Tuesday, November 19, 2013

ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတင်သူ (မိန်းကလေး) များ သတိထားရန်



ဖေ့ဘုတ်မှာဓါတ်ပုံအရမ်းတင်ချင်တဲ့ ကိုယ့်အလှကိုအရမ်းပေါ်လွင်စေချင်တဲ့ ကျွန်တော်ခင်ရတဲ့
ညီမလေးတွေရော ကျွန်တော်နဲ့ မသိတဲ့ ညီမလေးတွေရော သတိပေးချင်ပါတယ်..
ကျွန်တော်ဆရာကြီးလုပ်တာမဟုတ်ပါဘူး..ဖြစ်နိုင်တဲ့ အန္တရာယ်ကိုကြိုပြီးသတိပေးတာပါခင်ဗျာ..
အခု လူပြောများနေတဲ့ GOOGLE တို့ FACEBOOK တို့က ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ
ရောင်းစားတယ်ပြောနေကြပါတယ်။ ဒါဟာလည်း ယေဘူရတော့ ကျွန်တော်တို့လို အပျော်တမ်း သုံးသူတွေကို သူတို့ကစိတ်မ၀င်စားပါဘူး။ ဒါတွေပြောနေရင်ဆုံးမှာမဟုတ်ပါဘူး............

ဒီFACEBOOK ပေါ်မှာကျွန်တော်လေးစားချစ်ခင်ရတဲ့ အကို အမ ညီ ညီမတွေ အများကြီးပါ။
(မရိုသေ့စကား ပြောပြပါ့မယ်။..နားနဲ့မနာ ဖ၀ါးနဲ့နာပါ)
‪#‎ကိုယ်တင်တဲ့ဓါတ်ပုံတွေဟာ‬ ကျွန်တော်တွေ့ထားတဲ့ PAGE တစ်ခုထဲ ရောက်သွားရင်ဘယ်လိုလုပ်မလဲ..။
PAGE အမည်ကတော့ (ဖာသည်မလေးမှတ်စု) ပါတဲ့ ခင်ဗျာ။
 PAGE ထောင်တဲ့သူက မြန်မာ ကုလား တရုတ် မို့ မဟုတ်ပါဘူး။
စိတ်ဓာတ်အဆင့်အတန်းက စိတ်ဓာတ်အဆင့်အတန်းပဲ။

ပြောနေတာ အပိုလို့ ထင်တဲ့ မိန်းကလေးတွေသွားကြည့်ကြပါ။
အောက်မှာလင့်ပေးထားပါတယ်။ Cyber Bullying လုပ်ခံရခြင်းမှ ကင်းဝေးကြပါစေ။  

https://facebook.com/profile.php?id=584057718322740

Credit : Chit Thaw Mg

ပေါင်တံလှလှမော်ဒယ်လေးရဲ့ ရေလည်ဟော့တဲ့ဓာတ်ပုံ (Beautiful model with sexy leg)

sexy girl

sexy girl

sexy girl
sexy girl

sexy girl

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟု ဆိုရာဝယ်

ခရိုနီဘက်ကလိုက်ပြီး ပြောတာလည်း မလုပ်ချင်ဘူး။ ခရိုနီတွေကို ဆော်တဲ့အတွက် လက်ခုပ်တီး တာမျိုးလည်း မလုပ်ချင်ဘူး။ သို့သော် ... ခရိုနီတွေကို တိုက်ခိုက်တာမျိုးကတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်လို့တော့ မယူဆပါဘူး။ ခရိုနီတွေဖြစ်နေတာကိုတော့ ပြောရမှာပဲလေ။ သူတို့က Public Figure တွေပဲ။ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြတာပဲ။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဆိုတာက ဘယ်လို တိုက်ခိုက်တာလဲ။ သူတို့က ခိုးဝှက်ပြီး၊ လက်ဝါးကြီးအုပ်ပြီး တိုင်းပြည် ရဲ့ ငွေတွေကို စားကြ သောက်ကြ၊ အမြတ်ကြီးထုတ်ကြ ၊ လက်ဝါးကြီးအုပ်ကြ ပြောတာမျိုးတွေ။ အဲဒါမျိုးတွေ ကို ပြောတာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ရဲ့ အိမ်တွင်းရေး ကိစ္စတွေ ၊ မယားငယ်တွေ ထားတာမျိုးတွေကို ပြောတာ ဆိုရင်တော့ ဟုတ်တာပေါ့။ သူတို့ အရက်သောက်
တာမျိုးတွေကို ရေးမယ်ဆိုရင်တော့ ပုဂ္ဂိုလ်ရေးလို့ပြောလို့ရတာပေါ့
 အခုလုပ်နေတာက စီးပွားရေး

