

Yangon Media Group

ပရီးမီးယားလိဂ်က အင်္ဂလန်ကစားသမားတွေထဲမှာ အချမ်းသာဆုံးသူ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဖြစ်သူ ၀ိန်းရွန်းနီဟာ ပရီးမီးယားလိဂ်တွင် ကစားနေသော အင်္ဂလန်ကစာသမားများထဲတွင် အချမ်းသာဆုံး ကစားသမားဖြစ်ပါတယ်။
 
အသက်၂၈နှစ်အရွယ်ရှိ ၀ိန်းသည် ချမ်းသာပိုင်ဆိုင်မှုအဖြစ် ပေါင် ၄၅သန်းရှိနေပြီး။
သူ၏ တပတ်လစာမှာ ပေါင်၂၅၀၀၀၀ ရရှိနေပြီး တခြား စပွန်ဆာ ၀င်ငွေများစွာလည်း ရှိထားသူ ဖြစ်ပါတယ်။။

ထို့အပြင် ရွန်းနီ နောက်တွင် ဖာဒီနန်က ဒုတိယနေရာတွင် ရှိနေပြီး ချမ်းသာပိုင်ဆိုင်မှု ၃၇သန်းထိ ရှိနေပါတယ်။ ထို့နောက် လမ်းပတ် က ၃၁သန်းဖြင့် တတိယနေရာတွင် ရှိနေပါတယ်။
 
Photo: မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဖြစ်သူ ၀ိန်းရွန်းနီဟာ ပရီးမီးယားလိဂ်တွင် ကစားနေသော အင်္ဂလန်ကစာသမားများထဲတွင် အချမ်းသာဆုံး ကစားသမားဖြစ်ပါတယ်.. အသက်၂၈နှစ်အရွယ်ရှိ ၀ိန်းသည် ချမ်းသာပိုင်ဆိုင်မှုအဖြစ် ပေါင် ၄၅သန်းရှိနေပြီး.. သူ၏ တပတ်လစာမှာ ပေါင်၂၅၀၀၀၀ ရရှိနေပြီး တခြား စပွန်ဆာ ၀င်ငွေများစွာလည်း ရှိထားသူ ဖြစ်ပါတယ်။။

ထို့အပြင် ရွန်းနီ နောက်တွင် ဖာဒီနန်က ဒုတိယနေရာတွင် ရှိနေပြီး ချမ်းသာပိုင်ဆိုင်မှု ၃၇သန်းထိ ရှိနေပါတယ်.. ထို့နောက် လမ်းပတ် က ၃၁သန်းဖြင့် တတိယနေရာတွင် ရှိနေပါတယ်..

ပရီးမီးယားလိဂ်တွင် ကစားနေသော အင်္ဂလန်ကစားသမားများ အချမ်းသာဆုံးစာရင်း 

(၁) ရွန်းနီ 
(၂) ဖာဒီနန် 
(၃) လမ်းပတ်
(၄) တယ်ရီ
(၅) ဂျရတ် 
(၆) ဂျိုကိုးလ်
(၇) အက်ရှ်လေးကိုး
(၈) မိုက်ကယ်ကာရစ် 
(၉) အက်ရှ်လေးယန်း
(၁၀) ဂျိမ်းမီနာလ် တို့ ဖြစ်ကျပါတယ်

အိုဝင်ပေါက်စ ပရီးမီးယားလိဂ်တွင် ကစားနေသော အင်္ဂလန်ကစားသမားများ အချမ်းသာဆုံးစာရင်း

(၁) ရွန်းနီ
(၂) ဖာဒီနန်
(၃) လမ်းပတ်
(၄) တယ်ရီ
(၅) ဂျရတ်
(၆) ဂျိုကိုးလ်
(၇) အက်ရှ်လေးကိုး
(၈) မိုက်ကယ်ကာရစ်
(၉) အက်ရှ်လေးယန်း
(၁၀) ဂျိမ်းမီနာလ် တို့ ဖြစ်ကျပါတယ်

အိုဝင်ပေါက်စ

No One အဘ The Law

အဘတို့ကတော့
ဘာသာပြန်တာတော်ချက်

ကြောက်စရာပြဿဒါး (သို့) Friday 13

ဒီကနေ့ဟာဆိုရင် အနောက်နိုင်ငံတွေက လူတွေသိပ်ကြောက်တဲ့ သောကြာနေ့ ၁၃ရက် ဖြစ်ပါ တယ်။ နောက်ခံသမိုင်းတိတိပပမရှိသော်လည်း ၁၄ရာစုက စလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ အခုဆိုရင် အာရှမှာပါ ပျံနှံ့စွဲမြဲလို့လာခဲ့ပါပြီ။

၁၃ဂဏန်းသီးသန့် ကြောက်ကြသူများရှိပြီး ၄င်းကို ၁၃ကြောက်ရောဂါ Triskaidekaphobia လို့ ခေါ် ပါတယ်။ သောကြာနေ့နဲ့ပါတွဲကြောက်နေပြီ ဆိုရင်တော့ Friggatriskaidekaphobiaလို့ ခေါ်ပါတယ်။ ဘာလို့ကြောက်ကြသလဲ။ ဘာလို့ရှောင်ကြသလဲ ????? သမိုင်းကြောင်းတွေရှိပါတယ်။

၁။ ။ခရစ်ယာန်သမိုင်းမှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃မှာထိုင်ပါတယ်။

"အိုဗာတင်း"

ဒုဝန်ကြီးတစ်ယောက်နဲ့ သူ့မိသားစုဟာ.
နေပြည်တော် မြို့မ ဈေးက..
သာမန်လူတန်းစားတွေစားတဲ့..
ဝက်သားတုတ်ထိုးဆိုင်မှာ ထိုင်ပြတယ်..

၁၇- လမ်း တရုတ်တန်းလိုနေရာမျိုးက
ရှယ် ၀က်သားတုတ်ထိုးဆိုင်ဆိုရင်.....
"အိုဗာတင်း.."
======

ဒုဝန်ကြီးတစ်ယောက်နဲ့ သူ့မိသားစုဟာ.
နေပြည်တော် မြို့မ ဈေးက..
သာမန်လူတန်းစားတွေစားတဲ့..
ဝက်သားတုတ်ထိုးဆိုင်မှာ ထိုင်ပြတယ်..

၁၇- လမ်း တရုတ်တန်းလိုနေရာမျိးက
ရှယ် ၀က်သားတုတ်ထိုးဆိုင်ဆိုရင်..

ဒါမှမဟုတ် ဒီ့ထက်နည်းနည်းသာတဲ့နေရာဆိုရင်..
မပြောပါဘူနော်..

ဝက်သားတုတ်ထိုးကို..
ဓာတ်စာကျနေသလိုမျိုး..
အသေရရအရှင်ရရကြိုက်နေကြရင်တော့..
မသိဘူးပေါ့ဗျာ..

------------------------

မကြာပါဘူး.

.နိုင်ငံတော်သမ္မတကြီးက ဥရောပခရီးစဉ်မှာ..
လေယာဉ် ရိုးရိုးတန်းကိုပဲ စီးတယ်ဆိုပြီး..လုပ်ပြန်တယ်

ဒါပေမဲ့..လေယာဉ်ထိုင်ခုံကြည့်ရတာ..
တော်တော်ကောင်းတဲ့..Leather Seat ကြီးပါ...၊
လေယာဉ်အကောင်းစား ရဲ့ ရိုးရိုးတန်းဖြစ်နေတာကိုး..

သေချာတာကတော့..ပြွတ်သိပ်နေတဲ့..
ဘတ်စ်ကားအစုတ်ကို..တွယ်စီးနေတဲ့သူတွေ..
မလျော့ပါးသေးတာပါပဲ..။

-------------------------

နောက်တစ်ခုက..
ပြောရေးဆိုခွင့်ရှိသူရဲ့.. မိသားစုဟာ..
ရန်ကုန်မြို့ လမ်းဘေးတစ်နေရာမှာ
လူသွားလူလာရှုပ်ထွေးတဲ့နေရာက..
အထမ်းသည်မုန့်ဟင်းခါးဆိုင် တစ်ဆိုင်မှာထိုင်ပြပြန်တယ်

ပြန်စဉ်းစားကြည့်ရင်..အဲဒီဆိုင်..အနေအထားဟာ...
??????
အဲဒီနေရာကိုရောက်ဖူးသူတိုင်း..သိကြမှာပါ..