လုပ်ငန်းတွေ လုပ်နေကြတာပဲ။ ဘိန်းလုပ်နေတာတွေရှိတယ်။ သစ်တွေ လုပ်တာတွေ ရှိတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်နေတာတွေ ၊ အမြတ်ကြီးစားနေကြတာတွေ ရှိတယ်။ အစိုးရတွေနဲ့ပေါင်းပြီး၊ စစ်အာဏာရှင်တွေ နဲ့ ပေါင်းပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် နေတာ။ အဲဒါတွေ ဖေါ်ထုတ်တာကတော့ ပုဂ္ဂိုလ်ရေးလို့ မယူဆဘူး။ တိုက်ခိုက်တယ်လို့ မယူဆဘူး။


-- ဟံသာဝတီ ဦးဝင်းတင်



စာချုပ်တွေကပြုံးနေတယ်


 
 
 
စာချုပ်တွေကပြုံးနေတယ်.
---------------------------

သစ်တောတွေ...
ကုန်သလောက်ဖြစ်နေပြီ..
နှစ်တစ်ရာကျော်သစ်ပင်ဆိုတာစာအုပ်ထဲမှာပြန်ရှာရမလား.
ခရိုနီတွေ ဟာ..သစ်နဲ့ မြက်ကို...မှားပြီးရိတ်နေသလိုပဲ..။
လူဆယ်ဖက်မကကြီးတဲ့သစ်ကို မြင်ဖူးဖို့နေနေသာသာ..
လူနှစ်ဘက်သစ်ပင်တောင် ပတ်ဝန်းကျင်မှာ မရှိတော့ဘူး..။
၂၅ နှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၄၀ ရာခိုင်နှုန်းကနေ
၁၉ ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့တယ်..

ပတ္တမြား..နီလာ..
အ၀ိဇိအထိတူးမှထွက်ရုံပဲရှိတယ်...
နိုင်ငံတကာဈေးကွက်တွေမှာ..တရားဝင်ရော..မှောင်ခိုရော..
အဆမတန်ဈေးတွေနဲ့ ရောင်းကောင်းနေတယ်..၊..ခရိုနီတစ်ချို့က.
အလကားနီးပါးရတဲ့ ထဲက..ပတ္တမြားတစ်ပွင့်လောက်ကို..
သူ့ဘိုးဘွားပိုင်ရတနာကိုလှူသကဲ့သို့..အစိုးရကိုလှူပြပြီး..
အမှတ်ယူ ဂုဏ်တက်နေချိန်မှာ..... တို့ပြည်သူအများစုဟာ...
မိုးကုတ်ပတ္တမြားဆိုတာ ...ခိုသွေးရောင် မှန်း မသိကြတော့ဘူး..။

ကျောက်စိမ်း...
ဖါးကန့်တစ်မြို့လုံး ကလပ်စတာဗုံးဒဏ်ခံထားရသလို..
စက်ယန္တယားကြီးမျိုးစုံနဲ့ တစ်မြို့လုံး ဖွာစုတ်နေအောင်
မွစာတက်နေအောင် တူးဆွနေတာတောင်....လွန်ခဲ့တဲ့နှစ် ၃၀ ကျော်က
လက်နဲ့တူးတဲ့အချိန် ထွက်တာလောက်ပဲရှိတယ်...
တို့နိုင်ငံသားတွေဟာ.. ရေစက်နဲ့တူတဲ့ ကျောက်စိမ်းအရည်ကောင်းကို
ပုံပြင်ထဲမှာပဲ ကြားဖူးတော့မယ်ထင်တယ်..။

ဓာတ်ငွေ့ ..
ဘာသာရေးအရေးအခင်းဖြစ်တဲ့အချိန်မှာ..
တရုတ်အတွက် ဂက်စ် ပိုက်လိုင်းဘယ်လိုပြီးသွားမှန်းမသိဘူး..
အဖိုးနှုန်းချိုသာစွာနဲ့ တရုတ်ပြည်ကို တောက်လျောက်ပို့နေပြီ..
လျှပ်စစ်မီးမရှိတဲ့ နယ်မြေတော်တော်များများကို...
ဒီပိုက်လိုင်းက ဖြတ်သွားရတာကိုက ရင်နာစရာ..။

အဲဒီသယံဇာတတွေအများစုဟာ..