အဲဒီမှာတော့..
လူတွေက နည်းနည်း..ရိပ်စားမိလာပါပြိ..

---------------------------

မကြာပါဘူး...

Sea game မှာ သမ္မတကြီးက ..
ဝင်ခွင့်ကဒ်ပြားဆွဲထားတာတွေ့ပါတယ်...
သမ္မတတစ်ယောက်အနေနဲ့ ဆွဲလည်းဘာမှမဖြစ်သလို..
မဆွဲပြန်ရင်လည်း..ပြဿနာမရှိပါဘူး..

Rule of law အတိုင်းတိကျစွာလိုက်နာတယ်လို့..
ပြောရအောင်ကလည်း...
မကြာခင်ကမှ ဖြစ်ခဲ့တာတွေက..
Rule of law မဟုတ်ပဲ...
Rule of သံခြေချင်းတွေနဲ့..
Rule of အကျိင်္ံ အနက်ဝတ် လူရမ်းကားတွေ
ဖြစ်နေလို့ပါပဲ..

သဘာဝကျကျတွေးလိုက်ရင်တော့..

တစ်ချို့လူတွေက...

"အိုဗာတင်း"..ကို..

သိပ်ကြိုက်တယ်ဆိုတာကိုပါ..

----------------------------

ဒါပေမဲ့ ..အိုဗာတင်းကိစ္စနဲ့..
အမှတ်ရမယ် မကြံသေးပါဘူး..

ဖိုးလပြည့်က Sea game လာကြည့်တဲ့အချိန်မှာ..
ဝင်ခွင့်ကဒ် မ၀တ်လာတာကို..
ပြည်သူတွေမြင်လိုက်ရတဲ့အခါမှာတော့..
အုတ်အော်သောင်းတင်းဖြစ်သွားပြန်ပါတယ်..

သမ္မတကြီးရဲ့..နှာဖူးကို ..
ဖိုးလပြည့်က ဖြတ်ရိုက်လိုက်သလိုပါပဲ..

တစ်ယောက်ယောက်ကတော့....
မျက်နှာ ပူပြီး ခြေမကိုင်မိလက်မိဖြစ်သွားမှာပါ..

အဲဒီလူဟာ..

ဖိုးလပြည့်...လို့ ထင်ပါသလား..

မဟုတ်ပါဘူး..၊

ဟိုမှင်စာက...
သောက်ဂရုတောင်..စိုက်မဲ့ပုံမရှိပါဘူး..၊

ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတာတော့..
အိုဗာတင်းကြိုက်တဲ့အဖွဲ့တွေပဲဖြစ်မယ်ဆိုတာ..
သေချာတာပေါ့ဗျာ...










မိုးကြိုးပုရစ်
ဒါမှမဟုတ် ဒီ့ထက်နည်းနည်းသာတဲ့နေရာဆိုရင်..
မပြောပါဘူနော်..

ဝက်သားတုတ်ထိုးကို..
ဓာတ်စာကျနေသလိုမျိုး..
အသေရရအရှင်ရရကြိုက်နေကြရင်တော့..
မသိဘူးပေါ့ဗျာ..
--------------------------------------------
မကြာပါဘူး.....

ဘယ်သူလဲ.............


 ကျပ်ငွေကို ဘယ်သူက ရိုက်ထုတ်ပါသလဲ။ မြန်မာအစိုးရပါပဲ။
လေယာဉ်လက်မှတ်ဖြတ်ရင် ကျပ်ငွေကို ဘယ်သူက မယူတာလဲ။ မြန်မာအစိုးရပါပဲ။

မှတ်ပုံတင်ကို ဘယ်သူက ထုတ်ပေးတာလဲ။ မြန်မာအစိုးရပါပဲ။
မှတ်ပုံတင်ကိုင်ပြီး နေရာအနှံ့ သွားလို့မရအောင် တားဆီးတာ ဘယ်လူလဲ။ မြန်မာအစိုးရပါပဲ။

၂၀၀၈ ခု ဥပဒေကို ပြင်ဆင်နိုင်တယ်လို့ ပြောတာ ဘယ်သူလည်း မြန်မာအစိုးရပါပဲ။
ဖွဲ့စည်းပုံပြင်ဖို့ ကြီးလေးကြီးမတွေ့ဖြစ်အောင် ငြင်းဆန်တာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

ပြည်ထောင်စုနိုင်ငံလို့ အမည်ပေးလိုက်တာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
တန်းတူရေးကို လက်မခံတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

စစ်တိုက်နေတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
အပစ်ရပ်အောင် ဖိအားပေးနေတာလည်း ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

အဓိကရုဏ်းဖြစ်အောင် လုပ်နေတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
ငြိမ်းချမ်းရေးအကြောင်း ပြောနေတာလည်း ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

တိုင်းပြည်ကို အခါခါ ကယ်တင်ခဲ့ပါတယ်လို့ ပြောပြောနေသူက ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
တိုင်းပြည်ကို ဂုတ်စီးနေတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

စစ်အစိုးရဟောင်းကို မမုန်းရ။
လက်ရှိသိန်းစိန်အစိုးရကို မဝေဖန်ရ။
တပ်မတော်ကို အပြစ်မတင်ရ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံရ။
ဖွဲ့စည်းပုံပြင်ဖို့ မပြောရ။

ဦးပိုင်တွေ နေရာတိုင်မှာ မြင်မြင်သမျှ ပိုင်နေတာ၊ စစ်တပ်က မြေသိမ်း ပြန်ရောင်း ပြန်သိမ်း ပြန်ရောင်းနေတာ၊ ခရိုနီတွေက ကိုလိုနီများ ဖြစ်နေတာ၊ ပြည်သူများကို နားလှည့်ပါးရိုက်နေတာ....ဒါတွေကို အမြင်မစောင်းရ။ စစ်တပ်ပြုသမျှ နုသူကိုမှ ဒီမိုကရေစီစိတ်ဓာတ်ရှိသူလို့ သတ်မှတ်တာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

ခွန် ဒီးယမ်


secretnewsofMDF 

သင့်ဆီမှာသာ

သင့်ဆီမှာသာ
ရေခဲသေတ္တာရှိရင်
အ၀တ်အတည်တွေရှိရင်
သင့်ခေါင်းပေါ်မှာ အမိုးအကာတစ်ခုရှိနေရင်
အိပ်ဖို့ နေရာရှိရင်
သင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ၇၅% သောလူတွေထက်ပိုချမ်းသာပါတယ်။

သင့်မှာ
ပိုက်ဆံအိတ်ရှိရင်
သင်သာ
သင်သွားလိုရာကို သွားနိုင်ရင်
သင်ဟာကမ္ဘာ့ အချမ်းသာဆုံးလူဦးရေ၏
ထိပ်ဆုံး ၁၈% မှာတစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။

သင်သာ ဒီနေ့ 
ဖျားနာတာမျိုးမဖြစ်ပဲ
နေမကောင်း ထိုင်မကောင်းမဖြစ်ဘူးဆိုရင်
ဒီရက်သတ္တပတ်ထဲမှာ သေရမယ့်
သန်းနဲ့ ချီတဲ့လူစာရင်းမှာ သင်မပါသေးပါဘူး။

သင်သာ ယခု
ဒီစာတွေကိုဖတ်နေပြီး နားလည်တယ်ဆိုရင်
ကမ္ဘာပေါ်မှာရှိတဲ့ ၃ ဘီလီယံသော လူဦးရေထက်
ပိုပြီးကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။
ဘာလို့ လဲဆိုတော့
သူတို့ ဟာ ဒီစာတွေကို
မဖတ်နိုင် မမြင်နိုင်တဲ့သူတွေဖြစ်နေကြလို့ ပဲဖြစ်ပါတယ်။

===========================================
(ဓါတ်ပုံမှာ ချင်းပြည်နယ် မင်းတပ်မြို့အနီးမှာ ကျေးရွာလေး တစ်ခုတွင် ရိုက်ခဲ့စဉ်)
ZK(ကနောင်)

Aung Nay Myo