တရုတ်ကို ဦးတည်တာများတယ်..
တရုတ်တွေဈေးကွက်ကို ပေါ်ချောင်ကောင်းနဲ့ရောက်တယ်..
တရုတ်က အဆပေါင်းများစွာ ဈေးတင်ပြီး ကမ္ဘာ့ဈေးကွက်ကိုဖြန့်တယ်..
မြန်မာကျောက်စိမ်း တရုတ်ကျောက်စိမ်းဖြစ်သွားတယ်..

မြန်မာပြည်က လမ်းတွေမှာ မမြင်ရတဲ့...
အလွန်ကြီးမားတဲ့ စီမံကိန်းကြီးတွေအတွက်..
ယန္တယားယာဉ်ကြီးတွေ အလုပ်လုပ်နေတယ်လို့ထင်ရအောင်..

ငါတို့မြေ..ငါတို့သယံဇာတကို...ဒီစက်ယန္တယားကြီးတွေနဲ့
တူးနေကြတယ်..။

အဲဒီတော့...တစ်ခုစဉ်းစားမိတာက..
စာချုပ်တွေက...နှစ် ၃၀ ချုပ်ကြတယ်...

အခု...ဘာမှမကြာသေးဘူ...သယံဇာတတွေ.ပြောင်တော့မယ်..

စာချုပ်တွေက ရီနေတော့မှာပဲ.....။

အဲဒီတော့...ဘာပေးစရာကျန်မလဲ...??

ရှိပါသေးတယ်..။

တရုတ်အစိုးရရဲ့ ဥပဒေအရ...
ခလေးယူရင် ယောင်္ံကျားလေးသာအယူများနေလို့..
လက်ရှိစာရင်းအရ..သတို့သမီး သန်း (၂၀၀) တောင် လိုအပ်နေတဲ့..
ပေါက်ဖေါ်ပြည်ကြီးအတွက်...

မြန်မာအမျိုးသမီး...၃၀၀၀၀ လောက်..
နှစ်စဉ်....တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး.။
သူတို့ဆီကို လူမှောင်ခိုရောင်းစားခံရတယ်..

ပေးစရာ..သယံဇာတတွေသာ..ကုန်သွားရင်...

လူသား..သယံဇာတတွေကို...
တရားဝင်ရောင်းစားကြတော့မှာလားဆိုတာ.

ကွက်ကျော်.၀ံသာနုစိတ်ဓာတ်တွေ..
 အလကားနေ...တက်ကြွနေတဲသူတွေကို..
မေးခွန်းထုတ်လိုပါတယ်ဗျာ..။
 
 
 
 
 
 
 
 
 သစ်တောတွေ...
ကုန်သလောက်ဖြစ်နေပြီ..။

နှစ်တစ်ရာကျော်သစ်ပင်ဆိုတာစာအုပ်ထဲမှာပြန်ရှာရမလား.
ခရိုနီတွေ ဟာ..သစ်နဲ့ မြက်ကို...မှားပြီးရိတ်နေသလိုပဲ..။

လူဆယ်ဖက်မကကြီးတဲ့သစ်ကို မြင်ဖူးဖို့နေနေသာသာ..
လူနှစ်ဘက်သစ်ပင်တောင် ပတ်ဝန်းကျင်မှာ မရှိတော့ဘူး..။

“မဟာပဌာန်း ဒေသနာတော် (၂၄)ပစ္စည်း အဓိပ္ပါယ်”

“မဟာပဌာန်း ဒေသနာတော် (၂၄)ပစ္စည်း အဓိပ္ပါယ်”

                                                                              
 ၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
                                 (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)...

၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
                                     (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)
၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
                            (ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))

တရုတ်မ အဟိန်းအဟောက်ခံပြီး မျက်နှာငယ်လေးတွေနဲ့ ဗီဇာ ဆက်စောင့်နေကြလေရဲ့



အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့အားလုံး အာဏာရှင်စနစ်အောက်မှာ ရာစုနှစ်ဝက်လောက်နေလာခဲ့တော့ ကျနော်တို့ရဲ့မသိစိတ်ရဲ့ တစ်နေရာမဟုတ်၊ တစ်နေရာမှာ အာဏာရှင်စိတ်မျိုး ကိန်းအောင်းနေတတ်တယ် ။ ပြန်စဉ်းစားကြည့်ရင်ပေါ်တယ်။ ကျနော်တို့ ငယ်ငယ်ကတည်းက မိဘနဲ့ ဆရာသမားတွေရဲ့ အုပ်ထိန်း ကွပ် ညှပ်မှုနဲ့ ကြီးပြင်းလာတယ်။


ကျနော်တို့ မိဘ၊ ဆရာတွေကလည်း အာဏာရှင်စနစ်အောက်မှာ အလုပ်လုပ် ခဲ့ကြရတယ်။ အဲတော့ သူတို့ လည်းပဲ အမိန့်၊ အာဏာ၊ တင်းကြပ်မှုနဲ့ ဖိအားတွေအောက်မှာ ရှိတယ်။ သူတို့ အလုပ်ခွင်မှာလည်း အထက်အောက် အဆင့်အလိုက် အမိန့်အာဏာနဲ့ အုပ်ချုပ် တာကို တစ်နည်းမဟုတ် တစ်နည်း ခံရတယ်။ ဒါပေမဲ့ သူတို့ခံနေရတာကို အထက်ကိုပြန် တုံ့ပြန်ဖို့ကျ မလွယ်ဘူး။ စိတ်ထဲမှာပဲ မြိုသိပ်ထား ရတယ်။ အဲတော့ သူ့ပတ်ဝန်းကျင်မှာ သူနိုင်တယ်လို့ ထင်ရတဲ့သူ၊ နယ်ပယ်ရောက်တဲ့အခါ စိတ်ထဲမှာ အောင်း ထားတဲ့ မကြေနပ်စိတ်က ပွင့်ထွက်လာတတ်တယ်။ 

အရိပ်ခို အခက်ချိုးသူများ

ဗုဒ္ဓဘာသာ, ဒါန, အလှူအတန်း, သံဃ မဟာနာယက

မီးပွိုင့်မိနေတဲ့ ကားတန်းကြီးတွေကြားမှာ ဝါးခမောက်ကိုယ်စီဆောင်း၊ မောင်းထောင်ချိုင့် ကိုယ်စီကိုင်ပြီး
ကွေ့ပတ်သွားလာနေတဲ့ အမျိုးသမီးတစုကို မကြာခဏ မြင်တွေ့ရပါတယ်။ အိမ်ကနေ ရုံးကို သွားတဲ့လမ်း
မှာ ဦးဝိစာရမီးပွိုင့်ကို ကျမ နေ့စဉ်ဖြတ်ရတယ်။ အကြိမ်အတော်များများမှာ စောစောကပြောတဲ့ အမျိုးသမီး
တွေကို တွေ့ရတာပါ။

“ဒီမိန်းမတွေက လူတွေကို လိမ်ပြီး အလှူခံနေကြတာဗျ။ တနေ့က ကျနော်က မေးတယ်။ ခင်ဗျားတို့ ဘာအတွက် အလှူခံနေတာလဲ ဆိုတော့ တရားပွဲအတွက်လို့ ဖြေတယ်။ ဘယ်မှာလုပ်မယ့်တရားပွဲလဲလို့ ကျနော်ထပ်မေးတော့ မြေနီကုန်း အောက်ချိုင့်မှာ လုပ်မှာတဲ့။ သူတို့ပြောတဲ့ ရပ်ကွက်မှာ ကျနော်နေတာ။ ဘာတရားပွဲမှ မရှိဘူး”လို့ ကျမ စီးလာတဲ့ အငှားယာဉ်မောင်းက ပြောပြပါတယ်။

ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း


 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း
ဆောင်  ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆွေးနွေးပွဲကို
 ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို တက်ရောက် ဟောပြောတာဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ အဓိက ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာပြည်သူတိုင်းမှာ တာဝန်ရှိတယ်
ဆိုတဲ့ အပိုင်းကို ဒေါ်အောင်ဆန်းစုကြည်ပြောသွားပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပေါ်ယံ
ဟန်ပြ ပြင်မယ့်ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ သူ့အနေနဲ့တိုက်တွန်း
မှာဖြစ်တယ်လို့ ပြောပါတယ်။